《Untamed Flower( ပန်းရိုင်း)》အပိုင်း၂၂
Advertisement
တစ်ပတ်ခန့်ကြာသော်....
Honda ကားအဖြူလေး တစ်စီး ကျိုင်းတုံ မှ တာချီလိတ်သို့ မောင်းနှင်လာပြီး တာချီလိတ် အဝင်ဂိတ်၌ စက်သုံးဆီရောင်း ဝယ်ရေး ဆိုင်ထဲသို့ ကွေ့ဝင်လိုက်သည်။
ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းမွန်၏.. ဆိုသည်အတိုင်း ရွှေခေတ် နောက်တစ်ကြိမ် အခက်မကြုံရလေအောင် ဆီတွေကို အပြည့်ဖြည့်လိုက်သည်။
သူမဒီနေ့ အော်ဒါကြီးတစ်ခု ပို့ရမည်ဖြစ်၍ ပျော်ရွင်နေသော်လည်း အထိုဖောက်သည်ကြီးနှင့် မျက်နှာချင်းတောင် မဆိုင်လိုပေ။ သူမ အခြားသူပေါ် ချေခဲ့သလောက် ဒင်းနဲ့ကျမှ အချေခံနေရခြင်း။
ထို့ကြောင့်ပင် စက်သုံးဆီဆိုင် ဘေး စတိုးဆိုင်ထဲ ဝင်ကာ အမဲရောင် mask တစ်ခု ဝယ်ထားလိုက်သည်။
(သူများ မမှတ်မိတော့မှာ ကျနေတာပဲ ဆုတောင်းလိုက်လေ ချိမ)
အိမ်ရာ ဝင်ဂိတ်ထဲ ရောက်လျှင် ထောက်ခံချက်လက်မှတ် ယူနေတုန်း
"ကလေးမလေး...အိမ်နံပါတ် ၄၅/၁၀ လား ”
အစောင့် ဦးလေးကြီးက မေးလိုက်သည်။
"ဟင်..ဟုတ်..ဟုတ်ကဲ့”
ရွှေခေတ် ထိုဂိတ်စောင့် ဦးလေးကြီးက ဘာလို့ ထူးထူးဆန်းဆန်းလာမေးနေတာလဲ မသိချေ။ သူမ ကြောင်အမ်းသွားပုံ ကို အစောင့်ဦးလေးကြီး ရိပ်မိသွားသည်။
"အော်..ဦးလေးက မေးကြည့်တာပါ..အဲအိမ်က ပိုင်ရှင် ဆေးရုံကနေ အရင်ပတ်ကမှ ဆင်းလာတယ် ထင်တာပဲ နေကောင်းပုံမရဘူး.. ဒါနဲ့ ကလေးက သူ့အမျိုးလား..??”
လာပြန်ပြီ အမျိုး လား..
သူမ အစောင့်ဦးလေးကြီး မှာ အသက်ကြီးနေပြီဖြစ်၍ ငြင်းခုံ မနေချင်..။ ငရဲဇောက်ထိုးကျရမယ့်အစား အောက်ကျို့နေလိုက်မယ် တွေးရင်း..
"မဟုတ်ပါဘူး..သမီးက ပစ္စည်းလာပို့တာပါ..”
သူမစကားတွေ ထပ်မပြောချင်တော့ ။ ထောက်ခံချက် ကဒ်ကို ယူပြီး ကားပေါ်တက်လိုက်သည်။ ထိုအစောင့်မှာမူ ငေးနေရုံမှတစ်ပါး မတတ်နိုင်ပေ။
သူမ ကားပေါ်ရောက်ရောက်ချင်းပင် ခုနကဝယ်လာခဲ့သော black mask ကိုတပ်လိုက်သည်။ ထို maskမှာ သူမ၏ ဖူးငုံကာနီရဲသော နှုတ်ခမ်း ၊ ချွန်လျားသော နှာတံနှင့် ပန်းရောင်သန်းနေသည့် ပါးမို့မို့ လေးများကို ကွယ်ဝှက်ပေးထားနိုင်ပေမယ့် သူမ၏အနက်ရောင် ရွှန်းရွှန်းစိုသော မျက်လုံးနှင့် ရှည်ကောက်လှသော မျက်တောင်များကိုမူ မဖွက်ထားပေးနိုင်ချေ။
အိမ်ရာမြေထဲ လမ်းကြားများထဲ ကွေ့ရင်းပတ်ရင်း ဆယ်မိနစ်ခန့်ကြာသော် သူမတစ်ကြိမ်ရောက်ဖူးသော ထိုအိမ်ရှေ့ရောက်လာခဲ့သည်။
သူမ ကားပေါ်မှ မဆင်းမီ ခြံဝန်းထဲ မြင်နေရသောမြင်ကွင်းကြောင့် သွေးပျက်မတတ်။ အိမ်ရာဝန်းတွေ အားလုံးမှာ အဆင့်မြင့်လူချမ်းသာ များသာ နေထိုင်သောကြောင့် အစောင့်များတင်းကြပ်၏။ လမ်းတိုင်း အဘယ်နေရာ ဂျိုကျောင်ဂျိုကြား မှမကျန် cctv မျက်စိမှ လွတ်သည့်နေရာ မရှိသလောက်ပင်။
ထိုသို့ လုံခြုံရေး တင်းကျပ်ထား၍လည်း ခြံတံခါးများကို ငါးပေခန့်သာ မြင့်သော စတီးချောင်းများဖြင့် ပြုလုပ်ထားသည်။ စတီး သံချောင်းများ အကွာအဝေး ခြားနာမှုမှာ ခြံထဲ မြင်ကွင်းကို ခြံအပြင်ဘက်မှ သေချာလေး မြင်နေရ၏။
သူမ၏ မြင်ကွင်းမှာမူ အရပ်180cm ခန့်မြင့်သော ယောက်ျားတစ်ယောက်။ အနှီလူသားကြီးမှာ ခြံတံခါး အနောက်ဘက်မှ ဂနာမငြိမ်စွာ ဘယ်လျှောက်ညာလျှောကာ စိတ်တည်ငြိမ်နေပုံ မရှိ။ ထိုတင်မက အနှီလူသားမှာ သူမချွတ်ချွတ်ခြုံခြုံ ကားအက်ဆီးဒင့်တွင် ကူညီပေးခဲ့သော သူပင်။
ဒီလောက်တောင် တိုက်ဆိုင် တာလား?
နောက်ပြီး သူက ကောင်းသွားပြီပေါ့..
ခုနက ဂိတ်စောင့် ပြောသလိုဆို သူအရင်ပတ်ထဲက ဆေးရုံဆင်း လိုက်တာပေါ့..
ခွဲစိတ်ထားတာ တစ်ပတ်လေးတင် ဆေးရုံက ဆင်းလိုက်တာလား..?
အော်..သူများက လုပ်ငန်းစုကြီး တစ်စုရဲ့ ဥက္ကဌ ကိုး..
အလုပ်တွေ ပစ်ထားရင် stock share တွေ ကျဆင်းကုန်မှာပေါ့.
.
(ချိမရေ သူများက နင့်အတွက်နဲ့ ဆင်းလာတာပါ)
.......
မနက်ကအဖြစ်အပျက်
ဝေယံတစ်ယောက် ဒီနေ့အစောကြီးထကာ ပြုံးပျော်နေသဖြင့် ရဲနိုင်မှာ အအံံ့သြကြီး အံ့သြနေရသည်။ သူသည် သူ့ဆရာကို စောင့်ရှောက်ဖိုရန် ဆေးရုံဆင်းသော နေ့ကတည်း အိမ်ကိုတောင် မပြန်ရသေးပေ။
အသုံးအဆောင် ပစ္စည်းများကို အိမ်ကညီမလေး ဖြစ်သူအား လာပို့ခိုင်းရကာ သူဌေးကို ပြုစုနေရသည်။
သူ့သူဌေး မှာ ဆေးရုံဆင်းလာကတည်း ၈နာရီမထိုးလျှင် အိပ်ရာမှ ထသည်မဟုတ်ပေ။ ဒီနံနက်မှာတော့ ခြောက်နာရီတောင် မထိုးသေး။ ရဲနိုင် မီးဖိုချောင်ထဲဝင်ပြီး ရေနွေးသာ တည်ရသေးသည်။ သူ့သူဌေးမှာ ကိုယ်လက်သန့်ရှင်းပြီး လှေကားမှ အိမ်ဝတ် cottonလက်ရှည်ကို လက်မောင်းပေါ်ရောက်အောင် မရင်း ဆင်းလာနေ၏။
ဧည့်ခန်းမှ မီးဖိုချောင်ကို မြင်နေရသောကြောင့် ဝေယံ ရဲနိုင်ကို တွေ့ပြီး
"မင်း ရေနွေးတည် ဆန်ပြုတ်ပြုတ်ထားပြီးရင် အိမ်ပြန်နားလို့ရတယ် ကျန်တာတွေ ငါလုပ်နိုင်ပြီ၊ နောက်ပြီး.. ဒါရိုက်တာ ကို လွှဲထားတဲ့ အလုပ်တွေ လာအပ်ခိုင်းလိုက်”
"ဗျာ..”
ရဲနိုင်မှာ မယုံနိုင်ဖြစ်နေသည်။ ကပ်စေးနည်း သခင်ကြီးမှာ သူ့ကိုပိတ်ရက်ပေး နေသတဲ့..
Advertisement
ဝေယံ သူ့မျက်နှာ အနေအထားကို တွေ့ကာ ပြုံးရင်း
"အော်..ဒီနေ့က စနေနေ့လေ.. တနင်္ဂလာနေ့ရောက်မှ ရုံးတက်ဖို့ မနက်ခင်း ၈နာရီ လောက် လာကြိုပေး..”
သူ ထိုလောက်သာပြောပြီး အိမ်ရှေ့သို့ လမ်းလျှောက်ရန် ထွက်လာခဲ့၏။ ကျန်နေခဲ့သော ရဲနိုင်မှာ သူ့ပါးသူရိုက်ရင်း အိပ်မက်များလားလို့ စမ်းသပ်နေလေသည်။
............
6.10.21
ကျန်းမာရေးဂရုစိုက်ကြပါ ဒါဒါတို့
အငဲး မနေ့ည ခိုက်ခိုက်တုန်နေအောင် အဖျားတက်လို့ မတင်ပေးလိုက်ရဘူး
တစ်လကို ငါးကြိမ်လောက်ဖျားပြီး ကိုယ့်နိုင်ငံမှာ ရှိမနေတာ တော်” ခက်တယ် :.)
တစ္ပတ္ခန့္ၾကာေသာ္....
Honda ကားအျဖဴေလး တစ္စီး က်ိဳင္းတုံ မွ တာခ်ီလိတ္သို႔ ေမာင္းႏွင္လာၿပီး တာခ်ီလိတ္ အဝင္ဂိတ္၌ စက္သုံးဆီေရာင္း ဝယ္ေရး ဆိုင္ထဲသို႔ ေကြ႕ဝင္လိုက္သည္။
ႀကိဳတင္ကာကြယ္ျခင္းသည္ ကုသျခင္းထက္ ေကာင္းမြန္၏.. ဆိုသည္အတိုင္း ေ႐ႊေခတ္ ေနာက္တစ္ႀကိမ္ အခက္မႀကဳံရေလေအာင္ ဆီေတြကို အျပည့္ျဖည့္လိုက္သည္။
သူမဒီေန႕ ေအာ္ဒါႀကီးတစ္ခု ပို႔ရမည္ျဖစ္၍ ေပ်ာ္႐ြင္ေနေသာ္လည္း အထိုေဖာက္သည္ႀကီးႏွင့္ မ်က္ႏွာခ်င္းေတာင္ မဆိုင္လိုေပ။ သူမ အျခားသူေပၚ ေခ်ခဲ့သေလာက္ ဒင္းနဲ႕က်မွ အေခ်ခံေနရျခင္း။
ထို႔ေၾကာင့္ပင္ စက္သုံးဆီဆိုင္ ေဘး စတိုးဆိုင္ထဲ ဝင္ကာ အမဲေရာင္ mask တစ္ခု ဝယ္ထားလိုက္သည္။
(သူမ်ား မမွတ္မိေတာ့မွာ က်ေနတာပဲ ဆုေတာင္းလိုက္ေလ ခ်ိမ)
အိမ္ရာ ဝင္ဂိတ္ထဲ ေရာက္လွ်င္ ေထာက္ခံခ်က္လက္မွတ္ ယူေနတုန္း
"ကေလးမေလး...အိမ္နံပါတ္ ၄၅/၁၀ လား
အေစာင့္ ဦးေလးႀကီးက ေမးလိုက္သည္။
"ဟင္..ဟုတ္..ဟုတ္ကဲ့
ေ႐ႊေခတ္ ထိုဂိတ္ေစာင့္ ဦးေလးႀကီးက ဘာလို႔ ထူးထူးဆန္းဆန္းလာေမးေနတာလဲ မသိေခ်။ သူမ ေၾကာင္အမ္းသြားပုံ ကို အေစာင့္ဦးေလးႀကီး ရိပ္မိသြားသည္။
"ေအာ္..ဦးေလးက ေမးၾကည့္တာပါ..အဲအိမ္က ပိုင္ရွင္ ေဆး႐ုံကေန အရင္ပတ္ကမွ ဆင္းလာတယ္ ထင္တာပဲ ေနေကာင္းပုံမရဘူး.. ဒါနဲ႕ ကေလးက သူ႕အမ်ိဳးလား..??
လာျပန္ၿပီ အမ်ိဳး လား..
သူမ အေစာင့္ဦးေလးႀကီး မွာ အသက္ႀကီးေနၿပီျဖစ္၍ ျငင္းခုံ မေနခ်င္..။ ငရဲေဇာက္ထိုးက်ရမယ့္အစား ေအာက္က်ိဳ႕ေနလိုက္မယ္ ေတြးရင္း..
"မဟုတ္ပါဘူး..သမီးက ပစၥည္းလာပို႔တာပါ..
သူမစကားေတြ ထပ္မေျပာခ်င္ေတာ့ ။ ေထာက္ခံခ်က္ ကဒ္ကို ယူၿပီး ကားေပၚတက္လိုက္သည္။ ထိုအေစာင့္မွာမူ ေငးေန႐ုံမွတစ္ပါး မတတ္နိုင္ေပ။
သူမ ကားေပၚေရာက္ေရာက္ခ်င္းပင္ ခုနကဝယ္လာခဲ့ေသာ black mask ကိုတပ္လိုက္သည္။ ထို maskမွာ သူမ၏ ဖူးငုံကာနီရဲေသာ ႏႈတ္ခမ္း ၊ ခြၽန္လ်ားေသာ ႏွာတံႏွင့္ ပန္းေရာင္သန္းေနသည့္ ပါးမို႔မို႔ ေလးမ်ားကို ကြယ္ဝွက္ေပးထားနိုင္ေပမယ့္ သူမ၏အနက္ေရာင္ ႐ႊန္း႐ႊန္းစိုေသာ မ်က္လုံးႏွင့္ ရွည္ေကာက္လွေသာ မ်က္ေတာင္မ်ားကိုမူ မဖြက္ထားေပးနိုင္ေခ်။
အိမ္ရာေျမထဲ လမ္းၾကားမ်ားထဲ ေကြ႕ရင္းပတ္ရင္း ဆယ္မိနစ္ခန့္ၾကာေသာ္ သူမတစ္ႀကိမ္ေရာက္ဖူးေသာ ထိုအိမ္ေရွ႕ေရာက္လာခဲ့သည္။
သူမ ကားေပၚမွ မဆင္းမီ ၿခံဝန္းထဲ ျမင္ေနရေသာျမင္ကြင္းေၾကာင့္ ေသြးပ်က္မတတ္။ အိမ္ရာဝန္းေတြ အားလုံးမွာ အဆင့္ျမင့္လူခ်မ္းသာ မ်ားသာ ေနထိုင္ေသာေၾကာင့္ အေစာင့္မ်ားတင္းၾကပ္၏။ လမ္းတိုင္း အဘယ္ေနရာ ဂ်ိဳေက်ာင္ဂ်ိဳၾကား မွမက်န္ cctv မ်က္စိမွ လြတ္သည့္ေနရာ မရွိသေလာက္ပင္။
ထိုသို႔ လုံၿခဳံေရး တင္းက်ပ္ထား၍လည္း ၿခံတံခါးမ်ားကို ငါးေပခန့္သာ ျမင့္ေသာ စတီးေခ်ာင္းမ်ားျဖင့္ ျပဳလုပ္ထားသည္။ စတီး သံေခ်ာင္းမ်ား အကြာအေဝး ျခားနာမႈမွာ ၿခံထဲ ျမင္ကြင္းကို ၿခံအျပင္ဘက္မွ ေသခ်ာေလး ျမင္ေနရ၏။
သူမ၏ ျမင္ကြင္းမွာမူ အရပ္180cm ခန့္ျမင့္ေသာ ေယာက္်ားတစ္ေယာက္။ အႏွီလူသားႀကီးမွာ ၿခံတံခါး အေနာက္ဘက္မွ ဂနာမၿငိမ္စြာ ဘယ္ေလွ်ာက္ညာေလွ်ာကာ စိတ္တည္ၿငိမ္ေနပုံ မရွိ။ ထိုတင္မက အႏွီလူသားမွာ သူမခြၽတ္ခြၽတ္ၿခဳံၿခဳံ ကားအက္ဆီးဒင့္တြင္ ကူညီေပးခဲ့ေသာ သူပင္။
ဒီေလာက္ေတာင္ တိုက္ဆိုင္ တာလား?
ေနာက္ၿပီး သူက ေကာင္းသြားၿပီေပါ့..
ခုနက ဂိတ္ေစာင့္ ေျပာသလိုဆို သူအရင္ပတ္ထဲက ေဆး႐ုံဆင္း လိုက္တာေပါ့..
ခြဲစိတ္ထားတာ တစ္ပတ္ေလးတင္ ေဆး႐ုံက ဆင္းလိုက္တာလား..?
ေအာ္..သူမ်ားက လုပ္ငန္းစုႀကီး တစ္စုရဲ႕ ဥကၠဌ ကိုး..
အလုပ္ေတြ ပစ္ထားရင္ stock share ေတြ က်ဆင္းကုန္မွာေပါ့.
.
(ခ်ိမေရ သူမ်ားက နင့္အတြက္နဲ႕ ဆင္းလာတာပါ)
.......
မနက္ကအျဖစ္အပ်က္
ေဝယံတစ္ေယာက္ ဒီေန႕အေစာႀကီးထကာ ၿပဳံးေပ်ာ္ေနသျဖင့္ ရဲနိုင္မွာ အအံံ့ၾသႀကီး အံ့ၾသေနရသည္။ သူသည္ သူ႕ဆရာကို ေစာင့္ေရွာက္ဖိုရန္ ေဆး႐ုံဆင္းေသာ ေန႕ကတည္း အိမ္ကိုေတာင္ မျပန္ရေသးေပ။
အသုံးအေဆာင္ ပစၥည္းမ်ားကို အိမ္ကညီမေလး ျဖစ္သူအား လာပို႔ခိုင္းရကာ သူေဌးကို ျပဳစုေနရသည္။
သူ႕သူေဌး မွာ ေဆး႐ုံဆင္းလာကတည္း ၈နာရီမထိုးလွ်င္ အိပ္ရာမွ ထသည္မဟုတ္ေပ။ ဒီနံနက္မွာေတာ့ ေျခာက္နာရီေတာင္ မထိုးေသး။ ရဲနိုင္ မီးဖိုေခ်ာင္ထဲဝင္ၿပီး ေရႏြေးသာ တည္ရေသးသည္။ သူ႕သူေဌးမွာ ကိုယ္လက္သန့္ရွင္းၿပီး ေလွကားမွ အိမ္ဝတ္ cottonလက္ရွည္ကို လက္ေမာင္းေပၚေရာက္ေအာင္ မရင္း ဆင္းလာေန၏။
ဧည့္ခန္းမွ မီးဖိုေခ်ာင္ကို ျမင္ေနရေသာေၾကာင့္ ေဝယံ ရဲနိုင္ကို ေတြ႕ၿပီး
"မင္း ေရႏြေးတည္ ဆန္ျပဳတ္ျပဳတ္ထားၿပီးရင္ အိမ္ျပန္နားလို႔ရတယ္ က်န္တာေတြ ငါလုပ္နိုင္ၿပီ၊ ေနာက္ၿပီး.. ဒါရိုက္တာ ကို လႊဲထားတဲ့ အလုပ္ေတြ လာအပ္ခိုင္းလိုက္
"ဗ်ာ..
ရဲနိုင္မွာ မယုံနိုင္ျဖစ္ေနသည္။ ကပ္ေစးနည္း သခင္ႀကီးမွာ သူ႕ကိုပိတ္ရက္ေပး ေနသတဲ့..
ေဝယံ သူ႕မ်က္ႏွာ အေနအထားကို ေတြ႕ကာ ၿပဳံးရင္း
"ေအာ္..ဒီေန႕က စေနေန႕ေလ.. တနဂၤလာေန႕ေရာက္မွ ႐ုံးတက္ဖို႔ မနက္ခင္း ၈နာရီ ေလာက္ လာႀကိဳေပး..
သူ ထိုေလာက္သာေျပာၿပီး အိမ္ေရွ႕သို႔ လမ္းေလွ်ာက္ရန္ ထြက္လာခဲ့၏။ က်န္ေနခဲ့ေသာ ရဲနိုင္မွာ သူ႕ပါးသူရိုက္ရင္း အိပ္မက္မ်ားလားလို႔ စမ္းသပ္ေနေလသည္။
............
6.10.21
က်န္းမာေရးဂ႐ုစိုက္ၾကပါ ဒါဒါတို႔
အငဲး မေန႕ည ခိုက္ခိုက္တုန္ေနေအာင္ အဖ်ားတက္လို႔ မတင္ေပးလိုက္ရဘူး
တစ္လကို ငါးႀကိမ္ေလာက္ဖ်ားၿပီး ကိုယ့္နိုင္ငံမွာ ရွိမေနတာ ေတာ္ ခက္တယ္ :.)
Advertisement
- In Serial8 Chapters
How Did I End Up In His Shirt!
Warning: This is one of my first books that is unedited. Don't Read if bad grammar's an issue. (It's partially edited) Noted: this isn't a translated novel but my original story Jay hurriedly says," What nonsense are you saying... I'm not.."The strange dude cuts him off, " So...You're not naked in my bed." Jay ends up going to the club for the first time, attempting to get out of his shell. But how did he end up in His shirt? And Who's his ma... A night that was forgettable. All Rights Reserved
8 159 - In Serial23 Chapters
Mr.CEO's Runaway Wife
Walking up the stairs I hear-a woman?With brisk steps I open the door and gasp "What the hell?"Micheal looks up, stopping his movement "Ma-maisy." I slam the door running down the steps hearing him yell behind me.I have no second thoughts while getting in my car speeding away and leaving the only man I loved. •This is a rewritten version of 'The runaway wife' which is currently on my profile {completed}•
8 393 - In Serial38 Chapters
The reject of silver falls (COMPLETED)
"I, James Ryder reject you, Angelina falls," he said, smiling smugly as his friends gathered around to laugh.I stood there for a moment, stunned, before I stepped forward, shocking him."you think you can make me cry by rejecting me? read my lips and read them good sweetheart, I could care less"-------------Meet Angelina sky falls.youngest daughter of alpha Ryan falls. being the alpha daughter she should be happy.except he died when she was 10, leaving her in the care of her brother and his mate. hating her for reasons she cant understand, he takes all his anger out on her.leaving her with only one good thing to look forward to...her mate.Meet James algo Ryder.son of alpha Trenton Ryder.Highly respected and second in command of the silver falls pack.he isn't among the few that want to settle down. Silver falls is full of unmated beautiful women. why settle with one?Will Angelina have her knight in shining armor, or will she be known forever as the reject of silver falls?
8 277 - In Serial29 Chapters
Clashing Hearts
Carter and Athena are mortal enemies. From the first moment their eyes met, they disliked each other immensely. It was HATE AT FIRST SIGHT.They could not stand the mere sight of each other, even being in the same room, the tension was overwhelming, like a grenade of smoke suffocating them. But what is the core of this hatred? Do they really hate each other? Or they are just pretending to play the silly hating game to hide their true feelings.Watch the trailer of the story on YouTube: https://www.youtube.com/watch?v=o_gyhMrtQRI&t=2s
8 209 - In Serial3 Chapters
Wet for my Step Dad
Times where i was wet for my step dadstep daddy*
8 128 - In Serial43 Chapters
Night and Neera: A Rejected Mate Story
On the morning of her 21st birthday, Neera awakens to find her mate brand marks her as the Destined One for none other than the Alpha of her pack. She is the Alpha's Howl.Night, however, wants his girlfriend of three years and publicly rejects Neera in a brutal, horrifying manner. Neera leaves the pack, refusing to accept her lowered status and looking for a way to escape the pain of what Night did to her.When she returns to the pack lands, her world shifts, and Night suddenly finds himself having to win back his Howl. But a sinister threat forces Night to accelerate his timetable for winning Neera back.And that's when he does the unthinkable.
8 128

