《Untamed Flower( ပန်းရိုင်း)》အပိုင်း ၅၀
Advertisement
ကားထဲတွင် အဲယားကွန်းအေးနေသလောက် ရွှေခေတ်မှာ ပူအိုက်နေသည်။ ဂါဝန်ကြီး ကပဲထူထပ်နေ၍လား..ဒါမှ မဟုတ်သူမ စိတ်လှုပ်ရှားနေ၍လား မသိ ချွေးတွေတောင် ကျနေသယောင်ပင်။
ဝေယံဘက်က ဘယ်လိုကနေ ဘယ်လိုစကားစရမှန်း မသိတော့သလို သူမကလည်း ဘာမှမပြောပဲ ငြိမ်ကျနေသည်။ ဒါမျိုးဆို ထူးမှာမဟုတ်ဟု ဝေယံတွေးကာ..
"ငယ်..ရေဒီယို နားထောင်ချင်လား ကိုယ်ဖွင့်ပေးမယ်”
သူ့စကားကြားတော့ ကားထဲရှိအပူချိန်မှာ ရွှေခေတ် အဖို့ပိုတိုးလာသလို ခံစားရစေသည်။ သူမအကြား အာရုံမှာလည်း ပိုတိုးလာသလို သူ၏ ဝင်လေထွက်လေ အသံများကို တောင် ကြားနေရ၏။ ထို့ကြောင့် ရေဒီယိုသာ ဖွင့်လိုက်ရင် အာရုံကို လွှဲနိုင်မည်ဟု တွေးပြီး
"အင်း...ဖွင့်လိုက်လေ”
ရွှေခေတ် သူမကိုယ်သူမတောင် မယုံကြည်နိုင်တော့ပေ။ ဒါသူမ အသံတဲ့လားး...၊ အက်ရှပြီး တိုးလျနေကာ လူတွေကို ဆွဲဆောင်နေသလို အသံမျိုး..။ သူမသာ ကားမောင်းသူ ထိုင်ခုံမှာဆိုရင် စတီယာကို ခေါင်းနဲ့တိုက်ပစ်ပြီး မူးလဲဖို့ လုပ်မိလိမ့်မည်။
သူမ အသံကြားပြီး ဝေယံကြက်သီးတောင် ထလာ၏။ ဘာလို့အသံက ငိုသံမဲ့မဲ့ ဖြစ်နေရတာလဲ? သူမလေး ကြောက်နေတာလား ? တွေဝေစွာဖြင့် ကားအရှိန်ကို နှေးကာ ရေဒီယို ဖွင့်လိုက်သည်။
🎼
ငါ့ရင်ထဲ ခဏလောက် မင်းဝင်ကြည့်စမ်း
မင်း မထင်ထားတဲ့ မနက်ခင်းများ ရှိနေတယ်
ငါ့ရင်ထဲ နင်ခဏလောက် လှမ်းကြည့်စမ်း
မင်းမမျှော်လင့်တဲ့ အိပ်မက်တို့ရှိနေတယ်
မဖြစ်နိုင်တဲ့ စိတ်ကူးသစ်များစွာနဲ့
မင်းလိုအပ်ရင် ငါအားလုံးသိမ်းယူနိုင်တယ်
မဖြစ်နိုင်တဲ့ အနာဂါတ်သစ် မနက်ဖြန်များလည်း
မင်းလိုအပ်ရင် လက်ဖဝါးထဲ ထည့်ယူနိုင်တယ်
အမှားမခံတဲ့ အချိန်များစွာထဲ ငါတို့တွေရှိမယ်
အမှားမခံတဲ့ စိတ်ကူးတွေထဲ စက်ဝိုင်းတွေထဲ
ဘဝရဲ့ ခဏတာ အချိန်မှာ
မင်းအတွက် တစ်ဘဝစာဖြစ်ဖြစ်
မင်းအတွက် ခဏတာဖြစ်ဖြစ်
ချွေးသိပ်နားခိုရာ ငါ
အမြဲအသင့် ရှိချင်သူပါ
မင်းအတွက် တစ်ဘဝစာဖြစ်ဖြစ် ပါ
မင်းအတွက် ခဏတာ ဖြစ်ဖြစ်ပါ
ချွေးသိပ်နားခိုရာ ငါ
အမြဲအသင့် ရှိချင်သူပါ
🎼🎼
သီချင်းသံ လေးနှင့်အတူ စီးမျောနေကြသည့် ကြင်စဦးဇနီးမောင်နှံ နှစ်ယောက်မှာ အတွေးကိုယ်စီဖြင့် ။ သီချင်း အပြီးမှာတော့ သူတို့နှစ်ဦးစလုံး၏ ရင်ထဲ ဖော်ပြ၍ မရသော ခံစားချက်များ ပြည့်နှက်ကာ နွေးထွေးမှုကို ခံစားရ၏။
ကား ဟိုတယ်သို့ ရောက်သည့်အချိန်တွင် မိုးတောင် ချုပ်လို့နေပြီ။ ကားကို parkingမှာ ရပ်ထားခဲ့ပြီး နှစ်ဦးစလုံး ကြူသင်းနှင့် အာကာထက်တို့ စီစဥ်ပေးထားသည့် wedding night place ရှိရာ အပေါ်ဆုံးထပ်သို့ ဓာတ်လှေကား ဖြင့်တက်လာခဲ့သည်။
ထို ဓာတ်လှေကားထဲတွင် ရှိနေသော ဇနီးမောင်နှံနှစ်ဦးမှာ မင်္ဂလာခန်းမမှ စထွက်လာကတည်း တစ်ယောက်တစ်ခွန်းသာ စကားပြောခဲ့ သလို အခုလည်း စကားမပြောဘဲ တိတ်ဆိတ်နေကြသည်။ ထိုအခိုက် ဝေယံ တွေးမိသည်မှာ cctvကို စောင့်ကြည့်နေမယ့် ညအစောင့်က သူတို့နှစ်ဦးကို ကြည့်ပြီး ကြောင်အမ်းနေမလား ဆိုသည်ပင်။ လက်တွေလည်း မဆွဲထားသလို စကားတောင် မပြောကြပေ။
တင်းးခနဲ ဓာတ်လှေကား တံခါးဖွင့်သံ နှင့်အတူ ဝေယံရှေ့တွင် ရပ်နေသော ရွှေခေတ်က အသက်ကောင်းကောင်း ရှူနိုင်အောင် အပြင်ကို ခပ်မြန်မြန်ခြေလှမ်းများဖြင့် ထွက်လာခဲ့သည်။ ဓာတ်လှေကားထဲတွင် သူမအသက်တောင် မရှူရဲသည်အထိ တိတ်ဆိတ်၍ အေးစက်သော အငွေ့အသက်များ ဖုံးလွှမ်းနေသောကြောင့် ဖြစ်၏။
သို့သော် သူမ၏ အဖြူရောင် ဂါဝန်ဖားဖားကြီးမှာ သူမအတွက် လိုရာခရီးမရောက်စေသည့် အနှောက် အယှက်တစ်ခု ဖြစ်လို့နေသည်။ နောက်ပြီး တစ်နေကုန် တစ်နေကန်း မတ်တပ်ရပ်ပြီး စီးနေရသော ၄လက်မ ဒေါက်ချွန်ကြီးမှာ သူမကို ခြေလှမ်းများ နှေးကွေးသွားအောင် သွေးဆောင်လို့နေလေသည်။
ဝေယံပိုင် သူ၏ ရှေ့တွင် မနိုင်မနင်း ဂါဝန်ကြီးကို မ၍ လျှောက်နေသော ဇနီးလေးကို ကြည့်ပြီး မနေနိုင်စွာ သူမဆီအပြေးသွားကာ ဂါဝန်ရှည်ကြီးကို ဆွဲမကူလိုက်သည်။
"လာ..ကိုယ်ကူပေးမယ်..ရောက်တော့မှာပဲ ခဏနေ ကိုယ် ငယ့်ခြေထောက်တွေ ကို ဆေးလိမ်းပေးမယ် အခုတော့ ခဏလေး အောင့်ထားလိုက်နော်..”
ဂါဝန်ကို ကူမကာ ပြောလာသော ထိုယောက်ျားကို ကြည့်ပြီး ရွှေခေတ် ပြောလိုက်သည်။
"အင်း..”
သူမ အသံတွေ အများကြီး မထွက်ရဲတော့ပေ။ ခုဏ ကားပေါ်တုန်းကလို အသံပုံစံ ထပ်ထွက်လာခဲ့ရင် သူမနဖူးနှင့် နံရံကို ပြေးဆောင့်မိလိမ့်မည်။
အခန်းရှေ့ရောက်လာသည့် အချိန်တွင်ဝေယံပိုင် သူမလေး၏ ဂါဝန်ကို မပေးနေ၍ တံခါးဖွင့်ဖို့ရန် လက်မအား။ ဝေယံပိုင် သူမလေးကို အကူအညီတောင်းပြီး ကုတ်အင်္ကျီ အိတ်ကပ်ထဲမှ တံခါးဖွင့်ကဒ်ကို ယူခိုင်းပြီး ဖွင့်ခိုင်းရသည်။
အခန်းထဲရောက်တာနှင့် ရွှေခေတ် ဆိုဖာပေါ် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်ပြီး သူမခြေထောက်တွေကို ပွတ်တိုက်နေပြီး နာကျင်စေသော ထိုဖန်ဒေါက်ချွန်ဖိနပ်ကို ချွတ်လိုက်သည်။
Advertisement
သူမဖိနပ် ချွတ်နေတုန်းပင် ပတ်ဝန်းကျင်ကို မသိမသာ အကဲခတ်လိုက်၏။ မြို့တော်ကြီး မဟုတ်ဘဲ နယ်မြို့က မြို့လေးသာဖြစ်၍ ဟိုတယ်အပြင်အဆင်မှာလည်း သိပ်ထူးထူးခြားခြားမဟုတ်ပေ။ မထူးခြားပေမယ့် သပ်ရပ်ကာ လက်ရာကျလှ၏။ တစ်ခန်းလုံး ပူစီဖောင်းများကို ချိတ်ဆွဲထားသည်။ နှင်းဆီနီနီ များဖြင့် အလယ်တွင် ပဝါစကို ဗျိုင်းနှစ်ကောင် ပုံစံပြုလုပ်ထားသော ကုတင်မှာ သူမကို စိတ်ခြောက်ခြားစေသည်။
ဆိုဖာပေါ် ပင်ပန်းနွမ်းလျစွာ ထိုင်နေသော သူမကို ကြည့်ပြီး ဝေယံပိုင်က အခန်းထဲ စီးသည့် ဖိနပ်ပါးတစ်ရံ လာချပေးကာ..
"ဖိနပ်စီး..ကြမ်းပြင်ကအေးတယ်... ကိုယ် အောက်ဆင်းပြီး ငယ့် ခြေထောက် အတွက် အနာကပ်ပလာစတာ သွားဝယ်လိုက်အုံးမယ် ခနလေးပဲနော..”
"အင်း...သွားလေ”
သူမထိုသို့သာ ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ ရှင်သွားပါ မြန်မြန်သွားပါ ကျွန်မ အသက်ရှူရတာ မဝဘူး! !
တံခါးပိတ် သံနှင့်အတူ သူထွက်သွားပြီ သိ၍ ရွေခေတ် ဆိုဖာပေါ်မှ ကပျာကယာထလိုက်ပြီး ရေချိုးခန်းထဲ အပြေးဝင်သွားလိုက်သည်။
ရေချိုးခန်းထဲ ပြေးဝင်သွားတုန်းက ရေချိုခန်းပုံစံကို သေချာမကြည့် လိုက်မိဘဲ ဘေစင်ဆီကိုသာ အပြေးသွားပြီး မျက်နှာကို ရေအေးအေးဖြင့် သစ်ဆေးလိုက်သည်။ မျက်နှာသစ်ပြီး အမြင်ကြည်သွားမှ မှန်ပေါ်ရှိ ထိုမြင်ကွင်းကို တွေ့ပြီး အံအားသင့်သွား၏။ ဘယ်လို စိတ်ကူးတွေနဲ့ ပြင်ဆင်ထားတာများလဲ ဝေကြူသင်းနဲ့ အာကာထက်က ၊ ရေချိုးခန်းပါမကျန် ပူစီဖောင်းနှင့် ရိုစီပွင့်ချပ်များ ပြည့်နှက်လို့နေသည်။
သူမ အသိတစ်ချက်ရပြီး ထိုအရာများကို ငေးကြည့်နေရာမှ အမြန်ခွာလိုက်၏။ သူပြန်မလာ သေးတဲ့ အချိန်က သူမအတွက် အရေးပေါ်အခြေအနေပဲ။
သူမဧရာမ ဂါဝန်ကြီးမှ ကိုယ်ကိုခွာပြီး ရေအမြန်ချိုးလိုက်သည်။
ရေချိုးပြီး စိတ်ငြိမ်အောင် ဆိုဖာရှေ့ တီဗီထိုင်ကြည့်လည်း မထူးခြား။ မျက်စိက ကုတင်ပေါ်ရှိ ပြန့်ကျဲခင်းကျင်းထားသော ပန်းပွင့်ချပ်တွေဆီ ရောက်ရောက်နေသည်။
တံခါးဖွင့်သံနှင့်အတူ ပလတ်စတစ်အိတ် ကိုင်ဆောင်ထားသော အထိုလူသားကြီးကို မြင်ပြီး သူမကြက်သေသေသွားသည်။
ဝေယံ သူမဆီလျှောက်လာပြီး..
"ဖိနပ်ချွတ်လိုက်...ကိုယ်ဆေးလိမ်းပေးမယ်”
သူမခြေထောက်တွေကို နောက်သို့ တွန့်ဆုတ်လိုက်ပြီး
"ဟင့်အင်း...ကျွန်မ ကိုယ်တိုင် လုပ်နိုင်တယ်ဒီခုံပေါ်မှာပဲ ချထားပေးပါ”
သူ့ကိုငြင်းနေသော ကောင်မလေးမှာ သူမအသားထိမှာကို ကြောက်နေမှန်း ဝေယံပိုင်သိ၍
"လာပါ..ကိုယ် ငယ့်ကို ဘယ်လိုလုပ်မှ လက်ခံမှာလဲ”
".....”
သူမ မတတ်နိုင်သည့် အဆုံးခြေထောက်ကို ဆန့်ထုတ်ပေးလိုက်သည်။
အရည်ကြည်ဖုတောင် ထွက်သည်အထိ ဖြစ်နေသောခြေဖနောင့် ကို ကိုင်ကာ ဆေးလိမ်းပေးနေသည့် ထိုလူသားကို ရွှေခေတ် သေချာလေး ငေးကြည့်နေမိသည်။
အတော့ကို ချော်တယ်..
သူမ ယောက်ျားလေးတွေကို ဒီလိုမျိုးနီးနီးကပ်ကပ် မမြင်ဖူးလို့များလား..
ဒါမှမဟုတ် ဒီလူကိုက ပဂတိ ခန့်နေလို့များလား ထိုလူ၏ မျက်လုံးများမှာ အကြင်နာများ ဖုံးလွှမ်းနေသာ်ဟု သူမ ခံစားမိ၏။ သူမ၏ နှလုံးသားတစ်စုံမှာလည်း ရုန်းရင်ဆန်ခတ် နေပြီ။ သူမရင်ခုန်နေတာလား...?
သူမကို ဆေးထည့်ပေးပြီး ဝေယံထိုင်နေရာမှ ထလိုက်သည်။ ကုတင်ဆီလျှောက်သွားပြီး အပေါ်မှ အနီရောင်နှင်းဆီပွင့်ချပ်များ ဖြင့်ဖုံးလွှမ်းနေသော ခြုံလွှာကို ဆွဲယူသိမ်းဆည်းပေးလိုက်၏။
"ငယ်...နားချင်လည်း နားတော့လေ..”
ထိုသို့ပြောပြီး ရေချိုးခန်းထဲ ဝင်သွားသော သူကို ရွှေခေတ် နားမလည်နိုင်စွာ ငေးနေမိသည်။ တကယ်တော့ သူ သူမနားဖို့အတွက် ခြုံလွှာကို ဖယ်ပေးတာလား..?
ရွှေခေတ် အိပ်ယာပေါ်တွင် ဘယ်လိမ့်ညာလိမ့်ကာ တည်ငြိမ်မှုမရှိ ဖြစ်နေ၏။ သူမ ဒီလိုလာအိပ်လိုက်တာ သူ့ကိုစောင့်နေသလို ပုံစံမျိုးနှင့် တူနေလွန်းသည်။ ထပြီးထိုင်လိုက်ရင်လည်း မဟုတ်သေး။ လမ်းထလျှောက်ရမှာလား အာ...ဒါပိုဆိုးတာပဲ။ နောက်ဆုံးတော့ သူမ အိပ်ယာထဲ အသက်ရှူသံဖြေးဖြေးနှင့် ငြိမ်နေလိုက်သည်။ ရေချိုးခန်းမှ ရေကျသံများမှာ သူမကို တစ်ခုခုသတိပေးနေသယောင်။
ရေကျသံ ပျောက်ကွယ်သွားပြီး ရေချိုးခန်းတံခါးဖွင့်သံ ကြားတော့ သူမချွေးတွေပြန်လာသည်။ သူမဆီသို့ လျှောက်လာသော ခြေသံတွေကို နားစွင့်ရင်း အသက်ရှူနှုန်းများက နှမ့်ချည်မြင့်ချည်။
ဝေယံပိုင် တစ်ယောက် သူ့ကို ကျောခိုင်းပြီး လှဲနေသော ဇနီးလေးကို ကြည့်ပြီး မထိရက်မကိုင်ရက်ပေ။
သူမလေး အသက်ရှူသံ များကို သူအထင်းသား ကြားနေရသည်။ သူမ ကြောက်နေတာလား..။
ဝေယံ သူမလေး ဘေး လှဲချလိုက်ပြီး သူ့ကို ကျောခိုင်းထာသော သူမအား..
"ငယ်..ဒီဘက်ကို လှည့်ကာ..”
သူ့အသံက သူမအား ခေါင်းတခုလုံး ထူပူသွားအောင် လုပ်နိုင်သည်။
သူမလှည့်လာတော့ သူက သူမခေါင်းနောက်ကို လက်မောင်းလျှိုလာပြီး သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ သူမမျက်နှာ မှာအခု သူ့ရင်ဘတ်ဆီ အပ်လျက်အနေအထား။
"ဘာမှအများကြီး မတွေးနဲ့..အိပ်တော့နော်”
ထိုသို့သာ ပြောပြီး သူမ နဖူးပေါ် နှုတ်ခမ်းနှင့် ထိရုံတမယ်နမ်းလိုက်သည်။
ဟင်..သူ သူငါ့ကို နမ်းလိုက်တာလား....
......
28.10.21
Advertisement
ကားထဲတြင္ အဲယားကြန္းေအးေနသေလာက္ ေ႐ႊေခတ္မွာ ပူအိုက္ေနသည္။ ဂါဝန္ႀကီး ကပဲထူထပ္ေန၍လား..ဒါမွ မဟုတ္သူမ စိတ္လႈပ္ရွားေန၍လား မသိ ေခြၽးေတြေတာင္ က်ေနသေယာင္ပင္။
ေဝယံဘက္က ဘယ္လိုကေန ဘယ္လိုစကားစရမွန္း မသိေတာ့သလို သူမကလည္း ဘာမွမေျပာပဲ ၿငိမ္က်ေနသည္။ ဒါမ်ိဳးဆို ထူးမွာမဟုတ္ဟု ေဝယံေတြးကာ..
"ငယ္..ေရဒီယို နားေထာင္ခ်င္လား ကိုယ္ဖြင့္ေပးမယ္
သူ႕စကားၾကားေတာ့ ကားထဲရွိအပူခ်ိန္မွာ ေ႐ႊေခတ္ အဖို႔ပိုတိုးလာသလို ခံစားရေစသည္။ သူမအၾကား အာ႐ုံမွာလည္း ပိုတိုးလာသလို သူ၏ ဝင္ေလထြက္ေလ အသံမ်ားကို ေတာင္ ၾကားေနရ၏။ ထို႔ေၾကာင့္ ေရဒီယိုသာ ဖြင့္လိုက္ရင္ အာ႐ုံကို လႊဲနိုင္မည္ဟု ေတြးၿပီး
"အင္း...ဖြင့္လိုက္ေလ
ေ႐ႊေခတ္ သူမကိုယ္သူမေတာင္ မယုံၾကည္နိုင္ေတာ့ေပ။ ဒါသူမ အသံတဲ့လားး...၊ အက္ရွၿပီး တိုးလ်ေနကာ လူေတြကို ဆြဲေဆာင္ေနသလို အသံမ်ိဳး..။ သူမသာ ကားေမာင္းသူ ထိုင္ခုံမွာဆိုရင္ စတီယာကို ေခါင္းနဲ႕တိုက္ပစ္ၿပီး မူးလဲဖို႔ လုပ္မိလိမ့္မည္။
သူမ အသံၾကားၿပီး ေဝယံၾကက္သီးေတာင္ ထလာ၏။ ဘာလို႔အသံက ငိုသံမဲ့မဲ့ ျဖစ္ေနရတာလဲ? သူမေလး ေၾကာက္ေနတာလား ? ေတြေဝစြာျဖင့္ ကားအရွိန္ကို ႏွေးကာ ေရဒီယို ဖြင့္လိုက္သည္။
ငါ့ရင္ထဲ ခဏေလာက္ မင္းဝင္ၾကည့္စမ္း
မင္း မထင္ထားတဲ့ မနက္ခင္းမ်ား ရွိေနတယ္
ငါ့ရင္ထဲ နင္ခဏေလာက္ လွမ္းၾကည့္စမ္း
မင္းမေမွ်ာ္လင့္တဲ့ အိပ္မက္တို႔ရွိေနတယ္
မျဖစ္နိုင္တဲ့ စိတ္ကူးသစ္မ်ားစြာနဲ႕
မင္းလိုအပ္ရင္ ငါအားလုံးသိမ္းယူနိုင္တယ္
မျဖစ္နိုင္တဲ့ အနာဂါတ္သစ္ မနက္ျဖန္မ်ားလည္း
မင္းလိုအပ္ရင္ လက္ဖဝါးထဲ ထည့္ယူနိုင္တယ္
အမွားမခံတဲ့ အခ်ိန္မ်ားစြာထဲ ငါတို႔ေတြရွိမယ္
အမွားမခံတဲ့ စိတ္ကူးေတြထဲ စက္ဝိုင္းေတြထဲ
ဘဝရဲ႕ ခဏတာ အခ်ိန္မွာ
မင္းအတြက္ တစ္ဘဝစာျဖစ္ျဖစ္
မင္းအတြက္ ခဏတာျဖစ္ျဖစ္
ေခြၽးသိပ္နားခိုရာ ငါ
အၿမဲအသင့္ ရွိခ်င္သူပါ
မင္းအတြက္ တစ္ဘဝစာျဖစ္ျဖစ္ ပါ
မင္းအတြက္ ခဏတာ ျဖစ္ျဖစ္ပါ
ေခြၽးသိပ္နားခိုရာ ငါ
အၿမဲအသင့္ ရွိခ်င္သူပါ
သီခ်င္းသံ ေလးႏွင့္အတူ စီးေမ်ာေနၾကသည့္ ၾကင္စဦးဇနီးေမာင္ႏွံ ႏွစ္ေယာက္မွာ အေတြးကိုယ္စီျဖင့္ ။ သီခ်င္း အၿပီးမွာေတာ့ သူတို႔ႏွစ္ဦးစလုံး၏ ရင္ထဲ ေဖာ္ျပ၍ မရေသာ ခံစားခ်က္မ်ား ျပည့္ႏွက္ကာ ႏြေးေထြးမႈကို ခံစားရ၏။
ကား ဟိုတယ္သို႔ ေရာက္သည့္အခ်ိန္တြင္ မိုးေတာင္ ခ်ဳပ္လို႔ေနၿပီ။ ကားကို parkingမွာ ရပ္ထားခဲ့ၿပီး ႏွစ္ဦးစလုံး ၾကဴသင္းႏွင့္ အာကာထက္တို႔ စီစဥ္ေပးထားသည့္ wedding night place ရွိရာ အေပၚဆုံးထပ္သို႔ ဓာတ္ေလွကား ျဖင့္တက္လာခဲ့သည္။
ထို ဓာတ္ေလွကားထဲတြင္ ရွိေနေသာ ဇနီးေမာင္ႏွံႏွစ္ဦးမွာ မဂၤလာခန္းမမွ စထြက္လာကတည္း တစ္ေယာက္တစ္ခြန္းသာ စကားေျပာခဲ့ သလို အခုလည္း စကားမေျပာဘဲ တိတ္ဆိတ္ေနၾကသည္။ ထိုအခိုက္ ေဝယံ ေတြးမိသည္မွာ cctvကို ေစာင့္ၾကည့္ေနမယ့္ ညအေစာင့္က သူတို႔ႏွစ္ဦးကို ၾကည့္ၿပီး ေၾကာင္အမ္းေနမလား ဆိုသည္ပင္။ လက္ေတြလည္း မဆြဲထားသလို စကားေတာင္ မေျပာၾကေပ။
တင္းးခနဲ ဓာတ္ေလွကား တံခါးဖြင့္သံ ႏွင့္အတူ ေဝယံေရွ႕တြင္ ရပ္ေနေသာ ေ႐ႊေခတ္က အသက္ေကာင္းေကာင္း ရႉနိုင္ေအာင္ အျပင္ကို ခပ္ျမန္ျမန္ေျခလွမ္းမ်ားျဖင့္ ထြက္လာခဲ့သည္။ ဓာတ္ေလွကားထဲတြင္ သူမအသက္ေတာင္ မရႉရဲသည္အထိ တိတ္ဆိတ္၍ ေအးစက္ေသာ အေငြ႕အသက္မ်ား ဖုံးလႊမ္းေနေသာေၾကာင့္ ျဖစ္၏။
သို႔ေသာ္ သူမ၏ အျဖဴေရာင္ ဂါဝန္ဖားဖားႀကီးမွာ သူမအတြက္ လိုရာခရီးမေရာက္ေစသည့္ အႏွောက္ အယွက္တစ္ခု ျဖစ္လို႔ေနသည္။ ေနာက္ၿပီး တစ္ေနကုန္ တစ္ေနကန္း မတ္တပ္ရပ္ၿပီး စီးေနရေသာ ၄လက္မ ေဒါက္ခြၽန္ႀကီးမွာ သူမကို ေျခလွမ္းမ်ား ႏွေးေကြးသြားေအာင္ ေသြးေဆာင္လို႔ေနေလသည္။
ေဝယံပိုင္ သူ၏ ေရွ႕တြင္ မနိုင္မနင္း ဂါဝန္ႀကီးကို မ၍ ေလွ်ာက္ေနေသာ ဇနီးေလးကို ၾကည့္ၿပီး မေနနိုင္စြာ သူမဆီအေျပးသြားကာ ဂါဝန္ရွည္ႀကီးကို ဆြဲမကူလိုက္သည္။
"လာ..ကိုယ္ကူေပးမယ္..ေရာက္ေတာ့မွာပဲ ခဏေန ကိုယ္ ငယ့္ေျခေထာက္ေတြ ကို ေဆးလိမ္းေပးမယ္ အခုေတာ့ ခဏေလး ေအာင့္ထားလိုက္ေနာ္..
ဂါဝန္ကို ကူမကာ ေျပာလာေသာ ထိုေယာက္်ားကို ၾကည့္ၿပီး ေ႐ႊေခတ္ ေျပာလိုက္သည္။
"အင္း..
သူမ အသံေတြ အမ်ားႀကီး မထြက္ရဲေတာ့ေပ။ ခုဏ ကားေပၚတုန္းကလို အသံပုံစံ ထပ္ထြက္လာခဲ့ရင္ သူမနဖူးႏွင့္ နံရံကို ေျပးေဆာင့္မိလိမ့္မည္။
အခန္းေရွ႕ေရာက္လာသည့္ အခ်ိန္တြင္ေဝယံပိုင္ သူမေလး၏ ဂါဝန္ကို မေပးေန၍ တံခါးဖြင့္ဖို႔ရန္ လက္မအား။ ေဝယံပိုင္ သူမေလးကို အကူအညီေတာင္းၿပီး ကုတ္အကၤ်ီ အိတ္ကပ္ထဲမွ တံခါးဖြင့္ကဒ္ကို ယူခိုင္းၿပီး ဖြင့္ခိုင္းရသည္။
အခန္းထဲေရာက္တာႏွင့္ ေ႐ႊေခတ္ ဆိုဖာေပၚ စိတ္ပ်က္လက္ပ်က္ ထိုင္ခ်လိဳက္ၿပီး သူမေျခေထာက္ေတြကို ပြတ္တိုက္ေနၿပီး နာက်င္ေစေသာ ထိုဖန္ေဒါက္ခြၽန္ဖိနပ္ကို ခြၽတ္လိုက္သည္။
သူမဖိနပ္ ခြၽတ္ေနတုန္းပင္ ပတ္ဝန္းက်င္ကို မသိမသာ အကဲခတ္လိုက္၏။ ၿမိဳ႕ေတာ္ႀကီး မဟုတ္ဘဲ နယ္ၿမိဳ႕က ၿမိဳ႕ေလးသာျဖစ္၍ ဟိုတယ္အျပင္အဆင္မွာလည္း သိပ္ထူးထူးျခားျခားမဟုတ္ေပ။ မထူးျခားေပမယ့္ သပ္ရပ္ကာ လက္ရာက်လွ၏။ တစ္ခန္းလုံး ပူစီေဖာင္းမ်ားကို ခ်ိတ္ဆြဲထားသည္။ ႏွင္းဆီနီနီ မ်ားျဖင့္ အလယ္တြင္ ပဝါစကို ဗ်ိဳင္းႏွစ္ေကာင္ ပုံစံျပဳလုပ္ထားေသာ ကုတင္မွာ သူမကို စိတ္ေျခာက္ျခားေစသည္။
ဆိုဖာေပၚ ပင္ပန္းႏြမ္းလ်စြာ ထိုင္ေနေသာ သူမကို ၾကည့္ၿပီး ေဝယံပိုင္က အခန္းထဲ စီးသည့္ ဖိနပ္ပါးတစ္ရံ လာခ်ေပးကာ..
"ဖိနပ္စီး..ၾကမ္းျပင္ကေအးတယ္... ကိုယ္ ေအာက္ဆင္းၿပီး ငယ့္ ေျခေထာက္ အတြက္ အနာကပ္ပလာစတာ သြားဝယ္လိုက္အုံးမယ္ ခနေလးပဲေနာ..
"အင္း...သြားေလ
သူမထိုသို႔သာ ေျပာလိုက္ေသာ္လည္း စိတ္ထဲတြင္မူ ရွင္သြားပါ ျမန္ျမန္သြားပါ ကြၽန္မ အသက္ရႉရတာ မဝဘူး! !
တံခါးပိတ္ သံႏွင့္အတူ သူထြက္သြားၿပီ သိ၍ ေ႐ြေခတ္ ဆိုဖာေပၚမွ ကပ်ာကယာထလိုက္ၿပီး ေရခ်ိဳးခန္းထဲ အေျပးဝင္သြားလိုက္သည္။
ေရခ်ိဳးခန္းထဲ ေျပးဝင္သြားတုန္းက ေရခ်ိဳခန္းပုံစံကို ေသခ်ာမၾကည့္ လိုက္မိဘဲ ေဘစင္ဆီကိုသာ အေျပးသြားၿပီး မ်က္ႏွာကို ေရေအးေအးျဖင့္ သစ္ေဆးလိုက္သည္။ မ်က္ႏွာသစ္ၿပီး အျမင္ၾကည္သြားမွ မွန္ေပၚရွိ ထိုျမင္ကြင္းကို ေတြ႕ၿပီး အံအားသင့္သြား၏။ ဘယ္လို စိတ္ကူးေတြနဲ႕ ျပင္ဆင္ထားတာမ်ားလဲ ေဝၾကဴသင္းနဲ႕ အာကာထက္က ၊ ေရခ်ိဳးခန္းပါမက်န္ ပူစီေဖာင္းႏွင့္ ရိုစီပြင့္ခ်ပ္မ်ား ျပည့္ႏွက္လို႔ေနသည္။
သူမ အသိတစ္ခ်က္ရၿပီး ထိုအရာမ်ားကို ေငးၾကည့္ေနရာမွ အျမန္ခြာလိုက္၏။ သူျပန္မလာ ေသးတဲ့ အခ်ိန္က သူမအတြက္ အေရးေပၚအေျခအေနပဲ။
သူမဧရာမ ဂါဝန္ႀကီးမွ ကိုယ္ကိုခြာၿပီး ေရအျမန္ခ်ိဳးလိုက္သည္။
ေရခ်ိဳးၿပီး စိတ္ၿငိမ္ေအာင္ ဆိုဖာေရွ႕ တီဗီထိုင္ၾကည့္လည္း မထူးျခား။ မ်က္စိက ကုတင္ေပၚရွိ ျပန့္က်ဲခင္းက်င္းထားေသာ ပန္းပြင့္ခ်ပ္ေတြဆီ ေရာက္ေရာက္ေနသည္။
တံခါးဖြင့္သံႏွင့္အတူ ပလတ္စတစ္အိတ္ ကိုင္ေဆာင္ထားေသာ အထိုလူသားႀကီးကို ျမင္ၿပီး သူမၾကက္ေသေသသြားသည္။
ေဝယံ သူမဆီေလွ်ာက္လာၿပီး..
"ဖိနပ္ခြၽတ္လိုက္...ကိုယ္ေဆးလိမ္းေပးမယ္
သူမေျခေထာက္ေတြကို ေနာက္သို႔ တြန့္ဆုတ္လိုက္ၿပီး
"ဟင့္အင္း...ကြၽန္မ ကိုယ္တိုင္ လုပ္နိုင္တယ္ဒီခုံေပၚမွာပဲ ခ်ထားေပးပါ
သူ႕ကိုျငင္းေနေသာ ေကာင္မေလးမွာ သူမအသားထိမွာကို ေၾကာက္ေနမွန္း ေဝယံပိုင္သိ၍
"လာပါ..ကိုယ္ ငယ့္ကို ဘယ္လိုလုပ္မွ လက္ခံမွာလဲ
".....
သူမ မတတ္နိုင္သည့္ အဆုံးေျခေထာက္ကို ဆန့္ထုတ္ေပးလိုက္သည္။
အရည္ၾကည္ဖုေတာင္ ထြက္သည္အထိ ျဖစ္ေနေသာေျခဖေနာင့္ ကို ကိုင္ကာ ေဆးလိမ္းေပးေနသည့္ ထိုလူသားကို ေ႐ႊေခတ္ ေသခ်ာေလး ေငးၾကည့္ေနမိသည္။
အေတာ့ကို ေခ်ာ္တယ္..
သူမ ေယာက္်ားေလးေတြကို ဒီလိုမ်ိဳးနီးနီးကပ္ကပ္ မျမင္ဖူးလို႔မ်ားလား..
ဒါမွမဟုတ္ ဒီလူကိုက ပဂတိ ခန့္ေနလို႔မ်ားလား ထိုလူ၏ မ်က္လုံးမ်ားမွာ အၾကင္နာမ်ား ဖုံးလႊမ္းေနသာ္ဟု သူမ ခံစားမိ၏။ သူမ၏ ႏွလုံးသားတစ္စုံမွာလည္း ႐ုန္းရင္ဆန္ခတ္ ေနၿပီ။ သူမရင္ခုန္ေနတာလား...?
သူမကို ေဆးထည့္ေပးၿပီး ေဝယံထိုင္ေနရာမွ ထလိုက္သည္။ ကုတင္ဆီေလွ်ာက္သြားၿပီး အေပၚမွ အနီေရာင္ႏွင္းဆီပြင့္ခ်ပ္မ်ား ျဖင့္ဖုံးလႊမ္းေနေသာ ၿခဳံလႊာကို ဆြဲယူသိမ္းဆည္းေပးလိုက္၏။
"ငယ္...နားခ်င္လည္း နားေတာ့ေလ..
ထိုသို႔ေျပာၿပီး ေရခ်ိဳးခန္းထဲ ဝင္သြားေသာ သူကို ေ႐ႊေခတ္ နားမလည္နိုင္စြာ ေငးေနမိသည္။ တကယ္ေတာ့ သူ သူမနားဖို႔အတြက္ ၿခဳံလႊာကို ဖယ္ေပးတာလား..?
ေ႐ႊေခတ္ အိပ္ယာေပၚတြင္ ဘယ္လိမ့္ညာလိမ့္ကာ တည္ၿငိမ္မႈမရွိ ျဖစ္ေန၏။ သူမ ဒီလိုလာအိပ္လိုက္တာ သူ႕ကိုေစာင့္ေနသလို ပုံစံမ်ိဳးႏွင့္ တူေနလြန္းသည္။ ထၿပီးထိုင္လိုက္ရင္လည္း မဟုတ္ေသး။ လမ္းထေလွ်ာက္ရမွာလား အာ...ဒါပိုဆိုးတာပဲ။ ေနာက္ဆုံးေတာ့ သူမ အိပ္ယာထဲ အသက္ရႉသံေျဖးေျဖးႏွင့္ ၿငိမ္ေနလိုက္သည္။ ေရခ်ိဳးခန္းမွ ေရက်သံမ်ားမွာ သူမကို တစ္ခုခုသတိေပးေနသေယာင္။
ေရက်သံ ေပ်ာက္ကြယ္သြားၿပီး ေရခ်ိဳးခန္းတံခါးဖြင့္သံ ၾကားေတာ့ သူမေခြၽးေတြျပန္လာသည္။ သူမဆီသို႔ ေလွ်ာက္လာေသာ ေျခသံေတြကို နားစြင့္ရင္း အသက္ရႉႏႈန္းမ်ားက ႏွမ့္ခ်ည္ျမင့္ခ်ည္။
ေဝယံပိုင္ တစ္ေယာက္ သူ႕ကို ေက်ာခိုင္းၿပီး လွဲေနေသာ ဇနီးေလးကို ၾကည့္ၿပီး မထိရက္မကိုင္ရက္ေပ။
သူမေလး အသက္ရႉသံ မ်ားကို သူအထင္းသား ၾကားေနရသည္။ သူမ ေၾကာက္ေနတာလား..။
ေဝယံ သူမေလး ေဘး လွဲခ်လိဳက္ၿပီး သူ႕ကို ေက်ာခိုင္းထာေသာ သူမအား..
"ငယ္..ဒီဘက္ကို လွည့္ကာ..
သူ႕အသံက သူမအား ေခါင္းတခုလုံး ထူပူသြားေအာင္ လုပ္နိုင္သည္။
သူမလွည့္လာေတာ့ သူက သူမေခါင္းေနာက္ကို လက္ေမာင္းလွ်ိုလာၿပီး သူမကို သူ႕ရင္ခြင္ထဲ ဆြဲသြင္းလိုက္သည္။ သူမမ်က္ႏွာ မွာအခု သူ႕ရင္ဘတ္ဆီ အပ္လ်က္အေနအထား။
"ဘာမွအမ်ားႀကီး မေတြးနဲ႕..အိပ္ေတာ့ေနာ္
ထိုသို႔သာ ေျပာၿပီး သူမ နဖူးေပၚ ႏႈတ္ခမ္းႏွင့္ ထိ႐ုံတမယ္နမ္းလိုက္သည္။
ဟင္..သူ သူငါ့ကို နမ္းလိုက္တာလား....
......
28.10.21
Advertisement
- In Serial64 Chapters
Call me kitten (boyxboy love) ✓
Jamie is happy with life, he has everything under control and every day is the same, just like he wants it. He is a loner by choice, girlfriends and friends are overrated. Or so he thinks. But when the new co-worker starts to hit on him it all starts to crumble. The co-worker is sexy as hell, confident and totally out of his league. And a guy.This starts a journey into new aspects of life. To learn how to let go of control, to embrace the darkest desires without fear. And to fall in love with someone that calls you kitten.*The sequel is out - Make me beg*https://www.wattpad.com/story/293369610-make-me-beg== Disclaimer ==# This is a boy x boy story# Contains explicit language and content (+18!!)# Contains acts of BDSM, so if you're not into that, beware (those chapters will begin with a warning)== Links ==Inspiration pictures (+18, NSFW!!!): tinyurl.com/callmekitteninspoCall me kitten Spotify playlist: tinyurl.com/callmekittensongs== Rankings ==Jul 19 2022: #20 IN #ROMANCENov 29 2021: #1 IN #GAYROMANCEOct 24 2021: #1 IN #MXMOct 22 2021: #29 IN #BOYXBOYOct 10 2021: #3 IN #GAYLOVE(and I apologise for any misspelled words and incorrect grammar ^o^ )
8.18 286 - In Serial27 Chapters
She's dead
They abandoned her. Her own family left her to deal with the horrors of her life alone and for that she may never forgive them. Gone is the bubbly little girl they knew, now there is an emotionless badass who has been through more shit than you can ever imagine. What happens when Sapphire's foster father dies and she gets sent back to her so called family. What happens when her family finds out the sister, the daughter they knew is dead and it's because of them?A fast paced book ...No images or videos are my own...
8 326 - In Serial14 Chapters
Yuri next door
Kirin was looking for love, but she never thought she would find it so close to home. A fluffy yuri romance between a school teacher and her neighbor, Mari I'll be posting this story on Honey feed as well
8 199 - In Serial56 Chapters
Malfoy v. Diggory (reader x draco malfoy x cedric diggory x reader love story)
Y/n and Draco have been friends since year one, but now they're onto year 4 and their friendship starts to grow. Could their friendship turn into something more? How will y/n's new friendship with Cedric affect their relationship with Draco.//if you're not both a cedric AND draco stan this story may not b ur cup of tea//#1 in cedric (may.6)#1 in cedric diggory fanfic (nov.1)#1 in cedric diggory fancition (nov. 2)#1 in blaise (may 31)#8 in draco (may.7)#1 in first story (jul.17)#21 in love triangle (dec. 2)#6 in blaise (feb.13)started// sep. 20, 2020finished//feb. 14, 2021
8 75 - In Serial54 Chapters
✍ Home Sweet Home: A homely place for Author Interviews, reviews &Write up'✍
Welcome to my humble abode.Ever wondered about what went on behind the scenes of your favorite wattpad book? Why did that -insert author name- did this to such a sweet, charming , funny character ?Or do authors really have tea with the devil when they kill off that *gasps* character?Well, you are at the right place to find out everything you need to know , including unheard secrets of our pretty little liars *coughs* I mean wattpad authors . *plays PLL Intro vid*This is a place where I'll be sharing author interviews, book reviews and articles on everything and anything(mainly bookish related stuff).(Previously called Wattpad Author Interviews)hope you enjoy your stay and the sweet tea I've to offer.Do message me recommends, questions you want to ask ! cover by the amazing and [email protected] (believe me when I say this, she is an amazing graphic artist )
8 140 - In Serial39 Chapters
Another Urban Tale
Just like Romeo and Juliet their families hated each other. Mila was daddies little girl who only wanted to make her daddy happy but fell for the one person her father forbid her to be with. Gabriel was heaven sent and brought a long message right along with him. Circumstance brought them together and only death will do them part.
8 169

