《Untamed Flower( ပန်းရိုင်း)》အပိုင်း ၄၇
Advertisement
တစ်မနက်လုံး တစ်တီတီ မြည်နေသော ဖုန်းသံကြောင့် ရွှေခေတ် ထပ်အိပ်လို့မရတော့ချေ။ သူမဘေးက အိမွန်မှာမူ လုံးဝကိုပဂတိမဟုတ်ဘဲ တခေါခေါနှင့် အိပ်ပျော်နေသေး၏။ ကာလနဂါးမကြီး များလား..?
မနက်စောစောစီးစီး ၅နာရီ ဖုန်းခေါ်လာသူမှာ ဝေယံကလွဲရင် တခြားသူမဖြစ်နိုင်။ သူမကောက်ယူလိုက်ပြီး..
"ဘာကိစ္စလဲ စောစောစီးစီး ကျွန်မအိပ်နေတယ်.."
မနေ့တစ်နေ့လုံး ဧည့်သည်တွေ နဲ့ ထိုင်နေရပြီး ညစောင်းတော့လည်း ဘုရားထပ်သွား ကားအကြာကြီးစီးပြီး တစ်ကိုယ်လုံးကိုက်ခဲနေလေသည်။ မနက်စောစောနိုးနေကျတောင် ဒီနေ့မနက်ကျ မနိုးချင်လောက်တဲ့ထိ အိပ်စက်လို့ကောင်းပြီး အိမွန် ညက ေဟာက်မဟောက်တောင် မသိတော့ပေ။
တစ်ဖက်မှ အိပ်ရေးမဝသည့် အသံနှင့် ပြောလာ၍ ဝေယံအပြစ်ရှိသလို ခံစားရကာ..
"ကိုယ် ငယ်အိပ်နေတာကို နောက်ယှက်မိသွားလား"
"ကျွန်မနိုးတောင် နိုးလာပြီပဲ..ပြောစရာရှိတာကိုသာ ပြောပါ"
"ဟမ်...ဟိုလေ..ကိုယ့် ညီမလေးက ငယ်နဲ့တွေ့ချင်နေတယ်....."
ဝေယံ ထိုစကားကို မရှိရှိသော သတ္တိတွေကို မွေးထုတ်ပြီး ပြောရ၏။
မနေ့ည သူဟိုတယ် ပြန်ရောက်တော့ အာကာထက်က ဝေကြူသင်း တာချီလိတ် ပြန်ရောက်ပြီ လို့ပြောသည်။ သုံးလ သွားရမယ့် ကျောင်းပရောဂျက်ကို တစ်လတည်းအပြီးသတ် ပြီး ပြန်လာခဲ့ခြင်း။ အကြောင်းရင်းမှာတော့ ရှင်းသည်၊ သူ့ရဲ့ ကိုကြီးကို ဘယ်မိန်းမက မြူဆွယ်သွားတာလဲ လို့ပေါ့.. မစေ့စပ်ခင် တစ်နေ့က သူ့အကိုက သူ့ဆန္ဒမပါကြောင်း ပြောပြီး စေ့စပ်တဲ့နေ့ကျတော့ ထိုမိန်းမနားကတောင် မခွာကြောင်း သိရ၍သာ.. အပြေးပြန်လာခဲ့ရသည်။
အာကာထက်မှာလည်း မအိပ်ရတော့ဘဲ ညတွင်းချင်း တာချီလိတ်ကို လေယာဥ်နဲ့ ပြန်သွားရ၏။ ဝေယံမှာတော့ တစ်ညလုံး သူ့ဇနီးလေးကို ညီမလေးဖြစ်သူ ပြဿနာမရှာဖို့ အကြံတွေထုတ်နေရကာ မျက်ကွင်းတွေ ညိုလို့နေပြီ။
"ဘယ်လို..ရှင့်ညီမလေး..!"
ရွှေခေတ် တွေးမိသည်။ ဘာလို့ သူမ ယောင်းမလေးကို တွေ့ဖို့က ဆယ်တန်းစာမေးပွဲ ဖြေရမည်ကဲ့သို့ စိတ်လှုပ်ရှား နေရတာလဲ? ဧကန္တ မိဘသဘောတူလို့ မကြိုက်ဘဲယူရတဲ့ ယောက်ျားကို ရဖို့ သူ့ညီမလေး..ဆိုတဲ့ စာမေးပွဲကို ဖြေရအုံးမှာလား..?
"ဟုတ်တယ်ငယ်..သူမက ငယ့်ကိုတွေ့ချင်နေတာ မနေ့ညကမှ သူဒီနိုင်ငံပြန်ရောက်တော့ ဒီကိုရောက်ဖို့ ကြာအုံးမယ်..ညနေပိုင်းလောက် ဆိုအဆင်ပြေလား?"
ဝေယံက သတိမထားမိဘဲ အကုန်ရှင်းပြမိလိုက်သည်။ ရွှေခေတ်မှာတော့ ဘယ်လို..ဘယ်လို မနေ့ညကမှ ဒီနိုင်ငံပြန်ရောက်လာပြီး ဒီနေ့ကျ ငါ့ကိုချက်ချင်းတွေ့ချင်နေတာလား.. ဒါက ငါ့ကိုမကြိုက်ဘူးဆိုတာ ရှင်းလင်းနေတာပဲ ဒါပေမယ့် စေ့စပ်ပြီးပြီပဲ ပြဿနာကို ရှောင်မနေဘဲ ထိပ်တိုက်ရင်ဆိုင်ရုံသာ ကျန်တော့၏။
"အဟင့်..ရပါတယ် ကျွန်မက ဘယ်အချိန်ဖြစ်ဖြစ်ရတယ်..ရှင့်ညီမအတွက် အဆင်ပြေရင်ပေါ့.."
ဟမ်...ဘာလို့သူ့ကို ရွဲ့ပြောနေတာသလိုမျိုး ခံစားနေရတာလဲ..မဖြစ်နိုင်ပါဘူး ရွှေခေတ်က မိန်းမကောင်းလေးပါ..
"ဒါဆို ညနေ၄နာရီလောက် ကိုယ် ငယ့်ကိုလာကြိုမယ်နော်..."
"အင်း..ပြီးတာပါပဲ"
..........
မိုးလင်းတော့ အိမွန်က သူမအိမ်မှာ အရေးကြီးလုပ်စရာရှိလို့ ပြန်သွားရပြီး လက်ထက်ပွဲမတိုင်ခင် တစ်ပတ်လောက်မှ တောင်ကြီးကို ပြန်တက်လာခဲ့မည်ဟုပြော၏။ ရွှေခေတ်မှာ သူမကို နောက်ယှက်ပြီး အရေမရအဖတ်မရ သူမခင်ပွန်းလောင်းကို မြောက်ပင့်နေမယ့် အိမွန် အိမ်ပြန်သွားတာ စိတ်ထဲကြိတ်ပျော် နေပေမယ့် တကယ့်တကယ် ပြောထွက်လိုက်တာကတော့ ငါနင့်ကို အမြဲမျှော်နေမယ်နော် အိမွန်လေး...။
သူမ မွန်းလွဲ၂နာရီ ကတည်းက ပြင်ဆင်ထားတာတွေ ကို ပြန်ဖျက်လိုက်ချင်တော့သည်။ နေကပူ နေတာကို သူမက ဘာလို့ သူမထက်အသက်ငယ်တဲ့ မိန်းကလေးတစ်ယောက်ကို သွားတွေ့ဖို့ မိတ်ကပ်တွေ လိမ်းနေရမှာလဲ.. သူမမျက်နှာမှာ ခြယ်မှုန်းထားသော ရောင်စုံ မိတ်ကပ်တွေက သူမဒေါ်လေး၏ လက်ချက်ပင်။
ဒေါ်လေး အပြင်ထွက်သွားပြီ လို့အိမ်စေဆီက ကြားသိရတာနဲ့ စိတ်ပျက်လက်ပျက် မှန်တင်ခုံရှေ့ ထိုင်ချပြီး ထိုမိတ်ကပ်တွေကို စဖျက်လေ၏။ ပျက်သွားပြီဖြစ်သော မိတ်ကပ်ပြင်ဆင်မှုအစား ပေါင်ဒါနဲနဲလေးသာ ဖို့ပြီး နှုတ်ခမ်းရောင်တောင် မတင်ပေ။ မူလ နှုတ်ခမ်း ကတောင် ပန်းရောင်သန်းနေပြီမို့..။
လေးနာရီ တောင်မထိုးသေးသော်လည်း သူမခင်ပွန်းလောင်းလေးက လာကြိုလို့နေပြီ။ သူမသူ့ကားထဲ ဝင်တော့ နောက်ထိုင်ခုံက မိန်းကလေးသုံး ပစ္စည်းပစ္စရာ တွေ တစ်ပုံကြီးရှိနေတာကို သတိထားမိ၏။ အများစုမှာ အလှပြင်ပစ္စည်းများ..
"ရှင့် ညီမလေးအတွက်လား?"
ရွှေခေတ် ထိုင်ခုံခါးပတ်ကြိုးတပ်နေရင်း မေးလိုက်သည်။
"ဘာကိုလဲ..ငယ်"
"နောက်ထိုင်ခုံက ဟာတွေ"
သူမ မေးငေါ့ပြကာ ပြောလိုက်မှ ဝေယံ ပစ္စည်းကို တစ်လှည့် သူမကို တစ်လှည့်ကြည့်ပြီး..
"အော်..ဟုတ်တယ်..သူမရောက်လာရင် ငယ်သူမကို ငယ်ဝယ်ပေးတာလို့ ပြောပြီး ပေးပေးလို့ရမလား.."
အခုတော့ ပိုလို့တောင် သေချာသွားပြီ။ သူရဲ့ ညီမလေးက သူမကို မကြိုက်မှန်း။ ဒါကြောင့်မို့ လက်ဆောင်တွေပေးပြီး ကိုင်တွယ်စေချင်တာလား?
ဒီလူတော့ မိန်းကလေးတိုင်းကို လက်ဆောင်မက်တယ်လို့ ထင်နေပုံပဲ..ကိုယ့်ညီမက ငယ်ငယ်ကတည်း လိုလေသေးမရှိ ဖူးဖူးမှုတ်ထားခံရတာကို မေ့သွားတာလား ကိုယ့်ညီမအကြောင်းတောင် ကောင်းကောင်းမသိတဲ့ လူက သူမရဲ့ ခင်ပွန်းဖြစ်လာခဲ့ရင် ဘယ်လိုတောင် အလွှဲလွှဲ အချော်ချော်ဖြစ်ကုန်တော့မှာလဲ တွေးရင်းနှင့်ပင် ရွှေခေတ် ခေါင်းခဲလာသည်။
Advertisement
"ရှင့် ညီမက ကျွန်မကို မကြိုက်လို့ ဒါတွေနဲ့ ကိုင်တွယ်စေချင်တာလား.."
သူမစကား ကြားတော့ ဝေယံ လန့်သွားသည်။ သူမဘယ်လိုတောင် သိနေတာလဲ ။ ပုဏ္ဏားဝင်စားလာတာတော့ မဟုတ်ပါဘူးနော်?
"အဲလိုလည်း မဟုတ်ပါဘူး..ကိုယ့်ည်ိီမလေးက ငယ့်ကိုမှ မတွေ့ဖူးသေးပဲ.."
"ရှင်လိမ်စရာမလိုပါဘူး..မိန်းကလေး အကျင့်ကို မိန်းကလေးအချင်းချင်းပဲ နားလည်တယ် ဒါပေမယ့် ရှင်စိတ်ချပါ ကောင်မလေးတွေကို ကိုင်တွယ်တဲ့ နေရာမှာ ဆရာမကြီး ဖြစ်နေပြီဖြစ်တဲ့ ကျွန်မက ရှင့်ညီမလေးကို မကိုင်တွယ်နိုင်စရာ အကြောင်း မရှိပါဘူး.."
အမှန်တကယ်ပင် ရွှေခေတ်က ကောင်မလေးတွေကို ကိုင်တွယ်တဲ့ နေရာမှာ ဆရာတစ်ဆူ။ အထူးသဖြင့် အလှအပမက်တတ်သော ေကာင်မလေးမျိုး..။ သူမက အလှအပဆိုင်ရာ ကို ကျွမ်းကျင်လွန်းတော့ ဒီbrandက ကောင်းတယ် ဒီနှုတ်ခမ်းနီက ဘယ်လိုမျိုး ပုံစံထွက်စေတယ် ကအစ ရှင်းပြရင် သူမနောက် ကပ်မပါလာတဲ့ ကောင်မလေးတွေဆို ခပ်ရှားရှားပင်။ ဝေယံရဲ့ ညီမလေးက ဂုဏ်ငွေရှိ အသိုင်းအဝိုင်းက ဆင်းသက်လာတာမို့ ထိုအကြောင်းတွေ စိတ်ဝင်စားမှာ ဧကန်မလွှဲပေ။
ကိုယ့်ကိုယ်ကို ချီးမွှမ်းခန်း ဖွင့်နေသော သူမကိုကြည့်ပြိီး ဝေယံ မပြုံးပဲ မနေနိုင်တော့ပေ။ သူမက ကားမောင်းထွက်ဖို့ သတိပေးမှ သူမကို ငေးနေရာက သတိပြန်ကပ်လာ၏။
.........
ဝေယံမှာ ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေသလို ထိုနေရာနှင့် ဆယ်မိုင်လောက်ဝေးသော ကားထဲတွင် အာကာထက် တစ်ယောက်လည်း ထိုနည်းတူ ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေသည်။ အကြောင်းရင်းမှာမူ တစ်ယောက်ကို တစ်ယောက် စစ်ပွဲအတွက် ရာဇသံပို့နေခြင်း ကဲ့သို့ နှစ်ဖက်စလုံးက မိန်းကလေးတွေရဲ့ အခြေအနေကို မေးမြန်းခြင်း ဖြစ်သည်။
ဝေယံ.."ကြူသင်း အခုဘယ်လိုလဲ"
အာကာ.."ခုနက တကျီကျီ ဆန္ဒပြနေတာ အခုတော့ လေယာဥ် စီးလာတာ ပင်ပန်းလို့ ထင်တယ် အိပ်ပျော်သွားပြီ.."
ဝေယံ.."ရောက်ဖို့ ဘယ်လောက်ကြာသေးလဲ"
အာကာ.."နာရီဝက်ထက် မကြာတော့ဘူး.. ဒါနဲ့ မရီးဘယ်လိုနေလဲ"
ဝေယံ..."ကော်ဖီတစ်ခွက်နဲ့ စာအုပ်တစ်အုပ်ထိုင်ဖတ်နေတယ်..အကြောင်းရင်းသိေနတာတောင် သူမလောက် တည်ငြိမ်နိုင်တဲ့ လူငါမတွေ့ဖူးသေးဘူး.."
အာကာ.."ဟ..ဟား..အဲဒါ မင်းရဲ့ မိန်းမပဲလေ.."
ဝေယံ..."ငါ့ မိန်းမ မှန်းငါသိတယ် မင်းပြောစရာကို မလိုဘူး.."
..........
25.10.21
တစ္မနက္လုံး တစ္တီတီ ျမည္ေနေသာ ဖုန္းသံေၾကာင့္ ေ႐ႊေခတ္ ထပ္အိပ္လို႔မရေတာ့ေခ်။ သူမေဘးက အိမြန္မွာမူ လုံးဝကိုပဂတိမဟုတ္ဘဲ တေခါေခါႏွင့္ အိပ္ေပ်ာ္ေနေသး၏။ ကာလနဂါးမႀကီး မ်ားလား..?
မနက္ေစာေစာစီးစီး ၅နာရီ ဖုန္းေခၚလာသူမွာ ေဝယံကလြဲရင္ တျခားသူမျဖစ္နိုင္။ သူမေကာက္ယူလိုက္ၿပီး..
"ဘာကိစၥလဲ ေစာေစာစီးစီး ကြၽန္မအိပ္ေနတယ္..
မေန႕တစ္ေန႕လုံး ဧည့္သည္ေတြ နဲ႕ ထိုင္ေနရၿပီး ညေစာင္းေတာ့လည္း ဘုရားထပ္သြား ကားအၾကာႀကီးစီးၿပီး တစ္ကိုယ္လုံးကိုက္ခဲေနေလသည္။ မနက္ေစာေစာနိုးေနက်ေတာင္ ဒီေန႕မနက္က် မနိုးခ်င္ေလာက္တဲ့ထိ အိပ္စက္လို႔ေကာင္းၿပီး အိမြန္ ညက ေဟာက်မေဟာက္ေတာင္ မသိေတာ့ေပ။
တစ္ဖက္မွ အိပ္ေရးမဝသည့္ အသံႏွင့္ ေျပာလာ၍ ေဝယံအျပစ္ရွိသလို ခံစားရကာ..
"ကိုယ္ ငယ္အိပ္ေနတာကို ေနာက္ယွက္မိသြားလား
"ကြၽန္မနိုးေတာင္ နိုးလာၿပီပဲ..ေျပာစရာရွိတာကိုသာ ေျပာပါ
"ဟမ္...ဟိုေလ..ကိုယ့္ ညီမေလးက ငယ္နဲ႕ေတြ႕ခ်င္ေနတယ္..
ေဝယံ ထိုစကားကို မရွိရွိေသာ သတၱိေတြကို ေမြးထုတ္ၿပီး ေျပာရ၏။
မေန႕ည သူဟိုတယ္ ျပန္ေရာက္ေတာ့ အာကာထက္က ေဝၾကဴသင္း တာခ်ီလိတ္ ျပန္ေရာက္ၿပီ လို႔ေျပာသည္။ သုံးလ သြားရမယ့္ ေက်ာင္းပေရာဂ်က္ကို တစ္လတည္းအၿပီးသတ္ ၿပီး ျပန္လာခဲ့ျခင္း။ အေၾကာင္းရင္းမွာေတာ့ ရွင္းသည္၊ သူ႕ရဲ႕ ကိုႀကီးကို ဘယ္မိန္းမက ျမဴဆြယ္သြားတာလဲ လို႔ေပါ့.. မေစ့စပ္ခင္ တစ္ေန႕က သူ႕အကိုက သူ႕ဆႏၵမပါေၾကာင္း ေျပာၿပီး ေစ့စပ္တဲ့ေန႕က်ေတာ့ ထိုမိန္းမနားကေတာင္ မခြာေၾကာင္း သိရ၍သာ.. အေျပးျပန္လာခဲ့ရသည္။
အာကာထက္မွာလည္း မအိပ္ရေတာ့ဘဲ ညတြင္းခ်င္း တာခ်ီလိတ္ကို ေလယာဥ္နဲ႕ ျပန္သြားရ၏။ ေဝယံမွာေတာ့ တစ္ညလုံး သူ႕ဇနီးေလးကို ညီမေလးျဖစ္သူ ျပႆနာမရွာဖို႔ အႀကံေတြထုတ္ေနရကာ မ်က္ကြင္းေတြ ညိုလို႔ေနၿပီ။
"ဘယ္လို..ရွင့္ညီမေလး..!
ေ႐ႊေခတ္ ေတြးမိသည္။ ဘာလို႔ သူမ ေယာင္းမေလးကို ေတြ႕ဖို႔က ဆယ္တန္းစာေမးပြဲ ေျဖရမည္ကဲ့သို႔ စိတ္လႈပ္ရွား ေနရတာလဲ? ဧကႏၱ မိဘသေဘာတူလို႔ မႀကိဳက္ဘဲယူရတဲ့ ေယာက္်ားကို ရဖို႔ သူ႕ညီမေလး..ဆိုတဲ့ စာေမးပြဲကို ေျဖရအုံးမွာလား..?
"ဟုတ္တယ္ငယ္..သူမက ငယ့္ကိုေတြ႕ခ်င္ေနတာ မေန႕ညကမွ သူဒီနိုင္ငံျပန္ေရာက္ေတာ့ ဒီကိုေရာက္ဖို႔ ၾကာအုံးမယ္..ညေနပိုင္းေလာက္ ဆိုအဆင္ေျပလား?
ေဝယံက သတိမထားမိဘဲ အကုန္ရွင္းျပမိလိုက္သည္။ ေ႐ႊေခတ္မွာေတာ့ ဘယ္လို..ဘယ္လို မေန႕ညကမွ ဒီနိုင္ငံျပန္ေရာက္လာၿပီး ဒီေန႕က် ငါ့ကိုခ်က္ခ်င္းေတြ႕ခ်င္ေနတာလား.. ဒါက ငါ့ကိုမႀကိဳက္ဘူးဆိုတာ ရွင္းလင္းေနတာပဲ ဒါေပမယ့္ ေစ့စပ္ၿပီးၿပီပဲ ျပႆနာကို ေရွာင္မေနဘဲ ထိပ္တိုက္ရင္ဆိုင္႐ုံသာ က်န္ေတာ့၏။
Advertisement
"အဟင့္..ရပါတယ္ ကြၽန္မက ဘယ္အခ်ိန္ျဖစ္ျဖစ္ရတယ္..ရွင့္ညီမအတြက္ အဆင္ေျပရင္ေပါ့..
ဟမ္...ဘာလို႔သူ႕ကို ႐ြဲ႕ေျပာေနတာသလိုမ်ိဳး ခံစားေနရတာလဲ..မျဖစ္နိုင္ပါဘူး ေ႐ႊေခတ္က မိန္းမေကာင္းေလးပါ..
"ဒါဆို ညေန၄နာရီေလာက္ ကိုယ္ ငယ့္ကိုလာႀကိဳမယ္ေနာ္...
"အင္း..ၿပီးတာပါပဲ
..........
မိုးလင္းေတာ့ အိမြန္က သူမအိမ္မွာ အေရးႀကီးလုပ္စရာရွိလို႔ ျပန္သြားရၿပီး လက္ထက္ပြဲမတိုင္ခင္ တစ္ပတ္ေလာက္မွ ေတာင္ႀကီးကို ျပန္တက္လာခဲ့မည္ဟုေျပာ၏။ ေ႐ႊေခတ္မွာ သူမကို ေနာက္ယွက္ၿပီး အေရမရအဖတ္မရ သူမခင္ပြန္းေလာင္းကို ေျမာက္ပင့္ေနမယ့္ အိမြန္ အိမ္ျပန္သြားတာ စိတ္ထဲႀကိတ္ေပ်ာ္ ေနေပမယ့္ တကယ့္တကယ္ ေျပာထြက္လိုက္တာကေတာ့ ငါနင့္ကို အၿမဲေမွ်ာ္ေနမယ္ေနာ္ အိမြန္ေလး...။
သူမ မြန္းလြဲ၂နာရီ ကတည္းက ျပင္ဆင္ထားတာေတြ ကို ျပန္ဖ်က္လိုက္ခ်င္ေတာ့သည္။ ေနကပူ ေနတာကို သူမက ဘာလို႔ သူမထက္အသက္ငယ္တဲ့ မိန္းကေလးတစ္ေယာက္ကို သြားေတြ႕ဖို႔ မိတ္ကပ္ေတြ လိမ္းေနရမွာလဲ.. သူမမ်က္ႏွာမွာ ျခယ္မႈန္းထားေသာ ေရာင္စုံ မိတ္ကပ္ေတြက သူမေဒၚေလး၏ လက္ခ်က္ပင္။
ေဒၚေလး အျပင္ထြက္သြားၿပီ လို႔အိမ္ေစဆီက ၾကားသိရတာနဲ႕ စိတ္ပ်က္လက္ပ်က္ မွန္တင္ခုံေရွ႕ ထိုင္ခ်ၿပီး ထိုမိတ္ကပ္ေတြကို စဖ်က္ေလ၏။ ပ်က္သြားၿပီျဖစ္ေသာ မိတ္ကပ္ျပင္ဆင္မႈအစား ေပါင္ဒါနဲနဲေလးသာ ဖို႔ၿပီး ႏႈတ္ခမ္းေရာင္ေတာင္ မတင္ေပ။ မူလ ႏႈတ္ခမ္း ကေတာင္ ပန္းေရာင္သန္းေနၿပီမို႔..။
ေလးနာရီ ေတာင္မထိုးေသးေသာ္လည္း သူမခင္ပြန္းေလာင္းေလးက လာႀကိဳလို႔ေနၿပီ။ သူမသူ႕ကားထဲ ဝင္ေတာ့ ေနာက္ထိုင္ခုံက မိန္းကေလးသုံး ပစၥည္းပစၥရာ ေတြ တစ္ပုံႀကီးရွိေနတာကို သတိထားမိ၏။ အမ်ားစုမွာ အလွျပင္ပစၥည္းမ်ား..
"ရွင့္ ညီမေလးအတြက္လား?
ေ႐ႊေခတ္ ထိုင္ခုံခါးပတ္ႀကိဳးတပ္ေနရင္း ေမးလိုက္သည္။
"ဘာကိုလဲ..ငယ္
"ေနာက္ထိုင္ခုံက ဟာေတြ
သူမ ေမးေငါ့ျပကာ ေျပာလိုက္မွ ေဝယံ ပစၥည္းကို တစ္လွည့္ သူမကို တစ္လွည့္ၾကည့္ၿပီး..
"ေအာ္..ဟုတ္တယ္..သူမေရာက္လာရင္ ငယ္သူမကို ငယ္ဝယ္ေပးတာလို႔ ေျပာၿပီး ေပးေပးလို႔ရမလား..
အခုေတာ့ ပိုလို႔ေတာင္ ေသခ်ာသြားၿပီ။ သူရဲ႕ ညီမေလးက သူမကို မႀကိဳက္မွန္း။ ဒါေၾကာင့္မို႔ လက္ေဆာင္ေတြေပးၿပီး ကိုင္တြယ္ေစခ်င္တာလား?
ဒီလူေတာ့ မိန္းကေလးတိုင္းကို လက္ေဆာင္မက္တယ္လို႔ ထင္ေနပုံပဲ..ကိုယ့္ညီမက ငယ္ငယ္ကတည္း လိုေလေသးမရွိ ဖူးဖူးမႈတ္ထားခံရတာကို ေမ့သြားတာလား ကိုယ့္ညီမအေၾကာင္းေတာင္ ေကာင္းေကာင္းမသိတဲ့ လူက သူမရဲ႕ ခင္ပြန္းျဖစ္လာခဲ့ရင္ ဘယ္လိုေတာင္ အလႊဲလႊဲ အေခ်ာ္ေခ်ာ္ျဖစ္ကုန္ေတာ့မွာလဲ ေတြးရင္းႏွင့္ပင္ ေ႐ႊေခတ္ ေခါင္းခဲလာသည္။
"ရွင့္ ညီမက ကြၽန္မကို မႀကိဳက္လို႔ ဒါေတြနဲ႕ ကိုင္တြယ္ေစခ်င္တာလား..
သူမစကား ၾကားေတာ့ ေဝယံ လန့္သြားသည္။ သူမဘယ္လိုေတာင္ သိေနတာလဲ ။ ပုဏၰားဝင္စားလာတာေတာ့ မဟုတ္ပါဘူးေနာ္?
"အဲလိုလည္း မဟုတ္ပါဘူး..ကိုယ့်ည်ိီမလေးက ငယ့္ကိုမွ မေတြ႕ဖူးေသးပဲ..
"ရွင္လိမ္စရာမလိုပါဘူး..မိန္းကေလး အက်င့္ကို မိန္းကေလးအခ်င္းခ်င္းပဲ နားလည္တယ္ ဒါေပမယ့္ ရွင္စိတ္ခ်ပါ ေကာင္မေလးေတြကို ကိုင္တြယ္တဲ့ ေနရာမွာ ဆရာမႀကီး ျဖစ္ေနၿပီျဖစ္တဲ့ ကြၽန္မက ရွင့္ညီမေလးကို မကိုင္တြယ္နိုင္စရာ အေၾကာင္း မရွိပါဘူး..
အမွန္တကယ္ပင္ ေ႐ႊေခတ္က ေကာင္မေလးေတြကို ကိုင္တြယ္တဲ့ ေနရာမွာ ဆရာတစ္ဆူ။ အထူးသျဖင့္ အလွအပမက္တတ္ေသာ ေကာင်မလေးမျိုး..။ သူမက အလွအပဆိုင္ရာ ကို ကြၽမ္းက်င္လြန္းေတာ့ ဒီbrandက ေကာင္းတယ္ ဒီႏႈတ္ခမ္းနီက ဘယ္လိုမ်ိဳး ပုံစံထြက္ေစတယ္ ကအစ ရွင္းျပရင္ သူမေနာက္ ကပ္မပါလာတဲ့ ေကာင္မေလးေတြဆို ခပ္ရွားရွားပင္။ ေဝယံရဲ႕ ညီမေလးက ဂုဏ္ေငြရွိ အသိုင္းအဝိုင္းက ဆင္းသက္လာတာမို႔ ထိုအေၾကာင္းေတြ စိတ္ဝင္စားမွာ ဧကန္မလႊဲေပ။
ကိုယ့္ကိုယ္ကို ခ်ီးမႊမ္းခန္း ဖြင့္ေနေသာ သူမကိုကြည့်ပြိီး ေဝယံ မၿပဳံးပဲ မေနနိုင္ေတာ့ေပ။ သူမက ကားေမာင္းထြက္ဖို႔ သတိေပးမွ သူမကို ေငးေနရာက သတိျပန္ကပ္လာ၏။
.........
ေဝယံမွာ ဖုန္းတစ္လုံးႏွင့္ အလုပ္ရႈပ္ေနသလို ထိုေနရာႏွင့္ ဆယ္မိုင္ေလာက္ေဝးေသာ ကားထဲတြင္ အာကာထက္ တစ္ေယာက္လည္း ထိုနည္းတူ ဖုန္းတစ္လုံးႏွင့္ အလုပ္ရႈပ္ေနသည္။ အေၾကာင္းရင္းမွာမူ တစ္ေယာက္ကို တစ္ေယာက္ စစ္ပြဲအတြက္ ရာဇသံပို႔ေနျခင္း ကဲ့သို႔ ႏွစ္ဖက္စလုံးက မိန္းကေလးေတြရဲ႕ အေျခအေနကို ေမးျမန္းျခင္း ျဖစ္သည္။
ေဝယံ.."ၾကဴသင္း အခုဘယ္လိုလဲ
အာကာ.."ခုနက တက်ီက်ီ ဆႏၵျပေနတာ အခုေတာ့ ေလယာဥ္ စီးလာတာ ပင္ပန္းလို႔ ထင္တယ္ အိပ္ေပ်ာ္သြားၿပီ..
ေဝယံ.."ေရာက္ဖို႔ ဘယ္ေလာက္ၾကာေသးလဲ
အာကာ.."နာရီဝက္ထက္ မၾကာေတာ့ဘူး.. ဒါနဲ႕ မရီးဘယ္လိုေနလဲ
ေဝယံ..."ေကာ္ဖီတစ္ခြက္နဲ႕ စာအုပ္တစ္အုပ္ထိုင္ဖတ္ေနတယ္..အေၾကာင္းရင္းသိေနတာတောင် သူမေလာက္ တည္ၿငိမ္နိုင္တဲ့ လူငါမေတြ႕ဖူးေသးဘူး..
အာကာ.."ဟ..ဟား..အဲဒါ မင္းရဲ႕ မိန္းမပဲေလ..
ေဝယံ..."ငါ့ မိန္းမ မွန္းငါသိတယ္ မင္းေျပာစရာကို မလိုဘူး..
..........
25.10.21
Advertisement
- In Serial63 Chapters
Alphas Betrayal
Abandoned by the world, Octavia Johnson is destined to suffer. The pain is fleeting. Momentarily wounding her. But the betrayal. The betrayal is carved so deeply into her memories. Permanently residing in the darkest parts of her mind, never letting her forget the years of torture and abuse That face that is burned into her mind, the face she will never forget. Never forgive. Alpha JudaHis rejection comes as no surprise but what follows will shock her to the core. Will Octavia survive these trials given by the moon goddess herself?Will she finally get her happily ever after?Cover credit [email protected](Check out her work! Fantastic)MATURE AUDIENCE ONLY 18++⚠️⚠️ book has triggers. Mentions rape, abuse, suicide & violence ⚠️⚠️🌶🌶🌶 contains smutty content🌶🌶🌶
8 66266 - In Serial11 Chapters
Angel of Death
This is the story of an Angel of Death that fall for a human.Follow them in their every day life in this really fluffy story with not really any plot... yet! TW: I will talk about death... Lots of types of death. I won't go into lots of details, it won't be gore or anything but I will still mention it. And also mention of anxiety/panic attack. Cover by Peej (@Psyche_jinx on instagram)
8 132 - In Serial44 Chapters
EXPOSED
(Sequel to NAKED)She's a high school graduate and she's heading to college! Camari has already had a rough year, and through the Summer she made it clear that she'll put herself first for now on.Moving in around the corner from Trevor and her brother she will come face to face with the guys that she thought she once knew. Camari wants to forget the past and focus on her new college life. But with Trevor always lurking in the background will she be able to fully get over him?As the past comes back to haunt everyone, their lives is starting to look corrupt in the near future. Relationships form and fall. Friendships bail. Careers fold and hearts get broken.Too many secrets are on their way to getting EXPOSED!Started: February 6th, 2019Ended: June 5th, 2019
8 262 - In Serial37 Chapters
When I'm with you | Wendy x OC
Love journey of Wendy and a very first man who caught her heart. Let see what will happen between an idol who is popular with long time single title and a foreign man who try to win her heart. Will he be her first love or they will end up just friend? Have fun reading. Thanks!With love, HTJ
8 220 - In Serial41 Chapters
The Poems of Light and Edge
Poems written at dark and happy times of life. Some mature and others not. An open book for troubles, and some happiness. I wrote this from my own experiences and mistakes, and I ask you to please learn from this. Do not make the same mistakes. I'm not going to be cheesy and say that it's okay, because it isn't but time heals all wounds. Overtime you'll recollect your self, and it's not going to be prefect, but it'll be better. I love you all 🖤(This is now completed)
8 165 - In Serial37 Chapters
Sugar & Spice
**AVAILABLE ON AMAZON** https://www.amazon.com/dp/B06X9T331Y Crissy Atwood is on the mend after a disastrous break up with her fiance two years ago. It doesn't help that Valentine's Day is right around the corner and she works at a coffee shop, baking sweet treats for couples and trying desperately to ignore the loneliness in the pit of her stomach. When a gorgeous firefighter walks into her life, Crissy soon finds herself falling headfirst into a steamy romance unlike anything she's ever experienced before. **This work contains sexual content. Please read at your own discretion.* All work is property of Charlotte French, any duplication or reproduction of all or part of the work without explicit permission by the author is illegal. © Copyright 2015. Ranked: #54 in Romance, 3-8-17#1 in Bakery, 3-19-19#2 in Firefighter and Steamyromance, 3-19-19#5 in Cosmoreads, 3-19-19#1 in ContemporaryRomance, 4-5-19
8 257

