《My Jewel [ Complete ]》Part 2
Advertisement
ၿပိဳလဲခ်င္ေနသည့္စိတ္ေၾကာင့္ မ်က္ဝန္းထဲမွတားဆီးမရစြာ ခုန္ဆင္းလာခ်င္ေနေသာ မ်က္ရည္စမ်ားကို အေ႐ွ႕တြင္ထိုင္ေနသည့္ ရိေပၚမျမင္ရေစဖို႔ရာ ေ႐ွာင္းက်န္႔ကႀကိဳးစားလို႔ထိန္းယူတယ္။
တုန္ယင္ခ်င္ေနတဲ့အသံေတြေၾကာင့္ စားပြဲေပၚကေရခြက္ကိုယူၿပီး ေသာက္လိုက္ရတယ္။ ၿပီးမွသူ႔စိတ္သူျပန္ထိန္းၿပီးေမးလိုက္မိတယ္။
"ငါ..ငါ့ကိုေရာ ေခၚသြားမွာလား?"
ေမးသာေမးလိုက္ရတယ္။ တကယ္ေတာ့ အေျဖကိုေ႐ွာင္းက်န္႔ကသိေနႏွင့္ၿပီးသားပါ။
"ဟင့္အင္း"
သူထင္တဲ့အတိုင္းပါပဲ။ အျမဲလိုလို ရိေပၚေျပာရင္ တစ္ခြန္းဆိုတစ္ခြန္း အထြဋ္မတတ္ဘဲနာခံခဲ့တဲ့သူက ဒီတစ္ခါမွာေတာ့ အရဲစြန္႔လို႔ ေမးခြန္းျပန္ထုတ္လိုက္မိတယ္။
"ဘာျဖစ္လုိ႔လဲ?"
"ကိုယ္သြားမယ့္ေနရာက နည္းနည္းၾကမ္းတယ္ အာဖရိကဆိုေပမယ့္ ေတာေတာင္ေတြထဲဘက္ကုိသြားရမွာ အဲဒါေၾကာင့္လူမ်ားရင္အဆင္မေျပဘူး"
လူမ်ားရေအာင္ ငါတစ္ေယာက္တည္းလိုက္မွာေလ လို႔ေျပာခ်င္ေပမယ့္ ေ႐ွာင္းက်န္႔ကစကားေတြကိုျပန္မ်ိဳခ်လိုက္မိတယ္။ သူေျပာလည္း ရိေပၚကသူ႔ကိုေခၚခ်င္ပံုမွမရတာ။
"ဘယ္ေတာ့သြားမွာလဲ?"
လက္ထဲမွာကိုင္လက္စတူကို အေၾကာင္းအရင္းမ႐ွိ အားထပ္ထည့္ကုိင္ၿပီး ေ႐ွာင္းက်န္႔ေမးလိုက္မိတယ္။ အခုခ်ိန္မွာ သူ႔မ်က္ဝန္းေတြဂဏာမၿငိမ္ျဖစ္ေနလားလည္း သူမသိဘူး။
"ေနာက္သံုးရက္ေနရင္"
အဲဒီေလာင္ေတာင္ျမန္ရလား? တကယ္ပဲအားလံုးစီစဥ္ၿပီးမွ သူ႔ကိုအသိေပးပံုရတယ္။
ရိေပၚတို႔ရဲ႕ ကုမၼဏီက တ႐ုတ္ႏိုင္ငံမွာတင္မကဘဲ ကမာၻနဲ႔အဝွမ္းမွာပါ ေက်ာက္မ်က္ရတနာေတြဆိုင္ေတြ႐ွိတာ။ အခုလည္း အာဖရိကကို အဲဒီအလုပ္ကိစၥေတြနဲ႔ပဲ သြားရမယ့္ပံုပါပဲ။ အရင္ကလည္း ခရီးေတြသြားရေလ့႐ွိေပမယ့္ သံုးေလးရက္ထက္မပိုဘူး။ အခုလိုမ်ိဳး အၾကာႀကီးဆိုေတာ့ ေ႐ွာင္းက်န္႔တကယ္ဝမ္းနည္းမိတာ။
"ကိုယ္သြားေနတဲ့အေတာအတြင္းမွာ အိမ္မွာတစ္ေယာက္တည္းျဖစ္မေနရေအာင္ ဝမ္အိမ္ေတာ္မွာႀကီးျပင္းလာတဲ့ အားလီဆိုတဲ့ကေလးကိုထားခဲ့ေပးမယ္"
"-------"
"သူက ကေလးအရြယ္ပဲ႐ွိေသးေပမယ့္ ဘယ္သူမွမ႐ွိတာထက္စာရင္ေတာ့ အေဖာ္ရတာေပါ့။ လိုအပ္တာေတြဝယ္ဖို႔ကိုေတာ့ တစ္ပတ္တစ္ခါ ဝမ္အိမ္ေတာ္ကေန လူလႊတ္ေပးလိမ့္မယ္။ ကိုယ္တိုင္ထြက္မဝယ္နဲ႔ လိုတာအားလံုးသူတုိ႔ကုိသာေျပာလိုက္"
"-------"
"က်န္႔ က်န္႔! ေ႐ွာင္းက်န္႔!!"
"ဟင္ အင္း"
သူေျပာေနတာေတြကိုနားေထာင္ေနပံုမရတဲ့ ေ႐ွာင္းက်န္႔ကစိတ္လြတ္ေနပံုရတာမို႔ ဝမ္ရိေပၚသူ႔အသံအေနအထားကိုျမႇင့္ၿပီးေခၚလိုက္မွ တစ္ဖက္လူကျပန္ထူးလာေတာ့တယ္။
"ကိုယ္ေျပာေနတာၾကားလား?"
"ေတာင္းပန္ပါတယ္...ငါ..ငါ"
"ထားလိုက္ေတာ့ ေနာက္မွပဲေျပာေတာ့မယ္"
ဝမ္ရိေပၚအေျပာေၾကာင့္ထမင္းဝိုင္းမွေ႐ွာင္းက်န္႔ထဖို႔ျပင္လိုုုက္ခ်ိန္
"ဘာလို႔လဲ စားလို႔မၿပီးေသးဘူးမလား?"
"ဗိုက္ဝၿပီ"
ပန္းကန္ေတြကိုဘယ္လိုသိမ္းဆည္းေဆးေၾကာၿပီးလို႔ ဘယ္လိုအေပၚထပ္ကိုျပန္ေ႐ာက္လာလဲဆိုတာေတာင္ အသိစိတ္လြတ္ေနခဲ့တဲ့ ေ႐ွာင္းက်န္႔ကမသိလိုက္ဘူး။
ေသခ်ာသိလိုက္တာတစ္ခုကေတာ့ အဲဒီေန႔ကညက သူတစ္ညလံုးအိပ္မေပ်ာ္ခဲ့ဘူးဆိုတာပါပဲ။
-----------------------------
ခုႏွစ္ဆယ့္ႏွစ္နာရီဆိုတဲ့အခ်ိန္က မ်က္စိတစ္မွတ္အတြင္းကုန္ဆံုးတယ္။ ဒီသံုးရက္လံုး ရိေပၚကအလုပ္ေတြနဲ႔႐ႈပ္ေနသလို သူကလည္းလိုအပ္တာေတြျပင္ဆင္ေပး တဝတ္အစားေတြထည့္ေပးနဲ႔ လံုးဝကိုမအားလပ္ခဲ့ဘူး။
မနက္ျဖန္မနက္ဆိုရင္ ဝမ္ရိေပၚက သြားရေတာ့မယ္။ ကုတင္ေပၚမွာ ငုတ္တုတ္ေမ့ေနတဲ့ ေ႐ွာင္းက်န္႔က အေနာက္ကေန သူ႔ခါးကိုဖက္တြယ္လာၿပီး လည္ပင္းကိုတစ္႐ႈံ႕႐ႈံ႕လာနမ္းေနတဲ့ ရိေပၚေၾကာင့္သာ အသိျပန္ဝင္လာရတယ္။
အခုရိေပၚက ဘယ္လမ္းကိုဦးတည္ေတာ့မလဲဆိုတာ သူသိေနသလို ထြက္မသြားခင္ ေနာက္ဆံုးအေနနဲ႔ သူလည္းႏႈတ္ဆက္ခ်င္ေနခဲ့တာမို႔ မျငင္းဆန္မိဘူး။
ခြဲခြာရေတာ့မယ္ဆိုတဲ့အသိေၾကာင့္ပဲလား ဒီညေလးကိုေ႐ွာင္းက်န္႔က ျမန္ျမန္မကုန္ဆံုးေစဖို႔ဆုေတာင္းတယ္။ ျပင္းထန္လြန္းတဲ့ သူ႔ဆုေတာင္းေတြေၾကာင့္ပဲလားေတာ့မသိဘူး။ ႏွစ္ေယာက္သား ႏႈတ္ဆက္ျခင္းေတြက တစ္ညလံုးနီးပါး႐ွည္ၾကာေနလြန္းခဲ့တယ္။
သူ႔တို႔လက္ထပ္ခဲ့တဲ့အခ်ိန္ကတည္းကစၿပီး ဒီအေတာအတြင္းမွာ အခ်ိန္အၾကာဆံုးလို႔ေျပာရေလာက္တဲ့အထိ အေတာမသတ္ႏိုုုင္တဲ့ ေသြးသားဆႏၵေတြကို တစ္ႏွစ္စာအလြြမ္းအတြက္ႀကိဳစုၿပီး ဖလွယ္ေနမိၾကတဲ့ အထိပဲဆိုပါေတာ့....
အရာအားလံုးၿငိမ္သက္လို႔သြားတဲ့အခ်ိန္မွာေတာ့ ေ႐ွာင္းက်န္႔ကအရင္လို ႐ွက္ရြံ႕မေနႏိုင္ဘဲ ေႏြးေထြးတဲ့ရင္ခြင္က်ယ္ႀကီးရဲ႕ အေငြ႔အသက္ေအာက္က စကၠန္းပိုင္းေလးေတာင္ေပ်ာက္ကြယ္သြားမွာစိုးတဲ့အလား အတင္းကိုဖက္တြယ္ထားမိတယ္။ မိခင္ေပ်ာက္မွာေၾကာက္ေနတဲ့သားလိုျဖစ္ေနတဲ့သူ႔ကို ရိေပၚကလည္း သနားပံုရသြားတယ္ထင္ပါတယ္ အလုိက္သင့္ေလးျပန္ၿပီးေထြးဖက္လာေပးတယ္ေလ။
"ကိုယ္မ႐ွိတဲ့အခ်ိန္ တစ္ခုခုအေရးၾကံဳရင္ ပါးဆီကိုခ်က္ခ်င္းဆက္သြယ္ေနာ္"
"မၾကာခဏ ဆက္သြယ္မယ္မလား?"
"ကိုယ္အားရင္ေပါ့"
မအားဘူးဆိုမဆက္သြယ္ဘူးဆိုတဲ့သေဘာပဲ။ အဲဒီလိုပါပဲ သူသိတဲ့ဝမ္ရိေပၚဆိုတာ မတည္ႏိုင္တဲ့ကတိေတြကို ေဖာေဖာသီသီမေပးတတ္ဘူး။
ခ်စ္ရသူမ်က္ႏွာကုိ တစ္ညလံုးအဝထိုင္ၾကည့္ခ်င္ေနခ်င္တာမို႔ စိတ္ကတင္းခံေနေပမယ့္ ကိုယ္ခႏာၱကအရမ္းပင္ပန္းေနတဲ့အခါ ေ႐ွာင္းက်န္႔မ်က္ခြံေတြကေလးလံလာၿပီး ေနာက္ဆံုးေတာ့ မိုးလင္းခါနီးမွာ အိပ္ေပ်ာ္သြားခဲ့တယ္။ အိပ္ေပ်ာ္သြားတာမွ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ပါပဲ။
အစကတည္းက သူက အအိပ္မက္သူတစ္ေယာက္ျဖစ္ေနတာေၾကာင့္လည္း သူႏိုးလာေတာ့ ေနအေတာ္ျမင့္ေနၿပီျဖစ္သလို ေအးစက္ေနတဲ့အိပ္ယာေၾကာင့္ ထိတ္ျပာသြားရၿပီး အိပ္ယာထဲကေန ဆတ္ကနဲထလိုက္မိေတာ့ ဆစ္ကနဲျပင္းထန္စြာ နာက်င္သြားရတဲ့ခါးကို ဂ႐ုမစိုက္ႏိုင္ဘဲ အခန္းပတ္ဝန္းက်င္ကိုသာ အရင္လိုက္ၾကည့္မိတယ္။
မည္သူကိုမွမေတြ႕ရတဲ့အခါ ေ႐ွာင္းက်န္႔ကအိမ္ေအာက္ထပ္ကုိေျပးလို႔ဆင္းတယ္။ မယံုၾကည္ႏိုင္ေလာက္ေအာင္ပါပဲ ရိေပၚကသူ႔ကိုႏႈတ္ေတာင္မဆက္သြားဘဲ ဒီအတိုင္းႀကီးထားပစ္ခဲ့တယ္။
ဧည့္ခန္းၾကမ္းျပင္မွာ အ႐ုပ္ႀကိဳးျပတ္ထိုင္ခ်လိုက္တဲ့ ေ႐ွာင္းက်န္႔ကအေနာက္ကဆိုဖာခံုေလးကိုမွီလို႔ ဒူးေလးပိုက္ၿပီး က်ံဳ႕က်ံဳ႕ေလးငိုေနခဲ့တယ္။
ႏႈတ္ဆက္စကားတစ္ခြန္းေတာင္မေျပာသြားတဲ့ ဝမ္ရိေပၚကို သူတကယ္စိတ္ဆိုးပါတယ္။
-----------------------------
ေယာက္်ားျဖစ္သူကိုစိတ္ဆိုးေနခဲ့တဲ့ ေ႐ွာင္းက်န္႔ေလးကေနာက္တစ္ေန႔မွာ အာဖရိက,ကေနဖုန္းလွမ္းေခၚတာနဲ႔ တန္းၿပီးကိုင္ေတာ့တာပါပဲ။
ရိေပၚကအဆင္ေျပေျပေရာက္သြားေၾကာင္း သူ႔ကိုဖုန္းဆက္အသိေပးလာတာျဖစ္တယ္။ သြားမယ့္ေန႔ကဘာျဖစ္လို႔သူ႔ကိုႏႈတ္မဆက္တာလဲလို႔ ေမးျဖစ္ေမးအာင္ေမးလိုက္မိပါေသးတယ္။
ျပန္ရလိုက္တဲ့ အေျဖကေတာ့ ႐ိုး႐ိုး႐ွင္း႐ွင္းပါပဲ။ အိပ္ေပ်ာ္ေနတာမို႔လို႔ ဒီအတိုင္းထြက္သြားတာပါတဲ့။
အာဖရိကေရာက္တာသိပ္မၾကာေသးတဲ့ ဝမ္ရိေပၚက သံုးရက္တစ္ခါေလာက္ဖုန္းဆက္တတ္တယ္။ ဖုန္းေျပာေနခ်ိန္တစ္ေလ်ွာက္လံုးရိေပၚဘက္က စကားဆယ္ခြန္းေတာင္ျပည့္ေအာင္မေျပာခဲ့ေပမယ့္ နာရီဝက္ေလာက္ၾကာတတ္တာက အေတာမသတ္ႏိုင္တဲ့ေ႐ွာင္းက်န္႔ေၾကာင့္သာျဖစ္တယ္။ ေျပာေနရင္း ငိုသံေတြပါသြားတဲ့အခါ တစ္ဖက္ကသက္ျပင္းခပ္သဲ့သဲ့ခ်သံကိုၾကားရပါတယ္။
ေနာက္ေတာ့လည္း အငိုငိုအယိုယိုျဖစ္ေနတဲ့ သူ႔ကိုရိေပၚက စိတ္ကုန္သြားတယ္ထင္ပါရဲ႕..တစ္ပတ္တစ္ခါေတာင္ ဖုန္းမလာခ်င္ေတာ့ဘူး။ အလိုက္သိတဲ့ေ႐ွာင္းက်န္႔ကလည္း ဖုန္းေတာ့စမေခၚျဖစ္ခဲ့ပါဘူး။
ဒီလိုနဲ႔ပဲ သံုးလေလာက္ၾကာၿပီးတဲ့အခါမွာ ႏွစ္ေယာက္သားအဆက္အသြယ္လံုးဝျပတ္သြားခဲ့တယ္။ ရိေပၚရဲ႕အေၾကာင္းေတြသူသိခ်င္တာ႐ွိရင္ ဝမ္ပါးကိုသာေမးရတယ္။ ဝမ္ပါးကေတာ့ သူ႔ကိုစိတ္ခ်မ္းသာေအာင္ေျပာတယ္ထင္ပါရဲ႕..ရိေပၚဟိုမွာအဆင္ေျပတယ္ဆိုၿပီးေတာ့ေပါ့။ ဒါေပမယ့္ ဘယ္သူမွမသိတာက ေ႐ွာင္းက်န္႔ဆိုတဲ့သူကေတာ့ အဆင္ေျပမေနဘူးဆိုတာပါပဲ။
ရိေပၚထြက္သြားၿပီးကတည္းက အိမ္ထဲကအိမ္ျပင္ေတာင္မထြက္ျဖစ္ေတာ့တဲ့ သူ႔ကိုဒီေန႔မွာေတာ့ ဝမ္ပါးကကုမၼဏီကိုလာခိုင္းတာမို႔သြားရေတာ့တယ္။
"ေနေကာင္းရဲ႕လား သား"
"ဟုတ္"
"မ်က္ႏွာေလးေတာင္ေခ်ာင္က်သြားသလိုပဲ အစားေသခ်ာမစားဘူးလား?"
"မဟုတ္ပါဘူး"
"အားလီကေသခ်ာဂ႐ုမစိုက္ဘူးလား?"
"ဂ႐ုစိုက္ပါတယ္ ပါး"
အားလီဆိုတာ ရိေပၚထြက္သြားၿပီးေနာက္ေန႔မွာ သူ႔ကိုအေဖာ္လုပ္ေပးဖို႔ဆိုၿပီး ဝမ္အိမ္ကေနေရာက္လာတဲ့ ဆယ့္သံုးႏွစ္အရြယ္ကေလးေလး...
ရိေပၚရဲ႕အေဖက သူ႔မ်က္ႏွာကိုတစ္ခ်က္အကဲခတ္သလိုၾကည့္တယ္။ တစ္ခုခုေျပာခ်င္ေနတဲ့ပံုမို႔ သူကပဲအရင္စကားစလိုက္ရတယ္။
"ပါး ကြၽန္ေတာ့္ကိုေခၚတာကိစၥ႐ွိလို႔လားမသိဘူး"
"အင္း ကိစၥဆိုတာထက္ ေမးခ်င္တာေလး႐ွိလို႔ပါ"
"ဟုတ္ကဲ့ ေမးပါ"
"ဒီအတိုင္းပဲေနသြားေတာ့မွာလား သားက်န္႔"
"ဘာကိုလဲ ပါး"
"အိမ္ထဲမွာပဲေနၿပီးေတာ့ သားဘဝကိုဒီအတိုင္း အကုန္ဆံုးခံေတာ့မလုိ႔လားလို႔ေမတာ"
ဝမ္ပါး၏အေမးအဆံုး ေ႐ွာင္းက်န္႔တစ္ေယာက္ ငူငူငိုင္ငိုင္ျဖစ္သြားခဲ့ေလသည္။
Advertisement
_________________________
(4 Nov 2021)
ပြိုလဲချင်နေသည့်စိတ်ကြောင့် မျက်ဝန်းထဲမှတားဆီးမရစွာ ခုန်ဆင်းလာချင်နေသော မျက်ရည်စများကို အရှေ့တွင်ထိုင်နေသည့် ရိပေါ်မမြင်ရစေဖို့ရာ ရှောင်းကျန့်ကကြိုးစားလို့ထိန်းယူတယ်။
တုန်ယင်ချင်နေတဲ့အသံတွေကြောင့် စားပွဲပေါ်ကရေခွက်ကိုယူပြီး သောက်လိုက်ရတယ်။ ပြီးမှသူ့စိတ်သူပြန်ထိန်းပြီးမေးလိုက်မိတယ်။
"ငါ..ငါ့ကိုရော ခေါ်သွားမှာလား?"
မေးသာမေးလိုက်ရတယ်။ တကယ်တော့ အဖြေကိုရှောင်းကျန့်ကသိနေနှင့်ပြီးသားပါ။
"ဟင့်အင်း"
သူထင်တဲ့အတိုင်းပါပဲ။ အျမဲလိုလို ရိပေါ်ပြောရင် တစ်ခွန်းဆိုတစ်ခွန်း အထွဋ်မတတ်ဘဲနာခံခဲ့တဲ့သူက ဒီတစ်ခါမှာတော့ အရဲစွန့်လို့ မေးခွန်းပြန်ထုတ်လိုက်မိတယ်။
"ဘာဖြစ်လို့လဲ?"
"ကိုယ်သွားမယ့်နေရာက နည်းနည်းကြမ်းတယ် အာဖရိကဆိုပေမယ့် တောတောင်တွေထဲဘက်ကိုသွားရမှာ အဲဒါကြောင့်လူများရင်အဆင်မပြေဘူး"
လူများရအောင် ငါတစ်ယောက်တည်းလိုက်မှာလေ လို့ပြောချင်ပေမယ့် ရှောင်းကျန့်ကစကားတွေကိုပြန်မျိုချလိုက်မိတယ်။ သူပြောလည်း ရိပေါ်ကသူ့ကိုခေါ်ချင်ပုံမှမရတာ။
"ဘယ်တော့သွားမှာလဲ?"
လက်ထဲမှာကိုင်လက်စတူကို အကြောင်းအရင်းမရှိ အားထပ်ထည့်ကိုင်ပြီး ရှောင်းကျန့်မေးလိုက်မိတယ်။ အခုချိန်မှာ သူ့မျက်ဝန်းတွေဂဏာမငြိမ်ဖြစ်နေလားလည်း သူမသိဘူး။
"နောက်သုံးရက်နေရင်"
အဲဒီလောင်တောင်မြန်ရလား? တကယ်ပဲအားလုံးစီစဉ်ပြီးမှ သူ့ကိုအသိပေးပုံရတယ်။
ရိပေါ်တို့ရဲ့ ကုမ္မဏီက တရုတ်နိုင်ငံမှာတင်မကဘဲ ကမ္ဘာနဲ့အဝှမ်းမှာပါ ကျောက်မျက်ရတနာတွေဆိုင်တွေရှိတာ။ အခုလည်း အာဖရိကကို အဲဒီအလုပ်ကိစ္စတွေနဲ့ပဲ သွားရမယ့်ပုံပါပဲ။ အရင်ကလည်း ခရီးတွေသွားရလေ့ရှိပေမယ့် သုံးလေးရက်ထက်မပိုဘူး။ အခုလိုမျိုး အကြာကြီးဆိုတော့ ရှောင်းကျန့်တကယ်ဝမ်းနည်းမိတာ။
"ကိုယ်သွားနေတဲ့အတောအတွင်းမှာ အိမ်မှာတစ်ယောက်တည်းဖြစ်မနေရအောင် ဝမ်အိမ်တော်မှာကြီးပြင်းလာတဲ့ အားလီဆိုတဲ့ကလေးကိုထားခဲ့ပေးမယ်"
"-------"
"သူက ကလေးအရွယ်ပဲရှိသေးပေမယ့် ဘယ်သူမှမရှိတာထက်စာရင်တော့ အဖော်ရတာပေါ့။ လိုအပ်တာတွေဝယ်ဖို့ကိုတော့ တစ်ပတ်တစ်ခါ ဝမ်အိမ်တော်ကနေ လူလွှတ်ပေးလိမ့်မယ်။ ကိုယ်တိုင်ထွက်မဝယ်နဲ့ လိုတာအားလုံးသူတို့ကိုသာပြောလိုက်"
"-------"
"ကျန့် ကျန့်! ရှောင်းကျန့်!!"
"ဟင် အင်း"
သူပြောနေတာတွေကိုနားထောင်နေပုံမရတဲ့ ရှောင်းကျန့်ကစိတ်လွတ်နေပုံရတာမို့ ဝမ်ရိပေါ်သူ့အသံအနေအထားကိုမြှင့်ပြီးခေါ်လိုက်မှ တစ္ဖက္လူကျပန္ထူးလာတော့တယ်။
"ကိုယ်ပြောနေတာကြားလား?"
"တောင်းပန်ပါတယ်...ငါ..ငါ"
"ထားလိုက်တော့ နောက်မှပဲပြောတော့မယ်"
ဝမ်ရိပေါ်အပြောကြောင့်ထမင်းဝိုင်းမှရှောင်းကျန့်ထဖို့ပြင်လိုုက်ချိန်
"ဘာလို့လဲ စားလို့မပြီးသေးဘူးမလား?"
"ဗိုက်ဝပြီ"
ပန်းကန်တွေကိုဘယ်လိုသိမ်းဆည်းဆေးကြောပြီးလို့ ဘယ္လိုအပေါ်ထပ်ကိုပြန်ရောက်လာလဲဆိုတာတောင် အသိစိတ်လွတ်နေခဲ့တဲ့ ရှောင်းကျန့်ကမသိလိုက်ဘူး။
သေချာသိလိုက်တာတစ်ခုကတော့ အဲဒီနေ့ကညက သူတစ်ညလုံးအိပ်မပျော်ခဲ့ဘူးဆိုတာပါပဲ။
-----------------------------
ခုနှစ်ဆယ့်နှစ်နာရီဆိုတဲ့အချိန်က မျက်စိတစ်မှတ်အတွင်းကုန်ဆုံးတယ်။ ဒီသုံးရက်လုံး ရိပေါ်ကအလုပ်တွေနဲ့ရှုပ်နေသလို သူကလည်းလိုအပ်တာတွေပြင်ဆင်ပေး တဝတ်အစားတွေထည့်ပေးနဲ့ လုံးဝကိုမအားလပ်ခဲ့ဘူး။
မနက်ဖြန်မနက်ဆိုရင် ဝမ်ရိပေါ်က သွားရတော့မယ်။ ကုတင်ပေါ်မှာ ငုတ်တုတ်မေ့နေတဲ့ ရှောင်းကျန့်က အေနာက္ကေန သူ့ခါးကိုဖက်တွယ်လာပြီး လည်ပင်းကိုတစ်ရှုံ့ရှုံ့လာနမ်းနေတဲ့ ရိပေါ်ကြောင့်သာ အသိပြန်ဝင်လာရတယ်။
အခုရိပေါ်က ဘယ်လမ်းကိုဦးတည်တော့မလဲဆိုတာ သူသိနေသလို ထွက်မသွားခင် နောက်ဆုံးအနေနဲ့ သူလည်းနှုတ်ဆက်ချင်နေခဲ့တာမို့ မငြင်းဆန်မိဘူး။
ခွဲခွာရတော့မယ်ဆိုတဲ့အသိကြောင့်ပဲလား ဒီညလေးကိုရှောင်းကျန့်က မြန်မြန်မကုန်ဆုံးစေဖို့ဆုတောင်းတယ်။ ပြင်းထန်လွန်းတဲ့ သူ့ဆုတောင်းတွေကြောင့်ပဲလားတော့မသိဘူး။ နှစ်ယောက်သား နှုတ်ဆက်ခြင်းတွေက တစ်ညလုံးနီးပါးရှည်ကြာနေလွန်းခဲ့တယ်။
သူ့တို့လက်ထပ်ခဲ့တဲ့အချိန်ကတည်းကစပြီး ဒီအတောအတွင်းမှာ အချိန်အကြာဆုံးလို့ပြောရလောက်တဲ့အထိ အတောမသတ်နိုုင်တဲ့ သွေးသားဆန္ဒတွေကို တစ်နှစ်စာအလွွမ်းအတွက်ကြိုစုပြီး ဖလှယ်နေမိကြတဲ့ အထိပဲဆိုပါတော့....
အရာအားလုံးငြိမ်သက်လို့သွားတဲ့အချိန်မှာတော့ ရှောင်းကျန့်ကအရင်လို ရှက်ရွံ့မနေနိုင်ဘဲ နွေးထွေးတဲ့ရင်ခွင်ကျယ်ကြီးရဲ့ အငွေ့အသက်အောက်က စက္ကန်းပိုင်းလေးတောင်ပျောက်ကွယ်သွားမှာစိုးတဲ့အလား အတင်းကိုဖက်တွယ်ထားမိတယ်။ မိခင်ပျောက်မှာကြောက်နေတဲ့သားလိုဖြစ်နေတဲ့သူ့ကို ရိပေါ်ကလည်း သနားပုံရသွားတယ်ထင်ပါတယ် အလိုက်သင့်လေးပြန်ပြီးထွေးဖက်လာပေးတယ်လေ။
"ကိုယ်မရှိတဲ့အချိန် တစ်ခုခုအရေးကြုံရင် ပါးဆီကိုချက်ချင်းဆက်သွယ်နော်"
"မကြာခဏ ဆက္သြယ္မယ္မလား?"
"ကိုယ်အားရင်ပေါ့"
မအားဘူးဆိုမဆက္သြယ္ဘူးဆိုတဲ့သေဘာပဲ။ အဲဒီလိုပါပဲ သူသိတဲ့ဝမ်ရိပေါ်ဆိုတာ မတည်နိုင်တဲ့ကတိတွေကို ဖောဖောသီသီမပေးတတ်ဘူး။
ချစ်ရသူမျက်နှာကို တစ်ညလုံးအဝထိုင်ကြည့်ချင်နေချင်တာမို့ စိတ်ကတင်းခံနေပေမယ့် ကိုယ်ခန္တာကအရမ်းပင်ပန်းနေတဲ့အခါ ရှောင်းကျန့်မျက်ခွံတွေကလေးလံလာပြီး နောက်ဆုံးတော့ မိုးလင်းခါနီးမှာ အိပ်ပျော်သွားခဲ့တယ်။ အိပ်ပျော်သွားတာမှ နှစ်နှစ်ခြိုက်ခြိုက်ပါပဲ။
အစကတည်းက သူက အအိပ်မက်သူတစ်ယောက်ဖြစ်နေတာကြောင့်လည်း သူနိုးလာတော့ နေအတော်မြင့်နေပြီဖြစ်သလို အေးစက်နေတဲ့အိပ်ယာကြောင့် ထိတ်ပြာသွားရပြီး အိပ်ယာထဲကနေ ဆတ်ကနဲထလိုက်မိတော့ ဆစ်ကနဲပြင်းထန်စွာ နာကျင်သွားရတဲ့ခါးကို ဂရုမစိုက်နိုင်ဘဲ အခန်းပတ်ဝန်းကျင်ကိုသာ အရင်လိုက်ကြည့်မိတယ်။
မည်သူကိုမှမတွေ့ရတဲ့အခါ ရှောင်းကျန့်ကအိမ်အောက်ထပ်ကိုပြေးလို့ဆင်းတယ်။ မယုံကြည်နိုင်လောက်အောင်ပါပဲ ရိပေါ်ကသူ့ကိုနှုတ်တောင်မဆက်သွားဘဲ ဒီအတိုင်းကြီးထားပစ်ခဲ့တယ်။
ဧည့်ခန်းကြမ်းပြင်မှာ အရုပ်ကြိုးပြတ်ထိုင်ချလိုက်တဲ့ ရှောင်းကျန့်ကအနောက်ကဆိုဖာခုံလေးကိုမှီလို့ ဒူးလေးပိုက်ပြီး ကျုံ့ကျုံ့လေးငိုနေခဲ့တယ်။
နှုတ်ဆက်စကားတစ်ခွန်းတောင်မပြောသွားတဲ့ ဝမ်ရိပေါ်ကို သူတကယ်စိတ်ဆိုးပါတယ်။
-----------------------------
ယောက်ျားဖြစ်သူကိုစိတ်ဆိုးနေခဲ့တဲ့ ရှောင်းကျန့်လေးကနောက်တစ်နေ့မှာ အာဖရိက,ကနေဖုန်းလှမ်းခေါ်တာနဲ့ တန်းပြီးကိုင်တော့တာပါပဲ။
ရိပေါ်ကအဆင်ပြေပြေရောက်သွားကြောင်း သူ့ကိုဖုန်းဆက်အသိပေးလာတာဖြစ်တယ်။ သွားမယ့်နေ့ကဘာဖြစ်လို့သူ့ကိုနှုတ်မဆက်တာလဲလို့ မေးဖြစ်မေးအာင်မေးလိုက်မိပါသေးတယ်။
ပြန်ရလိုက်တဲ့ အဖြေကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ အိပ်ပျော်နေတာမို့လို့ ဒီအတိုင်းထွက်သွားတာပါတဲ့။
အာဖရိကရောက်တာသိပ်မကြာသေးတဲ့ ဝမ်ရိပေါ်က သုံးရက်တစ်ခါလောက်ဖုန်းဆက်တတ်တယ်။ ဖုန်းပြောနေချိန်တစ်လျှောက်လုံးရိပေါ်ဘက်က စကားဆယ်ခွန်းတောင်ပြည့်အောင်မပြောခဲ့ပေမယ့် နာရီဝက်လောက်ကြာတတ်တာက အတောမသတ်နိုင်တဲ့ရှောင်းကျန့်ကြောင့်သာဖြစ်တယ်။ ပြောနေရင်း ငိုသံတွေပါသွားတဲ့အခါ တစ်ဖက်ကသက်ပြင်းခပ်သဲ့သဲ့ချသံကိုကြားရပါတယ်။
နောက်တော့လည်း အငိုငိုအယိုယိုဖြစ်နေတဲ့ သူ့ကိုရိပေါ်က စိတ်ကုန်သွားတယ်ထင်ပါရဲ့..တစ်ပတ်တစ်ခါတောင် ဖုန်းမလာချင်တော့ဘူး။ အလိုက်သိတဲ့ရှောင်းကျန့်ကလည်း ဖုန်းတော့စမခေါ်ဖြစ်ခဲ့ပါဘူး။
ဒီလိုနဲ့ပဲ သုံးလလောက်ကြာပြီးတဲ့အခါမှာ နှစ်ယောက်သားအဆက်အသွယ်လုံးဝပြတ်သွားခဲ့တယ်။ ရိပေါ်ရဲ့အကြောင်းတွေသူသိချင်တာရှိရင် ဝမ်ပါးကိုသာမေးရတယ်။ ဝမ်ပါးကတော့ သူ့ကိုစိတ်ချမ်းသာအောင်ပြောတယ်ထင်ပါရဲ့..ရိပေါ်ဟိုမှာအဆင်ပြေတယ်ဆိုပြီးတော့ပေါ့။ ဒါပေမယ့် ဘယ္သူမွမသိတာက ရှောင်းကျန့်ဆိုတဲ့သူကတော့ အဆင်ပြေမနေဘူးဆိုတာပါပဲ။
ရိပေါ်ထွက်သွားပြီးကတည်းက အိမ်ထဲကအိမ်ပြင်တောင်မထွက်ဖြစ်တော့တဲ့ သူ့ကိုဒီနေ့မှာတော့ ဝမ်ပါးကကုမ္မဏီကိုလာခိုင်းတာမို့သွားရတော့တယ်။
"နေကောင်းရဲ့လား သား"
"ဟုတ်"
"မျက်နှာလေးတောင်ချောင်ကျသွားသလိုပဲ အစားသေချာမစားဘူးလား?"
"မဟုတ်ပါဘူး"
"အားလီကသေချာဂရုမစိုက်ဘူးလား?"
"ဂရုစိုက်ပါတယ် ပါး"
အားလီဆိုတာ ရိပေါ်ထွက်သွားပြီးနောက်နေ့မှာ သူ့ကိုအဖော်လုပ်ပေးဖို့ဆိုပြီး ဝမ်အိမ်ကနေရောက်လာတဲ့ ဆယ့်သုံးနှစ်အရွယ်ကလေးလေး...
ရိပေါ်ရဲ့အဖေက သူ့မျက်နှာကိုတစ်ချက်အကဲခတ်သလိုကြည့်တယ်။ တစ်ခုခုပြောချင်နေတဲ့ပုံမို့ သူကပဲအရင်စကားစလိုက်ရတယ်။
"ပါး ကျွန်တော့်ကိုခေါ်တာကိစ္စရှိလို့လားမသိဘူး"
"အင်း ကိစ္စဆိုတာထက် မေးချင်တာလေးရှိလို့ပါ"
"ဟုတ်ကဲ့ မေးပါ"
"ဒီအတိုင်းပဲနေသွားတော့မှာလား သားကျန့်"
"ဘာကိုလဲ ပါး"
"အိမ်ထဲမှာပဲနေပြီးတော့ သားဘဝကိုဒီအတိုင်း အကုန်ဆုံးခံတော့မလို့လားလို့မေတာ"
ဝမ်ပါး၏အမေးအဆုံး ရှောင်းကျန့်တစ်ယောက် ငူငူငိုင်ငိုင်ဖြစ်သွားခဲ့လေသည်။
_________________________
(4 Nov 2021)
Advertisement
- In Serial108 Chapters
Knights & Magic
A mecha otaku is reincarnated into another world as Ernesti Echevalier (Eru). In this world there exist huge humanoid weapons known as Silhouette Knight. Dreaming of piloting those robots, Eru, with childhood friends, Archid Walter and Adeltrud Walter: together they will aim to become a Knight Runner, pilot of Silhoutte Knight.
8 284 - In Serial15 Chapters
ARCANE
I was just a normal office worker but suddenly because of some 'ARCANE' my life changed. I worked in my office but now I am fighting monsters, supernatural beings. How did this happen? It's as if my life became ARCANE
8 210 - In Serial26 Chapters
The Empire of Ashes
THE MEDIEVAL TALE OF THE THIRD MILLENIUM In ancient times, humankind ruled the Earth and dreamed of the stars. But those days are now over. Civilization as we know it no longer exists. Forever swept away by a mysterious disaster, it is now in agony; oscillating between a broken past and a hopeless future. Erol, archaeologist and adventurer of the 3rd millennium, travels in secrecy through the underground ruins of the Old World. Braving the evil Inquisition and its obscurantism, he makes one day a remarkable discovery. In a glass sarcophagus, deep in the dangerous labyrinths, lies a young woman and last witness of the cataclysm. Looking for answers, Erol will cause events that have been pending for a thousand years and release forces that should have remained buried forever. FRENCH EDITION - Lire en Français Among the amazon.fr 2020 Kindle bestsellers in 3 categories (steampunk, cyberpunk and post-apocalyptical), The Empire of Ashes is a title exploring themes like the ecological catastrophe, transhumanism as well as technological and scientific advancement. Authors: Quentin Raffoux & Aliénor Rossi Translated from French by: Barbara Halla More informations: raffouxrossi.com Schedule: One chapter every Saturday at 10:00 am EST (the story is 26 chapters long) To support us, you can buy the complete story in paperback or kindle for less than $1 on amazon Check our other stories here. We have smoking cats, pink spaceships and other weird things.
8 302 - In Serial31 Chapters
Castaway
Chapters are going to come more randomly, not daily from now on. Thanks!My second fiction ever. Better than my first, worse than my third :)Basic litrpg, transported to a new world, but everything including the gods are part of a vast bureaucracyCover art is a section of a painting of St Peter from the 1500s by El Greco
8 165 - In Serial9 Chapters
Esoteria: The Planes of Man
Esoteria: The Planes of Man The first book in a litRPG adventure. In the near future, advancements in technology have allowed for massive evolution of virtualized treatments, training and fun. Jay is excited to finally have an opportunity to join the massively huge game of Esoteria which includes a full body immersion experience. To return to role-playing, sword fights, exploration and LOOT! It's a dream to "live" the game. *** Author's Note *** It's been many moons since I've put pen to paper, or in this case, mind to keyboard and drafted any creative writing. The creative spark has once again returned and I am excited to share this tale with you. I hope to have regular postings and look forward to your comments and feedback. I'll update the description a bit more once I get a few chapters down.
8 146 - In Serial54 Chapters
Bad is an Understatement | ✓
"I don't know who you think you are coming here, and acting like you don't care about anything. Now listen here Princess, because I'm not going to repeat myself. Here's a couple of rules that I'd like to enlighten upon you. Number one, you do not talk back to me. And two, you don't mess with me or the rules," his breath fans my face and I close my eyes. The proximity between us was terrifying. "I've dealt with many bitches like you, so I suggest that you follow those rules unless you want to end up like them," - he leans in. His mouth lingers near my ear, "used."... "... You might think that you run this place, but you do not run me. Understand? And the sooner you understand that, the better it'll be for the both of us," I warn staring right into his eyes before walking away. I was more than amused by his dumbfounded expression. I stop, and turn back around, facing him, "And one piece of advice, know what you're fishing for before you start fishing. What if you find a shark and it reels you in, instead?"⇒Highest rank: 1 in Chicklit on 01.08.16
8 142

