《Untamed Flower( ပန်းရိုင်း)》အပိုင်း(၁၄)
Advertisement
ရွှေခေတ် စားထားသမျှကို ပြန်ကာအန်ထုတ်ချင်တော့သည်။ ချောသည်ခန့်သည်ဟု မြောက်ပြောတာ ဘာမှမဖြစ်ပေမဲ့ ယောက်ျား ဆန်တယ်တဲ့လား....??။
သူ့မှာ ဟို ဆရာဝန် ကောင်လေးရှိနေတာလေ..။
"နင်တစ်နေ့ တစ်နေ့ အဲမဂ္ဂဇင်းတွေထဲ က ကောင်တွေပဲငမ်းနေ ။ သူတို့ရဲ့ အပြင်ပန်းက ပုံစံကို မသိပဲ ထင်ချင်တာတွေ လျှောက်ထင်မနေနဲ့ ။ သူတို့အပြင်မှာ ယောက်ျားဆန်ချင်မှ ဆန်မယ်”
အိမွန် အံ့အားသင့်သွားသည်။ ဒီကောင်မလေးတော့ အခု မဂ္ဂဇင်းပေါ်က ယောက်ျားလေး တွေပါ မကျန် မုန်းလို့နေပါလား..။ ဒါတော့တော်တော် လွန်လာပြီနော် ငါ့ရဲ့အခုတွဲနေတဲ့ ကောင်လေးကိုတော့ ထိချင်ထိ။ ဒီမဂ္ဂဇင်းထဲက ငါ့ယောက်ျား ကိုတော့ အထိမခံဘူး။
"နင်ဟာ..နင်ယောက်ျားတွေ ကို မုန်းတာ ငါလက်ခံသေးတယ်။ အခုနင် မြင်တောင်မမြင်ဖူးသေးတဲ့ ငါရဲ့ အိုင်ဒေါကြီး ဝေယံပိုင် ကိုတောင် ထိပါးလာပြီ။ သူက နင့်ကို ဘာတွေလုပ်နေမိလို့ ယောက်ျား မဆန်ဘူးလို့တောင် ပြောရက်ရတာလဲ..အမလေး.. ရင်ထဲကို မြားဆယ်စင်းပြစ်ဝင် သလိုပဲ ရင်တွေနာလိုက်တာ..”
ရင်ဘတ်ကို လက်နှစ်ဖက်နဲ့ အုပ်ပြီး မျက်နှာကို သေတော့မယ့်အလား မဲ့ထားကာ ပီပြင်လွန်းတဲ့ သရုပ်ဆောင် မှုတွေနှင့်အိမွန်မကို ရွှေခေတ် သနားနေမိသည်။ ဟိုကောင်မှာက ကောင်လေးနဲ့လေ။ အိမွန်မ နင်ဒီတစ်သက် သမ္မတသမီး ဖြစ်ရင်တောင် သူ့ကိုမရနိုင်ပါဘူး။ ပြီးတော့ သူတို့ရဲ့ ချစ်ခြင်းကို ခွဲနေသလို ပုံစံမျိုး လုပ်နေတာကနေ ရပ်လိုက်ပါတော့..။ ရွှေခေတ် စိတ်ထဲကနေပြောနေမိသည်။
"ငါ တစ်ကယ် ပြောနေတာ...နင်မဂ္ဂဇင်း ထဲက တခြားကောင်တွေ ငမ်းရင် ငါဘာမှ မေပြာတော့ဘူး အဲ..ဘာတဲ့ ဝေယံပိုင်ဆိုလား..အဲကောင် ကတော့ချွင်းချက်။ နင် ထက်အဆတစ်ရာ ချမ်းသာတဲ့ ကောင်မတွေကိုတောင် သူလှည့်ကြည့်မှာ မဟုတ်ဘူး။ ရှင်းရှင်း ပြောရရင် သူ ..အဟမ်း..မိန်းကလေး တွေကို မကြိုက်ဘူး...!!!”
"အခေတ်မ နင်ဘာလို့ အဲလောက် သေချာ ပြောနေရတာလဲ နင်သူနဲ့ ဆုံခဲ့လို့လား..ပြီးတော့ နင်သူ့ကို မြူဆွယ်ခဲ့ပြီး သူက မိန်းကလေးတွေကို မကြိုက်ဘူး လို့ ပြောခဲ့တာလား...??”
ရွှေခေတ် ထွက်ပေါက် ပိတ်ထားခံရသလိုမျိုး ဖြစ်နေပြီ။ သူမ ရဲ့ ထောင်ချောက်ထဲ သူမပြန်ကျနေသည်။
ခုနတုန်းက စိတ်လောသွားလို့ ပြောချင်ရာတွေ ပြောသွားပေမဲ့ အခုတော့ အိမွန်သာ မနေ့ညအဖြစ်အပျက်ကို သိသွားခဲ့လျှင်...။ အကျိုးဆက်ကတော့ ကောင်းမှာမဟုတ်။ ညကြီးမင်းကြီး ယာဥ်မောင်းပြီး သူစိမ်းတစ်ယောက်ကို ကယ်ခဲ့လို့ နားပွင့်ထွက်မည် အထိ အဆဲအဆို ခံရပေမည်။ နောက် သူမရဲ့ ယောက်ျားတွေကို မုန်းတယ်၊ အကပ်မခံဘူး ဆိုတဲ့ ဝေါဟာရ ကြိီးပါ သုန်မှိန် သွားလိမ့်မည်။ ဒါကြောင့် အိမွန် သိလို့မဖြစ်။
မည်သို့ လိမ်မှ အိမွန်မက သူမကို ယုံမှာလဲ။
သူမ လမ်းပျောက်နေစဥ်..
"အေး...နင် တော့ အဲလိုလုပ် မယ် မထင်ဘူး ။ ယောက်ျား တွေကို စကားလာပြောလို့မရတဲ့ထိ မုန်းနေတာကို....”
အိမွန်ရဲ့ စကားလမ်းကြောင်းလွှဲသွားမှုကြောင့် သူမ တော်တော်ကြီးကို စိတ်သက်သာရာရသွားသည်။
ဒါကို အခွင့်ကောင်း ယူပြီး...
"အားအားရှိ ေယာကျ်ားတွေ အကြောင်းပဲ ပြောနေ ။ အလုပ်လာကူ မယ်ပြော ပြီး အဲမှာပဲထိုင်နေ တော့မှာလား...”
သူမစကား ကြောင့် အိမွန်ဖတ်လက်စ မဂ္ဂဇင်း စာအုပ်ကို ခုံပေါ်ချကာ သူမ ရဲ့ လုပ်လက်စ အလုပ်တွေဆီကို လျှောက်သွားတော့သည်။
နှစ်ယောက်စလုံး စကားတွေ ပြောရင်းပြောရင်းနဲ့ ညနေ၆နာရီ လောက်က စတဲ့အလုပ် ညကိုးနာရီလောက် မှာ အပြီးသတ်နိုင်ခဲ့သည်။ အကုန်လုံးကို နေရပ်လိပ်စာရော ဖောက်သည်နာမည်တွေ က အစရေးမှတ် တာ မှန်မမှန် တစ်ခါ ပြန်စစ်ဆေး ၍လည်း အချိန်ပိုကုန်သွား ခြင်းပင်။ အခုဆိုရင် မနက်ဖြန်အတွက် ပို့ပေးရမယ့် ပါဆယ်ပေါင်း ရာကျော်က အသင့်ရှိလို့နေပြီ။ အနီးအနား မြို့ဝန်းကျင်ဆို delivery နဲ့ ပို့ပေးပြီး၊ နယ်ဝေး မြို့ဆိုရင်တော့ ကားဂိတ်ထိ သာပို့ပေးသည်။
အားလုံးပြီးစီး သွားပြီဆိုမှ ဂိုဒေါင်ကို သော့ခတ် ထားခဲ့ပြီး အိမ်ထဲသို့ ဝင်လာခဲ့သည်။ အိမ်မှာ နှစ်ထပ်တိုက်အိမ် ဆိုပေမယ့်လည်း အပေါ်ထပ်ကို ကျွန်းသားတွေနှင့်ကာ ထားသဖြင့် နှစ်ပေါင်း များစွာ ကတည်းက ဆောက်ထားမှန်း သိသာလှသည်။ အိမ်အောက်ထပ်တွင် မီးဖိုခန်း..ဧည့်ခန်းနှင့် ရေအိမ်တစ်လုံးသာရှိပြီး အပေါ်ထပ်မှာလည်း အိပ်ခန်း တစ်ခန်းနှင့် ဘုရားခန်း သာရှိသည်။ သူမအမေရှိနေစဥ် တည်းက ချမ်းသာသူမဟုတ်၊ ဆင်းရဲတယ်လို့လည်း မဆိုသာ..သုံးဖို့စားဖို့ လုံလုံလောက်လောက် ရှိသည်။
Advertisement
အခုတော့ သူမ မှာ သွားရေးလာရေး မခက်ခဲ ရေလအောင် စျေးချိုချိုနှင့်သာ ရောင်းသည့် honda ကားဟောင်းလေး တစ်စီးကို အရစ်ကျဝယ်နိုင်ခဲ့သည်။
တခြားမိန်းကလေးတွေလို အလှအပမက်ပေမယ့်လည်း အကန့်အသတ်နဲ့ သာ သုံးတတ်ဖြုန်းတတ်သည်။ သူမမှာ cosmetician တစ်ယောက်ဖြစ်သော်လည်း ကိုယ်တိုင်က serum နှင့် sun creamက လွဲရင် တခြားဟာ မပြောနဲ့ နှုတ်ခမ်း နီတောင် မဆိုးဖူး။ သို့သော် နှုတခမ်းလေးတွေက နှင်းဆီ ငုံလေးလို ပန်းရောင် အမြဲသန်းလျက်။
ထိုသို့ မလိမ်းမခြယ် original မျက်နှာလေးနှင့် လည်း သူမဟာ ကျားတွေရဲ့ အာရုံကို အငိုက်ဖမ်းနိုင်သော အရိုင်းပန်းလေး ပါပဲ။ သို့သော်လည်း လိုက်သမျှဘဲတိုင်းက သူမ မျက်စောင်းထိုးမှုတွေနှင့်သာ အရှုံးပေး ခဲ့ရသည်..။
......
ညဥ့်နက်ခါ စနေပြီမို့ အိမွန် ကိုအိမ်ပြန်မသွားတော့ဖို့ အတင်းတားပြိီး သူမနှင့်အတူအိပ်စေသည်။ အိမွန်လည်း ငြင်းမရတော့တဲ့ အဆုံး သူမနှင့်သာ နေခဲ့ရသည်။ မနေ့ညကတည်းက ကောင်းကောင်းမအိပ်ရသေးတာမို့ ရေချိုးခေါင်းလျှော်ပြီး skinတောင် မcare ခေါင်းကိုတောင် ခြောက်အောင်မသုတ်နိုင်တော့ပဲ ကုတင်ပေါ် တန်းလှဲချလိုက်သည်။ ထိုစဥ် ခြေထောက်ကနေ တရွတ်တိုက် ကုတင်စွန်းထိ အိမွန်၏ ဆွဲထခြင်းကို ခံရပြန်သည်။ ငပျင်းမဟု ဆဲဆိုခံရပြီး dryer နှင့်ခေါင်းကို ခြောက်အောင်သုတ်ပေးကာ အတော့်ကို မဖွင့်နိုင်ပြီဖြစ်သော မျက်လုံးများနှင့် သူမမျက်နှာကို nightcream အတင်းလိမ်းခိုင်းပြီးကာမှ အိပ်စေသည်။
တော်တော်ကို ပင်ပန်းနေပြီ ဖြစ်၍လည်း စက္ကန့်ပိုင်းအတွင်း အိပ်ပျော်သွားသည်။ အချိန်မည်မျှကြာသွား သည်မသိ ။ ဆိုးဆိုးရွားရွားအသံနှင့် သူမခန္ဓာကိုယ်ပေါ် တစ်ခုခုခွတင် ထားသလိုခံစားရကာ အလန့်တကြားနိုးလာခဲ့သည်။သူမ ထထိုင်ကာ မျက်လုံးကို ပွတ်သပ်ကြည့်တော့..
ဒီအိမွန်မ အိပ်ပုံကို ကြည့်အုံး..။အိမ်ရှင် ဖြစ်တဲ့ သူမကိုမှ အားမနာ ။ ခြေထောက်တစ်ဖက်ကို သူမပေါ် ခွတင်ပြီး သူမနားနား တိုးကာ ဟောက်နေခြင်း.. ။ ဒီကောင်မ ဘဲတွေကို ထည်လဲတွဲနေတာ မဆန်းပါဘူးလေ။ ဘယ်တုန်းက ဒီလို အကျင့်ရှိသွားတာလဲ မသိ။ လွန်ခဲ့တဲ့ နှစ်တွေ လောက်ကသူမ အမေ ဆုံးလို့ သူမဆီ အဖော်လာအိပ်တာ ဒီအကျင့်ကမရှိသေး။ အသက်ရလာလေ အပျင်းကြီးလာလေ အကျင့်တွေဆိုးလာလေ ဆိုတာမျိုးလားပဲ..စိတ်ဝင်စားစရာ။
သူမ အိမွန်ကို ကုတင်ပေါ်က ကန်ချပြီး နိုးမယ်အလုပ်
တစ်ခုခုကို သတိရသွားကာ မြောက်လိုက်သော ခြေမှာ လမ်းတစ်ဝက်တင် တန့်သွားရသည်။ သူမပဲ အိမွန်ကို အတင်းတောင်းဆိုကာ သူမနဲ့ အတူ အိပ်ခိုင်းခဲ့ တာမဟုတ်လား..။ သူမသာ ကန်ချပြီး အိမွန် နိုးလာခဲ့ရင် မြွေဟောက်အဆိပ်တွေ မမိချင်ပေ။ ထို့ကြောင့်ပင် ခေါင်းအုံးဆွဲ ကာ ဂိုဒေါင်ထဲသို့ဝင်လာခဲ့၏။ ဆိုဖာပေါ် ကိုယ်ကို ပစ်လှဲကာ မျက်နှာချင်းဆိုင် နံရံပေါ်က နာရီလက်တံမှာ မနက်၃ခွဲ ကို ထိုးပြနေလေပြီ။
သူမပြန်အိပ်မယ် လုပ်သော်လည်း အိပ်လို့မရ။ မိုးလင်းတဲ့ အထိစောင့်ဖို့ ဘာဆက်လုပ်ရင် ကောင်းမလဲဆိုတဲ့ အတွေးတွေလည်း ဟိုမရောက်ဒီမရောက်။
ရုတ်တရက် သူမရဲ့ ဘီဒိုဘေးက စက်ချုပ်ခုံဆီကို အကြည့်ရောက်သွားပြီး အခုချိန်အမေသာ ရှိနေရင် ဘယ်လောက်တောင် ကောင်းလေမလဲတွေးကာ ပါးပြင်ပေါ် နှင်းစက်တွေ ပိုးပိုးပေါက်ပေါက်ကျလာပြန်သည်။ သူမမှာ မာန်မာနကြီးသလိုပဲ အိမွန်ကလွဲရင် မည်သူရှေ့မှာမှ အရိုးကျိုးရင်ေတာင် မငို။ တချို့က သူမကို နှလုံးသားမဲ့တယ် လို့ပင်ပြောနေကြသည်။ သို့သော် သူမလည်း လူတစ်ယောက်ပင် မဟုတ်လား...။ သူမရဲ့ နောက်ထပ်ပုံစံတစ်မျိုး ဟုပင် ဆိုရသော မျက်ရည်လွယ် ချူချာတဲ့ ကလေးမလေး ကို မည်သူကမှ တွေ့ဖူးမည်မထင်။
သူမ အချိန်အတော်တန်ကြာ ငိုထား၍ မျက်ခွံတွေပင် လေးလာပြီ။ ရုတ်တရက် ဆိုသလို သူမအတွေးတွေ ယမန်နေ့ညက သူစိမ်းဆီ ရောက်သွားသည်။
သူ...သတိရလာပြီလား..။
သူမ ခေါင်းကို အမြန်ရမ်းကာ ထိုအတွေးကို မိနစ်ပိုင်းတောင်မရှိစေဘဲ ခါထုတ်လိုက်သည်။ ထို့နောက်...
"သူက ဘယ်သူမို့လို့ ငါ့အတွေးထဲ ဝင်လာရဲတဲ့ အထိ သတ္တိတွေ ရှိနေတာလဲ..”
သူမ အသံထွက်အောင် ရေရွတ်လိုက်သည်။
........
အပိုင်း(၁၅)ဆက်ရန်
29.9.21
Advertisement
သူမ လမ်းပျောက်နေစဉ်..
အခုတော့ သူမ မှာ သွားရေးလာရေး မခက်ခဲ ရလေအောငျ ဈေးချိုချိုနှင့်သာ ရောင်းသည့် honda ကားဟောင်းလေး တစ်စီးကို အရစ်ကျဝယ်နိုင်ခဲ့သည်။
......
သူ...သတိရလာပြီလား..။
........
အပိုင်း(၁၅)ဆက်ရန်
29.9.21
Advertisement
- In Serial10 Chapters
First Wins & First Kisses: Confessions of a K-Pop Stan
Some happened word for wordSome are just fantasies of my hyper imagination But welcome to the world of being a K-Pop Stan in 2022.This is a story about making dreams a reality when obstacles are strategically placed in front of you to cause you to either trip or fall and never get up again. In the first installment ‘First Wins and First Kisses’ we follow Gel and Bren who both travel to Korea in different times in their lives but their love of music and their love of astronomy brings them together. Bren falls for the budding astrophysicist at a pivotal time in his career. Everything is finally going right for his band GXY and a scandal can ruin the careers of his whole group. While exploring the stars, Bren and Gel discover that their dreams require sacrifices and that sometimes means alienating their loved ones and each other. If that wasn’t enough to drive them apart, someone lurking in the shadows is determined to make Bren pay for all his transgressions even if they are completely made up. But is it out of hate or some twisted kind of love?
8 185 - In Serial6 Chapters
Remembering You
21-year-old Yoo Hyun-ki and Lee Chanwoo are two boys who have been best friends since Junior High. A terrible accident sends Chanwoo into a coma, leaving Hyun-Ki to diligently wait for his return to consciousness. The thing is, Chanwoo was never just his best friend. To Hyun-ki, he was always so much more than that. However, when new feelings seem to suddenly arise after the accident, things start to stir and blur the line between best friends and something more. This leaves both boys with a lot of figuring out to do and an unexpected journey to embark on- that is, if these new and unexplored territories can be welcomed on both parts. ~ a love story told from both points of view. FOLLOW ME ON WATTPAD TO READ FULL STORY: https://wattpad.com/user/sharkymaru *started 5/1/20* --> if posted anywhere else other than here and Webnovel @petalpower or on my Wattpad @sharkymaru, it's being stolen! >;c
8 89 - In Serial45 Chapters
Love, Lust or Bloodlust?
Gaara casted a jutsu on Naruto, and Gaara wants to kill Naruto now. And together, (with others!!) the have to go capture a missing nin. So, now, does Gaara really want to kill naruto?? And is there really a jutsu on Naruto???? Is this a yaoi??????Answers in the story.
8 312 - In Serial26 Chapters
Punching the Gang leader
My jaw is firmly grabbed and my head is lifted to where I'm forced to look up into McDemons eyes. "Too bad" he says a evil smirk taking place on his plump lips "you're mine". I raise an eyebrow and give him a sweet smile as I say "I'm my own bitch, bitch". The smile is wiped from my face as I slam my forehead forwards. Stella was just walking on a sidewalk that was dangerously close to the road. Paying no mind to the sound of a car engine that needed to be checked. When she was-literally-picked up by four hot guys. McHottie-Damian Whitehouse McSteamy-Luca unknown McDevil-Ace Dagger McUgly-Maxxer And McDevil-*cough*- er sorry Ace has plans for our precious Stella. *THIS BOOK IS BEING SLOWLY EDITED**This book is just for sh!ts and giggles, the events that take place in this book would not happen in real life. Again, this is just a fun book made for me n my friends who read way to many gang leader wattpad books.*Book #1
8 177 - In Serial37 Chapters
Believe Me, I'm Lying
When 17 year old Harley finds herself jobless, she needs a new job-- and quick. Her uncle comes to her house with a job offer. For her to become a teacher at his school. A school for delinquents.Watty Awards 2010 Winner of Best Overall, Best Romance, Best Female Lead, and Best Cast!
8 105 - In Serial173 Chapters
BL | Not Human Every Time [Quick Wear]
⚠MACHINE TRANSLATIONTitleNot Human Every Time [Quick Wear]/每次都不是人[快穿]AuthorShiseer/澀澀兒Status173 Chapters (Completed)https://m.shubaow.net/138/138273/.INTRODUCTIONWhen Ye Shan was on the verge of death, he was rescued by "people" and was given a fast crossing system.System: The soul of the host's life-saving "human" is scattered in various worlds. If you want to recall it, you must travel through various worlds. May I ask the host, do you still want to save it? whether.Ye Shan: Yes.System: The task of searching for the soul of the "human" is officially opened. Task prompt 1, because of the "human" attribute of the host's life-saving grace, every time the host crosses, it is not human. Task prompt 2, because of the special emotion of the host's life-saving "human" to the host, the host must rekindle its special emotion every time in order to bring back its soul.Ye Shan: What special emotion?System: It is special (chao) special (ji) feeling (chi) affection (han).Ye Shan: ...I regret it now, is it too late?One sentence introduction:Every time you cross, you are not a person, but you have to get the special (chao) special (ji) feeling (chi) affection (han) of the benefactor to complete the task... Come out of the system, let's talk about life!#On the difficulty of repaying kindness, it is difficult to go to the blue sky##On how to use your own charm (not) to complete the impossible task#Content tags: Modern overhead is strong and strong through time and spaceProtagonist: Ye Shan┃Others: Main Subject
8 167