《Untamed Flower( ပန်းရိုင်း)》အပိုင်း၂၉
Advertisement
ဝေယံပိုင်မှာ သူမလေးအား အခန်းဆီ တွန်းသွားကြသော သူနာပြုတွေနောက် တကောက်ကောက်လိုက်ရင်း အမြဲတမ်း ပန်းရောင်သန်းနေသည့် နှုတ်ခမ်းများမှာ ဖြူဖျော့နေသဖြင့် သူ့စိတ်ထဲ နေလို့မကောင်းပေ။
ငယ်လေး..ဘာလို့ကိုယ်တို့ရဲ့ တွေ့ဆုံမှု တွေက တစ်ယောက်မဟုတ် တစ်ယောက် နာကျင်ခံစားတဲ့ အချိန် ဖြစ်နေရတာလဲ?
ကိုယ်တို့နှစ်ယောက်က ပေါင်းစပ်ဖို့ မဖြစ်နိုင်လို့လား?
ဒါမှမဟုတ် တစ်ယောက်နဲ့ တစ်ယောက် ပျော်ရွှင်ဝမ်းနည်း မှုတွေ မျှဝေဖို့လား?
သူ အတွေးများစွာဖြင့် သူမလေး လက်ကို ကိုင်ထားရင်း ကုတင်ဘေးတွင် တစ်ညလုံးနေပေးခဲ့သည်။
ဒေါက်တာမကြီး ပြုံးရီမှာ ညသန်းခေါင် လူနာဝင်ကြည့်ရင်း အမျိုးသမီး လက်ကိုကိုင်ထားကာ ၎င်းအမျိုးသမီး၏ မျက်နှာကို မျက်တောင်မခတ်ပဲ စေ့စပ်ကြည့်နေသော ဝေယံပိုင် ခေါ် စီးပွားရေး မြေခွေးကြီး အား တွေ့၍ ခေါင်းသာခါရမ်းပြီး ပြုံးမိလေ၏။
ထိုလူသားမှာ ခက်ထန်သောမျက်နှာ ပိုင်ရှင်ဟု တင်စားရလောက်အောင် ပြုံးသည်ကို မတွေ့ဖူးသလောက်ပင်။ အခုချိန်မှာတော့ မာကျောခက်ထန်သည့် မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့မှုက အစားထိုးထားလေ၏။
ဘယ်လောက် ဂုဏ်ရှိချမ်းသာ နေပလေ့စေ အချစ်နှင့် တွေ့ကြုံလာရင် ထိုလူဟာနူးညံ့စမြဲ..။
.........
ရွှေခေတ် နောက်ကျိကျိခေါင်းကို လက်တစ်ဖက် နှိပ်ကာ မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။
ဘေးဘီကို မျက်လုံးကလေးများ ပုတ်ခတ်ကြည့်လိုက်ပြီး ဒါ သူမဆေးရုံ ရောက်နေမှန်း သိကာ သက်ပြင်းရှည်ကြီးအား ချလိုက်၏။ အချိန်ကတော့ နေ့လည်ခင်း မွန်းတည့်ချိန်လောက် ရှိနေပြီ။
အခန်းမှာ စျေးကြီးမည့်ပုံပင်။ ဧည့်သည်ထိုင်ဖို့ ဆိုဖာတွေ တီဗီတွေ နဲ့ ရေချိုးခန်းပါ တွဲချိတ်ထားသည်။
ဘယ်သူက သူမကို ဒီအခန်းငှား ပေးလိုက်တာလဲ?
တစ်ညကို သိန်းချီကုန်မည့်ပုံ!!
အဲ..မဟုတ်သေးဘူး..ဘယ်သူက သူမကို ဆေးရုံ ပို့လိုက်တာလဲ တောင်မသိ။
သူမခေါင်းကို ခပ်ဖွဖွလေးထုကာ မနေ့ညအဖြစ်အပျက်အား မှတ်မိအောင် မရမက ကြိုးစားလိုက်သည်။ သို့သော် သူမ အရေးပေါ်ဖုန်း မခေါ်ခင် ဖုန်းတစ်ခု ဝင်လာတာနှင့် သူမအား ငယ်လေး ဟုခေါ်ကာ အိပ်မပျော်သွားအောင် သတိပေးနေသော လူတစ်ယောက်အသံ မှ လွဲ၍ ကျန်တာမမှတ်မိတော့ပေ။
သူမ အတွေးရှုပ်နေစဥ်မှာပင် အခန်းတံခါး ဖွင့်သံနှင့်အတူ လူတစ်ယောက် ဝင်လာသည်။
ထိုလူမှာ မနေ့ ဒီအချိန်လောက်ကပဲ ဝတ်ထားသည့် အဝတ်များကို ဝတ်ဆင်နေတုန်းပင်..။
သူရေမချိုးသေးတာတော့ မဟုတ်ပါဘူးနော်..?
လက်ပေါ်မှာ စားစရာဟု ထင်ရသော အထုတ်များအား ဆွဲလျက် လူနာ ထမင်းစားခုံ ပေါ် တင်လိုက်သည်။
ပါးစပ်ဟကာ သူ့ကိုငေးပြီး ဘာမှမပြောနိုင်ရှာသော သူမကိုကြည့်ပြီး ဝေယံ ပြုံးကာ..
"နိုးပြီလား..နိုးနိုးချင်း ဗိုက်ဆာမှာ သိလို့ အောက်ဆင်းပြီး စွပ်ပြုတ်တွေ ဝယ်လာတယ် ကိုယ်လက်တွေ အရင်..သန့်ရှင်းပြီး စားလို့ရပြီ..”
ဟေ့..ဟေ့..ဒါဘာသဘောလဲ?
သူမ နဲ့ သူက သိပ်ကို ရင်းနှီးနေသလိုလို
ပြောပုံဆိုပုံက ဒါ..မလွန်လွန်းဘူးလား??
"အရင် ရှင်းပြသင့်တယ် လို့ မထင်ဘူးလားရှင့် ကျွန်မကို ဦးနှောက်ပါ ပျက်သွားအောင် လုပ်နေတာတော့ မဟုတ်ပါဘူးနော်..”
အက်ရှရှပြနှင့် သူမပြောလိုက်သည်။ သူက ပြုံးရုံသာ ပြုံးပြီး သူမနဖူးအား လက်ဖမိုးနှင့် လာထိကပ်လိုက်သည်။
".....”
သူမ ဘာပြောရမှန်း မသိတော့။ ဒါ..ဘယ်လိုအခြေအနေကြီးလဲ? သို့သော် ထိုလူသားမှာ တည်တည်ငြိမ်ငြိမ်ဖြင့် ကျန်လက်တစ်ဖက်နှင့် သူ့နဖူးကို သူ ပြန်ထိလိုက်သည်။
"အဖျား..တော့မရှိတော့ပါဘူး..ညနေခင်း လောက်မှာ ဆေးရုံက ဆင်းချင်ဆင်းနိုင်လောက်ပြီ။”
သူ၏ အဖျား စမ်းသပ်ခြင်းမှာ ပြီးသွားသော်လည်း သူ့လက်မှာမူ သူမ နဖူးကနေ မခွာနိုင်သေး။ ရွှေခေတ်
သူ့လက်အား ပုတ်ထုတ်ကာ..
"ရှင်...ဂွီ..ဂွီ”
အော်ဆဲ မလို့ ပြင်လိုက်သော်လည်း အစာအိမ်မှာ ပိုင်ရှင်ကိုမှ အားမနာ။ အစာငတ် ဆန္ဒပြ နေလေပြီ။
ဝေယံပိုင်မှာ မရယ်ဘဲ မနေနိုင်တော့ကာ အသံတိုးတိုးလေးဖြင့် ရယ်လိုက်သည်။
"ရှင်..ရှင်က ရယ်ဖို့ သတ္တိရှိနေသေးတယ်..”
သူမမှာ အခု ပုရွက်ဆိတ် လေး တစ်ကောင် ဆင်မကြီးအား ရန်မူ နေပုံနှင့် တူနေသည်။
"ငယ်.. စွပ်ပြုတ် အရင်သောက်လိုက်ပါ သောက်နေတုန်း ကိုယ်တစ်ခွန်းမကျန် ရှင်းပြပါ့မယ်”
သူ့စကား ကြားပြိီး ရွှေခေတ်မှာ အားမနာတော့ ။ စွပ်ပြုတ်ကိုသာ ပါးစပ်ထဲ ခပ်ထည့်ရင်း ရှင်းပြနေသော အနှီ လူကြိီးအား ဖျတ်ခနဲ တစ်ခေါက် နှစ်လောက်သာ မော့ကြည့်နိုင်ပြီး အစား ထဲသာ အာရုံကိုနှစ်ထား၏။
ဝေယံပိုင်မှာတော့ သူ သူမကို တွေ့ဖို့ တမင်ပစ္စည်းမှာတဲ့ အကြောင်းကို ဖယ်ထုတ်ကာ သူ သူမ အပိုမိတ်ကပ်ပစ္စည်းတွေ ထည့်ပေးလို့ ကျေးဇူးတင်ချင်တာနဲ့ ဆက်ပြီး ထိုသို့ တိုက်ဆိုင် သွားကြောင်း..
Advertisement
ဖုန်း တည်နေရာကို google mapနဲ့ လိုက်ပြီး အိမ်လိပ်စာကို ရှာတွေ့ ခဲ့ကြောင်း..လှည့်ကွက်များစွာဖြင့်
ရှင်းပြပေးလိုက်၏။
သူမက ဘာလို့ ကူညီပေးတာလဲ မေး၍ ..
"ငယ်လေးက.. ကိုယ့်ရဲ့ အသက်သခင် ကျေးဇူးရှင် မို့လေ..”
သူဖြေလိုက်သော စကားကြောင့် သူမ စားနေရာမှ ရပ်လိုက်သည်။
"ရှင် သိပြီးသားလား..မနေ့ မတိုင်ခင် ကတည်းက လား”
"အင်း”
အင်းဟုသာ တစ်ချက်ထဲဖြေလိုက်သော သူကြောင့် သူမ ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်မတတ်ပင် ထူပူသွား၏။
.....11.10.21
ေဝယံပိုင္မွာ သူမေလးအား အခန္းဆီ တြန္းသြားၾကေသာ သူနာျပဳေတြေနာက္ တေကာက္ေကာက္လိုက္ရင္း အၿမဲတမ္း ပန္းေရာင္သန္းေနသည့္ ႏႈတ္ခမ္းမ်ားမွာ ျဖဴေဖ်ာ့ေနသျဖင့္ သူ႕စိတ္ထဲ ေနလို႔မေကာင္းေပ။
ငယ္ေလး..ဘာလို႔ကိုယ္တို႔ရဲ႕ ေတြ႕ဆုံမႈ ေတြက တစ္ေယာက္မဟုတ္ တစ္ေယာက္ နာက်င္ခံစားတဲ့ အခ်ိန္ ျဖစ္ေနရတာလဲ?
ကိုယ္တို႔ႏွစ္ေယာက္က ေပါင္းစပ္ဖို႔ မျဖစ္နိုင္လို႔လား?
ဒါမွမဟုတ္ တစ္ေယာက္နဲ႕ တစ္ေယာက္ ေပ်ာ္႐ႊင္ဝမ္းနည္း မႈေတြ မွ်ေဝဖို႔လား?
သူ အေတြးမ်ားစြာျဖင့္ သူမေလး လက္ကို ကိုင္ထားရင္း ကုတင္ေဘးတြင္ တစ္ညလုံးေနေပးခဲ့သည္။
ေဒါက္တာမႀကီး ၿပဳံးရီမွာ ညသန္းေခါင္ လူနာဝင္ၾကည့္ရင္း အမ်ိဳးသမီး လက္ကိုကိုင္ထားကာ ၎အမ်ိဳးသမီး၏ မ်က္ႏွာကို မ်က္ေတာင္မခတ္ပဲ ေစ့စပ္ၾကည့္ေနေသာ ေဝယံပိုင္ ေခၚ စီးပြားေရး ေျမေခြးႀကီး အား ေတြ႕၍ ေခါင္းသာခါရမ္းၿပီး ၿပဳံးမိေလ၏။
ထိုလူသားမွာ ခက္ထန္ေသာမ်က္ႏွာ ပိုင္ရွင္ဟု တင္စားရေလာက္ေအာင္ ၿပဳံးသည္ကို မေတြ႕ဖူးသေလာက္ပင္။ အခုခ်ိန္မွာေတာ့ မာေက်ာခက္ထန္သည့္ မ်က္ႏွာေပၚတြင္ ႏူးညံ့သိမ္ေမြ႕မႈက အစားထိုးထားေလ၏။
ဘယ္ေလာက္ ဂုဏ္ရွိခ်မ္းသာ ေနပေလ့ေစ အခ်စ္ႏွင့္ ေတြ႕ႀကဳံလာရင္ ထိုလူဟာႏူးညံ့စၿမဲ..။
.........
ေ႐ႊေခတ္ ေနာက္က်ိက်ိေခါင္းကို လက္တစ္ဖက္ ႏွိပ္ကာ မ်က္လုံးမ်ားကို ျဖည္းျဖည္းခ်င္းဖြင့္လိုက္သည္။
ေဘးဘီကို မ်က္လုံးကေလးမ်ား ပုတ္ခတ္ၾကည့္လိုက္ၿပီး ဒါ သူမေဆး႐ုံ ေရာက္ေနမွန္း သိကာ သက္ျပင္းရွည္ႀကီးအား ခ်လိဳက္၏။ အခ်ိန္ကေတာ့ ေန႕လည္ခင္း မြန္းတည့္ခ်ိန္ေလာက္ ရွိေနၿပီ။
အခန္းမွာ ေစ်းႀကီးမည့္ပုံပင္။ ဧည့္သည္ထိုင္ဖို႔ ဆိုဖာေတြ တီဗီေတြ နဲ႕ ေရခ်ိဳးခန္းပါ တြဲခ်ိတ္ထားသည္။
ဘယ္သူက သူမကို ဒီအခန္းငွား ေပးလိုက္တာလဲ?
တစ္ညကို သိန္းခ်ီကုန္မည့္ပုံ!!
အဲ..မဟုတ္ေသးဘူး..ဘယ္သူက သူမကို ေဆး႐ုံ ပို႔လိုက္တာလဲ ေတာင္မသိ။
သူမေခါင္းကို ခပ္ဖြဖြေလးထုကာ မေန႕ညအျဖစ္အပ်က္အား မွတ္မိေအာင္ မရမက ႀကိဳးစားလိုက္သည္။ သို႔ေသာ္ သူမ အေရးေပၚဖုန္း မေခၚခင္ ဖုန္းတစ္ခု ဝင္လာတာႏွင့္ သူမအား ငယ္ေလး ဟုေခၚကာ အိပ္မေပ်ာ္သြားေအာင္ သတိေပးေနေသာ လူတစ္ေယာက္အသံ မွ လြဲ၍ က်န္တာမမွတ္မိေတာ့ေပ။
သူမ အေတြးရႈပ္ေနစဥ္မွာပင္ အခန္းတံခါး ဖြင့္သံႏွင့္အတူ လူတစ္ေယာက္ ဝင္လာသည္။
ထိုလူမွာ မေန႕ ဒီအခ်ိန္ေလာက္ကပဲ ဝတ္ထားသည့္ အဝတ္မ်ားကို ဝတ္ဆင္ေနတုန္းပင္..။
သူေရမခ်ိဳးေသးတာေတာ့ မဟုတ္ပါဘူးေနာ္..?
လက္ေပၚမွာ စားစရာဟု ထင္ရေသာ အထုတ္မ်ားအား ဆြဲလ်က္ လူနာ ထမင္းစားခုံ ေပၚ တင္လိုက္သည္။
ပါးစပ္ဟကာ သူ႕ကိုေငးၿပီး ဘာမွမေျပာနိုင္ရွာေသာ သူမကိုၾကည့္ၿပီး ေဝယံ ၿပဳံးကာ..
"နိုးၿပီလား..နိုးနိုးခ်င္း ဗိုက္ဆာမွာ သိလို႔ ေအာက္ဆင္းၿပီး စြပ္ျပဳတ္ေတြ ဝယ္လာတယ္ ကိုယ္လက္ေတြ အရင္..သန့္ရွင္းၿပီး စားလို႔ရၿပီ..
ေဟ့..ေဟ့..ဒါဘာသေဘာလဲ?
သူမ နဲ႕ သူက သိပ္ကို ရင္းႏွီးေနသလိုလို
ေျပာပုံဆိုပုံက ဒါ..မလြန္လြန္းဘူးလား??
"အရင္ ရွင္းျပသင့္တယ္ လို႔ မထင္ဘူးလားရွင့္ ကြၽန္မကို ဦးႏွောက္ပါ ပ်က္သြားေအာင္ လုပ္ေနတာေတာ့ မဟုတ္ပါဘူးေနာ္..
အက္ရွရွျပႏွင့္ သူမေျပာလိုက္သည္။ သူက ၿပဳံး႐ုံသာ ၿပဳံးၿပီး သူမနဖူးအား လက္ဖမိုးႏွင့္ လာထိကပ္လိုက္သည္။
".....
သူမ ဘာေျပာရမွန္း မသိေတာ့။ ဒါ..ဘယ္လိုအေျခအေနႀကီးလဲ? သို႔ေသာ္ ထိုလူသားမွာ တည္တည္ၿငိမ္ၿငိမ္ျဖင့္ က်န္လက္တစ္ဖက္ႏွင့္ သူ႕နဖူးကို သူ ျပန္ထိလိုက္သည္။
"အဖ်ား..ေတာ့မရွိေတာ့ပါဘူး..ညေနခင္း ေလာက္မွာ ေဆး႐ုံက ဆင္းခ်င္ဆင္းနိုင္ေလာက္ၿပီ။
သူ၏ အဖ်ား စမ္းသပ္ျခင္းမွာ ၿပီးသြားေသာ္လည္း သူ႕လက္မွာမူ သူမ နဖူးကေန မခြာနိုင္ေသး။ ေ႐ႊေခတ္
သူ႕လက္အား ပုတ္ထုတ္ကာ..
"ရွင္...ဂြီ..ဂြီ
ေအာ္ဆဲ မလို႔ ျပင္လိုက္ေသာ္လည္း အစာအိမ္မွာ ပိုင္ရွင္ကိုမွ အားမနာ။ အစာငတ္ ဆႏၵျပ ေနေလၿပီ။
ေဝယံပိုင္မွာ မရယ္ဘဲ မေနနိုင္ေတာ့ကာ အသံတိုးတိုးေလးျဖင့္ ရယ္လိုက္သည္။
"ရွင္..ရွင္က ရယ္ဖို႔ သတၱိရွိေနေသးတယ္..
သူမမွာ အခု ပု႐ြက္ဆိတ္ ေလး တစ္ေကာင္ ဆင္မႀကီးအား ရန္မူ ေနပုံႏွင့္ တူေနသည္။
"ငယ္.. စြပ္ျပဳတ္ အရင္ေသာက္လိုက္ပါ ေသာက္ေနတုန္း ကိုယ္တစ္ခြန္းမက်န္ ရွင္းျပပါ့မယ္
သူ႕စကား ကြားပြိီး ေ႐ႊေခတ္မွာ အားမနာေတာ့ ။ စြပ္ျပဳတ္ကိုသာ ပါးစပ္ထဲ ခပ္ထည့္ရင္း ရွင္းျပေနေသာ အႏွီ လူကြိီးအား ဖ်တ္ခနဲ တစ္ေခါက္ ႏွစ္ေလာက္သာ ေမာ့ၾကည့္နိုင္ၿပီး အစား ထဲသာ အာ႐ုံကိုႏွစ္ထား၏။
ေဝယံပိုင္မွာေတာ့ သူ သူမကို ေတြ႕ဖို႔ တမင္ပစၥည္းမွာတဲ့ အေၾကာင္းကို ဖယ္ထုတ္ကာ သူ သူမ အပိုမိတ္ကပ္ပစၥည္းေတြ ထည့္ေပးလို႔ ေက်းဇူးတင္ခ်င္တာနဲ႕ ဆက္ၿပီး ထိုသို႔ တိုက္ဆိုင္ သြားေၾကာင္း..
ဖုန္း တည္ေနရာကို google mapနဲ႕ လိုက္ၿပီး အိမ္လိပ္စာကို ရွာေတြ႕ ခဲ့ေၾကာင္း..လွည့္ကြက္မ်ားစြာျဖင့္
ရွင္းျပေပးလိုက္၏။
သူမက ဘာလို႔ ကူညီေပးတာလဲ ေမး၍ ..
"ငယ္ေလးက.. ကိုယ့္ရဲ႕ အသက္သခင္ ေက်းဇူးရွင္ မို႔ေလ..
သူေျဖလိုက္ေသာ စကားေၾကာင့္ သူမ စားေနရာမွ ရပ္လိုက္သည္။
"ရွင္ သိၿပီးသားလား..မေန႕ မတိုင္ခင္ ကတည္းက လား
"အင္း
အင္းဟုသာ တစ္ခ်က္ထဲေျဖလိုက္ေသာ သူေၾကာင့္ သူမ ဦးေခါင္းတစ္ခုလုံး ေပါက္ကြဲထြက္မတတ္ပင္ ထူပူသြား၏။
.....11.10.21
Advertisement
- In Serial43 Chapters
Land of the Destined
In a land where everything is structured on destiny and fate, a single destiny may cause its bane.The Larkspear kingdom was a region of prosperity, magic, and destiny. People were peaceful and happy despite the lore and the truth of the Larkspear rule and its foretold downfall. But things changed after the birth of Prince Jayden Larkspear.The entire empire went silent as people waited for the king to announce the child's name and his fate. But all they got was a name and nothing else.The very next day, a decree was passed making the use of magic in public illegal. People who used magic in any corner of the territory were killed on sight. In fear, many people fled the region, and it took years for the nation to get peace once more.For almost sixteen years, the prince never appeared in public, and speculations began to grow that the prince didn't actually exist. To finally dispel these rumours, the prince finally makes his first appearance, and his life starts to change rapidly.On another end of the social ladder stood Elizah Cohen. She was a girl with just as many rumours as the prince himself. She has been shunned by those around her and has begun to lose hope for change. The only hope she had carried for so long was also starting to get snuffed out until her life began to change.A sudden meeting and an unexpected friendship interplay to form a combination of dastardly results and destruction that has barely begun.Can they figure out what destiny has in store for them before eternal chaos unfolds itself?
8 173 - In Serial79 Chapters
Ruin Me
Kings Bridge Boys Book OneAfter her beloved mothers untimely death, Cara Collins, an independent, sassy, smart ass girl from Vegas is forced to go and live with her dad who she hasn't seen in 15 years. He's a teacher and housemaster at Kings Bridge Academy for boys. Enter Mitchell, Sawyer, Grey and Nico who are several of the hundreds of gorgeous, wealthy, stuck up boys Cara will now be living with. But they're determined to show her that money isn't all there is to them and that her troubled past doesn't have to be her whole story.Their friendship becomes everything as people from her past return to ruin her.Completed - 9/5/18
8 116 - In Serial15 Chapters
Crystal Clear - (A 'Muddy Green Waters' sequel) || Draco Malfoy
Draco Malfoy and Rosie Carter go back to Hogwarts after the war to complete their education.****TRIGGER WARNINGS:Contains mature language and sexual scenes throughout Mentions of alcohol misuse Death and grief
8 198 - In Serial52 Chapters
Challenge accepted(Completed)
Amanda who is super rich kid and most famous girl in her who doesn't care anyone's feeling. On other side Maaya is scholarship student who is always shy and doesn't talk to people much and very conservative. How life changes when these two girls stay together and how there life takes turns and they end up together.⇥TachlCm3⇤1st ranking in lifetime (14th Nov 2018)
8 199 - In Serial22 Chapters
In the World of Downton Abbey
Mandy DeMont is a huge fan of Downton Abbey, the famous British TV series that spread like wildfire across the world. This small-town girl gets the shock of her life when she enters the Downton world, and experiences life both in the downstairs as a maid, and then the upstairs as a hospital accountant. What will she do when she is ridiculed, and sought after by two well-known men from the show, one shockingly being a certain gay footman?
8 136 - In Serial200 Chapters
A Gorgeous white (BL)
Author: Heather_ANAREStatus: ongoingStatus in COO: ongoingSource: webnovelEnding your own life isn't the right decision. Moulin had never believed this phrase until he did it. Moulin, a depressed shut-in digital writer, transmigrates into the frail body of a spoiled young master. Unknown to him, he was swallowed by the fear of death. This time, he intended to start a new beginning and relive his life carefully.An unusual world where special people possess elemental powers and thriving magical beasts, A cute meng selling snow-white fox, A crowd of overprotective people, and a powerful yet impressively annoying person...a stressful Moulin massaged his forehead. This couldn't possibly get any worse... Moumou: My body doesn't feel right...( secretly inspects lower body)Moumou: [email protected]$%#!!!!An Evil Lion: My love, our bed has gone cold...Moumou: (#ง'̀-'́)งWarning this novel includes the following:1. Smut 2. Gore 3. Inappropriate language‼️ PLEASE READ ‼️(this is not mine Credits to the owner of the story, I'm only doing this for offline reading,Please support the author in webnovel i will hunt you guys in you're dream's if you don't)
8 170

