《Untamed Flower( ပန်းရိုင်း)》အပိုင်း၅၂
Advertisement
မိုးစင်စင်လင်းတော့ ရှော့ပင်းမထွက်ရသေးဘဲ ချွတ်ခြုံကျနေတဲ့ ရေခဲသေတ္တာကြောင့် မနက်စာကို မနေ့ညကအတိုင်း အပြင်ကပဲ မှာစားလိုက်ရသည်။
ထမင်းစားနေတုန်း သွန်သင်ဆုံးမမှုကောင်းခဲ့သော မိဘများကြောင့် နှစ်ဦးစလုံးမှာ ဇွန်းခက်ရင်း ကြွေပန်းကန်နှင့် ထိနေသော အသံမှလွဲ၍ တိတ်ဆိတ်နေကြသည်။ တိတ်ဆိတ်နေသည် ဆိုသော်လည်း ဝေယံမျက်လုံးများမှာ အစာကို သပ်ရပ်စွာ စားသုံးနေသည့် သူမလေးဆီမှ တစ်ချက်ကလေးမှ ခွာမနေပေ။
စားပြီးပြီးချင်း အချိုပွဲလာချပေးသော ဝေယံကို ရွှေခေတ်မျက်လုံးပြူးပြီး ကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှာ သူမကအဲလောက်တောင် အစားကြီးတာလား..
သူမ စားချင်ပေမယ့် စားလိုက်ရင် သူထင်သလိုမျိုး ပုံစံတစ်ကယ်ထွက်လာလိမ့်မည်။ ထို့ကြောင့် အချိုပွဲပန်းကန်ကို မျက်နှာလွှဲလိုက်သည်။
"ငယ်...မကြိုက်ဘူးလား..”
ရှင် ဒီလိုမေးမှာ ကျွန်မသိနေတယ် ကိုဝေယံ ၊ ကျွန်မသွေးကို လာစမ်းနေတာလားဟင်
"ကြိုက်ပါတယ်..ဗိုက်ပြည့် သွားပြီမလို့”
ပြောရင်း လက်တစ်ဖက်နှင့် ပြားချပ်နေသည့် ဗိုက်ကိုသပ်လိုက်သည်။
"ဒါမှမဟုတ် ကိုယ် ငယ့်ကိုခွန့်ကျွေးရမှာလား..”
ရှင်က ကျွန်မရဲ့ ပလုတ်ပလောင်းစားနေတဲ့ ပုံစံကို မြင်ချင်နေမှန်း သိသာနေတယ်နော့၊ လှီးပိုင်းထားတဲ့ သဘေင်္ာသီး စိတ်တွေကို ကြည့်ပါအုံး... သို့သော်လည်း သူခွံ့ကျွေးမည့်အစား မျက်နှာအပျက်ခံပြီး ကိုယ်တိုင် စားလိုက်တာ ပိုကောင်းမည်ဟု တွေးကာ ခက်ရင်းနှင့် အသီးတစ်စိတ်ကို ပါးစပ်ထဲထိုးထည့်လိုက်သည်။ ပါးစပ်ထဲတွင် ပြည့်နေပြီးစကားမပြောနိုင်မှသာ ထိုလူကိုအော်ဆဲမိမည့် အခြေအနေမှ လွတ်မြောက်နိုင်လိမ့်မည်။
"ငယ်..ပျားရေစမ်းခရီးကို ဘယ်လိုနေရာမျိုးသွားချင်လဲ??”
".....”
ပါးစပ်ထဲ အစာအပြည့်နှင့် ရွှေခေတ်က ဘာမှမပြောနိုင်ပေ။ သူ့ကိုသာ မျက်လုံးပြူးပြီး ကြည့်နေမိသည်။ ဒီလူတော်တော်ကို အခွင့်ကောင်းယူတတ်တာပါလား ၊ သူမစကားမပြောနိုင်တဲ့ အခြေအနေမှ ထိုကိစ္စမျိုး ဟလာ၏။
နောက်ပြီးသူမက သူမတို့၏ လက်ထပ်ပွဲမှာ ရိုးရိုးရှင်းရှင်းဧည့်ခံပွဲ ပြီးသွားလျှင် ပြီးဆုံးသွားပြီဟု ထင်နေခဲ့သည်။ သူ ထိုသို့ပြောလာလိမ့်မည်ဟု သူမထင်မထားခဲ့ပေ။ ပျားရည်စမ်း ခရီးတဲ့လား..? ထိုအရာမျိူး သူမအတွေးထဲတောင် မရောက်ဖူးခဲ့ပေ။
မသွားချင်ဘူး ဆိုပြီး ငြင်းရင်တောင် ရမည့်ပုံမပေါ်။ ထိုလူ၏ မျက်လုံးများမှာ သူမအဖြေကိုစောင့်ရင်း အရောင်တလက်လက်တောက်ပလျက်။ သူမ ပါးစပ်ထဲရှိသမျှကို အလျင်အမြန်မြိုချရင်း ရေတစ်ခွက်မော့သောက်ကာ..
"ကျွန်မ ခရီးသွားရတာ မကြိုက်ဘူး..”
ထိုသို့ပြောလိုက်ခြင်းက ရိုင်းစိုင်းစွာ ငြင်းဆိုလိုက်ခြင်းထက် ပို၍ ကောင်းသည်ဟု တွေးကာ သူမကိုသူမ ကြိတ်ချီးကျူးနေမိ၏။
"အိမွန် ပြောတော့ ငယ်ကတောတောင်တွေ ဘက်ခရီးထွက်ရတာ ကြိုက်တယ်ဆို..?”
"ရှင်..အိမွန်က ဘယ်လိုလုပ်..”
နင်သေတော့မယ်..အိမွန် ၊ ဘာလို့ သူမအကြောင်းတွေ ပြောပြထားတာလဲ။ သူမက ကျော့ကွင်းက လွတ်ထွက်ဖို့ရန် မနည်းကြံဖန်ပြောဆိုထားရတာ၊ ဒင်းက သူမအကြောင်းတွေ အကုန်ပြောထားလိုက်တယ်၊ နောက်ထပ် ဘာတွေ ပြောပြထားသေးတာလဲ??
"ကိုယ်မေးလို့လေ သူမမဖြေချင်လည်း ဖြေရတာပေါ့”
သူ့ အမှားမဟုတ်ကြောင်း မျက်ခုံးပင့်ပြနေသော ထိုလူကိုကြည့်ပြီး
"ရှင်..”
အောက်နှုတ်ခမ်းကို ကိုက်ကာ မဆဲမိဖို့ နှုတ်ပိတ်နေရသည်။
"ဒါဆိုငယ်..ဘယ်လိုနေရာသွားချင်လဲ ပုပ္ပါးဘက်လား.. ချင်းရိုးမဘက်လား ဒါမှမဟုတ် လွိုင်ကော်ဘက်လား..”
အထင်ကရ နာမည်ကြီး တောတောင်ရေမြေများရှိရာ ဌာနီများကို တစ်ခုချင်းစီ ရွတ်ပြနေသော ဝေယံပိုင်ကို ကြည့်ပြီး ရွှေခေတ်မဲ့ပြုံးပြုံးလိုက်သည်။ ဒီတစ်ခါ ဘယ်သူနိုင်မလဲ ကြည့်ကြသေးတာပေါ့..
"မဲနယ်တောင်ဘက်ဆိုရင်ရော အဆင်ပြေလား..”
"ဟင်! ”
ဝေယံပိုင် ထိတ်လန့်သွားသော မျက်နှာဖြင့် သူ့လက်ထဲမှကိုင်ထားသော ရွှေရောင်ခက်ရင်းမှာ စားပွဲပေါ်သို့ ကျသွားသည်။
"ရှင်.. အဆင်မပြေရင်လည်း မသွားတော့တာပဲပေါ့ အဲပျားရေစမ်းကိစ္စကိုပဲ ရေးကြီးခွင်ကျယ်လုပ်မနေပါနဲ့တော့.. ”
ရွှေခေတ်ပြောသည်မှာ အမှန်ပင် ။ သူမဘဝကို အစကစသလို ပြန်ပုံဖော်ရမှာမို့ လုပ်စရာတွေမှာ တကယ်အများကြီး ။ ကျောင်းဆက်တက်ဖို့ရန် စီစဥ်ဖို့ လိုနေသလို ဒေါ်လေးကိုကတိပေးထားသည့်အတိုင်း ဒေါ်လေး၏ဆိုင်ခွဲတွင် အင်တာဗျူးသွားဖြေ ဖို့ရန် လိုသေးသည်။ ကလေးကလား ဆန်လွန်းသည့် ပျားရေစမ်းဆိုသည့်ဟာမျိုး အနှောင့်အယှက်ပေးမှာကို သူမလွှတ်မပေးနိုင်ပေ။
"ဒါနဲ့ နေပါအုံးငယ်..အဲမဲနယ်တောင် ဘက်မှာ ဘာအပန်းဖြေစရာရှိလို့တုန်း တောအုပ်မဲမဲတွေက လွဲရင်လေ၊ တောထဲ ကျားတွေဆင်တွေ အုပ်ခံရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝကူးရလိမ့်မယ်..ဒါကြောင့် တခြားဘယ်နေရာ ဖြစ်ဖြစ် ရွေးလိုက်ရင် ပိုမကောင်းဘူးလား ဥပမာ ကမ်းခြေလိုမျိုးလေ..”
ကလေးခြောက်နေသလို စကားလုံးများကို မျက်နှာတည်ဖြင့် ပြောနေသော ထိုလူကြီးကို ရွှေခေတ် သည်းမခံနိုင်တော့..
"ဟုတ်တယ်လေ..ငယ်ငယ်ရွယ်ရွယ်နဲ့က တောတွေတောင်တွေ တက်ပြီး လေ့လာရေးခရီးထွက်ရမှာလေ ကမ်းခြေသွားရင် အပူတွေရှပ်ပြီး ဖျားသွားဖို့က သေချာသလောက် တောအုပ်ကြီးမှုဆို သဘာဝကထွက်တဲ့ ေလကောင်းလေသန့်တွေရှူရပြီး အသက်တစ်ရာကျော်ထိ နေနိုင်ကောင်းနေနိုင်လိမ့်မယ်...ကျွန်မပြောတာ မှားသလား?”
"ငယ် ဆိုလိုတာက ပျားရေစမ်းကို လေ့လာရေးခရီး အဖြစ် ပြောင်းမယ် ဆိုတာမျိုးပေါ့ ရတယ်လေ..ငယ်သွားချင်ရင် ကိုယ်လည်းအဲဒါပဲ ရွေးလိုက်မယ်..”
Advertisement
ဘုရား..ဘုရား သူတကယ် သဘောတူလိုက်တာလား!
သူမက တောတောင်ရေမြေ သဘာဝရှုခင်းတွေ ကြိုက်သည်မှာ မှန်ပင်မဲ့ ထိုလူနဲ့အတူ ပျားရေစမ်းခရီး အဖြစ်မထွက်ချင်ပေ။ ခုနက ပြောလိုက်သည်မှာလည်း ယောက်ျားဖြစ်သူက စိတ်လျှော့ပြီး ထိုခရီးကို လက်လွှတ် သွားမည်ထင်ခဲ့သောကြောင့်ပင်..။ အခုတော့...
......................
ရဲနိုင် တစ်ယောက် တစ်လနီးပါး ကိုယ်ပျောက်နေသော သူဌေးဖြစ်သူမှာ စာရွက်စာတမ်းတွေ သူ့အိမ်ထိလာပို့ရန် စေခိုင်းသဖြင့် မနက်စောစောစီးစီး ကားမောင်းထွက်လာခဲ့သည်။ သူဌေးအိမ်ရောက်တော့ သူလုပ်နေကျအတိုင်း ဘဲမတီး တံခါးမခေါက်ပဲ အိမ်ထဲဝင်လာခဲ့သည်။ သူ့မှာလည်း သူဌေးဖြစ်သူ အပ်ထားသည့် အိမ်သော့ရှိသည့်အတွက်ပင် ။
သူ့ဧည့်ခန်းထဲ ရောက်တော့ မြင်ကွင်းတစ်စုံတစ်ရာကြောင့် လက်နှစ်ဖက်ဖြင့် ကိုင်ထားသော စာရွက်စာတမ်းများထည့်ထားသည့် စက္ကူပုံမှာ ကြမ်းပေါ်သို့ သတိလက်လွတ်စွာ ကျသွား၏။ တီဗီရှေ့ဆိုဖာပေါ်တွင် တီဗီကြည့်ရင်း ရယ်နေသည့် မိန်းကလေးတစ်ဦး။ သူအိမ်မှား ဝင်မိပြီဟုတွေးကာ...
"တောင်း..တောင်းပန်ပါတယ်ခင်ဗျ ကျွန်တော် အိမ်မှားပြီး ဝင်လာမိတာပါ”
မကြားစဖူး ယောက်ျားလေးအသံကို ကြားရသဖြင့် ရွှေခေတ် တီဗီကြည့်နေရာမှ အလန့်တကြားထလာခဲ့၏။ ထိုအမျိုးသားမှာ ရုံးဝတ် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ရှေ့တွင် ပွကျဲနေသော ဖိုင်စာရွက်စာတမ်း များကို ကြည့်ခြင်းဖြင့် ဝေယံပိုင်ပြောသည့် လက်ထောက်ဆိုသူ ဖြစ်ရမည်ဟု သူမ ကောက်ချက်ချလိုက်သည်။
"နင်က ရဲနိုင်လား... နင့်ဆရာ အပေါ်ထပ်မှာ ရေချိုးနေတယ် ထိုင်စောင့်လိုက်ဦး သူခဏနေဆင်းလာလိမ့်မယ်..”
ရွှေခေတ် သူမထုံးစံအတိုင်း ယောက်ျားတွေနှင့် စကားများများမပြောချင်၍ ပြတ်ပြတ်သားသားသာ ရှင်းပြလိုက်သည်။ (အိမ်ကကျားကျား ကသာ ခြွင်းချက်ဆိုပါတော့🙄)
"ဟင်..မင်း..မင်းက ”
ရဲနိုင် လွန်ခဲ့သော တစ်လခန့်က သူ့သူဌေးနောက်ယောင်ခံခိုင်းခဲ့သော ကောင်မလေးမှန်း အခုမှသတိထားမိသည်။ သူမက ဘာလို့ သူ့သူဌေး အိမ်မှာ ရှိနေရတာလဲ ။ နောက်ပြီး သူဌေးကဘာလို့ သူမကို အိမ်ထဲဝင်ခွင့်ပြုတာလဲ။ သူ့ကုမ္ပဏီ က ရုံးခန်း သန့်ရှင်းရေးတောင် ရဲနိုင်ကို ကိုယ်တိုင်လုပ်စေခိုင်းပြီး မိန်းကလေးတွေကို အဝင်မခံပေ။ သူတို့နှစ်ယောက်က ဘယ်လိုဆက်ဆံရေးတွေလဲ။
"ငယ်...တီဗီ မကြည့်တော့ဘူးလား..အော်..ရဲနိုင် မင်းရောက်လာပြီလား..”
တီဗီရှေ့တွင် သူမလေးမရှိမှန်း ေတွ့တော့ လိုက်ရှာခေါ်နေပြီး သူ့လက်ထောက်ဖြစ်သူနှင့် အိမ်တံခါးမရှေ့ စကားပြောနေသည်ကို တွေ့လိုက်သည်။
သိပ်မခြောက်သေးသည့် ဆံပင်ကို ပုဝါဖြင့်သုတ်ရင်း bathrobe အဖြူရောင်ဝတ်ထားကာ သူတို့ဆီ လျှောက်လာသော လူကို ရွှေခေတ်နှင့် ရဲနိုင် နှစ်ဦးသား ေကြာင်ကြည့်နေမိသည်။
"ငယ်...ခုနက ငယ့်ဖုန်းလာနေတယ် ဒေါ်လေးခေါ်လာတာ ခုအခန်းထဲမှာ ကိုယ်ကိုင်ထားလိုက်ပြီ ဒေါ်လေး ငယ့်ကို စောင့်နေတယ်”
"အမ်..သိပြီ ”
တစ်ခွန်းသာ ပါးစပ်ဟပြီး လှေကားထစ်အတိုင်း အပေါ်ထပ်ကို ပြေးတက်သွားသည့် သူမအား တစ်လှည့် သူ့ရှေ့တွက် ဆံပင်ရေသုတ်နေသည့် သူဌေးဖြစ်သူ ကို တစ်လှည့်ကြည့်ပြီး ရဲနိုင် မျက်လုံးများမှာ အငြိမ်မနေ။
"အော်...မင်းကို အခုထိ မပြောရေသးဘူးပဲ ငါလဲမေ့နေတာ အဲတာမင်းရဲ့ သူဌေးကတော်”
"ဗျာ....”
..........
30.10.21
မနေ့ မတင်ပေးလိုက်ရလို့ ဒီနေ့အပိုင်းပို တင်ပေးမယ်လို့ သာသာတွေးထားပေမယ့် မနက်ဖြန် သာသာအလုပ်လုပ်နေတဲ့ nursing home မှာ အလှူလုပ်မှာမို့လို့ ဒီနေ့ တစ်နေ့လုံးလည်းမအား ၊ မနက်ဖြန်လည်း အစောကြီး မနက်၁နာရီ ထရမှာဆိုတော့ ဒီလောက်နဲ့ပဲကျေနပ်ပေးကြပါနော် သာသာအချိန်ရရင် အများကြီး တင်ပေးပါ့မယ် 😘
မိုးစင္စင္လင္းေတာ့ ေရွာ့ပင္းမထြက္ရေသးဘဲ ခြၽတ္ၿခဳံက်ေနတဲ့ ေရခဲေသတၱာေၾကာင့္ မနက္စာကို မေန႕ညကအတိုင္း အျပင္ကပဲ မွာစားလိုက္ရသည္။
ထမင္းစားေနတုန္း သြန္သင္ဆုံးမမႈေကာင္းခဲ့ေသာ မိဘမ်ားေၾကာင့္ ႏွစ္ဦးစလုံးမွာ ဇြန္းခက္ရင္း ေႂကြပန္းကန္ႏွင့္ ထိေနေသာ အသံမွလြဲ၍ တိတ္ဆိတ္ေနၾကသည္။ တိတ္ဆိတ္ေနသည္ ဆိုေသာ္လည္း ေဝယံမ်က္လုံးမ်ားမွာ အစာကို သပ္ရပ္စြာ စားသုံးေနသည့္ သူမေလးဆီမွ တစ္ခ်က္ကေလးမွ ခြာမေနေပ။
စားၿပီးၿပီးခ်င္း အခ်ိဳပြဲလာခ်ေပးေသာ ေဝယံကို ေ႐ႊေခတ္မ်က္လုံးျပဴးၿပီး ၾကည့္လိုက္သည္။ သူ႕မ်က္လုံးထဲမွာ သူမကအဲေလာက္ေတာင္ အစားႀကီးတာလား..
သူမ စားခ်င္ေပမယ့္ စားလိုက္ရင္ သူထင္သလိုမ်ိဳး ပုံစံတစ္ကယ္ထြက္လာလိမ့္မည္။ ထို႔ေၾကာင့္ အခ်ိဳပြဲပန္းကန္ကို မ်က္ႏွာလႊဲလိုက္သည္။
"ငယ္...မႀကိဳက္ဘူးလား..
ရွင္ ဒီလိုေမးမွာ ကြၽန္မသိေနတယ္ ကိုေဝယံ ၊ ကြၽန္မေသြးကို လာစမ္းေနတာလားဟင္
"ႀကိဳက္ပါတယ္..ဗိုက္ျပည့္ သြားၿပီမလို႔
ေျပာရင္း လက္တစ္ဖက္ႏွင့္ ျပားခ်ပ္ေနသည့္ ဗိုက္ကိုသပ္လိုက္သည္။
"ဒါမွမဟုတ္ ကိုယ္ ငယ့္ကိုခြန့္ေကြၽးရမွာလား..
ရွင္က ကြၽန္မရဲ႕ ပလုတ္ပေလာင္းစားေနတဲ့ ပုံစံကို ျမင္ခ်င္ေနမွန္း သိသာေနတယ္ေနာ့၊ လွီးပိုင္းထားတဲ့ သဘေင်္ာသီး စိတ္ေတြကို ၾကည့္ပါအုံး... သို႔ေသာ္လည္း သူခြံ႕ေကြၽးမည့္အစား မ်က္ႏွာအပ်က္ခံၿပီး ကိုယ္တိုင္ စားလိုက္တာ ပိုေကာင္းမည္ဟု ေတြးကာ ခက္ရင္းႏွင့္ အသီးတစ္စိတ္ကို ပါးစပ္ထဲထိုးထည့္လိုက္သည္။ ပါးစပ္ထဲတြင္ ျပည့္ေနၿပီးစကားမေျပာနိုင္မွသာ ထိုလူကိုေအာ္ဆဲမိမည့္ အေျခအေနမွ လြတ္ေျမာက္နိုင္လိမ့္မည္။
Advertisement
"ငယ္..ပ်ားေရစမ္းခရီးကို ဘယ္လိုေနရာမ်ိဳးသြားခ်င္လဲ??
".....
ပါးစပ္ထဲ အစာအျပည့္ႏွင့္ ေ႐ႊေခတ္က ဘာမွမေျပာနိုင္ေပ။ သူ႕ကိုသာ မ်က္လုံးျပဴးၿပီး ၾကည့္ေနမိသည္။ ဒီလူေတာ္ေတာ္ကို အခြင့္ေကာင္းယူတတ္တာပါလား ၊ သူမစကားမေျပာနိုင္တဲ့ အေျခအေနမွ ထိုကိစၥမ်ိဳး ဟလာ၏။
ေနာက္ၿပီးသူမက သူမတို႔၏ လက္ထပ္ပြဲမွာ ရိုးရိုးရွင္းရွင္းဧည့္ခံပြဲ ၿပီးသြားလွ်င္ ၿပီးဆုံးသြားၿပီဟု ထင္ေနခဲ့သည္။ သူ ထိုသို႔ေျပာလာလိမ့္မည္ဟု သူမထင္မထားခဲ့ေပ။ ပ်ားရည္စမ္း ခရီးတဲ့လား..? ထိုအရာမ်ိဴး သူမအေတြးထဲေတာင္ မေရာက္ဖူးခဲ့ေပ။
မသြားခ်င္ဘူး ဆိုၿပီး ျငင္းရင္ေတာင္ ရမည့္ပုံမေပၚ။ ထိုလူ၏ မ်က္လုံးမ်ားမွာ သူမအေျဖကိုေစာင့္ရင္း အေရာင္တလက္လက္ေတာက္ပလ်က္။ သူမ ပါးစပ္ထဲရွိသမွ်ကို အလ်င္အျမန္ၿမိဳခ်ရင္း ေရတစ္ခြက္ေမာ့ေသာက္ကာ..
"ကြၽန္မ ခရီးသြားရတာ မႀကိဳက္ဘူး..
ထိုသို႔ေျပာလိုက္ျခင္းက ရိုင္းစိုင္းစြာ ျငင္းဆိုလိုက္ျခင္းထက္ ပို၍ ေကာင္းသည္ဟု ေတြးကာ သူမကိုသူမ ႀကိတ္ခ်ီးက်ဴးေနမိ၏။
"အိမြန္ ေျပာေတာ့ ငယ္ကေတာေတာင္ေတြ ဘက္ခရီးထြက္ရတာ ႀကိဳက္တယ္ဆို..?
"ရွင္..အိမြန္က ဘယ္လိုလုပ္..
နင္ေသေတာ့မယ္..အိမြန္ ၊ ဘာလို႔ သူမအေၾကာင္းေတြ ေျပာျပထားတာလဲ။ သူမက ေက်ာ့ကြင္းက လြတ္ထြက္ဖို႔ရန္ မနည္းႀကံဖန္ေျပာဆိုထားရတာ၊ ဒင္းက သူမအေၾကာင္းေတြ အကုန္ေျပာထားလိုက္တယ္၊ ေနာက္ထပ္ ဘာေတြ ေျပာျပထားေသးတာလဲ??
"ကိုယ္ေမးလို႔ေလ သူမမေျဖခ်င္လည္း ေျဖရတာေပါ့
သူ႕ အမွားမဟုတ္ေၾကာင္း မ်က္ခုံးပင့္ျပေနေသာ ထိုလူကိုၾကည့္ၿပီး
"ရွင္..
ေအာက္ႏႈတ္ခမ္းကို ကိုက္ကာ မဆဲမိဖို႔ ႏႈတ္ပိတ္ေနရသည္။
"ဒါဆိုငယ္..ဘယ္လိုေနရာသြားခ်င္လဲ ပုပ္ပါးဘက်လား.. ခ်င္းရိုးမဘက္လား ဒါမွမဟုတ္ လြိုင္ေကာ္ဘက္လား..
အထင္ကရ နာမည္ႀကီး ေတာေတာင္ေရေျမမ်ားရွိရာ ဌာနီမ်ားကို တစ္ခုခ်င္းစီ ႐ြတ္ျပေနေသာ ေဝယံပိုင္ကို ၾကည့္ၿပီး ေ႐ႊေခတ္မဲ့ၿပဳံးၿပဳံးလိုက္သည္။ ဒီတစ္ခါ ဘယ္သူနိုင္မလဲ ၾကည့္ၾကေသးတာေပါ့..
"မဲနယ္ေတာင္ဘက္ဆိုရင္ေရာ အဆင္ေျပလား..
"ဟင္!
ေဝယံပိုင္ ထိတ္လန့္သြားေသာ မ်က္ႏွာျဖင့္ သူ႕လက္ထဲမွကိုင္ထားေသာ ေ႐ႊေရာင္ခက္ရင္းမွာ စားပြဲေပၚသို႔ က်သြားသည္။
"ရွင္.. အဆင္မေျပရင္လည္း မသြားေတာ့တာပဲေပါ့ အဲပ်ားေရစမ္းကိစၥကိုပဲ ေရးႀကီးခြင္က်ယ္လုပ္မေနပါနဲ႕ေတာ့..
ေ႐ႊေခတ္ေျပာသည္မွာ အမွန္ပင္ ။ သူမဘဝကို အစကစသလို ျပန္ပုံေဖာ္ရမွာမို႔ လုပ္စရာေတြမွာ တကယ္အမ်ားႀကီး ။ ေက်ာင္းဆက္တက္ဖို႔ရန္ စီစဥ္ဖို႔ လိုေနသလို ေဒၚေလးကိုကတိေပးထားသည့္အတိုင္း ေဒၚေလး၏ဆိုင္ခြဲတြင္ အင္တာဗ်ဴးသြားေျဖ ဖို႔ရန္ လိုေသးသည္။ ကေလးကလား ဆန္လြန္းသည့္ ပ်ားေရစမ္းဆိုသည့္ဟာမ်ိဳး အႏွောင့္အယွက္ေပးမွာကို သူမလႊတ္မေပးနိုင္ေပ။
"ဒါနဲ႕ ေနပါအုံးငယ္..အဲမဲနယ္ေတာင္ ဘက္မွာ ဘာအပန္းေျဖစရာရွိလို႔တုန္း ေတာအုပ္မဲမဲေတြက လြဲရင္ေလ၊ ေတာထဲ က်ားေတြဆင္ေတြ အုပ္ခံရၿပီး ငယ္ငယ္႐ြယ္႐ြယ္နဲ႕ ဘဝကူးရလိမ့္မယ္..ဒါေၾကာင့္ တျခားဘယ္ေနရာ ျဖစ္ျဖစ္ ေ႐ြးလိုက္ရင္ ပိုမေကာင္းဘူးလား ဥပမာ ကမ္းေျခလိုမ်ိဳးေလ..
ကေလးေျခာက္ေနသလို စကားလုံးမ်ားကို မ်က္ႏွာတည္ျဖင့္ ေျပာေနေသာ ထိုလူႀကီးကို ေ႐ႊေခတ္ သည္းမခံနိုင္ေတာ့..
"ဟုတ္တယ္ေလ..ငယ္ငယ္႐ြယ္႐ြယ္နဲ႕က ေတာေတြေတာင္ေတြ တက္ၿပီး ေလ့လာေရးခရီးထြက္ရမွာေလ ကမ္းေျခသြားရင္ အပူေတြရွပ္ၿပီး ဖ်ားသြားဖို႔က ေသခ်ာသေလာက္ ေတာအုပ္ႀကီးမႈဆို သဘာဝကထြက္တဲ့ ေလကောင်းလေသန့်တွေရှူရပြီး အသက္တစ္ရာေက်ာ္ထိ ေနနိုင္ေကာင္းေနနိုင္လိမ့္မယ္...ကြၽန္မေျပာတာ မွားသလား?
"ငယ္ ဆိုလိုတာက ပ်ားေရစမ္းကို ေလ့လာေရးခရီး အျဖစ္ ေျပာင္းမယ္ ဆိုတာမ်ိဳးေပါ့ ရတယ္ေလ..ငယ္သြားခ်င္ရင္ ကိုယ္လည္းအဲဒါပဲ ေ႐ြးလိုက္မယ္..
ဘုရား..ဘုရား သူတကယ္ သေဘာတူလိုက္တာလား!
သူမက ေတာေတာင္ေရေျမ သဘာဝရႈခင္းေတြ ႀကိဳက္သည္မွာ မွန္ပင္မဲ့ ထိုလူနဲ႕အတူ ပ်ားေရစမ္းခရီး အျဖစ္မထြက္ခ်င္ေပ။ ခုနက ေျပာလိုက္သည္မွာလည္း ေယာက္်ားျဖစ္သူက စိတ္ေလွ်ာ့ၿပီး ထိုခရီးကို လက္လႊတ္ သြားမည္ထင္ခဲ့ေသာေၾကာင့္ပင္..။ အခုေတာ့...
......................
ရဲနိုင္ တစ္ေယာက္ တစ္လနီးပါး ကိုယ္ေပ်ာက္ေနေသာ သူေဌးျဖစ္သူမွာ စာ႐ြက္စာတမ္းေတြ သူ႕အိမ္ထိလာပို႔ရန္ ေစခိုင္းသျဖင့္ မနက္ေစာေစာစီးစီး ကားေမာင္းထြက္လာခဲ့သည္။ သူေဌးအိမ္ေရာက္ေတာ့ သူလုပ္ေနက်အတိုင္း ဘဲမတီး တံခါးမေခါက္ပဲ အိမ္ထဲဝင္လာခဲ့သည္။ သူ႕မွာလည္း သူေဌးျဖစ္သူ အပ္ထားသည့္ အိမ္ေသာ့ရွိသည့္အတြက္ပင္ ။
သူ႕ဧည့္ခန္းထဲ ေရာက္ေတာ့ ျမင္ကြင္းတစ္စုံတစ္ရာေၾကာင့္ လက္ႏွစ္ဖက္ျဖင့္ ကိုင္ထားေသာ စာ႐ြက္စာတမ္းမ်ားထည့္ထားသည့္ စကၠဴပုံမွာ ၾကမ္းေပၚသို႔ သတိလက္လြတ္စြာ က်သြား၏။ တီဗီေရွ႕ဆိုဖာေပၚတြင္ တီဗီၾကည့္ရင္း ရယ္ေနသည့္ မိန္းကေလးတစ္ဦး။ သူအိမ္မွား ဝင္မိၿပီဟုေတြးကာ...
"ေတာင္း..ေတာင္းပန္ပါတယ္ခင္ဗ် ကြၽန္ေတာ္ အိမ္မွားၿပီး ဝင္လာမိတာပါ
မၾကားစဖူး ေယာက္်ားေလးအသံကို ၾကားရသျဖင့္ ေ႐ႊေခတ္ တီဗီၾကည့္ေနရာမွ အလန့္တၾကားထလာခဲ့၏။ ထိုအမ်ိဳးသားမွာ ႐ုံးဝတ္ အနက္ေရာင္ဝတ္စုံကို ဝတ္ဆင္ထားၿပီး သူ႕ေရွ႕တြင္ ပြက်ဲေနေသာ ဖိုင္စာ႐ြက္စာတမ္း မ်ားကို ၾကည့္ျခင္းျဖင့္ ေဝယံပိုင္ေျပာသည့္ လက္ေထာက္ဆိုသူ ျဖစ္ရမည္ဟု သူမ ေကာက္ခ်က္ခ်လိဳက္သည္။
"နင္က ရဲနိုင္လား... နင့္ဆရာ အေပၚထပ္မွာ ေရခ်ိဳးေနတယ္ ထိုင္ေစာင့္လိုက္ဦး သူခဏေနဆင္းလာလိမ့္မယ္..
ေ႐ႊေခတ္ သူမထုံးစံအတိုင္း ေယာက္်ားေတြႏွင့္ စကားမ်ားမ်ားမေျပာခ်င္၍ ျပတ္ျပတ္သားသားသာ ရွင္းျပလိုက္သည္။ (အိမ္ကက်ားက်ား ကသာ ႁခြင္းခ်က္ဆိုပါေတာ့🙄)
"ဟင္..မင္း..မင္းက
ရဲနိုင္ လြန္ခဲ့ေသာ တစ္လခန့္က သူ႕သူေဌးေနာက္ေယာင္ခံခိုင္းခဲ့ေသာ ေကာင္မေလးမွန္း အခုမွသတိထားမိသည္။ သူမက ဘာလို႔ သူ႕သူေဌး အိမ္မွာ ရွိေနရတာလဲ ။ ေနာက္ၿပီး သူေဌးကဘာလို႔ သူမကို အိမ္ထဲဝင္ခြင့္ျပဳတာလဲ။ သူ႕ကုမၸဏီ က ႐ုံးခန္း သန့္ရွင္းေရးေတာင္ ရဲနိုင္ကို ကိုယ္တိုင္လုပ္ေစခိုင္းၿပီး မိန္းကေလးေတြကို အဝင္မခံေပ။ သူတို႔ႏွစ္ေယာက္က ဘယ္လိုဆက္ဆံေရးေတြလဲ။
"ငယ္...တီဗီ မၾကည့္ေတာ့ဘူးလား..ေအာ္..ရဲနိုင္ မင္းေရာက္လာၿပီလား..
တီဗီေရွ႕တြင္ သူမေလးမရွိမွန္း ေတွ့တော့ လိုက္ရွာေခၚေနၿပီး သူ႕လက္ေထာက္ျဖစ္သူႏွင့္ အိမ္တံခါးမေရွ႕ စကားေျပာေနသည္ကို ေတြ႕လိုက္သည္။
သိပ္မေျခာက္ေသးသည့္ ဆံပင္ကို ပုဝါျဖင့္သုတ္ရင္း bathrobe အျဖဴေရာင္ဝတ္ထားကာ သူတို႔ဆီ ေလွ်ာက္လာေသာ လူကို ေ႐ႊေခတ္ႏွင့္ ရဲနိုင္ ႏွစ္ဦးသား ေကြာင်ကြည့်နေမိသည်။
"ငယ္...ခုနက ငယ့္ဖုန္းလာေနတယ္ ေဒၚေလးေခၚလာတာ ခုအခန္းထဲမွာ ကိုယ္ကိုင္ထားလိုက္ၿပီ ေဒၚေလး ငယ့္ကို ေစာင့္ေနတယ္
"အမ္..သိၿပီ
တစ္ခြန္းသာ ပါးစပ္ဟၿပီး ေလွကားထစ္အတိုင္း အေပၚထပ္ကို ေျပးတက္သြားသည့္ သူမအား တစ္လွည့္ သူ႕ေရွ႕တြက္ ဆံပင္ေရသုတ္ေနသည့္ သူေဌးျဖစ္သူ ကို တစ္လွည့္ၾကည့္ၿပီး ရဲနိုင္ မ်က္လုံးမ်ားမွာ အၿငိမ္မေန။
"ေအာ္...မင္းကို အခုထိ မေျပာရေသးဘူးပဲ ငါလဲေမ့ေနတာ အဲတာမင္းရဲ႕ သူေဌးကေတာ္
"ဗ်ာ....
..........
30.10.21
မေန႕ မတင္ေပးလိုက္ရလို႔ ဒီေန႕အပိုင္းပို တင္ေပးမယ္လို႔ သာသာေတြးထားေပမယ့္ မနက္ျဖန္ သာသာအလုပ္လုပ္ေနတဲ့ nursing home မွာ အလႉလုပ္မွာမို႔လို႔ ဒီေန႕ တစ္ေန႕လုံးလည္းမအား ၊ မနက္ျဖန္လည္း အေစာႀကီး မနက္၁နာရီ ထရမွာဆိုေတာ့ ဒီေလာက္နဲ႕ပဲေက်နပ္ေပးၾကပါေနာ္ သာသာအခ်ိန္ရရင္ အမ်ားႀကီး တင္ေပးပါ့မယ္ 😘
Advertisement
- In Serial9 Chapters
I'm the protagonist of a story I don't even want to be in!
Akira Senjou is the protagonist of her own story, but she doesn't want to be! She may be abnormally strong, but all she wants to do is live a normal life. Join her as she tries to lead her abnormal life of normality.!
8 153 - In Serial24 Chapters
The Sons of Mytea
Aleci was many things, first, and foremost, he was an acolyte of Mytea, the capricious God of travelers and lost souls. Then he was a Praefect, one of the best and brightest commanders produced by the Empire's top academy. Everything he did was dedicated to Mytea and the Empire... Until he rode from a campaign in Imruk and found himself facing what he had been looking for all these years.
8 177 - In Serial63 Chapters
The Prodigy and the Genius
Miki Linux, a genius at small age that no one can compare, hides her intelligence for her to not attract people with high nobility. Fortunately for her, she's an illegitimate child of the Earl of Linux and also can't use any type of magic except ice magic.Wait, did I say magic? Yes. In this world, a parallel world where magic exists unlike Miki's old world. But this isn't like any world, but an otome game that her 'friend' played?!The thing is.... what's her role? no name character? a mob character? a rival? a friend? or the villain?"Whatever. It's not like I am her. I am me. I hate attention after all.... *yawn* it's time to sleep"***A/n: otome game is a story-based video game that is targeted towards women. Generally one of the goals, besides the main plot goal, is to develop a romantic relationship between the female player character and one of several male characters
8 106 - In Serial41 Chapters
Love Binds Us (COMPLETED)
Abhimanyu Malhotra and Shivani Khanna had been school mates and best of friends.....But the rejection brought them apart!!!After years both were tied in the knot of marriage....Abhimanyu clearly hates Shivani for what she had done with him in past....But was it really her fault?She was quite yet fierce...With all the blame on her she still manages to smile but that smile hides her own pain and misery.....It's the anger of rejection that made Abhimanyu a totally different man.... That now he hates the person he loved once....LOVED!?One is a stone-hearted and other one is broken soul.....••••••••••••••••••••••••••••••Is it the DESTINY or the LOVE that binded them together ❤️
8 236 - In Serial45 Chapters
Fine Form
When billionaire - Dimitri Asterio crashes into Bella Romero's car avec the paparazzi's blinding array. He's quick to leave the scene without another glance leaving Bella swearing to hate him. It certainly doesn't help when he asks her to marry her because he's in need of a wife. But when the boundaries start to blur between real and pretend, Bella realises she cannot keep up her fine form. Copyright © 2020 | monetamavi
8 413 - In Serial9 Chapters
7 Days
Conner wasn't sure if a week's time was enough to successfully make Bree blush. But he would do whatever it took, to win the heart of his girl.Conner is determined to make Bree blush by the end of seven days. Set at the end of the sixth book, so spoilers may apply. Slight AU. Cross posted on fanfiction.net.✧・゚: *✧・゚:* ☆ *:・゚✧*:・゚✧A story ofhope,patience,wooing, and love𝟳 𝘿𝘼𝙔𝙎‼
8 139

