《Untamed Flower( ပန်းရိုင်း)》အပိုင်း ၅၁
Advertisement
လိုက်ကာစဆွဲဖွင့် သံနှင့်အတူ မှန်ပြတင်းရှည်ကြီး ဂ ထိုးဝင်ဖြာလဲ့လာသော နေရောင်စူးစူးများကြောင့် ရွှေခေတ် နိုးလာသည်။ နာရီ ကြည့်လိုက်တော့ ၇နာရီတောင် ထိုးနေပြီ။ သူမ ဘယ်လောက်ထိတောင် အိပ်ပျော်သွားတာလဲ။
ပြတင်းနားရှိ လူမှာ သူ့အနောက်ဘက်မှ နေရောင်များ ဖြာကျနေသဖြင့် မိုးပေါ်ကဆင်းသက်လာသည့် နတ်သားနှင့်တောင် တူလို့နေသည်။ ဆံပင် များစိုရွဲနေသည်ကို ကြည့်ပြီး အခုမှ ရေချိုးပြီးကြောင်း သိနိုင်သည်။ မျက်နှာပေါ် တစက်စက်ကျနေသော ရေစက်များကို ပုဝါနှင့် သုတ်နေရင်း
"နိုးပီလား.....”
"အင်း...”
အိပ်ရေး မဝသော အသံဖြင့် ပါးစပ်ကို လက်ဖြင့်အုပ်ရင်း သမ်းလိုက်သည်။
"ငယ်...ဘာစားချင်လဲ”
သူမဗိုက်ဆာနေသည်ကို သူသိနေတာလား..မနေ့ကတည်းက ဧည့်သည်တွေရှေ့ အိန္ဒြေမပျက်အောင် နည်းနည်းပါးပါးသာ စားသောက်ထားသဖြင့် အစာအိမ်က သောင်းကျန်းနေလေပြီ
"ကျွန်မကို... အမေရိကာနို တစ်ခွက်နဲ့ ပေါင်မုန့်ဖုတ် နှစ်ချပ် ေပးရင်ရပြီ..”
သူမထိုသို့ပြောတော့ သူက စားပွဲဆီ လျှောက်သွားကာ လက်ဗန်းထဲ အသင့်ထည့်ထားသော သူမလိုချင်သည့်အစာကို ပြပြီး
"ငယ်...မျက်နှာသစ် သွားတိုက်လိုက်အုံး ပြီးရင် လာစားလို့ရပြီ..”
ဒီလူ သူမဒါတွေစား ချင်တယ်ဆိုတာကို ဘယ်လိုသိနေတာလဲ ။
"အမေရိကာနို လား...”
"အင်း...ဟုတ်တယ်လေ ဘာလဲ မသောက်တော့ဘူးလား..”
"မဟုတ်ပါဘူး..ကျွန်မထူးဆန်းနေတာ ရှင်ကျွန်မ ဒါတွေ စားချင်မှန်း ဘယ်လိုသိနေတာလဲ?”
သူမ အမေးကြောင့် သူ တောက်ပသော အပြုံးဖြင့် သူမခေါင်းကို လက်ဖြင့် ပုတ်လိုက်ကာ..
"မှော်အစွမ်းတွေ နဲ့လေ..နောက်ဆို ဒီထပ်ပိုပို သိအုံးမှာ”
သူမ ဘာမှ မပြောတော့ဘဲ ရေချိုးခန်းထဲသို့ အမြန်ပြေးဝင်လိုက်သည်။ ဤသည်မှာ မျက်နှာနီနေတာကို မမြင်စေချင်၍လည်း ဖြစ်၏။ သူမ ဘေစင်ရှေ့ တွင်ရပ်ကာ သူမကိုယ်သူမ ပြန်ကြည့်လိုက်သည်။ သူမဆံပင်များမှာ ခုန ကဝေယံ ကြောင့် အပေါ်ပိုင်းနည်းနည်း ပွရှုပ်နေသည်။
သူမခေါင်းကို လာပုတ်ဖို့မပြောနဲ့ အသားကိုတောင်မှ ယောက်ျားလေးတွေ လာထိသည်ကို မကြိုက်။ အခု သူ့ဆီက ခေါင်းရှိ ဆံပင် ပွေရှုပ်သည်အထိ ပုတ်ပေးသည်ကိုတော့ မငြင်းခဲ့ပေ။ ထိုအစား အချစ်ခံရသည့် ခံစားချက်မျိုး ရနေ၏။
..........
သူမတို့ နေ့ချင်းပင် အဘွားနှင့် ဒေါ်လေး ဖြစ်သူကို ကန်တော့ကာ ကျိုင်းတုံသို့ ထွက်လာခဲ့သည်။ သူမ၏ ကျိုင်းတုံရှိအိမ်တွင် တစ်ညလောက် နေချင်သေးသော်လည်း အနှီခင်ပွန်းကြီးက သူနှင့်အတူ တာချီလိတ်သို့ တစ်ပါတည်း ခေါ်ဆောင်သွား၏။
သူမနှစ်ခါလောက် ရောက်ဖူးသော ထိုအိမ်ရှေ့တွင် ဝေယံပိုင်ကားရပ်လိုက်သည်။ အရင်နှစ်ခါ ဒီကိုလာခဲ့တုန်း သူမစိတ်ပျက်ရသည်ချည်းသာ ဖြစ်သဖြင့် ဘယ်တော့မှ လာတော့မှာ မဟုတ်ကြောင်း စိတ်ထဲကျိန်ခဲ့ဖူးသည်။ သို့သော် အခု သူမက ဒီအိမ်၏ အိမ်ရှင်မ အဖြစ်လာနေရတော့မည်။
အသင် အိမ်စောင့်နတ် ခြံစောင့်နတ်အပေါင်းတို့ အကျွန်ုပ် ပြောခဲ့သော စကားကို ဗွေမယူပါလေနှင့်..
အိမ်မှာ ကြီးမားလှသော်လည်း လူတစ်ဦးတည်းသာ နေထိုင်သည့်အတွက် ပရိဘောဂ များများစားစားမရှိပေ။ အိမ်အပေါ်ထပ်တွင်မူ ဘုရားခန်း အိပ်ခန်းနှစ်ခန်းနှင့် ေအာက်ထပ်တွင် စာဖတ်ခန်း(အလုပ်ခန်း)
၊မီးဖိုချောင် ၊ ဧည့်သည်အိပ်ခန်းနှင့် ဧည့်ခန်းတို့ဖြင့် ပုံစံကျစွာ ဖွဲ့စည်းထားလေ၏။
သူမ ကို သူအခန်းဖွဲ့စည်းပုံများ အားလုံးအားလုံး ပြသနေသော်လည်း အပေါ်ထပ်ရှိ ပင်မအိပ်ခန်းကြီးဘေး သော့သေချာစွာ ခတ်ထားသည့် အခန်းကိုမူ ပယ်ထား၏။ သို့သော် ရွှေခေတ်လည်း မမှု။ သူလည်း လျှို့ဝှက်ချက်တွေ ရှိမှာပါလေ ဟု သူမအလွယ်လေး တွေးလိုက်သည်။
သူမ အိမ်ပတ်ပတ်လည် လျှောက်ပတ်နေရင်း အိမ်နောက်ဘက်တွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားသည့် မြက်ထူနေသော မြေကွက်အား ေတွ့လိုက်သည်။ သူမဘေးတွင် ကပ်လျက်လျှောက်လာသော လူမှာ ဖုန်းပြောနေတာကို သတိမထားမိဘဲ...
"ရှင်..အသီးအရွက်တွေ လည်း စိုက်တတ်တာလား?”
"ငယ်..ဘာပြောလိုက်တယ်”
သူဖုန်းပြောနေ၍ သူမအသံကို သေချာရှင်းလင်းစွာ မကြားမိဘဲ ဖြစ်သွားကာ ေနာက်တစ်ခါပြန်မေး လိုက်သည်။
"ရှင်..ရှင်ဖုန်းပြောနေတာလား ကျွန်မမသိလိုက်လို့”
"မဟုတ်ပါဘူး ပြီးသွားပြီ ခုနက ငယ်ဘာပြောလိုက်တာလဲ ကိုယ်မကြားလိုက်လို့”
ထိုသို့ပြောပြီး ဖုန်းဆီ ကိုကပ်ကာ သူမမကြားနိုင်သော အသံဖြင့် "အေး..ရဲနိုင် ဒီလောက်ပဲ ကျန်တာနောက်မှ ထပ်တင်ပြလိုက်”
"အော်..ကျွန်မက ရှင်ဒါတွေ စိုက်ထားတာလားလို့ မေးနေတာ..”
မြက်ထူနေသော စိုက်ခင်းကို လက်ညိုးထိုးပြကာ ရွှေခေတ် ပြောလိုက်သည်။
"အော်..အဲဒါ အိမ်စောင့် ဦးလေးကြီး စိုက်ထားတာ သူသူ့မိန်းမ မီးဖွားလို့ ခွင့်ရက်ရှည် ယူထားတယ်..ကိုယ်ကလည်း အလုပ်မအားလို့ ဒါတွေကို ဂရုမစိုက်မိဘူး..အိမ်သန့်ရှင်းရေးတောင် ဒီကအိမ်ယာစောင့်ရှောက်ရေး ဝန်ထမ်းတွေကို ငှားထားရတာ”
"အော်..”
Advertisement
သူမ အော်..လို့သာ ဖြေလိုက်ပေမယ့်လည်း စိတ်ထဲမှာတော့ ဒီလူက ဘယ်လိုလူမျိုးပါလိမ့်? ရက်ပေါင်းနှစ်ဆယ်ကျော်လောက် သူမနောက် တကောက်ကောက်ကပ်လိုက် နေတဲ့ သူက အိမ်သန့်ရှင်းရေး အတွက် တော့ လူငှားရတယ်တဲ့လား..။ ယောက်ျားလေးမို့ အိမ်သန့်ရှင်းရေးကို ဝန်ထမ်းငှားတာ အပြစ်မပြောနိုင်ပေမယ့် အလုပ်ရှုပ်တယ်? သူမနောက် လိုက်ရတာတော့ မရှုပ်ဘူးပေါ့ မဟုတ်မှလွှဲ သူမကို အလုပ်တာဝန်တစ်ခုလို့ သတ်မှတ်ထားတာများလား?
.......
သူမ၏ အိမ်ထောင် သက်တမ်းဒုတိယမြောက်နေ့ကိုတော့ အအိပ်ထပ်မနောက်ကျဖို့ သူမနိုးစက်သံကို ပိုကျယ်ထားလိုက်သည်။ ထိုညကလည်း သူကသူမကို နဖူးပြင်သာနမ်းပြီး ရင်ခွင်ထဲ ထွေးပွေ့ကာ အိပ်စေ၏။ အို...ဒီလူကြီး သီလသမာဓိတွေ အရမ်းကောင်းလို့နေပါလား...
သူမနိုးလာတော့ မနက်စောစောငါးနာရီသာ ရှိသေးသည်။ တစ်ညလုံး သူမခေါင်းအုံးလုပ် အိပ်ခဲ့သော လက်မောင်းပိုင်ရှင်မှာ ရှိမနေတော့..။ ရေချိုးခန်း တံခါးကလည်း ဖွင့်လျက်သား ။ သူဘယ်သွားနေတာလဲ?
သူမ ကုတင်ဘေး စားပွဲပေါ်က ရေတစ်ခွက် ခပ်သောက်ကာ မျက်နှာ မသစ်သေးဘဲ အောက်ထပ်ကို ဆင်းလာလိုက်သည်။ ဧည့်ခန်းမီးမှာ လင်းနေသလို စာကြည့်ခန်းမီးမှာလည်း လင်းထိန်နေသည်။ သူအလုပ်လုပ်နေတာလား? ဘယ်အချိန်ကတည်းက ထပြီး အလုပ်လုပ်နေမှန်း သူမမသိ။
သူမ စာကြည့်ခန်းထဲကို ချောင်းရုံတမယ် ကြည့်ပြီး ဖန်စီမျက်မှန် တပ်ထားကာ ကွန်ပျူတာရှေ့ အိပ်ရေးမဝသည့် ပုံစံနှင့် အလုပ်လုပ်နေသော ယောက်ျားဖြစ်သူကို တွေ့လိုက်သည်။ ထို့ကြောင့် သူမ အတွေးတစ်ခုရသွားပြီး အခန်းပြန်တက်သွားကာ မျက်နှာသစ် သွားတိုက်လိုက်သည်။
မီးဖိုချောင်သို့ ဆင်းလာပြီး သူမအကျွမ်းကျင်ဆုံး ဖြစ်သော ကော်ဖီဖျော်ခြင်းကို စတင်လိုက်လေ၏။
စားစရာ တစ်ခုခုများ ရှိလေမလားဆိုပြီး ရေခဲသေတ္တာကြီးကို ဖွင့်ကြည့်တော့ ရေသန့်တစ်ဘူးသာ ရှိနေသည်။ သူမအိမ်က ရေခဲသေတ္တာ သနားစရာကောင်းသည်ဟု ထင်နေတာ မှားသွားပြီ။ ဒီရေခဲ သေတ္တာက ပိုလို့တောင် ဆိုးနေသေး၏။
မနေ့ည ညစာစားဖို့ အပြင်ကပဲမှာလိုက်တာ မထူးဆန်းတော့ပေ။သို့သော် သူမ မှန်ဘီဒို ထည့်ထားသော ကော်ဖီဘူးကိုတော့ အလွယ်တကူ ရှာတွေ့လိုက်လေသည်။
.....
ဝေယံမှာ မနေ့ည သူမကိုချော့သိပ်အိပ်ရင်း သူပါအိပ်ပျော်သွား၏။ မနက်၂နာရီလောက်မှ ထလာပြီး တစ်လနီးပါးကြာအောင် ပစ်ထားသည့် ရုံးအလုပ်များကို စတင်ရလေ၏။
ရုတ်တရက် ပွင့်နေသော တံခါးခေါက်သံနှင့်အတူ ကော်ဖီခွက် ကိုင်ကာ ရပ်နေသည့် အနီရောင် ပိုးသားညဝတ် ဝတ်ဆင်ထားသော သူမကို တွေ့လိုက်သည်။
"ကျွန်မ ဝင်လာလို့ရမလား.?.”
"ရ..ရတယ်လေ ငယ် ဘယ်ချိန်တည်းက နိုးလာတာလဲဟင်”
ဝေယံ မျက်မှန်ကို ချွတ်ကာ သူ့ဆီလျှောက်လာနေသော သူမကို မေးလိုက်သည်။
"အမ်း..သိပ်မကြာသေးပါဘူး..ရော့ ရှင့်အတွက် ကော်ဖီ အိပ်ငိုက်နေတယ်မို့လား..”
"ကျေးဇူးပဲ ဘာလို့ ကိုယ့်ကိုယ်ကို ပင်ပန်းအောင် လုပ်နေတာလဲ ”
ကော်ဖီ ခွက်ကို လှမ်းယူကာ ပြောလိုက်သော သူကြောင့် ရွှေခေတ် ပုခုံးလေးကို တွန့်ကာ မျက်ခုံးပင့်လိုက်ပြီး
"ကျွန်မက အစောကြီးနိုးနေကျပါ အကျင့်လိုဖြစ်နေပြီ ပြီးတော့ ဒါလုပ်ပေးတာကလည်း ကျွန်မရဲ့ ဝတ္တရားပဲလေ..ဒါနဲ့ ကျွန်မ ကော်ဖီကို အမေရိကာနိုပဲ ဖျော်တတ်တယ် ရှင်ကြိုက် မကြိုက်တော့ မသိဘူး မကြိုက်ရင် ကျွန်မကိုယ်တိုင်ပဲ သောက်လိုက်မယ်လေ..”
လက်လှမ်းလာပြီး ကော်ဖီခွက် ပြန်တောင်းနေသော သူမကို ရှောင်ဖို့ ဘီးပါသော ထိုင်ခုံကို ဝေယံနောက်သို့ နည်းနည်းဆုတ်လိုက်သည်။ ထိုပြီး ကော်ဖီကို တစ်ကြိုက်မော့သောက်ကာ..
"ကိုယ်ကြိုက်တယ်..ငယ် ကြိုက်သမျှ ကိုယ်ကြိုက်တယ်လေ...”
"....”
ဒီလူ စကားတွေ အရမ်းကြွယ်နေပါလား..
..........
28.10.21
ကြာသပတေးနေ့ဆိုလည်း တင်တာပဲနော် မြန်မြန်ပြီးချင်တဲ့ စိတ်က ထိန်းလို့ကို မရဘူး:)
နောက်ပြီး ကိုဝေယံတို့က နောက်အပိုင်းကစပြီး ဇနီးနောက် တကောက်ကောက်လိုက်ကာ အချစ်တွေ ပိုပြပြီး ရိုနေတော့မှာမို့ ဆင်ဂယ်လေး သာသာကို သနားကြပါအုံး😒
လိုက္ကာစဆြဲဖြင့္ သံႏွင့္အတူ မွန္ျပတင္းရွည္ႀကီး ဂ ထိုးဝင္ျဖာလဲ့လာေသာ ေနေရာင္စူးစူးမ်ားေၾကာင့္ ေ႐ႊေခတ္ နိုးလာသည္။ နာရီ ၾကည့္လိုက္ေတာ့ ၇နာရီတောင် ထိုးေနၿပီ။ သူမ ဘယ္ေလာက္ထိေတာင္ အိပ္ေပ်ာ္သြားတာလဲ။
ျပတင္းနားရွိ လူမွာ သူ႕အေနာက္ဘက္မွ ေနေရာင္မ်ား ျဖာက်ေနသျဖင့္ မိုးေပၚကဆင္းသက္လာသည့္ နတ္သားႏွင့္ေတာင္ တူလို႔ေနသည္။ ဆံပင္ မ်ားစို႐ြဲေနသည္ကို ၾကည့္ၿပီး အခုမွ ေရခ်ိဳးၿပီးေၾကာင္း သိနိုင္သည္။ မ်က္ႏွာေပၚ တစက္စက္က်ေနေသာ ေရစက္မ်ားကို ပုဝါႏွင့္ သုတ္ေနရင္း
"နိုးပီလား.....
"အင္း...
အိပ္ေရး မဝေသာ အသံျဖင့္ ပါးစပ္ကို လက္ျဖင့္အုပ္ရင္း သမ္းလိုက္သည္။
"ငယ္...ဘာစားခ်င္လဲ
သူမဗိုက္ဆာေနသည္ကို သူသိေနတာလား..မေန႕ကတည္းက ဧည့္သည္ေတြေရွ႕ အိႏၵျေမပ်က္ေအာင္ နည္းနည္းပါးပါးသာ စားေသာက္ထားသျဖင့္ အစာအိမ္က ေသာင္းက်န္းေနေလၿပီ
"ကြၽန္မကို... အေမရိကာနို တစ္ခြက္နဲ႕ ေပါင္မုန့္ဖုတ္ ႏွစ္ခ်ပ္ ေပးရင်ရပြီ..
Advertisement
သူမထိုသို႔ေျပာေတာ့ သူက စားပြဲဆီ ေလွ်ာက္သြားကာ လက္ဗန္းထဲ အသင့္ထည့္ထားေသာ သူမလိုခ်င္သည့္အစာကို ျပၿပီး
"ငယ္...မ်က္ႏွာသစ္ သြားတိုက္လိုက္အုံး ၿပီးရင္ လာစားလို႔ရၿပီ..
ဒီလူ သူမဒါေတြစား ခ်င္တယ္ဆိုတာကို ဘယ္လိုသိေနတာလဲ ။
"အေမရိကာနို လား...
"အင္း...ဟုတ္တယ္ေလ ဘာလဲ မေသာက္ေတာ့ဘူးလား..
"မဟုတ္ပါဘူး..ကြၽန္မထူးဆန္းေနတာ ရွင္ကြၽန္မ ဒါေတြ စားခ်င္မွန္း ဘယ္လိုသိေနတာလဲ?
သူမ အေမးေၾကာင့္ သူ ေတာက္ပေသာ အၿပဳံးျဖင့္ သူမေခါင္းကို လက္ျဖင့္ ပုတ္လိုက္ကာ..
"ေမွာ္အစြမ္းေတြ နဲ႕ေလ..ေနာက္ဆို ဒီထပ္ပိုပို သိအုံးမွာ
သူမ ဘာမွ မေျပာေတာ့ဘဲ ေရခ်ိဳးခန္းထဲသို႔ အျမန္ေျပးဝင္လိုက္သည္။ ဤသည္မွာ မ်က္ႏွာနီေနတာကို မျမင္ေစခ်င္၍လည္း ျဖစ္၏။ သူမ ေဘစင္ေရွ႕ တြင္ရပ္ကာ သူမကိုယ္သူမ ျပန္ၾကည့္လိုက္သည္။ သူမဆံပင္မ်ားမွာ ခုန ကေဝယံ ေၾကာင့္ အေပၚပိုင္းနည္းနည္း ပြရႈပ္ေနသည္။
သူမေခါင္းကို လာပုတ္ဖို႔မေျပာနဲ႕ အသားကိုေတာင္မွ ေယာက္်ားေလးေတြ လာထိသည္ကို မႀကိဳက္။ အခု သူ႕ဆီက ေခါင္းရွိ ဆံပင္ ေပြရႈပ္သည္အထိ ပုတ္ေပးသည္ကိုေတာ့ မျငင္းခဲ့ေပ။ ထိုအစား အခ်စ္ခံရသည့္ ခံစားခ်က္မ်ိဳး ရေန၏။
..........
သူမတို႔ ေန႕ခ်င္းပင္ အဘြားႏွင့္ ေဒၚေလး ျဖစ္သူကို ကန္ေတာ့ကာ က်ိဳင္းတုံသို႔ ထြက္လာခဲ့သည္။ သူမ၏ က်ိဳင္းတုံရွိအိမ္တြင္ တစ္ညေလာက္ ေနခ်င္ေသးေသာ္လည္း အႏွီခင္ပြန္းႀကီးက သူႏွင့္အတူ တာခ်ီလိတ္သို႔ တစ္ပါတည္း ေခၚေဆာင္သြား၏။
သူမႏွစ္ခါေလာက္ ေရာက္ဖူးေသာ ထိုအိမ္ေရွ႕တြင္ ေဝယံပိုင္ကားရပ္လိုက္သည္။ အရင္ႏွစ္ခါ ဒီကိုလာခဲ့တုန္း သူမစိတ္ပ်က္ရသည္ခ်ည္းသာ ျဖစ္သျဖင့္ ဘယ္ေတာ့မွ လာေတာ့မွာ မဟုတ္ေၾကာင္း စိတ္ထဲက်ိန္ခဲ့ဖူးသည္။ သို႔ေသာ္ အခု သူမက ဒီအိမ္၏ အိမ္ရွင္မ အျဖစ္လာေနရေတာ့မည္။
အသင္ အိမ္ေစာင့္နတ္ ၿခံေစာင့္နတ္အေပါင္းတို႔ အကျွန်ုပ် ေျပာခဲ့ေသာ စကားကို ေဗြမယူပါေလႏွင့္..
အိမ္မွာ ႀကီးမားလွေသာ္လည္း လူတစ္ဦးတည္းသာ ေနထိုင္သည့္အတြက္ ပရိေဘာဂ မ်ားမ်ားစားစားမရွိေပ။ အိမ္အေပၚထပ္တြင္မူ ဘုရားခန္း အိပ္ခန္းႏွစ္ခန္းႏွင့္ ေအာက်ထပ်တွင် စာဖတ္ခန္း(အလုပ္ခန္း)
၊မီးဖိုေခ်ာင္ ၊ ဧည့္သည္အိပ္ခန္းႏွင့္ ဧည့္ခန္းတို႔ျဖင့္ ပုံစံက်စြာ ဖြဲ႕စည္းထားေလ၏။
သူမ ကို သူအခန္းဖြဲ႕စည္းပုံမ်ား အားလုံးအားလုံး ျပသေနေသာ္လည္း အေပၚထပ္ရွိ ပင္မအိပ္ခန္းႀကီးေဘး ေသာ့ေသခ်ာစြာ ခတ္ထားသည့္ အခန္းကိုမူ ပယ္ထား၏။ သို႔ေသာ္ ေ႐ႊေခတ္လည္း မမႈ။ သူလည္း လွ်ို႔ဝွက္ခ်က္ေတြ ရွိမွာပါေလ ဟု သူမအလြယ္ေလး ေတြးလိုက္သည္။
သူမ အိမ္ပတ္ပတ္လည္ ေလွ်ာက္ပတ္ေနရင္း အိမ္ေနာက္ဘက္တြင္ ဟင္းသီးဟင္း႐ြက္မ်ား စိုက္ပ်ိဳးထားသည့္ ျမက္ထူေနေသာ ေျမကြက္အား ေတွ့လိုက်သည်။ သူမေဘးတြင္ ကပ္လ်က္ေလွ်ာက္လာေသာ လူမွာ ဖုန္းေျပာေနတာကို သတိမထားမိဘဲ...
"ရွင္..အသီးအ႐ြက္ေတြ လည္း စိုက္တတ္တာလား?
"ငယ္..ဘာေျပာလိုက္တယ္
သူဖုန္းေျပာေန၍ သူမအသံကို ေသခ်ာရွင္းလင္းစြာ မၾကားမိဘဲ ျဖစ္သြားကာ ေနာက်တစ်ခါပြန်မေး လိုက္သည္။
"ရွင္..ရွင္ဖုန္းေျပာေနတာလား ကြၽန္မမသိလိုက္လို႔
"မဟုတ္ပါဘူး ၿပီးသြားၿပီ ခုနက ငယ္ဘာေျပာလိုက္တာလဲ ကိုယ္မၾကားလိုက္လို႔
ထိုသို႔ေျပာၿပီး ဖုန္းဆီ ကိုကပ္ကာ သူမမၾကားနိုင္ေသာ အသံျဖင့္ "ေအး..ရဲနိုင္ ဒီေလာက္ပဲ က်န္တာေနာက္မွ ထပ္တင္ျပလိုက္
"ေအာ္..ကြၽန္မက ရွင္ဒါေတြ စိုက္ထားတာလားလို႔ ေမးေနတာ..
ျမက္ထူေနေသာ စိုက္ခင္းကို လက္ညိုးထိုးျပကာ ေ႐ႊေခတ္ ေျပာလိုက္သည္။
"ေအာ္..အဲဒါ အိမ္ေစာင့္ ဦးေလးႀကီး စိုက္ထားတာ သူသူ႕မိန္းမ မီးဖြားလို႔ ခြင့္ရက္ရွည္ ယူထားတယ္..ကိုယ္ကလည္း အလုပ္မအားလို႔ ဒါေတြကို ဂ႐ုမစိုက္မိဘူး..အိမ္သန့္ရွင္းေရးေတာင္ ဒီကအိမ္ယာေစာင့္ေရွာက္ေရး ဝန္ထမ္းေတြကို ငွားထားရတာ
"ေအာ္..
သူမ ေအာ္..လို႔သာ ေျဖလိုက္ေပမယ့္လည္း စိတ္ထဲမွာေတာ့ ဒီလူက ဘယ္လိုလူမ်ိဳးပါလိမ့္? ရက္ေပါင္းႏွစ္ဆယ္ေက်ာ္ေလာက္ သူမေနာက္ တေကာက္ေကာက္ကပ္လိုက္ ေနတဲ့ သူက အိမ္သန့္ရွင္းေရး အတြက္ ေတာ့ လူငွားရတယ္တဲ့လား..။ ေယာက္်ားေလးမို႔ အိမ္သန့္ရွင္းေရးကို ဝန္ထမ္းငွားတာ အျပစ္မေျပာနိုင္ေပမယ့္ အလုပ္ရႈပ္တယ္? သူမေနာက္ လိုက္ရတာေတာ့ မရႈပ္ဘူးေပါ့ မဟုတ္မွလႊဲ သူမကို အလုပ္တာဝန္တစ္ခုလို႔ သတ္မွတ္ထားတာမ်ားလား?
.......
သူမ၏ အိမ္ေထာင္ သက္တမ္းဒုတိယေျမာက္ေန႕ကိုေတာ့ အအိပ္ထပ္မေနာက္က်ဖိဳ႕ သူမနိုးစက္သံကို ပိုက်ယ္ထားလိုက္သည္။ ထိုညကလည္း သူကသူမကို နဖူးျပင္သာနမ္းၿပီး ရင္ခြင္ထဲ ေထြးေပြ႕ကာ အိပ္ေစ၏။ အို...ဒီလူႀကီး သီလသမာဓိေတြ အရမ္းေကာင္းလို႔ေနပါလား...
သူမနိုးလာေတာ့ မနက္ေစာေစာငါးနာရီသာ ရွိေသးသည္။ တစ္ညလုံး သူမေခါင္းအုံးလုပ္ အိပ္ခဲ့ေသာ လက္ေမာင္းပိုင္ရွင္မွာ ရွိမေနေတာ့..။ ေရခ်ိဳးခန္း တံခါးကလည္း ဖြင့္လ်က္သား ။ သူဘယ္သြားေနတာလဲ?
သူမ ကုတင္ေဘး စားပြဲေပၚက ေရတစ္ခြက္ ခပ္ေသာက္ကာ မ်က္ႏွာ မသစ္ေသးဘဲ ေအာက္ထပ္ကို ဆင္းလာလိုက္သည္။ ဧည့္ခန္းမီးမွာ လင္းေနသလို စာၾကည့္ခန္းမီးမွာလည္း လင္းထိန္ေနသည္။ သူအလုပ္လုပ္ေနတာလား? ဘယ္အခ်ိန္ကတည္းက ထၿပီး အလုပ္လုပ္ေနမွန္း သူမမသိ။
သူမ စာၾကည့္ခန္းထဲကို ေခ်ာင္း႐ုံတမယ္ ၾကည့္ၿပီး ဖန္စီမ်က္မွန္ တပ္ထားကာ ကြန္ပ်ဴတာေရွ႕ အိပ္ေရးမဝသည့္ ပုံစံႏွင့္ အလုပ္လုပ္ေနေသာ ေယာက္်ားျဖစ္သူကို ေတြ႕လိုက္သည္။ ထို႔ေၾကာင့္ သူမ အေတြးတစ္ခုရသြားၿပီး အခန္းျပန္တက္သြားကာ မ်က္ႏွာသစ္ သြားတိုက္လိုက္သည္။
မီးဖိုေခ်ာင္သို႔ ဆင္းလာၿပီး သူမအကြၽမ္းက်င္ဆုံး ျဖစ္ေသာ ေကာ္ဖီေဖ်ာ္ျခင္းကို စတင္လိုက္ေလ၏။
စားစရာ တစ္ခုခုမ်ား ရွိေလမလားဆိုၿပီး ေရခဲေသတၱာႀကီးကို ဖြင့္ၾကည့္ေတာ့ ေရသန့္တစ္ဘူးသာ ရွိေနသည္။ သူမအိမ္က ေရခဲေသတၱာ သနားစရာေကာင္းသည္ဟု ထင္ေနတာ မွားသြားၿပီ။ ဒီေရခဲ ေသတၱာက ပိုလို႔ေတာင္ ဆိုးေနေသး၏။
မေန႕ည ညစာစားဖို႔ အျပင္ကပဲမွာလိုက္တာ မထူးဆန္းေတာ့ေပ။သို႔ေသာ္ သူမ မွန္ဘီဒို ထည့္ထားေသာ ေကာ္ဖီဘူးကိုေတာ့ အလြယ္တကူ ရွာေတြ႕လိုက္ေလသည္။
.....
ေဝယံမွာ မေန႕ည သူမကိုေခ်ာ့သိပ္အိပ္ရင္း သူပါအိပ္ေပ်ာ္သြား၏။ မနက္၂နာရီေလာက္မွ ထလာၿပီး တစ္လနီးပါးၾကာေအာင္ ပစ္ထားသည့္ ႐ုံးအလုပ္မ်ားကို စတင္ရေလ၏။
႐ုတ္တရက္ ပြင့္ေနေသာ တံခါးေခါက္သံႏွင့္အတူ ေကာ္ဖီခြက္ ကိုင္ကာ ရပ္ေနသည့္ အနီေရာင္ ပိုးသားညဝတ္ ဝတ္ဆင္ထားေသာ သူမကို ေတြ႕လိုက္သည္။
"ကြၽန္မ ဝင္လာလို႔ရမလား.?.
"ရ..ရတယ္ေလ ငယ္ ဘယ္ခ်ိန္တည္းက နိုးလာတာလဲဟင္
ေဝယံ မ်က္မွန္ကို ခြၽတ္ကာ သူ႕ဆီေလွ်ာက္လာေနေသာ သူမကို ေမးလိုက္သည္။
"အမ္း..သိပ္မၾကာေသးပါဘူး..ေရာ့ ရွင့္အတြက္ ေကာ္ဖီ အိပ္ငိုက္ေနတယ္မို႔လား..
"ေက်းဇူးပဲ ဘာလို႔ ကိုယ့္ကိုယ္ကို ပင္ပန္းေအာင္ လုပ္ေနတာလဲ
ေကာ္ဖီ ခြက္ကို လွမ္းယူကာ ေျပာလိုက္ေသာ သူေၾကာင့္ ေ႐ႊေခတ္ ပုခုံးေလးကို တြန့္ကာ မ်က္ခုံးပင့္လိုက္ၿပီး
"ကြၽန္မက အေစာႀကီးနိုးေနက်ပါ အက်င့္လိုျဖစ္ေနၿပီ ၿပီးေတာ့ ဒါလုပ္ေပးတာကလည္း ကြၽန္မရဲ႕ ဝတၱရားပဲေလ..ဒါနဲ႕ ကြၽန္မ ေကာ္ဖီကို အေမရိကာနိုပဲ ေဖ်ာ္တတ္တယ္ ရွင္ႀကိဳက္ မႀကိဳက္ေတာ့ မသိဘူး မႀကိဳက္ရင္ ကြၽန္မကိုယ္တိုင္ပဲ ေသာက္လိုက္မယ္ေလ..
လက္လွမ္းလာၿပီး ေကာ္ဖီခြက္ ျပန္ေတာင္းေနေသာ သူမကို ေရွာင္ဖို႔ ဘီးပါေသာ ထိုင္ခုံကို ေဝယံေနာက္သို႔ နည္းနည္းဆုတ္လိုက္သည္။ ထိုၿပီး ေကာ္ဖီကို တစ္ႀကိဳက္ေမာ့ေသာက္ကာ..
"ကိုယ္ႀကိဳက္တယ္..ငယ္ ႀကိဳက္သမွ် ကိုယ္ႀကိဳက္တယ္ေလ...
"....
ဒီလူ စကားေတြ အရမ္းႂကြယ္ေနပါလား..
..........
28.10.21
ၾကာသပေတးေန႕ဆိုလည္း တင္တာပဲေနာ္ ျမန္ျမန္ၿပီးခ်င္တဲ့ စိတ္က ထိန္းလို႔ကို မရဘူး:)
ေနာက္ၿပီး ကိုေဝယံတို႔က ေနာက္အပိုင္းကစၿပီး ဇနီးေနာက္ တေကာက္ေကာက္လိုက္ကာ အခ်စ္ေတြ ပိုျပၿပီး ရိုေနေတာ့မွာမို႔ ဆင္ဂယ္ေလး သာသာကို သနားၾကပါအုံး😒
Advertisement
- In Serial40 Chapters
Uroboros Cycle
Based on events in my life. Marie "Inky" La Voison returns home to Hemlock Hurst. After missing her mother's funeral, the town seer and mad woman, she is reunited with her childhood friend and sweetheart. Before she can reach closure with her past, a double murder rocks the town. A Serial Killer has been preying on the women of the township. Ghosts of the past, a blood feud from the Civil War, and madness stalk the streets. Will Marie "Inky" La Voison be able to save the Uroboros Cycle, the cycle of life and death? Lear County Outlook is directly connected to Uroboros Cycle.
8 247 - In Serial61 Chapters
A Crown of Bones
A teen monster will stop at nothing to get power, even if that means eating the forbidden fruit that will forever bind her to the keeper of death itself. *****After rejecting the Wolf King and refusing to be his docile, powerless bride, Korin escapes into the mountains in search of forbidden fruit. And while the legends say that anyone who eats the fruit will be enslaved to the keeper of death itself, Korin is confident she can become something more. Because the power that comes with being queen of the underworld is everything she craves, as she'll finally be able to destroy the society that ripped her werewolf identity from her soul.[[word count: 60,000-70,000 words]]
8 149 - In Serial20 Chapters
The Wonders of Fall; A Modern Zelink AU Story
Zelink AU Modern Fanfiction Link lives a miserable life. Every day it seems that the same exact events repeat themselves, like he's living in a loop. As an attempt to break his loop, Link's little sister Aryll and her friend Tetra make a goal to set him up with Tetra's older sister Zelda. With Thanksgiving weekend just around the corner, the two merge and each discover how special the other is. But what happens when other girls are involved?Neither one knows how things will turn out, but that makes the ride even more enjoyable. ~Clean and appropriate for all ages~ *yipee!*Cover art does not belong to me, I don't know who it belongs to. If it's yours and you want it taken down, let me know and I'll do that. No swearing in comments, or anything inappropriate please.That being said I would love some constructive criticisms because I want to become a better writer. All rights belong to Nintendo. The rights of the plot go to me, and please don't post anything I write anywhere else.Highest ratings: #1 Zelink 02/26/19#1 ZeldaxLink 04/20/20COMPLETED**COMPLETED November 22 2018
8 129 - In Serial10 Chapters
Spirited Away (sasunaru)
Naruto and Sasuke has been banished from the spirit world and into the human world. What will happen? Will they ever be able to get back to their world?I suck at summaries as you all can see from my previous books so... It's better to read to find out what the story is about!Highest ranking: #1 in sasunaru #4 in narutouzumaki#5 in uzumaki#629 in short story#2 in neko #40 in gayromance
8 196 - In Serial18 Chapters
Time Turner- Marauders era
What happens when 18 years old James, Lily, Sirius and Remus time travel to future.Disclaimer:I do not own these characters. They are from the series "Harry Potter" written by Jk. Rowling.
8 195 - In Serial54 Chapters
Designs of Love (TP2)
(Complete) When Jennifer Dixon entered their impeccably decorated apartment, she was glad it was quiet and empty. She could call home. She missed her mother and father. When she went into the bedroom to change, she found Sterling in their bed and he wasn't alone. Shocked, her heart was pounding as she said, "I'm calling Sydney to tell her that we're taking the project..."Alex Goodwin really didn't think his day could get any worse? It did when Sydney Thompson called to say that some big deal designer was coming up from New York City to do work on the house he was building. By the time he reached The Point, it was way past noon. His head was throbbing and he was starving. He walked into The Landing and Rick was not there. Instead a strange woman was behind the counter. Betrayed Jen left New York to go home to her family on The Point. The last thing she expected was have to work with a builder who seemed to hate her as much as she hated him.Ranked #1 Builder, infidelity, divorce, frienemy, break up #4 adultfiction© 2018 Pseudoannie All rights reserved
8 258

