《Untamed Flower( ပန်းရိုင်း)》အပိုင်း၄၀
Advertisement
ဝေယံပိုင်တစ်ယောက် တစ်ခါမှ မဝတ်ဖူးသေးသော ချည်ချောပုဆိုးကို အဘွား၏ ရာဇသံဖြင့် မဝတ်ချင်ဘဲ ဝတ်နေရသည်။
သူတို့မိသားစု ၊အထက်လူကြီးအနည်းငယ်နှင့် နီးစပ်ေသာဆွေမျိုးအနည်းစု တောင်ကြီးကို မနေ့ည သန်းခေါင်ယံလောက် ရောက်လာခဲ့ကြပြီး တောင်ကြိီးရှိ အဆင့်မြင့်ဆုံး ဟိုတယ်တွင် တည်းခိုခဲ့ကြသည်။
ဝတ်ပုံဝတ်နည်းတွေတောင် မသိသော ဝေယံအဖို့ ပုဆိုးက ငရဲလိုပင်။ youtube မှ ပုဆိုးဝတ်ပုံ clipပေါင်း ဆယ်ပုဒ်လောက် ကြည့်နေတာတောင် သူမဝတ်တတ်သေး..။
ဘက်စုံ တော်တဲ့ ငါက ဘာလို့ ဒီပုဆိုးလေးတစ်ထည် ကို ရှုံးနေရတာလဲ?? နားမလည်တော့ဘူး!
"ဒေါက်..ဒေါက်..မင်းအခုထိ မပြီးသေးဘူးလား..ဝေယံ..အဘွားပြောတာ မင်္ဂလာချိန် ကျော်သွားတော့မယ်တဲ့ အခုချက်ချင်း မသွားရင် မမှီတော့ဘူး..မင်း သိပ်ပြင်မနေနဲ့ မင်းက ဘာမှမဝတ်ထားလည်း ခန့်ပြီးသားပါ..မင်းဇနီးလောင်းလေးက အပြစ်မြင်မှာ မဟုတ်ပါဘူး..မြန်မြန်သာထွ်လာခဲ့..”
အာကာထက် အဝတ်လဲခန်း အပြင်ဘက်မှ အော်ခေါ်နေပြီဖြစ်၍ ပုဆိုးကို ချည်ထုံးထားသည့် ပုံစံသာ လုပ်ပြီး ခါးပတ်ကြိုးကို ဆွဲကာ အလျင်အမြန် ချည်လိုက်သည်။
လက်ပတ်နာရီ တစ်မျိူးသာ ဝတ်ပြီး ပကာသနတွေ မဆင်ထားသော်လည်း အာကာထက်ခုန ပြောသလို ဘာမှ မဝတ်ထားလဲ ခန့်တာပဲ(အတွေးမလွန်နဲ့နော်🙂) ဆိုသကဲ့သို့ ခန့်သန့်နေသည်။ မှန်ထောင်ရှည်ကြီး ထဲမှ သူ့ပုံရိပ်ကို ကြည့်ကာအဖြူရောင် တီရှပ်ကော်လံကို သန့်ပြန့်နေအောင် ခေါက်လိုက်သည်။
သူဒီနေ့ သူမကြိုက်ဘူး ဆိုရင်တောင် ပြန်လှည့်လို့ရမှာ မဟုတ်။ သူ့နှလုံးသားကို လိုက်ဖို့ထက် အဘွားစိတ်ချမ်းသာမှုကို သာ ဦးစားပေးလိုက်သည်။ အခုဆို အမေကလည်းအဘွား..အဖေကလည်း အဘွားမို့ သူမသာ တစ်ခုခုဖြစ်သွားရင် သူပဲရင်ကျိုးရမှာမို့..။
ဆယ်စီးခန့် မိန်းလမ်းမကြီးပေါ် ဖြတ်မောင်းလာသည်။ သူတို့ ဖြတ်လာသမျှ နေရာတိုင်း လမ်းပတ်ဝန်းရှိ လူအားလုံး အပြုံးများကို မျက်နှာချိတ်စေသည်။ အတော်ကို ကျက်သရေရှိသော မြင်ကွင်းပင်။ အဘယ်အိမ်က အဘယ်မိန်းကလေးမှာ
ဒီလောက်ကံကောင်းပြီး တင့်တင့်တယ်တယ် လာတောင်းမည့် ခင်ပွန်းလောင်း ရှိနေသလဲ?? လူတိုင်းစိတ်ထဲ တွေးတောနေသည့် အတွေးပင်။
မနက်ခင်း ၇နာရီခန့်မို့ လေ့ကျင့်ခန်းလုပ်နေကြသော ဘယာကြော် ရောင်းနေကြသော အပျိုကြီးမမများမှာ အားကျပြီး သရေကျနေရုံမှတစ်ပါး.. ။
ရှေ့ဆုံးကားတစ်စီးမှာမူ အဖြူရောင်ဖြစ်ပြီး ကားခေါင်းဘက်တွင် ပန်းမျိုးပေါင်း ရာကျော်တစ်ပွင့်စီကို စည်းထားသည့် ပန်းစီးကြီးအား တပ်ထားလေသည်။
ထိုအဖြူရောင်ကားထဲတွင် အဘွား နှင့် သတို့သားလောင်းလေး ဝေယံပိုင်မှာ နောက်ခန်းတွင်ထိုင်ကာ ရှေ့ခန်းမှာမူ အာကာထက်က ဒရိုင်ဘာ လုပ်ပေးနေသည်။ ကျန်ကားများမှာမူ မြို့ရေးနယ်ရေး လူကြီးတစ်ချို့နှင့် ဆွေမျိုးသားချင်း များ စီးလာကြသည်။
ဝေယံပိုင် ကိုယ်တိုင်မောင်းချင်သော်လည်း အဘွားကြီး၏ သတို့သားလောင်း ယာဥ်မမောင်းကောင်း ဟူသော အယူကြီးကို မလွန်ဆန်နိုင်။ နောက်ခန်းတွင် အဖွားနှင့်အတူထိုင်ကာ ငြိမ်နေရသည်။ ဒါတောင်မကသေး သတို့သမီးအိမ်ရောက်ရင် မည်သို့ပြုမူ နေထိုင်ရန် မည်ကဲ့သို့သော ဝါစာစကား ပြောဆိုရန်များကို ခေါင်းတငြိမ့်ငြိမ့်ဖြင့် လေ့လာမှတ်သားနေရသည်။
အာကာထက်မှာတော့ မှန်ပေါ်က လက်ညိုးထိုးတိုင်းရေဖြစ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ခေါင်းတငြိမ့်ငြိမ့်နှင့် အဖွားဖြစ်သူ စကားကို မလွန်ဆန်နိုင်သော ပုံရိပ်ကို မြင်ပြီး ရယ်ချင်စိတ်တွေ မနည်းထိန်းနေရသည်။ ထိုပုံရိပ်ကို ဗီဒီယိုရိုက်ထားပြီး newfeedပေါ်တင်ကာ နင်တို့ရဲ့ အိမ်မက်ထဲက မင်းသားလေးရဲ့ သနားစရာပုံလေးကို လာကြည့်ရှုလှည့်ပါ ကောင်မလေးအပေါင်းတို့.. ဟူ၍ ကြွေးကြော်ချင်နေ၏။
.......
ကုတင်ပေါ် ပွကျဲနေသည့် လက်ဝတ်ရတနာများမှာ ပြည်နယ်တစ်ခုလုံးရှိ မြေယာများအား ဝယ်ယူရန် နိုင်ပေသည်။ တူမလေးဖြစ်သူအား တစ်စုံဖြုတ်ပေးလိုက် တစ်စုံထပ်တပ်ပေးလိုက်နှင့် အလုပ်ရှုပ်နေရှာသော ဒေါ်ရွှေနုကို အခန်းထဲရှိ ဆယ်ယောက်ကျော်သော အလှပြင်အလှဆင် မာမီများ အားလုံး ကြောင်ကြည့်နေကြရသည်။
ကမ္ဘာ့အဆင့်မီ မင်းသမီးကြီးတစ်ဦးမှာ ထိုကဲ့သို့ ဂနာမငြိမ်သည့် အချိန်ရှိနေပါသေးလား ဟူ၍။ နောက်ပြီး ကုတင်ပေါ်ရှိ လက်ဝတ်ရတနာ တစ်စုံမှာ သူတို့တစ်သက်လုံး လစာထက် သာနေသေးသည်။
ဤသည်ကို ကြည့်၍ မှန်ပုံရိပ်ပေါ် မိတ်ကပ်ပါးပါးလေးနှင့်တောင် ရှုမဝသည်ထိ လှပလွန်းသော နတ်မိဖုရားလောင်း လေးအား အားကျမိနေကြသည်။ အဘယ်ဘဝ ကုသိုလ် ကံများ ပါလိမ့်..။
အိမ်စေ တစ်ယောက်က သတို့သားမိသားစု ရောက်လာပြီ ဟုပြောကာ အဖွားမှ ဒေါ်လေးအား ဧည့်သည် လာကြိုဆိုရန် ခေါ်လိုက်ကြောင်း ပြောသည်။
"ဒီကျောက်စိမ်းနဲ့က သမီး ဝတ်စုံနဲ့ ပိုလိုက်တယ်..ဒါပဲ ဝတ်လိုက်တော့နော်.. သတို့သားတွေဘက်ကလည်း ရောက်လာပြီ..တီလေး သွားကူအုံးမယ်..တီလေးကိုယ်တိုင် လာမခေါ်မချင်း အခန်းထဲကနေ မထွက်လာနဲ့နော် နောက်ပြီး သင်ပေးထားတဲ့ စကားပြောပုံ ပြောနည်းတွေ မေ့မသွားနဲ့..သွားပြီနော်..”
"ဟုတ်....”
ဒေါ်လေး ထွက်သွားတော့ သူမပိုပြီးတောင် ရင်ခုန်လာသလိုလို။ သူမ သတို့သားကတော့ အိမ်ရောက်လာပြီ ။ သူက ဘယ်လို ပုံစံမျိုး လဲ..အိမွန်မ ပြောသလို ဗိုက်ပူကြီးနဲ့လား.. မဖြစ်နိုင်ပါဘူး အသက် နှစ်ဆယ့်နှစ်နှစ်လေးကို..ဒါမှမဟုတ်..ဒုက္ခိတ များလား..
Advertisement
နာရီဝက်လောက် ကြာတော့ ဒေါ်လေးဖြစ်သူ ကိုယ်တိုင် လာခေါ်၏။ စိတ်ထဲမှာ တော့ ဘုရားကိုသာ အကြိမ်ကြိမ်တ နေရသည်။
......
ဝေယံပိုင် သူ့ဇနီးလောင်းအိမ် ရောက်ရောက်ချင်း ယဥ်ကျေးမှုအရ လူကြီးတွေ ကို နှုတ်ဆက်ကာ ငြိမ်ငြိမ်လေးထိုင်နေလိုက်သည်။ တစ်ခွန်းမေးမှ တစ်ခွန်းဖြေသည့် အိန္ဒြေရှင်ကြီး အလား.. သူ့ဇနီးလောင်းက ဘယ်လိုဘယ်ပုံ သူစိတ်မဝင်စားချေ။ အဘွားက ပေးစားလို့သာ ညားရသည်မဟုတ်လား..?
သူလက်ပေါ်က နာရီကို ကြည့်လိုက် မျက်စိရှေ့က စားပွဲခင်းစကို ကြည့်လိုက်နှင့် တခြားနေရာသို့ အကြည့်မရွေ့သော သူ့ကို အဘွားစေပါးမှုဖြင့် အာကာထက်က ဖော်ရွေစွာဆက်ဆံရန် သတိပေးရသည်။
ခန်းဝင်ပစ္စည်းများမှာ စားပွဲပေါ်အပြည့် သူ့ကုမ္ပဏီကြီး ထုတ်ရောင်းရင်တောင် ဒီခန်းဝင်ပစ္စည်းလောက် တန်ဖိုးရှိပါ့မလား တွေဝေမိနေသည်။ အဘွားက ဘယ်ကတည်းက ပြင်ဆင်ထားတာလဲ..ခန်းဝင်ပစ္စည်းက ဒီအိမ်က မြေးမလေး အတွက်တော့ သောက်ရေသာသာပင်ဟု သူတွေးလိုက်သည်။ သူမတို့အိမ်၏ ကြီးပွားချမ်းသာမှုမှာ နိုင်ငံရဲ့ ထိပ်တန်း၅ မိသားစုထဲ ပါဝင်နေ၍ကာ ။
လူကြီးတွေ စကားပြောရင်း ပြောရင်းနှင့် အဆင်ပြေပြီး သတို့သမီး ခေါ်ထွက်လာရမည့် အချိန်ရောက်လို့နေပြီ။ သူကတော့ ရင်တောင်မခုန်ပေ။ လက်ထပ်လိုက်ရုံပဲမလား..လို့သာ ခပ်ပေါ့ပေါ့ တွေးလိုက်သေးသည်။
"ဟင်...ဝေယံ..မင်း..မင်းရဲ့ ဟို..ဟိုငယ်..ငယ်လေး လား သူမက!!”
ခေါင်းငုံ့ကာ သတို့သမီး ဆင်းလာသည့် လှေကားကို မကြည့်ဘဲနေနေသော သူ့ကို အာကာထက်က လက်မောင်းတို့ရင်း အထစ်ထစ်အငေါ့ငေါ့ ပြောလေသည်။ သူ ငယ်လေး ဟူသောဝေါဟာရ အာကာထက်ပြောသည်ကို ကြား၍ ချက်ချင်းပင် လှေကားဆီ အကြည့်ချင်းဆုံ စေလိုက်သည်။
သူထပဲ ခုန်ရမလား..?
ဘေးနားမှာ ထိုင်နေသည့် အာကာထက်ကိုပဲ ရင်ခုန်တာရပ်သွားအောင် လည်ပင်း ညစ်သတ်လိုက်ရမလား?
ကျေးဇူးတင်လွန်း၍ အဘွားကို ပြေးဖက်လိုက်ရမလား?
ဒါ အိပ်မက်လား..?
သူ့ သတို့သမီးလောင်းက သူ့ရင်ဘတ်ထဲကို ရာနှုန်းပြည့် နေရာယူထားသော ငယ်..
သူ မြင်မြင်ချင်း ချစ်ရပါသော ငယ်..
သူ မပိုင်ဆိုင်နိုင်တော့ပြီ ထင်ခဲ့သော သူ၏ ငယ် တိမ်လွှာရွှေခေတ် ။
.......
လှေကားပေါ်မှ တီလေးနောက် အမူအရာမပျက် ဆင်းလာရင်း ဧည့်သည်တွေကို လှမ်းကြည့်မိပြီး သူမကို မိုးကြိုးပစ်လိုက် သလိုခံစား ခဲ့ရသည်။
"ရှင်..ခင်ဗျားကြီး...”
............
19.10.21
စေ့စပ်တာက သူတို့အတွဲပါနော်
ဘာလို့ ငါလေးက ရေးနေရင်း ပါးစပ်ဖြဲပီး သွားတွေ စိမရတော့အောင် ပြုံးနေတာလဲ🙁
မဟုတ်ရင် သတို့သမီးက ကိုယ်လိုလို ရင်တွေခုန်တာကလဲ😂
ေဝယံပိုင္တစ္ေယာက္ တစ္ခါမွ မဝတ္ဖူးေသးေသာ ခ်ည္ေခ်ာပုဆိုးကို အဘြား၏ ရာဇသံျဖင့္ မဝတ္ခ်င္ဘဲ ဝတ္ေနရသည္။
သူတို႔မိသားစု ၊အထက္လူႀကီးအနည္းငယ္ႏွင့္ နီးစပ္ေသာဆွေမျိုးအနည်းစု ေတာင္ႀကီးကို မေန႕ည သန္းေခါင္ယံေလာက္ ေရာက္လာခဲ့ၾကၿပီး တောင်ကြိီးရှိ အဆင့္ျမင့္ဆုံး ဟိုတယ္တြင္ တည္းခိုခဲ့ၾကသည္။
ဝတ္ပုံဝတ္နည္းေတြေတာင္ မသိေသာ ေဝယံအဖို႔ ပုဆိုးက ငရဲလိုပင္။ youtube မွ ပုဆိုးဝတ္ပုံ clipေပါင္း ဆယ္ပုဒ္ေလာက္ ၾကည့္ေနတာေတာင္ သူမဝတ္တတ္ေသး..။
ဘက္စုံ ေတာ္တဲ့ ငါက ဘာလို႔ ဒီပုဆိုးေလးတစ္ထည္ ကို ရႈံးေနရတာလဲ?? နားမလည္ေတာ့ဘူး!
"ေဒါက္..ေဒါက္..မင္းအခုထိ မၿပီးေသးဘူးလား..ေဝယံ..အဘြားေျပာတာ မဂၤလာခ်ိန္ ေက်ာ္သြားေတာ့မယ္တဲ့ အခုခ်က္ခ်င္း မသြားရင္ မမွီေတာ့ဘူး..မင္း သိပ္ျပင္မေနနဲ႕ မင္းက ဘာမွမဝတ္ထားလည္း ခန့္ၿပီးသားပါ..မင္းဇနီးေလာင္းေလးက အျပစ္ျမင္မွာ မဟုတ္ပါဘူး..ျမန္ျမန္သာထြ္လာခဲ့..
အာကာထက္ အဝတ္လဲခန္း အျပင္ဘက္မွ ေအာ္ေခၚေနၿပီျဖစ္၍ ပုဆိုးကို ခ်ည္ထုံးထားသည့္ ပုံစံသာ လုပ္ၿပီး ခါးပတ္ႀကိဳးကို ဆြဲကာ အလ်င္အျမန္ ခ်ည္လိုက္သည္။
လက္ပတ္နာရီ တစ္မ်ိဴးသာ ဝတ္ၿပီး ပကာသနေတြ မဆင္ထားေသာ္လည္း အာကာထက္ခုန ေျပာသလို ဘာမွ မဝတ္ထားလဲ ခန့္တာပဲ(အေတြးမလြန္နဲ႕ေနာ္🙂) ဆိုသကဲ့သို႔ ခန့္သန့္ေနသည္။ မွန္ေထာင္ရွည္ႀကီး ထဲမွ သူ႕ပုံရိပ္ကို ၾကည့္ကာအျဖဴေရာင္ တီရွပ္ေကာ္လံကို သန့္ျပန့္ေနေအာင္ ေခါက္လိုက္သည္။
သူဒီေန႕ သူမႀကိဳက္ဘူး ဆိုရင္ေတာင္ ျပန္လွည့္လို႔ရမွာ မဟုတ္။ သူ႕ႏွလုံးသားကို လိုက္ဖို႔ထက္ အဘြားစိတ္ခ်မ္းသာမႈကို သာ ဦးစားေပးလိုက္သည္။ အခုဆို အေမကလည္းအဘြား..အေဖကလည္း အဘြားမို႔ သူမသာ တစ္ခုခုျဖစ္သြားရင္ သူပဲရင္က်ိဳးရမွာမို႔..။
ဆယ္စီးခန့္ မိန္းလမ္းမႀကီးေပၚ ျဖတ္ေမာင္းလာသည္။ သူတို႔ ျဖတ္လာသမွ် ေနရာတိုင္း လမ္းပတ္ဝန္းရွိ လူအားလုံး အၿပဳံးမ်ားကို မ်က္ႏွာခ်ိတ္ေစသည္။ အေတာ္ကို က်က္သေရရွိေသာ ျမင္ကြင္းပင္။ အဘယ္အိမ္က အဘယ္မိန္းကေလးမွာ
ဒီေလာက္ကံေကာင္းၿပီး တင့္တင့္တယ္တယ္ လာေတာင္းမည့္ ခင္ပြန္းေလာင္း ရွိေနသလဲ?? လူတိုင္းစိတ္ထဲ ေတြးေတာေနသည့္ အေတြးပင္။
မနက္ခင္း ၇နာရီခန့်မို့ ေလ့က်င့္ခန္းလုပ္ေနၾကေသာ ဘယာေၾကာ္ ေရာင္းေနၾကေသာ အပ်ိဳႀကီးမမမ်ားမွာ အားက်ၿပီး သေရက်ေန႐ုံမွတစ္ပါး.. ။
Advertisement
ေရွ႕ဆုံးကားတစ္စီးမွာမူ အျဖဴေရာင္ျဖစ္ၿပီး ကားေခါင္းဘက္တြင္ ပန္းမ်ိဳးေပါင္း ရာေက်ာ္တစ္ပြင့္စီကို စည္းထားသည့္ ပန္းစီးႀကီးအား တပ္ထားေလသည္။
ထိုအျဖဴေရာင္ကားထဲတြင္ အဘြား ႏွင့္ သတို႔သားေလာင္းေလး ေဝယံပိုင္မွာ ေနာက္ခန္းတြင္ထိုင္ကာ ေရွ႕ခန္းမွာမူ အာကာထက္က ဒရိုင္ဘာ လုပ္ေပးေနသည္။ က်န္ကားမ်ားမွာမူ ၿမိဳ႕ေရးနယ္ေရး လူႀကီးတစ္ခ်ိဳ႕ႏွင့္ ေဆြမ်ိဳးသားခ်င္း မ်ား စီးလာၾကသည္။
ေဝယံပိုင္ ကိုယ္တိုင္ေမာင္းခ်င္ေသာ္လည္း အဘြားႀကီး၏ သတို႔သားေလာင္း ယာဥ္မေမာင္းေကာင္း ဟူေသာ အယူႀကီးကို မလြန္ဆန္နိုင္။ ေနာက္ခန္းတြင္ အဖြားႏွင့္အတူထိုင္ကာ ၿငိမ္ေနရသည္။ ဒါေတာင္မကေသး သတို႔သမီးအိမ္ေရာက္ရင္ မည္သို႔ျပဳမူ ေနထိုင္ရန္ မည္ကဲ့သို႔ေသာ ဝါစာစကား ေျပာဆိုရန္မ်ားကို ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ ေလ့လာမွတ္သားေနရသည္။
အာကာထက္မွာေတာ့ မွန္ေပၚက လက္ညိုးထိုးတိုင္းေရျဖစ္တဲ့ စီးပြားေရး လုပ္ငန္းရွင္တစ္ေယာက္ ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္ အဖြားျဖစ္သူ စကားကို မလြန္ဆန္နိုင္ေသာ ပုံရိပ္ကို ျမင္ၿပီး ရယ္ခ်င္စိတ္ေတြ မနည္းထိန္းေနရသည္။ ထိုပုံရိပ္ကို ဗီဒီယိုရိုက္ထားၿပီး newfeedေပၚတင္ကာ နင္တို႔ရဲ႕ အိမ္မက္ထဲက မင္းသားေလးရဲ႕ သနားစရာပုံေလးကို လာၾကည့္ရႈလွည့္ပါ ေကာင္မေလးအေပါင္းတို႔.. ဟူ၍ ေႂကြးေၾကာ္ခ်င္ေန၏။
.......
ကုတင္ေပၚ ပြက်ဲေနသည့္ လက္ဝတ္ရတနာမ်ားမွာ ျပည္နယ္တစ္ခုလုံးရွိ ေျမယာမ်ားအား ဝယ္ယူရန္ နိုင္ေပသည္။ တူမေလးျဖစ္သူအား တစ္စုံျဖဳတ္ေပးလိုက္ တစ္စုံထပ္တပ္ေပးလိုက္ႏွင့္ အလုပ္ရႈပ္ေနရွာေသာ ေဒၚေ႐ႊႏုကို အခန္းထဲရွိ ဆယ္ေယာက္ေက်ာ္ေသာ အလွျပင္အလွဆင္ မာမီမ်ား အားလုံး ေၾကာင္ၾကည့္ေနၾကရသည္။
ကမၻာ့အဆင့္မီ မင္းသမီးႀကီးတစ္ဦးမွာ ထိုကဲ့သို႔ ဂနာမၿငိမ္သည့္ အခ်ိန္ရွိေနပါေသးလား ဟူ၍။ ေနာက္ၿပီး ကုတင္ေပၚရွိ လက္ဝတ္ရတနာ တစ္စုံမွာ သူတို႔တစ္သက္လုံး လစာထက္ သာေနေသးသည္။
ဤသည္ကို ၾကည့္၍ မွန္ပုံရိပ္ေပၚ မိတ္ကပ္ပါးပါးေလးႏွင့္ေတာင္ ရႈမဝသည္ထိ လွပလြန္းေသာ နတ္မိဖုရားေလာင္း ေလးအား အားက်မိေနၾကသည္။ အဘယ္ဘဝ ကုသိုလ္ ကံမ်ား ပါလိမ့္..။
အိမ္ေစ တစ္ေယာက္က သတို႔သားမိသားစု ေရာက္လာၿပီ ဟုေျပာကာ အဖြားမွ ေဒၚေလးအား ဧည့္သည္ လာႀကိဳဆိုရန္ ေခၚလိုက္ေၾကာင္း ေျပာသည္။
"ဒီေက်ာက္စိမ္းနဲ႕က သမီး ဝတ္စုံနဲ႕ ပိုလိုက္တယ္..ဒါပဲ ဝတ္လိုက္ေတာ့ေနာ္.. သတို႔သားေတြဘက္ကလည္း ေရာက္လာၿပီ..တီေလး သြားကူအုံးမယ္..တီေလးကိုယ္တိုင္ လာမေခၚမခ်င္း အခန္းထဲကေန မထြက္လာနဲ႕ေနာ္ ေနာက္ၿပီး သင္ေပးထားတဲ့ စကားေျပာပုံ ေျပာနည္းေတြ ေမ့မသြားနဲ႕..သြားၿပီေနာ္..
"ဟုတ္....
ေဒၚေလး ထြက္သြားေတာ့ သူမပိုၿပီးေတာင္ ရင္ခုန္လာသလိုလို။ သူမ သတို႔သားကေတာ့ အိမ္ေရာက္လာၿပီ ။ သူက ဘယ္လို ပုံစံမ်ိဳး လဲ..အိမြန္မ ေျပာသလို ဗိုက္ပူႀကီးနဲ႕လား.. မျဖစ္နိုင္ပါဘူး အသက္ ႏွစ္ဆယ့္ႏွစ္ႏွစ္ေလးကို..ဒါမွမဟုတ္..ဒုကၡိတ မ်ားလား..
နာရီဝက္ေလာက္ ၾကာေတာ့ ေဒၚေလးျဖစ္သူ ကိုယ္တိုင္ လာေခၚ၏။ စိတ္ထဲမွာ ေတာ့ ဘုရားကိုသာ အႀကိမ္ႀကိမ္တ ေနရသည္။
......
ေဝယံပိုင္ သူ႕ဇနီးေလာင္းအိမ္ ေရာက္ေရာက္ခ်င္း ယဥ္ေက်းမႈအရ လူႀကီးေတြ ကို ႏႈတ္ဆက္ကာ ၿငိမ္ၿငိမ္ေလးထိုင္ေနလိုက္သည္။ တစ္ခြန္းေမးမွ တစ္ခြန္းေျဖသည့္ အိႏၵျေရွင္ႀကီး အလား.. သူ႕ဇနီးေလာင္းက ဘယ္လိုဘယ္ပုံ သူစိတ္မဝင္စားေခ်။ အဘြားက ေပးစားလို႔သာ ညားရသည္မဟုတ္လား..?
သူလက္ေပၚက နာရီကို ၾကည့္လိုက္ မ်က္စိေရွ႕က စားပြဲခင္းစကို ၾကည့္လိုက္ႏွင့္ တျခားေနရာသို႔ အၾကည့္မေ႐ြ႕ေသာ သူ႕ကို အဘြားေစပါးမႈျဖင့္ အာကာထက္က ေဖာ္ေ႐ြစြာဆက္ဆံရန္ သတိေပးရသည္။
ခန္းဝင္ပစၥည္းမ်ားမွာ စားပြဲေပၚအျပည့္ သူ႕ကုမၸဏီႀကီး ထုတ္ေရာင္းရင္ေတာင္ ဒီခန္းဝင္ပစၥည္းေလာက္ တန္ဖိုးရွိပါ့မလား ေတြေဝမိေနသည္။ အဘြားက ဘယ္ကတည္းက ျပင္ဆင္ထားတာလဲ..ခန္းဝင္ပစၥည္းက ဒီအိမ္က ေျမးမေလး အတြက္ေတာ့ ေသာက္ေရသာသာပင္ဟု သူေတြးလိုက္သည္။ သူမတို႔အိမ္၏ ႀကီးပြားခ်မ္းသာမႈမွာ နိုင္ငံရဲ႕ ထိပ္တန္း၅ မိသားစုထဲ ပါဝင္ေန၍ကာ ။
လူႀကီးေတြ စကားေျပာရင္း ေျပာရင္းႏွင့္ အဆင္ေျပၿပီး သတို႔သမီး ေခၚထြက္လာရမည့္ အခ်ိန္ေရာက္လို႔ေနၿပီ။ သူကေတာ့ ရင္ေတာင္မခုန္ေပ။ လက္ထပ္လိုက္႐ုံပဲမလား..လို႔သာ ခပ္ေပါ့ေပါ့ ေတြးလိုက္ေသးသည္။
"ဟင္...ေဝယံ..မင္း..မင္းရဲ႕ ဟို..ဟိုငယ္..ငယ္ေလး လား သူမက!!
ေခါင္းငုံ႕ကာ သတို႔သမီး ဆင္းလာသည့္ ေလွကားကို မၾကည့္ဘဲေနေနေသာ သူ႕ကို အာကာထက္က လက္ေမာင္းတို႔ရင္း အထစ္ထစ္အေငါ့ေငါ့ ေျပာေလသည္။ သူ ငယ္ေလး ဟူေသာေဝါဟာရ အာကာထက္ေျပာသည္ကို ၾကား၍ ခ်က္ခ်င္းပင္ ေလွကားဆီ အၾကည့္ခ်င္းဆုံ ေစလိုက္သည္။
သူထပဲ ခုန္ရမလား..?
ေဘးနားမွာ ထိုင္ေနသည့္ အာကာထက္ကိုပဲ ရင္ခုန္တာရပ္သြားေအာင္ လည္ပင္း ညစ္သတ္လိုက္ရမလား?
ေက်းဇူးတင္လြန္း၍ အဘြားကို ေျပးဖက္လိုက္ရမလား?
ဒါ အိပ္မက္လား..?
သူ႕ သတို႔သမီးေလာင္းက သူ႕ရင္ဘတ္ထဲကို ရာႏႈန္းျပည့္ ေနရာယူထားေသာ ငယ္..
သူ ျမင္ျမင္ခ်င္း ခ်စ္ရပါေသာ ငယ္..
သူ မပိုင္ဆိုင္နိုင္ေတာ့ၿပီ ထင္ခဲ့ေသာ သူ၏ ငယ္ တိမ္လႊာေ႐ႊေခတ္ ။
.......
ေလွကားေပၚမွ တီေလးေနာက္ အမူအရာမပ်က္ ဆင္းလာရင္း ဧည့္သည္ေတြကို လွမ္းၾကည့္မိၿပီး သူမကို မိုးႀကိဳးပစ္လိုက္ သလိုခံစား ခဲ့ရသည္။
"ရွင္..ခင္ဗ်ားႀကီး...
............
19.10.21
ေစ့စပ္တာက သူတို႔အတြဲပါေနာ္
ဘာလို႔ ငါေလးက ေရးေနရင္း ပါးစပ္ၿဖဲပီး သြားေတြ စိမရေတာ့ေအာင္ ၿပဳံးေနတာလဲ🙁
မဟုတ္ရင္ သတို႔သမီးက ကိုယ္လိုလို ရင္ေတြခုန္တာကလဲ😂
Advertisement
- In Serial45 Chapters
Rabh Ne Banade Jodi✔️ completed
Rabh has made the jodi of:Dr. Kabir Singh Romana who is a handsome dentist and a billionaire business man. He has everything you name - wealth, fame, fortune, luck, looks.However he lacks love,Craves affection and wants careTo change that comes in Sahiba Kaur Khurana a preety, soft woman dispite being a billionaire's daughter and the apple of eye of the whole family she is down to earth. A preschool teacher by profession, she loves teaching kids and is full of care affection and love but has insecurities due to her past... Let us how this jodi made in heaven by RABH works out?!?!!?!
8 169 - In Serial42 Chapters
In Your Dreams
•Completed• Claire Fields has dreams and visions about a boy and a life that she's never had. Because of her delusions, she is put in a mental institution. Things begin to get strange when she finally escapes to find herself surrounded by vampires, and one of them is the boy from her dreams.• "I can't help it. It's in my nature," he replied simply and gave me a wink. Tristan was suddenly in front of me, and as I stumbled back in surprise, his strong arms held me steady. His eyes locked with mine as he stalked closer and stopped just a couple of inches away."Just like being alluring, a predator..." He slowly closed the distance between us until his hot breath fanned against my face. Goosebumps covered my pale skin, sending a shiver down my spine. His beautiful, aqua eyes bore into mine with such intensity, I felt as if I would melt in his arms. "...and undeniably sexy." •Highest ranking: #1 in Vampire•All rights reserved. This work is the intellectual property of _haileyyk/Hailey Kelly. It may not be copied in any form.•
8 324 - In Serial8 Chapters
Healing
"It's okay Sophie, I'm not going to hurt you sweetheart" Josh whispers in my ear as he holds me to his chest stroking my hair. I wish I could get over this annoying nervousness surrounding Josh's job. I've been with him a month. I should be used to seeing him in scrubs when he picks me up on the way home from work. But I just cant do it.Sophie is a pretty quiet freshmen at Penn State studying to be a criminologist. One morning she literally runs into Josh Miller, a hot doctor stood outside her dorm building. Will his gentle nature and soft touches help her overcome her nervousness surrounding the medical field or will she be scared forever and push the kind doctor away?
8 153 - In Serial29 Chapters
The Midgard Serpent (Halfdan the Black x OC)
The gods said she would never be able to love unless she gave up her passion to fight. But what happens when a vicious Vikings is able to make her give it up and at the same time break his cold heart? This is the story of Alca the Midgard Serpent.Note* I do not own any of these characters, except for the ones I created. Some places and people are made up.
8 235 - In Serial40 Chapters
Hermaphrodite: Two Bodies (Lesbian Stories) [Major Editing]
Updated every Two Days. I was bullied. Everyone thinks I'm a species that no one wants to have. Known for having two genetalia in one body whose hormones keep fighting who will dominant mine when I reached 18 years of my existence. No one wants me. No one wants to be near me. Everyone thinks I'm a monster especially my own father but, one day, a girl changed my life and turned me into a human again. But its not easy as it seems.Life is complicated. Mine is worser than what everyone has.This is my story, I, Julian Mitchell.I am Hermaphrodite.(semi-nonfiction/fiction)All rights Reserved iloveshin22
8 100 - In Serial29 Chapters
Sandton Bay ~ City Of Deadly Sins.
BOOK 1. SECRETS OF THE BAY.Saint Drake was happy, he was poor, begged for food and clothes, but he was happy, even though the wolves who were part of the pack never looked at him or his family with a second glance, he was happy because he had a constant, his family then his mate, the alpha's son.Life takes a turn for the worst when Saint finally realizes he can never have his mate's love and that the same mate wanted him dead. To have peace in chaos one must die and Saint did, ~or so his killers think, the Bay has its secrets.
8 231

