《Untamed Flower( ပန်းရိုင်း)》အပိုင်း၃၆
Advertisement
အိမ်ကြီးမှာ လေးထပ်တိုက်ဖြစ်ပြီး အဖြူရောင်စွတ်စွတ်ကြီးဖြင့် ခမ်းနားလှပလွန်းသည်။ သူမ အိမ်ထဲသို့ တုံ့ဆိုင်းမှုများစွာဖြင့် ဝင်လာခဲ့၏။ ကားဂိုဒေါင်တွင် ကားသိမ်းပြီး ပြန်လာသော အဒေါ် ရွှေနုမှာ သူမ အိမ်ထဲသို့ နှေးကွေးစွာ ဝင်သွားနေသည်ကို တွေ့ပြီး ခေါင်းခါရမ်းကာ..
"ဘာတွေချီတုံချတုံ ဖြစ်နေတာလဲ ရွှေလေး..ဒီအိမ်က သူစိမ်းအိမ်လည်းမဟုတ်သလို သမီးရဲ့အိမ်ပါပဲနော်..”
ပြောရင်းဆိုရင်း သူမလက်ကိုဆွဲကာ အိမ်ထဲသို့ သူမအား ခေါ်ဆောင်သွားလေ၏။
ရွှေဝါရောင် မီးပန်းများအောက် ကျက်သရေရှိလှသော ဧည့်ခန်းမကြီးတွင် အဖွားတစ်ယောက် ဆိုဖာပေါ် မထိုင်ဘဲ ဝှီးချဲ ပေါ် ထိုင်နေလေပြီး သူမတို့ ဝင်ရောက်လာမည့် တံခါးပေါက်ဆီကို ခေါင်းမျှော်နေလေသည်။ သူမဘေးတွင် အစေခံ တစ်ယောက်ကမူ သူမအား နှိပ်နယ်ပေးနေ၏။
"ဖွားဖွား..”
ရွှေခေတ် အပြေးသွားကာ အဖွားဖြစ်သူအား လွှားဖက်လိုက်သည်။ အဖွားဖြစ်သူ၏ ဖြူဖတ်ဖြူရော် ပုံစံမှာ သူမအမေ နာမကျန်းဖြစ်တုန်းကို သတိရသွားစေ၏။ အလိုလိုနေရင်း သူစိမ်းတွေရှေ့ လုံးဝမျက်ရည်မကျသည့် သူမမှာ အဖွား၏ပုခုံးများ စိုစွတ်သည်အထိတောင် ငိုချနေသည်။ အဖွားက သူမ၏ ခေါင်းကို လက်တစ်ဖက်နှင့် ပွတ်သတ်ပေးပြီး..
"ဘာလို့ငိုနေတာလဲ..ရွှေလေး..အဖွားကိုပြော..ဘာဖြစ်လို့လဲဟင်..”
တုန်တုန်ရီရီ အသက်ရှစ်ဆယ်ကျော် အမျိုးသမီးကြီး၏ အသံက သူမကို ပိုပြီးတော့တောင် ဝမ်းနည်းစိတ်ဝင်လာစေသည်။ သူမ အဖွားနှင့် ဖက်ထားရာကို ခွာလိုက်ပြီး အဖွား၏ မျက်ဝန်းတွေနှင့် အကြည့်ချင်းဆုံလိုက်သည်။ ထိုမျက်ဝန်းများမှာ ချစ်ခင်မှု၊ ဂရုဏာသက်မှုနှင့် ငါးရာနှစ်ဆယ့်ရှစ် သော မေတ္တာများ လွှမ်းမိုးထားလျက်။
"ဖွား..ဘာမှမဖြစ်ရဘူးနော်..သမီး ဖွားနားမှာ အမြဲနေပေးမယ်..သမီးနဲ့ ဒေါ်လေးကို ထားမသွားရဘူးနော်..!”
မြေးမလေး ဖြစ်သူ၏ စကားကြောင့် အခြေအနေနှင့် သူမလေး ငိုနေရသည့် အကြောင်းကို ဖွားဖွားရွှေက ရိပ်မိသွားသည်။ သူမ သမီးဘက်လှည့်ပြီး..
"ဟဲ့..ရွှေနု..ညည်းးး..ငါ့မြေးမလေးကို ဘာတွေပြောထားတာလဲ..ရှင်းစမ်း..”
ဆိုဖာပေါ် အကယ်ဒမီဆုရှင် မင်းသမီးကြီးလို့ မထင်ရအောင် ပုံပျက်ပန်းပျက်လှဲနေသည့် အဒေါ်ဖြစ်သူမှာ ဘာမှမသိသလို မျက်နှာထားဖြင့် စားပွဲပေါ် တင်ထားသည့် ပန်းသီးကို ကောက်ယူပြီး ကိုက်စားလိုက်သည်။ သူမပုံစံ မှာ ငါဘာမှမသိဘူးနော် ဆိုသည့် မျက်နှာမျိုး..။
"ဟဲ့..နင့်ရဲ့ အိုဗာအိုက်တင်တွေ ထုတ်သုံးပြန်ပြီမို့လား ရွှေနု”
"ဖွားဖွား..ဘာကိုဆိုလိုတာလဲဟင်..”
ရွှေခေတ်က ဘာဖြစ်နေသည်ကို မသိ၍ မေးလိုက်သည်။ ထိုအချိန်မှ ဒေါ်လေးဖြစ်သူမှာ အပေါ်ဝတ်ဂျာကင်ကို ချွတ်ပြီး တခြားလူထိုင်မနေသည့် ဆိုဖာပေါ် ပစ်တင်ကာ..
"အမေ..အမေသမီးကို ဒီလိုအော်နေရမယ့် အချိန် မဟုတ်ဘူးနော်..သမီးသာ အိုက်တင်တွေ ထုတ်မသုံးခဲ့ရင် အမေ့မြေးမလေး ကလိုက်လာမယ်လို့ ထင်နေတာလား?
အိမ်ထဲကို ချေခြလိုက်တာတောင် မကြိုဆိုဘဲ မောင်းထုတ်ပစ်တာ.. သူစိမ်းတွေကို လက်မခံဘူးတဲ့ သမီးက သူ့အဒေါ်အရင်းခေါက်ခေါက်ကြီးနော်.. ရုပ်ကသာ မမရွှေဥနဲ့ မတူတာ အကျင့်က တစ်ပုံစံတည်းပဲ ဟွန့် ”
သူမလှည့်စားခံရမှန်းသိသွား၍ ရွှေခေတ် မျက်မှောင်ကြုတ်လိုက်ပြီး ဒေါ်လေးဖြစ်သူအား စူးစူးရဲရဲကြည့်လိုက်သည်။ အဖွားရှေ့ ထိုင်နေရာမှ ထလိုက်ပြီး
"ဒေါ်လေး ဘာလို့ သမီးကို လိမ်လိုက်တာလဲ?..သမီး လိမ်တတ်တဲ့လူကို အရမ်းမုန်းတယ်ဆိုတာ မသိလို့လား?”
သူမအိမ်မှာသာဆိုရင် သူမဒေါ်လေးကို ခေါင်းအစခြေအဆုံး တစ်လုံးမကျန် ရှိသမျှဒေါသတွေ ပေါက်ထွက်လိုက်မိပြီ။ အခု အဖွားအိမ်တွင်ရှိနေတာကတစ်ကြောင်း၊ အဖွားရှေ့တွင် ရှိနေသည်က တစ်ကြောင်းမို့ အံကြိတ်ရင်း ထိုကဲ့သို့သာ ပြောလိုက်သည်။ သူမအကျင့်က သူမအမေနှင့် တူနေတာကို သိရင် လိမ်တာမကြိုက်မှန်း အဒေါ်က သိသင့်တယ် မဟုတ်လား..??
"အမေ..သမီးက အမေ့ဆီရောက်အောင် ခေါ်လာပေးပြီမို့ တာဝန်ကျေပြီ..ကျန်တာအမေကိုယ်တိုင်ရှင်းလိုက်တော့ တစ်နေ့နဲ့ တစ်ညလုံး သရုပ်ဆောင်လာရတာ ပင်ပန်းပြီး သေတော့မယ် ”
ပြောရင်းဆိုရင်း ဂျာကင်အင်္ကျီကို ဆွဲယူကာ ကြွေပြားခင်းထားသည့် လှေကားပေါ် မှတစ်ဆင့် အိမ်ပေါ်တက်သွားသည်။
"ဖွားဖွား..ဘာတွေ ဖြစ်နေတာလဲ ပြီးတော့ သမီးကို ဘာလုပ်မလို့လဲဟင်”
သူမစကားကြားတော့ အဖွားဖြစ်သူက ဝှီးချဲကို သူမဆီ ကိုယ်တိုင် ရွှေ့လာလိုက်ပြီး မတ်တပ်ရပ်နေသည့် သူမလက်ကို ဆွဲကာ အဖွားရဲ့ နူးညံ့ပြီး တွန့်နေတဲ့ လက်ဖဝါးတွေနှင့် ဆုပ်ကိုင်လိုက်သည်။
"သမီးရွှေလေးရေ..ဖွားက သမီးကို ခေါ်လိုက်တာ သမီးအမေ မဆုံးခင်က တောင်းဆိုချက် တစ်ချို့ကို ကောင်အထည်ဖော်ပေးဖို့ပါ.. သူမမဆုံးခင် အဖွားကို
မဖြစ်မနေ ဆောင်ရွက်ပေးပါလို့ အမြဲဖုန်းဆက်ပြီးပြောတယ် သူမကိုယ်တိုင် မလာရင်တောင်ပေါ့.. သူမက သမီးကို သိပ်စိုးရိမ်ရှာတာ..သူမဆုံးပြီး ဖွားဖွားနဲ့ သမီးရဲ့တီလေးက သမီးကို ဒီအိမ်ပေါ် ချက်ချင်းခေါ်လာမလို့ပဲ ဒါပေမယ့် သူမက သမီး အသက်နှစ်ဆယ်မပြည့်မချင်း လွတ်လပ်ခွင့်ပေးထားပြီး သူမကို အဝေးကနေ စောင့်ရှောက်ပေးပါလို့ ပြောထားတယ် ဖွားတို့ကလည်း မတတ်နိုင် တော့ဘူးပေါ့ကွယ်..ထားလိုက်တော့ အခု သမီးအတွက် အခန်းပြင်ထားပြီးပြီ ခနနေ ညစာ တူတူစားရင်း ဖွားဖွား အားလုံးကို ရှင်းပြပေးမယ် ဟုတ်ပြီနော် ရေချိုးခေါင်းလျှော် လိုက်ဦးနော် သမီးလေး..ဖွားဖွားရဲ့ ချစ်မဝလေး... မွ..”
Advertisement
သူမပါးကို မွှေးကြူလိုက်သည်။
သူမ အမေက သူမကို စောင့်ရှောက်ပေးဖို့ အဖွားကို မှာထားခဲ့သည် တဲ့လား?
ဒါကြောင့်မို့ သူမအမေ မဆုံးခင် ညတိုင်းလိုလို ဘယ်သူနဲ့မသိ တိုးတိုးတိတ်တိတ်ဖုန်းပြောနေကြတာ ဧကန္တ အဖွားနဲ့များလား?
ထို့ကြောင့်သူမ အဖွားကို ရန်မတိုက်တော့ဘဲ ငြိမ်ငြိမ်လေးသာ ရပ်နေတော့သည်။ အဖွားမှာ ထိုသို့ ပြောပြီးကာ အစေခံတစ်ယောက်ကို သူမအား အခန်းဆီ ခေါ်ဆောင်သွားစေသည်။ ရွှေခေတ်လည်း ကြောင်တောင်တောင်နှင့်သာ အစေခံနောက် လိုက်လာခဲ့ရ၏။
"မမလေး..ဒီအခန်းပါရှင် အခန်းထဲ အိပ်ရာဘေးမှာ ဘဲလ် ခလုတ်လေးရှိတယ် တစ်ခုခုလိုအပ်တာရှိရင် အဲဒီ ဘဲလ်ကိုနှိပ်လိုက်ပါ ကျွန်မတို့ ချက်ချင်း အရောက်လာပါ့မယ်ရှင့်”
သူမ ခေါင်းကိုသာ ငြိမ့်ပြလိုက်သည်။ သူမ အခန်းထဲဝင် ပြီးတံခါးပိတ်ကာ မှောင်ရီနေသည့် အခန်းအား အလင်းရောင်ရဖို့ တံခါးဘေးက မီးခလုတ်ကို ဖွင့်လိုက်သည်။ မီးရောင်ထွက်လာပြီး အခန်းထဲမှ ရှိသမျှအရာအားလုံးမှာ သူမအား မှင်သေစေပြီး လက်ပေါ် ဆွဲထားသည့် လက်ကိုင်အိတ်လေးတောင် အောက်သို့ လွှတ်ကျသွားသည်အထိ။
ခန်းဆီးပါမကျန် အခန်းထဲစီး ဖိနပ်ပါး အဆုံး အကုန်လုံးက အပန်းရောင်တွေချည်းပင် !!!
ကုတင် စောင်ခေါင်းအုံး မှန်တင်ခုံ ဘီဒို ရှိသမျှ အဲဗရီးသင်း က pink colour တွေချည်းမို့ သူမ ပျို့တက်ချင်သည်အထိ။ အပန်းရောင် က မိန်းကလေး ဆန်သည်မို့ အဖွားက သူမကြိုက်မည်ထင်ပြီး ပြင်ပေးထားမှန်း သူမခန့်မှန်းလိုက်သည်။ သို့သော် အပန်းရောင် မကြိုက်သော သူမအတွက်မှာမူ အလွန်ပင် ဝမ်းနည်းစရာ ကောင်းလှ၏။
သူမ ထိုသို့တွေးနေစဥ် တစ်ခုခုကို သတိရမိပြီး အဝတ်ဗီဒိုဆီ လျှောက်လာပြီး ဗီဒိုကို ဆွဲဖွင့်လိုက်တော့..
"ကျစ်..တကယ်ပါပဲ၊ ငါခန့်မှန်းတာမမှားဘူး”
အထဲဝတ်ရော အပြင်ခံပါ အကုန်လုံးက အပန်းနဲ့ အဖြူရောထားတာတွေချည်း။ အကုန်လုံးနီးပါးက အပန်းးးးးးး။ သူမ နဖူးပြင်ကို လက်ဖဝါးနှင့် ရိုက်ထည့်လိုက်ပြီး ကုတင်ပေါ် စိတ်ပျက်စွာ ပက်လက်လှဲချလိုက်သည်။
ကုတင်ပေါ်မှ ဟိုဟိုဒီဒီကြည့်ပြီး ခလုတ်တစ်ခုကို မြင်လျှင် စူးစမ်းချင်စိတ်ကထိန်းမရ။ နှိပ်လိုက်ရင် သူတို့က လာမှာလားလို့ တွေးနေသော်လည်း လက်က နှိပ်ပြီးနေပြီ။
(သာသာအတိုင်းပဲ😂)
တစ်မိနစ်တောင် မကြာလိုက် တံခါးခေါက်သံ ကြား၏။
..........
17.10.21
ရှည်ပေးထားလို့ စိတ်ဆိုးသွားလား
ကျေးဇူးမတင်နဲ့ ရတယ် ရတယ်😙
အိမ္ႀကီးမွာ ေလးထပ္တိုက္ျဖစ္ၿပီး အျဖဴေရာင္စြတ္စြတ္ႀကီးျဖင့္ ခမ္းနားလွပလြန္းသည္။ သူမ အိမ္ထဲသို႔ တုံ႕ဆိုင္းမႈမ်ားစြာျဖင့္ ဝင္လာခဲ့၏။ ကားဂိုေဒါင္တြင္ ကားသိမ္းၿပီး ျပန္လာေသာ အေဒၚ ေ႐ႊႏုမွာ သူမ အိမ္ထဲသို႔ ႏွေးေကြးစြာ ဝင္သြားေနသည္ကို ေတြ႕ၿပီး ေခါင္းခါရမ္းကာ..
"ဘာေတြခ်ီတုံခ်တဳံ ျဖစ္ေနတာလဲ ေ႐ႊေလး..ဒီအိမ္က သူစိမ္းအိမ္လည္းမဟုတ္သလို သမီးရဲ႕အိမ္ပါပဲေနာ္..
ေျပာရင္းဆိုရင္း သူမလက္ကိုဆြဲကာ အိမ္ထဲသို႔ သူမအား ေခၚေဆာင္သြားေလ၏။
ေ႐ႊဝါေရာင္ မီးပန္းမ်ားေအာက္ က်က္သေရရွိလွေသာ ဧည့္ခန္းမႀကီးတြင္ အဖြားတစ္ေယာက္ ဆိုဖာေပၚ မထိုင္ဘဲ ဝွီးခ်ဲ ေပၚ ထိုင္ေနေလၿပီး သူမတို႔ ဝင္ေရာက္လာမည့္ တံခါးေပါက္ဆီကို ေခါင္းေမွ်ာ္ေနေလသည္။ သူမေဘးတြင္ အေစခံ တစ္ေယာက္ကမူ သူမအား ႏွိပ္နယ္ေပးေန၏။
"ဖြားဖြား..
ေ႐ႊေခတ္ အေျပးသြားကာ အဖြားျဖစ္သူအား လႊားဖက္လိုက္သည္။ အဖြားျဖစ္သူ၏ ျဖဴဖတ္ျဖဴေရာ္ ပုံစံမွာ သူမအေမ နာမက်န္းျဖစ္တုန္းကို သတိရသြားေစ၏။ အလိုလိုေနရင္း သူစိမ္းေတြေရွ႕ လုံးဝမ်က္ရည္မက်သည့္ သူမမွာ အဖြား၏ပုခုံးမ်ား စိုစြတ္သည္အထိေတာင္ ငိုခ်ေနသည္။ အဖြားက သူမ၏ ေခါင္းကို လက္တစ္ဖက္ႏွင့္ ပြတ္သတ္ေပးၿပီး..
"ဘာလို႔ငိုေနတာလဲ..ေ႐ႊေလး..အဖြားကိုေျပာ..ဘာျဖစ္လို႔လဲဟင္..
တုန္တုန္ရီရီ အသက္ရွစ္ဆယ္ေက်ာ္ အမ်ိဳးသမီးႀကီး၏ အသံက သူမကို ပိုၿပီးေတာ့ေတာင္ ဝမ္းနည္းစိတ္ဝင္လာေစသည္။ သူမ အဖြားႏွင့္ ဖက္ထားရာကို ခြာလိုက္ၿပီး အဖြား၏ မ်က္ဝန္းေတြႏွင့္ အၾကည့္ခ်င္းဆုံလိုက္သည္။ ထိုမ်က္ဝန္းမ်ားမွာ ခ်စ္ခင္မႈ၊ ဂ႐ုဏာသက္မႈႏွင့္ ငါးရာႏွစ္ဆယ့္ရွစ္ ေသာ ေမတၱာမ်ား လႊမ္းမိုးထားလ်က္။
"ဖြား..ဘာမွမျဖစ္ရဘူးေနာ္..သမီး ဖြားနားမွာ အၿမဲေနေပးမယ္..သမီးနဲ႕ ေဒၚေလးကို ထားမသြားရဘူးေနာ္..!
ေျမးမေလး ျဖစ္သူ၏ စကားေၾကာင့္ အေျခအေနႏွင့္ သူမေလး ငိုေနရသည့္ အေၾကာင္းကို ဖြားဖြားေ႐ႊက ရိပ္မိသြားသည္။ သူမ သမီးဘက္လွည့္ၿပီး..
"ဟဲ့..ေ႐ႊႏု..ညည္းးး..ငါ့ေျမးမေလးကို ဘာေတြေျပာထားတာလဲ..ရွင္းစမ္း..
ဆိုဖာေပၚ အကယ္ဒမီဆုရွင္ မင္းသမီးႀကီးလို႔ မထင္ရေအာင္ ပုံပ်က္ပန္းပ်က္လွဲေနသည့္ အေဒၚျဖစ္သူမွာ ဘာမွမသိသလို မ်က္ႏွာထားျဖင့္ စားပြဲေပၚ တင္ထားသည့္ ပန္းသီးကို ေကာက္ယူၿပီး ကိုက္စားလိုက္သည္။ သူမပုံစံ မွာ ငါဘာမွမသိဘူးေနာ္ ဆိုသည့္ မ်က္ႏွာမ်ိဳး..။
"ဟဲ့..နင့္ရဲ႕ အိုဗာအိုက္တင္ေတြ ထုတ္သုံးျပန္ၿပီမို႔လား ေ႐ႊႏု
"ဖြားဖြား..ဘာကိုဆိုလိုတာလဲဟင္..
ေ႐ႊေခတ္က ဘာျဖစ္ေနသည္ကို မသိ၍ ေမးလိုက္သည္။ ထိုအခ်ိန္မွ ေဒၚေလးျဖစ္သူမွာ အေပၚဝတ္ဂ်ာကင္ကို ခြၽတ္ၿပီး တျခားလူထိုင္မေနသည့္ ဆိုဖာေပၚ ပစ္တင္ကာ..
Advertisement
"အေမ..အေမသမီးကို ဒီလိုေအာ္ေနရမယ့္ အခ်ိန္ မဟုတ္ဘူးေနာ္..သမီးသာ အိုက္တင္ေတြ ထုတ္မသုံးခဲ့ရင္ အေမ့ေျမးမေလး ကလိုက္လာမယ္လို႔ ထင္ေနတာလား?
အိမ္ထဲကို ေခ်ျခလိုက္တာေတာင္ မႀကိဳဆိုဘဲ ေမာင္းထုတ္ပစ္တာ.. သူစိမ္းေတြကို လက္မခံဘူးတဲ့ သမီးက သူ႕အေဒၚအရင္းေခါက္ေခါက္ႀကီးေနာ္.. ႐ုပ္ကသာ မမေ႐ႊဥနဲ႕ မတူတာ အက်င့္က တစ္ပုံစံတည္းပဲ ဟြန့္
သူမလွည့္စားခံရမွန္းသိသြား၍ ေ႐ႊေခတ္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ေဒၚေလးျဖစ္သူအား စူးစူးရဲရဲၾကည့္လိုက္သည္။ အဖြားေရွ႕ ထိုင္ေနရာမွ ထလိုက္ၿပီး
"ေဒၚေလး ဘာလို႔ သမီးကို လိမ္လိုက္တာလဲ?..သမီး လိမ္တတ္တဲ့လူကို အရမ္းမုန္းတယ္ဆိုတာ မသိလို႔လား?
သူမအိမ္မွာသာဆိုရင္ သူမေဒၚေလးကို ေခါင္းအစေျခအဆုံး တစ္လုံးမက်န္ ရွိသမွ်ေဒါသေတြ ေပါက္ထြက္လိုက္မိၿပီ။ အခု အဖြားအိမ္တြင္ရွိေနတာကတစ္ေၾကာင္း၊ အဖြားေရွ႕တြင္ ရွိေနသည္က တစ္ေၾကာင္းမို႔ အံႀကိတ္ရင္း ထိုကဲ့သို႔သာ ေျပာလိုက္သည္။ သူမအက်င့္က သူမအေမႏွင့္ တူေနတာကို သိရင္ လိမ္တာမႀကိဳက္မွန္း အေဒၚက သိသင့္တယ္ မဟုတ္လား..??
"အေမ..သမီးက အေမ့ဆီေရာက္ေအာင္ ေခၚလာေပးၿပီမို႔ တာဝန္ေက်ၿပီ..က်န္တာအေမကိုယ္တိုင္ရွင္းလိုက္ေတာ့ တစ္ေန႕နဲ႕ တစ္ညလုံး သ႐ုပ္ေဆာင္လာရတာ ပင္ပန္းၿပီး ေသေတာ့မယ္
ေျပာရင္းဆိုရင္း ဂ်ာကင္အကၤ်ီကို ဆြဲယူကာ ေႂကြျပားခင္းထားသည့္ ေလွကားေပၚ မွတစ္ဆင့္ အိမ္ေပၚတက္သြားသည္။
"ဖြားဖြား..ဘာေတြ ျဖစ္ေနတာလဲ ၿပီးေတာ့ သမီးကို ဘာလုပ္မလို႔လဲဟင္
သူမစကားၾကားေတာ့ အဖြားျဖစ္သူက ဝွီးခ်ဲကို သူမဆီ ကိုယ္တိုင္ ေ႐ႊ႕လာလိုက္ၿပီး မတ္တပ္ရပ္ေနသည့္ သူမလက္ကို ဆြဲကာ အဖြားရဲ႕ ႏူးညံ့ၿပီး တြန့္ေနတဲ့ လက္ဖဝါးေတြႏွင့္ ဆုပ္ကိုင္လိုက္သည္။
"သမီးေ႐ႊေလးေရ..ဖြားက သမီးကို ေခၚလိုက္တာ သမီးအေမ မဆုံးခင္က ေတာင္းဆိုခ်က္ တစ္ခ်ိဳ႕ကို ေကာင္အထည္ေဖာ္ေပးဖို႔ပါ.. သူမမဆုံးခင္ အဖြားကို
မျဖစ္မေန ေဆာင္႐ြက္ေပးပါလို႔ အၿမဲဖုန္းဆက္ၿပီးေျပာတယ္ သူမကိုယ္တိုင္ မလာရင္ေတာင္ေပါ့.. သူမက သမီးကို သိပ္စိုးရိမ္ရွာတာ..သူမဆုံးၿပီး ဖြားဖြားနဲ႕ သမီးရဲ႕တီေလးက သမီးကို ဒီအိမ္ေပၚ ခ်က္ခ်င္းေခၚလာမလို႔ပဲ ဒါေပမယ့္ သူမက သမီး အသက္ႏွစ္ဆယ္မျပည့္မခ်င္း လြတ္လပ္ခြင့္ေပးထားၿပီး သူမကို အေဝးကေန ေစာင့္ေရွာက္ေပးပါလို႔ ေျပာထားတယ္ ဖြားတို႔ကလည္း မတတ္နိုင္ ေတာ့ဘူးေပါ့ကြယ္..ထားလိုက္ေတာ့ အခု သမီးအတြက္ အခန္းျပင္ထားၿပီးၿပီ ခနေန ညစာ တူတူစားရင္း ဖြားဖြား အားလုံးကို ရွင္းျပေပးမယ္ ဟုတ္ၿပီေနာ္ ေရခ်ိဳးေခါင္းေလွ်ာ္ လိုက္ဦးေနာ္ သမီးေလး..ဖြားဖြားရဲ႕ ခ်စ္မဝေလး... မြ..
သူမပါးကို ေမႊးၾကဴလိုက္သည္။
သူမ အေမက သူမကို ေစာင့္ေရွာက္ေပးဖို႔ အဖြားကို မွာထားခဲ့သည္ တဲ့လား?
ဒါေၾကာင့္မို႔ သူမအေမ မဆုံးခင္ ညတိုင္းလိုလို ဘယ္သူနဲ႕မသိ တိုးတိုးတိတ္တိတ္ဖုန္းေျပာေနၾကတာ ဧကႏၱ အဖြားနဲ႕မ်ားလား?
ထို႔ေၾကာင့္သူမ အဖြားကို ရန္မတိုက္ေတာ့ဘဲ ၿငိမ္ၿငိမ္ေလးသာ ရပ္ေနေတာ့သည္။ အဖြားမွာ ထိုသို႔ ေျပာၿပီးကာ အေစခံတစ္ေယာက္ကို သူမအား အခန္းဆီ ေခၚေဆာင္သြားေစသည္။ ေ႐ႊေခတ္လည္း ေၾကာင္ေတာင္ေတာင္ႏွင့္သာ အေစခံေနာက္ လိုက္လာခဲ့ရ၏။
"မမေလး..ဒီအခန္းပါရွင္ အခန္းထဲ အိပ္ရာေဘးမွာ ဘဲလ္ ခလုတ္ေလးရွိတယ္ တစ္ခုခုလိုအပ္တာရွိရင္ အဲဒီ ဘဲလ္ကိုႏွိပ္လိုက္ပါ ကြၽန္မတို႔ ခ်က္ခ်င္း အေရာက္လာပါ့မယ္ရွင့္
သူမ ေခါင္းကိုသာ ၿငိမ့္ျပလိုက္သည္။ သူမ အခန္းထဲဝင္ ၿပီးတံခါးပိတ္ကာ ေမွာင္ရီေနသည့္ အခန္းအား အလင္းေရာင္ရဖို႔ တံခါးေဘးက မီးခလုတ္ကို ဖြင့္လိုက္သည္။ မီးေရာင္ထြက္လာၿပီး အခန္းထဲမွ ရွိသမွ်အရာအားလုံးမွာ သူမအား မွင္ေသေစၿပီး လက္ေပၚ ဆြဲထားသည့္ လက္ကိုင္အိတ္ေလးေတာင္ ေအာက္သို႔ လႊတ္က်သြားသည္အထိ။
ခန္းဆီးပါမက်န္ အခန္းထဲစီး ဖိနပ္ပါး အဆုံး အကုန္လုံးက အပန္းေရာင္ေတြခ်ည္းပင္ !!!
ကုတင္ ေစာင္ေခါင္းအုံး မွန္တင္ခုံ ဘီဒို ရွိသမွ် အဲဗရီးသင္း က pink colour ေတြခ်ည္းမို႔ သူမ ပ်ိဳ႕တက္ခ်င္သည္အထိ။ အပန္းေရာင္ က မိန္းကေလး ဆန္သည္မို႔ အဖြားက သူမႀကိဳက္မည္ထင္ၿပီး ျပင္ေပးထားမွန္း သူမခန့္မွန္းလိုက္သည္။ သို႔ေသာ္ အပန္းေရာင္ မႀကိဳက္ေသာ သူမအတြက္မွာမူ အလြန္ပင္ ဝမ္းနည္းစရာ ေကာင္းလွ၏။
သူမ ထိုသို႔ေတြးေနစဥ္ တစ္ခုခုကို သတိရမိၿပီး အဝတ္ဗီဒိုဆီ ေလွ်ာက္လာၿပီး ဗီဒိုကို ဆြဲဖြင့္လိုက္ေတာ့..
"က်စ္..တကယ္ပါပဲ၊ ငါခန့္မွန္းတာမမွားဘူး
အထဲဝတ္ေရာ အျပင္ခံပါ အကုန္လုံးက အပန္းနဲ႕ အျဖဴေရာထားတာေတြခ်ည္း။ အကုန္လုံးနီးပါးက အပန္းးးးးးး။ သူမ နဖူးျပင္ကို လက္ဖဝါးႏွင့္ ရိုက္ထည့္လိုက္ၿပီး ကုတင္ေပၚ စိတ္ပ်က္စြာ ပက္လက္လွဲခ်လိဳက္သည္။
ကုတင္ေပၚမွ ဟိုဟိုဒီဒီၾကည့္ၿပီး ခလုတ္တစ္ခုကို ျမင္လွ်င္ စူးစမ္းခ်င္စိတ္ကထိန္းမရ။ ႏွိပ္လိုက္ရင္ သူတို႔က လာမွာလားလို႔ ေတြးေနေသာ္လည္း လက္က ႏွိပ္ၿပီးေနၿပီ။
(သာသာအတိုင္းပဲ😂)
တစ္မိနစ္ေတာင္ မၾကာလိုက္ တံခါးေခါက္သံ ၾကား၏။
..........
17.10.21
ရွည္ေပးထားလို႔ စိတ္ဆိုးသြားလား
ေက်းဇူးမတင္နဲ႕ ရတယ္ ရတယ္😙
Advertisement
- In Serial1740 Chapters
Beauty and the Beast: Wolf Hubby XOXO
Going for a swim, she ends up in an ancient wild Beast World and ends up being brought home by a handsome wolf. She wants to stick to the handsome wolf, stock some salt, farm some land, look at some handsome men and grow old like that, but the handsome wolf pounces on her every day. What? He wants her to have babies? NO~ NO~ NO~ There is no happy ending to interspecies marriages, hurry and let go of me handsome wolf~
8 113 - In Serial40 Chapters
The Tatted Psycho
✔️ --When Emily Hearst learned that her mother kept her father out of her life simply so she could use Emily as a slave, Emily ran. She ran all the way to where her father was. She wasn't ready for newly found family, or the dark man that everyone seemed to think was a psychopath. But they all bring Emily a life she never thought she could have.|#1 in mc||#1 in Psycho||#1 in psychopath||#1 in stutter||#1 in bikers|
8 74 - In Serial34 Chapters
Outta Her System
(Book 1) Lanae Roberts moves out of her hometown after her mother was killed by gang members. She leaves without contacting most of her family members and friends, including Omari, a family friend that she has grew feelings for. After three years she returns. But everything has changed, including Omari.Omari Hills, aka Lucky on the streets of Harlem, is the leader of the gang that was once led by Lanae's mom. Their gang image went from soldiers to savages. They show no more mercy and are ruthless. Omari is cold as ice since Lieasha died and Lanae disappeared. He blames his self for what happened. He sees her after three years and doesn't take it so lightly. Will Lanae tell Omari about her feelings for him? Or will it remain a secret, forever?
8 113 - In Serial199 Chapters
❤️Danganronpa opinion ships!❤️
Hey everyone! This is my 15th & last book i published & it will be filled with all the danganronpa ships in all danganronpa games/animes! Leave your opinions & requests in comments! Feel free to share this book with your loved ones! Love you all!PS: I don't own Danganronpa, it belongs to Spike Chunsoft.
8 127 - In Serial31 Chapters
Loving Jaxton ✔️
Rylee Jane Parker is a full time nurse after graduating college. That along with her four year long boyfriend Jacob, makes her believe that her life is about to fall into place with the thought of an engagement soon. But one night, she accidentally runs into the guy who changes her perspective on life, her relationship and how she feels. And Jaxton Rutledge is the answer. ____ I go to pull away and he loses his balance on his boot and falls back into the rolling chair as I fall onto his lap laughing. "Don't start trying to kill me Jax" I laugh falling into his chest as he keeps his arms around my waist laughing himself. "Ry" he whispers. I'm sitting on his thighs straddling him and in such and intimate position when he stares into my eyes with his bright blue ones. I lean closer to him without even realizing what's going on as he grabs my face in his hand. It feels so good that my belly dances and my stomach clinches around him.I don't know why I can't stop but I move my hands to hold both sides of his neck when his lips seal down on mine. And sparks and fireworks go off in my stomach when we finally kiss each other, fiercely. I feel his lips moving with mine as he slips his tongue into my mouth and moves his hands gripping my thighs and pulling me closer to him. I rub his neck as I move my lips enjoying this feeling so much. We both know that we've wanted to do this for days and it feels so damn good.
8 87 - In Serial6 Chapters
TVPWTLGH
◡̈ 𝐭𝐢𝐭𝐥𝐞. the villainous princess wants to live in a gingerbread house. ⋆ ˚。⋆୨୧˚ ˚୨୧⋆。˚ ⋆ღ 𝐬𝐲𝐧𝐨𝐩𝐬𝐢𝐬. I knew I had reincarnated as a child from a poor and ruined home.And yet, I thought about the pastry shop, which in my previous life, I could not afford.But in this life everything is different.Originally, I was a possessed young woman who got in the way of the protagonist's love story and ultimately wanted power.If I want to avoid the bad ending, I must show the biggest lack of interest in power. Then, I will be able to bake the sweets that I have always wanted so much.But with the emperor, not everything is so simple..."How long will you avoid me for?"The Crown Prince who is the male lead who eventually drove me to ruin..."You are my only cousin."The Duke, the strongest knight of the empire..."I love your lime pie."Even a slave who is meant to plunge a knife into me..."I want to save you from death."Do you want me to be by your side?악역 황녀님은 과자집에서 살고 싶어요⋆ ˚。⋆୨୧˚ ˚୨୧⋆。˚ ⋆disclaimer: this is NOT my novel, this is only a fan translation, all rights to the author and please try to support the official works if you can!꒰ translated by mio (@mioscorner) ꒱
8 197

