《My Jewel [ Complete ]》Part 15
Advertisement
ဒါပေမယ့် ယောက်ျားတစ်ယောက်အနေနဲ့ သူ့အဖေနဲ့လုပ်ခဲ့တဲ့ အပေးအယူကို ပြီးအောင်လုပ်ပေးရမယ့် တာဝန်ရှိတာမို့ သူ့မှာရွေးချယ်စရာရှိမနေခဲ့ဘူး။
"ရှောင်းကျန့်"
"ဟင်!"
"ကိုယ်ပြောစရာရှိတယ်"
"ဟုတ် ပြောလေ"
"ခရီး ဟုတ်လား?"
"အင်း"
"ဘယ်ကိုလဲ?
"အာဖရိကဘက်ကို"
------------------------------
ဘာလို့ နှုတ်မဆက်သွားတာလဲဆိုတဲ့ မေးလာတဲ့အသံလေးကိုကြားရချိန်မှာတော့ ဝမ်ရိပေါ်မှာ မခံစားနိုင်လွန်းတော့တာမို့ ရှိုက်သံမထွက်မိသွားအောင် သူ့လက်သီးကိုသူပြန်ကိုက်ထားရတယ်။
Advertisement
___________________________
(26 Nov 2021)
အာဖရိကသြားဖို့ကို ဝမ်ရိပေါ်မှာ နှစ်လလောက်အလိုကတည်းက ကြိုပြီးသိခဲ့ရပေမယ့် ရှောင်းကျန့်ကိုပြောမယ်ပြောမယ်နဲ့ အချိန်ဆွဲထားခဲ့ရင်းကနေ နောက်ဆုံးတော့သွားဖို့သုံးရက်အလိုမှာတော့ မျဖစ္မေန ဖွင့်ပြောရတော့မယ်။ မသွားခင် သူ့ရတနာလေးနဲ့ ပိုနေချိန်ရအောင် ဒီရက်ပိုင်းကုမ္မဏီကနေ စောစောပြန်လာဖြစ်တယ်။
ဒီနေ့အိမ်ပြန်ရောက်ချိန်ရှောင်းကျန့်က ဟင်းချက်နေတုန်းတန်းလန်းကနေ အေပရွန်လေးနဲ့ သူ့ကိုထွက်ကြိုတာကိုမြင်လိုက်ရချိန်မှာ ဝမ်ရိပေါ်က အရာအားလုံးကိုလွှတ်ချပြီး ဒီယုန်လေးနားမှာပဲနေချင်တဲ့စိတ်တွေက တားဆီးမရနိုင်စွာဖြစ်ပေါ်လာရတယ်။
ဒါပေမယ့် ယောက်ျားတစ်ယောက်အနေနဲ့ သူ့အဖေနဲ့လုပ်ခဲ့တဲ့ အေပးအယူကို ပြီးအောင်လုပ်ပေးရမယ့် တာဝန်ရှိတာမို့ သူ့မှာရွေးချယ်စရာရှိမနေခဲ့ဘူး။
ဟင်းချက်လို့ပြီးသွားတဲ့ယုန်လုံးလေးက သူ့ကိုထမင်းအရင်စားထားမလားတဲ့မေးလာတယ်။ ဖြေပေးချင်လိုက်တာ ဝမ်ရိပေါ်ဆိုတဲ့သူက ရှောင်းကျန့်ဆိုတဲ့လူနဲ့ အတူသာမဟုတ်ရင် ထမင်တစ်နပ်တောင်မစားချင်ပါဘူးလို့....
သူ့ယုန်လုံးလေးရဲ့လက်ရာကိုစားရဖို့ ခြောက်နပ်လောက်သာကျန်တော့တာကြောင့် ဝမ်ရိပေါ်ကဒီရက်ပိုင်းမှာ ထမင်းပိုစားဖြစ်နေတယ်။
"ရှောင်းကျန့်"
"ဟင်!"
"ကိုယ်ပြောစရာရှိတယ်"
"ဟုတ် ပြောလေ"
ယုန်လုံးလေးမရိပ်မိရလေအောင် သပ်ပြင်းတစ်ချက်ခိုးချလိုက်ပြီး အားယူလို့ပြောလိုက်တယ်။
"ကိုယ် ခရီးတစ်ခုသွားရမယ်"
"ခရီး ဟုတ္လား?"
သူ့စကားကိုယုန်လုံးလေးက သာမန်ခရီးလို့ပဲထင်နေပုံပဲ။
"အင်း"
"ဘယ္ကိုလဲ?
"အာဖရိကဘက္ကို"
"ဟို...ဘယ်လောက်ကြာမှာလဲဟင်?"
"အနည်းဆုံးတစ်နှစ်လောက်တော့ကြာမယ်"
ကြာမယ့်အချိန်ကိုပြောပြလိုက်ချိန်မှာတော့ သူ့ရတနာလေးရဲ့ မျက်ဝန်းထဲက စိန်ပွင့်လေးတွေက အရည်ပျော်ကျတော့မလို ဖြစ်လာတာကို မြင်လိုက်ရတာမို့ ဝမ်ရိပေါ်တစ်ယောက်လက်ထဲက အခုအချိန်အထိမချရသေးတဲ့ စတီလ်းဇွန်းကိုတင်းနေအောင်ဆုပ်ကိုင်မိသွားတယ်။
တကယ်တော့ ဝမ်ရိပေါ်ကစတီးလ်းဇွန်းအစား ယုန်လေးရဲ့လက်ကိုဆုပ်ကိုင်ထားချင်ခဲ့တာပါ။
အတူနေစဉ်တစ်လျှောက်လုံး အကဲခတ်ခဲ့ရသလောက် ရှောင်းကျန့်ကလည်း သူ့အပေါ်မှာမချစ်ဘူးဆိုရင်တောင် သံယောဇဉ်ရှိတာတော့သေချာတယ်။
"ငါ..ငါ့ကိုရော ခေါ်သွားမှာလား?"
အားယူပြောနေရတဲ့ ရှောင်းကျန့်ရဲ့အသံတွေကအနည်းငယ် တုန်ယင်ချင်နေတာကို အမြဲတမ်းရှောင်းကျန့်ကို အသေးစိတ်ဂရုတစိုက် စောင့်ကြည့်ခဲ့တဲ့ ဝမ်ရိပေါ်ကသေချာပေါက် သတိထားမိပါတယ်။
ကျေးဇူးပြုပြုပြီး မငိုလိုက်ပါနဲ့ ကိုယ့်ရဲ့ရတနာလေးရယ်...မင်းရဲ့မျက်ရည်တွေကို ကိုယ်တကယ်ခံနိုင်ရည်မရှိဘူး ယုန်ညိုလုံးလေးရဲ့...
ကျန်တဲ့နှစ်ရက်လုံးမှာ ယုန်လုံးလေးက သိသိသာသာမျက်နှာမကောင်းခဲ့ဘူး။ ဒီလိုနဲ့ပဲ မနက်ဖြန်ဆိုရင်သွားရမယ့်နေ့ကို ရောက်လို့လာခဲ့ပြီ။ မသွားခင်နောက်ဆုံးတစ်ညမှာ တင်းမခံနိုင်စွာ အတူနေဖို့ကြိုးစားမိတော့ ရှောင်းကျန့်ကလိုက်လျောပေးခဲ့တယ်။ တကယ်တော့ ရှောင်းကျန့်ဘက်က သူတောင်းဆိုတိုင်း တစ်ခါမှမငြင်းခဲ့ဖူးဘူး။
မခွဲခွာချင်သေးတဲ့ ဝမ်ရိပေါ်က သူ့ရတနာလေးကို တစ်ညလုံးနီးပါးနှိပ်စက်မိသွားတယ်။ ယုန်လုံးလေးကသူ့ရင်ခွင်ထဲကို အတင်းတိုးခွေ့လို့ဝင်လာတော့ ဝမ်ရိပေါ်မှာလွတ်ထွက်သွားမှာစိုးတဲ့အလား ပြန်ဖက်တွယ်ထားမိတာပါပဲ။ တစ်နှစ်လောက်ဒီလူသားလေးကို သူထွေးဖက်ခွင့်မရတော့ဘူးမဟုတ်လား။
ကံကြမ္မာကိုတော့ သူ့အပြစ်မတင်ရက်ပါဘူးလေ။ သူ့ရတနာလေးနဲ့တွေ့ခွင့်ပေးပြီး ပိုင်ဆိုင်ခွင့်ရခဲ့ကတည်းက ကံကြမ္မာကသူ့ကိုအများကြီး မျက်နှာသာပေးခဲ့တယ်ဆိုတာ သူသိနေလို့ပါပဲ။
တော်တော်နဲ့မအိပ်တဲ့ သူ့ယုန်လုံးလေးက မှေးစင်းနေတဲ့မျက်လုံးတွေကိုကြိုးစားအားယူပြီးဖွင့်ထားပေမယ့် မနက်မိုးလင်းခါနီးမှာအိပ်ပျော်သွားတယ်။ ချစ်ရသူလး အိပ်ပျော်သွားချိန်ကျမှ ဝမ်ရိပေါ်မှာသူ့ရဲ့မျက်ရည်တွေကိုလွတ်လပ်စွာ စီးဆင်းခွင့်ပေးလိုက်ပါတော့တယ်။ သူမှတ်မိသလောက်ဆိုရင် ဒါဟာသူငယ္ငယ္က သူ့အမေဆုံးပြီးကတည်းက ဒုတိယအကြိမ်ကျရတဲ့ မျက်ရည်စက်တွေပါပဲ။ ပထမအကြိမ်ကတော့ သူတို့လက်ထပ်ပွဲနေ့ကမဟုတ်လား...
အနာဂတ်မှာတော့ တတိယအကြိမ်နဲ့ နောက်ထပ်မရေမတွက်နိုင်အောင်ကျဆင်းရမယ့် မျက်ရည်တွေအားလုံးကလည်း သူ့ရတနာလေးနဲ့ပဲ တိုက်ရိုက်အချိုးကျနေမယ်ဆိုတာ ဝမ်ရိပေါ်ကသိနှင့်နေခဲ့ပြီ။
အိပ်ပျော်နေသူလေးရဲ့ မျက်နှာပြင်အနှံ့ကို သူ့နှုတ်ခမ်းတွေနဲ့ ထိတွေ့လိုက်ပြီး နိုးမသွားရအောင် ရင်ခွင်ထဲကနေအသာအယာလေးထုတ်လို့ ခေါင်းအုံးပေါ်တင်ပေးလိုက်တယ်။
လေယာဉ်ချိန်ကလိုသေးပေမယ့် ရှောင်းကျန့်ကိုသူနှုတ်ဆက်ဖို့အင်အားမရှိလို့ အိပ်ပျော်နေတုန်းမှာ ထွက်သွားဖို့ဆုံးဖြတ်လိုက်တာ။
နောက်ဆုံးအနေနဲ့ အိပ်ခန်းထဲကမထွက်သွားခင် ကုတင်ပေါ်မှာပင်ပန်းနှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ သူ့ရတနာလေးကို လည်ပြန်တစ်ချက်လှည့်ကြည့်မိခဲ့တယ်။
တောင်းပန်ပါတယ်။ ကိုယ်အတ္တကြီးလွန်းတယ်ဆိုတာသိပါတယ်။ တစ်နှစ်ပဲ...တစ်နှစ်ပဲ ကိုယ့်ကိုစောင့်နေပေးပါ။ ပြန်လာတာနဲ့ကိုယ်တို့နှစ်ယောက်ထပ်မခွဲတော့ဘူး။ နောက်ပြီးမင်းကိုလည်း အခုထက်ပိုပြီးအများကြီးပိုချစ်ပေးပြီး ဂရုလည်းစိုက်ပေးပါ့မယ် ခဏပဲသည်းခံပြီးစောင့်ပေးပါ ကိုယ့်ရဲ့ရတနာလေးရယ်...
------------------------------
"အဟင့်! ရိပေါ်ရယ်..ဘယ်လိုလုပ်ပြီး အဲဒီလောက်..အင့်..အထိ..ချစ်တတ်ရတာလဲ နောက်ပြီး..မျို..သိပ်ထားနိုင်ရတာလဲ"
လက်ထဲကဒိုင်ယာရီစာအုပ်လေးကို ရင်ခွင်ထဲပိုက်ထွေးလို့ ရှောင်းကျန့်ကရှိုက်ရှိုက်ပြီးတော့ကို ငိုကြွေးနေတယ်။ စာအုပ်ထဲက အကြောင်းအရာတွေကို ဖတ်နေတဲ့တစ်လျှောက်လုံးလဲ ရှောင်းကျန့်ရဲ့မျက်ရည်တွေက တားမရဆီးမရကျဆင်းနေခဲ့တာပါပဲ။ ရိပေါ်ကတော့အခုထိသတိရမလာသေး...
ရိပေါ်ကသူ့အပေါ်ဒီလောက်အထိ ချစ်မြတ်နိုးခဲ့မယ်လို့ သူတကယ်မထင်ခဲ့မိဘူး။ သူကအမြဲတမ်းသူ့ဘက်က တွေးခဲ့တာက ရိပေါ်ကသူ့ကိုမဖြစ်မနေ ယူထားရပြီး သူ့လိုလူကို လူကြားထဲချပြဖို့ ရှက်နေတယ်လို့ထင်ခဲ့မိတာ။
အခုသူနောက်ထပ်တစ်အုပ် ဖတ်ဖို့ကျန်နေသေးတယ်။ ဒီစာအုပ္ကတော့ ရိပေါ်ဟိုမှာနေခဲ့တုန်းက အကြောင်းအရာတွေပေါ့။
အာဖရိကကိုရောက်တာနဲ့ ဝမ်ရိပေါ်အရင်ဆုံးလုပ်တာက ယုန်လုံးလေးကိုဖုန်းခေါ်တာပါပဲ။ နှုတ်မဆက်ဘဲထွက်သွားလို့ စိတ်ဆိုးပြီးဖုန်းမကိုင်မှာကို စိုးရိမ်ခဲ့ရပေမယ့် လိမ္မာတဲ့ယုန်လေးက သူ့ဖုန်းကိုကိုင်ခဲ့တာမို့ ဝမ်နည်းဝမ်းသာဖြစ်ရသေးတယ်။
ဘာလို့ နှုတ်မဆက်သွားတာလဲဆိုတဲ့ မေးလာတဲ့အသံလေးကိုကြားရချိန်မှာတော့ ဝမ်ရိပေါ်မှာ မခံစားနိုင်လွန်းတော့တာမို့ ရှိုက်သံမထွက်မိသွွားအောင် သူ့လက်သီးကိုသူပြန်ကိုက်ထားရတယ်။
ယုန်လုံးလေးနဲ့ ဖုန်းဆက်တဲ့အချိန်တိုင်း တစ်ဖက်ကအသံကိုကြားချင်လွန်းလို့ဝမ်ရိပေါ်က စကားတောင်သိပ်မပြောဖြစ်ခဲ့ဘူး။ သူစကားတွေများနေလိုက်ရင် ရှောင်းကျန့်အသံကို ကြာကြာမကြားရနိုင်တော့ဘူးလေ။ တစ်ဖက်ကယုန်လေးငိုနေပြီဆိုရင်တော့ သူလည်းထပ်တူဖြစ်နေတာကို မသိအောင်မနည်းကြိုးစားရပြန်တယ်။
နောက်ပိုင်းကျ စိန်တွင်းတွေရှိတဲ့ ဟိုးတောထဲဘက်ကို ဝမ်ရိပေါ်ရောက်သွားချိန်တွေမှာတော့ ရှောင်းကျန့်ကိုသူအဆက်အသွယ်မလုပ်ဖြစ်တော့ဘူး။ ဘာလို့ဆိုသူသွားရတဲ့နေရာတွေက ဖုန်းလိုင်းရောအင်တာနက်ရောမမိတဲ့ လက်နက်ကိုင်တွေ ရှိတဲ့နေရာတွေမို့ပဲ။ သူရောက်နေတဲ့ နေရာအတိအကျကိုပြောလိုက်ရင် ရှောင်းကျန့်စိတ်ပူမှာဆိုးလို့ ဝမ်ရိပေါ်ကပြောမပြဖြစ်ခဲ့ဘူး။
လက်နက်ကိုင်တွေနဲ့ အစိုးရကြား မကြာခဏဖြစ်တဲ့ ပဋိပက္ခတွေကြောင့် သူတို့ရဲ့စိန်ထုတ်လုပ်ရေးလုပ်ငန်းက တကယ်ပဲအခြေအနေ မကောင်းဖြစ်လာရတာမို့ ဝမ်ရိပေါ်ကလည်း လုံးဝမအားမလပ်ဖြစ်နေရသလို ဘယ်သူနဲ့မှကို ဆက်သွယ်ဖို့ အခွင့်အရေးမရခဲ့ဘူး။ အဲဒါကြောင့် မြို့ထဲကိုသွားတဲ့ လူကြုံတွေရှိရင်တော့ သူအဆင်ပြေကြောင်းပါးဆီကို အဲဒီလူတွေကနေတစ်ဆင့်ပဲပြောခိုင်းလိုက်ပြီး ရှောင်းကျန့်ကိုလည်း သေချာစောင့်ရှောက်ပေးဖို့ကလည်း မျဖစ္မနေပြောပေးဖို့ကိုလည်း သူ့မှာလူကြုံကိုမမေ့ရလေအောင် ထပ်ခါထပ်ခါမှာရသေးတယ်။
အရင်တုန်းကပါးလည်း ဒီလိုနေရာတွေ အျမဲလိုလိုသြားခဲ့ရတာကို ငယ်ငယ်ကသူ့အမေပြောပြလို့ သိနေခဲ့ဖူးတော့ သူ့အဖေချွေးသွေးတွေနဲ့ တည်ထောင်ခဲ့တဲ့ Wang Jewellery ကို သူကိုဆက်ခံစေချင်တာကြောင့် ပါးကအခုလိုတွေလုပ်ခိုင်းနေတာကို သူနားလည်ပေးနိုင်ခဲ့တယ်။ နောက်ပြီးဒီနေရာမှာ သူ့အသက်အန္တရာယ်မဖြစ်ရလေအောင် ပါးကဘယ်လောက်အထိ စီစဉ်ပေးထားသလဲဆိုတာလည်း သူတွေ့ခဲ့ရလို့ပါပဲ။
ကံဆိုးတာက စိန်တူးဖော်ရေးအဆင်မပြေမှုတွေက ဆက်တိုက်ဆိုသလိုဖြစ်လာနေတာမို့ တစ်နှစ်ပြည့်သွားပေမယ့်လည်းသူ့မှာ တရုတ်ကိုမပြန်နိုင်ခဲ့ဘူး။ အစကနောက်ထပ်ခြောက်လလောက် ထပ်နေရဦးမယ်လို့ သူထင်ခဲ့ပေမယ့် တကမ်းတမ်းကျ နှစ်နှစ်ကျော်သွားတဲ့အထိ မပြန်နိုင်တဲ့အခြေအနေမှာတော့ ဝမ်ရိပေါ်ကရှောင်းကျန့်ကို သူနဲ့အတူမခေါ်လာခဲ့မိတာကို နောင်တရသွားတယ်။ ဒီလိုမှန်းသိရင် ဒုက္ခခံရမယ်ဆိုရင်တောင် ရှောင်းကျန့်ကိုသူခေါ်လာခဲ့မိမယ်ထင်တယ်။ အခုတော့ သူလုပ်နိုင်တာက ဒီမှာဖြစ်နေတဲ့ ပြဿနာတွေကို အမြန်ဆုံးဖြေရှင်းပြီး တရုတ်ကိုသူပြန်ဖို့ပါပဲ။
တနေ့တာအလုပ်တွေပြီးချိန် ဖုန်းထဲကသူ့ရတနာလေးရဲ့ သူခိုးရိုက်ထားခဲ့တဲ့ပုံတွေကို တစိမ့်စိမ့်ကြည့်ရင်း ငိုကြွေးရတာကတော့ သူ့ရဲ့အလွမ်းဖြေနည်းလို့ပဲပြောရမလား...
သိပ်ချစ်တယ် ကျန့်ရယ်...ပြန်တွေ့ချိန်မှာတော့ မင်းကို ကိုယ်ဘယ်လောက်အထိ ချစ်ခဲ့ရကြောင်းတွေကို မင်းသိအောင်ပြောပြပြီး တဝကြီးနမ်းရှိုက်ချင်ပါသေးတယ်။
___________________________
နောက်အပိုင်းဆိုလက်ရှိကာလရောက်ပါပြီ။ ညကျတစ်ပိုင်း ဒါမှမဟုတ် နှစ်ပိုင်းထပ် up ပေးပါ့မယ်။
(26 Nov 2021)
Advertisement
- In Serial179 Chapters
Isekai'D Shoggoth
It begins as a usual isekai story.No, wait. It's worse. It's otome isekai. And I'm the villain.Of course, there must be some kind of cheat to make up for it. It's that kind of story.And my cheat is... being a shoggoth. Which apparently includes being a genius with setting up all sorts of production. Because "engineered to be universal labor" backstory for that race, I surmise.So... Screw it, full steam ahead. Let`s see what I can make out of this world and it's ikebana-based magic. (This is a mirror. Original was posted at https://www.scribblehub.com/series/117113/isekaid-shoggoth/ - As of Sept 2, this copy had been fully synchronised with original posting.)
8.09 2756 - In Serial23 Chapters
Ceon World Wanders
The world of Ceon is but a shard of the planet it once was. For five eras, death and disaster plagued the peoples as elemental energies ran rampant and bloody wars were fought over resources, territory and dominion. Now, the Sixth Era has arrived with the four predominant races uniting in the world's first global government. The promise of peace and stability brings hope for the people, but while all eyes are on the future, the threat forming in the present goes unseen. A darkness lies beneath the mask of serenity, darker yet than anything Ceon has seen before. Discover Ceon through the eyes of its many colourful inhabitants in World Wanders, a collection of short stories ranging from adventurous anecdotes to fantastic fables and comical tales. Accompanied by topographic illustrations, you wander the world in an anthology that surprises, awes and entices, every step of the way.
8 297 - In Serial11 Chapters
MAFIA || KTH x JJK
A story where an ordinary highschool boy getting kidnapped by the biggest mafia in the Korea when he got bullied by his friends.Does he really got kidnapped....?, what was the reason?Find it out now!Top: TaeBottom: Kookiesorry for the long update! im back now
8 153 - In Serial24 Chapters
Body Modifier: Energy Required
Aria ate a fish. [Energy: 2] Finished, he ate another fish. [Energy: 2] ... [Energy: 3] Without realizing it, he had finished 5 fishes. He felt a little bloat, he lay down with a full stomach, occasionally burped. Even though he didn't want to be a big lump of meatball, he still had to keep eating. At least until he found another way to accumulate energy. After all, if he didn't take advantage of his advantages, wasn't that stupid? His mind then drifted imagining which one he would use the energy for. Should he use it on his eyes, so it shot a beam of laser, like a certain bespectacled mutant? Should he use it on his bones, so it regenerated infinitely, like a certain character from an anime? Should he use it on his brain, so he became a genius, like a scientist with a bald head? Or should he use it on his vital organ, so that he became the manliest person in the world? While he was imagining things, suddenly his ears felt pinched. "Ouch!" "Didn't mom already say you can't play with fire, you brat?!" There he realized, knowing that no matter what he chose, he was still a child in front of his mother.
8 109 - In Serial65 Chapters
NCT 19th Member
The description is in the title :) If you have any suggestions on chapters make sure to let me know!
8 143 - In Serial17 Chapters
The Diary of Nico di Angelo
KEEP OUTIs this your diary?? NO. It's MINE. So put it down, and go bother someone else.
8 298