《My Jewel [ Complete ]》Part 1
Advertisement
တိတ္ဆိတ္ၿငိမ္သက္မႈသာမင္းမူေနသည့္ အဆင့္အတန္းျမင့္အိမ္တစ္အိမ္၏ မီးဖိုခန္းထဲတြင္ ေအပရြန္အနီေလးဝတ္ဆင္ကာ အိုးခြက္ပန္းကန္ေတြျဖင့္ အလႈပ္ေတြ႐ႈပ္ေနသည့္ ေကာင္ေလးတစ္ေယာက္႐ွိေနသည္။
"ဒီေန႔ညစာကို ဘာခ်က္ရင္ေကာင္းမလဲ?"
"ဟုတ္ၿပီ ၾကက္အခ်ိဳေၾကာ္ေလးနဲ႔ ပုဇြန္ကိုစီခြၽမ္အႏွစ္ေလးနဲ႔ခ်က္ရင္ေကာင္းမယ္။ ၿပီးရင္ မုန္ညင္းျဖဴေလးေၾကာ္ၿပီး တုန္ယမ္းျဖစ္ျဖစ္ အရည္ေသာက္ေလးလည္း တစ္ခြက္ေလာက္ခ်က္ဦးမွပဲ"
တစ္ေယာက္တည္းစကားေတြေျပာရင္း လႈပ္လီလႈပ္လဲ့ျဖင့္ဟင္းခ်က္ေနသည့္ ခ်စ္စရာေကာင္ေလး၏မ်က္ႏွာထက္တြင္ က်က္သေရ႐ွိလွေသာ အျပံဳးသဲ့သဲ့ေလးကေနရာယူလ်ွက္..ႏႈတ္ခမ္းပါးေအာက္မွဲ႔နက္ေလးမွာလည္း တစ္ခ်က္တစ္ခ်က္တြင္ ပုန္းကြယ္ေနရာမွ ထြက္ေပၚလာတတ္ေသးသည္။
အိမ္ေ႐ွ႕မွကားသံၾကားလိုက္သည္ႏွင့္ ကုမၼဏီမွ ရိေပၚျပန္လာၿပီမွန္း မီးဖိုခန္းထဲတြင္ ညစာအတြက္ျပင္ဆင္ေနခဲ့သည့္ ေ႐ွာင္းက်န္႔တစ္ေယာက္သိလိုက္သည္။
ခ်က္လက္စဟင္းအိုး မီးခလုတ္ကိုပိတ္လို႔ ေန႔စဥ္လုပ္ေနက်အတိုင္း အိမ္ေ႐ွ႕႐ွိကားရပ္ထားရာ စင္ဝင္ေအာက္သို႔ အလ်ွင္အျမန္သြားလိုက္ၿပီး ကားေပၚမွဆင္းလာသည့္ ရိေပၚ၏လက္ထဲမွအိတ္ကို လွမ္းဆြဲ၍ယူလိုက္သည္။
"ဒီေန႔ျပန္လာတာေစာတယ္ေနာ္ ရိေပၚ"
"အင္း"
အင္းတစ္လံုးသာေျပာၿပီး အိမ္ထဲသို႔ဝင္သြားသည့္ ဝမ္ရိေပၚ၏အေနာက္မွ ေ႐ွာင္းက်န္႔မွာဘာစကားမွထပ္မေျပာေတာ့ဘဲ လိုက္သြားေတာ့ေလသည္။
ရိေပၚကအဲဒီလိုပဲ နဂုိကတည္းက စကားအရမ္းနည္းတဲ့သူမို႔ ေ႐ွာင္းက်န္႔ကသူ႔ေၾကာင့္ ရိေပၚစိတ္အေႏွာက္အယွက္ျဖစ္မွာဆိုးလို႔ စကားေတြမေျပာေတာ့ဘဲ အေနာက္ကေနသာ တိတ္တိတ္ေလး လိုက္လာတာျဖစ္တယ္။
အေပၚထပ္ကသူတို႔ႏွစ္ေယာက္ရဲ႕ အိပ္ခန္းထဲကိုေရာက္တာနဲ႔ လက္ထဲကသယ္လာတဲ့အိတ္ကို စာၾကည့္စားပြဲေပၚမွာ တင္ထားလိုက္ၿပီး ရိေပၚဝတ္ဆင္ထားတဲ့ အေနာက္တိုင္းဝတ္စံုကို ခြၽတ္ေပးဖို႔ျပင္လိုက္တယ္။
နက္တိုင္ကစၿပီး အေပၚကထပ္ဝတ္ထားတဲ့ ကုတ္အက်ႌကို အရင္ခြၽတ္ေပးလိုက္ၿပီး ေအာက္မွာဝတ္ထားတဲ့႐ွပ္အက်ႌကိုလည္း ၾကယ္သီးတစ္လံုးခ်င္းဆီျဖဳတ္ေပးေနရင္းက ေ႐ွာင္းက်န္႔မ်က္ႏွာမွာ ပူထူလာရတယ္။
ဒီအလုပ္ေတြလုပ္ေနခဲ့တာ ဘယ္ေလာက္ေတာင္ၾကာၿပီလဲ ဒါေပမယ့္ ရိေပၚရဲ႕ရင္ဘက္နဲ႔ဝမ္းဗိုက္က ႂကြက္သားေတြကိုေ႐ွာင္းက်န္႔က ခုအခ်ိန္အထိ ေစ့ေစ့မၾကည့္ရဲေသးဘူး။ အဲဒါေၾကာင့္အျမဲတမ္း ရိေပၚကို အက်ႌခြၽတ္ေပးခ်ိန္ေတြမွာ အတတ္ႏိုင္ဆံုးျမန္ျမန္လုပ္ရတယ္။
ေဘာင္းဘီကိုေတာ့ သူတကယ္မခြၽတ္ေပးရဲဘူး။ ရိေပၚကလည္းအဲဒါကို သိတယ္ထင္ပါတယ္။ ေဘာင္းဘီကိုေတာ့ သူ႔ဘာသာလဲ႐ွာတယ္ေလ။
"ေရအရင္ခ်ိဳးမယ္မလား ရိေပၚ"
"အင္း"
"ခဏေစာင့္ေနာ္ ေရပူသြားစပ္ေပးမယ္"
ေရခ်ိဳးၿပီးလဲဝတ္ဖို႔ အိမ္ေနရင္းအဝတ္အစားကို အဆင္သင့္ ထုတ္ေပးထားလိုက္ၿပီးေနာက္ ရိေပၚေရခ်ဳိးေနတုန္း ေအာက္ထပ္ကိုသူျပန္ဆင္းလာခဲ့လိုက္တယ္။ ခုနကပိတ္ခဲ့တဲ့ မီးဖိုကိုမီးျပန္ဖြင့္လို႔ ညစာအတြက္ျပန္ၿပီး ခ်က္ျပဳတ္ေနလိုက္တယ္။ ခါတိုင္းဆိုညေနေျခာက္နာရီေလာက္မွ အိမ္ကိုျပန္လာတတ္ေပမယ့္ ဒီေန႔ရိေပၚက ငါးနာရီမထိုးခင္ျပန္လာတာမို႔ သူဟင္းခ်က္လို႔မၿပီးေသးတာ။
အားလံုးခ်က္ျပဳတ္ၿပီးခ်ိန္ နာရီၾကည့္လိုက္ေတာ့ ေျခာက္နာရီမထိုးေသးဘူး။ အိမ္ေပၚထပ္ကေန ရိေပၚဆင္းလာတာကို ေတြ႔လိုက္တာမို႔ ေလွကားနားကိုအျမန္သြားလိုက္တယ္။
"ညစာစားေတာ့မလား ရိေပၚ"
သူေမးလိုက္ေတာ့ ရိေပၚကလက္ထဲမွာကိုင္ထားတဲ့ဖုန္းက နာရီကိုတစ္ခ်က္ငံု႔ၾကည့္တယ္။
"မစားေသးဘူး"
ရိေပၚအေျဖေၾကာင့္ ေ႐ွာင္းက်န္႔စိတ္ထဲႀကိတ္ေပ်ာ္သြားမိသည္။
သူကအခုမွေရခ်ဳိးမွာမို႔ ရိေပၚကသာ ညစာစားမယ္ေျပာရင္ အတူတူမစားရႏိုင္ဘူးမဟုတ္လား။ အခုေတာ့ သူေရခ်ိဳးၿပီးခ်ိန္ဆို ရိေပၚညစာစားမယ့္အခ်ိန္နဲ႔ကြက္တိပဲမို႔ အတူတူစားလို႔ရၿပီ။ ေျပာမယ့္သာေျပာတာ ရိေပၚနဲ႔သူက ေန႔လယ္စာကလြဲရင္ မနက္စာနဲ႔ညစာကိုေတာ့ ေန႔တိုင္းနီးပါး အတူတူစားျဖစ္ၾကတယ္။
ေ႐ွာင္းက်န္႔ေရမိုးခ်ိဳးၿပီး ေအာက္ထပ္သို႔ျပန္ဆင္းလာခ်ိန္တြင္ေတာ့ ဧည့္ခန္းတြင္ထိုင္ကာ တီဗီၾကည့္ေနသည့္ ရိေပၚကိုေတြ႔လိုက္ရသည္။
ခမ္းလွမ္းလွမ္းကျမင္ေနရတဲ့ ရိေပၚရဲ႕မ်က္ႏွာက တကယ့္ကိုၾကည္လင္႐ွင္းသန္႔ေနခဲ့သည္။ အိမ္ေနရင္းေျပာင္႐ွင္းေနသည့္ မ်က္ႏွာေလးနဲ႔ေတာင္ ရိေပၚရဲ႕ေခ်ာေမာမႈက တစ္စက္ကေလးမွေလ်ွာ့သြားျခင္းမ႐ွိဘဲ ဆြဲေဆာင္မႈ႐ွိၿပီးၾကည့္ေကာင္းေနတုန္းပဲ။
ဝမ္ရိေပၚအားေသခ်ာၾကည့္ေနသည့္ ေ႐ွာင္းက်န္႔၏ ဧည့္ခန္းသို႔သြားေနသည့္ ေျခလွမ္းမ်ားမွာ ျမန္ဆန္ျခင္းမ႐ွိ ေႏွးတုန္႔တုန္႔သာ...
"ရိေပၚ ညစာ.."
"အင္း စားမယ္"
သူ႔အေမးစကားမဆံုးခင္ ျဖတ္ေျပာလိုက္တဲ့ရိေပၚက တီဗီကိုပိတ္လို႔ ထမင္းစားခန္းဆီသို႔ဦးတည္၍ သြားေတာ့ေလသည္။
ေ႐ွာင္းက်န္႔တစ္ေယာက္ ဟင္းပြဲမ်ားျပင္ဆင္ေနတုန္း ဝမ္ရိေပၚမွာ စားပြဲတြင္အဆင္သင့္ ထိုင္ေစာင့္ေနသည္။
တစ္ေန႔တာလံုးမွာေ႐ွာင္းက်န္႔က ဒီအခ်ိန္ေလးကို သေဘာအက်ဆံုးပဲ။ ရိေပၚနဲ႔အတူတူ ႏွစ္ေယာက္တည္း အခ်ိန္ေတြကို ျဖည္းျဖည္းခ်င္းကုန္ဆံုးရတာက ၾကည္ႏူးဖို႔ေကာင္းတယ္ေလ။ ရိေပၚကေတာ့အျမဲတမ္းေအးစက္စက္ဆိုေပမယ့္ေပါ့....
ဟင္းပြဲအားလံုး စားပြဲခံုေပၚသို႔တင္ၿပီးသည့္အခါ ဝမ္ရိေပၚ၏မ်က္ႏွာခ်င္းဆိုင္တြင္ ေ႐ွာင္းက်န္႔မွာဝင္ထိုင္လိုက္ေတာ့သည္။ အျမဲတေစလုပ္ေနက်အတိုင္း ဝမ္ရိေပၚ၏ပန္းကန္ထဲသို႔ ဟင္းမ်ားအရင္ခပ္ထည့္ေပးလိုက္ၿပီးမွ ေ႐ွာင္းက်န္႔မွာထမင္းစားေလ့႐ွိသည္။
ညစာအတူစားေနၾကရင္းမွ ေ႐ွာင္းက်န္႔တစ္ေယာက္ မ်က္စိအေ႐ွ႕မွလူကို တစ္ခ်က္တစ္ခ်က္ ခိုးခိုး၍ၾကည့္ေနျပန္သည္။
အျပင္ထြက္တဲ့အခ်ိန္ေတြနဲ႔မတူ ဆံပင္ကိုလည္းသပ္သပ္ရပ္ရပ္ၿဖီးသင္ထားတာမ်ိဳးမဟုတ္ဘဲ ကပိုက႐ိုက်ေနတာေလးကို အခုလို ျမင္ခြင့္ရတိုင္း ေ႐ွာင္းက်န္႔က သူ႔ကိုယ္သူ ဒီကမာၻမွာ ကံေကာင္းလြန္းတဲ့သူတစ္ေယာက္လို႔ေတြးေလ့႐ွိတယ္။
ေအးစက္မာေၾကာခက္ထန္တဲ့ ဝမ္ရိေပၚရဲ႕ လူတိုင္းျမင္ေတြ႕ခြင့္မရႏိုုင္တဲ့ အခုလိုပံုစံကို သူကအျမဲလိုလိုျမင္ခြင့္ရေနတာမို႔ေလ။ ဝမ္ရိေပၚရဲ႕ဒီလိုပံုစံကို ျမင္ခ်င္ေတြ႔ခ်င္ေနတဲ့လူေတြ ဘယ္ေလာက္ေတာင္ရွိၾကလဲဆိုတာ သူကမသိဘဲေနမလား။
သူနဲ႔ရိေပၚနဲ႔ ပတ္သတ္မႈကဘာလဲဆိုေတာ့ တရားဝင္လက္ထပ္ထားၾကတဲ့သူေတြပါ။ သူမ်ားေတြလိုခ်စ္လို႔ လက္ထပ္ထားတာမဟုတ္တဲ့ သူတို႔က ႏွစ္ဖက္မိဘေတြ သေဘာတူၿပီးေပးစားထားၾကတာ။
ဝမ္ရိေပၚဆိုတာ တကၠသိုလ္တုန္းက ဘယ္သူမွမေခၚၾက မသိၾကတဲ့သူ႔လိုလူနဲ႔ဆန္႔က်င္ဘက္အျဖစ္ နာမည္အႀကီးဆံုး လူတစ္ေယာက္ျဖစ္ခဲ့တာ။ ေက်ာင္းရဲ႕ေပၚျပဴလာအျဖစ္ဆံုး ေက်ာင္းသားတစ္ေယာက္ေပါ့။
အသားညိဳညိဳကိုမွ မ်က္မွန္ပုလင္းဖင္ေလာက္တပ္ၿပီး ဝကလည္းဝေသးတဲ့ သူ႔လိုလူကို တျခားတကၠသိုလ္ေက်ာင္းသားေတြက မေခၚၾကတာ မဆန္းပါဘူး။ သူကလည္းတစ္ေယာက္တည္း ေအးေအးေဆးေဆးေနတဲ့သူမို႔ ဘယ္သူနဲ႔မွအေပါင္းအသင္းမလုပ္သလို အရမ္းနာမည္ႀကီးတဲ့ဝမ္ရိေပၚကိုေတာင္ ေတာ္ေတာ္ၾကာတဲ့အထိမသိခဲ့ဘူး။
ဘြဲ႔ရၿပီးတာနဲ႔ မိဘေတြရဲ႕လက္ထပ္ေပးေတာ့မယ္ဆိုတဲ့ စကားေၾကာင့္ သူလက္ထပ္ရမယ့္သူက ေယာက္်ားေလးဆိုတာ သိထားခဲ့ရေပမယ့္ အိမ္ေထာင္ဖက္လိုက္ေတြ႔ရတဲ့အခ်ိန္မွ အဲဒီသူက ရိေပၚျဖစ္မွန္းသိခဲ့ရတာ။
အဲဒီအခ်ိန္တုန္းက ဝမ္ရိေပၚလို ခပ္ေခ်ေခ်နဲ႔ နာမည္ႀကီးတဲ့လူက သူ႔လိုလူကိုလက္မထပ္ႏိုုင္ဘူးလို႔ ခ်က္ခ်င္းထျငင္းမယ္ ထင္ခဲ့ေပမယ့္ ထူးဆန္းစြာနဲ႔ပဲ လက္ခံခဲ့တာမို႔ အဲဒီမွာသူသိလိုက္ရတယ္။ ဝမ္ရိေပၚကၾကည့္လိုက္ရင္ ဂ်စ္ကန္ကန္ပံုနဲ႔ဆိုေပမယ့္ တကယ္ကမိဘစကားနားေထာင္တဲ့ သားလိမၼာေလးဆိုတာကိုေပါ့။
ဘြဲ႔ရၿပီးေပမယ္ သူ႔တို႔ထက္အမ်ားႀကီးခ်မ္းသာတဲ့ ဝမ္မိသားစုကလူနဲ႔ လက္ထပ္ခဲ့တဲ့သူ႔ကို ရိေပၚကအလုပ္မလုပ္ခိုင္းတာမို႔ အိမ္မွာပဲေနၿပီး အိမ္အလုပ္ေတြပဲလုပ္ေနခဲ့တယ္။ အမွန္ေတာ့အိမ္အလုပ္အတြက္ကိုလည္း ရိေပၚကအိမ္အကူေခၚထားမယ္ေျပာေပမယ့္ သူကဘာမွမလုပ္ဘဲေတာ့ မေနခ်င္တာမို႔ သူ႔ဘာသာပဲလုပ္ခဲ့တာ။
အခုဆိုသူတို႔လက္ထပ္ၿပီးတာ တစ္ႏွစ္ေက်ာ္႐ွိသြားၿပီး။ သူတို႔ရဲ႕အိမ္ေထာင္ေရးက ေပ်ာ္ေပ်ာ္ရႊင္ရႊင္ႀကီးမဟုတ္ေပမယ့္ ဘာျပႆနာမွမ႐ွိဘဲ ေအးေအးခ်မ္းခ်မ္းပါပဲ။ အစက မိဘေတြေပးစားခဲ့တာမို႔ ရိေပၚနဲ႔ ဒီအတိုင္းလက္ထပ္လိုက္တာဆိုေပမယ့္ အတူေနရင္းနဲ႔မွ အေနတည္တဲ့ရိေပၚကို သူ႔ဘက္ကတျဖည္းျဖည္းသေဘာက်လာခဲ့တယ္။
ရိေပၚဘက္ကေတာ့ သူ႔အေပၚဘယ္လိုသေဘာထားလဲဆိုတာေတာ့ ေ႐ွာင္းက်န္႔ကမသိဘူး။ ဒါေပမယ့္ လက္ထပ္ၿပီးမဂၤလာဦးညကတည္းက ရိေပၚကသူနဲ႔အိပ္ယာထဲက ကိစၥေတြကိုေတာ့ အျမဲလိုလိုလုပ္ခဲ့တာမို႔ သူ႔ကိုတရားဝင္လက္ထပ္ထားသူအျဖစ္ အသိအမွတ္ျပဳထားတယ္လို႔ေတာ့ ေ႐ွာင္းက်န္႔ကထင္မိတာပါပဲ။
Advertisement
ထမင္းဝိုင္းတြင္ အိပ္ယာထက္မွအေၾကာင္းအရာမ်ားကို ေတြးမိသြားသည့္ ေ႐ွာင္းက်န္႔က ပန္းေရာင္သန္းေနၿပီျဖစ္ေသာ သူ၏မ်က္ႏွာကိုေတာ့သတိထားမိပံုမရခဲ့...
"ေ႐ွာင္းက်န္႔"
"ဟင္!"
ဟိုေတြးဒီေတြးေ႐ွာင္းက်န္႔က ဝမ္ရိေပၚရဲ႕အသံၾကားမွ အသိျပန္ကပ္တယ္။ ေသခ်ာၾကည့္လိုက္ေတာ့ ရိေပၚကထမင္းေတာင္စားလို႔ၿပီးေနၿပီးပဲ။ ခါတိုင္းေန႔ေတြထက္ပိုစားထားတဲ့ ရိေပၚေၾကာင့္ ေ႐ွာင္းက်န္႔ျပံဳးလိုက္မိတယ္။
"ကုိယ္ေျပာစရာ႐ွိတယ္"
"ဟုတ္ ေျပာေလ"
အတူေနစဥ္အတြင္း အမူအယာေတြကို အကဲခတ္တတ္ေနၿပီျဖစ္သည့္ ေ႐ွာင္းက်န္႔က ရိေပၚမွသူ႔အားတစ္ခုခုကို ေလးေလးနက္နက္ေျပာခ်င္ေနမွန္းသိလိုက္သည္။
"ကိုယ္ ခရီးတစ္ခုသြားရမယ္"
"ခရီး ဟုတ္လား?"
ရိေပၚစကားေၾကာင့္ ေ႐ွာင္းက်န္႔ရင္ထဲ ထိတ္ခနဲျဖစ္သြားရသလို ႏႈတ္မွလည္းျပန္ေမးလိုက္မိသည္။
"အင္း"
"ဘယ္ကိုလဲ?
"အာဖရိကဘက္ကို"
"ဟို...ဘယ္ေလာက္ၾကာမွာလဲဟင္?"
"အနည္းဆံုးတစ္ႏွစ္ေလာက္ေတာ့ၾကာမယ္"
ဝမ္ရိေပၚ၏စကားအဆံုး မ်က္မွန္ေအာက္တြင္ပုန္းေအာင္းေနခဲ့သည္ မ်က္ဝန္းဝိုင္းတစ္စံုသည္ကား အရည္ၾကည္ေလးမ်ားျဖင့္ရစ္သိုင္း၍လာခဲ့ေလသည္။
______________________________
(01 Nov 2021)
တိတ်ဆိတ်ငြိမ်သက်မှုသာမင်းမူနေသည့် အဆင့်အတန်းမြင့်အိမ်တစ်အိမ်၏ မီးဖိုခန်းထဲတွင် အေပရွန်အနီလေးဝတ်ဆင်ကာ အိုးခွက်ပန်းကန်တွေဖြင့် အလှုပ်တွေရှုပ်နေသည့် ကောင်လေးတစ်ယောက်ရှိနေသည်။
"ဒီနေ့ညစာကို ဘာချက်ရင်ကောင်းမလဲ?"
"ဟုတ်ပြီ ကြက်အချိုကြော်လေးနဲ့ ပုဇွန်ကိုစီချွမ်အနှစ်လေးနဲ့ချက်ရင်ကောင်းမယ်။ ပြီးရင် မုန်ညင်းဖြူလေးကြော်ပြီး တုန်ယမ်းဖြစ်ဖြစ် အရည်သောက်လေးလည်း တစ်ခွက်လောက်ချက်ဦးမှပဲ"
တစ်ယောက်တည်းစကားတွေပြောရင်း လှုပ်လီလှုပ်လဲ့ဖြင့်ဟင်းချက်နေသည့် ချစ်စရာကောင်လေး၏မျက်နှာထက်တွင် ကျက်သရေရှိလှသော အပြုံးသဲ့သဲ့လေးကနေရာယူလျှက်..နှုတ်ခမ်းပါးအောက်မှဲ့နက်လေးမှာလည်း တစ်ချက်တစ်ချက်တွင် ပုန်းကွယ်နေရာမှ ထွက်ပေါ်လာတတ်သေးသည်။
အိမ်ရှေ့မှကားသံကြားလိုက်သည်နှင့် ကုမ္မဏီမှ ရိပေါ်ပြန်လာပြီမှန်း မီးဖိုခန်းထဲတွင် ညစာအတွက်ပြင်ဆင်နေခဲ့သည့် ရှောင်းကျန့်တစ်ယောက်သိလိုက်သည်။
ချက်လက်စဟင်းအိုး မီးခလုတ်ကိုပိတ်လို့ နေ့စဉ်လုပ်နေကျအတိုင်း အိမ်ရှေ့ရှိကားရပ်ထားရာ စင်ဝင်အောက်သို့ အလျှင်အမြန်သွားလိုက်ပြီး ကားပေါ်မှဆင်းလာသည့် ရိပေါ်၏လက်ထဲမှအိတ်ကို လှမ်းဆွဲ၍ယူလိုက်သည်။
"ဒီနေ့ပြန်လာတာစောတယ်နော် ရိပေါ်"
"အင်း"
အင်းတစ်လုံးသာပြောပြီး အိမ်ထဲသို့ဝင်သွားသည့် ဝမ်ရိပေါ်၏အနောက်မှ ရှောင်းကျန့်မှာဘာစကားမှထပ်မပြောတော့ဘဲ လိုက္သြားတော့လေသည်။
ရိပေါ်ကအဲဒီလိုပဲ နဂိုကတည်းက စကားအရမ်းနည်းတဲ့သူမို့ ရှောင်းကျန့်ကသူ့ကြောင့် ရိပေါ်စိတ်အနှောက်အယှက်ဖြစ်မှာဆိုးလို့ စကားတွေမပြောတော့ဘဲ အေနာက္ကေနသာ တိတ်တိတ်လေး လိုက်လာတာဖြစ်တယ်။
အပေါ်ထပ်ကသူတို့နှစ်ယောက်ရဲ့ အိပ်ခန်းထဲကိုရောက်တာနဲ့ လက်ထဲကသယ်လာတဲ့အိတ်ကို စာကြည့်စားပွဲပေါ်မှာ တင်ထားလိုက်ပြီး ရိပေါ်ဝတ်ဆင်ထားတဲ့ အနောက်တိုင်းဝတ်စုံကို ချွတ်ပေးဖို့ပြင်လိုက်တယ်။
နက်တိုင်ကစပြီး အပေါ်ကထပ်ဝတ်ထားတဲ့ ကုတ်အကျႌကို အရင်ချွတ်ပေးလိုက်ပြီး အောက်မှာဝတ်ထားတဲ့ရှပ်အကျႌကိုလည်း ကြယ်သီးတစ်လုံးချင်းဆီဖြုတ်ပေးနေရင်းက ရှောင်းကျန့်မျက်နှာမှာ ပူထူလာရတယ်။
ဒီအလုပ်တွေလုပ်နေခဲ့တာ ဘယ်လောက်တောင်ကြာပြီလဲ ဒါပေမယ့် ရိပေါ်ရဲ့ရင်ဘက်နဲ့ဝမ်းဗိုက်က ကြွက်သားတွေကိုရှောင်းကျန့်က ခုအချိန်အထိ စေ့စေ့မကြည့်ရဲသေးဘူး။ အဲဒါကြောင့်အမြဲတမ်း ရိပေါ်ကို အကျႌချွတ်ပေးချိန်တွေမှာ အတတ်နိုင်ဆုံးမြန်မြန်လုပ်ရတယ်။
ဘောင်းဘီကိုတော့ သူတကယ်မချွတ်ပေးရဲဘူး။ ရိပေါ်ကလည်းအဲဒါကို သိတယ်ထင်ပါတယ်။ ဘောင်းဘီကိုတော့ သူ့ဘာသာလဲရှာတယ်လေ။
"ရေအရင်ချိုးမယ်မလား ရိပေါ်"
"အင်း"
"ခဏစောင့်နော် ရေပူသွားစပ်ပေးမယ်"
ရေချိုးပြီးလဲဝတ်ဖို့ အိမ်နေရင်းအဝတ်အစားကို အဆင်သင့် ထုတ်ပေးထားလိုက်ပြီးနောက် ရိပေါ်ရေချိုးနေတုန်း အောက်ထပ်ကိုသူပြန်ဆင်းလာခဲ့လိုက်တယ်။ ခုနကပိတ်ခဲ့တဲ့ မီးဖိုကိုမီးပြန်ဖွင့်လို့ ညစာအတွက်ပြန်ပြီး ချက်ပြုတ်နေလိုက်တယ်။ ခါတိုင်းဆိုညနေခြောက်နာရီလောက်မှ အိမ်ကိုပြန်လာတတ်ပေမယ့် ဒီနေ့ရိပေါ်က ငါးနာရီမထိုးခင်ပြန်လာတာမို့ သူဟင်းချက်လို့မပြီးသေးတာ။
အားလုံးချက်ပြုတ်ပြီးချိန် နာရီကြည့်လိုက်တော့ ခြောက်နာရီမထိုးသေးဘူး။ အိမ်ပေါ်ထပ်ကနေ ရိပေါ်ဆင်းလာတာကို တွေ့လိုက်တာမို့ လှေကားနားကိုအမြန်သွားလိုက်တယ်။
"ညစာစားတော့မလား ရိပေါ်"
သူမေးလိုက်တော့ ရိပေါ်ကလက်ထဲမှာကိုင်ထားတဲ့ဖုန်းက နာရီကိုတစ်ချက်ငုံ့ကြည့်တယ်။
"မစားသေးဘူး"
ရိပေါ်အဖြေကြောင့် ရှောင်းကျန့်စိတ်ထဲကြိတ်ပျော်သွားမိသည်။
သူကအခုမွရေချိုးမှာမို့ ရိပေါ်ကသာ ညစာစားမယ်ပြောရင် အတူတူမစားရနိုင်ဘူးမဟုတ်လား။ အခုတော့ သူရေချိုးပြီးချိန်ဆို ရိပေါ်ညစာစားမယ့်အချိန်နဲ့ကွက်တိပဲမို့ အတူတူစားလို့ရပြီ။ ပြောမယ့်သာပြောတာ ရိပေါ်နဲ့သူက နေ့လယ်စာကလွဲရင် မနက်စာနဲ့ညစာကိုတော့ နေ့တိုင်းနီးပါး အတူတူစားဖြစ်ကြတယ်။
ရှောင်းကျန့်ရေမိုးချိုးပြီး အောက်ထပ်သို့ပြန်ဆင်းလာချိန်တွင်တော့ ဧည့်ခန်းတွင်ထိုင်ကာ တီဗီကြည့်နေသည့် ရိပေါ်ကိုတွေ့လိုက်ရသည်။
ခမ်းလှမ်းလှမ်းကမြင်နေရတဲ့ ရိပေါ်ရဲ့မျက်နှာက တကယ့်ကိုကြည်လင်ရှင်းသန့်နေခဲ့သည်။ အိမ်နေရင်းပြောင်ရှင်းနေသည့် မျက်နှာလေးနဲ့တောင် ရိပေါ်ရဲ့ချောမောမှုက တစ်စက်ကလေးမှလျှော့သွားခြင်းမရှိဘဲ ဆွဲဆောင်မှုရှိပြီးကြည့်ကောင်းနေတုန်းပဲ။
ဝမ်ရိပေါ်အားသေချာကြည့်နေသည့် ရှောင်းကျန့်၏ ဧည့်ခန်းသို့သွားနေသည့် ခြေလှမ်းများမှာ မြန်ဆန်ခြင်းမရှိ နှေးတုန့်တုန့်သာ...
"ရိပေါ် ညစာ.."
"အင်း စားမယ်"
သူ့အမေးစကားမဆုံးခင် ဖြတ်ပြောလိုက်တဲ့ရိပေါ်က တီဗီကိုပိတ်လို့ ထမင်းစားခန်းဆီသို့ဦးတည်၍ သြားတော့လေသည်။
ရှောင်းကျန့်တစ်ယောက် ဟင်းပွဲများပြင်ဆင်နေတုန်း ဝမ်ရိပေါ်မှာ စားပွဲတွင်အဆင်သင့် ထိုင်စောင့်နေသည်။
တစ်နေ့တာလုံးမှာရှောင်းကျန့်က ဒီအချိန်လေးကို သဘောအကျဆုံးပဲ။ ရိပေါ်နဲ့အတူတူ နှစ်ယောက်တည်း အချိန်တွေကို ဖြည်းဖြည်းချင်းကုန်ဆုံးရတာက ကြည်နူးဖို့ကောင်းတယ်လေ။ ရိပေါ်ကတော့အမြဲတမ်းအေးစက်စက်ဆိုပေမယ့်ပေါ့....
ဟင်းပွဲအားလုံး စားပွဲခုံပေါ်သို့တင်ပြီးသည့်အခါ ဝမ်ရိပေါ်၏မျက်နှာချင်းဆိုင်တွင် ရှောင်းကျန့်မှာဝင်ထိုင်လိုက်တော့သည်။ အျမဲတစေလုပ်နေကျအတိုင်း ဝမ်ရိပေါ်၏ပန်းကန်ထဲသို့ ဟင်းများအရင်ခပ်ထည့်ပေးလိုက်ပြီးမှ ရှောင်းကျန့်မှာထမင်းစားလေ့ရှိသည်။
ညစာအတူစားနေကြရင်းမှ ရှောင်းကျန့်တစ်ယောက် မျက်စိအရှေ့မှလူကို တစ်ချက်တစ်ချက် ခိုးခိုး၍ကြည့်နေပြန်သည်။
အပြင်ထွက်တဲ့အချိန်တွေနဲ့မတူ ဆံပင်ကိုလည်းသပ်သပ်ရပ်ရပ်ဖြီးသင်ထားတာမျိုးမဟုတ်ဘဲ ကပိုကရိုကျနေတာလေးကို အခုလို မြင်ခွင့်ရတိုင်း ရှောင်းကျန့်က သူ့ကိုယ်သူ ဒီကမ္ဘာမှာ ကံကောင်းလွန်းတဲ့သူတစ်ယောက်လို့တွေးလေ့ရှိတယ်။
အေးစက်မာကြောခက်ထန်တဲ့ ဝမ်ရိပေါ်ရဲ့ လူတိုင်းမြင်တွေ့ခွင့်မရနိုင်တဲ့ အခုလိုပုံစံကို သူကအမြဲလိုလိုမြင်ခွင့်ရနေတာမို့လေ။ ဝမ်ရိပေါ်ရဲ့ဒီလိုပုံစံကို မြင်ချင်တွေ့ချင်နေတဲ့လူတွေ ဘယ်လောက်တောင်ရှိကြလဲဆိုတာ သူကမသိဘဲနေမလား။
သူနဲ့ရိပေါ်နဲ့ ပတ်သတ်မှုကဘာလဲဆိုတော့ တရားဝင်လက်ထပ်ထားကြတဲ့သူတွေပါ။ သူများတွေလိုချစ်လို့ လက်ထပ်ထားတာမဟုတ်တဲ့ သူတို့က နှစ်ဖက်မိဘတွေ သဘောတူပြီးပေးစားထားကြတာ။
ဝမ်ရိပေါ်ဆိုတာ တက္ကသိုလ်တုန်းက ဘယ္သူမွမခေါ်ကြ မသိကြတဲ့သူ့လိုလူနဲ့ဆန့်ကျင်ဘက်အဖြစ် နာမည်အကြီးဆုံး လူတစ်ယောက်ဖြစ်ခဲ့တာ။ ကျောင်းရဲ့ပေါ်ပြူလာအဖြစ်ဆုံး ကျောင်းသားတစ်ယောက်ပေါ့။
အသားညိုညိုကိုမှ မျက်မှန်ပုလင်းဖင်လောက်တပ်ပြီး ဝကလည်းဝသေးတဲ့ သူ့လိုလူကို တခြားတက္ကသိုလ်ကျောင်းသားတွေက မခေါ်ကြတာ မဆန်းပါဘူး။ သူကလည်းတစ်ယောက်တည်း အေးအေးဆေးဆေးနေတဲ့သူမို့ ဘယ်သူနဲ့မှအပေါင်းအသင်းမလုပ်သလို အရမ်းနာမည်ကြီးတဲ့ဝမ်ရိပေါ်ကိုတောင် တော်တော်ကြာတဲ့အထိမသိခဲ့ဘူး။
ဘွဲ့ရပြီးတာနဲ့ မိဘတွေရဲ့လက်ထပ်ပေးတော့မယ်ဆိုတဲ့ စကားကြောင့် သူလက်ထပ်ရမယ့်သူက ယောက်ျားလေးဆိုတာ သိထားခဲ့ရပေမယ့် အိမ်ထောင်ဖက်လိုက်တွေ့ရတဲ့အချိန်မှ အဲဒီသူက ရိပေါ်ဖြစ်မှန်းသိခဲ့ရတာ။
အဲဒီအချိန်တုန်းက ဝမ်ရိပေါ်လို ခပ်ချေချေနဲ့ နာမည်ကြီးတဲ့လူက သူ့လိုလူကိုလက်မထပ်နိုင်ဘူးလို့ ချက်ချင်းထငြင်းမယ် ထင်ခဲ့ပေမယ့် ထူးဆန်းစွာနဲ့ပဲ လက်ခံခဲ့တာမို့ အဲဒီမှာသူသိလိုက်ရတယ်။ ဝမ်ရိပေါ်ကကြည့်လိုက်ရင် ဂျစ်ကန်ကန်ပုံနဲ့ဆိုပေမယ့် တကယ်ကမိဘစကားနားထောင်တဲ့ သားလိမ္မာလေးဆိုတာကိုပေါ့။
ဘွဲ့ရပြီးပေမယ် သူ့တို့ထက်အများကြီးချမ်းသာတဲ့ ဝမ်မိသားစုကလူနဲ့ လက်ထပ်ခဲ့တဲ့သူ့ကို ရိပေါ်ကအလုပ်မလုပ်ခိုင်းတာမို့ အိမ်မှာပဲနေပြီး အိမ်အလုပ်တွေပဲလုပ်နေခဲ့တယ်။ အမှန်တော့အိမ်အလုပ်အတွက်ကိုလည်း ရိပေါ်ကအိမ်အကူခေါ်ထားမယ်ပြောပေမယ့် သူကဘာမှမလုပ်ဘဲတော့ မနေချင်တာမို့ သူ့ဘာသာပဲလုပ်ခဲ့တာ။
အခုဆိုသူတို့လက်ထပ်ပြီးတာ တစ်နှစ်ကျော်ရှိသွားပြီး။ သူတို့ရဲ့အိမ်ထောင်ရေးက ပျော်ပျော်ရွှင်ရွှင်ကြီးမဟုတ်ပေမယ့် ဘာပြဿနာမှမရှိဘဲ အေးအေးချမ်းချမ်းပါပဲ။ အစက မိဘတွေပေးစားခဲ့တာမို့ ရိပေါ်နဲ့ ဒီအတိုင်းလက်ထပ်လိုက်တာဆိုပေမယ့် အတူနေရင်းနဲ့မှ အနေတည်တဲ့ရိပေါ်ကို သူ့ဘက်ကတဖြည်းဖြည်းသဘောကျလာခဲ့တယ်။
ရိပေါ်ဘက်ကတော့ သူ့အပေါ်ဘယ်လိုသဘောထားလဲဆိုတာတော့ ရှောင်းကျန့်ကမသိဘူး။ ဒါပေမယ့် လက်ထပ်ပြီးမင်္ဂလာဦးညကတည်းက ရိပေါ်ကသူနဲ့အိပ်ယာထဲက ကိစ္စတွေကိုတော့ အမြဲလိုလိုလုပ်ခဲ့တာမို့ သူ့ကိုတရားဝင်လက်ထပ်ထားသူအဖြစ် အသိအမှတ်ပြုထားတယ်လို့တော့ ရှောင်းကျန့်ကထင်မိတာပါပဲ။
ထမင်းဝိုင်းတွင် အိပ်ယာထက်မှအကြောင်းအရာများကို တွေးမိသွားသည့် ရှောင်းကျန့်က ပန်းရောင်သန်းနေပြီဖြစ်သော သူ၏မျက်နှာကိုတော့သတိထားမိပုံမရခဲ့...
"ရှောင်းကျန့်"
"ဟင်!"
ဟိုတွေးဒီတွေးရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့အသံကြားမှ အသိပြန်ကပ်တယ်။ သေချာကြည့်လိုက်တော့ ရိပေါ်ကထမင်းတောင်စားလို့ပြီးနေပြီးပဲ။ ခါတိုင်းနေ့တွေထက်ပိုစားထားတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်ပြုံးလိုက်မိတယ်။
"ကိုယ်ပြောစရာရှိတယ်"
"ဟုတ် ပြောလေ"
အတူနေစဉ်အတွင်း အမူအယာတွေကို အကဲခတ်တတ်နေပြီဖြစ်သည့် ရှောင်းကျန့်က ရိပေါ်မှသူ့အားတစ်ခုခုကို လေးလေးနက်နက်ပြောချင်နေမှန်းသိလိုက်သည်။
"ကိုယ် ခရီးတစ်ခုသွားရမယ်"
"ခရီး ဟုတ္လား?"
ရိပေါ်စကားကြောင့် ရှောင်းကျန့်ရင်ထဲ ထိတ်ခနဲဖြစ်သွားရသလို နှုတ်မှလည်းပြန်မေးလိုက်မိသည်။
"အင်း"
"ဘယ္ကိုလဲ?
"အာဖရိကဘက္ကို"
"ဟို...ဘယ်လောက်ကြာမှာလဲဟင်?"
"အနည်းဆုံးတစ်နှစ်လောက်တော့ကြာမယ်"
ဝမ်ရိပေါ်၏စကားအဆုံး မျက်မှန်အောက်တွင်ပုန်းအောင်းနေခဲ့သည် မျက်ဝန်းဝိုင်းတစ်စုံသည်ကား အရည်ကြည်လေးများဖြင့်ရစ်သိုင်း၍လာခဲ့လေသည်။
______________________________
(01 Nov 2021)
Advertisement
- In Serial96 Chapters
A SH AI EL
Allen Smith, a jaded and foul-mouthed corporate developer ends up in a fantasy world. Unfortunately, this world is much more realistic than his expectations. What could possibly go wrong?
8 158 - In Serial10 Chapters
Eating Gods, Becoming Beasts
Over countless lifetimes, Bu Bian has always squandered his potential on drunken schemes and foolhardy attempts to become rich. Only his endless ability to kiss up to the almighty judge of the afterlife has kept him from being thrown into hell. When his latest reincarnation ends in another disaster of his own making, the judge sets him an ultimatum -- redeem his thoroughly filthy karma in a single lifetime, or be sentenced to ten-thousand years of suffering, Alas, Bu Bian might well be incurable, and his attempts to do good can only lead to even worse disasters.
8 169 - In Serial10 Chapters
Kindled Spirits
Travelers near and far had come to this very city. Each hoping to get a chance to get an elusive copy of Kindled: A Life Forgotten, an 8d RPG indie game produced somewhere in Eurasia. The game went on well, producing high ratings within 24 hours of sale. It was praised as one of the best game of the millennium, earning several world records in a short amount of time. It was so popular in fact that even NASA decided to launch it into space, hoping to for it to be seen by alien races as a sign of life in the universe. We follow Andromeda Fushigiwa, a retired gaming veteran, and a have a profound knowledge at programming.The date is May 17, 2071 when it was found by an alien race. They enjoyed videos of it actually. To thanks Earth, they made our world just like the game with alien technology. Can everyone adapt to this new life or will the whole world plunge into anarchy?Note* The mc will become more and more op by the story progress.
8 88 - In Serial128 Chapters
Absolute Divinity (JJBA)
When you're given the chance to bring prosperity to the entire world, would you deny it because of the horrible person you are now taking over? "It takes a fool to underestimate true justice. The Heavens have Spoken, for I am the bringer of peace for this world!" A look in a somewhat less-malicious SI!Dio's tale of deception, family and some bizarre stuff.
8 117 - In Serial31 Chapters
Real Dad...// Irondad
Peter is Tony's biological son.Tony in his playboy years haves a one night stand with a random girl at a New Year party...Peter's mother is not a good person, and gives birth to Peter just so she can take money from Tony.Somehow Peter and Tony get separated when Peter is only 1 years old.14 years later Tony comes at Peter's house to recruit him as a training avenger without knowing he is his lost (as he knows dead) son.Peter lives with his lovely single aunt and has two best friends. Ned and Mj. Will Tony ever join his son properly? Will Peter ever be really happy again?
8 224 - In Serial89 Chapters
(Dropped) Crown of the martyr and martyr of the Crown.
An undisputed being sits upon his throne, the Crown of damnation adorning his head. One gaze enough to make gods tremble, and one wave of his hand enough to make the mightiest of demons flee. An unfathomable cataclysm will surely arrive when such a being is slain and grasps another chance to walk among the living. This is a story of a monarch more ancient than time itself defying the absolution of death in his eternal strive to accomplish his primordial goal. And the Crown gazes on ravenously, its curse awaiting its next martyr. --- Story with an overpowered mc who still thinks with his brain, not muscles. I believe I put my own twist on the reincarnation trope. The story is mostly told from third person view with mc’s perspective. New chapters are released 3 times a week. --- This is an updated synopsis after requests from viewers. --- I do not own the cover picture.
8 295

