《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[81]
Advertisement
[Unicode]
081: ထျဲကော....ကျွန်တော့်ကို ကြီးပြင်းခွင့်ပေးပါ
“အင်း” ချင်မျန်သည် ပန်းရောင်အဖူးလုံးလေးကနေ ပွင့်လာမည့် ထူးဆန်းသည့်ပန်းအမျိုးအစားလေးကိုလည်း သိချင်နေမိသည်။
သူ အားကြိုးမာန်တက်ဖြင့် “လာ....နယ်မြေကို အရင်လိုက်ပြပေးမယ်။တခြားကမ္ဘာကနေ ယူလာတဲ့အရာတွေ အများကြီးရှိတယ်။”
နယ်မြေက အရမ်းကျယ်ပြန့်၏။အနီးနားရှိ နေရာများတွင်သာ လျှောက်ကြည့်လို့ရသည်။ဝေးကွာသောအရပ်သို့ သွားနိုင်ရန် တစ်ချိန်ချိန်မှာတော့ မြင်းတွေကို ယူဆောင်လာရန် စဥ်းစားထားခဲ့သည်။
လေးထောင့်အိမ်သို့ ပြန်ရောက်လာတော့ လဲ့ယ်ထျဲအား ဤအရာက လက်လုပ်အပ်ချုပ်စက်ဖြစ်ကြောင်း နိဒါန်းအစပျိုးပြောခဲ့ပြီး ၎င်းမှာ ဘီယာ၊ ခေါက်ဆွဲခြောက်၊ အားကစားဝတ်စုံ၊ အားကစားဖိနပ်တွေ... စသဖြင့် ဆက်ပြောနေခဲ့ကာ သူ့မျက်လုံးထဲတွင် ကျေနပ်နေသည့်အပြုံးတစ်ခု အမြဲရှိနေသည်။တစ်ဖက်လူ ရှာဖွေသိရှိသွားဖို့ မလွယ်ကူသော်လည်း ထိုပျော်ရွှင်မှုမျိုးသည် သူ့တစ်ကိုယ်လုံးတွင် ရောင်ပြန်ဟပ်နေသည်။ချင်မျန် သူ့မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားသည်ကိုပင် သတိမထားမိလိုက်။
"ကြည့်....ဒါကမှ ဟော့ပေါ့ဟင်းရည်စစ်စစ်ပဲ" သူ ပုံးတစ်ပုံးမှ အထုပ်တစ်ထုပ်ကို ထုတ်ကာ ရတနာသကဲ့သို့ ကမ်းပေးလိုက်သည်။
“နေ့လည်ကျရင် ဟော့ပေါ့ချက်ဖို့ ဒီဟာကို သုံးကြမယ်။”
“ကောင်းပြီ။”
အဆုံးတွင် လူနှစ်ဦးစလုံးသည် အပြည့်ထည့်ထားသော တောင်းနှစ်တောင်းစီကို ထမ်းကာ နယ်မြေထဲမှ ထွက်လာခဲ့ကြသည်။
ချင်မျန်၏တောင်းနှစ်တောင်းသည် လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေနှင့် အရသာရှိတဲ့ သရေစာမုန့်များဖြင့် ပြည့်နေသည်။နယ်မြေထဲတွင် ရာသီဥတုဟူ၍မရှိရာ ဤဟင်းသီးဟင်းရွက်အမျိုးအစားအနည်းငယ်ကို ယခုရာသီတွင် မရရှိနိုင်။
လဲ့ယ်ထျဲ၏တောင်းနှစ်တောင်းထဲတွင် အသီးအနှံတွေ၊ အနီရောင်တောက်တောက် မက်မွန်သီး၊ ပန်းရောင်ပန်းသီးတွေနှင့် ခရမ်းရောင်စပျစ်သီးနှစ်တွဲတို့ဖြင့် ပြည့်နှက်နေပြီး ၎င်းတို့အားလုံးသည် ဆွဲဆောင်မှုရှိကာ တောက်ပမှုအပြည့်ဖြင့် ရှိနေ၏။
လဲ့ယ်ထျဲက သစ်သားတုံးနှစ်တုံးကို ရွှေ့ကာ ရေတွင်းနံဘေးတွင် သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်တွေကို ဆေးကြောနေသည်။
ချင်မျန်ကတော့ အခြားသစ်သားတုံးတစ်တုံးပေါ်တွင် ထိုင်ကာ ဘယ်ဘက်လက်တွင် ဆေးကြောပြီးတဲ့ စပျစ်သီးအခိုင်ကြီးကို ကိုင်ကာ ညာဘက်လက်က စပျစ်သီးတွေကို တစ်လုံးပြီးတစ်လုံး ချွေစားနေသည်။သူ့အနောက်ကို ကြည့်လိုက်၏။အနီးနားတွင် အခြားမည်သူမျှမရှိပေ။
“အိမ်ရှေ့မှာ ခြံစည်းရိုးခတ်ထားလိုက်ရင် လူဖြတ်သွားတိုင်း ဘယ်သူမှ မမြင်သင့်တဲ့အရာကို မြင်သွားမှာမဟုတ်ဘူး”
"သစ်သားနဲ့လား ခြံစည်းရိုးပင်တွေနဲ့လား?" လဲ့ယ်ထျဲက မေးသည်။
"ချုံပင်၊ နှင်းဆီ၊ ဆူးချုံရိုင်း၊ ဂျူနီပါ အစရှိသည့် အပင်များ" သည် ပုပြီး သေးငယ်သောချုံနွယ်ပင်အစုအဝေးများဖြစ်ကြပြီး အခြားသူတို့နှင့် အရမ်းကြီး မခွဲထားနိုင်ရုံသာမက ခြံဝင်းအတွင်းရှိ သူတို့၏မြင်ကွင်းကိုလည်း ရှင်းရှင်းလင်းလင်းမြင်နိုင်မည်မဟုတ်ကြောင်း ချင်မျန် ပြောခဲ့သည်။
“ကောင်းပြီ။” လဲ့ယ်ထျဲက မုန့်ညင်းရွက်မှရွှံ့တွေကို သေသေချာချာ ဆေးကြောလိုက်သည်။
ချင်မျန် စပျစ်သီးတစ်လုံးကိုချွေပြီး သူ့ပါးစပ်နား တေ့လိုက်၏။
လဲ့ယ်ထျဲ ပါးစပ်ကိုဟပြီး လက်ညိုးဖြင့်ထိုးသွင်းကာ စပျစ်သီးမှာ လှိမ့်ဝင်သွားသည်။
ချင်မျန် သူ့ရဲ့ပူနွေးစိုစွတ်နေသည့်လက်ချောင်းတွေနှင့် သူစားလိုသော စပျစ်သီးတွေကို ပြန်ကြည့်လိုက်သည်။သူ ခဏလောက် တုံ့ဆိုင်းသွားပြီး စပျစ်သီးကို ဆက်စားဖို့ ချွေလိုက်၏။
"နောက်တစ်လုံး။" လဲ့ယ်ထျဲက ခေါင်းငုံ့ကာ အသီးအရွက်တွေကို သေသေချာချာဆေးကြောနေပြီး မည်သည့်စကားမှ မပြောလိုက်သလိုပင်။
ချင်မျန် သူ့ကိုယ်သူ ရယ်လိုက်သော်လည်း ခွံ့ကျွေးရန်အတွက် စပျစ်သီးကို လက်လှမ်းနေပြီဖြစ်သည်။တစ်လုံးစားပြီး တစ်လုံးကျွေး၏...
စပျစ်သီးတစ်ခိုင်ကို လူနှစ်ယောက်စားပြီးသောအခါ လဲ့ယ်ထျဲသည်လည်း ဟင်းသီးဟင်းရွက်တွေကို ဆေးကြောပြီးသွားပြီ ဖြစ်၏။
လဲ့ယ်ထျဲက ဟင်းသီးဟင်းရွက်တွေကို မီးဖိုချောင်ထဲသို့ ယူဆောင်လာကာ ချင်မျန်သည်လည်း သူ့လက်ကို ဆေးကြောပြီးနောက် လိုက်သွားခဲ့သည်။လဲ့ယ်ထျဲက ဟင်းချက်ဖို့ မီးမွှေး၏။ပါဝင်ပစ္စည်းတွေကို လှီးဖြတ်ရန် မီးဖိုချောင်သုံးဓားတစ်ချောင်းကို ယူလိုက်သည်။ကြက်သားကို အပိုင်းပိုင်းဖြတ်၊ လတ်ဆတ်တဲ့ဂေါ်ဖီထုပ်၏အပြင်ဘက်အရွက်တွေကို ခွဲထုတ်ပြီး အတွင်းဘက်က အရွက်တွေကို အမြှောင်းမြှောင်းလှီးကာ ချက်ပြုတ်မည်ဆိုပါက အရသာရှိပေ၏။အာလူးကိုအခြမ်းလိုက်လှီး; နံနံပင်ကို တစ်ဝက်ခွဲပြီး...
နေ့လယ်စာစားပြီးနောက် ချင်မျန်သည် သူ့ရဲ့ချစ်လှစွာသောမြင်းလေးကို သတိရလိုက်မိသည်။နေရောင်ကို ကောင်းကောင်းမြင်နေရသေးတော့ ရေဖြည့်ဖို့ ပုံးသေးနှစ်ပုံးကို ရှာပြီး ပန်းသီးလေးလုံးထည့်ထားတဲ့ တောင်းသေးသေးလေးကို ယူလိုက်၏။
"ဘာလုပ်မလို့လဲ?" လဲ့ယ်ထျဲ မြင်တော့ မေးလိုက်သည်။
“မြင်းကို အစာကျွေးပြီး ရေဆေးပေးမလို့။”
လဲ့ယ်ထျဲက ခေါင်းညိတ်ပြီး ရေစည်ထဲကို ရေလောင်းထည့်လိုက်သည်။ဘယ်ဘက်လက်မှာ ဝါးခြင်းတောင်းကို ကိုင်ထားပြီး ညာဘက်လက်မှာ သစ်သားပုံးအလွတ်နှစ်ပုံးကို ယူကာ ထွက်လာခဲ့သည်။ “ကန်ထဲက ရေသုံးမယ်”
ချင်မျန်လည်း သူ့ရဲ့ဘွတ်ဖိနပ်ကို သန့်ရှင်းရန် အသုံးပြုသည့် စုတ်တံကိုယူကာ လိုက်သွားခဲ့သည်။
ရေကန်ဘေးကိုဖြတ်သွားရင်း လဲ့ယ်ထျဲက ရေပုံးနှစ်ပုံးဖြည့်ပြီး ချင်မျန်က ဝါးခြင်းတောင်းကို သယ်လိုက်၏။
မြင်းနှစ်ကောင်ကတော့ နွားတင်းကုပ်ထဲတွင် စားကျက်တည်နေကြ၏။
သူတို့ မြင်းတွေကို နေပူထဲကို ထုတ်လိုက်သည်။ချင်မျန် ပန်းသီးတစ်လုံးယူကာ မြင်းညိုလေးအား ကျွေးလိုက်သည်။မြင်းညိုလေးသည် ပန်းသီးကို ရှူရင်း ပါးစပ်ကိုဟကာ စားလိုက်၏။လည်ပင်းကို ပွတ်သပ်ရင်း ပြုံးကာ လဲ့ယ်ထျဲကို ပြောလိုက်၏၊
“ကြည့်.....သူ ကြိုက်မယ်ဆိုတာ ကျွန်တော် သိတာပေါ့”
လဲ့ယ်ထျဲလည်း သူ့မြင်းနက်ကို အစာကျွေးရန်အတွက် ပန်းသီးတစ်လုံးကိုလည်း ယူခဲ့သည်။မြင်းနက်ကြီးက ပန်းသီးမစားခင် သူ့ကို စိုက်ကြည့်နေ၏။
ပန်းသီးကျွေးပြီးနောက် ချင်မျန်သည် မြင်းညိုကို ပွတ်တိုက်ဆေးပေးရန် သူ့အကျီလက်ကို လှန်တင်လိုက်သည်။
မြင်းညိုလေးက ဝမ်းသာအားရထိုင်ပေးပြီး ၎င်း၏ဦးခေါင်းသည် ချင်မျန်၏လက်မောင်းကြား ချစ်ခင်စွာပွတ်သပ်လို့နေကာ သူ့အား သဘောကျသွားစေသည်။
ထိုအချိန်တွင် လဲ့ယ်ထျဲဘက်မှာတော့ လဲ့ယ်ထျဲက
မြင်းနက်ကို နည်းစနစ်တကျ ဖြည်းညှင်းစွာ တိုက်ပေးနေသော်လည်း မြင်းနက်က မလှုပ်မယှက်ဖြစ်ကာ သူ့ကိုပင် မကြည့်ဘဲ အရာအားလုံးကို လျစ်လျူရှုထားပုံရသည်။
Advertisement
လဲ့ယ်ထျဲက ဘယ်ဘက်ခြမ်းကို ပွတ်တိုက်သန့်ရှင်းပေးပြီးသောအခါတွင် ထိုမြင်းနက်မှာ သတိရှိစွာ တစ်ဖက်လှည့်ပေးလိုက်ငြား လဲ့ယ်ထျဲကို တစ်ချက် ပြန်လှည့်မကြည့်ရသေးပေ။လူနှင့်မြင်း၏စိတ်နေစိတ်ထားမှာ အံ့ဩစရာပင်။
ချင်မျန်ကတော့ ထိုမြင်ကွင်းကို အားပါးတရ ကြည့်နေသည်။
လဲ့ယ်ထျဲ ရုတ်တရက် ခေါင်းကို နောက်ပြန်လှည့်လိုက်ပြီး "မင်း မြင်းစီးတာ ပိုကျွမ်းကျင်လာတဲ့အခါ မင်းကို မြင်းစီးလေးပစ်နည်းကို သင်ပေးမယ်။"
“ကောင်းပြီ!” ချင်မျန် အလွန်ဝမ်းသာသွားပြီး "ဟေး...ကျွန်တော် တတ်သွားပြီးရင် မြင်းစီးရင်း အမဲလိုက်လို့ရပြီ"
မြင်းကို ဆေးကြောသန့်ရှင်းပေးပြီးနောက် လဲ့ယ်ထျဲက မြင်းနှစ်ကောင်ကို နေရောင်အောက်တွင် နေပူဆာလှုံပြီး အစာစားရန် မြင်းစာကို ယူလာပေးခဲ့သည်။အမွေးတွေခြောက်သွားပြီးနောက် မြင်းတွေကို မြင်းဇောင်းသို့ ပြန်ပို့ပေးလိုက်ကြသည်။
ဦးလေးဖူသည် အမိန့်ကိုစောင့်ရင်း အဝေးကနေပဲ ရပ်စောင့်နေ၏။သူတို့ ခြံကို ရောက်တာ တော်တော်ကြာနေပြီ။ဦးလေးဖူ၊ အဒေါ်ဖူနဲ့ ရှီလတို့အားလုံး လုံ့လစိုက်ထုတ်ခဲ့ကြ၏။လက်ရှိတွင် ရှီလ နှင့် ဦးလေးဖူတို့ ထင်းတွေအများအပြားခုတ်ပြီးကြပြီး အဒေါ်ဖူသည်လည်း ပန်းကန်နှင့် အဝတ်တွေကို အလွန်သန့်ရှင်းစွာ ဆေးကြောပေးကာ ပန်းခင်းကိုလည်း ကောင်းစွာ ဂရုစိုက်ပေးခဲ့သည်။ချင်မျန်နဲ့ လဲ့ယ်ထျဲတို့က သူတို့အတွက် အတော်လေး ကျေနပ်မိ၏။
လဲ့ယ်ထျဲက ဦးလေးဖူနဲ့ ရှီလကို တောင်ပေါ်မှာ ချုံပုတ်တွေ တူးခိုင်းလိုက်၏။အိမ်တွင်တော့ သူက စစ်တုရင်ခုံကို ထုတ်ကာ ရေကန်ဘေးရှိ မိုးမခပင်များအောက်တွင် ချင်မျန်နှင့် စစ်တုရင်ကစားနေကြသည်။
ဦးလေးဖူနှင့် ရှီလ ပြန်ရောက်လာသောအခါ ချင်မျန်သည် သူတို့အတွက် ချုံပင်များစိုက်ရန် နေရာတစ်ခုသတ်မှတ်ပေးကာ ချုံပင်သုံးပင်မှ နှစ်ပင်ကြားတွင် ပန်းပင်တစ်ပင်စီ စိုက်ပျိုးရန် မှာခဲ့သည်။
ခြံစည်းရိုးအလယ်တွင် လူတစ်ဝက်ခန့်မြင့်သော သစ်သားခြံစည်းရိုးတံခါးတစ်ခုလည်း ပြုလုပ်ထားသေးသည်။
နေဝင်ခါနီးအချိန်တွင် ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် ခရီးတစ်ခုထွက်ကာ စပျစ်ပင်နှစ်ပင်ကို ယူလာကာ ခြံဝင်းနံရံတွင် စိုက်ထားလိုက်သည်။နွေရာသီရောက်ရင်တော့ စပျစ်သီးကို ခူးစားလို့ရနိုင်ပြီ။
မွေးနေ့၏နေ့ခင်းအချိန်သည် ထိုကဲ့သို့ပင် ကုန်ဆုံးသွားခဲ့သည်။
ညဘက် အိပ်ယာထဲမှာ လဲလျောင်းရင်း ချင်မျန် အရင်ကထက် ပိုစိတ်လှုပ်ရှားလာ၏။
နှစ်သစ်မှာ လဲ့ယ်ထျဲက သူ့ကို “ဖွင့်ပြောခဲ့ပြီး" ကတည်းက သူတို့ မျက်နှာချင်းဆိုင်ရတဲ့အခါတိုင်း သူ ပို,ပိုဆိုးလာသလိုပဲ။
ဒီနေ့က သူနှင့် လဲ့ယ်ထျဲအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုလို့ ဆိုနိုင်၏။လဲ့ယ်ထျဲက သူ့ကို ခုန်အုပ်ဖို့ကို ထိန်းနိုင်ပါ့မလား။ရိုးရိုးသားသားပြောရရင် သူလည်း လဲ့ယ်ထျဲနဲ့ မကြာခဏ ရင်းနှီးချင်ပေမယ့် သူက အခုမှ အသက် ၁၆ နှစ်သာ ရှိသေး၏။သူ့ခန္ဓာကိုယ်က အပြည့်အဝ မဖွံ့ဖြိုးသေးတာကြောင့် သူ့ရဲ့လိုအင်ဆန္ဒတွေက လဲ့ယ်ထျဲထက် များစွာနည်းနေသေးသည်။
လဲ့ယ်ထျဲ တံခါးနှင့် ပြတင်းပေါက်တွေကို ပိတ်ပြီးနောက် အထဲသို့ ဝင်လာသောအခါတွင် သူ့ဇနီးလေးသည် ကုတင်ပေါ်တွင် စိတ်လှုပ်ရှားထိတ်လန့်နေသော မျက်နှာဖြင့် လဲလျောင်းနေသည့်အပြင် စောင်ကို တင်းတင်းကျပ်ကျပ်ပတ်ထားသည်ကိုပါ တွေ့လိုက်ရ၏။ခြေသံကြားတော့ ခေါင်းကို အထိတ်တလန့် မြှောက်ကာ ခပ်ခြောက်ခြောက် ရယ်မောလိုက်သေးသည်။
လဲ့ယ်ထျဲ၏ခြေလှမ်းများ ရပ်တန့်သွား၏။
သူ့အဝတ်အစားတွေကို ဖြည်းညှင်းစွာ ချွတ်လိုက်ပြီး အတွင်းခံကိုသာ ချန်ထားကာ စောင်ကို ညင်သာစွာမပြီး လူငယ်လေးကို သူ့ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်သည်။
ချင်မျန်တစ်ယောက် တောင့်တင်းသွားတော့သည်။
"ဘာကိုကြောက်တာလဲ?" လဲ့ယ်ထျဲအသံမှာ အလွန်စိတ်ရှုပ်ထွေးသွားပုံရသည်။
ဟမ်? သူ အရမ်းတွေးမိသွားတာလား? သူ့ကိုယ်သူ အခြေမြင့်သွားတာလား ?
ချင်မျန်၏နှုတ်ခမ်းမှာ တွန့်ချိုးသွားသည်။သူ့စိတ်ထဲမှာလည်း တော်တော်ရှုပ်ထွေးသွား၏။သူပျော်သည်လော စိတ်ပျက်သွားသည်လော မပြောနိုင်ပေ။ဒါပေမယ့် သူ ပြန်ဖုံးချပြီး ပြောလိုက်သည်။
"ဘာမှမဟုတ်ပါဘူး ဟီးဟီး"
“အင်း။” လဲ့ယ်ထျဲက သူ့အပေါ်ကို လှည့်ဖိကာ သူနှုတ်ခမ်းလေးကို နမ်းလိုက်၊ ကိုက်လိုက်ဖြင့်၊ သူ့ပါးလေးကို နမ်းလိုက်ပြီး နားရွက်ကိုပါ နမ်းလိုက်သည်။
ဒီကိုယ်ဟန်အနေအထားက မှားနေတယ်!
ချင်မျန် တုန်တုန်ယင်ယင်ဖြင့် “ဘာလုပ်နေတာလဲ?”
"မင်းကိုနမ်းနေတာလေ..." လဲ့ယ်ထျဲက ရိုးရိုးရှင်းရှင်းသာ ပြန်ဖြေ၏။သူ ချင်မျန်၏လက်နှစ်ဖက်ကို သူ့လက်နှစ်ဖက်ဖြင့် ချုပ်နှောင်ထားပြီး ချင်မျန်၏ခြေထောက်တွေကိုလည်း သူ့ခြေထောက်တွေဖြင့် ဖိထားကာ လုံးလုံးလျားလျား တင်းကြပ်နေသည့်ပုံစံဖြင့် ချုပ်နှောင်ထားသည်။
ချင်မျန် တစ်ကိုယ်လုံး တင်းမာလာတော့သည်။နမ်းဖို့ အစပြုပြီးနောက် သူ ထိုယောက်ျားကို မျက်နှာတည့်တည့်ကြည့်ပြီး "ထျဲကော....ကျွန်တော့်ကို ကြီးပြင်းခွင့်ပေးမလား?"
လဲ့ယ်ထျဲ၏လှုပ်ရှားမှုတွေက ခေတ္တရပ်သွားကာ “ကောင်းပြီ”
ချင်မျန် သက်ပြင်းရှည်ကြီး ချလိုက်သော်လည်း လဲ့ယ်ထျဲက သူ့တစ်ကိုယ်လုံးကို နမ်းနေဆဲ။
ထိုးဖောက်ဝင်ရောက်မှု မရှိသော်လည်း နောက်နေ့မနက်တွင် သူ နေ့လယ်ခင်းအထိ အိပ်ပျော်သွားကာ ဗိုက်ဆာလာတော့မှ နိုးလာရတော့သည်။သူ အော်ဟစ်လိုက်ကာ။ “လဲ့ယ်ထျဲ––”
လဲ့ယ်ထျဲ အမြန်ပေါ်လာပြီး "ချင်းဇီ.....ဗိုက်ဆာနေပြီလား?"
ချင်မျန် သူ့ကို မျက်နှာထားတည်တည်ဖြင့် စိုက်ကြည့်ပြီး သူ့အဝတ်အစားတွေကို အမြန်ဝတ်လိုက်သည်။
လဲ့ယ်ထျဲ၏မျက်လုံးတွေက သူ့လည်ပင်းပေါ်ရှိ အမှတ်အသားတွေကို ကြည့်လိုက်ကာ "ကိုယ် အဒေါ်ဖူကို ကြက်ဥနဲ့ အသားစင်းကောခေါက်ဆွဲ ချက်ပေးဖို့ပြောထားတယ်"
"ခဏစောင့်နေ။" ချင်မျန် သူ့ဖိနပ်ကိုစီးပြီး ပြေးထွက်သွား၏။
လဲ့ယ်ထျဲ သူ့နောက်ကို လိုက်သွားကာ "ချင်းဇီ အိမ်သာသွားရဖို့ စိတ်စောနေတာလား?"
ချင်မျန် လန့်သွားသည်။ ခင်ဗျားပဲသွား!!
“ပြေးမလို့!”
Advertisement
လဲ့ယ်ထျဲ မျက်ခုံးပင့်ကာ ပြေးထွက်သွားသည်ကို ကြည့်လိုက်သည်။
ပိုင်တျန့်လေးလည်း ဟောင်ပြီး အနီးကပ် လိုက်ပြေးလာခဲ့သည်။
ချင်မျန် ခြံတံတိုင်းတစ်လျှောက် တစ်ပတ်ပြည့်အောင် ပြေးသွား၏။ပြန်ရောက်လာတော့ ခြေထောက်တွေက အားပင်မရှိတော့ပေ။ခါးကွေးလျက် လက်တွေ ဒူးပေါ်တင်ပြီး ပါးစပ်ဟကာ အသက်လုရှူနေရသည်။
"မပြီးသေးဘူး။" သူ ထိုလူကို တွန်းထုတ်ပြီး အဝတ်လှန်းတိုင်ဆီသို့ သွားကာ ဝါးလုံးကို အလျားလိုက် ဘားတန်းတစ်ခုအဖြစ် အသုံးပြု၍ လက်နှစ်ဖက်ဖြင့် ကိုင်လျက် ခြေထောက်တွေကို ဆွဲတင်ကာ ဘားခိုနေသည်။
လဲ့ယ်ထျဲ မတ်တပ်ရပ်ပြီး လှမ်းကြည့်လိုက်သည်။
ချင်မျန် သူ့ကို ပြုံးပြပြီး "ဒါက လက်တံတွေ ရှည်နိုင်တယ်၊ နောက်ကျရင် ကျွန်တော်လက်တွေက ခင်ဗျားရဲ့လက်တွေထက်တောင် ပိုရှည်လာလိမ့်မယ်"
လဲ့ယ်ထျဲ ခေါင်းသာညိတ်ပြလိုက်သည်။
ချင်မျန် အချိန်အတန်ကြာ စိတ်အားထက်သန်စွာ ဘားဆွဲပြီးနောက် သူ အဝတ်လှန်းတိုင်ပေါ်တွင် ချိုင်းတင်ကာ ခြေထောက်တွေကို မြှောက်လျက် အဝတ်လှမ်းတိုင်ကို ခြေထောက်ဖြင့်ချိတ်နိုင်ရန် ကြိုးစားနေသည်။အချိန်အတော်ကြာအောင် ကြိုးစားပြီးနောက် မအောင်မြင်ဘဲ ရယ်စရာကောင်းနေသည်။
လဲ့ယ်ထျဲ လျှောက်လာကာ ထိုလူငယ်လေးကို ဆွဲချကာ သူ့ခါးကို ပုတ်လိုက်သည်။
"လျှောက်မလုပ်နဲ့တော့"
ချင်မျန် သူဒါကို လွန်လွန်ကဲကဲလုပ်နေမိမှန်းသိပြီး “ဟူး...ဒီလောက်ဆို လုံလောက်ပြီ။မနက်ဖြန်ကစပြီး မနက်ပိုင်း လေ့ကျင့်ခန်း ပြန်လုပ်မယ်။ကျွန်တော် မျက်နှာသစ်လိုက်ဦးမယ်။"
သူ လက်နှစ်ဖက်ကို ဆွဲဆန့်ကာ လှည့်ပြီး ခြေထောက်တွေကို ကန်ဆန့်ကာ ရေချိုးခန်းဆီသို့ အေးအေးဆေးဆေး လျှောက်သွားခဲ့သည်။ရေချိုးခန်းထဲသို့ မှန်အသစ်နှင့်ရေချိုးစည်ကို ထည့်ထားသောကြောင့် အလွန်အသုံးတည့်နေလေသည်။
လဲ့ယ်ထျဲ သူ့ကို ခေါက်ဆွဲကျွေးဖို့ မီးဖိုချောင်ကို သွားလိုက်၏။
ရှီလသည် အလျင်စလိုပြေးလာပြီး တံခါးဝတွင် ရပ်ကာ အော်လာသည်။
“သခင်ကြီးနှင့် သခင်လေး ပဉ္စမမြောက်သခင်လေးနဲ့ သခင်မလေး ရောက်လာပါတယ်”
သူတို့အစေခံတွေသည် အိမ်ဟောင်းရှိလူများနှင့် အဆက်အစပ်မရှိကြသော်လည်း သခင်ကြီးနှင့် အိမ်ဟောင်းရှိလူများက ဆွေမျိုးရင်းချာများဖြစ်၏။အိမ်ဟောင်းရှိလူအားလုံးသည် အဆင့်အတန်း "မြင့်၊ ကြီး၊ နှင့်အထက်" အခေါ်အဝေါ်များကိုခေါ်ခံရခွင့် ရနိုင်လောက်အောင်ကံကောင်းခဲ့သည်။
"ပဉ္စမမြောက်သခင်လေး" နှင့် "သခင်မလေး" ဟူသည် လဲ့ယ်ရှန်းကျစ်နှင့် လဲ့ယ်ချွင်းထောင်တို့ကိုရည်ညွှန်းခြင်းသာ။
ချင်မျန်သည် သူ့ပါးစပ်ဆေးရည်ကို ထွေးထုတ်လိုက်ပြီး ရေချိုးခန်းထဲက ထွက်လာကာ "သိပြီ"
လဲ့ယ်ရှန်းကျစ်နှင့် လဲ့ယ်ချွင်းထောင်တို့ရောက်ရှိလာသောအခါ ချင်မျန်သည် ကျောက်စားပွဲပေါ်တွင် ခေါက်ဆွဲစားနေပြီး လဲ့ယ်ထျဲကတော့ သူ့ဘေးနားရှိ သစ်သားတုံးလေးပေါ်တွင် ထိုင်ကာ ထယ်ပြင်နေသည်။
"လာထိုင်" ချင်မျန် လဲ့ယ်ရှန်းကျစ်နှင့် လဲ့ယ်ချွင်းထောင်တို့ထံသို့ ထိုင်ရန်အမူအယာပြလိုက်သည်။
လဲ့ယ်ချွင်းထောင်က မထိုင်နေတော့ဘဲ “မရီး...ဥယျာဉ်ထဲက ပန်းတွေက အရမ်းလှတာပဲ။ညီမလေး သွားကြည့်ပြီး ပန်းထိုးတဲ့ပုံစံတွေ ဆွဲကြည့်ချင်တယ်"
"အင်း ဒါဆို သွားတော့လေ။ပိုင်တျန့်လေးလည်း ရှိတယ်။သူ့ကိုသာ သွားမရှုပ်နဲ့။မကြာသေးခင်ကမှ ငြိမ်သွားတာ။” ချင်မျန် သတိပေးလိုက်သည်။
"ညီမလေး သိပါပြီ။" လဲ့ယ်ချွင်းထောင်သည် အပြုံးလေးဖြင့် ပြန်ကြည့်ကာ တဖြည်းဖြည်း ထွက်ခွာသွားခဲ့သည်။
ခေါက်ဆွဲစားနေတုန်း ချင်မျန်က "ပဉ္စမမြောက်ညီ,ဘာကိစ္စရှိလို့လဲ?”
လဲ့ယ်ချွင်းထောင်က ရှက်ရွံ့စွာပြုံးပြီး "အစ်ကိုကြီးနဲ့ အကြီးဆုံးမရီး....ကျွန်တော့်မှာ ရဲတင်းတဲ့တောင်းဆိုစရာတစ်ခုရှိပါတယ်"
ချင်မျန် ပြောလိုက်၏။ "ဒါကို အရင်ပြောရအောင်"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
081: ထ်ဲေကာ....ကြၽန္ေတာ္႕ကို ႀကီးျပင္းခြင့္ေပးပါ
“အင္း” ခ်င္မ်န္သည္ ပန္းေရာင္အဖူးလုံးေလးကေန ပြင့္လာမည့္ ထူးဆန္းသည့္ပန္းအမ်ိဳးအစားေလးကိုလည္း သိခ်င္ေနမိသည္။
သူ အားႀကိဳးမာန္တက္ျဖင့္ “လာ....နယ္ေျမကို အရင္လိုက္ျပေပးမယ္။တျခားကမ႓ာကေန ယူလာတဲ့အရာေတြ အမ်ားႀကီး႐ွိတယ္။”
နယ္ေျမက အရမ္းက်ယ္ျပန္႔၏။အနီးနား႐ွိ ေနရာမ်ားတြင္သာ ေလွ်ာက္ၾကည့္လို႔ရသည္။ေဝးကြာေသာအရပ္သို႔ သြားႏိုင္ရန္ တစ္ခ်ိန္ခ်ိန္မွာေတာ့ ျမင္းေတြကို ယူေဆာင္လာရန္ စဥ္းစားထားခဲ့သည္။
ေလးေထာင့္အိမ္သို႔ ျပန္ေရာက္လာေတာ့ လဲ့ယ္ထ်ဲအား ဤအရာက လက္လုပ္အပ္ခ်ဳပ္စက္ျဖစ္ေၾကာင္း နိဒါန္းအစပ်ိဳးေျပာခဲ့ၿပီး ၎မွာ ဘီယာ၊ ေခါက္ဆြဲေျခာက္၊ အားကစားဝတ္စုံ၊ အားကစားဖိနပ္ေတြ... စသျဖင့္ ဆက္ေျပာေနခဲ့ကာ သူ႕မ်က္လုံးထဲတြင္ ေက်နပ္ေနသည့္အျပဳံးတစ္ခု အၿမဲ႐ွိေနသည္။တစ္ဖက္လူ ႐ွာေဖြသိ႐ွိသြားဖို႔ မလြယ္ကူေသာ္လည္း ထိုေပ်ာ္႐ႊင္မႈမ်ိဳးသည္ သူ႕တစ္ကိုယ္လုံးတြင္ ေရာင္ျပန္ဟပ္ေနသည္။ခ်င္မ်န္ သူ႕မ်က္ႏွာေပၚ႐ွိ အျပဳံးမ်ား ေပ်ာက္ကြယ္သြားသည္ကိုပင္ သတိမထားမိလိုက္။
"ၾကည့္....ဒါကမွ ေဟာ့ေပါ့ဟင္းရည္စစ္စစ္ပဲ" သူ ပုံးတစ္ပုံးမွ အထုပ္တစ္ထုပ္ကို ထုတ္ကာ ရတနာသကဲ့သို႔ ကမ္းေပးလိုက္သည္။
“ေန႔လည္က်ရင္ ေဟာ့ေပါ့ခ်က္ဖို႔ ဒီဟာကို သုံးၾကမယ္။”
“ေကာင္းၿပီ။”
အဆုံးတြင္ လူႏွစ္ဦးစလုံးသည္ အျပည့္ထည့္ထားေသာ ေတာင္းႏွစ္ေတာင္းစီကို ထမ္းကာ နယ္ေျမထဲမွ ထြက္လာခဲ့ၾကသည္။
ခ်င္မ်န္၏ေတာင္းႏွစ္ေတာင္းသည္ လတ္လတ္ဆတ္ဆတ္ ဟင္းသီးဟင္း႐ြက္ေတြႏွင့္ အရသာ႐ွိတဲ့ သေရစာမုန္႔မ်ားျဖင့္ ျပည့္ေနသည္။နယ္ေျမထဲတြင္ ရာသီဥတုဟူ၍မ႐ွိရာ ဤဟင္းသီးဟင္း႐ြက္အမ်ိဳးအစားအနည္းငယ္ကို ယခုရာသီတြင္ မရ႐ွိႏိုင္။
လဲ့ယ္ထ်ဲ၏ေတာင္းႏွစ္ေတာင္းထဲတြင္ အသီးအႏွံေတြ၊ အနီေရာင္ေတာက္ေတာက္ မက္မြန္သီး၊ ပန္းေရာင္ပန္းသီးေတြႏွင့္ ခရမ္းေရာင္စပ်စ္သီးႏွစ္တြဲတို႔ျဖင့္ ျပည့္ႏွက္ေနၿပီး ၎တို႔အားလုံးသည္ ဆြဲေဆာင္မႈ႐ွိကာ ေတာက္ပမႈအျပည့္ျဖင့္ ႐ွိေန၏။
လဲ့ယ္ထ်ဲက သစ္သားတုံးႏွစ္တုံးကို ေ႐ႊ႕ကာ ေရတြင္းနံေဘးတြင္ သစ္သီးဝလံမ်ားႏွင့္ ဟင္းသီးဟင္း႐ြက္ေတြကို ေဆးေၾကာေနသည္။
ခ်င္မ်န္ကေတာ့ အျခားသစ္သားတုံးတစ္တုံးေပၚတြင္ ထိုင္ကာ ဘယ္ဘက္လက္တြင္ ေဆးေၾကာၿပီးတဲ့ စပ်စ္သီးအခိုင္ႀကီးကို ကိုင္ကာ ညာဘက္လက္က စပ်စ္သီးေတြကို တစ္လုံးၿပီးတစ္လုံး ေခြၽစားေနသည္။သူ႕အေနာက္ကို ၾကည့္လိုက္၏။အနီးနားတြင္ အျခားမည္သူမွ်မ႐ွိေပ။
“အိမ္ေ႐ွ႕မွာ ျခံစည္း႐ိုးခတ္ထားလိုက္ရင္ လူျဖတ္သြားတိုင္း ဘယ္သူမွ မျမင္သင့္တဲ့အရာကို ျမင္သြားမွာမဟုတ္ဘူး”
"သစ္သားနဲ႔လား ျခံစည္း႐ိုးပင္ေတြနဲ႔လား?" လဲ့ယ္ထ်ဲက ေမးသည္။
"ခ်ံဳပင္၊ ႏွင္းဆီ၊ ဆူးခ်ံဳ႐ိုင္း၊ ဂ်ဴနီပါ အစ႐ွိသည့္ အပင္မ်ား" သည္ ပုၿပီး ေသးငယ္ေသာခ်ံဳႏြယ္ပင္အစုအေဝးမ်ားျဖစ္ၾကၿပီး အျခားသူတို႔ႏွင့္ အရမ္းႀကီး မခြဲထားႏိုင္႐ုံသာမက ျခံဝင္းအတြင္း႐ွိ သူတို႔၏ျမင္ကြင္းကိုလည္း ႐ွင္း႐ွင္းလင္းလင္းျမင္ႏိုင္မည္မဟုတ္ေၾကာင္း ခ်င္မ်န္ ေျပာခဲ့သည္။
“ေကာင္းၿပီ။” လဲ့ယ္ထ်ဲက မုန္႔ညင္း႐ြက္မွ႐ႊံ႕ေတြကို ေသေသခ်ာခ်ာ ေဆးေၾကာလိုက္သည္။
ခ်င္မ်န္ စပ်စ္သီးတစ္လုံးကိုေခြၽၿပီး သူ႕ပါးစပ္နား ေတ့လိုက္၏။
လဲ့ယ္ထ်ဲ ပါးစပ္ကိုဟၿပီး လက္ညိဳးျဖင့္ထိုးသြင္းကာ စပ်စ္သီးမွာ လွိမ့္ဝင္သြားသည္။
ခ်င္မ်န္ သူ႕ရဲ႕ပူေႏြးစိုစြတ္ေနသည့္လက္ေခ်ာင္းေတြႏွင့္ သူစားလိုေသာ စပ်စ္သီးေတြကို ျပန္ၾကည့္လိုက္သည္။သူ ခဏေလာက္ တုံ႔ဆိုင္းသြားၿပီး စပ်စ္သီးကို ဆက္စားဖို႔ ေခြၽလိုက္၏။
"ေနာက္တစ္လုံး။" လဲ့ယ္ထ်ဲက ေခါင္းငုံ႔ကာ အသီးအ႐ြက္ေတြကို ေသေသခ်ာခ်ာေဆးေၾကာေနၿပီး မည္သည့္စကားမွ မေျပာလိုက္သလိုပင္။
ခ်င္မ်န္ သူ႕ကိုယ္သူ ရယ္လိုက္ေသာ္လည္း ခြံ႕ေကြၽးရန္အတြက္ စပ်စ္သီးကို လက္လွမ္းေနၿပီျဖစ္သည္။တစ္လုံးစားၿပီး တစ္လုံးေကြၽး၏...
စပ်စ္သီးတစ္ခိုင္ကို လူႏွစ္ေယာက္စားၿပီးေသာအခါ လဲ့ယ္ထ်ဲသည္လည္း ဟင္းသီးဟင္း႐ြက္ေတြကို ေဆးေၾကာၿပီးသြားၿပီ ျဖစ္၏။
လဲ့ယ္ထ်ဲက ဟင္းသီးဟင္း႐ြက္ေတြကို မီးဖိုေခ်ာင္ထဲသို႔ ယူေဆာင္လာကာ ခ်င္မ်န္သည္လည္း သူ႕လက္ကို ေဆးေၾကာၿပီးေနာက္ လိုက္သြားခဲ့သည္။လဲ့ယ္ထ်ဲက ဟင္းခ်က္ဖို႔ မီးေမႊး၏။ပါဝင္ပစၥည္းေတြကို လွီးျဖတ္ရန္ မီးဖိုေခ်ာင္သုံးဓားတစ္ေခ်ာင္းကို ယူလိုက္သည္။ၾကက္သားကို အပိုင္းပိုင္းျဖတ္၊ လတ္ဆတ္တဲ့ေဂၚဖီထုပ္၏အျပင္ဘက္အ႐ြက္ေတြကို ခြဲထုတ္ၿပီး အတြင္းဘက္က အ႐ြက္ေတြကို အေျမႇာင္းေျမႇာင္းလွီးကာ ခ်က္ျပဳတ္မည္ဆိုပါက အရသာ႐ွိေပ၏။အာလူးကိုအျခမ္းလိုက္လွီး; နံနံပင္ကို တစ္ဝက္ခြဲၿပီး...
ေန႔လယ္စာစားၿပီးေနာက္ ခ်င္မ်န္သည္ သူ႕ရဲ႕ခ်စ္လွစြာေသာျမင္းေလးကို သတိရလိုက္မိသည္။ေနေရာင္ကို ေကာင္းေကာင္းျမင္ေနရေသးေတာ့ ေရျဖည့္ဖို႔ ပုံးေသးႏွစ္ပုံးကို ႐ွာၿပီး ပန္းသီးေလးလုံးထည့္ထားတဲ့ ေတာင္းေသးေသးေလးကို ယူလိုက္၏။
"ဘာလုပ္မလို႔လဲ?" လဲ့ယ္ထ်ဲ ျမင္ေတာ့ ေမးလိုက္သည္။
“ျမင္းကို အစာေကြၽးၿပီး ေရေဆးေပးမလို႔။”
လဲ့ယ္ထ်ဲက ေခါင္းညိတ္ၿပီး ေရစည္ထဲကို ေရေလာင္းထည့္လိုက္သည္။ဘယ္ဘက္လက္မွာ ဝါးျခင္းေတာင္းကို ကိုင္ထားၿပီး ညာဘက္လက္မွာ သစ္သားပုံးအလြတ္ႏွစ္ပုံးကို ယူကာ ထြက္လာခဲ့သည္။ “ကန္ထဲက ေရသုံးမယ္”
ခ်င္မ်န္လည္း သူ႕ရဲ႕ဘြတ္ဖိနပ္ကို သန္႔႐ွင္းရန္ အသုံးျပဳသည့္ စုတ္တံကိုယူကာ လိုက္သြားခဲ့သည္။
ေရကန္ေဘးကိုျဖတ္သြားရင္း လဲ့ယ္ထ်ဲက ေရပုံးႏွစ္ပုံးျဖည့္ၿပီး ခ်င္မ်န္က ဝါးျခင္းေတာင္းကို သယ္လိုက္၏။
ျမင္းႏွစ္ေကာင္ကေတာ့ ႏြားတင္းကုပ္ထဲတြင္ စားက်က္တည္ေနၾက၏။
သူတို႔ ျမင္းေတြကို ေနပူထဲကို ထုတ္လိုက္သည္။ခ်င္မ်န္ ပန္းသီးတစ္လုံးယူကာ ျမင္းညိဳေလးအား ေကြၽးလိုက္သည္။ျမင္းညိဳေလးသည္ ပန္းသီးကို ႐ွဴရင္း ပါးစပ္ကိုဟကာ စားလိုက္၏။လည္ပင္းကို ပြတ္သပ္ရင္း ျပဳံးကာ လဲ့ယ္ထ်ဲကို ေျပာလိုက္၏၊
“ၾကည့္.....သူ ႀကိဳက္မယ္ဆိုတာ ကြၽန္ေတာ္ သိတာေပါ့”
လဲ့ယ္ထ်ဲလည္း သူ႕ျမင္းနက္ကို အစာေကြၽးရန္အတြက္ ပန္းသီးတစ္လုံးကိုလည္း ယူခဲ့သည္။ျမင္းနက္ႀကီးက ပန္းသီးမစားခင္ သူ႕ကို စိုက္ၾကည့္ေန၏။
ပန္းသီးေကြၽးၿပီးေနာက္ ခ်င္မ်န္သည္ ျမင္းညိဳကို ပြတ္တိုက္ေဆးေပးရန္ သူ႕အက်ီလက္ကို လွန္တင္လိုက္သည္။
ျမင္းညိဳေလးက ဝမ္းသာအားရထိုင္ေပးၿပီး ၎၏ဦးေခါင္းသည္ ခ်င္မ်န္၏လက္ေမာင္းၾကား ခ်စ္ခင္စြာပြတ္သပ္လို႔ေနကာ သူ႕အား သေဘာက်သြားေစသည္။
ထိုအခ်ိန္တြင္ လဲ့ယ္ထ်ဲဘက္မွာေတာ့ လဲ့ယ္ထ်ဲက
ျမင္းနက္ကို နည္းစနစ္တက် ျဖည္းညႇင္းစြာ တိုက္ေပးေနေသာ္လည္း ျမင္းနက္က မလႈပ္မယွက္ျဖစ္ကာ သူ႕ကိုပင္ မၾကည့္ဘဲ အရာအားလုံးကို လ်စ္လ်ဴ႐ႈထားပုံရသည္။
လဲ့ယ္ထ်ဲက ဘယ္ဘက္ျခမ္းကို ပြတ္တိုက္သန္႔႐ွင္းေပးၿပီးေသာအခါတြင္ ထိုျမင္းနက္မွာ သတိ႐ွိစြာ တစ္ဖက္လွည့္ေပးလိုက္ျငား လဲ့ယ္ထ်ဲကို တစ္ခ်က္ ျပန္လွည့္မၾကည့္ရေသးေပ။လူႏွင့္ျမင္း၏စိတ္ေနစိတ္ထားမွာ အံ့ဩစရာပင္။
ခ်င္မ်န္ကေတာ့ ထိုျမင္ကြင္းကို အားပါးတရ ၾကည့္ေနသည္။
လဲ့ယ္ထ်ဲ ႐ုတ္တရက္ ေခါင္းကို ေနာက္ျပန္လွည့္လိုက္ၿပီး "မင္း ျမင္းစီးတာ ပိုကြၽမ္းက်င္လာတဲ့အခါ မင္းကို ျမင္းစီးေလးပစ္နည္းကို သင္ေပးမယ္။"
“ေကာင္းၿပီ!” ခ်င္မ်န္ အလြန္ဝမ္းသာသြားၿပီး "ေဟး...ကြၽန္ေတာ္ တတ္သြားၿပီးရင္ ျမင္းစီးရင္း အမဲလိုက္လို႔ရၿပီ"
ျမင္းကို ေဆးေၾကာသန္႔႐ွင္းေပးၿပီးေနာက္ လဲ့ယ္ထ်ဲက ျမင္းႏွစ္ေကာင္ကို ေနေရာင္ေအာက္တြင္ ေနပူဆာလႈံၿပီး အစာစားရန္ ျမင္းစာကို ယူလာေပးခဲ့သည္။အေမြးေတြေျခာက္သြားၿပီးေနာက္ ျမင္းေတြကို ျမင္းေဇာင္းသို႔ ျပန္ပို႔ေပးလိုက္ၾကသည္။
ဦးေလးဖူသည္ အမိန္႔ကိုေစာင့္ရင္း အေဝးကေနပဲ ရပ္ေစာင့္ေန၏။သူတို႔ ျခံကို ေရာက္တာ ေတာ္ေတာ္ၾကာေနၿပီ။ဦးေလးဖူ၊ အေဒၚဖူနဲ႔ ႐ွီလတို႔အားလုံး လုံ႔လစိုက္ထုတ္ခဲ့ၾက၏။လက္႐ွိတြင္ ႐ွီလ ႏွင့္ ဦးေလးဖူတို႔ ထင္းေတြအမ်ားအျပားခုတ္ၿပီးၾကၿပီး အေဒၚဖူသည္လည္း ပန္းကန္ႏွင့္ အဝတ္ေတြကို အလြန္သန္႔႐ွင္းစြာ ေဆးေၾကာေပးကာ ပန္းခင္းကိုလည္း ေကာင္းစြာ ဂ႐ုစိုက္ေပးခဲ့သည္။ခ်င္မ်န္နဲ႔ လဲ့ယ္ထ်ဲတို႔က သူတို႔အတြက္ အေတာ္ေလး ေက်နပ္မိ၏။
လဲ့ယ္ထ်ဲက ဦးေလးဖူနဲ႔ ႐ွီလကို ေတာင္ေပၚမွာ ခ်ံဳပုတ္ေတြ တူးခိုင္းလိုက္၏။အိမ္တြင္ေတာ့ သူက စစ္တုရင္ခုံကို ထုတ္ကာ ေရကန္ေဘး႐ွိ မိုးမခပင္မ်ားေအာက္တြင္ ခ်င္မ်န္ႏွင့္ စစ္တုရင္ကစားေနၾကသည္။
ဦးေလးဖူႏွင့္ ႐ွီလ ျပန္ေရာက္လာေသာအခါ ခ်င္မ်န္သည္ သူတို႔အတြက္ ခ်ံဳပင္မ်ားစိုက္ရန္ ေနရာတစ္ခုသတ္မွတ္ေပးကာ ခ်ံဳပင္သုံးပင္မွ ႏွစ္ပင္ၾကားတြင္ ပန္းပင္တစ္ပင္စီ စိုက္ပ်ိဳးရန္ မွာခဲ့သည္။
ျခံစည္း႐ိုးအလယ္တြင္ လူတစ္ဝက္ခန္႔ျမင့္ေသာ သစ္သားျခံစည္း႐ိုးတံခါးတစ္ခုလည္း ျပဳလုပ္ထားေသးသည္။
Advertisement
- In Serial8 Chapters
The Path
Of all the worlds, of all of the parallel dimensions, the people and the many races of people who live in the 3000 major dimensions, there are very few who have the opportunity to escape past the barrier of their own dimension an ascend to a higher dimension. There are even less who walk the path to completion. To become something greater that human. To ascend and escape their mortality. The few who do escape are the immortal beings of legend.One orphaned boy has the chance to achieve such a legend. His name is Jian Ru, and this is his path through the world of martial arts.The Path is a Wuxia style story set in a Sci Fi mortal world. Follow this series and the 1 chapter (minimum) posted daily.
8 205 - In Serial48 Chapters
HAVEN (OLD VERSION)
Sophie's future is planned out for her. Having just outgrown her studies and Job Placement in a few months, her path is straight and clear. But when her best friend is captured and taken over the wall that protects them from a wild, primitive people, Sophie makes the most uncharacteristic and dangerous decision of her life: follow her into the Outlands and face every fear she's ever known.Once in the Outlands, she realizes that things are not what they seem. There is a force even more sinister lurking on the outside, bigger than anyone had ever imagined. Seeking the help of seemingly one of the most savage Outlanders, with his handsome, brooding demeanor-not to mention his scary-accurate talent with a bow-they go on a mission that will challenge not just their survival, but that of the entire human race. As the two grow closer, Sophie realizes that no one is safe, and the scariest monsters are the ones inside of us. 🏆 Highest rank : #6 in ROMANCE#72 in Adventure #1 in Dystopia #1 in Science#1 in Utopia• 1st place : Adventure in The Magical Awards• 3rd place : Action/Adventure in The Rebel Wars• People's Choice Award for Adventure in The Phoenix Awards**THIS OLD VERSION IS UNEDITED** To read the most updated story version of HAVEN, please go to my other book! xoxo
8 84 - In Serial28 Chapters
The Briar Rose
An empire fractured, the continent turmoil. Sir Edwin Saker, knight commander to the late Queen Leone had carved his fortune in the continental wars. His rise from a foreign mercenary to kingmaker is a tale told from the Blackstone Isle to the Imperial Reich. He is the Briar Thorn, the Crowns censure, warlord of the nation. As conflict with the Reich once again looms over the Auburn Kingdom, the Briar Thorn is once again recalled to the Crowns service. With the Reich ascendant and his debt to destiny due, the Briar Thorn answers the call. This is the story of his rise and fall.
8 90 - In Serial22 Chapters
Fabrication
Welcome to the Winter Sector. This is your first time here, isn’t it? Waking up in the lands of snow with little to no thoughts of your past must be rough. Don’t worry, you aren’t alone. The vast plains of snow hold dominant around here, little to no bumps to be seen, no hills or craters. A white desert. Mountain ranges can be seen from afar. A forest somewhere down a cliff. Rare caverns here and there. Also, structures can be found abandoned. Going through these white lands is dangerous alone, perhaps get yourself a guide, or hold a map and a compass. But no matter how better you traverse, the abstracted distance would never change. If you had the unlucky start of waking up here, then let’s hope you find someone to give you clothes and shelter. The is beyond survivable. Unlike the other sectors, the Winter Sector doesn’t care to make things easy for newcomers. There are going to be tons of questions, most of which would be unanswered until you reach the end of the road. Unnatural things, abnormal dreams, anomalous scenes. This isn’t the world you were born in. Though it might look it, it won’t act like it.
8 254 - In Serial36 Chapters
Daddy's feminine prince (kinda bXb)
Sam is 17 still in high school while Eric is 25 and is the boss of a big organization with construction!Eric is richSam is poorDDLBA little smutHalf way mature :PWhat will happen when these two boys cross paths?
8 137 - In Serial38 Chapters
Unexpected Fondness┊saiki k x m!oc
!! STORY WILL BE REFURBISHED SOON !!- •PK High School receives another transfer student! Woohoo! His name is Asher Morteli. 1/3 American, 1/3 Asian, and 1/3 Italian. Though, he usually either sticks with Asian or American, depending on the situation.Asher is.. well, he's a bad boy, I guess. It's not the best title, but it kinda sticks with him, seeing with how he acts.Asher's mother had recently had some family issues that grew out of hand, so they ended up moving back to Japan. He truly didn't care, it's wasn't like he was extremely close with his friends. And this was just a natural thing that happens in life, so there's no point in moping about it.He was glad to be leaving his past behind, anyway. America had too many bad memories...So, all we can do is hope he'll have an easier time in Japan, yes?!!so, yeah. i should plan fanfics thoroughly before writing them.enjoy ig?? and yeahhhhhSTARTED:: November 18th, 2021ENDED:: January 16th, 2022
8 135

