《Untamed Flower( ပန်းရိုင်း)》အပိုင်း၃၃
Advertisement
တစ်လခန့်ကြာသော်...
ခရစ္စမတ်အကြိုနေ့ဖြစ်၍ လူတိုင်း အလုပ်မသွားဘဲ ကိုယ့်အိမ်ကိုယ့်ယာတွင် မနက်ဖြန်အတွက် ခရစ္စမတ် သစ်ပင်များကို အလှဆင်ရင်း အလုပ်ရှုပ်နေကြသည်။
ထိုထဲတွင် ကောင်မလေးနှစ်ယောက် ရွှေခေတ်နှင့် အိမွန် တို့သည်လည်း ထိုနည်းတူ အလုပ်ရှုပ်နေကြသည်။ အိမ် ဧည့်ခန်းမထဲတွင် လက်ဆောင်ဗူးများထုတ်ပိုးနေ ကြသည့် သူမလေးတို့နှစ်ဦးမှာ အပြုံးကိုယ်စီဖြင့် တစ်ယောက်ကို တစ်ယောက်စနောက်ရင်း ပျော်ရွင်နေကြ၏။တံခါး ဘဲလ်သံမြည်လာ၍
"ဟေး..ငါမှာထားတဲ့ ချိတ်လေးတွေ ရောက်လာပြီထင်တယ် နင်သွားယူအုံး ငါဒီgiftဘူး တိတ်ကပ်လက်စနဲ့မို့.. ”
ရွှေခေတ်မှာ ဆိုဖာပေါ် ခြေထောက်နှစ်ဖက်ကို ကားပြီး မိန်းမမဆန်စွာ ထိုင်နေသော အိမွန်အားပြောလိုက်သည်။
(ချိတ်-ခရစ္စမတ်သစ်ပင်ပေါ် ချိတ်တယ့်အရာလေးပါ....)
"အင်း..အင်းငါသွားပြီ”
အိမွန် ထိုင်နေရာမှ ချိနှဲ့စွာ ထလိုက်ပြီး အိမ်ရှေ့ကို ထွက်လာ ခဲ့သည်။
....
အချိန်အတော်အတန်ကြာသည်အထိ အိမွန် အိမ်ထဲပြန်မဝင်လာသေး၍ ရွှေခေတ် သူမ၏လုပ်လက်စ အလုပ်ကို ရပ်လိုက်ပြီး ထသွားကြည့်ရန် ပြင်လိုက်စဥ် အိမွန် တစ်ယောက် အပြစ်ရှိသလို မျက်နှာထားဖြင့် အိမ်ထဲဝင်လာတာကို တွေ့သဖြင့်..
"ဘာဖြစ်လာတာလဲ..ပါဆယ်သွားယူတာကို ဒီလောက်တောင်ကြာနေတာ”
ခေါင်းငုံ့နေသော အိမွန်မှာ ဖြည်းဖြည်းချင်း ခေါင်းပြန်မော့လာပြီး မျက်လုံးများဖြင့် သူမနောက်ကို ညွန်ပြရင်း..
"ငါ..ငါသူမကို မဝင်လာအောင် မတားနိုင်ခဲ့ဘူး”
ရွှေခေတ် မျက်ခုံးပင့်ကာ အိမွန် အနောက်ကို ကြည့်လိုက်တော့ ကြက်သွေးရောင် ပါတိတ်ဝမ်းဆက်နှင့် နေကာမျက်မှန်ပါ တပ်ထားသော မိန်းမကြီး တစ်ဦး၊
ထိုသူမှာ သူမ၏ သွေးရင်းသားရင်းအမေဖြစ်သူ၏ တစ်ဦးတည်းသော ညီမ၊သူမ၏ အဒေါ်ရင်းချာကြီး ဒေါ်ရွှေနု ပင်။
ဝါရင့် အကယ်ဒမီဆုရှင် မင်းသမီးကြီးဖြစ်၍လည်း အလှအပတွင် အပြစ်ပြောစရာမရှိအောင် ပြေပြစ်လှပသည်မှာ ၄ဆယ်စုနှစ် အမျိုးသမီး တစ်ဦးနှင့်ပင် မတူချေ။ လက်ထက်ထိမ်းမြှားခြင်းမပြုဘဲ တစ်ကိုယ်တော် အပျိုကြီး တစ်ဦးဖြစ်၏။
ဆံပင်ထူထူကြီးများကို သပ်ရပ်စွာ ထုံးဖွဲ့ထားပြီး နှုတ်ခမ်းများကို နီရဲစွာ ဆိုးထားသည်။ ကတ္ထီပါ အနက်ရောင် ခုံမြင့်ဖိနပ်ကို စီးထားပြီး နောက်ဆုံးထွက် ချန်နယ် လက်ကိုင်အိတ်ကို ဆွဲထား၏။
"အိုး...ရွှေလေးတို့..ခရစ္စမတ် အတွက်ပြင်ဆင်နေကြတာလား..??”
နေကာမျက်မှန် ကို ချွတ်ရင်း အဒေါ်ဖြစ်သူမှ မေးလိုက်ခြင်းဖြစ်သည်။ မကြိုဆိုသော်လည်း ဇွတ်အတင်း အိမ်ထဲဝင်လာသည့် ဧည့်သည်ကို ရွှေခေတ် သဘောမတွေ့။ သူမနဲ့ ဆုံဖူးသည်မှာ ဆယ်ခါတောင် မပြည့်သေး ရွှေလေး...တဲ့လား?? ရွှေခေတ် အိမွန်ကို အပြင် ထွက်သွားပေးရန် အချက်ပေးလိုက်သည်။ အလိုက်သိသော အိမွန်မှာလည်း သူမဖုန်းကို ဆွဲပြီး အိမ်ရှေ့သို့ လုပ်စရာရှိ၍ ဆိုကာ ထွက်သွားလေတော့၏။
"အဒေါ် ဘာလိုလို့လဲ..သမီးမှာ ဘာမှပေးစရာမရှိသလို အဒေါ်တို့အိမ်ရဲ့ တရားဝင်မြေးမလည်းမဟုတ်ဘူး ။ ပြီးတော့ အဒေါ်တို့နဲ့လည်း ဘာမှမပတ်သက်တော့ဘူး ၊ သမီး အမေသက်ရှိထင်ရှားရှိတုန်းက အမေက အဒေါ်ရဲ့ အစ်မဖြစ်နေလို့ ဒီအိမ်ကို ဝင်ထွက်ဝင်လာ လုပ်နိုင်ပေမယ့် အခုအမေမရှိတော့ဘူး၊ သမီးလည်း သမီး ဘဝမှာ ကိုယ်တိုင်ရပ်တည်နိုင်ပြီ၊ အဒေါ် ပြန်သွားပါတော့ ပြီးတော့ နောက်ထပ်လည်း ဒီအိမ်ကို ထပ်မလာတော့ပါနဲ့ သမီးကဆွေမရှိမျိုးမရှိ တစ်ကောင်ကြွက်ဖြစ်နေလို့ သူစိမ်းတွေကို မကြိုဆိုဘူး...!!”
သူမ ခါးခါးသီးသီးကြီးကို မောင်းထုတ်လိုက်သည်။ သူမ အဒေါ်မှာ သူစကားကြောင့် ထိတ်လန့် သွားကာ မျက်နှာပျက်သွား သော်လည်း ချက်ချင်းကြီး အပြုံးကိုထပ်မံတပ်ဆင်လိုက်ကာ..
"ယိုး...ငါတို့ရဲ့ ရွှေလေးတောင် ကြီးလာပြီပဲ ၊ ကြီးလာတာနဲ့ မမရွှေဥနဲ့ ပိုပိုတူလာသလိုပဲ ဝိုင်းစက်နေတဲ့ မျက်ဝန်းလေးတွေကို ကြည့်ပါအုံး..မမကို သိပ်လွမ်းမိတာပဲ လာပါ..အဒေါ်ဖက်ပါရစေ..။”
သူမဘယ်လောက်ပင် ဆိုးဆိုးဝါးဝါးကြီး ဆက်ဆံပြောဆိုပစေ..သူမအဒေါ်မှာ ဘယ်တုန်းကမှ သူမကို မငြိုငြင်ခဲ့ပေ။ အဖွားဖြစ်သူမှာလည်း ထိုနည်းတူပင်။
အခုလည်း ကြည့်ပါအုံး၊ သူမက အိမ်ထဲကနေ မောင်းထုတ်နေတာကို သူမကို ဖက်ပြီးတော့တောင် အမေ့နဲ့ရုပ်ချင်းတူတယ်လို့ ပြောနေနိုင်သေးတာလား?
သူမအမေနှင့် သူမမှာ မျက်ဝန်းဝိုင်းစက်သည်က လွှဲလျှင် တစ်ချက်ကလေးမှ တူညီမှုမရှိ။ သားအမိဆိုသည်ကို ယုံရခက်အောင် ခြားနား ကွဲပြားလွန်းပေ၏။
သူမကို ဖက်ထားသည့် အဒေါ်ဖြစ်သူမှာ သူမပခုံးပေါ် မျက်နှာအပ်တင်ထားသဖြင့် အဒေါ်ဖြစ်သူ၏ မျက်နှာကို သူမမမြင်ရ။ ရုတ်တရက် ပခုံးပေါ်မှ စိုထိုင်းထိုင်း ခံစားရမှုနှင့်အတူ အဒေါ်ဖြစ်သူထံမှ ရှိုက်သံကို ကြားရ၍ သူမ ပျာယာခတ်သွားသည်။
သူမ..ငိုနေတာလား?
ဖက်ထားသည့် အဒေါ်ကို ခွာထွက်လိုက်ပြီး မျက်နှာကို ကြည့်လိုက်တော့ တကယ်ငိုနေတာပင်..။ သူမ လုံးဝကို ပျာယာခတ်သွားသည်။ အဒေါ်က ဘာလို့ငိုနေတာလဲ..
"ဘာ..ဘာဖြစ်လို့လဲဟင်..”
ရွှေခေတ် စကားလုံးတွေတောင် ပြေပြစ်အောင် မပြောနိုင်တော့ပေ။
"အဒေါ်လေ..သမီးကို ပြောနိုင်ဖို့ အားတွေတောင် မရှိတော့ပါဘူး..သမီးရဲ့ အဖွားလေ..သူမ.. သူမ မတောင့်ထားနိုင်တော့ဘူး သူမရဲ့တစ်ဦးတည်းသော မြေးမလေးကို သူမရဲ့ နောက်ဆုံးအချိန်မှာ မြင်ခွင့်ရချင်တယ် ဆိုပြီးတော့ အ..အဒေါ့်ကို သမီးကို သူမဆီ ခေါ်လာဖို့ ပူဆာနေတာ တစ်လတောင်ကျော်နေပြီ ..ပြီးခဲ့တဲ့လကအဒေါ် လာသေးတယ်..သမီးက အိမ်မှာ မရှိဘူးလေ.. မနေ့က အရမ်းကို သမီးအဖွား အခြေအနေ
Advertisement
ဆိုးနေတာ သမီးရယ်..အဟင့်..ဟင့်..ဆရာဝန်ကပြောတယ် အများဆုံး ၁ပတ် မကျော်တော့ဘူး ..သမီးအဖွားမှာ အချိန်မရှိတော့ဘူး တဲ့..သမီး အဟင့်.ဟင့်”
"ရှင်..ဘယ်..ဘယ်လိုဖြစ်တာလဲ ”
ပြီးခဲ့တဲ့ နှစ်တွေတုန်း သူမကို အပတ်တိုင်း လာလည်ပြီး သူမက အဖက်မလုပ်ရင်တောင် အမြဲပြုံးပြနေတတ်သည့် အဖွားဖြစ်သူ ။သူမကို အမြဲချစ်ပေးပြီး မြေးကလေး..မြေးမလေးဆိုပြီး အမြဲခေါ်လေ့ရှိသူ။
သူမအမေပြီးရင် သူမကို အချစ်ဆုံး အဖွားဖြစ်သူ၏ အခြေအနေကို သိရ၍ သူမ ရင်ထဲ တစ်နေရာတွင် အောင့်လာပြီး မျက်လုံးများလည်း စိုစွတ်လာလေပြီ။
"အဟင့်..ကင်ဆာ နောက်ဆုံး အဆင့်တဲ့ သမီးရေ.. ကုလာတာလဲ နှစ်တွေကြာလာပြီ..အတော်ဆုံးဆိုတဲ့ ဆရာဝန်တွေတောင် ခေါင်းခါကြတယ်..အဒေါ်ဘယ်လိုလုပ်တော့မလဲဟင်..သမီးရေ..အဖွားသာ မရှိတော့ရင် အဒေါ်ဘယ်လိုဆက်ရပ်တည် နိုင်မလဲ အစ်မဖြစ်သူလည်း ဆုံးသွားပြီ ၊ အကုန်လုံးက အဒေါ့်ကို ပစ်သွားကြတော့မှာလား..အဟင့်..ဟင့်”
ရွေခေတ် ရှုံးပွဲချငိုနေသော အဒေါ်ကို ကြည့်ပြီး စိတ်သက်သာရာမရတော့..။ သူမ ဆုံးဖြတ်ချက် ချလိုက်ပြီး
"သမီး..အခုပဲ လိုက်ခဲ့မယ်”
"တစ်ကယ်လားဟင်..ဝမ်းသာလိုက်တာ သမီးရေ သမီးအဖွားတော့ ပျော်နေတော့မှာပဲ..ကံကောင်းတာက သမီး အဒေါ်တို့ကို ပစ်ပယ်မသွားတာပဲ ကျေးဇူးတင်ပါတယ် သမီးရွှေလေးး..”
အဒေါ်ဖြစ်သူမှာ ဝမ်းသာအားရ သူမကို နောက်တစ်ခါ ပြန်ကာ ပြေးဖက်လေ၏။
ရွေခေတ်မှာ သိမ်းစရာရှိတာ သိမ်းပြီး အိမွန်အား အကြောင်းရင်းတွေ အမြန် ရှင်းပြကာ ဒီနှစ် ခရစ္စမတ် ကို သူမ၏ အိမ်မှာပဲ ပြင်ဆင်ထားတာတွေကို မဖြုန်းတီးသည့်သဘောဖြင့် ကုန်ဆုံးသွားပေးရန် အိမ်သော့ အပ်ထားခဲ့သည်။
သူမကားကို မမောင်းတော့ဘဲ အဒေါ်ဖြစ်သူ၏ ကားနှင့် စီးလိုက်ပါလာခဲ့သည်။ သူမတို့ ကား အိမ်ရှေ့မှ ထွက်သွားသည်နှင့် မနီးမဝေးသစ်ပင် တစ်ပင်အောက်က သူမတို့ကို စောင့်ကြည့်နေသော သူမှာ ဖုန်းထုတ်ကာ ခေါ်လိုက်သည်။
"သူဌေး..သူမ ကို အမျိုးသမီးကြီး တစ်ဦး maybach ကားတစ်စီးနဲ့ လာကြိုပြီး ထွက်သွားပြီ”
.....
15.10.21
ကြာသပတေးနေ့တိုင်း အလုပ်ဖိလို့ မတင်ပေးနိုင်တာ တောင်းပန်ပါတယ်ရှင်..
တစ္လခန့္ၾကာေသာ္...
ခရစၥမတ္အႀကိဳေန႕ျဖစ္၍ လူတိုင္း အလုပ္မသြားဘဲ ကိုယ့္အိမ္ကိုယ့္ယာတြင္ မနက္ျဖန္အတြက္ ခရစၥမတ္ သစ္ပင္မ်ားကို အလွဆင္ရင္း အလုပ္ရႈပ္ေနၾကသည္။
ထိုထဲတြင္ ေကာင္မေလးႏွစ္ေယာက္ ေ႐ႊေခတ္ႏွင့္ အိမြန္ တို႔သည္လည္း ထိုနည္းတူ အလုပ္ရႈပ္ေနၾကသည္။ အိမ္ ဧည့္ခန္းမထဲတြင္ လက္ေဆာင္ဗူးမ်ားထုတ္ပိုးေန ၾကသည့္ သူမေလးတို႔ႏွစ္ဦးမွာ အၿပဳံးကိုယ္စီျဖင့္ တစ္ေယာက္ကို တစ္ေယာက္စေနာက္ရင္း ေပ်ာ္႐ြင္ေနၾက၏။တံခါး ဘဲလ္သံျမည္လာ၍
"ေဟး..ငါမွာထားတဲ့ ခ်ိတ္ေလးေတြ ေရာက္လာၿပီထင္တယ္ နင္သြားယူအုံး ငါဒီgiftဘူး တိတ္ကပ္လက္စနဲ႕မို႔..
ေ႐ႊေခတ္မွာ ဆိုဖာေပၚ ေျခေထာက္ႏွစ္ဖက္ကို ကားၿပီး မိန္းမမဆန္စြာ ထိုင္ေနေသာ အိမြန္အားေျပာလိုက္သည္။
(ခ်ိတ္-ခရစၥမတ္သစ္ပင္ေပၚ ခ်ိတ္တယ့္အရာေလးပါ....)
"အင္း..အင္းငါသြားၿပီ
အိမြန္ ထိုင္ေနရာမွ ခ်ိႏွဲ႕စြာ ထလိုက္ၿပီး အိမ္ေရွ႕ကို ထြက္လာ ခဲ့သည္။
....
အခ်ိန္အေတာ္အတန္ၾကာသည္အထိ အိမြန္ အိမ္ထဲျပန္မဝင္လာေသး၍ ေ႐ႊေခတ္ သူမ၏လုပ္လက္စ အလုပ္ကို ရပ္လိုက္ၿပီး ထသြားၾကည့္ရန္ ျပင္လိုက္စဥ္ အိမြန္ တစ္ေယာက္ အျပစ္ရွိသလို မ်က္ႏွာထားျဖင့္ အိမ္ထဲဝင္လာတာကို ေတြ႕သျဖင့္..
"ဘာျဖစ္လာတာလဲ..ပါဆယ္သြားယူတာကို ဒီေလာက္ေတာင္ၾကာေနတာ
ေခါင္းငုံ႕ေနေသာ အိမြန္မွာ ျဖည္းျဖည္းခ်င္း ေခါင္းျပန္ေမာ့လာၿပီး မ်က္လုံးမ်ားျဖင့္ သူမေနာက္ကို ၫြန္ျပရင္း..
"ငါ..ငါသူမကို မဝင္လာေအာင္ မတားနိုင္ခဲ့ဘူး
ေ႐ႊေခတ္ မ်က္ခုံးပင့္ကာ အိမြန္ အေနာက္ကို ၾကည့္လိုက္ေတာ့ ၾကက္ေသြးေရာင္ ပါတိတ္ဝမ္းဆက္ႏွင့္ ေနကာမ်က္မွန္ပါ တပ္ထားေသာ မိန္းမႀကီး တစ္ဦး၊
ထိုသူမွာ သူမ၏ ေသြးရင္းသားရင္းအေမျဖစ္သူ၏ တစ္ဦးတည္းေသာ ညီမ၊သူမ၏ အေဒၚရင္းခ်ာႀကီး ေဒၚေ႐ႊႏု ပင္။
ဝါရင့္ အကယ္ဒမီဆုရွင္ မင္းသမီးႀကီးျဖစ္၍လည္း အလွအပတြင္ အျပစ္ေျပာစရာမရွိေအာင္ ေျပျပစ္လွပသည္မွာ ၄ဆယ္စုႏွစ္ အမ်ိဳးသမီး တစ္ဦးႏွင့္ပင္ မတူေခ်။ လက္ထက္ထိမ္းျမႇားျခင္းမျပဳဘဲ တစ္ကိုယ္ေတာ္ အပ်ိဳႀကီး တစ္ဦးျဖစ္၏။
ဆံပင္ထူထူႀကီးမ်ားကို သပ္ရပ္စြာ ထုံးဖြဲ႕ထားၿပီး ႏႈတ္ခမ္းမ်ားကို နီရဲစြာ ဆိုးထားသည္။ ကတၳီပါ အနက္ေရာင္ ခုံျမင့္ဖိနပ္ကို စီးထားၿပီး ေနာက္ဆုံးထြက္ ခ်န္နယ္ လက္ကိုင္အိတ္ကို ဆြဲထား၏။
"အိုး...ေ႐ႊေလးတို႔..ခရစၥမတ္ အတြက္ျပင္ဆင္ေနၾကတာလား..??
ေနကာမ်က္မွန္ ကို ခြၽတ္ရင္း အေဒၚျဖစ္သူမွ ေမးလိုက္ျခင္းျဖစ္သည္။ မႀကိဳဆိုေသာ္လည္း ဇြတ္အတင္း အိမ္ထဲဝင္လာသည့္ ဧည့္သည္ကို ေ႐ႊေခတ္ သေဘာမေတြ႕။ သူမနဲ႕ ဆုံဖူးသည္မွာ ဆယ္ခါေတာင္ မျပည့္ေသး ေ႐ႊေလး...တဲ့လား?? ေ႐ႊေခတ္ အိမြန္ကို အျပင္ ထြက္သြားေပးရန္ အခ်က္ေပးလိုက္သည္။ အလိုက္သိေသာ အိမြန္မွာလည္း သူမဖုန္းကို ဆြဲၿပီး အိမ္ေရွ႕သို႔ လုပ္စရာရွိ၍ ဆိုကာ ထြက္သြားေလေတာ့၏။
Advertisement
"အေဒၚ ဘာလိုလို႔လဲ..သမီးမွာ ဘာမွေပးစရာမရွိသလို အေဒၚတို႔အိမ္ရဲ႕ တရားဝင္ေျမးမလည္းမဟုတ္ဘူး ။ ၿပီးေတာ့ အေဒၚတို႔နဲ႕လည္း ဘာမွမပတ္သက္ေတာ့ဘူး ၊ သမီး အေမသက္ရွိထင္ရွားရွိတုန္းက အေမက အေဒၚရဲ႕ အစ္မျဖစ္ေနလို႔ ဒီအိမ္ကို ဝင္ထြက္ဝင္လာ လုပ္နိုင္ေပမယ့္ အခုအေမမရွိေတာ့ဘူး၊ သမီးလည္း သမီး ဘဝမွာ ကိုယ္တိုင္ရပ္တည္နိုင္ၿပီ၊ အေဒၚ ျပန္သြားပါေတာ့ ၿပီးေတာ့ ေနာက္ထပ္လည္း ဒီအိမ္ကို ထပ္မလာေတာ့ပါနဲ႕ သမီးကေဆြမရွိမ်ိဳးမရွိ တစ္ေကာင္ႂကြက္ျဖစ္ေနလို႔ သူစိမ္းေတြကို မႀကိဳဆိုဘူး...!!
သူမ ခါးခါးသီးသီးႀကီးကို ေမာင္းထုတ္လိုက္သည္။ သူမ အေဒၚမွာ သူစကားေၾကာင့္ ထိတ္လန့္ သြားကာ မ်က္ႏွာပ်က္သြား ေသာ္လည္း ခ်က္ခ်င္းႀကီး အၿပဳံးကိုထပ္မံတပ္ဆင္လိုက္ကာ..
"ယိုး...ငါတို႔ရဲ႕ ေ႐ႊေလးေတာင္ ႀကီးလာၿပီပဲ ၊ ႀကီးလာတာနဲ႕ မမေ႐ႊဥနဲ႕ ပိုပိုတူလာသလိုပဲ ဝိုင္းစက္ေနတဲ့ မ်က္ဝန္းေလးေတြကို ၾကည့္ပါအုံး..မမကို သိပ္လြမ္းမိတာပဲ လာပါ..အေဒၚဖက္ပါရေစ..။
သူမဘယ္ေလာက္ပင္ ဆိုးဆိုးဝါးဝါးႀကီး ဆက္ဆံေျပာဆိုပေစ..သူမအေဒၚမွာ ဘယ္တုန္းကမွ သူမကို မၿငိဳျငင္ခဲ့ေပ။ အဖြားျဖစ္သူမွာလည္း ထိုနည္းတူပင္။
အခုလည္း ၾကည့္ပါအုံး၊ သူမက အိမ္ထဲကေန ေမာင္းထုတ္ေနတာကို သူမကို ဖက္ၿပီးေတာ့ေတာင္ အေမ့နဲ႕႐ုပ္ခ်င္းတူတယ္လို႔ ေျပာေနနိုင္ေသးတာလား?
သူမအေမႏွင့္ သူမမွာ မ်က္ဝန္းဝိုင္းစက္သည္က လႊဲလွ်င္ တစ္ခ်က္ကေလးမွ တူညီမႈမရွိ။ သားအမိဆိုသည္ကို ယုံရခက္ေအာင္ ျခားနား ကြဲျပားလြန္းေပ၏။
သူမကို ဖက္ထားသည့္ အေဒၚျဖစ္သူမွာ သူမပခုံးေပၚ မ်က္ႏွာအပ္တင္ထားသျဖင့္ အေဒၚျဖစ္သူ၏ မ်က္ႏွာကို သူမမျမင္ရ။ ႐ုတ္တရက္ ပခုံးေပၚမွ စိုထိုင္းထိုင္း ခံစားရမႈႏွင့္အတူ အေဒၚျဖစ္သူထံမွ ရွိုက္သံကို ၾကားရ၍ သူမ ပ်ာယာခတ္သြားသည္။
သူမ..ငိုေနတာလား?
ဖက္ထားသည့္ အေဒၚကို ခြာထြက္လိုက္ၿပီး မ်က္ႏွာကို ၾကည့္လိုက္ေတာ့ တကယ္ငိုေနတာပင္..။ သူမ လုံးဝကို ပ်ာယာခတ္သြားသည္။ အေဒၚက ဘာလို႔ငိုေနတာလဲ..
"ဘာ..ဘာျဖစ္လို႔လဲဟင္..
ေ႐ႊေခတ္ စကားလုံးေတြေတာင္ ေျပျပစ္ေအာင္ မေျပာနိုင္ေတာ့ေပ။
"အေဒၚေလ..သမီးကို ေျပာနိုင္ဖို႔ အားေတြေတာင္ မရွိေတာ့ပါဘူး..သမီးရဲ႕ အဖြားေလ..သူမ.. သူမ မေတာင့္ထားနိုင္ေတာ့ဘူး သူမရဲ႕တစ္ဦးတည္းေသာ ေျမးမေလးကို သူမရဲ႕ ေနာက္ဆုံးအခ်ိန္မွာ ျမင္ခြင့္ရခ်င္တယ္ ဆိုၿပီးေတာ့ အ..အေဒၚ့ကို သမီးကို သူမဆီ ေခၚလာဖို႔ ပူဆာေနတာ တစ္လေတာင္ေက်ာ္ေနၿပီ ..ၿပီးခဲ့တဲ့လကအေဒၚ လာေသးတယ္..သမီးက အိမ္မွာ မရွိဘူးေလ.. မေန႕က အရမ္းကို သမီးအဖြား အေျခအေန
ဆိုးေနတာ သမီးရယ္..အဟင့္..ဟင့္..ဆရာဝန္ကေျပာတယ္ အမ်ားဆုံး ၁ပတ္ မေက်ာ္ေတာ့ဘူး ..သမီးအဖြားမွာ အခ်ိန္မရွိေတာ့ဘူး တဲ့..သမီး အဟင့္.ဟင့္
"ရွင္..ဘယ္..ဘယ္လိုျဖစ္တာလဲ
ၿပီးခဲ့တဲ့ ႏွစ္ေတြတုန္း သူမကို အပတ္တိုင္း လာလည္ၿပီး သူမက အဖက္မလုပ္ရင္ေတာင္ အၿမဲၿပဳံးျပေနတတ္သည့္ အဖြားျဖစ္သူ ။သူမကို အၿမဲခ်စ္ေပးၿပီး ေျမးကေလး..ေျမးမေလးဆိုၿပီး အၿမဲေခၚေလ့ရွိသူ။
သူမအေမၿပီးရင္ သူမကို အခ်စ္ဆုံး အဖြားျဖစ္သူ၏ အေျခအေနကို သိရ၍ သူမ ရင္ထဲ တစ္ေနရာတြင္ ေအာင့္လာၿပီး မ်က္လုံးမ်ားလည္း စိုစြတ္လာေလၿပီ။
"အဟင့္..ကင္ဆာ ေနာက္ဆုံး အဆင့္တဲ့ သမီးေရ.. ကုလာတာလဲ ႏွစ္ေတြၾကာလာၿပီ..အေတာ္ဆုံးဆိုတဲ့ ဆရာဝန္ေတြေတာင္ ေခါင္းခါၾကတယ္..အေဒၚဘယ္လိုလုပ္ေတာ့မလဲဟင္..သမီးေရ..အဖြားသာ မရွိေတာ့ရင္ အေဒၚဘယ္လိုဆက္ရပ္တည္ နိုင္မလဲ အစ္မျဖစ္သူလည္း ဆုံးသြားၿပီ ၊ အကုန္လုံးက အေဒၚ့ကို ပစ္သြားၾကေတာ့မွာလား..အဟင့္..ဟင့္
ေ႐ြေခတ္ ရႈံးပြဲခ်ငိဳေနေသာ အေဒၚကို ၾကည့္ၿပီး စိတ္သက္သာရာမရေတာ့..။ သူမ ဆုံးျဖတ္ခ်က္ ခ်လိဳက္ၿပီး
"သမီး..အခုပဲ လိုက္ခဲ့မယ္
"တစ္ကယ္လားဟင္..ဝမ္းသာလိုက္တာ သမီးေရ သမီးအဖြားေတာ့ ေပ်ာ္ေနေတာ့မွာပဲ..ကံေကာင္းတာက သမီး အေဒၚတို႔ကို ပစ္ပယ္မသြားတာပဲ ေက်းဇူးတင္ပါတယ္ သမီးေ႐ႊေလးး..
အေဒၚျဖစ္သူမွာ ဝမ္းသာအားရ သူမကို ေနာက္တစ္ခါ ျပန္ကာ ေျပးဖက္ေလ၏။
ေ႐ြေခတ္မွာ သိမ္းစရာရွိတာ သိမ္းၿပီး အိမြန္အား အေၾကာင္းရင္းေတြ အျမန္ ရွင္းျပကာ ဒီႏွစ္ ခရစၥမတ္ ကို သူမ၏ အိမ္မွာပဲ ျပင္ဆင္ထားတာေတြကို မျဖဳန္းတီးသည့္သေဘာျဖင့္ ကုန္ဆုံးသြားေပးရန္ အိမ္ေသာ့ အပ္ထားခဲ့သည္။
သူမကားကို မေမာင္းေတာ့ဘဲ အေဒၚျဖစ္သူ၏ ကားႏွင့္ စီးလိုက္ပါလာခဲ့သည္။ သူမတို႔ ကား အိမ္ေရွ႕မွ ထြက္သြားသည္ႏွင့္ မနီးမေဝးသစ္ပင္ တစ္ပင္ေအာက္က သူမတို႔ကို ေစာင့္ၾကည့္ေနေသာ သူမွာ ဖုန္းထုတ္ကာ ေခၚလိုက္သည္။
"သူေဌး..သူမ ကို အမ်ိဳးသမီးႀကီး တစ္ဦး maybach ကားတစ္စီးနဲ႕ လာႀကိဳၿပီး ထြက္သြားၿပီ
.....
15.10.21
ၾကာသပေတးေန႕တိုင္း အလုပ္ဖိလို႔ မတင္ေပးနိုင္တာ ေတာင္းပန္ပါတယ္ရွင္..
Advertisement
- In Serial7 Chapters
Miracle Disguised as Blessings
The second chance. The mc's girlfriend got shot and died, quite a sad thing, but somehow a miracle happen. Time leap? Time travel? or it is just a dream. Let me assure you the second encounter are more wholesome!.
8 196 - In Serial64 Chapters
Softest Lips | on hold
𝐒𝐩𝐢𝐧-𝐨𝐟𝐟 𝐭𝐨 𝐈𝐧 𝐇𝐞𝐫 𝐌𝐢𝐧𝐝-"I just kissed the softest lips that god has ever madeAnd I am so in love with the girl to whom these lips he gave." Orianne was a lover girl, whom some considered a hopeless romantic, but she wouldn't dare let the opinions of others knock her off her pivot. She was a young woman who knew what she wanted, and to her, there was nothing wrong with that. She desired the husband, children, dates, random gifts, trips, family outings, and so on.Some would say the reason she can't keep a man is because her standards are high. Which is a ridiculous take. Yes, her standards may be "high," but that's because her father set the tone. She knows what she wants and how she's supposed to be treated, and if you're not giving her that, then you have to go. Out of the few men she has dealt with, she lets them know beforehand what she wants, and it's not her fault that they choose to lead her on under the impression that they wanted the same thing. Another reason men tend to leave her alone is because she's a woman of status, a woman of her word, and a woman about her business. She handles her own and has her own which tends to bruise a man's ego. When asked what she brings to the table, she has a solid answer. She doesn't just bring herself or her body-that's the bonus-she brings communication, trust, comprehension, stability, submission, commitment, and so on. The main question of the matter is, how will Miss. Orianne react when a 19 year old wants to sweep her off her feet and give her everything she wants and more?𝐜𝐨𝐯𝐞𝐫 𝐛𝐲: me
8 116 - In Serial40 Chapters
Unspoken Thoughts
collection of late night poetry and thoughts ~madness, heartbreak, love and isolation.a mess of my mind depicted in a book.(lowercase intended)
8 259 - In Serial35 Chapters
By Chance 《Chanlix》
𝗪𝗵𝗲𝗻 𝗴𝗼𝗼𝗱𝗶𝗲 𝘁𝘄𝗼 𝘀𝗵𝗼𝗲𝘀 𝗙𝗲𝗹𝗶𝘅 𝗮𝗰𝗰𝗶𝗱𝗲𝗻𝘁𝗮𝗹𝗹𝘆 𝗴𝗲𝘁𝘀 𝗱𝗿𝘂𝗻𝗸 𝗮𝗻𝗱 𝗯𝘆 𝗰𝗵𝗮𝗻𝗰𝗲, 𝗲𝗻𝗱𝘀 𝘂𝗽 𝗶𝗻 𝗯𝗮𝗱 𝗯𝗼𝘆 𝗖𝗵𝗮𝗻'𝘀 𝗯𝗲𝗱.《𝐒𝐋𝐈𝐆𝐇𝐓 𝐒𝐌𝐔𝐓 𝐖𝐀𝐑𝐍𝐈𝐍𝐆》
8 166 - In Serial7 Chapters
A Break
✨""We spend our lives searching for meaning. Take a break. Let it find You.""✨"I'm leaving!" She paused "I need a break." As soon as the words left her lips shocking silence prevails.It's a short story of Manan, married yet strangers...They all have their pasts, dark one, happy one, passionate one.Then suddenly, there comes the break!Will this break, break them apart, or bring them close?How?❤️ Cover credit goes to @AGSR2016Peep in to join the journey of Manik & Nandini...Thanks!💖
8 85 - In Serial23 Chapters
New Life-Choni [Book 2]
Sequel to 'Cherry Poisen'-After coming to fame Cheryl and Toni have started their new life with their kids,fame and a whole lot of attention. Facing the difficulties of fame the family must go through the hardest of times, testing their bonds to see how much they can take.
8 155

