《Untamed Flower( ပန်းရိုင်း)》အပိုင်း(၁၁)
Advertisement
အာကာ ဓာတ်လှေကားထဲမှ VIPခန်းများရှိရာ ၉ထပ် ခလုတ်ကို နှိပ်လိုက်သည်။
ရွှေခေတ်မှာတော့ အောက်ထပ်ဆီကို ဆင်းသွားပြီး car parking သွား မည်အလုပ် ။ ဂလု ဂလုနဲ့ ဗိုက်က အသံမြည်လာသည်။ တွေးကြည့်တော့ သူမ မနေ့နေ့လည်ကတည်း ဗိုက်ထဲ ထမင်းတစ်စေ့တောင် မဝင်သေး...။
သို့သော်လည်း အိမ်ပြန်ရောက်ရန် အဓိက လို့ တွေးပြီး ကားထဲဝင်ကာ ကျိုင်းတုံမြို့ ဆီသို့ ဦးတည် မောင်းလာခဲ့၏။
အိမ်ပြန်ရောက်တော့ ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မနက်စာကို ခေါက်ဆွဲခြောက်နဲ့ပဲ ကုန်ဆုံးခဲ့ရပြန်သည်။ စားပြီးပြီးချင်း လက်ဆေးကာ အလုပ်ခန်းထဲ မှာ စာရင်းတွေ တွက်လိုက် ၊ ဂိုဒေါင်ထဲဝင်ပြီး ပစ္စည်းတွေ ဟိုရွေ့ဒီရွှေ့ လိုက်နှင့် တစ်နေ့တာမှာ အားလပ်ချိန်မရှိ။
.....
အာကာထက် လူနာခန်းထဲ ဝင်သွားပြီး ကုတင်ပေါ်က မတုန်မလှုပ်ကာ မေ့ဆေးအရှိန်ဖြင့် အိပ်နေသော ဝေယံပိုင်ကိုကြည့်ပြီး ေခါင်းခါရမ်းလျက်။ တစ်ခဏအကြာ...
"တီ တီ တီ”
သူ့ဖုန်းမြည်သံ ကြားပြီး ကြည့်လိုက်တော့
"သဲလေး” contact name နှင့် ကြူသင်းဆီမှ ဖုန်း ။
သူ အသံအနေအထားကို ပြင်လိုက်ပြီး..
"ဟဲလို ...သဲလေး ဘာလဲ ကိုကို့ ကိုလွမ်းနေပြီလား”
"အာ ..ဟုတ်ပါဘူး.. ကိုကြီးအကြောင်း မေးမလို့”
(ကြူသင်းမှာ ဝေယံကို ကိုကြီး ၊ အာကာထက်ကို ကိုကို လို့ခေါ်ကြောင်း🤗)
ကြူသင်း စကားကြောင့် အာကာ တုန်လှုပ်သွားသည်။ အထစ်ထစ်အငေါ့ငေါ့ နှင့်..
"ဘာ..ဘာဖြစ်လို့လဲ သဲ”
"အွန်း..မနေ့ည ပြန်သွားကတည်းက ဖုန်းလည်းမဆက်လာဘူး ပြောတော့ အိမ်ပြန်ရောက်ရင် ဘွားဘွား ရဲ့ အခြေနေမေးလာမယ် ပြောပြီးတော့..
အခု ကိုကို့နားမှာလား ကိုကြိီးက..”
"အော် သဲရဲ့ကိုကြီးလား မနေ့ည သဲတို့အိမ်က ပြန်လာလာချင်း ကုမ္ပဏီ ကဖုန်းဆက်လာလို့ ဘန်ကောက်ကို အလုပ်ကိစ္စနဲ့ ညတွင်းချင်း သွားရတာ
အဲဒါ ကိုကြီးကို ပြောခိုင်းထားတယ် ကိုကြီးက ခွဲခန်း ဝင်နေရလို့ မပြောဖြစ်သေးတာ သဲလေး”
အာကာထက်မှာ ကြူသင်းကို သူဘာလုပ်လုပ် မဖုံးကွယ်ဖူး။ သို့ပေမဲ့ ဝေယံပိုင်နှင့် ပတ်သက် လာရင်တော့ လိမ်ရကောက်ရစမြဲ။ ဒီတစ်ခါလည်း လိမ်နေရပြန်ပြီ။
သို့သော် သံသယကင်းရှင်းတဲ့ သူ့ရဲ့အပြစ်မဲ့မိန်းကလေးမှာမူ
"ဟမ်..ဘန်ကောက်ကိုလား.. ကိုကြီးက ဘယ်နှစ်ရက်လောက် ကြာမှာလဲဟင် ”
"အေး.. သဲ အိမ်မာ လိမ္မာနေပြီး ဘွားဘွားကို စောင့်ရှောက်နေနော် ကိုကြီးက ဘန်ကောက်ရုံးခွဲမှာ တစ်ပတ်လောက် ကြာအုံးမှာ။ ဒါပေမဲ့ မပူနဲ့ သဲဆီ ညနေ ကိုကို ပြန်လာခဲ့မယ် ကြားလား”
"အွန်း..ဟုတ်..ဒါဆို ဒီလောက်ပဲနော် ဘိုင်းဘိုင်”
"ဟုတ်ပြီ သဲလေး ချစ်တယ်နော် ကိုကို့ကို စောင့်နေ”
ကြူသင်းဖုန်းချသွားတော့ ကုတင်ဘက် လှည့်ကြည်လာကာ သိပ်ကို ရိုမန့်တစ် ဆန်နေကြတယ်ပေါ့ ဆိုတဲ့
မျက်နှာနှင့် သူကို ကြည့်ေနတဲ့ ဝေယံပိုင်။
သူခုနက သူများညီမလေးကို တီတီတာတာတွေ ပြောနေတာလေ။ အခုကျလူမိသွားတော့..
"ေအး..မင်းနိုးလာပြီလား”
"မျက်စိကန်းနေလား..နိုးနိုးချင်း ခွေးစာစားရတော့ တာပဲ”
(ထထလာချင်း ခွေးစာစားရတယ်ဆိုတာက အကြီးစားFA တွေမှာပဲရှိတာပါ)
နိုးနေတာကို သိသိရက်နဲ့ မေး။ ဒါမျိုးက အာကာထက်ရဲ့ အအော်မခံရဖို့ ဝေ့ဝိုက် စကားပြောနည်းမှန်း ဝေယံသိသည်။ သို့သော်လည်း ဒီအချိန် ရန်ထသတ်ဖို့အချိန်အခါ မဟုတ်။
"အဘွားနဲ့ ကြူသင်း..တို့ မသိဘူးမလား”
သူ့ဘဝမှာ အဘွားနှင့် ကြူသင်းသာ အရေးကြီးဆုံး။
အာကာထက် သက်ပြင်းရှည်ကြီး ချကာ..
"ငါ မင်း ဘန်ကောက် ရောက်နေတယ်လို့ လိမ်ထားရတယ် ။ ဒါနဲ့ ပြောစမ်းပါအုံး ဘယ်လိုဖြစ်တာလဲ ဒီအခြေအနေထိ ရောက်ရအောင်..”
အာကာထက် မေးခွန်းကြောင့် ဝေယံခေါင်းပေါ်က ပတ်တီးကို လက်ဖြင့်စမ်းရင်း...
"အမ်..ငါယမန်နေ့ ကတည်းက ခုထိ ထမင်းတစ်နှပ်ပဲ စားရသေးလို့ မင်းလည်းသိတဲ့အတိုင်းပဲ မနေ့မနက်စောစော အဘွား ဖုန်းလာေတာ့ ကျိုင်းတုံကို ပြေးသွားရ ဟိုမှာလည်း မစားခဲ့ တာမို့ လမ်းတစ်ဝက်လောက်မှာ ဗိုက်ကနာလာရော ဆေးရှာကြည့်တော့ ကားပေါ်ဆောင်မလာမိ။ ငါနောက်ဆုံး မှတ်မိနေသေးတာက ကားမှန်ကို တစ်ယောက်ယောက်လာခေါက်တာပဲ”
ဝေယံရှင်းပြ သွားသည်မှာ တိုတောင်းသော်လည်း ရှင်းလင်းလှ၏။
"မင်းကို ဘယ်သူက ကယ်လာတာလဲ မမှတ်မိဘူးလား??”
ဝေယံ ခေါင်းသာ ခါပြလိုက်သည်။
......
အပိုင်း(၁၂)ဆက်ရန်
26.9.2021
အာကာ ဓာတ္ေလွကားထဲမွ VIPခန္းမ်ားရွိရာ ၉ထပ္ ခလုတ္ကို ႏွိပ္လိုက္သည္။
ေ႐ႊေခတ္မွာေတာ့ ေအာက္ထပ္ဆီကို ဆင္းသြားၿပီး car parking သြား မည္အလုပ္ ။ ဂလု ဂလုနဲ႕ ဗိုက္က အသံျမည္လာသည္။ ေတြးၾကည့္ေတာ့ သူမ မေန႕ေန႕လည္ကတည္း ဗိုက္ထဲ ထမင္းတစ္ေစ့ေတာင္ မဝင္ေသး...။
Advertisement
သို႔ေသာ္လည္း အိမ္ျပန္ေရာက္ရန္ အဓိက လို႔ ေတြးၿပီး ကားထဲဝင္ကာ က်ိဳင္းတုံၿမိဳ႕ ဆီသို႔ ဦးတည္ ေမာင္းလာခဲ့၏။
အိမ္ျပန္ေရာက္ေတာ့ ပိတ္ရက္ျဖစ္တဲ့ တနဂၤႏြေေန႕မနက္စာကို ေခါက္ဆြဲေျခာက္နဲ႕ပဲ ကုန္ဆုံးခဲ့ရျပန္သည္။ စားၿပီးၿပီးခ်င္း လက္ေဆးကာ အလုပ္ခန္းထဲ မွာ စာရင္းေတြ တြက္လိုက္ ၊ ဂိုေဒါင္ထဲဝင္ၿပီး ပစၥည္းေတြ ဟိုေ႐ြ႕ဒီေ႐ႊ႕ လိုက္ႏွင့္ တစ္ေန႕တာမွာ အားလပ္ခ်ိန္မရွိ။
.....
အာကာထက္ လူနာခန္းထဲ ဝင္သြားၿပီး ကုတင္ေပၚက မတုန္မလႈပ္ကာ ေမ့ေဆးအရွိန္ျဖင့္ အိပ္ေနေသာ ေဝယံပိုင္ကိုၾကည့္ၿပီး ေခါင်းခါရမ်းလျက်။ တစ္ခဏအၾကာ...
"တီ တီ တီ
သူ႕ဖုန္းျမည္သံ ၾကားၿပီး ၾကည့္လိုက္ေတာ့
"သဲေလး contact name ႏွင့္ ၾကဴသင္းဆီမွ ဖုန္း ။
သူ အသံအေနအထားကို ျပင္လိုက္ၿပီး..
"ဟဲလို ...သဲေလး ဘာလဲ ကိုကို႔ ကိုလြမ္းေနၿပီလား
"အာ ..ဟုတ္ပါဘူး.. ကိုႀကီးအေၾကာင္း ေမးမလို႔
(ၾကဴသင္းမွာ ေဝယံကို ကိုႀကီး ၊ အာကာထက္ကို ကိုကို လို႔ေခၚေၾကာင္း)
ၾကဴသင္း စကားေၾကာင့္ အာကာ တုန္လႈပ္သြားသည္။ အထစ္ထစ္အေငါ့ေငါ့ ႏွင့္..
"ဘာ..ဘာျဖစ္လို႔လဲ သဲ
"အြန္း..မေန႕ည ျပန္သြားကတည္းက ဖုန္းလည္းမဆက္လာဘူး ေျပာေတာ့ အိမ္ျပန္ေရာက္ရင္ ဘြားဘြား ရဲ႕ အေျခေနေမးလာမယ္ ေျပာၿပီးေတာ့..
အခု ကိုကို႔နားမွာလား ကိုကြိီးက..
"ေအာ္ သဲရဲ႕ကိုႀကီးလား မေန႕ည သဲတို႔အိမ္က ျပန္လာလာခ်င္း ကုမၸဏီ ကဖုန္းဆက္လာလို႔ ဘန္ေကာက္ကို အလုပ္ကိစၥနဲ႕ ညတြင္းခ်င္း သြားရတာ
အဲဒါ ကိုႀကီးကို ေျပာခိုင္းထားတယ္ ကိုႀကီးက ခြဲခန္း ဝင္ေနရလို႔ မေျပာျဖစ္ေသးတာ သဲေလး
အာကာထက္မွာ ၾကဴသင္းကို သူဘာလုပ္လုပ္ မဖုံးကြယ္ဖူး။ သို႔ေပမဲ့ ေဝယံပိုင္ႏွင့္ ပတ္သက္ လာရင္ေတာ့ လိမ္ရေကာက္ရစၿမဲ။ ဒီတစ္ခါလည္း လိမ္ေနရျပန္ၿပီ။
သို႔ေသာ္ သံသယကင္းရွင္းတဲ့ သူ႕ရဲ႕အျပစ္မဲ့မိန္းကေလးမွာမူ
"ဟမ္..ဘန္ေကာက္ကိုလား.. ကိုႀကီးက ဘယ္ႏွစ္ရက္ေလာက္ ၾကာမွာလဲဟင္
"ေအး.. သဲ အိမ္မာ လိမၼာေနၿပီး ဘြားဘြားကို ေစာင့္ေရွာက္ေနေနာ္ ကိုႀကီးက ဘန္ေကာက္႐ုံးခြဲမွာ တစ္ပတ္ေလာက္ ၾကာအုံးမွာ။ ဒါေပမဲ့ မပူနဲ႕ သဲဆီ ညေန ကိုကို ျပန္လာခဲ့မယ္ ၾကားလား
"အြန္း..ဟုတ္..ဒါဆို ဒီေလာက္ပဲေနာ္ ဘိုင္းဘိုင္
"ဟုတ္ၿပီ သဲေလး ခ်စ္တယ္ေနာ္ ကိုကို႔ကို ေစာင့္ေန
ၾကဴသင္းဖုန္းခ်သြားေတာ့ ကုတင္ဘက္ လွည့္ၾကည္လာကာ သိပ္ကို ရိုမန့္တစ္ ဆန္ေနၾကတယ္ေပါ့ ဆိုတဲ့
မ်က္ႏွာႏွင့္ သူကို ၾကည့္ေနတဲ့ ေဝယံပိုင္။
သူခုနက သူမ်ားညီမေလးကို တီတီတာတာေတြ ေျပာေနတာေလ။ အခုက်လဴမိသြားေတာ့..
"ေအး..မင္းနိုးလာၿပီလား
"မ်က္စိကန္းေနလား..နိုးနိုးခ်င္း ေခြးစာစားရေတာ့ တာပဲ
(ထထလာခ်င္း ေခြးစာစားရတယ္ဆိုတာက အႀကီးစားFA ေတြမွာပဲရွိတာပါ)
နိုးေနတာကို သိသိရက္နဲ႕ ေမး။ ဒါမ်ိဳးက အာကာထက္ရဲ႕ အေအာ္မခံရဖို႔ ေဝ့ဝိုက္ စကားေျပာနည္းမွန္း ေဝယံသိသည္။ သို႔ေသာ္လည္း ဒီအခ်ိန္ ရန္ထသတ္ဖို႔အခ်ိန္အခါ မဟုတ္။
"အဘြားနဲ႕ ၾကဴသင္း..တို႔ မသိဘူးမလား
သူ႕ဘဝမွာ အဘြားႏွင့္ ၾကဴသင္းသာ အေရးႀကီးဆုံး။
အာကာထက္ သက္ျပင္းရွည္ႀကီး ခ်ကာ..
"ငါ မင္း ဘန္ေကာက္ ေရာက္ေနတယ္လို႔ လိမ္ထားရတယ္ ။ ဒါနဲ႕ ေျပာစမ္းပါအုံး ဘယ္လိုျဖစ္တာလဲ ဒီအေျခအေနထိ ေရာက္ရေအာင္..
အာကာထက္ ေမးခြန္းေၾကာင့္ ေဝယံေခါင္းေပၚက ပတ္တီးကို လက္ျဖင့္စမ္းရင္း...
"အမ္..ငါယမန္ေန႕ ကတည္းက ခုထိ ထမင္းတစ္ႏွပ္ပဲ စားရေသးလို႔ မင္းလည္းသိတဲ့အတိုင္းပဲ မေန႕မနက္ေစာေစာ အဘြား ဖုန္းလာေတာ့ က်ိဳင္းတုံကို ေျပးသြားရ ဟိုမွာလည္း မစားခဲ့ တာမို႔ လမ္းတစ္ဝက္ေလာက္မွာ ဗိုက္ကနာလာေရာ ေဆးရွာၾကည့္ေတာ့ ကားေပၚေဆာင္မလာမိ။ ငါေနာက္ဆုံး မွတ္မိေနေသးတာက ကားမွန္ကို တစ္ေယာက္ေယာက္လာေခါက္တာပဲ
ေဝယံရွင္းျပ သြားသည္မွာ တိုေတာင္းေသာ္လည္း ရွင္းလင္းလွ၏။
"မင္းကို ဘယ္သူက ကယ္လာတာလဲ မမွတ္မိဘူးလား??
ေဝယံ ေခါင္းသာ ခါျပလိုက္သည္။
......
အပိုင္း(၁၂)ဆက္ရန္
26.9.2021
Advertisement
- In Serial178 Chapters
A Beautiful Catastrophe
"If you’re given a chance to live once more, will you take it? Even if… it comes at a cost?"
8 703 - In Serial16 Chapters
I Decided to Write a Story
*this story has a lot of perverted stuff and cussing beware* *And this is pretty much a crack story* Kate is a normal girl with a lot of imagination (mostly lewd) She loves watching shows like FRIENDS,Grey's Anatomy,Stranger Things, 13 reasons why,and many more.She also watches a lot of anime you can actually call her an otaku now. She loves to read books/manga/manhwa about...YURI?...YAOI?...HENTAI?...FIFTY FUCKING SHADES?? Because of her "experience" and having "great taste" in books/mangas/manhwa she decided to write about her school life (wow so original)...but ShE AdDed fucKed Up tHIngS The story is more or less about school,friendship,parodies,comedy,and a hint OF ROMANCE....YURI( girl x girl)AND YAOI(boyxboy)
8 162 - In Serial40 Chapters
The CEO. (W|W)
"I don't understand what else you want from me." I hissed. She smirked, rolling her ice blue eyes that were filled with nothing but her ego and it made me want to choke her. "How about you come find out, hm?"Cover by @herparamour
8 159 - In Serial20 Chapters
The Vow
Ever since Aster’s mother died, home no longer feels like home. Now, she’s little more than a prisoner behind gilded bars; her father growing more distant by the day, her best friend missing and possibly left for dead. So when a letter from the royal family arrives, inviting her to stay in the palace, Aster agrees. She’s only been to the palace once, a memory she’s replayed countless times in her head, during her first fateful encounter with her fiancé. But when she comes face to face with Florian once more, he’s cold and apathetic; a far cry from the boy she used to dream of. As Aster struggles to come to terms with Florian’s new demeanour, life in the palace reveals more than it’s rose covered façade. The maze within its gardens hides thorns that cut deep, and the spirits who call it home want nothing more than to see her go. With all the odds against her, winning over her begrudging fiancé and the rest of the peanut gallery seems next to impossible. But with the help of her unflappable maid Fina, a brutally blunt swindler, and the apprentice of the palace’s magical deviant, maybe Aster might just have a shot at her happily ever after. Updates every FridayCover art credits - @mnt_kaedi on Instagram
8 184 - In Serial30 Chapters
vinegar and honey
you catch more flies with honey than with vinegar, my father would sayi find it kinda funnythat even though i am honey, you refused to stay.
8 150 - In Serial71 Chapters
Reign: The Diary of A Princess
[ON HOLD BUT I'LL POST AS SOON AS I HAVE FINISHED A CHAPTER]A fan fiction about the series Reign.This is about the only heir of King Francis II of France and Queen Mary I of Scotland.She is Alexandra,Alexandra Katherina Stuart de Valois Mostly known as Princess Alexandra I of Scotland and FranceBorn in France Raised in ScotlandThis story is about her life inside and outside the court. The experiences she encountered. The mistakes she made. The decisions she did. The love she gave. The changes that happened throughout her life.------------I don't own the show and other characters used in this book. This is only a fanfiction about the CW show, Reign. PLEASE VOTE AND SHAREThank you & enjoy readingStarted: August 2017
8 127

