《My Jewel [ Complete ]》Part 3
Advertisement
"ဝူးးးးးး..."
"အ!!!"
ေဘးမွအ႐ွိန္ျဖင့္ ျဖတ္တိုက္လုမတတ္ ပြတ္ကာသီကာျဖတ္ေမာင္းသြားသည့္ အစိမ္းေရာင္ဆိုင္ကယ္တစ္စီးေၾကာင့္ အေနေအးသည့္ေကာင္ေလး၏ မ်က္ခံုးတန္းေလးမ်ားမွာ စုက်ံဳ႕သြားသည္အထိပင္...
သိုေပသိ အႏွီေကာင္ေလးသည္ကား ေတာင္းပန္ခံရဖို႔ေဝးစြ လ်စ္လ်ဴ႐ႈျခင္းကိုသာ လက္ခံခဲ့ရသည္။
"ဘယ္လိုလူလဲ? ဆိုင္ကယ္ကိုအဲဒီလိုအ႐ွိန္နဲ႔ ေမာင္းေနရေအာင္ ဒါကတကၠသိုလ္ေက်ာင္းဝင္းဆိုတာေရာ သတိရေသးရဲ႕လားမသိဘူး။ ဆိုင္ကယ္ၿပိဳင္ကြင္းနဲ႔ မွားေနသလားထင္ရတယ္"
အနည္းငယ္ေလ်ွာက်သြားသည့္ မ်က္မွန္ကိုင္း၏အလယ္ကို လက္ညိဳးကေလးျဖင့္ပင့္တင္လို႔ တစ္ေယာက္တည္း မေက်နပ္သလို စကားေတြေျပာေနသည့္ေကာင္ေလးမွာ သူသြားေနသည့္ အေဆာင္ေတြနားသို႔ေရာက္လာသည့္အခါ လြန္ခဲ့သည့္မိနစ္ပိုင္းေလာက္တုန္းက သူ႔ေဘးက ျဖတ္ေမာင္းသြားသည့္ ဆိုင္ကယ္ကိုေတြ႔လိုက္ရသည္။
"ဝမ္ရိေပၚ ေက်ာင္းလာတယ္!!"
"ဒီေန႔ဝမ္ရိေပၚ ေက်ာင္းတက္တယ္ဟ!"
တစ္ဆက္တည္းမွာပဲ ႐ုတ္တရက္ႀကီးလူသူသိပ္မ႐ွိသည့္ ထိုေနရာသို႔ဆက္တိုက္ဆိုသလို ထြက္ေပၚလာသည့္အသံႏွင့္အတူ ေရာက္႐ွိလာသည့္လူအမ်ား၏ ဦးတည္ရာေနရာမွာ ထိုဆိုင္ကယ္ေပၚမွဆင္းလာသည့္လူထံသို႔ျဖစ္ေနသည့္အခါ ေကာက္ခ်က္ခ်လိုက္သည္က...
"ထူးဆန္းလိုက္တာ ဆိုင္ကယ္စီးတဲ့လူကိုမျမင္ဖူးလို႔လား အဲဒီေလာက္လူေတြစုျပံဳလာရေအာင္"
ဘာရယ္မဟုတ္ ဆိုင္ကယ္ေပၚမွဆင္းလာသည့္သူကို တစ္ခ်က္လွမ္းၾကည့္လိုက္ေသာ္လည္း ျပံဳတိုးေနသည့္လူမ်ားေၾကာင့္ ဘာကိုမွေသခ်ာမျမင္လိုက္...
"ဆူညံလိုက္တာ အေဆာင္အေနာက္ဘက္မွာပဲ စာသြားဖတ္ေတာ့မယ္"
လ်ွင္ျမန္ျခင္းမ႐ွိ ခပ္ေႏွးေႏွးေျခလွမ္းေလးေတြျဖင့္ လူစည္ကားသည့္ေနရာမွ တစ္ေရြ႔ေရြ႔ေဝးကြာသြားသည့္ ေကာင္ေလးမွာအေနာက္မွအေျခအေနမ်ားကို စိတ္ဝင္စားဟန္မ႐ွိ သိလည္းမသိခ်င္ခဲ့....
"Ahhhhhh!!!"
ကန္တင္းတြင္ထမင္းစားေနတုန္း ၾကားလိုက္ရသည့္ ခပ္စူးစူးေအာ္သံေတြေၾကာင့္ ေ႐ွာင္းက်န္႔မွာလန္႔ျဖန္႔သြားၿပီး ဟိုဟိုဒီဒီ ေဝ့ဝဲၾကည့္လိုက္မိသည္။
ဘာျဖစ္ၾကတာလဲ ကန္တင္းမီးေလာင္လုိ႔မ်ားလား?
"အင့္!!"
အေတြးမဆံုးေသးခင္ သူ႔ထမင္းစားေနသည့္စားပြဲခံုကိုေရာ သူ႔ကိုပါဝင္တိုက္ကာ အျပင္ဘက္သို႔ထြက္ကုန္ၾကသည့္ လူအခ်ိဳ႕ေၾကာင့္ အခုအခ်ိန္အထိဘာျဖစ္ေနမွန္းမသိေသးသည့္ေ႐ွာင္းက်န္႔က ထပဲေျပးရမလိုလို ဆက္ပဲထိုင္ေနရမလိုလိုျဖင့္ ဘာလုပ္ရမွန္းမသိျဖစ္ေနျပန္သည္။
"ဝမ္ရိေပၚ!"
"ဝမ္ရိေပၚက ကန္တင္းလာတယ္"
"တကယ့္ကိုအထူးအဆန္းပဲ"
ေဘးပတ္က်င္မွထြက္ေပၚလာသည့္အသံၾကားမွ ျပဴးတူးတူးေလးလိုက္ၾကည့္ေနခဲ့သည့္ ေ႐ွာင္းက်န္႔တစ္ေယာက္သေဘာေပါက္သြားရသည္။
လာျပန္ၿပီလား ဒီဝမ္ရိေပၚဆိုတဲ့တစ္ေယာက္? ဒီေနာက္ပိုင္း ေက်ာင္းမွာဝမ္ရိေပၚဆိုတဲ့နာမည္ကို မၾကာခဏၾကားေနရတာမို႔ ဘယ္သူမွန္းမသိေပမယ့္ အဲဒီနာမည္ကိုေတာ့ေ႐ွာင္းက်န္႔က ေတာ္ေတာ္ေလးရင္းႏွီးေနၿပီျဖစ္သည္။
ဝမ္ရိေပၚဆိုတဲ့သူေရာက္လာတိုင္း အဲဒီလိုအသံေတြကို ဆူဆူညံညံၾကားေနရစျမဲ...သူ ေက်ာင္းတက္တာေလးႏွစ္႐ွိၿပီ။ အရင္ကဒီနာမည္ကုိသိပ္မၾကားဖူးေပမယ့္ ဒီေနာက္ပိုင္းက်မွ ေက်ာင္းမွာမၾကာခဏၾကားေနရသလိုပဲ ၾကည့္ရတာ ပထမႏွစ္ကမ်ားလား?
စိတ္မဝင္စားသည့္ႏွယ္ စားပြဲေပၚ႐ွိထမင္းစားပြဲဆီသို႔အၾကည့္ျပန္အေရာက္ ဟိုတစ္စဒီတစ္စ ျပန္႔က်ဲေနသည့္သူ၏စားေသာက္ဖြယ္ရာမ်ား...
ကုန္ပါၿပီ...ဟင္းေတြ ႏွေျမာစရာႀကီး....
သူငယ္ခ်င္းအေပါင္းအသင္းလည္းမ႐ွိသလို ေက်ာင္း႐ွိနာမည္ႀကီးမ်ားကိုလည္း သူႏွင့္မဆိုင္သလိုသာေနခဲ့သည့္ ေ႐ွာင္းက်န္႔က ဒီႏွစ္တြင္ေတာ့ ေက်ာင္းႏွစ္ပတ္လည္ပြဲတြင္ ေဖ်ာ္ေျဖမည့္စတိတ္စင္၏ ဒီဇိုင္းပိုင္းအား တာဝန္ယူေပးဖို႔ျဖစ္လာခဲ့သည္။
"အင္း lighting ကအလယ္ေနရာတည့္တည့္ကိုဦးစားေပးတာမွန္ေပမယ့္ ေဘးကအျပင္အဆင္ေလးေတြကိုလည္း သတိထားမိေအာင္လုပ္ဖုိ႔လိုေသးတယ္"
စတိတ္စင္ေအာက္တြင္လိုအပ္သည္မ်ားကို ေဆြးေႏြးေနသည့္ ေ႐ွာင္းက်န္႔က သူ၏တာဝန္ကိုေက်ပြန္စြာထမ္းေဆာင္ေနျခင္းျဖစ္သည္။
သံုးရက္ေလာက္အခ်ိန္ေပးၿပီးေနာက္တြင္ တင္ဆက္မႈျပဳဖို႔ရာ စတိတ္စင္ေလးမွာ အဆင္သင့္ျဖစ္လို႔ေနခဲ့သည္။
ေက်ာင္းႏွစ္ပတ္လည္ပြဲေန႔မွာ စတိတ္ဆင္အေနာက္ဘက္တြင္ မ်က္မွန္ဝိုင္းေလးတပ္ဆင္ထားသည့္ ေကာင္ေလးတစ္ေယာက္မွာ အလုပ္တ႐ႈပ္႐ႈပ္ျဖစ္ေနသည္။
ဒီ႐ႈိးပြဲတစ္ခုလံုးအဆင္ေျပေျပမၿပီးဆံုးေသးသေရြ႕ ေ႐ွာင္းက်န္႔ကစိတ္ခ်ႏိုင္မည္မဟုတ္။
"ဝမ္ရိေပၚ!! Ahhh!! ဝမ္ရိေပၚ!! ဝမ္ရိေပၚ!!"
ရင္းႏွီးေနၾကအသံကို ေက်ာင္းခန္းမတစ္ခုလံုးဟိန္းထြက္သည့္အသံျဖင့္ အားေပးေနၾကသည့္အခါ စင္အေနာက္ဘက္မွာ႐ွိေနသည့္ ေ႐ွာင္းက်န္႔၏စိတ္ထဲတြင္ သိခ်င္စိတ္ေသးေသးေလးျဖစ္ေပၚလာရသျဖင့္ စတိတ္စင္၏ေဘးေနရာသို႔သြားကာ စင္ေပၚ႐ွိေဖ်ာ္ေျဖတင္ဆက္ေနသည့္သူကိုသြားၾကည့္မိေတာ့ေလသည္။
ထိုအခါေတြ႔လိုက္ရသည္က မီးေရာင္မ်ားၿပိဳးၿပိဳးပ်က္ပ်က္ျဖင့္ ေတာက္ပေနသည့္အလင္းေရာင္ထက္ ပိုမိုထင္႐ွားေတာက္ပစြာျဖင့္ ကျပေဖ်ာ္ေျဖေနသည့္သူတစ္ေယာက္....
လႈပ္႐ွားမႈအားလံုးကစည္းခ်က္တစ္ခ်က္တိုင္းစီမွာ အ့ံဝင္ဂြင္က်ျဖစ္ေနသည္မွာ သဘာဝအေလ်ွာက္ေလတိုက္ခ်ိန္တြင္ ပြင့္ေႂကြက်လာသည့္ ပြင့္ဖတ္ေလးႏွင့္သစ္ရြက္စိမ္းေလးကို အခ်ဳိးက်ေပါင္းစပ္ထားသည့္ႏွယ္....
မ်က္ေတာင္တစ္ခ်က္မ်ွပင္မခတ္တမ္းေငးေနသည့္ ေ႐ွာင္းက်န္႔၏မ်က္ႏွာသည္ကာ စင္ျမင့္ထက္႐ွိတစ္စံုတစ္ေယာက္အား အထင္ႀကီးျခင္းေလးစားျခင္း သေဘာက်ျခင္းစသည့္ စိတ္ခံစားခ်က္ေပါင္းစံုထပ္ဟပ္ေနသည္ကို ျမင္ေတြ႔ရႏိုင္သည္။
ဤသို႔ျဖင့္တစ္ခ်ိန္တြင္နက္႐ိႈင္းစြာပတ္သတ္လာမည့္ၾကယ္တစ္ပြင့္အား ေ႐ွာင္းက်န္႔ကေငးေမာၾကည့္႐ႈခဲ့ဖူးေလသည္။
------------------------
ဝမ္ပါးဆီမွအျပန္ ကားေပၚတြင္လိုက္ပါလာသည့္ ေ႐ွာင္းက်န္႔၏အေတြးမ်ားက ျမစ္ေခ်ာင္းထဲေျမာပါစီးဆင္းေနသည့္ သစ္ရြက္ေျခာက္ကေလးႏွယ္ ေျခာက္ေသြ႔ညိဳးႏြမ္းစြာျဖင့္ ဦးတည္ရာမဲ့စြာအတိတ္တြင္ လြင့္ေျမာေနခဲ့သည္။
"ေကာေကာ ျပန္လာၿပီ ညစာဘာစားခ်င္လဲ?"
"ဟင့္အင့္ ေကာမစားေတာ့ဘူး အားလီကေတာ့ ကိုယ့္ဘာသာတစ္ခုခုမွာစားလိုက္ေနာ္"
"ဟုတ္ ေကာေကာ"
အိမ္ထဲသို႔ဝင္လိုက္သည္ႏွင့္ အားလီ၏တက္ႂကြစြာအေမးကို အျပံဳးမမည္ေသာအျပံဳးျဖင့္ ျပန္ေျဖေပးလိုက္မိသည္။
အိမ္ေပၚထပ္ရွိအခန္းထဲသို႔ေရာက္သည္ႏွင့္ ကုတင္ေပၚသို႔ေျခပစ္လက္ပစ္လွဲခ်လိုက္ေတာ့သည္။
ခႏာၱကိုယ္ကိုေဘးသို႔ေစာင္းငဲ့ၾကည့္လိုက္ေတာ့ လစ္ဟာေနသည့္တစ္ေနရာတြင္ ကိုယ္စားေနရာယူထားသည့္ ယုန္ုရုပ္ျဖဴျဖဴေလးတစ္႐ုပ္ကိုေတြ႔လိုက္ရသည္။
အင္း...သူ႔အတြက္မဟုတ္ခဲ့တဲ့ ရိေပၚဝယ္ေပးတဲ့ ယုန္႐ုပ္ေလး....
အထီးက်န္ဆန္လြန္းတဲ့ခံစားခ်က္ေတြ အနည္းငယ္သက္သာေစရန္အလို႔ဌာ ထိုအရုပ္ေလးအား ရင္ခြင္ထဲဆြဲသြင္းကာ ေပြ႔ပိုက္ထားလိုက္မိသည္။
သူတကယ္ပဲ ဒီေန႔ ဝမ္ပါးေျပာတာကို လက္ခံလိုက္သင့္သလား?
ယုန္႐ုပ္ကေလးပိုက္ထားသည့္ ယုန္ကေလးႏွင့္တူေသာ ေကာင္ေလးတစ္ေယာက္၏ အေတြးမ်ားက မရည္ရြယ္ပါပဲအတိတ္ဆီသို႔ အလည္တစ္ေခါက္ေရာက္သြားရျပန္သည္။
သူႏွင့္ရိေပၚလက္ထပ္ၿပီးသည့္အခါ ဝမ္ပါးလက္ဖြဲ႔ေပးခဲ့သည့္ အိမ္တြင္လိုက္ေနခဲ့ရသည္။ လက္ထပ္ၿပီးသည့္အခ်ိန္ကတည္းက ေ႐ွာင္းက်န္႔ကအိမ္ျပင္သို႔ ရိေပၚမသိဘဲ ထြက္ခြင့္မ႐ွိခဲ့သလို ရိေပၚကလည္းသူ႔အားမည္သည့္ေနရာမွေခၚသြားျခင္းအလ်ဥ္းမ႐ွိခဲ့ေပ။
အိမ္အတြက္လိုအပ္သည္မ်ားကိုဝယ္ရန္အတြက္ တစ္ပတ္တစ္ခါမွသာ ရိေပၚကကုန္တိုက္သို႔လိုက္ပို႔ေပးသည္။ တစ္ေခါက္တုန္းက သူႏွင့္ရိေပၚ ေစ်းဝယ္ေနတုန္း ရိေပၚက သူ႔ကုမၼဏီက ဒါ႐ိုက္တာအဖြဲ႔ဝင္တစ္ေယာက္၏ ကေလးေမြးေန႔ပြဲသို႔သြားလ်ွင္ေပးရန္ ဒီယုန္႐ုပ္ကေလးကို ဝယ္လာခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ေနာက္မွသိရသည္က ထိုကေလးမွာအ႐ုပ္ေတြကို သေဘာမက်သည့္ ေယာက္်ားေလးတစ္ေယာက္ျဖစ္ေန၍ ရိေပၚကဒီယုႏ္ုျဖဴေလးကိုျပန္ယူလာရသျဖင့္ သူကေတာင္းယူထားလိုက္ျခင္းသာ...
အဲဒီလိုပဲ ရိေပၚကသူ႔ကိုမည္သူႏွင့္မွလည္း မိတ္ဆက္မေပးတတ္သလို ကုမၼဏီမွက်င္းပသည့္မည္သည့္ပြဲအခမ္းအနားမ်ဳိးကိုမွလည္း ေခၚသြားျခင္းမ႐ွိခဲ့...
ဝမ္းနည္းလာဆိုေတာ့ သူနည္းနည္းေတာ့စိတ္မေကာင္းျဖစ္မိပါတယ္။ ဒါေပမယ့္တစ္ဖက္မွာလည္း သူရိေပၚကိုနားလည္ေပးႏိုင္တယ္။ လက္ထပ္ထားသူက ေယာက္်ားေလးတစ္ေယာက္ျဖစ္ေနတဲ့အျပင္ လူေတာေတာင္သိပ္မတိုးႏိုင္တဲ့ သူ႔လိုလူကို ရိေပၚလိုၿပီးျပည့္စံုတဲ့သူက လူၾကားထဲခ်ျပဖို႔ေတာ့ တြန္႔ဆုတ္ေနမွာပဲေလ။
လက္ထပ္ေပးတာနဲ႔တင္ ေက်းဇူးတင္ေနရၿပီကို သူကအဲဒီေလာက္ေတာ့သိတတ္ရမယ္မဟုတ္လား? အဲဒါေၾကာင့္ရိေပၚကို အဲဒီလိုေနရာေတြကုိေခၚသြားေပးဖို႔ သူ႔ဘက္ကတစ္ခါမွမေတာင္းဆိုခဲ့ဘူး။ ဒီအေျခအေနေလးမွာပဲ ေက်နပ္ေနခဲ့တာ...
ဒါေပမယ့္လည္းအခုေတာ့ အဲဒီလိုႀကီးမေနခ်င္ေတာ့ဘူး။ သူ ရိေပၚနဲ႔လိုက္ဖက္တဲ့သူတစ္ေယာက္ျဖစ္ခ်င္မိတယ္။ သူ႔ေၾကာင့္နဲ႔ရိေပၚကို လူအမ်ားေ႐ွ႕မွာ အ႐ွက္မရေစခ်င္ဘူး။
"ထုထုေလး ဝမ္ပါးေျပာတာကို ငါလက္ခံလိုက္သင့္လား? လက္ခံလိုက္ရင္ တစ္ခ်ိန္က်ရင္ ရိေပၚအတြက္အေထာက္အကူျဖစ္လာႏိုင္မယ္ထင္လား?"
------------------------
တစ္ႏွစ္ဟူသည့္အခ်ိန္သည္ကား လႈပ္႐ွားမႈမ်ားစြာ႐ွိေနသည့္ လူတစ္ေယာက္အတြက္ေတာ့ မည္ကဲ့သို႔ကုန္ဆံုးသြားမွန္းသိလိုက္မည္ပင္မဟုတ္ေခ်။ ျပန္လာမည္ဟုေျပာသြားသည့္သူကိုေစာင့္ေနခဲ့သည့္ လူသားေလး၏ႏွလံုးသားသည္လည္း တစ္ျဖည္းျဖည္းျဖင့္အသားက်လာခဲ့သည္။
Advertisement
သို႔သည္တိုင္ထြက္ခြာသြားသည့္သူကေတာ့ အဆက္အသြယ္ပင္ေသခ်ာမလုပ္ခဲ့သလို မေရရာသည့္အေၾကာင္းျပခ်က္ေတြျဖင့္ အခ်ိန္ေတြကုန္ဆံုးခဲ့ရသည္မွာ ရက္ေပါင္းတစ္ေထာင္သို႔ပင္ ေက်ာ္သြားခဲ့ေလသည့္အခါ ေစာင့္ေနရသည့္ႏွလံုးသားတစ္စံုမွာ ေအးခဲျခင္းမ႐ွိ မေျပာင္းလဲစြာတည္႐ွိေနလိမ့္မည္ဟု မည္သူမွအတပ္မေျပာႏိုင္ေတာ့...
သံုးႏွစ္ေက်ာ္ၾကာၿပီးမွ အမိေျမသို႔ျပန္လည္ေျခခ်လာသည့္ တည္ၿငိမ္ေနေသာမ်က္ႏွာထား႐ွိသည့္သူတစ္ေယာက္မွာ ေစာင့္ႀကိဳေနမည့္သူမ႐ွိစြာ ေလဆိပ္မွထြက္လာသည္ႏွင့္ အဌားယာဥ္တစ္စီးေပၚသို႔ လိုက္ပါစီးနင္းလိုက္သည္။
အိမ္ဟူသည့္အရပ္ဆီသို႔ဦးတည္ေနသည့္ ကားေလး၏အေနာက္ခန္းတြင္ မ်က္ဝန္းမ်ားကိုဖိမွိတ္ကာ အနားယူလိုက္ပါလာသည့္ ဝမ္ရိေပၚမွာ ကားလမ္းမ၏ ေဘးပတ္ဝန္းတစ္ေလ်ွာက္ကို ဂ႐ုစိုက္ျခင္းအလ်ဥ္းမ႐ွိသည့္အခါ ေနရာတိုင္းနီးပါး႐ွိေၾကျငာဆိုင္းဘုတ္ႀကီးမ်ားတြင္ ဝံ့ႂကြားစြာေနရာယူထားေသာ ရင္းႏွီးေနမည္ျဖစ္သည့္ ေတာက္ပလြန္းေသာျပံဳးအလွပိုင္႐ွင္ေလးတစ္ေယာက္၏ပံုရိပ္အား ျမင္ေတြ႔ခြင့္မ႐ွိခဲ့....
__________________________
(9 Nov 2021)
"ဝူးးးးးး..."
"အ!!!"
ဘေးမှအရှိန်ဖြင့် ဖြတ်တိုက်လုမတတ် ပွတ်ကာသီကာဖြတ်မောင်းသွားသည့် အစိမ်းရောင်ဆိုင်ကယ်တစ်စီးကြောင့် အနေအေးသည့်ကောင်လေး၏ မျက်ခုံးတန်းလေးများမှာ စုကျုံ့သွားသည်အထိပင်...
သိုပေသိ အနှီကောင်လေးသည်ကား တောင်းပန်ခံရဖို့ဝေးစွ လျစ်လျူရှုခြင်းကိုသာ လက်ခံခဲ့ရသည်။
"ဘယ္လိုလူလဲ? ဆိုင်ကယ်ကိုအဲဒီလိုအရှိန်နဲ့ မောင်းနေရအောင် ဒါကတက္ကသိုလ်ကျောင်းဝင်းဆိုတာရော သတိရသေးရဲ့လားမသိဘူး။ ဆိုင်ကယ်ပြိုင်ကွင်းနဲ့ မှားနေသလားထင်ရတယ်"
အနည်းငယ်လျှောကျသွားသည့် မျက်မှန်ကိုင်း၏အလယ်ကို လက်ညိုးကလေးဖြင့်ပင့်တင်လို့ တစ်ယောက်တည်း မကျေနပ်သလို စကားတွေပြောနေသည့်ကောင်လေးမှာ သူသွားနေသည့် အဆောင်တွေနားသို့ရောက်လာသည့်အခါ လွန်ခဲ့သည့်မိနစ်ပိုင်းလောက်တုန်းက သူ့ဘေးက ဖြတ်မောင်းသွားသည့် ဆိုင်ကယ်ကိုတွေ့လိုက်ရသည်။
"ဝမ်ရိပေါ် ကျောင်းလာတယ်!!"
"ဒီနေ့ဝမ်ရိပေါ် ကျောင်းတက်တယ်ဟ!"
တစ်ဆက်တည်းမှာပဲ ရုတ်တရက်ကြီးလူသူသိပ်မရှိသည့် ထိုနေရာသို့ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည့်အသံနှင့်အတူ ရောက်ရှိလာသည့်လူအများ၏ ဦးတည်ရာနေရာမှာ ထိုဆိုင်ကယ်ပေါ်မှဆင်းလာသည့်လူထံသို့ဖြစ်နေသည့်အခါ ကောက်ချက်ချလိုက်သည်က...
"ထူးဆန်းလိုက်တာ ဆိုင်ကယ်စီးတဲ့လူကိုမမြင်ဖူးလို့လား အဲဒီလောက်လူတွေစုပြုံလာရအောင်"
ဘာရယ်မဟုတ် ဆိုင်ကယ်ပေါ်မှဆင်းလာသည့်သူကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း ပြုံတိုးနေသည့်လူများကြောင့် ဘာကိုမှသေချာမမြင်လိုက်...
"ဆူညံလိုက္တာ အဆောင်အနောက်ဘက်မှာပဲ စာသွားဖတ်တော့မယ်"
လျှင်မြန်ခြင်းမရှိ ခပ်နှေးနှေးခြေလှမ်းလေးတွေဖြင့် လူစည်ကားသည့်နေရာမှ တစ်ရွေ့ရွေ့ဝေးကွာသွားသည့် ကောင်လေးမှာအနောက်မှအခြေအနေများကို စိတ်ဝင်စားဟန်မရှိ သိလည်းမသိချင်ခဲ့....
"Ahhhhhh!!!"
ကန်တင်းတွင်ထမင်းစားနေတုန်း ကြားလိုက်ရသည့် ခပ်စူးစူးအော်သံတွေကြောင့် ရှောင်းကျန့်မှာလန့်ဖြန့်သွားပြီး ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်လိုက်မိသည်။
ဘာဖြစ်ကြတာလဲ ကန်တင်းမီးလောင်လို့များလား?
"အင့်!!"
အတွေးမဆုံးသေးခင် သူ့ထမင်းစားနေသည့်စားပွဲခုံကိုရော သူ့ကိုပါဝင်တိုက်ကာ အပြင်ဘက်သို့ထွက်ကုန်ကြသည့် လူအချို့ကြောင့် အခုအချိန်အထိဘာဖြစ်နေမှန်းမသိသေးသည့်ရှောင်းကျန့်က ထပဲပြေးရမလိုလို ဆက်ပဲထိုင်နေရမလိုလိုဖြင့် ဘာလုပ်ရမှန်းမသိဖြစ်နေပြန်သည်။
"ဝမ်ရိပေါ်!"
"ဝမ်ရိပေါ်က ကန်တင်းလာတယ်"
"တကယ့်ကိုအထူးအဆန်းပဲ"
ဘေးပတ်ကျင်မှထွက်ပေါ်လာသည့်အသံကြားမှ ပြူးတူးတူးလေးလိုက်ကြည့်နေခဲ့သည့် ရှောင်းကျန့်တစ်ယောက်သဘောပေါက်သွားရသည်။
လာပြန်ပြီလား ဒီဝမ်ရိပေါ်ဆိုတဲ့တစ်ယောက်? ဒီနောက်ပိုင်း ကျောင်းမှာဝမ်ရိပေါ်ဆိုတဲ့နာမည်ကို မကြာခဏကြားနေရတာမို့ ဘယ်သူမှန်းမသိပေမယ့် အဲဒီနာမည်ကိုတော့ရှောင်းကျန့်က တော်တော်လေးရင်းနှီးနေပြီဖြစ်သည်။
ဝမ်ရိပေါ်ဆိုတဲ့သူရောက်လာတိုင်း အဲဒီလိုအသံတွေကို ဆူဆူညံညံကြားနေရစမြဲ...သူ ကျောင်းတက်တာလေးနှစ်ရှိပြီ။ အရင်ကဒီနာမည်ကိုသိပ်မကြားဖူးပေမယ့် ဒီနောက်ပိုင်းကျမှ ကျောင်းမှာမကြာခဏကြားနေရသလိုပဲ ကြည့်ရတာ ပထမနှစ်ကများလား?
စိတ်မဝင်စားသည့်နှယ် စားပွဲပေါ်ရှိထမင်းစားပွဲဆီသို့အကြည့်ပြန်အရောက် ဟိုတစ္စဒီတစ္စ ပြန့်ကျဲနေသည့်သူ၏စားသောက်ဖွယ်ရာများ...
ကုန်ပါပြီ...ဟင်းတွေ နှမြောစရာကြီး....
သူငယ်ချင်းအပေါင်းအသင်းလည်းမရှိသလို ကျောင်းရှိနာမည်ကြီးများကိုလည်း သူနှင့်မဆိုင်သလိုသာနေခဲ့သည့် ရှောင်းကျန့်က ဒီနှစ်တွင်တော့ ကျောင်းနှစ်ပတ်လည်ပွဲတွင် ဖျော်ဖြေမည့်စတိတ်စင်၏ ဒီဇိုင်းပိုင်းအား တာဝန်ယူပေးဖို့ဖြစ်လာခဲ့သည်။
"အင်း lighting ကအလယ်နေရာတည့်တည့်ကိုဦးစားပေးတာမှန်ပေမယ့် ဘေးကအပြင်အဆင်လေးတွေကိုလည်း သတိထားမိအောင်လုပ်ဖို့လိုသေးတယ်"
စတိတ်စင်အောက်တွင်လိုအပ်သည်များကို ဆွေးနွေးနေသည့် ရှောင်းကျန့်က သူ၏တာဝန်ကိုကျေပွန်စွာထမ်းဆောင်နေခြင်းဖြစ်သည်။
သုံးရက်လောက်အချိန်ပေးပြီးနောက်တွင် တင်ဆက်မှုပြုဖို့ရာ စတိတ်စင်လေးမှာ အဆင်သင့်ဖြစ်လို့နေခဲ့သည်။
ကျောင်းနှစ်ပတ်လည်ပွဲနေ့မှာ စတိတ်ဆင်အနောက်ဘက်တွင် မျက်မှန်ဝိုင်းလေးတပ်ဆင်ထားသည့် ကောင်လေးတစ်ယောက်မှာ အလုပ်တရှုပ်ရှုပ်ဖြစ်နေသည်။
ဒီရှိုးပွဲတစ်ခုလုံးအဆင်ပြေပြေမပြီးဆုံးသေးသရွေ့ ရှောင်းကျန့်ကစိတ်ချနိုင်မည်မဟုတ်။
"ဝမ်ရိပေါ်!! Ahhh!! ဝမ်ရိပေါ်!! ဝမ်ရိပေါ်!!"
ရင်းနှီးနေကြအသံကို ကျောင်းခန်းမတစ်ခုလုံးဟိန်းထွက်သည့်အသံဖြင့် အားပေးနေကြသည့်အခါ စင်အနောက်ဘက်မှာရှိနေသည့် ရှောင်းကျန့်၏စိတ်ထဲတွင် သိချင်စိတ်သေးသေးလေးဖြစ်ပေါ်လာရသဖြင့် စတိတ်စင်၏ဘေးနေရာသို့သွားကာ စင်ပေါ်ရှိဖျော်ဖြေတင်ဆက်နေသည့်သူကိုသွားကြည့်မိတော့လေသည်။
ထိုအခါတွေ့လိုက်ရသည်က မီးရောင်များပြိုးပြိုးပျက်ပျက်ဖြင့် တောက်ပနေသည့်အလင်းရောင်ထက် ပိုမိုထင်ရှားတောက်ပစွာဖြင့် ကပြဖျော်ဖြေနေသည့်သူတစ်ယောက်....
လှုပ်ရှားမှုအားလုံးကစည်းချက်တစ်ချက်တိုင်းစီမှာ အ့ံဝင်ဂွင်ကျဖြစ်နေသည်မှာ သဘာဝအလျှောက်လေတိုက်ချိန်တွင် ပွင့်ကြွေကျလာသည့် ပွင့်ဖတ်လေးနှင့်သစ်ရွက်စိမ်းလေးကို အချိုးကျပေါင်းစပ်ထားသည့်နှယ်....
မျက်တောင်တစ်ချက်မျှပင်မခတ်တမ်းငေးနေသည့် ရှောင်းကျန့်၏မျက်နှာသည်ကာ စင်မြင့်ထက်ရှိတစ်စုံတစ်ယောက်အား အထင်ကြီးခြင်းလေးစားခြင်း သဘောကျခြင်းစသည့် စိတ်ခံစားချက်ပေါင်းစုံထပ်ဟပ်နေသည်ကို မြင်တွေ့ရနိုင်သည်။
ဤသို့ဖြင့်တစ်ချိန်တွင်နက်ရှိုင်းစွာပတ်သတ်လာမည့်ကြယ်တစ်ပွင့်အား ရှောင်းကျန့်ကငေးမောကြည့်ရှုခဲ့ဖူးလေသည်။
------------------------
ဝမ်ပါးဆီမှအပြန် ကားပေါ်တွင်လိုက်ပါလာသည့် ရှောင်းကျန့်၏အတွေးများက မြစ်ချောင်းထဲမြောပါစီးဆင်းနေသည့် သစ်ရွက်ခြောက်ကလေးနှယ် ခြောက်သွေ့ညိုးနွမ်းစွာဖြင့် ဦးတည်ရာမဲ့စွာအတိတ်တွင် လွင့်မြောနေခဲ့သည်။
"ကောကော ပြန်လာပြီ ညစာဘာစားချင်လဲ?"
"ဟင့်အင့် ကောမစားတော့ဘူး အားလီကတော့ ကိုယ့်ဘာသာတစ်ခုခုမှာစားလိုက်နော်"
"ဟုတ် ကောကော"
အိမ်ထဲသို့ဝင်လိုက်သည်နှင့် အားလီ၏တက်ကြွစွာအမေးကို အပြုံးမမည်သောအပြုံးဖြင့် ပြန်ဖြေပေးလိုက်မိသည်။
အိမ်ပေါ်ထပ်ရှိအခန်းထဲသို့ရောက်သည်နှင့် ကုတင်ပေါ်သို့ခြေပစ်လက်ပစ်လှဲချလိုက်တော့သည်။
ခန္တာကိုယ်ကိုဘေးသို့စောင်းငဲ့ကြည့်လိုက်တော့ လစ်ဟာနေသည့်တစ်နေရာတွင် ကိုယ္စားနေရာယူထားသည့် ယုန်ုရုပ်ဖြူဖြူလေးတစ်ရုပ်ကိုတွေ့လိုက်ရသည်။
အင်း...သူ့အတွက်မဟုတ်ခဲ့တဲ့ ရိပေါ်ဝယ်ပေးတဲ့ ယုန်ရုပ်လေး....
အထီးကျန်ဆန်လွန်းတဲ့ခံစားချက်တွေ အနည်းငယ်သက်သာစေရန်အလို့ဌာ ထိုအရုပ်လေးအား ရင်ခွင်ထဲဆွဲသွင်းကာ ပွေ့ပိုက်ထားလိုက်မိသည်။
သူတကယ်ပဲ ဒီနေ့ ဝမ်ပါးပြောတာကို လက်ခံလိုက်သင့်သလား?
ယုန်ရုပ်ကလေးပိုက်ထားသည့် ယုန္ကလေးနှင့်တူသော ကောင်လေးတစ်ယောက်၏ အေတြးမ်ားက မရည်ရွယ်ပါပဲအတိတ်ဆီသို့ အလည်တစ်ခေါက်ရောက်သွားရပြန်သည်။
သူနှင့်ရိပေါ်လက်ထပ်ပြီးသည့်အခါ ဝမ်ပါးလက်ဖွဲ့ပေးခဲ့သည့် အိမ်တွင်လိုက်နေခဲ့ရသည်။ လက်ထပ်ပြီးသည့်အချိန်ကတည်းက ရှောင်းကျန့်ကအိမ်ပြင်သို့ ရိပေါ်မသိဘဲ ထွက်ခွင့်မရှိခဲ့သလို ရိပေါ်ကလည်းသူ့အားမည်သည့်နေရာမှခေါ်သွားခြင်းအလျဉ်းမရှိခဲ့ပေ။
အိမ်အတွက်လိုအပ်သည်များကိုဝယ်ရန်အတွက် တစ်ပတ်တစ်ခါမှသာ ရိပေါ်ကကုန်တိုက်သို့လိုက်ပို့ပေးသည်။ တစ်ခေါက်တုန်းက သူနှင့်ရိပေါ် ဈေးဝယ်နေတုန်း ရိပေါ်က သူ့ကုမ္မဏီက ဒါရိုက်တာအဖွဲ့ဝင်တစ်ယောက်၏ ကလေးမွေးနေ့ပွဲသို့သွားလျှင်ပေးရန် ဒီယုန်ရုပ်ကလေးကို ဝယ်လာခဲ့ခြင်းဖြစ်သည်။ သို့သော်နောက်မှသိရသည်က ထိုကလေးမှာအရုပ်တွေကို သဘောမကျသည့် ယောက်ျားလေးတစ်ယောက်ဖြစ်နေ၍ ရိပေါ်ကဒီယုန်ုဖြူလေးကိုပြန်ယူလာရသဖြင့် သူကတောင်းယူထားလိုက်ခြင်းသာ...
အဲဒီလိုပဲ ရိပေါ်ကသူ့ကိုမည်သူနှင့်မှလည်း မိတ်ဆက်မပေးတတ်သလို ကုမ္မဏီမှကျင်းပသည့်မည်သည့်ပွဲအခမ်းအနားမျိုးကိုမှလည်း ခေါ်သွားခြင်းမရှိခဲ့...
ဝမ်းနည်းလာဆိုတော့ သူနည်းနည်းတော့စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့်တစ်ဖက်မှာလည်း သူရိပေါ်ကိုနားလည်ပေးနိုင်တယ်။ လက္ထပ္ထားသူက ယောက်ျားလေးတစ်ယောက်ဖြစ်နေတဲ့အပြင် လူတောတောင်သိပ်မတိုးနိုင်တဲ့ သူ့လိုလူကို ရိပေါ်လိုပြီးပြည့်စုံတဲ့သူက လူကြားထဲချပြဖို့တော့ တွန့်ဆုတ်နေမှာပဲလေ။
လက်ထပ်ပေးတာနဲ့တင် ကျေးဇူးတင်နေရပြီကို သူကအဲဒီလောက်တော့သိတတ်ရမယ်မဟုတ်လား? အဲဒါကြောင့်ရိပေါ်ကို အဲဒီလိုနေရာတွေကိုခေါ်သွားပေးဖို့ သူ့ဘက်ကတစ်ခါမှမတောင်းဆိုခဲ့ဘူး။ ဒီအခြေအနေလေးမှာပဲ ကျေနပ်နေခဲ့တာ...
ဒါပေမယ့်လည်းအခုတော့ အဲဒီလိုကြီးမနေချင်တော့ဘူး။ သူ ရိပေါ်နဲ့လိုက်ဖက်တဲ့သူတစ်ယောက်ဖြစ်ချင်မိတယ်။ သူ့ကြောင့်နဲ့ရိပေါ်ကို လူအများရှေ့မှာ အရှက်မရစေချင်ဘူး။
"ထုထုလေး ဝမ်ပါးပြောတာကို ငါလက်ခံလိုက်သင့်လား? လက်ခံလိုက်ရင် တစ်ချိန်ကျရင် ရိပေါ်အတွက်အထောက်အကူဖြစ်လာနိုင်မယ်ထင်လား?"
------------------------
တစ်နှစ်ဟူသည့်အချိန်သည်ကား လှုပ်ရှားမှုများစွာရှိနေသည့် လူတစ်ယောက်အတွက်တော့ မည်ကဲ့သို့ကုန်ဆုံးသွားမှန်းသိလိုက်မည်ပင်မဟုတ်ချေ။ ပြန်လာမည်ဟုပြောသွားသည့်သူကိုစောင့်နေခဲ့သည့် လူသားလေး၏နှလုံးသားသည်လည်း တစ်ဖြည်းဖြည်းဖြင့်အသားကျလာခဲ့သည်။
သို့သည်တိုင်ထွက်ခွာသွားသည့်သူကတော့ အဆက်အသွယ်ပင်သေချာမလုပ်ခဲ့သလို မရေရာသည့်အကြောင်းပြချက်တွေဖြင့် အချိန်တွေကုန်ဆုံးခဲ့ရသည်မှာ ရက်ပေါင်းတစ်ထောင်သို့ပင် ကျော်သွားခဲ့လေသည့်အခါ စောင့်နေရသည့်နှလုံးသားတစ်စုံမှာ အေးခဲခြင်းမရှိ မပြောင်းလဲစွာတည်ရှိနေလိမ့်မည်ဟု မည်သူမှအတပ်မပြောနိုင်တော့...
သုံးနှစ်ကျော်ကြာပြီးမှ အမိမြေသို့ပြန်လည်ခြေချလာသည့် တည်ငြိမ်နေသောမျက်နှာထားရှိသည့်သူတစ်ယောက်မှာ စောင့်ကြိုနေမည့်သူမရှိစွာ လေဆိပ်မှထွက်လာသည်နှင့် အဌားယာဉ်တစ်စီးပေါ်သို့ လိုက်ပါစီးနင်းလိုက်သည်။
အိမ်ဟူသည့်အရပ်ဆီသို့ဦးတည်နေသည့် ကားလေး၏အနောက်ခန်းတွင် မျက်ဝန်းများကိုဖိမှိတ်ကာ အနားယူလိုက်ပါလာသည့် ဝမ်ရိပေါ်မှာ ကားလမ်းမ၏ ဘေးပတ်ဝန်းတစ်လျှောက်ကို ဂရုစိုက်ခြင်းအလျဉ်းမရှိသည့်အခါ နေရာတိုင်းနီးပါးရှိကြေငြာဆိုင်းဘုတ်ကြီးများတွင် ဝံ့ကြွားစွာနေရာယူထားသော ရင်းနှီးနေမည်ဖြစ်သည့် တောက်ပလွန်းသောပြုံးအလှပိုင်ရှင်လေးတစ်ယောက်၏ပုံရိပ်အား မြင်တွေ့ခွင့်မရှိခဲ့....
__________________________
(9 Nov 2021)
Advertisement
- In Serial28 Chapters
I Want To Get Isekai'd But The World Does Not Want Me To
Hinata Tasuke is an ordinary Otaku, Shut-in NEET! But he has a dream of getting isekai'd someday. So he was waiting for the day it would come. So, he tried all varied methods to be able to get isekai'd, but he failed. But, one day girl named Clattanoia and a boy named Euclius appeared out of nowhere from a different world. They wanted to get back to their world as soon as possible. Sharing the same goals, Tasuke, Clattanoia, and Euclius are going to team up to be able to get isekai'd
8 229 - In Serial9 Chapters
Stilted Waters Edge written by Travis Willier
In the far off Galaxy there is a planet that is 90% water. There are small villages throughout all of the water. These villages were small stilted building's cylinder in shape consisting of two to three levels where people lived a culture based around the water they live above. They pray to fish and monster beings that are said to thrive in the oceans deep. These are ancient people that are descendants of the land; the old ones speak of a Time when men fought over cities and land. Now people pass their time fighting each other over fishing territory and remnants of their distant past. This is their story.
8 192 - In Serial35 Chapters
Runes & Brews
How does a coward live out his dreams of adventure? At last, Theo’s found a way -- vicariously. When he arrives in Romuen, the grand City of Adventurers, his plan is set: establish his shop, and supply the heroes with all the alchemical wares and enchanted creations they might need. Even better, he'll do it for a fair price. Little does he know, Theo brewed up more trouble than potions. When his fellow merchants come sniffing around with threats and thugs, Theo sees through Romuen's gleaming glass walls to the corruption within. Before long, he’s caught up in the middle of a silent war he didn’t realize he’d signed up for. With a handsome adventurer on one side and his loyal companions on the other, he has allies. But he's the one that'll have to make the final choice -- his dreams, or his safety. And he'd better decide fast, because his troubles are about to boil over. ------------- The cover art for this story is done by my best friend https://bkalicky.artstation.com/ !
8 205 - In Serial19 Chapters
Star Wars : Rise of the New Order
The Order has fallen and the Jedi are dead or scattered in the Universe, all hope is lost.But what if...But what if there was a young man who could stop all this before it happens? Someone who could guide Skywalker or warn the Order of the Evil in their middleOr... Someone who makes his own order?
8 144 - In Serial16 Chapters
LACUNA || R.A.B
Ivy Binns has hated Regulus Black for almost ever since she laid her eyes on him. She believed his sole purpose in life was to annoy her. But could one moment of vulnerability make her see him in a new light? Could a single purpose bind them together?─ A Regulus Black Fanfiction -Slow updates
8 155 - In Serial501 Chapters
MMORPG: Rebirth as an Alchemist
For the sake of his family, Ren embarked on the popular VRMMORPG, COVENANT, that used real-time in-game currency. But being a mediocre player who only knows how to gather information, he was put in a supporting role. As the game explodes in popularity and every multibillion-dollar company invested in the game, things have turned for the worse for Ren. Due to the amount of information he gathered, the cheats, secrets, quests, and bugs he discovered, he was silent in fear of selling the information to the other guilds. But given a second chance, he went back in time when his father was still alive and COVENANT was just in its starting phase. This time . . . he wouldn’t be that guy on the side who gathered information from day in and day out for ten years. Equipped with the games knowledge he accumulated, he will become . . . an Alchemist! Chrono Mage? Djin Master? Summoner? Necromancer? Chaos Lord? What good are those? Sure they’re powerful and rare classes and sought after by guilds, but it’s the alchemist who forged artifacts and concocts rare items and potions that gets the most coins at the end of the day! It was better than being a blacksmith or a crafter! Plus, he could use all sorts of magic without limit to race and class! It was the ultimate class! And no one even knows it! Thank you for reading MMORPG: Rebirth as an Alchemist novel @ ReadWebNovels.net Read Daily Updated Light Novel, Web Novel, Chinese Novel, Japanese And Korean Novel Online.
8 221

