《Untamed Flower( ပန်းရိုင်း)》အပိုင်း(၇)
Advertisement
သူမ မျက်စိများ မှေးကျင်းလာပြီး တစ်ခဏအတွင်းအိပ်ပျော် သွားလေသည်။
မည်မျှတောင် အိပ်ပျော်သွားသည် မသိ။ လန့်နိုးလာတော့ နံရံမှာကပ်ထားတဲ့ နာရီက ၇:၂၀သို့ ထိုးပြနေလေပြီ။
သူမ ချက်ချင်းထထိုင်ပြီး လဲကျတော့မလိုဖြစ်ကာ ခုံတန်းလက်ကိုင်ကို ချက်ချင်းကိုင်လိုက်လို့သာ ကံကောင်းသွား သည်။
ထိုအချိန် သူမကိုတစ်စုံတစ်ယောက် ငေးကြည့်နေသည်ကိုတော့ သူမသတိမထားမိ။
"ဘယ်လောက်တောင် စိတ်ပူနေလို့ ကိုယ့်ကိုယ်ကိုယ်တောင် သတိမထားဘဲ လောနေရတာပါလဲ ငချေမလေး..!"
ယောကျ်ားတစ်ယောက် အသံကြားပြီး အသံကြားရာကို သူမကြည့်လိုက်တော့ ဆရာဝန် ယူနီကုတ်နဲ့ လူတစ်ယောက်။ သူကဘယ်သူမို့လို့ သူမကို ဘာလို့ စိတ်ပူတယ်လို့ အထင်လွဲနေရတာလဲ ။ သူမဟိုလူကိုစိတ်ပူနေလို့ အလျင်လိုနေတာ လ ည်းမဟုတ်ရပါဘူးနော်။ သူမ အလုပ်တွေ ကို စိတ်ပူလို့ သာ ။ တနင်္ဂနွေနေ့မနက်ခင်းလေးက ဒီလို ကျက်သရေတုံးမယ်လို့ မထင်ထားခဲ့ဘူး။ ပြီးတော့ သူမကို ငချေမလေးတဲ့။ သူမက သူ့ကို ဘာလုပ်နေမိလို့ ဘာလုပ်ခဲ့ ရလို့ ဒီလိုဆိုးဆိုးရွားရွား စကားလုံးတွေနဲ့ သူမကို ပြောဆို ဆက်ဆံနေရတာလဲ???။
သူမခေါင်းထဲ အတွေးတွေ ဒလဟော စီးဆင်းသွားသည်။ ပြန်အော် ထည့်မယ်အလုပ်..
"ကျွန်တော်တို့ ပြန်တွေ့ကြပြီနော်! ! ပြီးတော့ ကျွန်တော်တို့ရဲ့ ဒုတိယ တွေ့ဆုံမှု က ဒီလောက်ထိ တိုက်ဆိုင် လိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
ရွှေခေတ်မျက်မှောင်ကြုတ်ကာ..
"ရှင် ဘာကိုဆိုလိုတာလဲ!!!"
"ပြီးခဲ့တဲ့ လ လေဆိပ်တုန်းက အဖြစ်အပျက်ကို မေ့သွားပြီလား မဒမ်!"
ထိုလူ စကားကြောင့် ရွှေခေတ် ရဲ့ အတွေးတွေဟာ အတိတ်ဆီသို့ စီးမျောသွားခဲ့သည်။
......
လွန်ခဲ့သော တစ်လလောက်က တာချီလိတ်လေဆိပ် တွင်ဖြစ်သည်။ အချိန်မှာ ည၆နာရီခန့် ၊ လေဆိပ်တွင် လူသူကင်းရှင်းစ ပြုနေပြီ။
နေမင်းကြီးမှာလည်း တာဝန်ချိန်ပြီးဆုံးကာ ဒီနေ့လေးကို နှုတ်ဆက်တဲ့အနေနှင့် ရောင်နီနီလေး ဖြန့်ဝေကာနေလေပြီ။
ထိုစဥ်တွင် ကောင်မလေး တစ်ယောက် ပစ္စည်းတွေကို မနိုင်မနင်း သယ်ဆောင်ေန၏။ ထိုကောင်မလေးမှာ
ကျားတိုင်ချေတဲ့ အချေစိန် "တိမ်လွှာရွှေခေတ် "။
နိုင်ငံခြားက မှာထားသော ကုန်တွေ သယ်လာခြင်း။
မနက် အိမ်မှာတုန်းက ပစ္စည်း ဒီညနေရောက်မည်ဟု ဖုန်းလက်ခံ ရရှိခဲ့ရာ အိမွန် ကို ကူညီဖို့ ခေါ်လာခဲ့သည်။
သို့ပေမဲ့ ကောင်မက လေဆိပ်ရောက်ရောက်ချင်း ကောင်လေးအပြင်းဖျား နေ ဆိုသော အကြောင်းဖြင့်
ပြန်သွား ခဲ့သည်။ အခုတော့ သူမတစ်ယောက်ထဲ မနိုင်မနင်း ဖြစ်နေရလေပြီ။သူမ အခု ယောကျာ်းတွေကို စဥ်းတီတုံး ပေါ် ဓားမကြီးနှင့် အစိတ်စိတ်အပိုင်းပိုင်း ခုတ်ဖြတ်ချင်ပါရဲ့။
ထိုစဥ် အစောင့် တစ်ဦးက ..
"ကူညီပေးရမလား မဒမ်"
"ရတယ် ကျွန်မ ကိုယ်တိုင်လုပ်မယ်!!"
သူမပြတ်ပြတ်သားသားသာ ငြင်းပစ်လိုက်သည်။ထုံးစံအရပေါ့။ ထိုအစောင့်မှာမူ နည်းနည်းကြောင်အမ်း သွားပုံရသည်။
"တကယ် လုပ်နိုင်လို့လား"
"ရတယ်!နိုင်တယ်!"
သူမ အသံနှုန်းကို မြင့်တင်လိုက်သည်။ ထိုအစောင့်မှာလည်း ထပ်ပြီး ဘာမှမပြောဘဲ သူမဘေး ကနေ တိတ်တိတ်လေးသာ ထွက်သွားလေ၏။
တကယ်တော့ ဒီကုန်တွေ တကယ်လေးသည်။ အရည်အသွေးမြင့် cosmetics တွေမို့ ဖန်ဘူး ကြွေဘူးတွေနှင့်သာ ပြုလုပ်ထားသဖြင့် လည်းထုထည်က ကြီးမားနေခြင်း။ ဖာပေါင်း နှစ်ဆယ်လောက်ရှိကာ တွန်းလှည်းပေါ် အကုန်ရောက်ဖို့ နာရီဝက်လောက် အချိန်ကုန်လိုက် ရသည်။ သူမ အဖို့တော့ ယောက်ျား တစ်ယောက်ရဲ့ အကူအညီကို ယူဖို့ထက် နာရီဝက်အချိန် ကုန်တာက တန်သေးသည်။ မာနကိုမှ မနိုင်ပဲ။
ထိုအချိန် ထိုလေဆိပ်မှာပင်...
အာကာထက် တစ်ယောက် နာရီကို ကြည့်လိုက် ဂိတ်ပေါက်ကို ကြည့်လိုက်နှင့် အလုပ်ရှုပ်နေသည်။ သူ့ပုံစံ ကြည့်ရတာ စိတ်မရှည်သည့်အလား။ အဘယ်ကသာ စိတ်ချမ်းသာရမလဲ။ ဝေယံပိုင်ရဲ့ "နင်ငါ့ကို ယောက်ဖလို့ ခေါ်ချင်သေးရင် အခုချက်ချင်း လေဆိပ်မှာ လာကြို" ဆိုသော စကားကြောင့်သာ ဒီနေရာ ရောက်နေရခြင်း!!!။
အာကာထက် မှာ ဝေယံပိုင်၏ မက်လောင်းလေးဖြစ်သည်။
ဆိုတော့ကာ ဝေကြူသင်း၏ သတို့သားလောင်း လေးပေါ့။ (ေဝကြူသင်းက ဝေယံပိုင်ရဲ့ ညီမလေးဆိုတာကို အပေါ်မှာရှင်းပြီးပြီနော်😁)
ကြူသင်း နှင့် အာကာ တို့နှစ်ယောက်မှာ ဝေယံတို့၏ ဖခင် သက်ရှိထင်ရှား ရှိစဥ်တည်းက နှစ်ဖက်မိဘ သဘောတူ စေ့စပ်ထားပြီးဖြစ်သည်။ အာကာထက် တစ်ယောက် တာချီလိတ်မြို့ရှိ ဆေးရုံကြီးတစ်ရုံ၏ ဒါရိုက်တာ တစ်ဦးဖြစ်သော်လည်း သူ၏ သတို့သမီးလောင်းနှင့် နီးဖို့ ကျိုင်းတုံ မြို့ရှိ ဆေးရုံခွဲတွင်သာ
တာဝန်ထမ်းဆောင်နေခဲ့ရသည်။
တစ်နေ့တစ်နေ့ ကျိုင်းတုံ -တာချိီလိတ်ကားလမ်းကြီးကို ကူးဖြတ်နေရသည်မှာ အလုပ်တစ်ခုလိုပင်။
အာကာတစ်ယောက် ကြူသင်းကို စေ့စပ်ပြီး ခါစကတည်း လက်ထက် ချင်ခဲ့သော်လည်း သူမရဲ့ ဇီဇာကြောင်သော အစ်ကိုဖြစ်သူကြောင့် အရာမမြောက်ခဲ့ပေ။
Advertisement
ဝေယံမှာ သူ့ညီမလေးအသက်နှစ်ဆယ်မပြည့်သေးတာက တစ်ကြောင်း ၊ သူ့သူငယ်ချင်းက သူ့ထက်အရင် မိန်းမရသွားပြိီး သူ့ကို ရည်းစားတောင်မရှိတဲ့ အက်ဖ်အေ အိုကြီး ဆိုပြီးနှိမ်မှာ စိုးတာ ကတစ်ကြောင်း..
ဒီနှစ်ကြောင်းကြောင့် သူ(ဝေယံ)အိမ်ထောင် မပြုသေးမချင်း သူ့ညီမလေးကိုလည်း အိမ်ထောင်မပြုရ
ဒဏ်ခတ်လိုက်ခြင်းသာ။ သို့သော် နစ်နာသူမှာတော့ အာကာထက် ဖြစ်နေပေသည်။
"ယောက်ဖ"ဟူသော စကားသုံးပြီး သူ့ကိုအနိုင်ကျင့်
နေတာလဲ မပြောနဲ့ ။အခုလည်း အလုပ်ဆင်းဆင်းချင်း အဖြူရောင် ယူနီဖောင်းကို ဗီဒိုချိတ်ပြီး ကားေသာ့ဆွဲကာ ချက်ချင်းထွက်လာခဲ့ ရသည်မဟုတ်လား။
အာကာထက်မှာ အလောတကြီးနဲ့မို့ အပေါ်ထပ်ကုတ်ကို မေ့ခဲ့သည်။ သို့သော် အဖြူရောင်တီရှပ် ကိုနက်ခ်တိုင် စနစ်တကျစီးထားပြီး အမဲရောင် ရုံးဝတ်ဘောင်းဘီရှည် နှင့်မို့ airportက ဝန်ထမ်းမလေး တွေရဲ့ မျက်လုံးကို တလက်လက်ထသွားအောင်ပင် ခန့်နေသေး။ ထိုစဥ်..
"ဟေး..ငါဒီမှာ"
အသံလာရာဘက်ကို အာကာထက်လှမ်းကြည့်လိုက်သည်။
................
အပိုင်း(၈)ဆက်ရန်
ဒီည အငဲးရဲ့ ကောင်မလေးzhao lusi ရဲ့dramaသစ် စပြမှာမို့ တစ်ပိုင်းပဲနော်😘
wednesday, 22september,
2021💜
"ရှင် ဘာကိုဆိုလိုတာလဲ!!!
......
ထိုစဉ်တွင် ကောင်မလေး တစ်ယောက် ပစ္စည်းတွေကို မနိုင်မနင်း သယ်ဆောင်နေ၏။ ထိုကောင်မလေးမှာ
ထိုစဉ် အစောင့် တစ်ဦးက ..
"ကူညီပေးရမလား မဒမ်
"ရတယ်!နိုင်တယ်!
ဝေယံမှာ သူ့ညီမလေးအသက်နှစ်ဆယ်မပြည့်သေးတာက တစ်ကြောင်း ၊ သူ့သူငယ်ချင်းက သူ့ထက်အရင် မိနျးမရသှားပွီး သူ့ကို ရည်းစားတောင်မရှိတဲ့ အက်ဖ်အေ အိုကြီး ဆိုပြီးနှိမ်မှာ စိုးတာ ကတစ်ကြောင်း..
နေတာလဲ မပြောနဲ့ ။အခုလည်း အလုပ်ဆင်းဆင်းချင်း အဖြူရောင် ယူနီဖောင်းကို ဗီဒိုချိတ်ပြီး ကားသော့ဆှဲကာ ချက်ချင်းထွက်လာခဲ့ ရသည်မဟုတ်လား။
"ဟေး..ငါဒီမှာ
................
အပိုင်း(၈)ဆက်ရန်
2021
Advertisement
Childcare Diaries
When I opened my eyes, I became the nanny from a book I once read.
8 296The March of the Black Queen (book III)
How did thee fare?What has thee seen?The mother of my children, threeI call her name...Underneath her love, my heart did stayI love the footsteps that she madeHere comes the black queen,We've only begun.
8 174Lady Noir (Ladybug x Chat Noir) - Book One
Behind that cocky and arrogant mask that Chat Noir puts on, lies sweet and shy (not to mention cute) Adrien. And under the hard-to-get Parisian superhero that everyone calls "Ladybug", is a klutz of a teenager, Marinette. Marinette in her normal, non-superhero life, has a humongous crush on Adrien. Chat Noir in his not normal superhero life thinks that Ladybug is the cat's meow. Little do they know that they both like each other, superhero or not. But the more the fight crime together, and sit near each other in class, they both begin to grow suspicious of each other? Will their masks fall off? Will they find out each other's identity? (Fan fiction of Miraculous Tales of Ladybug and Chat Noir)Started: April 1, 2016. Completed: July 22, 2016
8 137The Mafia's Daughter
"I'm so sorry mom I got hel-"a voice calls before stopping when they look at me and I look back at him "You" we say at the same time earning an eye roll from me,I hate this kid already wtf is he even doing here? "I see you've already met" my dad says after clearing his throat "No never met her" the idiot says to quick "Fucking"*cough*"dickhead""Bella"my dad says through his gritted teeth making me smirk not as bothered "I think we should make our way to our table" mr black says pulling us away from our staring contest "Our?, I think you're mistaken I don't share tables with pricks"I scoff What happens when she has a lot to deal with but a certain mafia leader won't leave her alone...WARNING ⚠️ • Mature language • Mature content Started: 27th April 2020Finished:Goals‼️:• 500 ✔️• 1k ✔️ • 5k ✔️ • 10k ✔️ • 15k ✔️• 20k ✔️•
8 229Hierarchy
After going to jail for manslaughter, Regina WestWood wants a normal quiet life when she comes out. However, with a school stuck in elitist ways and her brother right in the middle, it's only expected that people have questions for her late arrival.
8 93[BL] What Should I Do If I'm Being Targeted by a Paranoid Attack [Quick Wear]
What Should I Do If I'm Being Targeted by a Paranoid Attack [Quick Wear]被偏執攻盯上了怎麼辦[快穿]Author杭白Status166 ChaptersDescription Mi Dao is a game screenwriter who is male and loves males. Every time he writes a game, he will bring private goods with him, set the character of his crush on important characters, and add all kinds of YY(sexual thoughts). These YY include but are not limited to: Blackening, Jealousy, Shura Field, "Beep-" and "Beep-". Until one day, Mi Dao accidentally wore it in, and accidentally increased the favorability of important characters. So, he pretended to be aggrieved and shouted "No" while he couldn't collapse, while listening to his crush saying to him in various ways: "Senior brother, I won't allow you to leave me again." "Everything about you belongs to me. ." "I can give you everything except freedom." Ahhh what a delightful God unfolds he can ahhhh! ! ! Afterwards, Mi Dao snorted with a lollipop by the bedside: "Don't ask, it's cool to act."---NOTE: FOR OFFLINE PURPOSES SO DON'T REPOST MTLED IF YOU DON'T UNDERSTAND THEN IT IS IN POOR QUALITY I DID THIS FOR PEOPLE LIKE ME WHO CAN'T AFFORD PROPERLY TRANSLATED AND LIMITED INTERNET CONNECTION SO PLEASE DON'T CRITICIZE THE QUALITY NOR THE WAY I MTLED IT THANK YOU
8 1098