《Untamed Flower( ပန်းရိုင်း)》အပိုင်း၃၅
Advertisement
ကျိုင်းတုံမြို့ရှိ အဘွားဖြစ်သူ အိမ်တွင် ဧည့်ခန်းမထဲ ဘယ်ပြန်ညာပြန် လျှောက်ကာ ဂနာမငြိမ်နိုင်ဖြစ်နေသော ဝေယံပိုင်၊ သူ ဆိုဖာပေါ် အခါးရည် ကို ဖြည်းညင်းစွာ အပူလျှော့သွားအောင် လေမှုတ်လိုက် နဲနဲ ေသာက်လိုက် လုပ်ကာ တည်ငြိမ်နေသော အဘွားအား လုံးဝကို စိတ်တိုနေသည်။
"ဘွား..ကျွန်တော် လက်မထပ်ချင်သေးဘူးလေ.ကျွန်တော်က အခုမှ၂၂နှစ် အချိန်တွေ အများကြီး ကျန်ပါသေးတယ်..နော်..နော်လို့”
ကလေးတစ်ယောက်လို အဘွားဖြစ်သူ၏ အင်္ကျီစကိုဆွဲ ပြီး လက်ထပ်ပွဲအား ငြင်းရန် အတင်းတောင်းဆိုနေတော့သည်။
သောက်လက်စ အခါးရည်ခွက်ကို မှန်စားပွဲပေါ် ခပ်ပြင်းပြင်း ချလိုက်ပြီး..
"သားက ငယ်သေးပေမယ့် အဘွားက သေရက်နီးနေပြီ၊ ဒါလေးတောင် မလုပ်ပေးနိုင်ဘူးလား သား..ဘွားကို စိတ်မပျက်စေပါနဲ့”
ရင်ဘတ်ကို ဖိကာ ပြောလိုက်သော အဘွားကြောင့် ဝေယံ ပြောစရာမရှိတော့ပေ။
"မိမိုးရေ..ငါ့ကို အခန်းထဲ တွဲခေါ် သွားပေးအုံး ပြောစကားနားမထောင်တဲ့ မလိမ်မိုး မလိမ္မာ သူတွေနဲ့ ကြာကြာမနေချင်ဘူး..”
ဆိုဖာဘေးတွင် ရပ်နေသော အန်တီမိုးမှာ ချက်ချင်းကြီး အဘွားကို တွဲကာ အခန်းထဲ ခေါ်သွားလေသည်။
ကျန်ခဲ့တဲ့ ဝေယံပိုင်မှာတော့ လုံးဝကြီးကို စိတ်ပျက်သွားလေပြီ။ သူ အဘွားကို ထပ်ငြင်းလို့ ရမှာမဟုတ်မှန်းသိသည်။ အဘွားဖြစ်သူမှာ ပြောရင်ပြောသလို လုပ်သူမို့ သူလက်လျှော့လိုက်ရုံသာ ကျန်တော့သည်။
သူသာ ထပ်ငြင်းနေရင် အဘွားကျန်းမာရေး ထိခိုက်သွားနိုင်သည်။
လှေကားပေါ် ချိနှဲ့စွာ အန်တီမိုး အကူအညီဖြင့် တစ်လှမ်းကို ဆယ်စက္ကန့်နှုန်းဖြင့် တက်နေသည့် အဘွားကို ကြည့်ပြီး သူ မျက်စိမှိတ်ကာ ပြောလိုက်သည်။
"ကျွန်တော် အဘွားစီစဥ်တဲ့အတိုင်း လုပ်ပေးပါ့မယ်..ကျွန်တော် လက်ထပ်မယ်”
သူ ထိုသို့ပြောလိုက်ချင်း သူ့ရင်ဘတ်ထဲကို မြှားပေါင်းရာချီ စိုက်ဝင်သကဲ့သို့ စူးရှနာကျင်မှုကို ခံစားရ၏။ သူ မချစ်နှစ်သက်သူ မဟုတ်သေးဘူး..တစ်ခါလေးတောင် မဆုံတွေ့ဖူးသော သူစိမ်း တစ်ယောက်အား လက်ထပ်ရတော့မည်။
အရင်တုန်းကသာဆို သိပ်မပူပေမယ့်လည်း အခုသူ့ရင်ဘတ်ထဲတွင် တစ်စုံတစ်ယောက်က နေရာယူထားပြီးသား ဖြစ်နေပြီ။ သူနှင့် တွေ့တိုင်း ခပ်ချေချေပြောဆို တတ်တဲ့ ငယ်လေး ကို သူ ထပ်မပိုင်ဆိုင် နိုင်တော့ဘူးလား?
အဘွားမှာ သူ့မြေးနှင့် ဆန့်ကျင်ဘက်မျက်နှာမူနေသဖြင့် အားရစွာ ပြုံးလိုက်ပြီး မျက်နှာကို ပြန်တည်လိုက်ကာ သူ့မြေးဆီ ခေါင်းလှည့်၍
"သား..လက်ခံလိုက်တာ ကောင်းတယ်..”
တစ်ခွန်းတည်းသာ ပြောပြီး လှေကားကို ဆက်တက်လိုက်သည်။ ဘေးမှ တွဲထူပေးနေသော အန်တီမိုးမှာ သူမ၏ သခင်မကြီး ဉာဏ်ပြေးပုံကို ခေါင်းခါရမ်းကာချီးကျူးနေလေတော့သည်။
.......
နောက်တစ်နေ့...
ညနေစောင်း ၅နာရီတွင် တောင်တန်းကြီးတွေ ဝန်းရံထားသည့် တောင်ကြီးမြို့မှာ ဒီနေ့အားနှုတ်ဆက်သည့် အနေဖြင့် နေမင်းကြီးက ရောင်နီများ ထုတ်လွှင့်နေသည်။
တစ်ခါမှ မရောက်ဖူးသေးသည့် မြို့ပတ်ဝန်းကျင်ကိုကား မှန်ပြတင်းပေါက်မှတစ်ဆင့် ရွှေခေတ် ငေးမောနေမိသည်။ လူမျိုးပေါင်းစုံ တိုင်းရင်းသားပေါင်းစုံ နေထိုင်ရာ မြို့ကြီးမို့ လူသူသိပ်သည်းများပြားလှသည်။ အဒေါ်ဖြစ်သူ မောင်းနှင်နေသော ကားမှာ မြို့ထဲကို ပတ်ရင်းပတ်ရင်း နောက်ဆုံးတွင် အိမ်ယာများကို ဟိုတစ်လုံး ဒီတစ်လုံး အကွာအဝေး ဝေးကွာလွန်းသည့် သစ်ပင်ကြီးများ ထူထပ်သော တိတ်ဆိတ်သည့် ရပ်ကွက်ဆီသို့ မောင်းနှင်လာခဲ့သည်။
"ဖွားဖွားက ဆေးရုံမှာ မဟုတ်ဘူးလား ေဒါ်လေး..”
ဆေးရုံသွားသည့်လမ်း မဟုတ်မှန်း သိသွားပြီး အဒေါ်ဖြစ်သူအား မေးလိုက်သည်။ သို့သော် အဒေါ်ဖြစ်သူက ပြုံးပြပြီး..
"ဖွားဖွားက ရွှေလေးကို တွေ့ချင်လွန်းလို့ အိမ်မှာစောင့်နေတာ သမီး”
ပြောရင်းဆိုရင်း ကားမှာ လမ်းကြားလေးထဲ ဝင်သွားပြီး ငါးမိနှစ်လောက်အကြာတွင် ခမ်းနားလှသည့် ခြံစည်းရိုးတံခါးရှေ့တွင် ရပ်လိုက်သည်။
"အိမ်ရောက်ပြီ”
အဒေါ်က သူမ ကိုကြည့်ပြီး ပြောလိုက်သည်။ သူမကတော့ ဂရုမစိုက် ။သူမအိမ်လည်း မဟုတ်သလို သူမလာခဲ့သည်မှာလည်း အဖွားကို တွေ့ဖို့ရန် အကြောင်းပြချက် တစ်ခုတည်းသာ..။
သူမအဒေါ် ကားဟွန်းတီးလိုက်ပြီး သိပ်မကြာခင် အန်တီကြီး တစ်ဦး တံခါးလာဖွင့်ပေးသည်။ ခြံတံခါးမနှင့် အိမ်ကြားထဲတွင် ဥယျာဥ်ငယ်လေး တစ်ခြံရှိလေသည်။ အိမ်သို့ရောက်ဖို့ရန် ကားအနည်းငယ် ထပ်မောင်းလိုက်ရသည်။
သူမ ကားပေါ်က ဆင်းလိုက်တာနှင့် တစ်ပြိုင်နက် အိမ်စေအားလုံး စုလိုက်ကြပြီး သူမကိုကြိုဆိုကြ၏။
"ကြိုဆိုပါတယ်..မမလေး”
မမလေးဟု ခေါ်ခံရ၍ ရွှေခေတ် နည်းနည်းတွန့်ဆုတ်သွားသည်။ အစေခံများ အားလုံးမှာ အယောက်နှစ်ဆယ်ခန့်ရှိကြပြီး အပြာရင့်ရောင် စုံတူ ဝတ်စုံကိုဝတ်ထားကြသည်။
အံသြစရာကောင်းသည်မှာ အကုန်လုံးက မိန်းကလေးများ ဖြစ်ကြပြီး ယောက်ျားလေး တစ်ယောက်ကလေးတောင်မပါပေ။ ထိုအထဲတွင် အနက်ရောင် ဝတ်စုံ ဝတ်ထားသည့် မိန်းမကြီးတစ်ဦးက သူမဆီ လျှောက်လာပြီး သူမလက်ပေါ်က လက်ကိုင်အိတ်ကို ဆွဲယူပေးရန် လက်ကမ်းလာကာ ပြောလိုက်သည်။
"မမလေး..လာပါ..အန်တီကူပေးမယ် အထဲမှာ မေမေကြီး မမလေးကို စောင့်နေပါတယ်”
Advertisement
ထိုမိန်းမကြီးမှာ အိမ်တော်ထိန်း ဖြစ်မည်ဟု သူမခန့်မှန်းလိုက်သည်။
.......
16.10.21
က်ိဳင္းတုံၿမိဳ႕ရွိ အဘြားျဖစ္သူ အိမ္တြင္ ဧည့္ခန္းမထဲ ဘယ္ျပန္ညာျပန္ ေလွ်ာက္ကာ ဂနာမၿငိမ္နိုင္ျဖစ္ေနေသာ ေဝယံပိုင္၊ သူ ဆိုဖာေပၚ အခါးရည္ ကို ျဖည္းညင္းစြာ အပူေလွ်ာ့သြားေအာင္ ေလမႈတ္လိုက္ နဲနဲ ေသာက်လိုက် လုပ္ကာ တည္ၿငိမ္ေနေသာ အဘြားအား လုံးဝကို စိတ္တိုေနသည္။
"ဘြား..ကြၽန္ေတာ္ လက္မထပ္ခ်င္ေသးဘူးေလ.ကြၽန္ေတာ္က အခုမွ၂၂ႏွစ္ အခ်ိန္ေတြ အမ်ားႀကီး က်န္ပါေသးတယ္..ေနာ္..ေနာ္လို႔
ကေလးတစ္ေယာက္လို အဘြားျဖစ္သူ၏ အကၤ်ီစကိုဆြဲ ၿပီး လက္ထပ္ပြဲအား ျငင္းရန္ အတင္းေတာင္းဆိုေနေတာ့သည္။
ေသာက္လက္စ အခါးရည္ခြက္ကို မွန္စားပြဲေပၚ ခပ္ျပင္းျပင္း ခ်လိဳက္ၿပီး..
"သားက ငယ္ေသးေပမယ့္ အဘြားက ေသရက္နီးေနၿပီ၊ ဒါေလးေတာင္ မလုပ္ေပးနိုင္ဘူးလား သား..ဘြားကို စိတ္မပ်က္ေစပါနဲ႕
ရင္ဘတ္ကို ဖိကာ ေျပာလိုက္ေသာ အဘြားေၾကာင့္ ေဝယံ ေျပာစရာမရွိေတာ့ေပ။
"မိမိုးေရ..ငါ့ကို အခန္းထဲ တြဲေခၚ သြားေပးအုံး ေျပာစကားနားမေထာင္တဲ့ မလိမ္မိုး မလိမၼာ သူေတြနဲ႕ ၾကာၾကာမေနခ်င္ဘူး..
ဆိုဖာေဘးတြင္ ရပ္ေနေသာ အန္တီမိုးမွာ ခ်က္ခ်င္းႀကီး အဘြားကို တြဲကာ အခန္းထဲ ေခၚသြားေလသည္။
က်န္ခဲ့တဲ့ ေဝယံပိုင္မွာေတာ့ လုံးဝႀကီးကို စိတ္ပ်က္သြားေလၿပီ။ သူ အဘြားကို ထပ္ျငင္းလို႔ ရမွာမဟုတ္မွန္းသိသည္။ အဘြားျဖစ္သူမွာ ေျပာရင္ေျပာသလို လုပ္သူမို႔ သူလက္ေလွ်ာ့လိုက္႐ုံသာ က်န္ေတာ့သည္။
သူသာ ထပ္ျငင္းေနရင္ အဘြားက်န္းမာေရး ထိခိုက္သြားနိုင္သည္။
ေလွကားေပၚ ခ်ိႏွဲ႕စြာ အန္တီမိုး အကူအညီျဖင့္ တစ္လွမ္းကို ဆယ္စကၠန့္ႏႈန္းျဖင့္ တက္ေနသည့္ အဘြားကို ၾကည့္ၿပီး သူ မ်က္စိမွိတ္ကာ ေျပာလိုက္သည္။
"ကြၽန္ေတာ္ အဘြားစီစဥ္တဲ့အတိုင္း လုပ္ေပးပါ့မယ္..ကြၽန္ေတာ္ လက္ထပ္မယ္
သူ ထိုသို႔ေျပာလိုက္ခ်င္း သူ႕ရင္ဘတ္ထဲကို ျမႇားေပါင္းရာခ်ီ စိုက္ဝင္သကဲ့သို႔ စူးရွနာက်င္မႈကို ခံစားရ၏။ သူ မခ်စ္ႏွစ္သက္သူ မဟုတ္ေသးဘူး..တစ္ခါေလးေတာင္ မဆုံေတြ႕ဖူးေသာ သူစိမ္း တစ္ေယာက္အား လက္ထပ္ရေတာ့မည္။
အရင္တုန္းကသာဆို သိပ္မပူေပမယ့္လည္း အခုသူ႕ရင္ဘတ္ထဲတြင္ တစ္စုံတစ္ေယာက္က ေနရာယူထားၿပီးသား ျဖစ္ေနၿပီ။ သူႏွင့္ ေတြ႕တိုင္း ခပ္ေခ်ေခ်ေျပာဆို တတ္တဲ့ ငယ္ေလး ကို သူ ထပ္မပိုင္ဆိုင္ နိုင္ေတာ့ဘူးလား?
အဘြားမွာ သူ႕ေျမးႏွင့္ ဆန့္က်င္ဘက္မ်က္ႏွာမူေနသျဖင့္ အားရစြာ ၿပဳံးလိုက္ၿပီး မ်က္ႏွာကို ျပန္တည္လိုက္ကာ သူ႕ေျမးဆီ ေခါင္းလွည့္၍
"သား..လက္ခံလိုက္တာ ေကာင္းတယ္..
တစ္ခြန္းတည္းသာ ေျပာၿပီး ေလွကားကို ဆက္တက္လိုက္သည္။ ေဘးမွ တြဲထူေပးေနေသာ အန္တီမိုးမွာ သူမ၏ သခင္မႀကီး ဉာဏ္ေျပးပုံကို ေခါင္းခါရမ္းကာခ်ီးက်ဴးေနေလေတာ့သည္။
.......
ေနာက္တစ္ေန႕...
ညေနေစာင္း ၅နာရီတြင္ ေတာင္တန္းႀကီးေတြ ဝန္းရံထားသည့္ ေတာင္ႀကီးၿမိဳ႕မွာ ဒီေန႕အားႏႈတ္ဆက္သည့္ အေနျဖင့္ ေနမင္းႀကီးက ေရာင္နီမ်ား ထုတ္လႊင့္ေနသည္။
တစ္ခါမွ မေရာက္ဖူးေသးသည့္ ၿမိဳ႕ပတ္ဝန္းက်င္ကိုကား မွန္ျပတင္းေပါက္မွတစ္ဆင့္ ေ႐ႊေခတ္ ေငးေမာေနမိသည္။ လူမ်ိဳးေပါင္းစုံ တိုင္းရင္းသားေပါင္းစုံ ေနထိုင္ရာ ၿမိဳ႕ႀကီးမို႔ လူသူသိပ္သည္းမ်ားျပားလွသည္။ အေဒၚျဖစ္သူ ေမာင္းႏွင္ေနေသာ ကားမွာ ၿမိဳ႕ထဲကို ပတ္ရင္းပတ္ရင္း ေနာက္ဆုံးတြင္ အိမ္ယာမ်ားကို ဟိုတစ္လုံး ဒီတစ္လုံး အကြာအေဝး ေဝးကြာလြန္းသည့္ သစ္ပင္ႀကီးမ်ား ထူထပ္ေသာ တိတ္ဆိတ္သည့္ ရပ္ကြက္ဆီသို႔ ေမာင္းႏွင္လာခဲ့သည္။
"ဖြားဖြားက ေဆး႐ုံမွာ မဟုတ္ဘူးလား ေဒါ်လေး..
ေဆး႐ုံသြားသည့္လမ္း မဟုတ္မွန္း သိသြားၿပီး အေဒၚျဖစ္သူအား ေမးလိုက္သည္။ သို႔ေသာ္ အေဒၚျဖစ္သူက ၿပဳံးျပၿပီး..
"ဖြားဖြားက ေ႐ႊေလးကို ေတြ႕ခ်င္လြန္းလို႔ အိမ္မွာေစာင့္ေနတာ သမီး
ေျပာရင္းဆိုရင္း ကားမွာ လမ္းၾကားေလးထဲ ဝင္သြားၿပီး ငါးမိႏွစ္ေလာက္အၾကာတြင္ ခမ္းနားလွသည့္ ၿခံစည္းရိုးတံခါးေရွ႕တြင္ ရပ္လိုက္သည္။
"အိမ္ေရာက္ၿပီ
အေဒၚက သူမ ကိုၾကည့္ၿပီး ေျပာလိုက္သည္။ သူမကေတာ့ ဂ႐ုမစိုက္ ။သူမအိမ္လည္း မဟုတ္သလို သူမလာခဲ့သည္မွာလည္း အဖြားကို ေတြ႕ဖို႔ရန္ အေၾကာင္းျပခ်က္ တစ္ခုတည္းသာ..။
သူမအေဒၚ ကားဟြန္းတီးလိုက္ၿပီး သိပ္မၾကာခင္ အန္တီႀကီး တစ္ဦး တံခါးလာဖြင့္ေပးသည္။ ၿခံတံခါးမႏွင့္ အိမ္ၾကားထဲတြင္ ဥယ်ာဥ္ငယ္ေလး တစ္ၿခံရွိေလသည္။ အိမ္သို႔ေရာက္ဖို႔ရန္ ကားအနည္းငယ္ ထပ္ေမာင္းလိုက္ရသည္။
သူမ ကားေပၚက ဆင္းလိုက္တာႏွင့္ တစ္ၿပိဳင္နက္ အိမ္ေစအားလုံး စုလိုက္ၾကၿပီး သူမကိုႀကိဳဆိုၾက၏။
"ႀကိဳဆိုပါတယ္..မမေလး
မမေလးဟု ေခၚခံရ၍ ေ႐ႊေခတ္ နည္းနည္းတြန့္ဆုတ္သြားသည္။ အေစခံမ်ား အားလုံးမွာ အေယာက္ႏွစ္ဆယ္ခန့္ရွိၾကၿပီး အျပာရင့္ေရာင္ စုံတူ ဝတ္စုံကိုဝတ္ထားၾကသည္။
အံၾသစရာေကာင္းသည္မွာ အကုန္လုံးက မိန္းကေလးမ်ား ျဖစ္ၾကၿပီး ေယာက္်ားေလး တစ္ေယာက္ကေလးေတာင္မပါေပ။ ထိုအထဲတြင္ အနက္ေရာင္ ဝတ္စုံ ဝတ္ထားသည့္ မိန္းမႀကီးတစ္ဦးက သူမဆီ ေလွ်ာက္လာၿပီး သူမလက္ေပၚက လက္ကိုင္အိတ္ကို ဆြဲယူေပးရန္ လက္ကမ္းလာကာ ေျပာလိုက္သည္။
"မမေလး..လာပါ..အန္တီကူေပးမယ္ အထဲမွာ ေမေမႀကီး မမေလးကို ေစာင့္ေနပါတယ္
ထိုမိန္းမႀကီးမွာ အိမ္ေတာ္ထိန္း ျဖစ္မည္ဟု သူမခန့္မွန္းလိုက္သည္။
.......
16.10.21
Advertisement
- In Serial13 Chapters
I'm (Sort of) an Expert on Ghosts
Tsunoda Naoki is a ghost expert! Maybe. Okay, not really. He just pretends to be one, scraping a living by putting the easily-spooked at ease. But his luck seems to run out when he's suddenly got a real ghost to deal with. He can't even see this spirit, let alone exorcise her—and to complicate matters further she apparently seems to like Naoki… a lot. Is this ghost hunt a romantic comedy or a tragic horror? Artwork by hachikuro.
8 372 - In Serial40 Chapters
Uroboros Cycle
Based on events in my life. Marie "Inky" La Voison returns home to Hemlock Hurst. After missing her mother's funeral, the town seer and mad woman, she is reunited with her childhood friend and sweetheart. Before she can reach closure with her past, a double murder rocks the town. A Serial Killer has been preying on the women of the township. Ghosts of the past, a blood feud from the Civil War, and madness stalk the streets. Will Marie "Inky" La Voison be able to save the Uroboros Cycle, the cycle of life and death? Lear County Outlook is directly connected to Uroboros Cycle.
8 247 - In Serial18 Chapters
Last Embers: A Loki Story
The events of Last Embers takes place just prior to those of the movie Thor. After Odin chooses Thor as the next king of Asgard, Loki visits his ailing grandmother. Strange events and visions lead him to take a dark path that will change the course of his life.
8 531 - In Serial41 Chapters
The Darkest Souls
when enemies end up living in the same house, and the going to the same school, what do you think would happen? Amelia Moore, ends up living with the one and only Axel Russo. He's the bad boy and the enemy But what happens when he learns some secrets about her and end up falling for her would everything change? check out the story to find out more xoxo, svdsouls :)
8 100 - In Serial43 Chapters
The Alpha's Girl
Bailey Scotts just wanted to find love again. When tragedy strikes her family, they move to a small town to live with her grandparents. While there, Bailey realizes something strange is going on. Her sight enhances, her smell is stronger and her hearing is unbelievable. She didn't think anything of it, until she met Chance Hayes.Chance Hayes is the Alpha of the Black Wolves Pack. All he ever wanted was to find his mate and finally have a Luna of his pack. But when he sees Bailey for the first time, he doesn't know what to do. He knows she doesn't know about his kind, but he just wants her to be his and he'll do anything to have her, no matter who gets in the way. With Bailey's past always catching up to her, will she ever be able to have a future with Chance? Find out by reading, The Alpha's Girl.Completed Copyrighted 2015-2021 ©All Rights ReservedCompleted
8 3617 - In Serial39 Chapters
Obsession ☭ Yandere Assassin x Reader
Yandere Assassin x Reader A corporation created solely for the purpose of killing targeted you, the daughter of one of the most powerful CEOs in the world. Naturally, an assassin was assigned to kill you. He watched you sleep, eat, and followed you everywhere. But what happens when he starts to feel obsessive? What happens when his only purpose in life is to have you become his...* * * - contains strong language, gore, violence, noncon - ©2020 obsessedkun all rights reserved
8 124

