《Untamed Flower( ပန်းရိုင်း)》အပိုင်း၂၃
Advertisement
သူက ဒီမိတ်ကပ် ပစ္စည်းတွေကို သုံးမို့လား?
ဒါဆို သူက တကယ်ပဲ မိန်းမစိတ်ပေါက်နေတာပေါ့
အကောင့်နာမည် ကိုက မိန်းကလေးတွေ သုံးနေကျလေ.. အမလေး ကြက်သီး တောင်ထတယ်!
အရင်ပတ်ကပဲ တစ်ခါ မှာပြီးသွားပြီလေ
မလိမ်းပဲ ဖျော်သောက်တာများလား?
(သာသာဆိုလဲ အဲလိုတွေးမှာ😆)
ရွှေခေတ် အတွေးတွေကို ဖျောက်လိုက်ပြီး သက်ပြင်းရှည်ကြီးကို ချကာ ကားစက်ပိတ်လိုက်သည်။ သူမ မသိချင်သာ ယောင်ဆောင်မယ် ဆိုပြီး ကားပေါ်မှ ဆင်းလာလိုက်သည်။
သူမ အိမ်ပိုင်ရှင်ကို မြင်နေသော်လည်း အော်ခေါ်လိုက်လျှင် ယဥ်ကျေးမှု မရှိမည်စိုး၍ တံခါးဘေးက ဘဲလ်ကိုသာ တစ်ချက်နှိပ်လိုက်သည်။
ဝေယံမှာ တစ်မနက်လုံး စောင့်နေရသော ဘဲလ်သံကြားပြီး လက်ထဲမှ အသင့်ဆောင်ထားသည့် သံလိုက် control နှင့် ဖွင့်လိုက်သည်။ သူ့အလိုလို ဘေးသို့ရွှေ့သွားနေသော တံခါး မှာ ထိုအချိန် သိပ်ကို နှေးကွေးလွန်းပုံ ရောက်နေ၏။
တံခါး တစ်ဝက်ခန့်သာ ပွင့်ထားပေမယ့်လည်း မြင်နေရသည့် မြင်ကွင်းမှာမူ သူ့အတွက် မျက်စိအာဟာရ ကောင်းတစ်ပွဲ ဖြစ်စေနေသည်။
ကားနောက်ခန်းထဲမှ ပစ္စည်းကို မရင်း ကားနောက်ခန်းတံခါး ပိတ်ဖို့ ကြိုးစားနေသည့် သူမမှာ မပြုံးရင် သာမန်မဟုတ်သည်အထိ လူကိုဆွဲဆောင်မှု များနှင့် ဖမ်းစားထားလေ၏။
အပြာရောင် ဂျင်းပွဘောင်းဘီရှည်နှင့် ခရမ်းရောင် ခေါင်းစွပ်ပါသော သိုးမွှေး လက်ရှည်အင်္ကျီကို ဝတ်ဆင်ထားကာ ဆံပင်ကို အပေါ်သို့ တင်းရင်းစွာ စည်းထားသည်။
သို့သော် သူ့အား စိတ်နာသွားစေသည်မှာ မျက်နှာကို ဖုန်းကွယ် ထားသော အနက်ရောင် ချည်သားmask!
ထိုအရာမှာ မျက်နှာကို ကွယ်ထားသော်လည်း အနက်ရောင် ဖြစ်နေသောကြောင့် သူမ၏ သနပ်ခါးနှစ်ရောင် ဖြူဖွေးဖွေး လည်ပင်းသားတွေအား ပိုမို ပေါ်လွှင်စေနေ၏။
သူ သရည်တွေကို အမှုမဲ့ အမှတ်မဲ့ မြိုချမိလိုက်သည်။ သို့သော် ရေခဲတုံးဟူသော ဂုဏ်ပုဒ်မှာမူ အပျက်မခံပေ။ မျက်နှာကို ပြန်တည်လိုက်ပြီး သူမအား အထူးအဆန်းမဟုတ်သလို ကြည့်လိုက်သည်။
"ဟေး..ရှင့်ကို ခေါ်နေတယ်လေ မကြားဘူးလား..”
ရွှေခေတ် စိတ်မရှည်တော့ပေ။ ခေါ်နေတာ သုံးကြိမ်တိုင်တိုင် ရှိနေပြီ။ သူမကိုသာ မျက်နှာတည်ကြီးနှင့် စိုက်ကြည့်နေပြီး ဘာမှလဲပြန်မပြောသော ထိုလူမှာ ကားအက်ဆီးဒန့် ဖြစ်တုန်း နားစည် ပါပျက်သွားတာလား?
ဝေယံ တွေဝေနေရာမှ သူ့မျက်နှာ ရှေ့ လာဝှေ့ပြနေသော လက်ကြောင့် သတိပြန်ရသွားသည်။
"ကြားတယ်...”
ကြားတယ်..တဲ့လား?
ဒါဆို တမင်မထူးတာပေါ့..
"ရှင်.....”
သူမ ပြောစရာ စကားတောင်မရှိတော့ပေ။ ဆဲထည့်လိုက်မည် ဆိုလည်း ထိုလူမှာ မဟာဖောက်သည်ကြီး ဖြစ်နေ၍ လက်လျှော့လိုက်ရသည်။
"ပစ္စည်းလာပို့တာပါရှင်.. ငွေလည်း ချေပြီးသွားပါပြီ
နောက်ပြီး ဒီပေါ်မှာ လက်ခံရပြီးကြောင်း လက်မှတ်လေး ထိုးပြီးရင် ရပါပြီရှင့်..”
သူမ ဖုန်းကို ကမ်းကာ လက်မှတ်ထိုးခိုင်းလိုက်သည်။
ဝေယံ သူ့ကို မသိသလို အယောင်ကြီးဆောင်ကောင်းလှသော အလှပဂေးလေးကို မျက်စိများမှေးကျဥ်းကာ ကြည့်လိုက်သည်။
"သိပြီ”
ကမ်းပေးသော ဖုန်းကို ယူကာ လက်မှတ်ထိုးပေး လိုက်သည်။
မင်းလေး ဘယ်လောက်ထိ ဟန်ဆောင်နိုင်မလဲ?
ကိုယ်တိုင် ကယ်ထားတဲ့ လူကို မမှတ်မိဘူးလို့..
စိတ်ထဲ ပြောရင်း သူမချထားသော ဖာကို မယူရန် ကြိုးစားလိုက်သည်။
"ဟေး..ရှင်ဘာလုပ်မလို့လဲ”
ဖုန်းကို ယူပြီး စစ်ဆေးနေသော သူမမှာ ထိုလူ၏ လုပ်ရပ်ကြောင့် အော်ထည့်မိလိုက်သည်။
သူက ခွဲစိတ်ထားတာ မကြာသေးဘူးလေ..
ဘာလို့ အလေးမဖို့ ကြိုးစားနေတာလည်း..
တစ်ခုခုသာ ဆက်ဖြစ်သွားရင် ငါ့ရဲ့ ဆိုင် ပစ္စည်းပို့ ဝန်ဆောင်မှု မကောင်းဘူး ဖြစ်သွားရင်တော့...
"အိမ်ထဲကို မသွားမလို့လေ..ဘာလဲ ငွေလည်း ချေပြီးပြီ လက်မှတ်လည်း ထိုးပေးပြီးပြီ ယူသွားလို့ မရသေးဘူးလား? ”
သူ့စကားကြောင့် ရွှေခေတ်မှာ ကြက်ဥငုံထားရသလိုပင်။ ဘာမှဆက်မပြောနိုင်တော့ပေ။
သူမ ဝန်မခံသေးဘဲ တိတ်နေသည်ကို တွေ့၍ ဝေယံ ဖာကိုမဖို့ နောက်ထပ် ကြိုးစားလိုက်သည်။ ထိုအချိန်မှ..
"ရှင်.. မ မနဲ့ ရှင် မလို့မရဘူး!”
သူမစကား ကြောင့် သူနှုတ်ခမ်းကို တစ်ဖက်သို့ ညွတ်ကွေးကာ ဗီလိန်ပြုံး ပြုံးလိုက်သည်။
"မင်းက.. ကိုယ်မလို့ မရတာ ဘယ်လိုသိလဲ?”
ထိုအချိန် ရွှေခေတ် ကြက်သေသေသွားသည်။ မိပြီ ဆိုပြီး။
သို့သော် သူ့ကျေးဇူးရှင် မှန်းသိရင် တကူးတက ကျေးဇူးတင်ဦးမယ်..
နောက်ပြီး အကူအညီလိုရင် ဆက်သွယ်ဖို့ ဘာညာ ရှာလကာ ပြောပြီး လိပ်စာကဒ်တွေ လဲမယ်လှယ်မယ် ကိုယ်ရေးကိုယ်တာ သုံးဖုန်းနံပါတ် တွေတောင်းမယ်..
ပြီးတော့ ခုနက သူ့ကိုယ်သူ .."ကိုယ်”တဲ့လား
အန်တောင် အန်ချင်နေပြီ။
ထိုအရာတွေ သူမ အမြဲလိုလို ကြုံနေရ၏။ သို့သော် ဒီလူကြီးက ယောကျ်ားကြီးဖြစ်နေသည်။ မိန်းကလေး အချင်းချင်းသာဆို မမှုလို။ ထို့ကြောင့် ဆက်ကာ မသိချင်ယောင်ဆောင် သွားဖို့ ဆုံးဖြတ်လိုက်သည်။
Advertisement
"ရှင့် မျက်နှာက ဖြူဖတ်ဖြူရော် နှင့်မို့ တွေးမိတာပါ”
အိုး..ဒီကောင်မလေး လည်သားပဲ
လုံးဝကို ဝန်ခံချင်ပုံ မရ။
"အင်း..ဟုတ်တယ် အရင်နှစ်ပတ်လောက်က ခွဲစိတ်ထားတာ။ အက်ဆီးဒန့် ဖြစ်နေတုန်း ကောင်မလေး တစ်ယောက် လာကယ်လို့သာပေါ့ မဟုတ်ရင် ကိုယ်အခုလိုမျိုး ရပ်နေနိုင်မှာ မဟုတ်ဘူး..”
"ရှင်!”
သူမ ချက်ချင်းကြီး ရူးချင်သွားသည်။ ဘာလို့ အဲတာတွေ လာရှင်းပြနေတာလဲ? သူ သူမကို သိကြောင်း ပြောပြချင်နေတာလား? မဟုတ်တာ..သူ သူမကို မမြင်ဖူးပါဘူး သူမကယ်တုန်းက သူ သတိလစ်နေပြီလေ..
သူမ ဘာတွေတွေးနေလည်း သူနားမလည်တော့။ ထို့ကြောင့် ဘလိုင်းကြီး ကူညီဖို့တောင်းလိုက်သည်။
" အပန်းမကြီးဘူး ဆိုရင် အိမ်ထဲထိ ကိုယ့်ကိုဒီဖာဘူး သယ်ပေးသွားလို့ ရမလား”
..........
6.10.21
သူက ဒီမိတ္ကပ္ ပစၥည္းေတြကို သုံးမို႔လား?
ဒါဆို သူက တကယ္ပဲ မိန္းမစိတ္ေပါက္ေနတာေပါ့
အေကာင့္နာမည္ ကိုက မိန္းကေလးေတြ သုံးေနက်ေလ.. အမေလး ၾကက္သီး ေတာင္ထတယ္!
အရင္ပတ္ကပဲ တစ္ခါ မွာၿပီးသြားၿပီေလ
မလိမ္းပဲ ေဖ်ာ္ေသာက္တာမ်ားလား?
(သာသာဆိုလဲ အဲလိုေတြးမွာ😆)
ေ႐ႊေခတ္ အေတြးေတြကို ေဖ်ာက္လိုက္ၿပီး သက္ျပင္းရွည္ႀကီးကို ခ်ကာ ကားစက္ပိတ္လိုက္သည္။ သူမ မသိခ်င္သာ ေယာင္ေဆာင္မယ္ ဆိုၿပီး ကားေပၚမွ ဆင္းလာလိုက္သည္။
သူမ အိမ္ပိုင္ရွင္ကို ျမင္ေနေသာ္လည္း ေအာ္ေခၚလိုက္လွ်င္ ယဥ္ေက်းမႈ မရွိမည္စိုး၍ တံခါးေဘးက ဘဲလ္ကိုသာ တစ္ခ်က္ႏွိပ္လိုက္သည္။
ေဝယံမွာ တစ္မနက္လုံး ေစာင့္ေနရေသာ ဘဲလ္သံၾကားၿပီး လက္ထဲမွ အသင့္ေဆာင္ထားသည့္ သံလိုက္ control ႏွင့္ ဖြင့္လိုက္သည္။ သူ႕အလိုလို ေဘးသို႔ေ႐ႊ႕သြားေနေသာ တံခါး မွာ ထိုအခ်ိန္ သိပ္ကို ႏွေးေကြးလြန္းပုံ ေရာက္ေန၏။
တံခါး တစ္ဝက္ခန့္သာ ပြင့္ထားေပမယ့္လည္း ျမင္ေနရသည့္ ျမင္ကြင္းမွာမူ သူ႕အတြက္ မ်က္စိအာဟာရ ေကာင္းတစ္ပြဲ ျဖစ္ေစေနသည္။
ကားေနာက္ခန္းထဲမွ ပစၥည္းကို မရင္း ကားေနာက္ခန္းတံခါး ပိတ္ဖို႔ ႀကိဳးစားေနသည့္ သူမမွာ မၿပဳံးရင္ သာမန္မဟုတ္သည္အထိ လူကိုဆြဲေဆာင္မႈ မ်ားႏွင့္ ဖမ္းစားထားေလ၏။
အျပာေရာင္ ဂ်င္းပြေဘာင္းဘီရွည္ႏွင့္ ခရမ္းေရာင္ ေခါင္းစြပ္ပါေသာ သိုးေမႊး လက္ရွည္အကၤ်ီကို ဝတ္ဆင္ထားကာ ဆံပင္ကို အေပၚသို႔ တင္းရင္းစြာ စည္းထားသည္။
သို႔ေသာ္ သူ႕အား စိတ္နာသြားေစသည္မွာ မ်က္ႏွာကို ဖုန္းကြယ္ ထားေသာ အနက္ေရာင္ ခ်ည္သားmask!
ထိုအရာမွာ မ်က္ႏွာကို ကြယ္ထားေသာ္လည္း အနက္ေရာင္ ျဖစ္ေနေသာေၾကာင့္ သူမ၏ သနပ္ခါးႏွစ္ေရာင္ ျဖဴေဖြးေဖြး လည္ပင္းသားေတြအား ပိုမို ေပၚလႊင္ေစေန၏။
သူ သရည္ေတြကို အမႈမဲ့ အမွတ္မဲ့ ၿမိဳခ်မိလိုက္သည္။ သို႔ေသာ္ ေရခဲတုံးဟူေသာ ဂုဏ္ပုဒ္မွာမူ အပ်က္မခံေပ။ မ်က္ႏွာကို ျပန္တည္လိုက္ၿပီး သူမအား အထူးအဆန္းမဟုတ္သလို ၾကည့္လိုက္သည္။
"ေဟး..ရွင့္ကို ေခၚေနတယ္ေလ မၾကားဘူးလား..
ေ႐ႊေခတ္ စိတ္မရွည္ေတာ့ေပ။ ေခၚေနတာ သုံးႀကိမ္တိုင္တိုင္ ရွိေနၿပီ။ သူမကိုသာ မ်က္ႏွာတည္ႀကီးႏွင့္ စိုက္ၾကည့္ေနၿပီး ဘာမွလဲျပန္မေျပာေသာ ထိုလူမွာ ကားအက္ဆီးဒန့္ ျဖစ္တုန္း နားစည္ ပါပ်က္သြားတာလား?
ေဝယံ ေတြေဝေနရာမွ သူ႕မ်က္ႏွာ ေရွ႕ လာေဝွ႕ျပေနေသာ လက္ေၾကာင့္ သတိျပန္ရသြားသည္။
"ၾကားတယ္...
ၾကားတယ္..တဲ့လား?
ဒါဆို တမင္မထူးတာေပါ့..
"ရွင္.....
သူမ ေျပာစရာ စကားေတာင္မရွိေတာ့ေပ။ ဆဲထည့္လိုက္မည္ ဆိုလည္း ထိုလူမွာ မဟာေဖာက္သည္ႀကီး ျဖစ္ေန၍ လက္ေလွ်ာ့လိုက္ရသည္။
"ပစၥည္းလာပို႔တာပါရွင္.. ေငြလည္း ေခ်ၿပီးသြားပါၿပီ
ေနာက္ၿပီး ဒီေပၚမွာ လက္ခံရၿပီးေၾကာင္း လက္မွတ္ေလး ထိုးၿပီးရင္ ရပါၿပီရွင့္..
သူမ ဖုန္းကို ကမ္းကာ လက္မွတ္ထိုးခိုင္းလိုက္သည္။
ေဝယံ သူ႕ကို မသိသလို အေယာင္ႀကီးေဆာင္ေကာင္းလွေသာ အလွပေဂးေလးကို မ်က္စိမ်ားေမွးက်ဥ္းကာ ၾကည့္လိုက္သည္။
"သိၿပီ
ကမ္းေပးေသာ ဖုန္းကို ယူကာ လက္မွတ္ထိုးေပး လိုက္သည္။
မင္းေလး ဘယ္ေလာက္ထိ ဟန္ေဆာင္နိုင္မလဲ?
ကိုယ္တိုင္ ကယ္ထားတဲ့ လူကို မမွတ္မိဘူးလို႔..
စိတ္ထဲ ေျပာရင္း သူမခ်ထားေသာ ဖာကို မယူရန္ ႀကိဳးစားလိုက္သည္။
"ေဟး..ရွင္ဘာလုပ္မလို႔လဲ
ဖုန္းကို ယူၿပီး စစ္ေဆးေနေသာ သူမမွာ ထိုလူ၏ လုပ္ရပ္ေၾကာင့္ ေအာ္ထည့္မိလိုက္သည္။
သူက ခြဲစိတ္ထားတာ မၾကာေသးဘူးေလ..
ဘာလို႔ အေလးမဖို႔ ႀကိဳးစားေနတာလည္း..
တစ္ခုခုသာ ဆက္ျဖစ္သြားရင္ ငါ့ရဲ႕ ဆိုင္ ပစၥည္းပို႔ ဝန္ေဆာင္မႈ မေကာင္းဘူး ျဖစ္သြားရင္ေတာ့...
"အိမ္ထဲကို မသြားမလို႔ေလ..ဘာလဲ ေငြလည္း ေခ်ၿပီးၿပီ လက္မွတ္လည္း ထိုးေပးၿပီးၿပီ ယူသြားလို႔ မရေသးဘူးလား?
သူ႕စကားေၾကာင့္ ေ႐ႊေခတ္မွာ ၾကက္ဥငုံထားရသလိုပင္။ ဘာမွဆက္မေျပာနိုင္ေတာ့ေပ။
သူမ ဝန္မခံေသးဘဲ တိတ္ေနသည္ကို ေတြ႕၍ ေဝယံ ဖာကိုမဖို႔ ေနာက္ထပ္ ႀကိဳးစားလိုက္သည္။ ထိုအခ်ိန္မွ..
"ရွင္.. မ မနဲ႕ ရွင္ မလို႔မရဘူး!
သူမစကား ေၾကာင့္ သူႏႈတ္ခမ္းကို တစ္ဖက္သို႔ ၫြတ္ေကြးကာ ဗီလိန္ၿပဳံး ၿပဳံးလိုက္သည္။
"မင္းက.. ကိုယ္မလို႔ မရတာ ဘယ္လိုသိလဲ?
ထိုအခ်ိန္ ေ႐ႊေခတ္ ၾကက္ေသေသသြားသည္။ မိၿပီ ဆိုၿပီး။
သို႔ေသာ္ သူ႕ေက်းဇူးရွင္ မွန္းသိရင္ တကူးတက ေက်းဇူးတင္ဦးမယ္..
ေနာက္ၿပီး အကူအညီလိုရင္ ဆက္သြယ္ဖို႔ ဘာညာ ရွာလကာ ေျပာၿပီး လိပ္စာကဒ္ေတြ လဲမယ္လွယ္မယ္ ကိုယ္ေရးကိုယ္တာ သုံးဖုန္းနံပါတ္ ေတြေတာင္းမယ္..
ၿပီးေတာ့ ခုနက သူ႕ကိုယ္သူ .."ကိုယ္တဲ့လား
အန္ေတာင္ အန္ခ်င္ေနၿပီ။
ထိုအရာေတြ သူမ အၿမဲလိုလို ႀကဳံေနရ၏။ သို႔ေသာ္ ဒီလူႀကီးက ေယာက်္ားႀကီးျဖစ္ေနသည္။ မိန္းကေလး အခ်င္းခ်င္းသာဆို မမႈလို။ ထို႔ေၾကာင့္ ဆက္ကာ မသိခ်င္ေယာင္ေဆာင္ သြားဖို႔ ဆုံးျဖတ္လိုက္သည္။
"ရွင့္ မ်က္ႏွာက ျဖဴဖတ္ျဖဴေရာ္ ႏွင့္မို႔ ေတြးမိတာပါ
အိုး..ဒီေကာင္မေလး လည္သားပဲ
လုံးဝကို ဝန္ခံခ်င္ပုံ မရ။
"အင္း..ဟုတ္တယ္ အရင္ႏွစ္ပတ္ေလာက္က ခြဲစိတ္ထားတာ။ အက္ဆီးဒန့္ ျဖစ္ေနတုန္း ေကာင္မေလး တစ္ေယာက္ လာကယ္လို႔သာေပါ့ မဟုတ္ရင္ ကိုယ္အခုလိုမ်ိဳး ရပ္ေနနိုင္မွာ မဟုတ္ဘူး..
"ရွင္!
သူမ ခ်က္ခ်င္းႀကီး ႐ူးခ်င္သြားသည္။ ဘာလို႔ အဲတာေတြ လာရွင္းျပေနတာလဲ? သူ သူမကို သိေၾကာင္း ေျပာျပခ်င္ေနတာလား? မဟုတ္တာ..သူ သူမကို မျမင္ဖူးပါဘူး သူမကယ္တုန္းက သူ သတိလစ္ေနၿပီေလ..
သူမ ဘာေတြေတြးေနလည္း သူနားမလည္ေတာ့။ ထို႔ေၾကာင့္ ဘလိုင္းႀကီး ကူညီဖို႔ေတာင္းလိုက္သည္။
" အပန္းမႀကီးဘူး ဆိုရင္ အိမ္ထဲထိ ကိုယ့္ကိုဒီဖာဘူး သယ္ေပးသြားလို႔ ရမလား
..........
6.10.21
Advertisement
I Become The Wife of The Male Lead
I possessed the body of "Fiona," the final villain whose soul was sentenced to eternal suffering after her gruesome demise at the hands of the world's savior.Just because she was an illegitimate child, she was tortured by her own family.And so... arriving six years before the start of the novel, I was sent to war at the age of thirteen! Fortunately, as the story's greatest villain, Fiona was a magical genius.I had to survive the monster invasion. But now, I couldn't be in the middle of a battlefield.Just before I ran out of breath, I encountered the adolescent male lead....... Why was he here?Anyway, if the male lead dies here, then the world will be destroyed. So, let's save him first!AUTHOR: Winter Leaves / 겨울잎
8 2657 years with TharnType FF
Just a fanfiction about the relationship of this power couple after 7 years. How much did they change? How much do they understand each other now? Read to find out.....
8 202Todobaku
this is a Todobaku story (IT INCLUDES BOY X BOY) it's my first story sooo please don't judge
8 185Eternal Love ✔
EditedIrfa Zafar had never thought that in a span of an year her life would turn upside down. She hadn't expected her qadr to play like this. It was long back when she had accepted her fate and miseries but then again her fate plays. Landing her somewhere she hadn't imagined to be. And with people who would become her home. Shehreyar Siddiqui was contented with everything he had. His tawakal in his lord never died. He had never lost his composure but when a certain someone enters his house and knocks on his heart's door he finds himself in a frenzy. A series of misunderstandings and then realization follows leading him to realize his feelings._______Started- March 29, 2019Ended - October 21, 2019© All rights reserved.2019. ayesh1love
8 184A Tale of Two Opposites (Stryders #3)
Both have Alpha blood. Edith Silva is on a mission for one thing: get her pack back. Can she take it back in time? West Stryder is on a mission for proving himself to the entire world he can be an Alpha. Does he have what it takes? A story of a hot-headed impulsive West and the calmed and controlled Edith. There is only one outcome between the two mates: love or war?EXCERPT:"You feel it too, don't you?" West asked."No." A lie.West stalked towards me, his eyes glinting in humor. He doesn't believe me. He knows I'm lying. Mates do feel the mating bond with each other. It's a part of us. "Why do you keep pushing me away?""Why do you keep pushing me back?""Because I'm not giving up on us."Us. There will never be an us. Not so long as a certain someone is alive.[Sequel to: The Demon Alpha] *****CAN BE READ AS A STAND ALONE****Highest ranking:#3 romance #198 teen
8 100Salty Book Review
Status: Open[✔] Closed for catch up[]Do you have a story that you're proud of and want tips on how to improve it? Are you simply looking for a way to fluff the numbers on your book? Submit an application into the form provided in this book and after completing the required payment, I'll thoroughly read, comment, and vote on your published work.
8 216