《Untamed Flower( ပန်းရိုင်း)》အပိုင်း(၂)
Advertisement
"အက်ဆီးဒန့် ဖြစ်တာလား”
ရွှေခေတ် တယောက် ရုတ်တရက်လန့်ကာအော်လိုက်မိသည်။
အကြောက်အလန့် ကင်းမဲ့သူ ဆိုပေမဲ့လည်း ထိုအဖြစ်အပျက်မျိုး မတွေ့ကြုံဖူး၍ ကားရပ်ကာ ပါးစပ်အဟောင်း ဖြင့်မလှုပ်မရွ ငေးကြောင်နေမိသည်။ ထိုအဖြစ်မျိုးကြုံလျှင် ကျားကျားယားယား
လူကောင်ကြီးကြီး တွေတောင် လန့်သည်မဟုတ်လား...။
စက္ကန့်အတော် ကြာမှ သတိကပ်ကာ ဖုန်းကိုကပျာကယာ ထုတ်လိုက်သည်။ အရေးပေါ်ဌာန သို့ ဖုန်းခေါ်သော်လည်း လိုင်းကမမိ။
"ဟာ..အရေးထဲမှ ကွာ”
သို့ပေမယ့် သူမဟာ သူရဲဘောကြောင်သူမဟုတ်။
ရင်ထဲ ဘုရားတပြီး ကားပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာခဲ့သည်။
phone torch ဖွင့်ပြီး မိမိပတ်ဝန်းကျင်ကို တပတ်ချာလည်ထိုးကြည့်သည်။ အဘယ် ထူးခြားမှုမှ
မရှိသေချာလျှင် သေချာချင်း ထိုကားဆီသို့ သတိကပ်စွာ လျှောက်လာခဲ့၏။ ပတ်ဝန်းကျင်တစ်ခုလုံး
သူမကား ၏ စက်သံမှလွဲ၍ အပ်ကျသံကြားလောက်အောင်ပင် ပဂတိတိတ်ဆိတ်တည်ငြိမ်လျက် ရှိနေသော်လည်း သူမခြေသံများမှာ ထိုတိတ်ဆိတ်မှုကို
ဖြိုခွင်းနေသည်။
ကားမှာ လမ်းဘေး ချောက်ထဲ ကျဖို့ ပေအနည်းငယ်သာကျန်တော့သည်။ ထိုအပင်ကြီးသာ မရှိလျှင် မတွေးရဲစရာ။ သူမဘုရားကိုသာ အကြိမ်ကြိမ်တနေမိ၏။
ကားမှန်တွေ ပိတ်ချထားတာမို့ သူမမှန်တွေကို ခေါက်ကာ..
"အထဲမှာ လူရှိလား ရှင့်! !”
ပြန်ဖြေဆိုမှု ကင်းမဲ့လျက်။
သူမဇောချွေးတွေ ပြန်ကာနေပြီ။ သို့သော် ဇွဲကိုကားမလျှော့။တံခါးကို ဆွဲဖွင့်သော်လည်း ဖွင့်မရ။အထဲမှ လော့ခ် ချထားသည်ဖြစ်ရာ သူမကို အခက်တွေ့စေပြန်ပြီ။ ရုတ်တရက် သူမ တစ်ခုခုကို သတိရသွားသည်။ရပ်ထားသော သူမ၏ ခြေထောက်ကို ကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်။
ပြီးခဲ့သော မွေးနေ့က အချစ်ဆုံးသူငယ်ချင်း "အိမွန်”
ပေးထားတဲ့ ဒေါက်ချွန်ဖိနပ်က သူမ တန်ဖိုးအထားဆုံး ဖိနပ်လေး။ သို့သော် ဤကဲ့သို့သော သေရေးရှင်ရေးမှာတော့ ဦးစားပေးရမည် ကြိမ်းဝါးပြီး ဖိနပ်ကို ချွတ်လိုက်သည်။
ကတ္တရာလမ်းဆိုပေမဲ့ လမ်းဘေးမှာတော့ သဲကြမ်းသာ ခင်းထားသဖြင့် သူမ၏ ေခြဖဝါးနုနုလေးတွေကို ရက်စက်စွာ စူးနှောင့်စေတော့သည်။ သူမမျက်မှောင်ကြုတ်လိုက်ပြီး အက်ရှစွာ အော် မိတော့၏။
"အား...အမလေး”
ကားထဲက အခြေအနေကို မသိရလေသဖြင့်ကြောင့်
နာကျင်သည်ကို အာရုံလွှဲကာ ကားမှန်ကို ဒေါက်ချွန်ဖြင့် ပေါက်နေတော့သည်။
ကားမှန်မှာ ကျည်ကာမှန်ဟု မှတ်ထင်ရလောက်အောင် မာကျော၏။ သူမဖိနပ် နှစ်ဖက်စလုံး ဒေါက်ပွင့်ထွက် သွားသည်အထိ ပေါက်နေသော်လည်း ခြစ်ရာလေးမှလွဲလျှင် ပဂတိပုံမပျက်။
ထိုအချိန်တွင် မှန်ကိုကွဲချင်ဇောက ထိပ်တန်းသို့ရောက်နေပြီဖြစ်ပြီး အရင်ရက်တွေတုန်း ထောင်ဖောက်ကားတွေ ကြည့်ထားသည်ကို သတိရသွားသည်။ ထိုကားတွင် အမျိုးသမီးတစ်ဦး ကားမှန်အား ဆံပင်တစ်ချောင်း နှင့် ဖွင့်သည်ကို အတုယူလျက် သူမဆံပင်ကို ဖြည်ချကာ ဆံပင်တစ်ချောင်း နုတ်လိုက်သည်။
ရုပ်ရှင်ကားထဲက လုပ်ပုံလုပ်နည်းအတိုင်း လုပ်ပြီး ခနအကြာမှာတော့...
"ဒေါက်”
ဆိုသော အသံနှင့်အတူ မှန်တံခါးကို ဖြည်းဖြည်းချင်း
ဆွဲချလို့ရလေသည်။
"ငါ အကျိုးမရှိတဲ့ ကားတွေ ကြည့်နေတယ်ပြောတဲ့ အိမွန်မ နင်ငါ့အကြွားတွေ နားထောင်ဖို့ ပြင်ထားဟေ့”
ဘယ်လောက် အရေးထဲရောက်နေရောက်နေ ရွှေခေတ်တို့တော့ ကြွားလုံးထုတ်ဖို့ ဘယ်တော့မှ မပျက်ကွက်ခဲ့။
"ဟင်...ယောက်ျားကြီးလား!!!”
ပွင့်သွားတဲ့ မှန်တံခါးနှင့်အတူ အထဲမှ မြင်နေရသောမြင်ကွင်းကြောင့် သူမလန့်အော်မိသွားသည်။
မှန်ပေသည်၊သူမ ပြောသည့်အတိုင်း ကားမောင်းသူ နေရာတွင် သက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက် စတီယာကိုမျက်နှာအပ်ကာ မှောက်ကျနေသည်။
သူမခုနက ကယ်တင်ချင်စိတ်ကလွဲလျှင် ဘာမှမတွေးထားခဲ့။ သူမယောက်ျားတွေကို မုန်းသည် ဆိုသော်လည်း အခုလိုအချိန်မျိုးမှာ gender တွေခွဲခြားလို့မရ။ လူ့အသက်ကယ်ဖို့သာ အရေးကြီးသည်။
သူမတံခါးကို အလျင်အမြန်ဖွင့်လိုက်ပြီး ကားထဲကိုဝင်လိုက်သည်။ သူမဖွင့်လိုက်သောကားတံခါးမှာ မောင်းသူဘေး ကပ်လျက်ထိုင်ခုံမှတံခါးဖြစ်ရာ ထိုလူကို သယ်ထုတ်ဖို့ရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့်
သူမ ကိုယ်ကို ထိုလူထံကိုင်းပြီး ဟိုဖက်တံခါးလော့ခ်
ကို ဖွင့်ဖို့ ကြိုးစားလိုက်သည်။
သူမ လက်မှာထိုလူ၏ ကျောပြင်အား ရုတ်တရက် ထိကပ်မိလိုက်သည်။ ကျစ်ကျစ်တောက်ပူနေသော ခံစားမှုက
'မသေသေးဘူးဘဲ'လို့ စိတ်ထဲကနေ ရေရွတ်မိအောင်
နိုးဆော်ပေးလိုက်သည်။
သူမကားပေါ်ကနေ ဆင်းလာပြီး ဟိုဖက်ခြမ်းဆီကို အပြေးအလွှား ခြေလှမ်းတွေ နဲ့ ရောက်လျှင်ရောက်ချင်း ကားတံခါးကို အားကုန်ဆွဲဖွင့်လိုက်သည်။
ထိုလူမှာ သူမ ဆီကို ယိုင်ကျလာသဖြင့် သူမ အလျင်အမြန် ထိန်းထားလိုက်ရသည်။
သွေးများက ထိုလူ၏ နဖူးမှတစ်ဆင့် စီးကျနေသည်မှာ မကြည့်ရက်စရာ ။သူမ၏ အဖြူရောင် သိုးမွှေး ဝတ်ရုံ ပေါ် ယိုင်ကျသွားသဖြင့် ထိုသိုးမွှေး ဝတ်ရုံကို အရုပ်ဆိုး အကျည်းးတန်စေတော့သည်။
သူမမျက်မှောင် ကြုတ်လိုက်ပြီး သူမကားဆီ တွဲခေါ် သွားလိုက်သည်။ ကားရှေ့ခန်းမှာနေရာချပေးပြီး သူမ မောင်းသူနေရာဆီ ဝင်ထိုင်လိုက်သည်။
ဘေးဘက်ခြမ်းကို ကြည့်လိုက်တော့ ထိုလူမှာ ခါးပတ် မပတ်ထားသဖြင့် အောက်သို့ လျှောကျတော့မည်။သူမအလျင်အမြန် ထိန်းလိုက်နိုင်ကာ ခါးပတ်ပတ်ပေးဖို့ ကြိုးကို ဆွဲအယူ ထိူလူမျက်နှာမှာ သူမပါးပြင်ကို လာထိနေလေ၏။
သူမ အံကိုကြိတ်ထားရင်း ကြိုးကိုရအောင်ဆွဲယူကာ လော့ခ်ချ ပြီးတော့မှ ထိုလူကို ဝါးစားပစ်တော့မည့်အကြည့် နှင့် ကြည့်လိုက်သည်။
Advertisement
"ရှင့် ကိုလမ်းဘေးစောင့် သရဲမဖြစ်စေချင်လို့သာ ကူညီနေတာနော် ဟိုထိဒီပါး လာမလုပ်နဲ့ ၊ရှင် သတိမေ့နေလို့ ကံကောင်းတယ်လို့သာမှတ် မဟုတ်ရင် ကျွန်မရဲ့ လက်သီးစာဖြစ်သွားမယ်ဟွန့်! ”
သူမပြောပြောဆိုဆိုနှင့် ထိုလူကို သေချာစွာစိုက်ကြည့် လိုက်သည်။ ဂျင်းဘောင်းဘီ နှင့်ရှပ်ဖြူတစ်ထည်သာ ဝတ်ထားပေမဲ့ နက်မှောင်လှသော ဆံပင်နှင့် မျက်ခုံး ထူထူတွေကြောင့် ပုံမှန်ယောကျ်ား တစ်ဦးထက် ခန့်နေသည်မှာ အမှန်ပင်။ ရွှေခေတ် တစ်ယောက် ယောကျ်ားတွေကို မုန်း၍ သေချာ မကြည့်ခဲ့ေသာကြောင့်လား မသိ ။
သူမအတွေးတွေကို ဖျောက်ပစ်လိုက်ပြီး
ကားစက်နိုးကာ တာချီလိတ်မြို့ ဆေးရုံကြီးဆီသို့ ဦးတည်ကာ လှည့်ပြန်သွားလိုက်သည်။
ကောက်ကွေ့ သော ကားလမ်းကလေးနှင့် ကြယ်ပေါင်းစုံ ထွန်းလင်းနေသော ကောင်းကင်မှ လွဲ၍
မည်သူမျှ အရိုင်းပန်း ကလေးရဲ့ ချစ်ခြင်း မှာ ထိုအချိန် ထိုနေရာမှ စတင်ခဲ့သည်ကို မသိပေ။
..................
အပိုင်း၃ ဆက်ရန်
sunday, 19sep, 2021
"အက်ဆီးဒန့် ဖြစ်တာလား
"ဟာ..အရေးထဲမှ ကွာ
ဖြိုခွင်းနေသည်။
"အထဲမှာ လူရှိလား ရှင့်! !
"အား...အမလေး
"ဒေါက်
ဆွဲချလို့ရလေသည်။
"ဟင်...ယောက်ျားကြီးလား!!!
နိုးဆော်ပေးလိုက်သည်။
..................
အပိုင်း၃ ဆက်ရန်
sunday, 19sep, 2021
Advertisement
- In Serial294 Chapters
Vintage Red [GL]
Aurora was just your average totally-not-super-dense-closet-lesbian high school girl who loved to hang out with her friends. Especially with her childhood friend, and cuddle-buddy extraordinaire, Corelia. However, one night after a long study session her life changed forever. Disclaimer: This story is partly based on a manga that got axxed so the premise is very similar at times but it is for 99% it's own story.Release window: I try to release a chapter every week on Monday around 14:00 CET. (That being said, untill I've caught up publishing this story so it's at the same chapter as on SH, I'll be relatively frequently releasing new chapters on here.)
8 305 - End217 Chapters
Waiting For You Online
At the age of 15, He Jin found himself a “husband” in an online game, their love was filled with loving affection and sweetness. However, because his study was being interfered with, his parent cut off the internet, he didn’t even have a chance to say goodbye and had to disappear from the game. 8 years later, the online game in the past was about to come out with a revised edition and turned into a virtual reality game. He Jin decided to login again and unexpectedly discovered that his “husband” had become a powerful player and ranked number one in the whole server, moreover, he had not divorced him! However, the husband that was abandoned by He Jin for eight years, his initial impression of him was that of a pure boy, but now he seemed to somehow have become…….a little evil?
8 598 - In Serial36 Chapters
When Worlds Collide
Ivan Irlbeck was a boy whose brain has never, and will never, function properly for him. All he wanted was to live the life of a typical teenager, but being gay and having to live with a severe mental illness wasn't making that wish come easy. He lived a life of solitude, and he was beginning to make peace with that.When a new family comes along and moves in down the street, Ivan's life is turned upside down by their older son Ethan, who quickly became enthralled with the mysteriousness that was Ivan Irlbeck.
8 205 - In Serial30 Chapters
Scarred ✔
"Dammit woman, talk to me," Zach pulls at his hair in frustration; his eyes never leave my face. There is a hint of sadness in his voice but other than that, he sounds cynically mad.I shake my head no, with my gaze still on the floor. Suddenly, he tips my chin with his index finger to make my eyes meet his."Is it true?" he grits out, "That you can't speak?"I try to blink the unshed tears away and focus on my breathing.Yes.. . .He has been searching for her. He wants his revenge.Fate makes it easier for him. Out of the blue, the woman who broke him falls right at his lap. The only problem is- she already is broken beyond repair.Does he have the heart to break an already broken girl he once loved?Feelings start resurfacing and, secrets become unveiled.Will Zach ever find out the real victim in all of this? Or will it be too late?. . .A billionaire romanceNot a single boring chapter, I swear ;)Ranking-#2 in love (23.10.2022)#10 in romance (24.10.2022)
8 282 - In Serial43 Chapters
Out-Flirt Me - Anakin x Reader
"So, you think you can out-flirt me now, don't you?" He asked as his breath tickled your ear."Think? I'm doing it right now Anakin." You responded emphasizing his name and giving him the most innocent eyes you could manage.You were hoping to get him flustered because you were NOT going to let him win, were you?#1 in clonetroopers #1 in lightsaber~I don't own any of the star wars characters except for the y/n and a few others that you've never heard of in the movies/books. Also I am promising a happy ending right now.
8 92 - In Serial82 Chapters
Bleeding Love
This is a story of two broken souls who were brought together by one's lust and other's fear. SophiaShe was young, innocent, loving and pretty with big eyes that were the mirror of her soul. She was sinfully beautiful but broken. She was alone. She was trapped in the world of monsters.Then he came along. They say he is the worst of all. He is the ruthless monster you pray never to cross paths with. Will she be able to escape him or will he became her universe?DamonHe was ruthless, he was aggressive, he was merciless. Everyone feared him and he is proud to be the king. He rules his world but he was broken. Then she came along. She was like a Crystal Doll. His Doll. Will he have her the way he wants and get over with his lust or will she became his life?"Let me go, please", he buried himself again in my neck and his hold became more tighter around my arms "shhhh.....breathe amore" I cringed at his nick name for me and he continued "you are mine and I am never letting you go, I will give you everything mio amore except your freedom from me".Top Rankings#1 Mafiaromance#1 Bleedinglove#1 Darklove#5 Mafiaromance#1 Mafia#1 Completed#1 darkromance
8 203