《Untamed Flower( ပန်းရိုင်း)》အပိုင်း၂၅
Advertisement
အာကာထက် ကားပေါ်မှ ဆင်းလာချင်းချင်း မတွေ့ရတာကြာပြီး သိပ်လွမ်းနေရှာသည့် ပုံစံဖမ်းလျက် ဘောင်းဘီအိတ်ကပ်ထဲ လက်ကို ထည့်ကာ ရပ်စောင့်နေသော ဝေယံအား ပြေးဖက်လိုက်သည်။
(ရှင် လုပ်ပုံကိုက အထင်လွဲစရာကြီးပါ အိုပါးအာကာရယ်)
ဝေယံမှာ အဖြူရောင်ကားလေးကိုသာ အာရုံရောက်နေသဖြင့် ထိုကားကိုဖြတ်မောင်းလာသော suv အနီရောင်ကားအား မတွေ့မိခဲ့ပေ။ ထိုကားအဖြူလေး မြင်ကွင်းမှ ပျောက်ကွယ် သွားသည့်တိုင် သူ့မှာတော့ တောင့်တောင့်ကြီး ရပ်ကြည့်နေဆဲပင်။
ရုတ်တရက် ဆိုသလို အဖက်ခံလိုက်ရသဖြင့် သူလန့်ဖျပ်မိသွားသည်။
"အို..အကိုကြီး ရေ လွမ်းနေလိုက်ရတာ နေကောင်းသွားပြီလား..ဘယ်နားနာနေသေးလဲ..ဟင်”
ထိုအသံပိုင်ရှင်ကား သူအိပ်ယာထဲ လှဲနေချိန် အော်ချင်သလောက် အော်ပြီး အနိုင်ကျင့်နေရှာသည့် ချစ်လှစွာသော မက်လောင်းလေး..။
သူ မျက်လုံးတွေ မှေးကျဥ်းပစ်လိုက်ပြီး..
"ဘာလဲ..ဒါက မီးမလောင်မီ သဲဖြန်းတဲ့ သဘောလား”
အာကာထက်မှာ သူ့ယောက်ဖ က သိနှင့်နေတယ် ဟူသော အဓိပ္ပါယ်ဖြင့် ပြောနေသည်ကို ဂရုမထား...
"တကယ်ပြောတာပါ ကိုကြီး..စိတ်ပူလွန်းလို့..ညဆိုလည်း အိပ်မပျော် နေ့ဆိုလည်းစားမ...”
"-ီးစကားတွေပြောနေ ဘယ်မှာလဲ ငါ့ညီမလေး၊ ”
ထိုအချိန်မှ အာကာထက် နှုတ်ပိတ်လိုက်ရသည်။ ဒီကောင်ကြီးက မိန်းကလေးတွေ ဆွဲဆောင်လို့တောင်မရတာ.. ငါဆိုဝေးသေး..
"ဒါနဲ့ ယောက်ဖ ခုန ကားအဖြူလေးနဲ့က ဘယ်သူလဲ
ပြောတော့ ဒီအိမ်ထဲ မင်းမိသားစုဝင်က လွဲရင် ဘယ်သူမှ ပေးမဝင်ဘူးဆို!”
".....”
ဝေယံ တစ်ခွန်းကလေးတောင် မတုံ့ပြန်။
"ဘာလဲ ကောင်မလေးလား.. အယ်လယ့်”
အာကာထက် ပြုံးရိပ်သန်းနေသော သူ့ဘော်ဒါကြီးအား စလိုက်သည်။
"ကောင်မလေး မဟုတ်ဘူး မင်းမရီးလောင်း..”
"......”
အာကာ ပါးစပ်အဟောင်းသား.. ။ သူက စရုံလေးပဲကို တကယ်အတည်ကြီး ရုပ်နှင့် ပြောနေရှာသော သူ့ယောက်ဖအား နားမလည်နိုင်တော့။
"ငါမင်းကို ငါ့ညီမလေး ဘယ်မှာလဲ လို့မေးနေတာလေ..သူမ လိုက်မလာဘူးလား”
ရုပ်တည်ကြီးနှင့် စကားလမ်းကြောင်းလွှဲလိုက်သော အနှီ လူသားကြီးမှာ သြချရလောက်ပါပေ၏။
"သူ..သူမ ကားပေါ်မှာ အိပ်..အိပ်ပျော်နေတယ်”
ဝေယံမှာ စကားလုံးတွေတောင် ညီအောင်စီအောင် မပြောနိုင်တော့သည့် အာကာထက်အား လျစ်လျူရှုလိုက်ကာ ကားပေါ်မှ အိပ်ပျော်နေသည့် ညီမလေးအား နိုးရန် ကားတံခါးဖွင့်လိုက်သည်။
ပြည့်ဖောင်းနေသော ပါးနှစ်ဖက်အား လက်နှင့်ဖျစ်ညစ်လိုက်သည်။ မတွေ့ရသည်မှာ လဝက်တောင်ကြာရောပေါ့ ။ တစ်ဦးတည်းသော ညီမလေးမို့ လည်း အချိန်တစ်ခဏတာ မဆက်သွယ်ပဲ နေခဲ့ရ၍ အတော်ကိုပင် လွမ်းနေခဲ့ရသည်မို့..။
(အဲလို အကို တစ်ယောက်လောက်😞)
ပါးပြင်ပေါ်မှ စူးရှသည့် ခံစားမှုကြောင့် အိပ်ပျော်ရာမှ လူးလွန့်ကာ ထလာသည်။ မျက်စိ ဖွင့်ဖွင့်ချင်း မြင်နေရသော မြင်ကွင်းကြောင့် သူမ အပျော်လွန်သွားကာ ကားပြင်ဘက် မှ ရပ်နေသော အစ်ကို ဖြစ်သူဆီ ခုံတက်ပြီး ဖက်ထားလိုက်သည်။
ဗိုက်ပေါ်က ချုပ်ရာမှာ သိပ်မကျက်သေး၍ စူးခနဲ နာကျင်မှုကြောင့် ဝေယံ သူ့ညီမလေး မမြင်အောင် မျက်မှောင်ကြုတ်လိုက်မိသည်။
ထို အဖြစ်အပျက် ကို မြင်နေသော အာကာထက်မှာ ကြောင်အမ်းရာမှ ချက်ချင်းအသိဝင်ကာ သူတို့နှစ်ဦးဆီ ပြေးသွားလိုက်သည်။
"သဲ..လာကိုကို ချီသွားမယ်..ကိုကြီးကို အနိုင်မကျင့်နဲ့”
ဝေယံ၏ အနာကို စိတ်ပူ၍ အာကာထက် တားလိုက်ခြင်းဖြစ်သည်။ သို့သော် ရစ်စိန်မလေးမှာတော့ သူမအကိုဖြစ်သူကို လွမ်းလွန်း၍ ခေါင်းကိုသာ ခါနေ၏။
"ဟင့်အင်း..ကိုကိုက နေ့တိုင်းတွေ့နေရပြီး နေ့တိုင်းချီနေတာ ကိုကြီးက မတွေ့ရတာ ၂ပတ်တောင်ရှိနေပြီလေ ကိုကြီးကိုပဲ ချီခိုင်းမှာ..”
အာကာထက် သူ အတင်း ကန့်ကွက်မည် ဆိုပြီး ရှေ့တိုးလာသော်လည်း ဝေယံ၏ ခေါင်းခါပြကာ အချက်ပေးမှုကြောင့် ရပ်တန့်လိုက်ရသည်။ ဒီကောင် ဒင်းကြောင့် ညီမဖြစ်သူ သေလောက်အောင် ဆိုးပြီးရစ်နေတာ မဆန်းတော့ပါဘူး..။ ဒါပေမယ့် အခုဟာက တော်တော်ကို လွန်သွားပြီး ။ ကိုယ်တိုင် ဒဏ်ရာရထားတာကို ကြိတ်ခံပြီး ညီမဖြစ်သူအား အသိမပေးလိုကာ လိုက်လျောနေခြင်း..။
အိမ်ထဲရောက်လျှင် ဆိုဖာပေါ် ချပေးပြီး အရင်နှစ်ပတ်ကရော ခုနလေးတင်ရော မှာထားပေးသည့် အလှပြင် ပစ္စည်းများထည့်ထားသော ဖာဘူးနှစ်ဘူးအား လာချ ပေးသည်။ ညီမဖြစ်သူ ပျော်နေသည်ကို တွေပြီး သူ့ခမျာ အပြုံးတွေလည်း မျက်နှာကမခွာနိုင်တော့ပေ။
မီးဖိုချောင် ထဲ ဝင်သွားကာ ညီမလေးကို ရေခပ်ဖို့ပြင်နေစဥ်..
"ဝေယံ..မင်း ဒီကိုကြည့် ဒါနဲ့ ဒါပေါင်း ဘယ်လောက်လဲ?”
ဝေယံ အကြည့်များကို အာကာဆီ လွဲလိုက်သည်။ လက်နှစ်ဖက်ကို ရှေ့ဆန့်ပြီး တစ်ဖက်ကို လက်ညိုး ၃ ချောင်းထောင်ပြီး ကျန်တစ်ဖက်ကို ၅ခေျာင်း ထောင်ပြကာ သူ့ကို စူးစူးကြီး ကြည့်နေသော ရွှေဒေါက်တာလေး အာကာထက်။
Advertisement
ဝေယံ သူဘာကိုဆိုလိုနေလဲ သိချင်နေလဲ ဆိုတာ သိ၍
တမင်ပင် အဖြေမှားပေးလိုက်သည်။
"လေး”
"ဟင်”
အာကာထက် သူ့နားကိုသူ မယုံနိုင်ပေ။ ဆေးရုံ မှာကတည်းက x.rayတွေရော အကုန် စစ်ဆေးပြီးသွားပြီ ဖြစ်ပေမယ့် ဒါက နှောင်းပိုင်း မှ ဖြစ်ပေါ်တတ်သော လက္ခဏာများလား? ဦးခေါင်း ထဲ တစ်ခုခုဖြစ်နေလို့ များလား..
တကယ်ကိုပင် ထူးဆန်းနေသည်ကို သူသတိထားမိသော်လည်း သိပ်ဂရုမပြုခဲ့မိပေ။
မနက် သူ့လက်ထောက် ဖုန်းခေါ်လာပြီး သူ့သူဌေး ထူးထူးဆန်းဆန်းတွေ ပြုမူနေကြောင်း ပြောတုန်းက သူသိပ်မယုံချင်သေး။
အခုသူ့အိမ်ရောက်မှ သေချာလေး သိလိုက်ရသည်။
ဘာတဲ့... မိန်းကလေးသုံး မိတ်ကပ် ပစ္စည်း တွေကို တောင်လိုပုံအောင် ဝယ်ထားသည် တဲ့လား...
အခုလည်း လက်ချောင်း ၈ခေျာင်း ထောင်ပြတာကို တဲ့။
"ဝေယံ... မင်းငါနဲ့ အခုချက်ချင်း ဦးနှောက်နဲ့ အာရုံကြော အထူးကုသပေးတဲ့ ဆရာဝန်ဆီ သွားရမယ်၊ ဒါပေမယ့် စိတ်မပူပါနဲ့ အဲ ဆရာဝန်က ငါ့အသိ သူကုတဲ့လူနာ ၉၈ရာခိုင်နှုန်းက မူလအတိုင်း ပြန်ကောင်းလာတယ် တကယ်ကို တော်တဲ့ ဆရာဝန်နော်..”
"....”
ဝေယံပိုင် ပြောစရာစကားတောင် မရှိတော့ ။ သူက ခုန စရုံလေး စလိုက်တာပါ။ သူ့မက်လောင်းကိုက ကြောင်နေတာ ဖြစ်နိုင်၏။
"မင်း..လက်ရှစ်ချောင်း ထောင်ပြမှန်းငါသိတယ် ကျန်တဲ့ လေးချောင်းကို စကားများတဲ့ မင်းအာကို ပိတ်ဖို့ ငါသုံးလိုက်တာ.. လေးချောင်းပဲ ကျန်တယ် မမှန်ဘူးလား..”
".....”
ရေခွက်မကာ မီးဖိုချောင်မှ ထွက်သွားသော ဝေယံ့နောက်ကျောကို ငေးကာ ခုန သူပြောသွားသည့် စကား၏ အဓိပ္ပါယ်အား နားလည်ရန် အချိန်အတော်ကြာ ယူလိုက်ရသည်။ သူနားလည် သွားချိန်မှာတော့...
"ချီးပဲ..”
............
8.20.21
ဒီနေ့ ဘဲနဲ့ပြတ်သွားလို့ ပရိုမိုးရှင်း အနေနဲ့
အပိုင်း ရှည်ပေးလိုက်ခြင်း ဖြစ်၏။
အတူတူ..ဂုဏ်ပြုလိုက်ကြရအောင်. 🍻
အာကာထက်မှာ သူ့ယောက်ဖ က သိနှင့်နေတယ် ဟူသော အဓိပ်ပါယျဖွငျ့ ပြောနေသည်ကို ဂရုမထား...
".....
"......
Advertisement
"လေး
"ဟင်
အခုလည်း လက်ချောင်း ၈ခြောငျး ထောင်ပြတာကို လေး တဲ့။
"....
".....
"ချီးပဲ..
............
8.20.21
Advertisement
- In Serial36 Chapters
My turn (MxB)
**COVER IS NOT MINE, I FOUND IT ON PINTEREST****slow updates**Un completed!!
8 243 - In Serial54 Chapters
Wife Turned Mistress (completed)
He was reported dead, his car was burnt to ashes on the very day his child was born. Two years later Clara discovers her husband was not dead but in fact healthy and alive apparently he is the number one bachelor in the city. Can she have him back? Are they even the same persons?Kelvin knight woke up from a year long coma with no idea where he spent his last three years. He only remember a pair of Green eyes that stares at him in his sleep.Who was she and where did he meet her?
8 181 - In Serial17 Chapters
Daddy's Girl || Bakugou x Pregnant! Reader
"Daddy's going to protect you from every fucking villain out there!"You ruffled his hair as he talked to your belly. "Stop cursing at the baby!""It's fine! She's gonna be my princess anyway!""Please! He's totally a boy!""Whatever! She's going to be a Daddy's girl!"
8 201 - In Serial25 Chapters
Wolfwalkers (DNF Version)
This will be similar to the movie "Wolfwalkers", but just a tad differentGeorge, the youngest brother of 5, is eager to hunt like his father, Phil, and his older siblings. Wolves have been eating their livestock and have been roaming in the townWhen George decides to kill his first wolf, he gets bitten by a giant wolf, who can turn into a human when he's awake, and wolf when asleepAs both try their best to hide their abilities among the people, George is left with one thing in mind, to protect the thing his family has been trying to kill - wolves and the handsome young Wolfwalker
8 220 - In Serial40 Chapters
Forever Together
A sweet, bubbly and childish girl named Keira Singhania is loved by all her family.Though childish but she is mature during times of need. She is the heart of her family members.An arrogant, rude and sophisticated buisness man named Abhiman Rajvansh who is the king of Business; is what every girl would dream of in their life partners. His life revolves around his work and no one can stop or change him.What will happen when Keira will try to bring up changes in Abhiman's lonely world?When she will brighten his family's gloomy atmosphere?Will he accept the changes or consume the light with his own darkness?
8 221 - In Serial4 Chapters
||Poetry Collection||
Random but beautiful poems I've come across that should be read.
8 144