《Untamed Flower( ပန်းရိုင်း)》အပိုင်း၄၆
Advertisement
အိမွန် ပြောသလို သူတို့ကား လမ်းသုံးခွကို ရောက်တော့ အပြာရောင်ကားလေးတစ်စီး လမ်းဘေးမှာ ထိုးရပ်ထားလျက်..။
"ဟုတ်တယ်..အဲဒါသူမကားပဲ.."
ရွှေခေတ် ေသချာ အကဲဖြတ်ပြီး ဝေယံကိုပြောလိုက်သည်။ ဝေယံ ခေါင်းညိတ်ပြကာ ဘာမှမပြောဘဲ ဟွန်းတီးအချက်ပေးလိုက်၏။
အိမွန် သူမကားအနောက်ဘက်မှ ဟွန်းတီးသံကြားချင်းချင်း နောက်ကြည့်မှန်မှ သေချာစူးစမ်းလိုက်သည်။ ကားမှာ ရွှေခေတ်၏ အဒေါ်ဖြစ်သူကား မဟုတ်။ ဒါဆို သူမ ဘယ်သူနဲ့ အပြင်ထွက်သွားတာလဲ..ဧကန္တ သူ့သတို့သားလောင်းနဲ့များလား...
ကားကို စက်မနှိုးပဲ တံခါးဖွင့်ကာ ဆင်းလာသော အိမွန်ကို တွေ့ပြီး ရွှေခေတ် ကြက်သီးတွေတောင် ထလာသည်။ အရင်လက ဆေးရုံမှာ သူမကို ဝေယံက ဂေးပါလို့ သက်သေနှင့်တကွ ရှင်းပြခဲ့သည် မဟုတ်လား..
အခုကျ ဂေးမဟုတ်ဘဲ သူ့သတို့သားလောင်း ဖြစ်နေတာကို ဘယ်လိုကနေ ဘယ်လိုရှင်းပြရမလဲ သူမတွေဝေနေတုန်းမှာပင်.. ဝေယံဘက်က ကားမှန်တံခါး ခေါက်သံ ကြားရ၏။ ရွှေခေတ်..မဖွင့်နဲ့ လို့ ပြောမယောင်ရှိသေး..။နောက်ကျသွားလေပြီ..မှန်တံခါးမှာ အသင့်ဖွင့်လျက်နှင့်။
အလိုလိုပွင့်လာသော မှန်ပြတင်းထဲကို ငေးနေရင်း မြင်တွေ့နေရသည့် မြင်ကွင်းမှာ အိမွန်ကို သွပ်သွပ်ခါအောင် ရူးစေသည်။ အောင်မလေး...ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးက လမ်းဘေးထိုးရပ်ထားသည့် သူမကားကို ဟွန်းတီးပြီး အချက်ပေးသည် တဲ့လား..။
ဒီအချိန် သူမစိတ်ထဲမှာ သူငယ်ချင်း တိမ်လွှာရွှေခေတ် ကို မေ့သွားပြီ..
"အိမွန်..နင်ဘာလို့ ငါတို့နောက် လိုက်မမောင်းပဲ ကားပေါ်က ဆင်းလာတာလဲ.. ?”
ရွှေခေတ် ကမ္ဘာပျက်မလို ဖြစ်ပျက်နေသော အိမွန်ကို မေးလိုက်သည်။ ရွှေခေတ် အသံကြားတော့ အိမွန် ကိုယ်ကို နှိမ့်ချလိုက်ပြီး အထဲကို ကြည့်တော့ ဝေယံဘေးကပ် ထိုင်ခုံမှာ သူမရဲ့ ရွှေခေတ်လေး...။ ဟဲ့ဟဲ့..ဒါဘာတွေလဲ သူမတစ်ချက်ကလေးမှ နားမလည်နိုင်တော့ပေ။
သူမက ဘာလို့ ဝေယံပိုင် ကားပေါ်မှာ ရှိနေရတာလဲ..?
နောက်ပြီး နှစ်ယောက်စလုံးက ဘာလို့ အရမ်းရင်းနှီးနေသလို ဖြစ်နေရတာလဲ..?
မ..မဟုတ်မှလွှဲ ရွှေခေတ်ရဲ့ ခင်ပွန်းလောင်းက ဝေယံပိုင်လား!!
"ရွှေခေတ်..နင်..နင်တို့က..”
ဝေယံကို လက်ညိုးထိုးပြီး ရွှေခေတ်ဆီ အကြည့်ပို့ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
"မိုးချုပ်နေပြီ..အိမ်အရင် ရောက်အောင် ပြန်ရမယ်..အဖွားတို့ စိတ်ပူနေတော့မှာ အိမ်ရောက်မှ နင်သိချင်သမျှမေး ငါအကုန်ဖြေပေးမယ်..”
သူမပြောသမျှကို နားထောင်ပြီး သူမကို စေ့စေ့ကြည့်နေသော ဝေယံမှာတော့ အပြုံးများစွာနှင့်။
"ရှင်လည်း..မမောင်းသေးပဲ ဘာလုပ်နေတာလဲ..”
"ဟမ်..ေမာင်းပြီ မောင်းပြိီ”
ဘုမသိဘမသိ ကြားခံနေပြီး အအော်တောင် ခံရတော့မယောင်။
"ဟင်....”
အိမွန် ကြောင်ကြောင်အမ်းအမ်းနှင့် သူမကားဆီပြန်သွားပြီး တုန်ယင်နေတဲ့ လက်တွေနဲ့စတီယာကိုကိုင်ကာ အရှေ့က လမ်းပြမောင်းနေသော ကားဖြူလေးနောက် ကပ်မောင်းလာခဲ့ရ၏။
အိမ်ရောက်တော့ အိမ်စေတွေက ကားနောက်ခန်းမှ ပစ္စည်းတွေ သယ်လာဖို့အလုပ်...
"ကျွန်တော် ..ဒါတွေကို ကျွန်တော့် အိမ်ယူပြန်မလို့ ပါ
ဒီမှာ ချလိုက်ရင် နောက်တစ်ခါ ငယ်ရဲ့ ပစ္စည်းတွေ လာသိမ်းတဲ့ချိန် မရှုပ်ရတော့ဘူးပေါ့”
ထိုစကားကြားတော့ အိမ်စေတွေနှင့်အတူ ဒေါ်လေးရွှေနုပါ ပြုံးရယ်ကြသော်လည်း ရွှေခေတ်မှာတော့ မျက်နှာနီရဲကာ နေရထိုင်ရခက်လာသလိုပင်။
သူမ အခုထိကားပေါ်က ဆင်းမလာသေးသော အိမွန်ကို ကားပေါ်ကနေ တကူးတက ဆွဲလာရသည်။ အိမွန်လေးက လိပ်ပြာလွှင့် သွားသော ပုံစံနှင့် စကားတစ်ခွန်းကလေး တောင် မပြောနိုင်။
အိမ်ထဲရောက်တော့ ရွှေခေတ်အဖွားက ဝေယံရဲ့အဘွားနဲ့ အာကာထက် ဟိုတယ်ကို ပြန်သွားပြီဟု ပြော၏။ သူမတို့သာ တစ်နာရီလောက် ပိုမြန်ပြီး ပြန်လာခဲ့ရင် မှီအုံးမယ်လို့ ပြောသဖြင့် ဝေယံက နောက်ကျသွားသည်မှာ ရွှေခေတ် အတွက် ဖိနပ်ဝယ်ပေးရန် သွားကြောင်း ရှင်းပြလေ၏။ ရွှေခေတ် ဝေယံဘက်ကို ကြည့်ပြီး မျက်စောင်းထိုးပြလိုက်သည်။
ဒါတွေ အားလုံး သူ့အမှားတွေ မဟုတ်လား..?
ဘယ်သူက ဆိုင်ထဲဝင်ပြီး တစ်မျိုးပြီး တစ်မျိုး ချွတ်လိုက်စီးလိုက် လုပ်ခိုင်းတာလဲ..?
သူမ မျက်စောင်းကို မြင်တော့ ဝေယံ သူ့အမှားမဟုတ်ကြောင်း ပုခုံးတွန့်ပြလေသည်။ ဒါက သူမကို အဖွားရှေ့မို့ တမင်သက်သက်ရန်လာစနေတာလား?
သူမ ပြန်အာခံ မနိုင်ဘူးဆိုပြီးတော့လေ..
ညဥ့်လည်းနက်လာပြီမို့ အဖွားတို့ကို နှုတ်ဆက်ကာ ဝေယံ ဟိုတယ်သို့ ပြန်လာခဲ့သည်။ မပြန်ခင် ရွှေခေတ်ဘက်လှည့်ပြီး..
"see you tomorrow, ငယ်!”
"ကိုယ်ပြန်ပြီနော်..ဘိုင်း..”
ဟဲ့..သူက ဘယ်လိုဖြစ်နေတာလဲ? အဖွားတို့ ဒေါ်လေးတို့ ရှေ့မှာတောင် မရှောင်တော့ဘူး။ တကယ်ကို အရှက်တရား ပိုပိုပြီး ကင်းမဲ့လာတာပဲ ။
"အိုး..ရွှေလေးတို့က ဘုရားတစ်ခါလေးပဲတူတူသွားရုံနဲ့ ဒီလောက်ထိ ရင်းနှီးသွားကြတာလား..အဒေါ်ဖြင့် ယုံတောင်မယုံနိုင်ဘူး..”
Advertisement
ဒေါ်ရွှေနုက ရွဲ့ကာပြောလေသည်။ ဒါတောင် ကြားထဲမှ အဖွားက ဝင်ပြီးတော့ ထောက်ခံပြန်သည်။
"အဟင့်...အမေလည်း အဲလိုမျိုး တွေးနေတာ ရွှေနုရေ..”
"ဟာ..သမီးမသိတော့ဘူး..အခုသိနေတာက အရမ်းပူနေတာပဲ..ရေသွားချိုးတော့မယ် ပြီးမှ ညစာစားဖို့ ဆင်းလာမယ်..”
ရွှေခေတ် ထိုနုနုရွရွ စကားတွေ နားထဲအဝင်မခံနိုင်တော့။ ဆက်သာ ကြားနေရရင် အယ်ဇိုင်းမား ရောဂါသည် ဖြစ်တော့မည်။
လှေကားပေါ် ပြေးတက်သွားသည့် ရွှေခေတ်ကို မြင်လျှင် ဒေါ်ရွှေနုက
"ရွှေလေး..သမီးသူငယ်ချင်း ကရော..”
"ဟင် အိမွန်မ..သမီးမေ့နေတာ..”
အဒေါ်ပြောမှ အိမွန်ကို သတိရသည်။ ခုနက ဝေယံကြောင့် မျက်နှာပူရပြီး ဆွဲခေါ်လာတဲ့ သူငယ်ချင်းကို မေ့နေမိသည်။ သူမ ဧည့်ခန်းထဲ လှည့်ပတ်ရှာတော့ ပါးစပ်အဟောင်းသားနှင့် ဧည့်ခန်းတံခါးဝမှာ ရပ်နေသော ရွှေသူငယ်ချင်းလေးကို တွေ့လေ၏။ အိမွန်ကြည့်ရတာ အခုထိ လိပ်ပြာလွှင့်ပြီး ပြန်မလာသေးသည့်ပုံ။ စကားတစ်ခွန်းမှ မဟပဲ သူမကို ကြောင်ကြည့်နေသည်။
"ဟဲ့..ကောင်မ နင် သတိလေးဘာလေး ကပ်အုံး အခုအိမ်ရောက်နေပြီ”
အိမွန် ပုခုံးကို ပုတ်ကာသူမ ပြောလိုက်သည်။ ထိုအချိန်မှ..
"ရွှေခေတ်..ခုနက ငါ ငါအိမ်မက်မက်နေတာလားဟင်”
"အိမ်မက်မဟုတ်ဘူး..အဲဒါတကယ့် accurately”
ပြောရင်း အိမွန် ကို သူမအခန်းရှိရာ အိမ်ပေါ်ထပ်သို့ ဆွဲခေါ်လာခဲ့သည်။
ဖြစ်ကြောင်းကုန်စင် တစ်ခွန်းမကျန် ရှင်းပြီး တော့မှ အိမွန်ရဲ့ အခြေအနေမှာ ပိုကောင်းလာသည်။ ဘယ်လောက်ထိ ကောင်းလာလည်းဆိုလျှင်...
"ဟားဟား..အခေတ်မ ငါနင့်နေရာမှာ ဆို လဲသေလောက်တယ်..”
သူမကိုတောင် လှောင်နေနိုင်ပြီ..။
"ဒါဆို..သူတကယ် ဂေးမဟုတ်ဘဲ နင်သူ့ကောင်လေးလို့ ထင်နေတဲ့တစ်ယောက်ကလည်း သူ့ညီမရဲ့ ခင်ပွန်လောင်းပေါ့..ဟ..ဟား”
အိမွန် ရီနေတာကို မရပ်နိုင်တော့။ ဗိုက်ဖိပြီး ကုတင်ပေါ် လှဲချကာ ထင်ရယ်သည်။
"ငါလည်း မနက်ကမှ သိရတာ..သိသိချင်းဆို ခေါင်းပေါက်ထွက်တော့မတတ်ပဲ လှေကားကနေတောင် ပြုတ်ကျတော့မလို နင်သာ ငါ့နေရာမှာဆို သေနေလောက်ပြီ။ ”
အချိန်တော်တော်ကြာ ရှင်းရင်း ရှင်းရင်းနှင့် အိမွန်က ရုတ်တရက်..
"လက်ထပ် ပြီးရင် နင်ဘာဆက် လုပ်မလဲ..ကျောင်းဆက်တက်မလား..နင့်onlineစီးပွားရေးကို ဆက်လုပ်မလား.,”
ရုပ်တည်ကြီးနဲ့ မေးလာသည်မို့ ဤသည် အိမွန် အတည်ပြောကြောင်း သိ၏။
"ငါအခုတော့ ဘာမှမလုပ်နိုင် သေးဘူး..လက်ထပ်ပွဲ ပြီးရင်တော့ အဒေါ်က ကျောင်းဆက်တက်ခိုင်းတယ်..သူ့ကုမ္ပဏီ ရှယ်ယာ တစ်ဝက်လောက်ကိုလည်း ငါ့ကိုပေးထားတာမို့ ငါကျောင်းအားရင် သူ့ကိုကူရမှာထင်တယ်..ငါ့ရဲ့ ကွန်စမတ်တစ် စျေးသည်မလေး ဘဝကိုတော့ ဘာဖြစ်ဖြစ် စွန့်လွှတ်ရမှာပဲ..”
သူမအဒေါ်က အိမ်ထောင်ပြုမည် မဟုတ်တော့သောကြောင့် ထိုစံအိမ်ကြီး အပါအဝင် အမွေအားလုံးကို ဆက်ခံရမည့် သူမှာ သူမတစ်ယောက်တည်းသာရှိ၏။
သူမအမေက သူ့ကို ဒီလိုစည်းစိမ်တွေနဲ့ နေစေချင်ခဲ့တာလား..?
အဒေါ်က ငယ်ရွယ်သေးသည်မို့ ရုံးကိစ္စ အဝဝကို လုပ်နိုင်သေးသည့်အပြင် အရာအားလုံးကို ခွဲခြားစီမံတတ်၏။ သူမမှာမူ ဘွဲ့တောင်မရသေးပေ။ ထို့ကြောင့် သူမ အရာရာကို ေအာက်ခြေက စတင်ချင်ကြောင်း ပြောလျှင် အဒေါ်ဖြစ်သူမှာ မငြင်းနိုင်ခဲ့။
"ရွှေခေတ် နင်တကယ်ကြီး လစ်တာဘောစ့် ဖြစ်လာတော့မှာပေါ့ ဂုဏ်ယူပါတယ်နော် ကောင်မလေး..”
"ငါတကယ် အဲဒီရှယ်ယာတွေကို လက်ခံခဲ့တာလို့ နင်ထင်နေတာလား...ငါက အောက်ခြေက စချင်တယ်ဆိုလို့ အဒေါ့်ဆီက ခွင့်ပြုချက်ရပြီးပြီ..သူက ငါ့ကို ရှယ်ယာမယူရင် တာချီလိတ် နဲ့ ကျိုင်းတုံက ဆိုင်ခွဲတွေကို ထိန်းခိုင်းပြန်တယ်..ဒါကို ငါလည်း လက်မခံနိုင်သေးဘူး..”
ထိုစကားကြား၍ အိမွန်မှာ မျက်လုံးအပြူးသားနှင့်..
"နင်ရူးနေတာတော့ မဟုတ်ဘူးနော် ရွှေခေတ်..တာချီလိတ်နဲ့ ကျိုင်းတုံက နင့်အဒေါ်ရဲ့ shwe poe jewelry က ဆယ်ဆိုင်လောက်ရှိတာ အဲဒါကိုတောင် လက်မခံသေးဘူး ပြောစမ်း နင်ဘာလုပ်ဖို့ တောင်းလိုက်တာလဲ..”
"ငါက ငါ့အစွမ်းအစနဲ့ ကိုယ်တိုင် အလုပ်ရှာချင်တာ.. အဒေါ့်ကို သူတို့ကုမ္ပဏီ လက်အောက်မှာ လုပ်မယ်လို့ ပြောထားတာမို့ ငါ ငါ့ရဲ့ မနှစ်ကရတဲ့ ရောင်းအားအမြင့်ဆုံး ဆုလက်မှတ်ကို သုံးပြီး တာချီလိတ်က အဒေါ့်လက်အောက် ဆိုင်တစ်ဆိုင်မှာ အင်တာဗျူးသွား ဖြေလိုက်ရုံပဲ သူတို့က ဒီလိုမျိုး ဖောက်သည်ကို ကိုင်တွယ်နိုင်စွမ်းကောင်းတဲ့ နတ်သမီးလေးကို လက်လွတ် ခံပါ့မလား...”
အိမွန် သူမကို မျက်စောင်းထိုးကာ..
"အေး..နင်ပဲသိ နင်ပဲတတ် နင်ကြိုက်တာ နင်လုပ် ငါမတားဘူး..အော်..တားပိုင်ခွင့်လည်း မရှိတော့ဘူးလေ..နင့်မှာ suger daddy ကြီး ရှိနေပြီလေ..”
Advertisement
"သူ့အကြောင်း မပြောတော့နဲ့ ငါရေချိူးတော့မယ်..”
စကားနှစ်ခွန်းကို တစ်ဆက်တည်း ပြောသွားသော ရွှေခေတ်က သူမကိုသူမ သတိမထားမိပေမယ့် မှော်ဦးနှောက်နဲ့ အိမွန်မှာတော့ အတွေးတွေ ဟိုဘက်ကမ္ဘာရောက်နေပြီ..။
"အဟမ်း..သူ့အကြောင်းပြောတာနဲ့ ရေချိုးချင်သွားတာလား..”
"နင် ပါးစပ်ပိတ်ပြီး ငြိမ်ထိုင်နေမလား..ငါအခန်းပြင်ထိ ရောက်အောင် ကန်ထုတ်ရမလား တစ်ခုရွေး..”
ပြောရင်းဆိုရင်း ရေချိုးခန်း ထဲဝင်သွားသော ရွှေခေတ်ကို အိမွန် ပါးစပ်ကို လက်နှင့်အုပ်ပြီး ကြည့်နေရုံသာ တတ်နိုင်တော့သည်။
........
24.10.21
"ဟုတ်တယ်..အဲဒါသူမကားပဲ.."
"ရွှေခေတ်..နင်..နင်တို့က..
"ဟမ်..ေမာင်းပြီ မောင်းပြိီ
"ဟင်....
"see you tomorrow, ငယ်!
"ငါအခုတော့ ဘာမှမလုပ်နိုင် သေးဘူး..လက်ထပ်ပွဲ ပြီးရင်တော့ အဒေါ်က ကျောင်းဆက်တက်ခိုင်းတယ်..သူ့ကုမ္ပဏီ ရှယ်ယာ တစ်ဝက်လောက်ကိုလည်း ငါ့ကိုပေးထားတာမို့ ငါကျောင်းအားရင် သူ့ကိုကူရမှာထင်တယ်..ငါ့ရဲ့ ကွန်စမတ်တစ် ဈေးသည်မလေး ဘဝကိုတော့ ဘာဖြစ်ဖြစ် စွန့်လွှတ်ရမှာပဲ..
"သူ့အကြောင်း မပြောတော့နဲ့ ငါရေချိုးတော့မယ်..
........
24.10.21
Advertisement
- In Serial14 Chapters
Regency Romance: The Earl's Obsession (Historical Romance) (COMPLETED)
(COMPLETED)It's 1817 and there is nothing more a woman wants than to marry a rich man and live a life of comfort. But not Nancy Brooks. Having spent half her life helping her mother run her laundry shop and the other half in the local library, Nancy knows what she wants, and it is not a life spent looking for the perfect suitor. Things take a turn when she delivers clothes to one of the schools she always dreamed of attending and ends up saving the day. Lord Andrew Montgomery rules almost every place he sets foot in-one of the perks of being the son of the most powerful duke of the time-and this includes Oxford. Violent and aggressive, he vows to make the life of every student who dares defy him miserable. However, when he targets the new (and first) girl at Oxford, his obsession becomes a little more than just making her life miserable. It began, he would later speculate, with a shout: the simple sound of someone shouting at him-for the first time in his life. It began, she would later speculate, with a catch: the simple movement of strong arms, breaking her fall, catching her midway. But after that, there would come many more events, and ones not too keen on bringing them together. What will they do when a powerful duchess steps in, when it seems every person is working to keep them apart? This is a story of betrayal and love, because they are not so different after all...
8 116 - In Serial35 Chapters
By Chance 《Chanlix》
𝗪𝗵𝗲𝗻 𝗴𝗼𝗼𝗱𝗶𝗲 𝘁𝘄𝗼 𝘀𝗵𝗼𝗲𝘀 𝗙𝗲𝗹𝗶𝘅 𝗮𝗰𝗰𝗶𝗱𝗲𝗻𝘁𝗮𝗹𝗹𝘆 𝗴𝗲𝘁𝘀 𝗱𝗿𝘂𝗻𝗸 𝗮𝗻𝗱 𝗯𝘆 𝗰𝗵𝗮𝗻𝗰𝗲, 𝗲𝗻𝗱𝘀 𝘂𝗽 𝗶𝗻 𝗯𝗮𝗱 𝗯𝗼𝘆 𝗖𝗵𝗮𝗻'𝘀 𝗯𝗲𝗱.《𝐒𝐋𝐈𝐆𝐇𝐓 𝐒𝐌𝐔𝐓 𝐖𝐀𝐑𝐍𝐈𝐍𝐆》
8 166 - In Serial70 Chapters
Stuck with the Male Lead
Daisy gets transmigrated into the novel which she read before her accident. She is transmigrated as the cannon fodder who dies in the mental hospital after her parents death. After coming into the novel the first thing Daisy promised to herself was to make sure to stay away from the male lead at any cost. But can she?Daisy: Damn it ....why is the male lead coming after me. I am not your female lead, okay.Male Lead: If I don't come to you, where can I go? Daisy: Fuck.....I don't want you. Stay away.This is my own book.Highest ranking: #1 in anotherworld #1 in strongfl#2 in comedy#1 in cannonfodder#1 in billionaire #1 in reborn#1 In dreamworld#1 in transmigration#1 in business#1 in strongfemalelead
8 238 - In Serial27 Chapters
The Gang Leader
"What are you doing on my territory?!" He snarled in my face in anger."I don't see your name anywhere" I say looking around.------------------------------------------- Cecilia Adams Was walking down the dark streets of London, after that long, hard shift at Sainsbury's, meeting Reece Dennings was the last thing on her mind. All she wanted was to go home, and sleep. But nooooooo she had to run into the gang leader of one of London's biggest gang. One encounter leads to another.9th in teen fiction (highest rank)BE WARNED THIS BOOK IS REALLY CHEESY!!!!Cover By : LUCIJA1409
8 211 - In Serial45 Chapters
I Dare You
Adelaide Beck dared Tristan Presley to become her best friend in the fifth grade... and he said okay. After a summer of doing nearly everything together, Tristan suddenly becomes distant with her. Adelaide had always guessed that natural causes had drifted them apart and that there wasn't much more she could do to stop it.Then years later in their Junior year of high school, Adelaide and Tristan meet again in detention.The time that they're forced to spend with each other bring the two close once again, but this time Tristan's secrets will no longer be kept in the dark, and Adelaide will begin to wonder if the drift in their friendship wasn't so natural after all... !Warning: this story is mildly mature and will contain cussing, violence, and some other mature content!Trope: enemies to besties to strangers to lovers ;)COVER BY: @meha-kReader reviews: "This was literally the most wholesome book ever... absolutely loved it and finished it in 3 hrs" - RafiaTahrin"so so so great! I enjoyed reading this book so much. Made me happy, sad, laugh, cry, and I just LOVE IT SO MUCH" -NovaWrites00"This was amazing and I'm smiling at 00:22 rn feeling better than ever"-Lady_fishstick "MY MOM JUST ENTERED MY ROOM AND SHE ASKED ME IF I WAS HUNGRY AND I SCREAMED "NO MOM I'M CRYING GET THE FUCK OUT". I'm grounded for the next freaking week..." -imnotoxic
8 190 - In Serial22 Chapters
Broken Together (Dramione)
Everything in her life came crashing down. Ron cheated on her, he ruined her friendship with Harry and the Weasleys, she lost her job, her house, her pride. Draco Malfoy walks down the road and finds a broken, shaky figure. He steps closer and gasped. Hermione Granger lay unconscious.Disclaimer- I don't own the Harry Potter characters, just the plot
8 192