《My Jewel [ Complete ]》Part 19
Advertisement
"တောက်!!"
အခုဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ fan တွေနဲ့ weibo post တစ်ခုက comments ထဲမှာရန်ဖြစ်နေတာပဲ။
"ဘာလုပ်တာလဲ ကျန့်"
"ပေါက်ကရတွေပါ"
"ချစ်လိုက်တာ ကျန့်ရာ"
"မရဘူး ကျန့်!!"
"ရိပေါ်"
ခပ်တိုးတိုးထွက်လာတဲ့ ရှောင်းကျန့်၏အသံက အသနားခံနေသလို...
"ကိုယ်လက်မခံနိုင်ဘူး"
"သွား"
"ရိပေါ်"
"စိတ်ချ တစ်ခါတည်းနဲ့ပြီးအောင်ရိုက်မယ်"
"ရိပေါ်ကရော"
"ဒီမှာပဲစောင့်နေမယ်။ မကြည့်ချင်ဘူး"
"ဒုန်းးးး"
Advertisement
"လာပြီကော အခုလာပြီ"
"အင်း"
___________________________
(28 Nov 2021)
ရိုက်ကူးရေးသို့သွားနေသည့်အချိန်ကားထဲရှိ အပူချိန်မှာသိသိသာသာကျဆင်းနေရသည့် အကြောင်းအရင်းမှာ ဖုန်းကိုကြည့်လို့ မျက်ခုံးတန်းများတွန့်တွေးနေသည့် ဝမ်ရိပေါ်ကြောင့်သာဖြစ်သည်။
"တောက်!!"
"ရိပေါ် ဘာဖြစ်လို့လဲဟင်?"
တဖြည်းဖြည်းဒေါသပါထွက်လာပုံရသည့် ဝမ်ရိပေါ်ကြောင့် မနေနိုင်တော့သည့်ရှောင်းကျန့်မှာ မေးလိုက်ရင်း လက်ထဲမှာကိုင်ထားသည့်ဖုန်းကို လှမ်းကြည့်လိုက်သည်အခါ ရယ်ချင်မိသွားသဖြင့် မနည်းပြန်ထိန်းနေရသည်။
အခုဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ fan တွေနဲ့ weibo post တစ္ခုက comments ထဲမှာရန်ဖြစ်နေတာပဲ။
fan တွေကသူ့ကိုသဘောကျကြောင်း ရေးထားတဲ့ comment တွေကို ဝမ်ရိပေါ်ကအောက်မှာ သွားပြောထားတာက
'Sean Xiao မှာပိုင်ရှင်ရှိတယ်' တဲ့
အဲဒီလိုရေးထားတာတွေကို fan တွေဆီက reply ပြန်လာတာတွေက ရိပေါ်ကိုဒေါသထွက်စေတာ...
'ဟုတ်တယ်။ မသိရင်မှတ်ထား အဲဒီပိုင်ရှင်က ငါပဲလေ'
'အိုး..သူသိသွားပြီပေါ့။ ငါက Sean ရဲ့ပိုင်ရှင်ဆိုတာကို'
'Sean ကိုမပြောပါနဲ့ဦးလို့ ဒီလောက်သေချာမှာထားတာကို အခုတော့လူတွေသိကုန်ပြီမို့ အိမ်ရောက်ရင်အာဘွားပေးပြီး အပြစ်ပေးရမယ်' အစရှိတဲ့ ပေါက်ကရ comments ပေါင်းစုံကြောင့် ဝမ်ရိပေါ်၏မျက်နှာမှာ နီရဲသထက်ရဲလာသဖြင့် ရှောင်းကျန့်မှာလက်ထဲမှဖုန်းကို လှမ်း၍ယူလိုက်ရသည်။
"ဘာလုပ္တာလဲ ကျန့်"
"ရိပေါ်ရယ် သူတို့လျှောက်ရေးနေတာတွေကို လိုက်ဖတ်မနေပါနဲ့"
"သူတို့ကဘာတွေရေးထားလဲဆိုတာ ကျန့်သိလို့လား?"
"ပေါက်ကရတွေပါ"
"သူတို့က ကျန့်ကိုသူတို့အပိုင်လိုရေးထားကြတာ"
အပေါ်သွားနှင့်အောက်သွားကို တင်းတင်းစေ့ပိတ်လို့ပြောနေသည့် ဝမ်ရိပေါ်၏လေသံက တကယ့်ကိုခံပြင်းနေမှန်း သိသာနေသည်။
ဝမ်ရိပေါ်တကယ်ကို အဆင်ပြေမနေဘူး။ သူက တန်ဖိုးကြီးလွန်းတဲ့ သူ့ရတနာလေးကို တယုတယနဲ့လူမမြင်အောင် အိမ်ထဲမှာပဲသိမ်းဆည်းထားချင်ပေမယ့် အခုတော့သူ့အဖေရဲ့လုပ်ရပ်ကြောင့် သူ့ရတနာလေးက ပြတိုက်ထဲမှာပြထားတဲ့ ရတနာတစ်ပါးလိုဖြစ်နေခဲ့ပြီ။ လူတိုင်းမြင်တွေ့ခွင့်ရပြီး လိုချင်တပ်မက်နေကြတဲ့အဖြစ်က သူ့အဖို့ရင်နာစရာကောင်းလွန်းနေတယ်။
ဒါပေမယ့် သူလက်မောင်းကိုမှီပြီး ပြောလာတဲ့ ရှောင်းကျန့်အသံကိုကြားလိုက်ရချိန်မှာတော့ ဝမ်ရိပေါ်ရဲ့ဒေါသတွေက ဘယ်ရောက်သွားမှန်းမသိဘဲ ချက်ချင်းဆိုသလို အပြုံးရိပ်တွေမျက်နှာပေါ်မှာထပ်ဟပ်လာပြန်တယ်။
"သူတို့ဘယ်လောက်ပဲရေးရေး ငါ့ကိုရိပေါ်တစ်ယောက်တည်းပဲ ပိုင်တာပဲလေ။ နောက်ပြီး ငါကလည်းဟောဒီက ဝမ်ရိပေါ်ဆိုတဲ့လူရဲ့အပိုင်ကလွဲရင် ဘယ်သူ့အပိုင်မှမဖြစ်ချင်ပါဘူး"
"ခ်စ္လိုက္တာ ကျန့်ရာ"
"အင်း ငါလည်းချစ်တယ်။ ရိုက်ကူးရေးက ဒီနေ့နောက်ဆုံးနေ့မို့ မနက်ဖြန်အိမ်ပြန်ရောက်တာနဲ့ ရိပေါ်စားချင်တာချက်ကျွေးမယ်။ ဘာစားချင်လဲစဉ်းစားထား"
"ကျန့်ချက်တာဆိုရင် ဘာမဆိုကြိုက်တယ်"
မျက်စိအရှေ့မှာကလူနေတဲ့ နှစ်ယောက်မမြင်ရအောင် ကျီဟောက်မျက်နှာကို ကားမှန်ပြတင်းပေါက်ဘက်လှည့်ပြီးမှ မဲ့ရွဲ့လိုက်တယ်။
အလကား ပဒီးပဒါးအတွဲတွေ..အပိုတွေသိပ်လုပ်လွန်းတယ်။ အရှေ့မှာလူတစ်ယောက်လုံးထိုင်နေတာ ကန်းနေကြသလား? အလုပ်ပြန်ဝင်ကတည်းက မမြင်ချင်မှအဆုံး သူတို့နှစ်ယောက်သားချစ်နေတာကို ထိုင်ကြည့်နေရတာလည်း ဝဋ်ကြွေးတစ်ခုပဲ။ ရိုက်ကွင်းမှာဆိုရင်လည်း အစားသိပ်မစားတဲ့ရှောင်းကျန့်ကို ဝမ်ရိပေါ်ကထမင်းကိုယ်တိုင်ခွွံ့ကျွေးလို့ကျွေးနဲ့ ခုလည်းရိုက်ကူးရေးသွားနေတဲ့ ကားကြီးပေါ်မှာမျက်နှာချင်းဆိုင်ထိုင်နေရတာမို့ မကြည့်ချင်လည်း သူ့မှာမြင်နေရတယ်။
ကားပေါ်တွင်ချစ်ကြည်နူးနေနိုင်ခဲ့သော်လည်း ရိုက်ကူးရေးသို့ရောက်သည်နှင့် ရှောင်းကျန့်တစ်ယောက် ငယ်ထိပ်မြွေပေါက်ခံရတော့သည်။
နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလို ဒီနေ့မှာသူက မင်းသမီးနဲ့အနမ်းခန်းကိုရိုက်ရမယ်လို့ ဒါရိုက်တာကပြောလာတာမို့ ရိပေါ်ကိုဘယ်လိုပြောရမလဲမသိဘဲ သောကရောက်နေရတယ်။ နောက်ဆုံးဒါရိုက်တာနဲ့ မနည်းဆွေးနွေးပြီးတဲ့အခါမှာတော့ တကယ်မနမ်းဘဲ ဟန်ဆောင်ပြီးရိုက်ဖို့ပဲ သဘောတူခဲ့လိုက်ပေမယ့် အဲဒီလိုဆိုရင်တောင် ရိပေါ်ကိုနားဝင်အောင် တော်တော်ပြောယူရမယ်ဆိုတာ သူသိနေတယ်။
ကြိုမပြောလို့တော့မရဘူး။ တော်ကြာ ရိုက်နေတုန်းမြင်သွားမှ ဟိုတစ်ခါကလို ပစ္စည်းတွေရိုက်ခွဲနေရင် ရိုက်ကူးရေးရက်တွေထပ်ကြာနေရမယ်လေ။ တကယ်ပါ အခုအချိန်မှာရှောင်းကျန့်က သူဘာကြောင့်များသရုပ်ဆောင်လုပ်ခဲ့မိလဲလို့ပြန်တွေးနေမိတယ်။
"မရဘူး ကျန့်!!"
"ရိပေါ်"
ခပ္တိုးတိုးထြက္လာတဲ့ ရှောင်းကျန့်၏အသံက အသနားခံနေသလို...
outdoor ရိုက်ကူးရေးဖြစ်တာကြောင့် သောင်းကျန်းတော့မယ်မှန်းသိနေတဲ့ ရိပေါ်ကို လူရှင်းတဲ့ ကားပါကင်ဘက်ကို ခေါ်လာပြီးပြောပြနေတာ။
"ကိုယ်လက်မခံနိုင်ဘူး"
"တကယ်မနမ်းပါဘူး ရိပေါ်ရယ် ဒီအတိုင်းကင်မရာရှုထောင့်ကကြည့်ရင် နမ်းနေတဲ့ပုံပေါက်အောင် သရုပ်ဆောင်ယုံပါ"
"ဒါပေမယ့် အဲဒီအခန်းရိုက်ရင် ကျန့်နဲ့အဲဒီမိန်းမရဲ့မျက်နှာက အရမ်းကိုနီးကပ်နေရမှာလေ။ တစ်ယောက်အသက်ရှုထုတ်လိုက်တဲ့လေကို နောက်တစ်ယောက်ကခံစားမိလောက်မယ့်အထိ နီးကပ်နေကြမှာကို ကိုယ်ကဘယ်လိုစိတ်နဲ့ကြည့်နေနိုင်မှာလဲ? ကျန့်ကိုယ့်နေရာက စဉ်းစားကြည့်ပေးပါဦး"
စိတ်လှုပ်ရှားလွန်းနေသည့် ရိပေါ်ကိုဘယ်လိုပြောယူရမလဲ မသိတော့တဲ့ ရှောင်းကျန့်မှာမျက်နှာကိုခပ်ကြမ်းကြမ်းပွတ်သပ်လို့ အနားမှာရှိတဲ့ အုတ်ခုံလေးတစ်ခုမှာထိုင်ချလိုက်တယ်။
သူရိပေါ်ကိုဖိအားထပ်မပေးချင်ဘူး။ ရိပေါ်ကတအားဒေါသကြီးတာတို့ စိတ်လှုပ်ရှားတာတို့ ခဏခဏဖြစ်ပါများလာရင် မကောင်းဘူးလို့ ဆရာဝန်ကပြောခဲ့တယ်။ အခုအချိန်အထိ သူ့ကြောင့်ပဲရိပေါ်ကအဲဒီလိုဖြစ်ခဲ့တာမို့ ရှောင်းကျန့်ကသူ့ကိုယ်သူအပြစ်ရှိသလိုခံစားနေရတယ်။
ဘာအသံမှမကြားရတော့တဲ့ ရိပေါ်ကိုသူလှမ်းကြည့်လိုက်မိတော့ အသက်ကိုပြင်းပြင်းရှုနေသည်မှာ စိတ်တည်ငြိမ်အောင်လုပ်နေပုံရသည်။ ခဏအကြာမှာရိပေါ်ဆီက အသံကိုပြန်ကြားလာရတယ်။
"သြား"
"ရိပေါ်"
"ယောင်လို့တောင်အသားချင်း မထိမိစေနဲ့နော်။ နောက်ပြီး ခဏခဏပြန်မရိုက်ရစေနဲ့ တစ်ခါတည်းနဲ့ပြီးအောင်ရိုက်"
"စိတ္ခ် တစ်ခါတည်းနဲ့ပြီးအောင်ရိုက်မယ်"
"သွားတော့ နောက်ကျနေမယ်"
"ရိပေါ်ကရော"
"ဒီမှာပဲစောင့်နေမယ်။ မကြည့်ချင်ဘူး"
"ကျေးဇူးတင်ပါတယ် ရိပေါ် အမြန်ရိုက်ပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မယ်"
ကျေးဇူးတင်ကြောင်းပြောပြီး ထွက်သွားတဲ့နောက်ကျောပြင်လေး မျက်စိရှေ့ကပျောက်သွားတာနဲ့ ဘေးမှာရပ်ထားတဲ့ကားကို ဝမ်ရိပေါ်ခြေထောက်နဲ့ခပ်ပြင်းပြင်းဆောင့်ကန်လိုက်တယ်"
"ဒုန်းးးး"
သူ့ကြောင့် ရှောင်းကျန့်စိတ်ညစ်ရမှာစိုးလို့သာ ခွင့်ပြုလိုက်ရတာ။ အခုအချိန်မှာဝမ်ရိပေါ်ရဲ့စိတ်က အဲဒီဒါရိုက်တာဆိုတဲ့သူရော မင်းသမီးဆိုတဲ့မိန်းမကိုရော ရိုက်သတ်ချင်တဲ့အထိကို ပူလောင်နေရတာ။ သူ့ယုန်လုံးလေးအသားကို သူများလာထိရင်တောင်မကြိုက်တာကို သူ့ရှေ့မှာအဲဒီလိုတွေလုပ်ကြမှာကို ဘယ်လိုစိတ်နဲ့ကြည့်နေနိုင်ပါ့မလဲ။
ရှောင်းကျန့်ရိုက်ကူးရေးလုပ်နေသည့်တစ်ချိန်လုံး ဝမ်ရိပေါ်တစ်ယောက် ကားပေါ်တွင် မျောက်မီးခဲဖင်ခုထိုင်မိသလိုဖြစ်နေတော့သည်။
တစ်ဖက်တွင်တော့ရှောင်းကျန့်မှာလည်း ဒါရိုက်တာနှင့် မင်းသမီးဖြစ်သူတို့အား အလေးအနက်အကူအညီတောင်းကာ နမ်းရမည့်ဇာတ်ဝင်ခန်းကို တစ်ကြိမ်တည်းဖြင့်ပြီးအောင်ရိုက်ကူးနိုင်ခဲ့သည်။
အဆင်ပြေပြေရိုက်ကူးပြီးသည်နှင့် ဝမ်ရိပေါ်ရှိရာကားပါကင်သို့ရှောင်းကျန့်တစ်ယောက် အမြန်ပြန်၍သွားတော့သည်။
"ရိပေါ် ငါတစ်ခါတည်းနဲ့ပြီးလာ..အင့်!..ဒုန်းး"
ကားတံခါးဆွဲဖွင့်ပြီး စကားပြောကာ အပေါ်တက်ရန်ပြင်နေတုန်း ဝမ်ရိပေါ်၏ဆောင့်ဆွဲခေါ်ခြင်းကိုခံလိုက်ရပြီး တံခါးပိတ်ပြီးသည်နှင့် သူ၏အပေါ်သို့ကျရောက်လာသည့် အနမ်းကြမ်းများကို ရှောင်းကျန့်လက်ခံရရှိလိုက်သည်။
သူ့နှစ်ခမ်းနှစ်လွှာလုံးကိုခပ်ကြမ်းကြမ်းဆွဲစုပ်ပြီးမှ အပေါ်တစ်လှည့်အောက်တစ်ခါပြန်နမ်းနေတဲ့ ဝမ်ရိပေါ်ရဲ့အနမ်းတွေကို ရှောင်းကျန့်လည်းပြန်ပြီးတုန့်ပြန်ပေးလိုက်တယ်။ ပိုမိုအရှိန်ရလာတဲ့နဲ့အမျှ တစ်ယောက်ခံတွင်းထဲတစ်ယောက် အပြန်အလှန်ကျူးကျော်ဝင်ရောက်လို့ လျှာဖျားနှစ်ခုရစ်ပတ်ဖွဲ့နှောင်နေရင်း နက်ရှိုင်းတဲ့အနမ်းတွေကို ပုံဖော်နေမိတယ်။
"ရှောင်းကျန့် နောက်..ဆောရီး"
နှစ်ယောက်သားနမ်းနေတုန်း ကားတံခါးဆွဲဖွင့်လိုက်မိသည့် ကျီဟောက်မှာ ချက်ချင်းပင်တံခါးပြန်ပိတ်လိုက်ရပြီး အပြင်ကနေပဲလှမ်းပြောရတော့သည်။
"ခဏနေရင် နောက်တစ်ခန်းရိုက်တော့မယ်တဲ့"
"လာပြီကော အခုလာပြီ"
လာခေါ်နေပြီဖြစ်သောကြောင့် အနမ်းများကိုရပ်တန့်လိုက်ရပြီး ရှောင်းကျန့်မှာ မန်နေဂျာအားပြန်ဖြေပြီးနောက် ဝမ်ရိပေါ်အားကြည့်ကာမေးလိုက်သည်။
"စိတ်ဆိုးပြေပြီလား ရိပေါ်"
"ကိုယ်စိတ်မဆိုးပါဘူး။ ဒီတိုင်းစိတ်မကောင်းဖြစ်ယုံ"
"စိတ်မကောင်းမဖြစ်နဲ့နော် ငါကရိပေါ်ကိုပဲချစ်တာ။ နောက်ထပ်ဒါမျိုးတွေလည်း ထပ်မဖြစ်စေရဘူးလို့ ကတိပေးတယ်"
"အင်း"
ရိုက်ကွင်းနေရာသို့ပြန်သွားသည့်အခါ ရှောင်းကျန့်တစ်ယောက် မန်နေဂျာဖြစ်သူ၏ တစ်ဗျစ်တောက်တောက်ပြောဆိုမှုများကို ခံနေရတော့သည်။
"မြန်မြန်လာ မင်းမိတ်ကပ်တွေလည်းပျက်ကုန်ပြီ။ ပြန်လိမ်းရတော့မယ်"
"နောက်ဆို တံခါးလော့လေးဘာလေးချကြပါဦး ရှောင်းကျန့်ရယ်"
ကားပေါ်တွင်ကျန်ခဲ့သည့် ဝမ်ရိပေါ်မှာတော့ နောက်တစ်ခါရိုက်ကူးရေးနားချိန်ကျမှ ပြတ်တောက်သွားရသည့် အနမ်းခန်းကိုပြန်ဆက်ရန်တွေးနေခဲ့လေသည်။
___________________________
(28 Nov 2021)
Advertisement
- In Serial223 Chapters
40 Thousand Reasons
The Immaterium poisons everything; the living and the machine. The Tau, the Necrons, and the Eldar chip away at humanity.In the dark future of 40th Millennium there is only war.And if you somehow still survive, the Tyranids will eat everyone anyway.
8 1064 - In Serial14 Chapters
Greenstern (A YA Novelette)
Laura Kemp is an ambitious seventeen year old attending Greenstern, a school for young witches. Laura is just trying to keep up with her studies when she unexpectedly overhears a mysterious conversation late at night in the library. Someone is plotting something, the whole school could be in danger. Along with her best friend Violet, they set out to save the school from dark and evil magic. Little do they realise the danger they are putting themselves in goes far beyond what they could have ever expected.
8 70 - In Serial64 Chapters
Inumaki Toge x Reader
youre an ordinary girl who recently joined jujutsu tech to become a jujutsu sorcerer, in hopes of making the world a better place. - the story starts around episode 6, where itadori yuuji 'died'- it will also follow the original story line of the show jujutsu kaisen> main aspects: fluff, angsti hope you will enjoy reading this :)[started on march 10th 2021] [completed on april 9th 2021]
8 132 - In Serial61 Chapters
A Sunflower In The Dark || Poetry Collection ||
"Don't let the fear of what could happen, make nothing happen" Poems on love with a mixture of ecstasy and sorrow .Some will be dumb , some won't . Welcome to my land of imagination .Now you have been conspired by the wattpad universe to end up here . So I won't tell you to get distracted from your destiny and see my first and my personal best book " Missing " . If you are happy with these , read them , if not , I don't know . Highest rankings - #1 - englishpoems #1 - youngpoet #1 - lifepoetryA shout out to all my loyal readers ( actually four beautiful humans ) I purple you guys !!!!!Cover : CanvaDesigning & Editing : @Am_myselfWith hopes Sree ( Queen of the heartbroken )
8 140 - In Serial163 Chapters
The tokoyamiverse
short stories of our favourite bird-headed boy created by the requests commented by youmore information in the intro about the rules
8 182 - In Serial12 Chapters
Against All Odds | Han Solo [1]
"You're unpredictable sometimes.""I'm pretty sure me being pissed at you isn't unpredictable."Emilia Burns worked for the rebellion and is close friends with Princess Leia. Her new mission is to get herself to Alderaan as well as Obi-Wan Kenobi, who she needs to locate.
8 161