《My Jewel [ Complete ]》Part 16
Advertisement
ကုတင္ေပၚမွာလွဲေလ်ာင္းေနတဲ့သူရဲ႕ မ်က္ခံုးေတြက မဆိုသေလာက္ေလး တြန္႔က်ိဳးသြားတာကိုျမင္လိုက္ရတာနဲ႔ ေဘးမွာထိုင္ေနတဲ့ ေ႐ွာင္းက်န္႔ကလႈပ္လႈပ္ရြရြျဖစ္လာတယ္။
"ရိေပၚ..သတိရလာၿပီလား ရိေပၚ!"
သူေခၚေနေပမယ့္ မ်က္စိေတြဖြင့္မလာေသးတဲ့ ရိေပၚကအဆင္မေျပပံုရတာမို႔ ေ႐ွာင္းက်န္႔မွာအခန္းအျပင္ေျပးထြက္လို႔ ဆရာဝန္ကိုသြားေခၚလိုက္သည္။
"လူနာသတိရလာၿပီ ဆရာဝန္! ဆရာဝန္ေခၚေပးပါဦး ျမန္ျမန္ေခၚေပးၾကပါ"
စိတ္လႈပ္႐ွားစြာေျပာေနတဲ့ မင္းသားေခ်ာေလးေၾကာင့္ သူနာျပဳေလးေတြမွာလည္းအလုပ္ေတြ ႐ႈပ္ကုန္ေတာ့တယ္။
ဝမ္ရိေပၚတစ္ေယာက္သတိရလာခ်ိန္ ေခါင္းေတြထိုးကိုက္ေနၿပီး မ်က္လံုးေတြကိုဖြင့္ၾကည့္လိုက္ေတာ့ ဘယ္သူမွမ႐ွိတဲ့ ေဆးရံုခန္းထဲေရာက္ေနတာကိုေတြ႔လိုက္ရတယ္။
ဘာေတြျဖစ္သြားလဲဆိုတာ ျပန္ေတြးလိုက္ေတာ့ ေ႐ွာင္းက်န္႔ရဲ႕႐ုိက္ကူးေရးဆီ သူလိုက္သြားခဲ့တာကို သတိရလိုက္တာနဲ႔ လွဲေနရာကေန ဆတ္ခနဲထလိုက္မိတယ္။
သူကအခုဒီမွာေအးေဆးလွဲေနရမယ့္ အေျခအေနမဟုတ္ဘူး။ ႐ိုက္ကြင္းကုိျပန္သြားၿပီး သူ႔ယုန္လံုးေလးကိုျပန္သြားေခၚရဦးမွာကို..
လက္ႏွစ္ဖက္စလံုးတြင္ သြယ္တန္းထားသည့္ ေဆးထိုးအပ္မ်ားကိုေစာင္႔ကာဆြဲျဖဳတ္လို႔ ဝမ္ရိေပၚတစ္ေယာက္အခန္းထဲမွ ထြက္သြားဖို႔ျပင္လိုက္သည္။
"လူနာ ဘာလို႔ထလာတာလဲ? ဘယ္သြားမလို႔လဲ?"
"ဖယ္စမ္း!!"
"အျပင္သြားလို႔မရေသးပါဘူး။ ခဏေစာင့္ လူနာ႐ွင္ကအခုပဲလာ...!"
"ခြမ္း!!! ဖယ္လို႔ေျပာေနတယ္မလား!! ခလြမ္း!!"
အျပင္ထြက္ရန္ျပင္ေနသည့္ ဝမ္ရိေပၚအား ေဆးရံုခန္းထဲသို႔ဝင္လာသည့္ သူနာျပဳဆရာမေလးမွ လွမ္းတားလိုက္သည့္အခါ လက္မခံဘဲ ေဆးပုလင္းမ်ားခ်ိတ္ထားသည့္တိုင္ကုိဆြဲယူလို႔ ျမင္ျမင္သမ်ွ႐ုိက္ခြဲဖ်က္ဆီးျပစ္ေတာ့ေလသည္။
"ငါ့ကိုတားဖို႔မႀကိဳးစားနဲ႔!!! သူ႔ဆီသြားလို႔မရေအာင္ ငါ့ကိုတားေနတဲ့ ဘယ္သူ႔ကိုမဆို အကုန္လံုးကိုခြင့္မလႊတ္ဘူး!!"
"လူနာစိတ္ထိန္းပါ႐ွင္!! ေတာင္းပန္ပါတယ္"
ခ်က္ခ်င္းမလာေသးတဲ့ဆရာဝန္ကို စိတ္မ႐ွည္တဲ့ေ႐ွာင္းက်န္႔မွာ ကိုယ္တိုင္သြားေခၚၿပီးျပန္အလာ အခန္းတံခါးဝမွာၾကားလိုက္ရတဲ့အသံေတြေၾကာင့္ အျမန္ဝင္ၾကည့္လိုက္ေတာ့ ႐ိုက္ကြင္းမွာတုန္းကလိုပဲ ေသာင္းက်န္းေနတဲ့ ဝမ္ရိေပၚကိုေတြ႔လိုက္ရျပန္တယ္။
"ရိေပၚ!!"
ေဆးပုလင္းခ်ိတ္တဲ့စတီးလ္တိုင္ကိုကိုင္လို႔ ေဒါသတႀကီး ပစၥည္းေတြကို႐ိုက္ခြဲေနတဲ့ ရိေပၚကသူ႔အသံၾကားေတာ့ ခ်က္ခ်င္းၿငိမ္သြားၿပီး မယံုၾကည္သလိုၾကည့္ေနရင္းက သတိဝင္လာေတာ့ အေျပးလာဖက္တယ္။
"က်န္႔...က်န္႔ ကိုယ့္ဆီလိုက္လာတယ္ ဟုတ္လား?"
တင္းတင္းက်ပ္က်ပ္ဖက္ထားရင္း သူ႔ကိုေျပာေနတဲ့ ရိေပၚရဲ႕အသံကမူမမွန္ဘဲ တုန္ယင္အက္ကြဲေနတာမို႔ ေရွာင္းက်န္႔စိတ္ပူစြာနဲ႔ ေဘးနားမွာရပ္ေနတဲ့ ဆရာဝန္ကိုလွမ္းၾကည့္လိုက္ေတာ့ သူ႔ကိုအလိုက္သင့္ေလးေနေပးဆိုတဲ့ပံုနဲ႔ ေခါင္းၿငိမ့္ျပတာကိုေတြ႔လိုက္ရတယ္။
သူက ရိေပၚခ်က္ခ်င္းသတိရလာမယ္မထင္လို႔ ဆရာဝန္ကိုသူကိုယ္တိုင္သြားေခၚလိုက္တာကို ရိေပၚက သူေဆးရံုကိုအတူမလိုက္လာဘူး ထင္သြားပံုရတာမို႔ ႐ွင္းျပလိုက္တယ္။
"ငါတစ္ခ်ိန္လံုး မင္းေဘးမွာ႐ွိေနခဲ့တာပါ"
"တ..တကယ္ေျပာတာလား က်န္႔..အ!!"
သူ႔ဆီမွာရိေပၚအာရံုေရာက္ေနတုန္း ဆရာဝန္ကအေနာက္ကေန လက္ေမာင္းကိုေဆးလွမ္းထိုးလိုက္တာ ျမင္လိုက္ရတဲ့အခ်ိန္မွာ ေ႐ွာင္းက်န္႔ကျပန္က်ခ်င္လာတဲ့ သူ႔မ်က္ရည္ေတြကို မနည္းထိန္းထားလိုက္ရတယ္။
"လူနာကတအားစိတ္လႈပ္႐ွားလြန္ေနရာက စိတ္မတည္ၿငိမ္တဲ့အဆင့္မို႔ စိတ္ၿငိမ္ေဆးထိုးေပးလိုက္တာပါ။"
"ဟုတ္ကဲ့ပါ ေဒါက္တာ"
အ႐ိုးက်ဳိးမတတ္ဖက္ထားတဲ့ ရိေပၚလက္ေတြက ေဆးထိုးၿပီးခ်ိန္မွာေတာ့ အနည္းငယ္ေျပေလ်ာ့သြားခဲ့ေပမယ့္ လႊတ္ေတာ့မေပးေသးဘူး။ ေဆးေၾကာင့္စိတ္ၿငိမ္သြားပံုရတဲ့ ရိေပၚကဘာမွမေျပာေတာ့ဘဲ သူ႔ပခံုးေပၚမွာၿငိမ္ၿငိမ္ေလးမွီေနေတာ့လည္း သူမွာစိတ္မေကာင္းျဖစ္ရျပန္တယ္။
"ရိေပၚ အနားျပန္ယူရမယ္ေလေနာ္ ကုတင္ေပၚထိုင္..."
ေျပာေနရင္းမွ မြစာၾကဲေနၿပီျဖစ္ေသာအခန္းေၾကာင့္ တစ္ျခားအခန္းေျပာင္းရေတာ့မယ္မွန္း ေ႐ွာင္းက်န္႔ေတြးလိုက္မိသည္။
ဘယ္လိုေတာင္ စိတ္ႀကီးရတာလဲ ရိေပၚရယ္..
-----------------------------
အခုေ႐ွာင္းက်န္႔က ေဆးရံုကုတင္ေပၚမွာ ဝမ္ရိေပၚရဲ႕ရင္ခြင္ထဲမွာ ဖက္ထားခံေနရတာ ေတာ္ေတာ္ၾကာေနၿပီ။ အဲဒါတင္မကဘဲ ဝမ္ရိေပၚက ေဆးရံုခန္းထဲက ဆိုဖာမွာထိုင္ေနတဲ့ သူ႔မန္ေနဂ်ာက်ီေဟာက္ကို ဝါးစားေတာ့မလိုၾကည့္ေနေသးတယ္။
"ေကာျပန္ရင္ျပန္လိုက္ေတာ့"
"ေကာက မင္းတို႔ အဆင္မေျပမွာစိုးလို႔ေလ။ တစ္ခုခုလိုခ်င္ရင္ ဘယ္လိုလုပ္မလဲ? ခိုင္းခ်င္တာ႐ွိရင္ဝယ္ေပးရေအာင္"
ေကာ႐ွိေနမွ အဆင္မေျပတာကို မသိေလေရာ့သလား?
"အဲဒါဆိုလည္း ဟိုတယ္ျပန္ၿပီး ကြၽန္ေတာ့္ရဲ႕အဝတ္အစားေလးေတြ ယူလာေပးလို႔ရမလား? မေန႔ကတည္းက အဝတ္မလဲရေသးလို႔"
"အဝတ္ေတြက ကားထဲမွာပါ..."
အလိုက္မသိသည့္မန္ေနဂ်ာျဖစ္သူက်ီေဟာက္မွာ သူ၏စကားမဆံုးေသးခင္ ေ႐ွာင္းက်န္႔၏လွမ္းျပဴးျပေနသည့္မ်က္လံုးကိုျမင္လိုက္ရမွ သေဘာေပါက္သြားေတာ့သည္။
"အာာ ဟုတ္ၿပီ။ ေကာသြားယူေပးမယ္။ ေန႔လယ္စာပါတစ္ခါတည္းဝယ္လာခဲ့မယ္"
"ဟုတ္ ေက်းဇူးပါေကာ"
အခန္းထဲမွာသူတို႔ႏွစ္ေယာက္တည္း က်န္ေတာ့တဲ့အခ်ိန္မွ ရင္ခြင္ထဲေရာက္ေနတဲ့ ေ႐ွာင္းက်န္႔ကအေပၚကို ေမာ့ၾကည့္လိုက္ေတာ့ ခုနတုန္းကနဲ႔လံုးလံုးမတူဘဲ သူ႔ကိုႏူးႏူးညံ့ည့ံၾကည့္ေနတဲ့ ရိေပၚကိုေတြ႔လုိက္ရလို႔ မ်က္ႏွာေတာင္မထားတတ္ေတာ့ဘူး။
ဘာပဲေျပာေျပာ သံုးႏွစ္ေလာက္ အေနေဝးခဲ့ၿပီး အခုအခ်ိန္မွာ ရိေပၚကလည္း သူ႔အေပၚမွာ ဘယ္လိုသေဘာထားလဲဆိုတာ သိထားတာမၾကာေသးေတာ့ နည္းနည္းေတာ့အေနရခက္တာမို႔ မ်က္ႏွာျပန္လႊဲလိုက္ခ်ိန္ ရိေပၚကသူ႔ေမ့ဖ်ားကေနလက္နဲ႔ျပန္ဆြဲလိုက္တာမို႔ မ်က္ႏွာခ်င္းဆိုင္ျပန္ျဖစ္သြားတယ္။
"က်န္႔ မင္း...အရမ္းပိန္သြားတယ္"
သူ႔ကိုၾကည့္ေနတဲ့ ရိေပၚမ်က္ဝန္းေတြက ေတာ္ေတာ္ေလးစိတ္မေကာင္းျဖစ္ေနပံုရသလို လြမ္းေဆြးရိပ္ေတြကိုလည္း တနင့္တပုိးျမင္ေနရတယ္။
"ရိေပၚ"
"အင္း"
"ဘာလို႔မေျပာခဲ့တာလဲ?"
"ဘာကိုလဲ?"
သူ႔အေမးကို နားမလည္တဲ့ ရိေပၚကစဥ္းစားေနပံုနဲ႔ ျပန္ေမးလာတယ္။
"ဒိုင္ယာရီ ဖတ္ၿပီးသြားၿပီ"
"-----"
"ဝမ္ပါး ေပးတာ"
ဒိုင္ယာရီအေၾကာင္းေျပာလိုက္ေတာ့ အနည္းငယ္လႈပ္႐ွားသြားတဲ့ ရိေပၚရဲ႕မ်က္ဝန္းေတြကို သူဖမ္းမိလိုက္ပါတယ္။
"သိသြားၿပီေပါ့"
"ဘာလို႔မေျပာခဲ့တာလဲ ရိေပၚရယ္"
"လြမ္းေနခဲ့တာ"
သူ႔အေမးကိုျပန္မေျဖေပးတဲ့ရိေပၚက နဖူးကိုဖိကပ္နမ္းလို႔ေျပာလာခ်ိန္မွာေတာ့ ေ႐ွာင္းက်န္႔ကသူ႔မ်က္ရည္ေတြကို ထိန္းမထားေတာ့ပါဘူး။ ေနာက္ၿပီးသူ႔ခံစားခ်က္ေတြကိုေရာေပါ့။ သူတို႔ႏွစ္ေယာက္လံုး ပြင့္လင္းဖို႔လုိၿပီမဟုတ္လား။ သူ႔အေနနဲ႔ ရိေပၚရဲ႕သူ႔အေပၚထားတဲ့ ခံစားခ်က္ေတြကို သိလိုက္ရၿပီဆုိေပမယ့္ ရိေပၚကေတာ့သူ႔ခံစားခ်က္ေတြကို အခုထိမသိေသးဘူးမို႔ သူေျပာျပဦးမယ္ေလ။
"အဟင့္..ငါလည္း..ငါလည္း..အရမ္းလြမ္းေန..အင့္..ခဲ့တာ..သိရဲ႕လား..ေနာက္ၿပီး ခ်စ္တယ္..အင့္..ရိေပၚ..ငါလည္း မင္းကိုခ်စ္တယ္"
"က်န္႔ တကယ္..တကယ္ေျပာတာလား?"
ငို႐ိႈက္သံေလးေတြၾကားက သူထင္မွတ္မထားခဲ့တဲ့စကားကုိ ၾကားလိုက္ရတာမို႔ ဝမ္ရိေပၚမွာ ေ႐ွာင္းက်န္႔ကိုဖက္ထားရာကေန မ်က္ႏွာခ်င္းဆိုင္အေနအထားျဖစ္ေအာင္ ပုခုံးႏွစ္ဖက္ကေနဆုပ္ကုိင္ၿပီး ျပန္ေမးလိုက္မိသည္။
"အင့္...တကယ္ေျပာတာ။ အစက..ငါထင္တာက..ရိေပၚက..ငါ့ကိုယူထားရတာ ႐ွက္..႐ွက္ေနမယ္လို႔"
ေ႐ွာင္းက်န္႔စကားေၾကာင့္ဝမ္ရိေပၚမွာ အရမ္းအ့ံျသသြားရတယ္။
"အဓိပၸါယ္မ႐ွိတာ က်န္႔ရာ...ဘာျဖစ္လို႔အဲဒီလိုထင္ရတာလဲ? ကုိယ္ကဘာလို႔႐ွက္ရမွာလဲ!!"
စိတ္လႈပ္႐ွားသြားရတဲ့ ရိေပၚရဲ႕အဆံုးသတ္အသံက အနည္းငယ္က်ယ္လို႔သြားတယ္။ ေနာက္ၿပီး ေ႐ွာင္းက်န္႔ဆက္ေျပာျပလာတဲ့ ဒီအေတာအတြင္း သူ႔ခံစားခ်က္ေတြကို နားေထာင္လိုက္ေတာ့ သူ႔အျပဳအမူေတြက သူ႔ယုန္လံုးေလးကို စိတ္ဒဏ္ရာရသြားေစတာမို႔ ဝမ္ရိေပၚစိတ္မေကာင္းျဖစ္သြားရတယ္။
Advertisement
"ကိုယ္ေတာင္းပန္ပါတယ္"
"ဟင့္အင္း ငါကုိက တံုးအလြန္းလို႔ ရိေပၚအခ်စ္ကိုမျမင္ႏိုင္ခဲ့တာပါ"
ဟုတ္တယ္ တကယ္တမ္းျပန္စဥ္းစားၾကည့္ရင္ အတူေနခဲ့တဲ့အေတာအတြင္း ရိေပၚကသူ႔ကုိမ်က္စိေအာက္က အေပ်ာက္မခံေလာက္ေအာင္ကို ဂ႐ုစိုက္ခဲ့တာကို သူကသာတံုးအၿပီးမသိခဲ့တာ။
"ခ်စ္တယ္ က်န္႔...ကိုယ္မင္းကို အရမ္းခ်စ္တယ္။ စေတြ႔ကတည္းက ခ်စ္ခဲ့တာ။ အခ်ိန္ၾကာလာေလ မင္းအေပၚမွာထားတဲ့ကုိယ့္အခ်စ္ေတြက ေလ်ာ့မသြားဘဲ ပိုတိုးလာတာပဲ႐ွိတယ္။ အာဖရိကမွာတုန္းက မဆက္သြယ္ခဲ့တာက ကိုယ္တကယ္အခက္အခဲ႐ွိေနလို႔"
"သိတယ္။ အဲဒါလည္းသိၿပီးၿပီ။ ဝမ္ပါးလည္းေျပာျပသလို စာအုပ္ထဲမွာလည္းဖတ္လိုက္ရတယ္"
ဟိုမွာေနတုန္းက သူေရးထားခဲ့တဲ့စာအုပ္ကိုပါ ေ႐ွာင္းက်န္႔ကဖတ္ရတယ္ဆုိေတာ့ ၾကည့္ရတာပါးက သူ႔ခရီးေဆာင္အိတ္ကိုပါေမႊခဲ့ပံုရတယ္။
ဖခင္အေၾကာင္းေတြးမိသြားတာနဲ႔ ဝမ္ရိေပၚက သူ႔ယုန္လံုးေလးကို သ႐ုပ္ေဆာင္ျဖစ္ေအာင္လုပ္ထားတဲ့ကိစၥ ပါးနဲ႔ စာရင္း႐ွင္းရဦးမယ္လို႔ေတးမွတ္ထားလိုက္တယ္။
သူ႔အေတြးေတြကိုေတာ့ ဆက္ေျပာလာတဲ့ ေ႐ွာင္းက်န္႔ရဲ႕စကားေတြကျဖတ္ခ်လိုက္တယ္။
"ငါ့ေၾကာင့္နဲ႔ရိေပၚအမ်ားႀကီးပင္ပန္းခဲ့ရၿပီ။ ဝါသနာပါတဲ့အလုပ္ေတြကုိလည္း စြန္႔လႊတ္ခဲ့ရတယ္"
"ဟင့္အင္း..အားလံုးကကိုယ္ေက်ေက်နပ္နပ္နဲ႔ ေရြးခ်ယ္ခဲ့တဲ႔လမ္းမို႔ က်န္႔ေၾကာင့္မဟုတ္ပါဘူး"
"ရိေပၚရယ္..ေက်းဇူးတင္ပါတယ္။ ငါ့ကိုအခုလို အရမ္းခ်စ္ၿပီးတန္ဖိုးထားေပးလို႔ တကယ္ေက်းဇူးတင္တယ္"
"ေက်းဇူးတင္ရင္ ကိုယ့္ကိုပုိခ်စ္ေပး"
"စိတ္ခ် ဒီထက္ပုိၿပီး အမ်ားႀကီး အမ်ားႀကီးခ်စ္ေပးမယ္"
သူ႔လက္ထဲကေနခ်စ္စရာေကာင္းစြာေျပာေနတဲ့ ယုန္လံုးေလးမဟုတ္ေတာ့တဲ့ ယုန္ပိန္ေလးကို ဝမ္ရိေပၚတစ္ေယာက္ အသည္းယားမိရျပန္တယ္။
"အဲဒါဆိုကိုယ္နမ္းလို႔ရမလား?"
ဝမ္ရိေပၚ၏ေတာင္းဆိုခ်က္အဆံုး ပါးေလးေတြရဲတက္သြားတဲ့ ေ႐ွာင္းက်န္႔ကေခါင္းေလးကိုၿငိမ့္လို႔ျပတယ္။
"အင္း"
ခြင့္ျပဳခ်က္ရသည္ႏွင့္ ရင္ခုန္သံေတြထပ္တူက်ေနခဲ့သည့္ ေကာင္ေလးႏွစ္ေယာက္၏ ႏႈတ္ခမ္းေတြမွာလည္း ထပ္တူက်သြားခဲ့သည္။
_______________________________
(27 Nov 2021)
Unicode
ကုတင်ပေါ်မှာလှဲလျောင်းနေတဲ့သူရဲ့ မျက်ခုံးတွေက မဆိုသလောက်လေး တွန့်ကျိုးသွားတာကိုမြင်လိုက်ရတာနဲ့ ဘေးမှာထိုင်နေတဲ့ ရှောင်းကျန့်ကလှုပ်လှုပ်ရွရွဖြစ်လာတယ်။
"ရိပေါ်..သတိရလာပြီလား ရိပေါ်!"
သူခေါ်နေပေမယ့် မျက်စိတွေဖွင့်မလာသေးတဲ့ ရိပေါ်ကအဆင်မပြေပုံရတာမို့ ရှောင်းကျန့်မှာအခန်းအပြင်ပြေးထွက်လို့ ဆရာဝန်ကိုသွားခေါ်လိုက်သည်။
"လူနာသတိရလာပြီ ဆရာဝန်! ဆရာဝန်ခေါ်ပေးပါဦး မြန်မြန်ခေါ်ပေးကြပါ"
စိတ်လှုပ်ရှားစွာပြောနေတဲ့ မင်းသားချောလေးကြောင့် သူနာပြုလေးတွေမှာလည်းအလုပ်တွေ ရှုပ်ကုန်တော့တယ်။
ဝမ်ရိပေါ်တစ်ယောက်သတိရလာချိန် ခေါင်းတွေထိုးကိုက်နေပြီး မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့ ဘယ်သူမှမရှိတဲ့ ဆေးရုံခန်းထဲရောက်နေတာကိုတွေ့လိုက်ရတယ်။
ဘာတွေဖြစ်သွားလဲဆိုတာ ပြန်တွေးလိုက်တော့ ရှောင်းကျန့်ရဲ့ရိုက်ကူးရေးဆီ သူလိုက္သြားခဲ့တာကို သတိရလိုက်တာနဲ့ လှဲနေရာကနေ ဆတ်ခနဲထလိုက်မိတယ်။
သူကအခုဒီမှာအေးဆေးလှဲနေရမယ့် အခြေအနေမဟုတ်ဘူး။ ရိုက်ကွင်းကိုပြန်သွားပြီး သူ့ယုန်လုံးလေးကိုပြန်သွားခေါ်ရဦးမှာကို..
လက်နှစ်ဖက်စလုံးတွင် သွယ်တန်းထားသည့် ဆေးထိုးအပ်များကိုစောင့်ကာဆွဲဖြုတ်လို့ ဝမ်ရိပေါ်တစ်ယောက်အခန်းထဲမှ ထွက်သွားဖို့ပြင်လိုက်သည်။
"လူနာ ဘာလို့ထလာတာလဲ? ဘယ်သွားမလို့လဲ?"
"ဖယ်စမ်း!!"
"အပြင်သွားလို့မရသေးပါဘူး။ ခဏစောင့် လူနာရှင်ကအခုပဲလာ...!"
"ခွမ်း!!! ဖယ်လို့ပြောနေတယ်မလား!! ခလွမ်း!!"
အပြင်ထွက်ရန်ပြင်နေသည့် ဝမ်ရိပေါ်အား ဆေးရုံခန်းထဲသို့ဝင်လာသည့် သူနာပြုဆရာမလေးမှ လှမ်းတားလိုက်သည့်အခါ လက်မခံဘဲ ဆေးပုလင်းများချိတ်ထားသည့်တိုင်ကိုဆွဲယူလို့ မြင်မြင်သမျှရိုက်ခွဲဖျက်ဆီးပြစ်တော့လေသည်။
"ငါ့ကိုတားဖို့မကြိုးစားနဲ့!!! သူ့ဆီသွားလို့မရအောင် ငါ့ကိုတားနေတဲ့ ဘယ်သူ့ကိုမဆို အကုန်လုံးကိုခွင့်မလွှတ်ဘူး!!"
"လူနာစိတ်ထိန်းပါရှင်!! တောင်းပန်ပါတယ်"
ချက်ချင်းမလာသေးတဲ့ဆရာဝန်ကို စိတ်မရှည်တဲ့ရှောင်းကျန့်မှာ ကိုယ်တိုင်သွားခေါ်ပြီးပြန်အလာ အခန်းတံခါးဝမှာကြားလိုက်ရတဲ့အသံတွေကြောင့် အမြန်ဝင်ကြည့်လိုက်တော့ ရိုက်ကွင်းမှာတုန်းကလိုပဲ သောင်းကျန်းနေတဲ့ ဝမ်ရိပေါ်ကိုတွေ့လိုက်ရပြန်တယ်။
"ရိပေါ်!!"
ဆေးပုလင်းချိတ်တဲ့စတီးလ်တိုင်ကိုကိုင်လို့ ဒေါသတကြီး ပစ္စည်းတွေကိုရိုက်ခွဲနေတဲ့ ရိပေါ်ကသူ့အသံကြားတော့ ချက်ချင်းငြိမ်သွားပြီး မယုံကြည်သလိုကြည့်နေရင်းက သတိဝင်လာတော့ အပြေးလာဖက်တယ်။
"ကျန့်...ကျန့် ကိုယ့်ဆီလိုက်လာတယ် ဟုတ္လား?"
တင်းတင်းကျပ်ကျပ်ဖက်ထားရင်း သူ့ကိုပြောနေတဲ့ ရိပေါ်ရဲ့အသံကမူမမှန်ဘဲ တုန်ယင်အက်ကွဲနေတာမို့ ရှောင်းကျန့်စိတ်ပူစွာနဲ့ ဘေးနားမှာရပ်နေတဲ့ ဆရာဝန်ကိုလှမ်းကြည့်လိုက်တော့ သူ့ကိုအလိုက်သင့်လေးနေပေးဆိုတဲ့ပုံနဲ့ ခေါင်းငြိမ့်ပြတာကိုတွေ့လိုက်ရတယ်။
သူက ရိပေါ်ချက်ချင်းသတိရလာမယ်မထင်လို့ ဆရာဝန်ကိုသူကိုယ်တိုင်သွားခေါ်လိုက်တာကို ရိပေါ်က သူဆေးရုံကိုအတူမလိုက်လာဘူး ထင်သွားပုံရတာမို့ ရှင်းပြလိုက်တယ်။
"ငါတစ်ချိန်လုံး မင်းဘေးမှာရှိနေခဲ့တာပါ"
"တ..တကယ်ပြောတာလား ကျန့်..အ!!"
သူ့ဆီမှာရိပေါ်အာရုံရောက်နေတုန်း ဆရာဝန္ကအေနာက္ကေန လက်မောင်းကိုဆေးလှမ်းထိုးလိုက်တာ မြင်လိုက်ရတဲ့အချိန်မှာ ရှောင်းကျန့်ကပြန်ကျချင်လာတဲ့ သူ့မျက်ရည်တွေကို မနည်းထိန်းထားလိုက်ရတယ်။
"လူနာကတအားစိတ်လှုပ်ရှားလွန်နေရာက စိတ်မတည်ငြိမ်တဲ့အဆင့်မို့ စိတ်ငြိမ်ဆေးထိုးပေးလိုက်တာပါ။"
"ဟုတ်ကဲ့ပါ ဒေါက်တာ"
အရိုးကျိုးမတတ်ဖက်ထားတဲ့ ရိပေါ်လက်တွေက ဆေးထိုးပြီးချိန်မှာတော့ အနည်းငယ်ပြေလျော့သွားခဲ့ပေမယ့် လွှတ်တော့မပေးသေးဘူး။ ဆေးကြောင့်စိတ်ငြိမ်သွားပုံရတဲ့ ရိပေါ်ကဘာမှမပြောတော့ဘဲ သူ့ပခုံးပေါ်မှာငြိမ်ငြိမ်လေးမှီနေတော့လည်း သူမှာစိတ်မကောင်းဖြစ်ရပြန်တယ်။
"ရိပေါ် အနားပြန်ယူရမယ်လေနော် ကုတင်ပေါ်ထိုင်..."
ပြောနေရင်းမှ မွစာကြဲနေပြီဖြစ်သောအခန်းကြောင့် တစ်ခြားအခန်းပြောင်းရတော့မယ်မှန်း ရှောင်းကျန့်တွေးလိုက်မိသည်။
ဘယ္လိုတောင် စိတ်ကြီးရတာလဲ ရိပေါ်ရယ်..
----------------------------
အခုရှောင်းကျန့်က ဆေးရုံကုတင်ပေါ်မှာ ဝမ်ရိပေါ်ရဲ့ရင်ခွင်ထဲမှာ ဖက်ထားခံနေရတာ တော်တော်ကြာနေပြီ။ အဲဒါတင်မကဘဲ ဝမ်ရိပေါ်က ဆေးရုံခန်းထဲက ဆိုဖာမှာထိုင်နေတဲ့ သူ့မန်နေဂျာကျီဟောက်ကို ဝါးစားတော့မလိုကြည့်နေသေးတယ်။
"ကောပြန်ရင်ပြန်လိုက်တော့"
"ကောက မင်းတို့ အဆင်မပြေမှာစိုးလို့လေ။ တစ်ခုခုလိုချင်ရင် ဘယ္လိုလုပ္မလဲ? ခိုင်းချင်တာရှိရင်ဝယ်ပေးရအောင်"
ကောရှိနေမှ အဆင်မပြေတာကို မသိလေရော့သလား?
"အဲဒါဆိုလည်း ဟိုတယ်ပြန်ပြီး ကျွန်တော့်ရဲ့အဝတ်အစားလေးတွေ ယူလာပေးလို့ရမလား? မနေ့ကတည်းက အဝတ်မလဲရသေးလို့"
"အဝတ်တွေက ကားထဲမွာပါ..."
အလိုက်မသိသည့်မန်နေဂျာဖြစ်သူကျီဟောက်မှာ သူ၏စကားမဆုံးသေးခင် ရှောင်းကျန့်၏လှမ်းပြူးပြနေသည့်မျက်လုံးကိုမြင်လိုက်ရမှ သဘောပေါက်သွားတော့သည်။
"အာာ ဟုတ်ပြီ။ ကောသွားယူပေးမယ်။ နေ့လယ်စာပါတစ်ခါတည်းဝယ်လာခဲ့မယ်"
"ဟုတ် ကျေးဇူးပါကော"
အခန်းထဲမှာသူတို့နှစ်ယောက်တည်း ကျန်တော့တဲ့အချိန်မှ ရင်ခွင်ထဲရောက်နေတဲ့ ရှောင်းကျန့်ကအပေါ်ကို မော့ကြည့်လိုက်တော့ ခုနတုန်းကနဲ့လုံးလုံးမတူဘဲ သူ့ကိုနူးနူးညံ့ည့ံကြည့်နေတဲ့ ရိပေါ်ကိုတွေ့လိုက်ရလို့ မျက်နှာတောင်မထားတတ်တော့ဘူး။
ဘာပဲပြောပြော သုံးနှစ်လောက် အနေဝေးခဲ့ပြီး အခုအချိန်မှာ ရိပေါ်ကလည်း သူ့အပေါ်မှာ ဘယ္လိုသေဘာထားလဲဆိုတာ သိထားတာမကြာသေးတော့ နည်းနည်းတော့အနေရခက်တာမို့ မျက်နှာပြန်လွှဲလိုက်ချိန် ရိပေါ်ကသူ့မေ့ဖျားကနေလက်နဲ့ပြန်ဆွဲလိုက်တာမို့ မျက်နှာချင်းဆိုင်ပြန်ဖြစ်သွားတယ်။
"ကျန့် မင်း...အရမ်းပိန်သွားတယ်"
သူ့ကိုကြည့်နေတဲ့ ရိပေါ်မျက်ဝန်းတွေက တော်တော်လေးစိတ်မကောင်းဖြစ်နေပုံရသလို လွမ်းဆွေးရိပ်တွေကိုလည်း တနင့်တပိုးမြင်နေရတယ်။
"ရိပေါ်"
"အင်း"
"ဘာလို့မပြောခဲ့တာလဲ?"
"ဘာကိုလဲ?"
သူ့အမေးကို နားမလည်တဲ့ ရိပေါ်ကစဉ်းစားနေပုံနဲ့ ပြန်မေးလာတယ်။
"ဒိုင်ယာရီ ဖတ်ပြီးသွားပြီ"
"-----"
"ဝမ်ပါး ပေးတာ"
ဒိုင်ယာရီအကြောင်းပြောလိုက်တော့ အနည်းငယ်လှုပ်ရှားသွားတဲ့ ရိပေါ်ရဲ့မျက်ဝန်းတွေကို သူဖမ်းမိလိုက်ပါတယ်။
"သိသွားပြီပေါ့"
"ဘာလို့မပြောခဲ့တာလဲ ရိပေါ်ရယ်"
"လွမ်းနေခဲ့တာ"
သူ့အမေးကိုပြန်မဖြေပေးတဲ့ရိပေါ်က နဖူးကိုဖိကပ်နမ်းလို့ပြောလာချိန်မှာတော့ ရှောင်းကျန့်ကသူ့မျက်ရည်တွေကို ထိန်းမထားတော့ပါဘူး။ နောက်ပြီးသူ့ခံစားချက်တွေကိုရောပေါ့။ သူတို့နှစ်ယောက်လုံး ပွင့်လင်းဖို့လိုပြီမဟုတ်လား။ သူ့အနေနဲ့ ရိပေါ်ရဲ့သူ့အပေါ်ထားတဲ့ ခံစားချက်တွေကို သိလိုက်ရပြီဆိုပေမယ့် ရိပေါ်ကတော့သူ့ခံစားချက်တွေကို အခုထိမသိသေးဘူးမို့ သူပြောပြဦးမယ်လေ။
"အဟင့်..ငါလည်း..ငါလည်း..အရမ်းလွမ်းနေ..အင့်..ခဲ့တာ..သိရဲ့လား..နောက်ပြီး ချစ်တယ်..အင့်..ရိပေါ်..ငါလည်း မင်းကိုချစ်တယ်"
"ကျန့် တကယ်..တကယ်ပြောတာလား?"
ငိုရှိုက်သံလေးတွေကြားက သူထင်မှတ်မထားခဲ့တဲ့စကားကို ကြားလိုက်ရတာမို့ ဝမ်ရိပေါ်မှာ ရှောင်းကျန့်ကိုဖက်ထားရာကနေ မျက်နှာချင်းဆိုင်အနေအထားဖြစ်အောင် ပုခုံးနှစ်ဖက်ကနေဆုပ်ကိုင်ပြီး ပြန်မေးလိုက်မိသည်။
"အင့်...တကယ်ပြောတာ။ အစက..ငါထင်တာက..ရိပေါ်က..ငါ့ကိုယူထားရတာ ရှက်..ရှက်နေမယ်လို့"
ရှောင်းကျန့်စကားကြောင့်ဝမ်ရိပေါ်မှာ အရမ်းအ့ံသြသွားရတယ်။
"အဓိပ္ပါယ်မရှိတာ ကျန့်ရာ...ဘာဖြစ်လို့အဲဒီလိုထင်ရတာလဲ? ကိုယ်ကဘာလို့ရှက်ရမှာလဲ!!"
စိတ်လှုပ်ရှားသွားရတဲ့ ရိပေါ်ရဲ့အဆုံးသတ်အသံက အနည်းငယ်ကျယ်လို့သွားတယ်။ နောက်ပြီး ရှောင်းကျန့်ဆက်ပြောပြလာတဲ့ ဒီအတောအတွင်း သူ့ခံစားချက်တွေကို နားထောင်လိုက်တော့ သူ့အပြုအမူတွေက သူ့ယုန်လုံးလေးကို စိတ်ဒဏ်ရာရသွားစေတာမို့ ဝမ်ရိပေါ်စိတ်မကောင်းဖြစ်သွားရတယ်။
"ကိုယ်တောင်းပန်ပါတယ်"
"ဟင့်အင်း ငါကိုက တုံးအလွန်းလို့ ရိပေါ်အချစ်ကိုမမြင်နိုင်ခဲ့တာပါ"
ဟုတ်တယ် တကယ်တမ်းပြန်စဉ်းစားကြည့်ရင် အတူနေခဲ့တဲ့အတောအတွင်း ရိပေါ်ကသူ့ကိုမျက်စိအောက်က အပျောက်မခံလောက်အောင်ကို ဂရုစိုက်ခဲ့တာကို သူကသာတုံးအပြီးမသိခဲ့တာ။
"ချစ်တယ် ကျန့်...ကိုယ်မင်းကို အရမ်းချစ်တယ်။ စတွေ့ကတည်းက ချစ်ခဲ့တာ။ အချိန်ကြာလာလေ မင်းအပေါ်မှာထားတဲ့ကိုယ့်အချစ်တွေက လျော့မသွားဘဲ ပိုတိုးလာတာပဲရှိတယ်။ အာဖရိကမှာတုန်းက မဆက်သွယ်ခဲ့တာက ကိုယ်တကယ်အခက်အခဲရှိနေလို့"
"သိတယ်။ အဲဒါလည်းသိပြီးပြီ။ ဝမ်ပါးလည်းပြောပြသလို စာအုပ်ထဲမှာလည်းဖတ်လိုက်ရတယ်"
ဟိုမှာနေတုန်းက သူရေးထားခဲ့တဲ့စာအုပ်ကိုပါ ရှောင်းကျန့်ကဖတ်ရတယ်ဆိုတော့ ကြည့်ရတာပါးက သူ့ခရီးဆောင်အိတ်ကိုပါမွှေခဲ့ပုံရတယ်။
ဖခင်အကြောင်းတွေးမိသွားတာနဲ့ ဝမ်ရိပေါ်က သူ့ယုန်လုံးလေးကို သရုပ်ဆောင်ဖြစ်အောင်လုပ်ထားတဲ့ကိစ္စ ပါးနဲ့ စာရင်းရှင်းရဦးမယ်လို့တေးမှတ်ထားလိုက်တယ်။
သူ့အတွေးတွေကိုတော့ ဆက်ပြောလာတဲ့ ရှောင်းကျန့်ရဲ့စကားတွေကဖြတ်ချလိုက်တယ်။
"ငါ့ကြောင့်နဲ့ရိပေါ်အများကြီးပင်ပန်းခဲ့ရပြီ။ ဝါသနာပါတဲ့အလုပ်တွေကိုလည်း စွန့်လွှတ်ခဲ့ရတယ်"
"ဟင့်အင်း..အားလုံးကကိုယ်ကျေကျေနပ်နပ်နဲ့ ရွေးချယ်ခဲ့တဲ့လမ်းမို့ ကျန့်ကြောင့်မဟုတ်ပါဘူး"
"ရိပေါ်ရယ်..ကျေးဇူးတင်ပါတယ်။ ငါ့ကိုအခုလို အရမ်းချစ်ပြီးတန်ဖိုးထားပေးလို့ တကယ်ကျေးဇူးတင်တယ်"
"ကျေးဇူးတင်ရင် ကိုယ့်ကိုပိုချစ်ပေး"
"စိတ္ခ် ဒီထက်ပိုပြီး အများကြီး အများကြီးချစ်ပေးမယ်"
သူ့လက်ထဲကနေချစ်စရာကောင်းစွာပြောနေတဲ့ ယုန်လုံးလေးမဟုတ်တော့တဲ့ ယုန်ပိန်လေးကို ဝမ်ရိပေါ်တစ်ယောက် အသည်းယားမိရပြန်တယ်။
"အဲဒါဆိုကိုယ်နမ်းလို့ရမလား?"
ဝမ်ရိပေါ်၏တောင်းဆိုချက်အဆုံး ပါးလေးတွေရဲတက်သွားတဲ့ ရှောင်းကျန့်ကခေါင်းလေးကိုငြိမ့်လို့ပြတယ်။
"အင်း"
ခွင့်ပြုချက်ရသည်နှင့် ရင်ခုန်သံတွေထပ်တူကျနေခဲ့သည့် ကောင်လေးနှစ်ယောက်၏ နှုတ်ခမ်းတွေမှာလည်း ထပ်တူကျသွားခဲ့သည်။
_______________________________
(27 Nov 2021)
Advertisement
- In Serial84 Chapters
The Most Powerful Ant in the Universe
As an ant, I am very weak, to the point that anything can defeat me without trying at all. And then a strange person gives me unimaginable potential... New chapter daily (Haven't missed one yet)!
8 100 - In Serial6 Chapters
Moving into an SSS Ranked Dungeon?!
Andrew Lee, a young, promising professional hitman and the son of one of the most infamous arms dealers falls into a new world. Durandal, a world where Elder Dragons and God reign supreme.Where magic exists and the most advanced weapons were nothing more than swords, bows and magical sticks. A world that changes your very perception of reality, turning it into nothing but a mere game. A world where fabled dungeons hold the greatest treasures and the most treacherous of traps. What's a gun obsessed hitman to do in the fantasy world of Durandal? Make the best of it, of course! Chapter release every tuesday, and a break on occasion to get a headstart on future chapters and what not
8 182 - In Serial15 Chapters
Reincarnated into a weak god
It seems like I have reincarnated into the world of Marcas. I am a new god of war, as of now. I will be updating this novel three times to 5 times a week. I hope you Guys enjoy it I write this story in Spanish first than translate it so that one of the reason there is many grammar issue here I cannot fix them as I am still learning English. This is just so everyone know what to expect and not complain about grammar issue. Okay, guys, I have decided to add polls every two chapter. This pool will affect how the story progress. at first the poll will be simple but later on will become more complex. if there something not added in the poll and you which to see later in the story comment on the comment session. your opinion is really important to me. this being says I hope you guys enjoy the story. let's grow it together. every opinion matter so let make this happen happy reading, Mafioso Loco
8 537 - In Serial32 Chapters
Amusement Park
AMUSEMENT PARK IS NOT FOR GOOD BOYS AND/OR GIRLS. PLEASE READ ANOTHER WORK OF FICTION IF YOU WANT TO REMAIN GOOD AND PURE AND HOLY. THANK YOU. An anthology of semi-related writings ranging from the fairly ordinary to the experimental. You may encounter a short story, an essay, maybe a message of some sort, maybe something else, all taking place in a corrupt modern world that is hard to distinguish from nightmare and reality, which may or may not be close to our own. The views expressed in this program does not reflect the views of [REDACTED]. Please enjoy your time here at the Amusement Park!
8 151 - In Serial8 Chapters
Star Warrior
Warning: Updates will be sporadic, currently on Hiatus To be recognised by a star means to become a warrior. When Philip's life is torn apart by a group of star warriors rampaging in their village, he vows to take back what he lost and find his mother, who was abducted, by becoming one of the fabled star warriors himself! Previous name: Eternal watchers. Inspired by Xianxia works such as coiling dragon and Way of Choices.
8 203 - In Serial101 Chapters
The Greatest Journey (Completed)
In Victorian England slums, the oldest and quietest girl of four trying to keep a roof over her family's head accepts a job with an odd staff and mysterious employer. Until she finds out all the maids before her are dead and she must face a mystifying presence has chosen her to be nexAttn: Ebook in Amazon's Kindle.| Alice's POV | December 7th of 1888, what a cold day it was, the wind of the winter blew right through my thin outfit and my teeth battered against one another as I tried to say goodbye...*****************************No part, character, names, plot, setting, conflict or resolution, point of view, theme or symbolism of this story may be replicated.Copyright: All Rights Reserved to A. Sena Gomes.
8 148

