《Untamed Flower( ပန်းရိုင်း)》အပိုင်း ၄၈
Advertisement
အအိပ်ကြီးသော ကြူသင်းမှာ စိတ်အခြေအနေ နည်းနည်းကလေးမှ ကောင်းမနေ၍ တစ်ခဏအတွင်းနိုးလာခဲ့သည်။ သူမနိုးလာတော့ အစ်ကိုဖြစ်သူနှင့် ချိန်းဆိုထားသည့် စားသောက်ရှေ့ရောက်နေပြီဖြစ်၏။ သူမဘေးက သူမရဲ့ကိုကိုမှာတော့ ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေလေသည်။
"ကိုကို..ရောက်တောင် ေရာက်နေပြီကို ဘာလို့သဲကို မနိုးတာလဲဟင်..”
အိပ်ချင်မူးတူးနှင့် သူ့ရဲ့ အချစ်ဆုံးကောင်မလေး အသံကြောင့် အာကာထက် ဖုန်းကို ကမန်းကတန်းချပြီး သူမဆီလှည့်ကြည့်လာ၏။
"အော်..ကိုကိုက သဲ အိပ်နေတာ ချစ်စရာကောင်းလွန်းလို့ မနိုးရက်တာပါ..အဆင်သင့်ပဲလား ကိုယ်တို့သွားကြမယ်.. အထဲမှာ သဲရဲ့ကိုကြီးတို့ စောင့်နေတာ ကြာလောက်ပြီ..”
ပြောရင်းဆိုရင်း သူမ၏ထိုင်ခုံခါးပတ်ကြိုးကို ဖြုတ်ပေးနေ၍ သူမလေး၏ မှောင်မဲသွားသော မျက်နှာတစ်စုံကို မမြင်လိုက်ချေ။
"မဆင်းလာသေးဘူးလား သဲ...”
"ခဏလေးပဲ.... သဲ နှုတ်ခမ်းရောင် တင်လိုက်ဦးမယ်”
မှန်ထုတ်ကာ နှုတ်ခမ်းရောင်ဖြည့်နေသော သူမလေးက အချစ်ပြိုင်ဘက်ကို သွားတွေ့ဖို့ ပြင်ဆင်နေသလိုမျိုး..။ အာကာထက် သဝန်တောင်တိုလာမိ၏။ သူနှင့် အတူရှိတိုင်း မိတ်ကပ်မပြောနဲ့ မျက်နှာသစ်ဖို့တောင် စိတ်ကူးမရှိဘဲ ပျင်းရိနေတဲ့ ကလေးမက သူ့အကို မိန်းမကို တွေ့ဖို့ နှုတ်ခမ်းရောင်တောင် ရဲရဲကြီး ဆိုးထားလေ၏။
ကားပေါ်က ဆင်းလာပြီး နောက်ခန်းထိုင်ခုံပေါ် အိပ်ပျော်နေသော ကြူသင်းခါးလောက် အရပ်မြင့်သည့် အိမ်မွေးခွေး တစ်ကောင်အား ဆွဲလာသည်ကို မြင်၍...
"သဲ...ဒီကောင်လေးကို တကယ်ခေါ်သွားမှာလား...”
အာကာထက် စကားကြောင့် သူမ ရဲ့အမွှေးရှည်ရှည် အဖြူရောင် ခွေးလေးကို ပြုံး၍ကြည့်လိုက်သည်။ ခွေးလေးမှာ ချစ်စရာကောင်းတာ မှန်၏။ သို့သော် အကောင်ကြီး၍ မိန်းကလေးတိုင်း ကြောက်ကြသည်။
ခွေးလေးမှာ သူ့ရဲ့ သခင်မ ဝေကြူသင်းက လွှဲရင် မိန်းကလေးတိုင်းကို ရန်ပြုတာ ကြောင့်လည်း ပါ၏။
ဟို.. သူမအကိုကို မြူဆွယ်ထားတဲ့ မိန်းမကလည်း ဒီခွေး ကို မကြောက်ပဲနေမလား...တွေ့ကြသေးတာပေါ့..ဟွန့်
"အင်းလေ...ဘာလို့လဲ..ကိုကိုက အခုကတည်း ဟိုမိန်းမဘက်ပါနေပြီလား..”
"မဟုတ်ရပါဘူးဗျာ..သဲကြိုက်သလိုလုပ် သဲသဘော ”
အာကာထက် အမြန်ကလေးချော့လိုက်ရသည်။ သို့မဟုတ်ဆို ထိုကောင်မလေးက သူ့ကိုစိတ်ဆိုးေတာ့မည်။ ဝေယံပိုင်၏ ဇနီးလောင်းအတွက်မူ ကံကောင်းပါစေဟု ဆုတောင်းရုံသာ တတ်နိုင်တော့သည်။
.......
"ကိုကြီး...”
အော်ခေါ်သံနှင့်အတူ ဝေယံရော ရွှေခေတ်ရော အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူတို့နှင့် ပေနှစ်ဆယ်သာ ခြားထားသော အကွာအဝေးတွင် သူ၏ ညီမလေးက သူမ၏အိမ်မွေးခွေးကြီးကို အာကာထက် လက်ထကြိုးထည့်ပေးပြိီး သူတို့ဆီပြေးလာ၏။ ဝေယံပိုင်မှာ သူ့ညီမလေး သူ့ဆီလာပြီး သူ့ကိုပြေးဖက်မည်ဟု တွေးထင်ထားခဲ့သော်လည်း တကယ့်တကယ်မှာမူ....
"ဟင်..မခေတ်.._”
"ကြူကြူ..?”
မိန်းကလေးနှစ်ယောက်မှာ တယောက်ကိုတယောက် ခေါ်သံနှင့်အတူ နှစ်ပေါင်းများစွာ မတွေ့ရသော ချစ်သူရည်းစားအလား ပြေးဖက်လိုက်ကြသည်။
ဘေးမှာရှိနေသော အမျိုးသားနှစ်ယောက်မှာမူ ဒါကရုပ်ရှင်ရိုက်နေကြတာလား..နောက်ပြီးဘယ်လို ဇာတ်ကွက်မျိုးရိုက်နေတာလဲ ကြောင်အမ်းမှုအဆင့်က ထိပ်ဆုံးသို့ရောက်နေ၏။
"ဟာ..ဒါတွေက ဘယ်လိုဖြစ်တာလဲ..”
အာကာထက်မေးလိုက်သည်။ သို့သော် ကောင်မလေးနှစ်ယောက်မှာ သူ့စကားကို မဖြေဘဲ တစ်ယောက်မျက်မှာတစ်ယောက်ကြည့်ပြီး ငါလဲမသိဘူး ဆိုသည့် ပုံစံမျိုးလုပ်နေကြ၏။
"ငယ်...ကြူသင်းနဲ့က အသိတွေလား..”
သူ့အမေးကို ရွှေခေတ်တောင်မဖြေရသေး..ဝေကြူသင်းက ဦးစွာ..
"အဟမ်း..ဒါက ဘယ်လိုဖြစ်တာလဲ မခေတ် ပြောတော့ ယောက်ျားတွေကိုမုန်းတယ် ယောက်ျားမယူဘူးဆို အခုတော့ ငယ်လို့တောင် နာမ်စားလှလှလေးနဲ့ အခေါ်ခံရနေပါလား..”
ကြူသင်းက သူ့အကိုကို ကြည့်ပြီး သူမအား လှမ်းစလိုက်သည်။ ရွှေခေတ်မှာတော့ ပြောစရာစကားတွေ ခေါင်းထဲအပြည့် ။ ဝေယံပိုင်ရဲ့ ညီမလေးက ဝေကြူသင်းတဲ့လား...? ကြူသင်းမှာ သူမစီးပွားရေး စတင်ကတည်း သူမကိုအမြဲအားပေးခဲ့သော အကောင်းဆုံး ဖောက်သည် တစ်ဦးပင်။ ကြူသင်း၏ အလှပြင် ပစ္စည်းဟူသမျှ သူမဆီက ဝယ်ယူ၍ အတော်ကိုပင် ရင်းနှီးကျွမ်းဝင် ခဲ့ကြ၏။
ဒီနေ့ သူမလာတွေ့ရမည့်သူက ကြူသင်းဖြစ်ခဲ့မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပေ။ သို့မှန်းသာ သိရင် သူမကိုယ်တိုင် လက်ဆောင်တွေ ဝယ်လာပေးအုံးမည်။
တစ်ဖက်မှ ကြူသင်း မှာလည်း သူမအကိုရဲ့ ဇနီးလောင်းက ရွှေခေတ်မှန်း မသိခဲ့ပေ။ ရွှေခေတ်မှန်းသာ သိရင် စေ့စပ်ပွဲမှီအောင် အမြန်လာခဲ့မှာပင်။ ရွှေခေတ်မှာ ကြူသင်း အစ်မလိုရော သူငယ်ချင်းလိုပါ ခင်မင်ရသူဖြစ်၏။ ထို့ကြောင့် ဒီကနေ့ သူ့အကိုရဲ့ ဇနီးလောင်းကို တိုက်ထုတ်ဖို့ ပြင်ဆင်လာခဲ့သမျှ အချင်းနှီးသာ ဖြစ်ကုန်သည်။ ဆိုလိုသည်မှာတော့ ရွှေခေတ်နဲ့ သူ့အကိုကို ပိုအဆင်ပြေစေဖို့ သူမကြိုးတောင် စားသွားအုံး မည်ဖြစ်၏။
အမျိုးသားနှစ်ယောက်မှာမူ သူတို့ရချင်နေသော အဖြေကိုမရ၍ တစ်ယောက်ကို တစ်ယောက် ကြောင်ကြည့်ရုံသာ တတ်နိုင်တော့သည်။
ဒီမှာ ဘာတွေ ဖြစ်နေတာလဲ မင်းသိလား..
ဟင့်အင်း..ငါလဲ တစ်ခုမှနားမလည်ဘူး...
"အိုး...စိုးမြင့်လေးလည်း ပါလာတာလား...”
Advertisement
ပြောရင်း အာကာထက်ဆွဲထားသော ခွေးဆီ လျှောက်သွားကာ ထိုခွေးလေး ခေါင်းကိုပွတ်သပ်ပေးနေလိုက်သည်။
(ခွေးလေးနာမည်က ထူးဆန်းနေတယ်မလား..ဘာလို့လဲဆိုတော့ အဲနာမည်ရှင်က အရင်လခြံခုန်သွားတဲ့ အငဲးရဲ့ နွားနာမည်ပါရှင်.. :)
ထိုအချိန်တွင်တော့ အမျိုးသားနှစ်ယောက်မှာ သူမတို့နှစ်ဦး မည်မျှရင်းနှီးကြောင်း သိရှိသွားခဲ့ကြသည်။ မိန်းကလေးတွေကို မုန်းသော သူမသခင်မ တစ်ဦးတည်းသာ ကပ်သော ခွေးလေးမှာ ရွှေခေတ် ခေါင်းလာပုတ်ပေးနေတာကိုတော့ မငြိုမငြင် ငြိမ်ခံနေလေသည်။
..........
ကြူသင်းက သူမနှင့် ရွှေခေတ်ရဲ့ ခင်မင်မှုအကြောင်းရင်းကို ရှင်းပြလိုက်သလို ရွှေခေတ်ကလည်း ကြူသင်း သိချင်သော သူမလက်ထပ်ရတဲ့ အကြောင်းရင်းကို အကြောင်းစုံ ရှင်းပြလိုက်သည်။ သူမ မရှင်းပြချင်သော်လည်း နောင်တချိန်ချိန်မှာ ဝေယံပိုင်က သူမကို မေးလာမှာ ဧကန်မလွှဲပေ။ ထို့ကြောင့် နှစ်ခါမောရမယ့်အစား တစ်ခါတည်း ရှင်းပြခဲ့၏။
ဝေယံမှာ သူမလက်ထပ်ရသည့် အကြောင်းရင်းကိုသိသိလိုက်ချင်း သူမအပေါ် ဂရုဏာသက်မှုတွေနှင့် အတူ ချစ်မြတ်နိုးမှုတွေ ပိုပိုတိုးလာခဲ့သည်။ သူမကို ထပ်မနာကျင်ရအောင် သူအခုကစပြီး ကာကွယ်စောင့်ရှောက် မည်ဟု စိတ်ထဲ အဓိဠာန် ချမှတ်လေတော့သည်။
......
အမျိုးသားနှစ်ယောက်မှာ လစ်လျူရှုခံရနေပြီး မိန်းကလေးနှစ်ယောက်မှာတော့ စကားပြောရင်း ရယ်မောနေကြသည်။ ထိုအခိုက် ဝေယံပိုင် သူ့ဘေးတွင် ထိုင်နေသော အာကာထက်အား ပုခုံးနှင့် တို့ပြီး တိုးတိုးလေး ပြောလိုက်သည်။
"အာကာ..တစ်ခုခုလွှဲနေတယ်လို့ မင်းမထင်ဘူးလား..”
အာကာလည်း ချက်ချင်းပင်
"အင်း..ငါလဲအဲလို ခံစားနေရတယ်”
အာကာထက်၏ ထောက်ခံမှုကို ရပြီး ဝေယံပိုင်မှာ ပိုတက်ကြွသော အသံဖြင့်
"ငါဘာလို့ ငါ့ညီမလေးက ငါ့ဇနီးလေးကို ခိုးသွားတယ်လို့ ခံစားနေရတာလဲ?”
"အေး...ငါလဲ မင်းမိန်းမ ငါ့ဇနီးလောင်းလေးကို ခိုးသွားတယ်လို့ ခံစားနေရတယ်..”
စကာဆုံးရော တစ်ယောက်ကို တစ်ယောက် အကူညီမဲ့နေသော မျက်နှာဖြင့် နားလည်သည့် မျက်ဝန်းများဖြင့် ကြည့်လိုက်ကြသည်။
သို့သော် မိန်းကလေးနှစ်ဦးမှာမူ သူတို့ပြောတာကို မကြားသည့်အပြင် ရယ်သံတွေ ပိုထွက်အောင်ပင် စကားပြော နေကြသည်။
..........
27.10.21
အအိပ္ႀကီးေသာ ၾကဴသင္းမွာ စိတ္အေျခအေန နည္းနည္းကေလးမွ ေကာင္းမေန၍ တစ္ခဏအတြင္းနိုးလာခဲ့သည္။ သူမနိုးလာေတာ့ အစ္ကိုျဖစ္သူႏွင့္ ခ်ိန္းဆိုထားသည့္ စားေသာက္ေရွ႕ေရာက္ေနၿပီျဖစ္၏။ သူမေဘးက သူမရဲ႕ကိုကိုမွာေတာ့ ဖုန္းတစ္လုံးႏွင့္ အလုပ္ရႈပ္ေနေလသည္။
"ကိုကို..ေရာက္ေတာင္ ေရာက်နေပြီကို ဘာလို႔သဲကို မနိုးတာလဲဟင္..
အိပ္ခ်င္မူးတူးႏွင့္ သူ႕ရဲ႕ အခ်စ္ဆုံးေကာင္မေလး အသံေၾကာင့္ အာကာထက္ ဖုန္းကို ကမန္းကတန္းခ်ၿပီး သူမဆီလွည့္ၾကည့္လာ၏။
"ေအာ္..ကိုကိုက သဲ အိပ္ေနတာ ခ်စ္စရာေကာင္းလြန္းလို႔ မနိုးရက္တာပါ..အဆင္သင့္ပဲလား ကိုယ္တို႔သြားၾကမယ္.. အထဲမွာ သဲရဲ႕ကိုႀကီးတို႔ ေစာင့္ေနတာ ၾကာေလာက္ၿပီ..
ေျပာရင္းဆိုရင္း သူမ၏ထိုင္ခုံခါးပတ္ႀကိဳးကို ျဖဳတ္ေပးေန၍ သူမေလး၏ ေမွာင္မဲသြားေသာ မ်က္ႏွာတစ္စုံကို မျမင္လိုက္ေခ်။
"မဆင္းလာေသးဘူးလား သဲ...
"ခဏေလးပဲ.... သဲ ႏႈတ္ခမ္းေရာင္ တင္လိုက္ဦးမယ္
မွန္ထုတ္ကာ ႏႈတ္ခမ္းေရာင္ျဖည့္ေနေသာ သူမေလးက အခ်စ္ၿပိဳင္ဘက္ကို သြားေတြ႕ဖို႔ ျပင္ဆင္ေနသလိုမ်ိဳး..။ အာကာထက္ သဝန္ေတာင္တိုလာမိ၏။ သူႏွင့္ အတူရွိတိုင္း မိတ္ကပ္မေျပာနဲ႕ မ်က္ႏွာသစ္ဖို႔ေတာင္ စိတ္ကူးမရွိဘဲ ပ်င္းရိေနတဲ့ ကေလးမက သူ႕အကို မိန္းမကို ေတြ႕ဖို႔ ႏႈတ္ခမ္းေရာင္ေတာင္ ရဲရဲႀကီး ဆိုးထားေလ၏။
ကားေပၚက ဆင္းလာၿပီး ေနာက္ခန္းထိုင္ခုံေပၚ အိပ္ေပ်ာ္ေနေသာ ၾကဴသင္းခါးေလာက္ အရပ္ျမင့္သည့္ အိမ္ေမြးေခြး တစ္ေကာင္အား ဆြဲလာသည္ကို ျမင္၍...
"သဲ...ဒီေကာင္ေလးကို တကယ္ေခၚသြားမွာလား...
အာကာထက္ စကားေၾကာင့္ သူမ ရဲ႕အေမႊးရွည္ရွည္ အျဖဴေရာင္ ေခြးေလးကို ၿပဳံး၍ၾကည့္လိုက္သည္။ ေခြးေလးမွာ ခ်စ္စရာေကာင္းတာ မွန္၏။ သို႔ေသာ္ အေကာင္ႀကီး၍ မိန္းကေလးတိုင္း ေၾကာက္ၾကသည္။
ေခြးေလးမွာ သူ႕ရဲ႕ သခင္မ ေဝၾကဴသင္းက လႊဲရင္ မိန္းကေလးတိုင္းကို ရန္ျပဳတာ ေၾကာင့္လည္း ပါ၏။
ဟို.. သူမအကိုကို ျမဴဆြယ္ထားတဲ့ မိန္းမကလည္း ဒီေခြး ကို မေၾကာက္ပဲေနမလား...ေတြ႕ၾကေသးတာေပါ့..ဟြန့္
"အင္းေလ...ဘာလို႔လဲ..ကိုကိုက အခုကတည္း ဟိုမိန္းမဘက္ပါေနၿပီလား..
"မဟုတ္ရပါဘူးဗ်ာ..သဲႀကိဳက္သလိုလုပ္ သဲသေဘာ
အာကာထက္ အျမန္ကေလးေခ်ာ့လိုက္ရသည္။ သို႔မဟုတ္ဆို ထိုေကာင္မေလးက သူ႕ကိုစိတ္ဆိုးေတာ့မည်။ ေဝယံပိုင္၏ ဇနီးေလာင္းအတြက္မူ ကံေကာင္းပါေစဟု ဆုေတာင္း႐ုံသာ တတ္နိုင္ေတာ့သည္။
.......
"ကိုႀကီး...
ေအာ္ေခၚသံႏွင့္အတူ ေဝယံေရာ ေ႐ႊေခတ္ေရာ အေနာက္ဘက္သို႔ လွည့္ၾကည့္လိုက္သည္။ သူတို႔ႏွင့္ ေပႏွစ္ဆယ္သာ ျခားထားေသာ အကြာအေဝးတြင္ သူ၏ ညီမေလးက သူမ၏အိမ္ေမြးေခြးႀကီးကို အာကာထက္ လက်ထကြိုးထည့်ပေးပြိီး သူတို႔ဆီေျပးလာ၏။ ေဝယံပိုင္မွာ သူ႕ညီမေလး သူ႕ဆီလာၿပီး သူ႕ကိုေျပးဖက္မည္ဟု ေတြးထင္ထားခဲ့ေသာ္လည္း တကယ့္တကယ္မွာမူ....
"ဟင္..မေခတ္.._
"ၾကဴၾကဴ..?
မိန္းကေလးႏွစ္ေယာက္မွာ တေယာက္ကိုတေယာက္ ေခၚသံႏွင့္အတူ ႏွစ္ေပါင္းမ်ားစြာ မေတြ႕ရေသာ ခ်စ္သူရည္းစားအလား ေျပးဖက္လိုက္ၾကသည္။
ေဘးမွာရွိေနေသာ အမ်ိဳးသားႏွစ္ေယာက္မွာမူ ဒါက႐ုပ္ရွင္ရိုက္ေနၾကတာလား..ေနာက္ၿပီးဘယ္လို ဇာတ္ကြက္မ်ိဳးရိုက္ေနတာလဲ ေၾကာင္အမ္းမႈအဆင့္က ထိပ္ဆုံးသို႔ေရာက္ေန၏။
Advertisement
"ဟာ..ဒါေတြက ဘယ္လိုျဖစ္တာလဲ..
အာကာထက္ေမးလိုက္သည္။ သို႔ေသာ္ ေကာင္မေလးႏွစ္ေယာက္မွာ သူ႕စကားကို မေျဖဘဲ တစ္ေယာက္မ်က္မွာတစ္ေယာက္ၾကည့္ၿပီး ငါလဲမသိဘူး ဆိုသည့္ ပုံစံမ်ိဳးလုပ္ေနၾက၏။
"ငယ္...ၾကဴသင္းနဲ႕က အသိေတြလား..
သူ႕အေမးကို ေ႐ႊေခတ္ေတာင္မေျဖရေသး..ေဝၾကဴသင္းက ဦးစြာ..
"အဟမ္း..ဒါက ဘယ္လိုျဖစ္တာလဲ မေခတ္ ေျပာေတာ့ ေယာက္်ားေတြကိုမုန္းတယ္ ေယာက္်ားမယူဘူးဆို အခုေတာ့ ငယ္လို႔ေတာင္ နာမ္စားလွလွေလးနဲ႕ အေခၚခံရေနပါလား..
ၾကဴသင္းက သူ႕အကိုကို ၾကည့္ၿပီး သူမအား လွမ္းစလိုက္သည္။ ေ႐ႊေခတ္မွာေတာ့ ေျပာစရာစကားေတြ ေခါင္းထဲအျပည့္ ။ ေဝယံပိုင္ရဲ႕ ညီမေလးက ေဝၾကဴသင္းတဲ့လား...? ၾကဴသင္းမွာ သူမစီးပြားေရး စတင္ကတည္း သူမကိုအၿမဲအားေပးခဲ့ေသာ အေကာင္းဆုံး ေဖာက္သည္ တစ္ဦးပင္။ ၾကဴသင္း၏ အလွျပင္ ပစၥည္းဟူသမွ် သူမဆီက ဝယ္ယူ၍ အေတာ္ကိုပင္ ရင္းႏွီးကြၽမ္းဝင္ ခဲ့ၾက၏။
ဒီေန႕ သူမလာေတြ႕ရမည့္သူက ၾကဴသင္းျဖစ္ခဲ့မည္ဟု ဘယ္တုန္းကမွ မထင္ခဲ့ေပ။ သို႔မွန္းသာ သိရင္ သူမကိုယ္တိုင္ လက္ေဆာင္ေတြ ဝယ္လာေပးအုံးမည္။
တစ္ဖက္မွ ၾကဴသင္း မွာလည္း သူမအကိုရဲ႕ ဇနီးေလာင္းက ေ႐ႊေခတ္မွန္း မသိခဲ့ေပ။ ေ႐ႊေခတ္မွန္းသာ သိရင္ ေစ့စပ္ပြဲမွီေအာင္ အျမန္လာခဲ့မွာပင္။ ေ႐ႊေခတ္မွာ ၾကဴသင္း အစ္မလိုေရာ သူငယ္ခ်င္းလိုပါ ခင္မင္ရသူျဖစ္၏။ ထို႔ေၾကာင့္ ဒီကေန႕ သူ႕အကိုရဲ႕ ဇနီးေလာင္းကို တိုက္ထုတ္ဖို႔ ျပင္ဆင္လာခဲ့သမွ် အခ်င္းႏွီးသာ ျဖစ္ကုန္သည္။ ဆိုလိုသည္မွာေတာ့ ေ႐ႊေခတ္နဲ႕ သူ႕အကိုကို ပိုအဆင္ေျပေစဖို႔ သူမႀကိဳးေတာင္ စားသြားအုံး မည္ျဖစ္၏။
အမ်ိဳးသားႏွစ္ေယာက္မွာမူ သူတို႔ရခ်င္ေနေသာ အေျဖကိုမရ၍ တစ္ေယာက္ကို တစ္ေယာက္ ေၾကာင္ၾကည့္႐ုံသာ တတ္နိုင္ေတာ့သည္။
ဒီမွာ ဘာေတြ ျဖစ္ေနတာလဲ မင္းသိလား..
ဟင့္အင္း..ငါလဲ တစ္ခုမွနားမလည္ဘူး...
"အိုး...စိုးျမင့္ေလးလည္း ပါလာတာလား...
ေျပာရင္း အာကာထက္ဆြဲထားေသာ ေခြးဆီ ေလွ်ာက္သြားကာ ထိုေခြးေလး ေခါင္းကိုပြတ္သပ္ေပးေနလိုက္သည္။
(ေခြးေလးနာမည္က ထူးဆန္းေနတယ္မလား..ဘာလို႔လဲဆိုေတာ့ အဲနာမည္ရွင္က အရင္လၿခံခုန္သြားတဲ့ အငဲးရဲ႕ ႏြားနာမည္ပါရွင္.. :)
ထိုအခ်ိန္တြင္ေတာ့ အမ်ိဳးသားႏွစ္ေယာက္မွာ သူမတို႔ႏွစ္ဦး မည္မွ်ရင္းႏွီးေၾကာင္း သိရွိသြားခဲ့ၾကသည္။ မိန္းကေလးေတြကို မုန္းေသာ သူမသခင္မ တစ္ဦးတည္းသာ ကပ္ေသာ ေခြးေလးမွာ ေ႐ႊေခတ္ ေခါင္းလာပုတ္ေပးေနတာကိုေတာ့ မၿငိဳမျငင္ ၿငိမ္ခံေနေလသည္။
..........
ၾကဴသင္းက သူမႏွင့္ ေ႐ႊေခတ္ရဲ႕ ခင္မင္မႈအေၾကာင္းရင္းကို ရွင္းျပလိုက္သလို ေ႐ႊေခတ္ကလည္း ၾကဴသင္း သိခ်င္ေသာ သူမလက္ထပ္ရတဲ့ အေၾကာင္းရင္းကို အေၾကာင္းစုံ ရွင္းျပလိုက္သည္။ သူမ မရွင္းျပခ်င္ေသာ္လည္း ေနာင္တခ်ိန္ခ်ိန္မွာ ေဝယံပိုင္က သူမကို ေမးလာမွာ ဧကန္မလႊဲေပ။ ထို႔ေၾကာင့္ ႏွစ္ခါေမာရမယ့္အစား တစ္ခါတည္း ရွင္းျပခဲ့၏။
ေဝယံမွာ သူမလက္ထပ္ရသည့္ အေၾကာင္းရင္းကိုသိသိလိုက္ခ်င္း သူမအေပၚ ဂ႐ုဏာသက္မႈေတြႏွင့္ အတူ ခ်စ္ျမတ္နိုးမႈေတြ ပိုပိုတိုးလာခဲ့သည္။ သူမကို ထပ္မနာက်င္ရေအာင္ သူအခုကစၿပီး ကာကြယ္ေစာင့္ေရွာက္ မည္ဟု စိတ္ထဲ အဓိဠာန္ ခ်မွတ္ေလေတာ့သည္။
......
အမ်ိဳးသားႏွစ္ေယာက္မွာ လစ္လ်ဴရႈခံရေနၿပီး မိန္းကေလးႏွစ္ေယာက္မွာေတာ့ စကားေျပာရင္း ရယ္ေမာေနၾကသည္။ ထိုအခိုက္ ေဝယံပိုင္ သူ႕ေဘးတြင္ ထိုင္ေနေသာ အာကာထက္အား ပုခုံးႏွင့္ တို႔ၿပီး တိုးတိုးေလး ေျပာလိုက္သည္။
"အာကာ..တစ္ခုခုလႊဲေနတယ္လို႔ မင္းမထင္ဘူးလား..
အာကာလည္း ခ်က္ခ်င္းပင္
"အင္း..ငါလဲအဲလို ခံစားေနရတယ္
အာကာထက္၏ ေထာက္ခံမႈကို ရၿပီး ေဝယံပိုင္မွာ ပိုတက္ႂကြေသာ အသံျဖင့္
"ငါဘာလို႔ ငါ့ညီမေလးက ငါ့ဇနီးေလးကို ခိုးသြားတယ္လို႔ ခံစားေနရတာလဲ?
"ေအး...ငါလဲ မင္းမိန္းမ ငါ့ဇနီးေလာင္းေလးကို ခိုးသြားတယ္လို႔ ခံစားေနရတယ္..
စကာဆုံးေရာ တစ္ေယာက္ကို တစ္ေယာက္ အကူညီမဲ့ေနေသာ မ်က္ႏွာျဖင့္ နားလည္သည့္ မ်က္ဝန္းမ်ားျဖင့္ ၾကည့္လိုက္ၾကသည္။
သို႔ေသာ္ မိန္းကေလးႏွစ္ဦးမွာမူ သူတို႔ေျပာတာကို မၾကားသည့္အျပင္ ရယ္သံေတြ ပိုထြက္ေအာင္ပင္ စကားေျပာ ေနၾကသည္။
..........
27.10.21
Advertisement
- In Serial33 Chapters
Slave, My Mate
When you are a slave no one loves you. No one cares about you. You don't even have a name. So what happens when a slaves new master is her mate?
8 233 - In Serial71 Chapters
I Become The Wife of The Male Lead
I possessed the body of "Fiona," the final villain whose soul was sentenced to eternal suffering after her gruesome demise at the hands of the world's savior.Just because she was an illegitimate child, she was tortured by her own family.And so... arriving six years before the start of the novel, I was sent to war at the age of thirteen! Fortunately, as the story's greatest villain, Fiona was a magical genius.I had to survive the monster invasion. But now, I couldn't be in the middle of a battlefield.Just before I ran out of breath, I encountered the adolescent male lead....... Why was he here?Anyway, if the male lead dies here, then the world will be destroyed. So, let's save him first!AUTHOR: Winter Leaves / 겨울잎
8 270 - In Serial103 Chapters
Infernal Academia
Wrath. Greed. Sloth. Hubris. Envy. Gluttony. And Lust. Hell's an interesting place, filled with interesting people. Demons need an education like any other, and the Brimstone Institute of Demonics is the perfect place to pursue their academic dreams. An ancient hub of learning where each of the seven races work together in relative harmony to further their studies and master their magics. Oni or Glutton, Fallen or Imp, Golem, Nymph or Succubus, all are welcome to enroll. So what about an Incubus?
8 218 - In Serial54 Chapters
Wife Turned Mistress (completed)
He was reported dead, his car was burnt to ashes on the very day his child was born. Two years later Clara discovers her husband was not dead but in fact healthy and alive apparently he is the number one bachelor in the city. Can she have him back? Are they even the same persons?Kelvin knight woke up from a year long coma with no idea where he spent his last three years. He only remember a pair of Green eyes that stares at him in his sleep.Who was she and where did he meet her?
8 181 - In Serial40 Chapters
The Boy with the Chestnut Brown Hair
📚 Featured on Teen Fiction Reading List (Head Over Heels)***🥇 1st Place- Upcoming Writer's Awards (Teen Fiction Category)🥇 1st Place- The Musical Awards 2020 (Teen Fiction/New Adult Category)***Eastview #1He's not just her first love. He's also the first one who broke her heart...Katherine Ramos, or Kane as her family and high school friends call her, is attending their high school reunion. It is a night of reminiscing the past and it brings back so much memories. She finds out that not much has changed in her school and in her classmates, including her feelings for her high school sweetheart and former class rival--the boy with the chestnut brown hair.Will she be able to fight back her feelings or will she finally fight for it?***The story is set in the Philippines but written in English.
8 219 - In Serial41 Chapters
Vaughn
Her eyes widen as she sucks in a deep breath, feeling the full length of me."Do you believe me now kitten?" I whisper. "It pains me as well."I continue to rub my dick with both our hands. "You make me so damn fucking hard."She brings her face closer, confidently massaging my erection on her own."Show me." She whispers. •••••••••••VAUGHN - MissBelleStories••••••••••••Hold onto your panties ladies, the Vaughn brothers are coming to town.**Please Note: The original story is DOUBLE TEMPTATION which can be found on Episode Interactive. It is played in Alexis POV. I have also published this mature version under VAUGHN on Episode Interactive. The major difference is that this version is narrated through Benjamin and Bradley. This version contains adult themes, strong sex scenes, strong language and is recommended for 18+.****PLEASE READ: This story does not include any supernatural beings. This is not a vampire or werewolf story and it also does not include any incest scenes. The VAUGHN twins do not share nor do they have sex with eachother.**
8 151

