《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[75]
Advertisement
[Unicode]
၀၇၅:....................
လဲ့ယ်တာချန်သည် ချောင်းအသာဟန့်ရင်း ရောက်လာခဲ့သည်။ချင်မျန်နှင့် လဲ့ယ်ထျဲတို့လည်း ရပ်လိုက်ပြီး သူ့ကို ယဉ်ကျေးစွာ နှုတ်ဆက်၏။
“အဖေ”
လဲ့ယ်တာချန်သည် အဝေးမှအုတ်စီသမားများ၏နောက်ကျောကို ကြည့်ပြီးနောက် လဲ့ယ်ထျဲကို ချစ်ခင်မြတ်နိုးစွာ ကြည့်လိုက်သည်။
"ဒီမှာ လုပ်အားတွေထပ်လိုသေးလား?မင်းအဖေ ငါ့မှာ ခွန်အားတွေ အများကြီးရှိသေးတယ်"
ချင်မျန် ပြောတော့မည့်အချိန်မှာပင် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခံရသော သူ့လက်မှာ အသာဆွဲခံလိုက်ရသည်။
“လူတွေ လုံလုံလောက်လောက် ရှိပါတယ်။”
ထိုသို့သော သဘောထားအပြုအမူကြောင့် လဲ့ယ်တာချန်မှာ ဒေါသထွက်သွားပြီး သူ့မျက်နှာမှာ အေးစက်သွားသည်။သူ သည်းခံလိုက်ပြီး “မင်းညီအငယ်ဆုံးက ခရိုင်အဆင့်စာမေးပွဲမှာဖြေဆိုမယ့်အကြောင်း မင်းသိပြီးပြီလား?မင်း ပိုက်ဆံထောက်ပံ့ပေးမယ်လို့ ပြောဖူးတယ်နော်"
ချင်မျန်က လာရင်းအကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွား၏။သူ ပိုက်ဆံလာတောင်းတာပင်။
လဲ့ယ်ထျဲက ခေါင်းညိတ်ပြပြီး “ကျွန်တော် ပြောခဲ့ပါတယ်။ပဉ္စမမြောက်ညီ စာမေးပွဲဖြေတာတို့ ဒါမှမဟုတ် ရင် စတုတ္ထညီ၊ ပဉ္စမညီမငယ်နှင့်ညီတို့ အိမ်ထောင်ပြုမည်ဆိုရင်လည်း အဖေ ပေးမယ့်ငွေရဲ့ ငါးပုံ,ပုံ တစ်ပုံပေးမယ်ဆိုတဲ့အကြောင်းကို စာရွက်စာတမ်းထဲမှာတောင် ရေးထိုးထားပါသေးတယ်"
လဲ့ယ်တာချန်က ချောင်းအသာဟန့်ရင်း “အခုအခြေအနေနဲ့ တူတော့မလား?မင်းက အခု အဆင်ပြေနေပြီမို့ ပိုက်ဆံများများပေးသင့်တယ်။မင်းရဲ့ ညီငယ်တွေကို မင်းရဲ့ဂရုစိုက်မှုကိုလည်း ပြသသင့်တယ်။”
လဲ့ယ်ထျဲက အေးစက်စက်မျက်နှာထားနဲ့ "ကျွန်တော်တို့ အဲဒီပိုက်ဆံဝေစုကို ပေးမယ့်အပြင် ပဉ္စမမြောက်ညီကိုလည်း မုန့်ဖိုးအနည်းငယ်ပေးဦးမှာပါ ဒါပေမယ့် အဖေလက်ထဲကိုတော့ ကျွန်တော်တို့ ပိုက်ဆံထည့်မပေးနိုင်ပါဘူး"
လဲ့ယ်တာချန်က ဒေါသအရမ်းထွက်သွားပြီး “မင်းဘာကိုဆိုလိုတာလဲ။ငါက ငါ့သားရဲ့ ပိုက်ဆံအတွက်နဲ့ လောဘကြီးတဲ့အဖေဖြစ်နေလို့လား?"
လဲ့ယ်ထျဲက လျစ်လျူရှုပြီး "ကိုယ့်ကိုကိုယ် သိကြပါတယ်"
“မင်း....”
လဲ့ယ်တာချန်သည် သူ့အား လဲ့ယ်ထျဲပေးခဲ့ဖူးသော ငွေတုံး ၂၀ အကြောင်းကို တွေးလိုက်သောအခါတွင် အပြစ်ရှိသလို ခံစားလိုက်ရသည်။
လဲ့ယ်ထျဲက သူစိမ်းတစ်ယောက်လို ကြည့်ပြီး "အဖေတို့ကို ပေးရမယ့်လစဉ်ငွေကိုတော့ နောက်မှ တိုးပေးပါ့မယ်။ဒါပေမယ့် အဖေသာ ပြဿနာရှာရင်တော့..."
လဲ့ယ်တာချန်သည် သူ့မျက်လုံးထဲရှိ အကြည့်ကြောင့် ထိတ်လန့်သွားသည်။သူက “မင်းပိုက်ဆံကို ငါမလိုချင်ဘူး” လို့ သတ္တိရှိရှိပြောချင်ပေမယ့် ပိုက်ဆံကိုလည်း မစွန့်လွှတ်နိုင်ပေ။
သူ့နှုတ်ခမ်းတွေက အချိန်အတော်ကြာအောင် လှုပ်သွားပေမယ့် သူ့လျှာက အလျှော့ပေးလိုက်လေသည်။သူ နှာမှုတ်ပြီး သူ့အကျီလက်ကို ဆွဲခါကာ အဆောတလျှင် ပြေးထွက်သွားတော့သည်။
ထိုသို့သော သူ့နောက်ကျောကို မြင်လိုက်ရတော့ စိတ်မကောင်းသလိုတောင် ဖြစ်မိသွားရသလို။
ချင်မျန် ရုတ်တရက် ရယ်မောလိုက်သည်။
လဲ့ယ်ထျဲက သူ့ကို စူးစူးစိုက်စိုက်ကြည့်နေ၏။
ချင်မျန်က "သူတို့ကို တခါလောက် နှောင့်ယှက်ပေးလိုက်ရတာက စိတ်သက်သာရာရသွားတယ်ဆိုတာ ကျွန်တော် ရုတ်တရက်ကြီး အခုမှ သဘောပေါက်သွားခဲ့ပြီ"
လဲ့ယ်ထျဲက သူ့ခေါင်းကို ကိုင်လိုက်ပြီး "အိမ်ပြန်တော့"
----------
ငါးရက်ကြာပြီးနောက်တွင် သာယာအေးချမ်းဖွယ်
ဥယျာဥ်ခြံဝန်းလေး၏တံတိုင်းကို အပြီးတည်ဆောက်ပြီးခဲ့ပြီးဖြစ်ကာ သူတို့၏အိမ်လေးသည် သီးခြားအိမ်တော်ငယ်လေးလိုဖြစ်လာခဲ့သည်။ထို့နောက် အသေးစိတ်ကိစ္စအဝဝအချို့ကို စတင်လုပ်ဆောင်ခဲ့၏။
သူတို့မသိလိုက်ခင်မှာပင် ဒုတိယလ၏နောက်ဆုံးဆယ်ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့ပြီ။နောက်နှစ်ရက်အကြာတွင် လဲ့ယ်ရှန်းကျစ်သည် ခရိုင်အဆင့်စာမေးပွဲတွင် ပါဝင်ဖြေဆိုရတော့မည်ဖြစ်သည်။အိမ်ဟောင်းကြီး၏ပတ်ဝန်းကျင်တစ်ခုလုံး တင်းမာလာ၏။
လဲ့ယ်တာ့ကောင်းပင်လျှင် အိမ်ဟောင်းကို ခဏသွားလည်ဖြစ်ခဲ့ပြီး စာမေးပွဲကို ကောင်းကောင်းဖြေနိုင်စေရန် လဲ့ယ်ရှန်းကျစ်အား ဝမ် ၅၀၀ ပေးလိုက်သေးသည်။သူသည်ကား လဲ့ယ်မိသားစု၏မျိုးဆက်သစ်တွင် တစ်ဦးတည်းသော စာပေပညာရှင်ပင် ဖြစ်သည်။သူ့ကို အရေးပေးရုံမှတပါး တခြားမရှိ။
ခြုံပြောရရင်တော့ သူတို့နဲ့လည်း ညီအစ်ကိုတွေမို့ ချင်မျန်နဲ့ လဲ့ယ်ထျဲတို့လည်း အိမ်ဟောင်းကို အတူတူထွက်လာကြသည်။
သူတို့မထိုင်ခင်မှာ တုရှီက စောင့်ဆိုင်းခြင်းမရှိ တန်းပြော၏။ “မင်းတို့ရဲ့ ပဉ္စမမြောက်ညီက ဒီတစ်ကြိမ် ခရိုင်အဆင့်စာမေးပွဲကို သုံးရက်ကြာအောင် ဖြေရလိမ့်မယ်။အဘိုးကြီးနဲ့ ငါ သူ့ကို မုန့်ဖိုးအနေနဲ့ ငွေ ၁၀ တုံး ပေးလိုက်တယ်။မင်းတို့လည်း သူ့ကို ပေးလိုက်ကြ။"
လဲ့ယ်ရှန်းကျစ်က တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး "အမေ"
ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် တစ်ယောက်ကိုတစ်ယောက် ငြိမ်သက်စွာ ကြည့်နေမိကြသည်။ဒီလို မြန်မြန်ဆန်ဆန်ကြီး ပိုက်ဆံတောင်းဖို့ လိုအပ်လို့လား?
ချင်မျန်သည် တုရှီနှင့် ငြင်းခုံရန်ဖြစ်ရန် ရည်ရွယ်ချက်မရှိပေ။ သူသည် ပိုက်ဆံအိတ်ထဲမှ ငွေတုံး ၅၀ ကို ထုတ်ယူပြီး လဲ့ယ်ရှန်းကျစ်အား ပေးကာ “ပဉ္စမညီ...သိမ်းထားလိုက်ပါ။အမှန်တကယ် ကျွမ်းကျင်တတ်မြောက်ထားပြီးတဲ့ အသိပညာဆိုတာက အလွယ်တကူ မေ့ပျောက်သွားနိုင်တာမဟုတ်ဘူး။မကျွမ်းကျင်သေးတဲ့ အသိပညာကို အခုအချိန်ကျမှ ပြန်လည်သုံးသပ်ဖို့က နောက်ကျနေပြီ။ဒီနှစ်ရက်အတွင်း သက်တောင့်သက်သာ အပန်းဖြေထားရမယ်။အကောင်းဆုံးအခြေအနေတွေကို ထိန်းသိမ်းထားမှသာ စာမေးပွဲခန်းထဲမှာ ပုံမှန်ထက် ပိုကောင်းအောင် လုပ်နိုင်မှာပါ”
အားလုံးက ချင်မျန်ကို အံ့သြစွာကြည့်ကြသည်။
သူ့အတိတ်ကို မေ့နေတာမဟုတ်ဘူးလား? ဒါကို သူဘယ်လိုနားလည်ပြီး ရှင်းရှင်းလင်းလင်းနဲ့ ယုတ္တိကျကျ ပြောနိုင်နေရတာလဲ?
လဲ့ယ်ရှန်းရန်နှင့်ကျိုးရှီတို့သည် ငွေကို သူတို့ပိုင်ဆိုင်မှုအလား ဖြစ်လိုသောဆန္ဒဖြင့် ငွေကို စိုက်ကြည့်နေကြသည်။
“ကျေးဇူးအများကြီးတင်ပါတယ် လောင်တာ့နဲ့မရီး” လဲ့ယ်ရှန်းကျစ်သည် ငွေကို လက်နှစ်ဖက်ဖြင့် လက်ခံရရှိခဲ့သည်။လက်ခံရန် ငြင်းဆိုပါက တုရှီနှင့် လဲ့ယ်တာ့ချန်တို့ နောက်တစ်ကြိမ်ထပ်ပြီး ပြဿနာရှာကြလိမ့်မည်။ရက်ရောမှုကို လက်ခံထားပြီး သူတို့ရဲ့ ကြင်နာမှုကို နောက်ပိုင်းမှာ ပြန်ဆပ်တာက ပိုကောင်းပေမည်။
တုရှီနှင့် လဲ့ယ်တာ့ချန်၏မျက်နှာများသည် ပိုကောင်းလာသည်။
လဲ့ယ်ထျဲက "မင်း တခြားပညာတော်သင်တွေနဲ့ အတူတူ သွားရမှာလား?"
Advertisement
လဲ့ယ်ရှန်းကျစ်သည် သူ့အစ်ကိုအကြီးဆုံး၏ရှားရှားပါးပါး စိုးရိမ်ပေးမှုကြောင့် မော့ကြည့်လိုက်သည်။သူ ကျောကို ခပ်ဖြောင့်ဖြောင့်မတ်ကာ “ဟုတ်ကဲ့။ကျောင်းမှာရှိတဲ့ ဆရာနှစ်ယောက်က ကျွန်တော်တို့ကို ကိုယ်တိုင် ဦးဆောင်ခေါ်သွားပေးမှာပါ”
လဲ့ယ်ထျဲက ခေါင်းညိတ်ပြပြီး သူ့ပုံစံအတိုင်း ပြန်နေလိုက်သည်။
ဝေရှီက အကြံပြု၏။ “ဒီနေ့လိုမျိုး လူစုံတက်စုံ ရှိနေနိုင်ဖို့က ခက်တယ်။လောင်တာ့နှင့် လောင်တာ့ရဲ့ဇနီးလည်း ဒီမှာပဲ နေ့လယ်စာ စားသွားသင့်တယ်။နောက်နှစ်ရက်အကြာမှာ ငါးယောက်မြောက်လေးက စာမေးပွဲဖြေရမှာလေ..အစ်ကိုတွေနှင့်အတူ ဆုံဆည်းပေးတာကလည်း အားပေးမှုတစ်ခုပဲ။မင်း ဘယ်လိုထင်လဲ....ငါးယောက်မြောက်လေး?"
ထုံးစံအတိုင်း လဲ့ယ်ရှန်းကျစ်က ခေါင်းညိတ်ရုံသာ “အစ်ကိုကြီးနဲ့မရီးတို့ ထမင်းအတူတူစားရအောင်”
သို့သော် ချင်မျန်သည် ဝေရှီ၏အပြုံးသည် ယနေ့တွင် အလွန်စိတ်မပါသလိုဖြစ်နေသည်ဟု ခံစားမိသည်။သူမ၏ညာလက်သည် အမြဲတမ်းလိုလို သူမဝမ်းဗိုက်ကို မရည်ရွယ်ဘဲ ထိမိနေကာ သူမ၏မျက်လုံးအောက်တွင် မမြင်နိုင်သော အခိုးအငွေ့အချို့ ရှိနေသည်။
တုရှီက ဝေရှီကို အောင်နိုင်သလိုကြည့်နေသည်။သူမသည် ချင်မျန်နှင့်လဲ့ယ်ထျဲတို့ကို ကြင်နာစွာ အပြုံးတစ်ခုပင်ပေးခဲ့ပြီး သူမ၏အသံသည် အလွန်နူးညံ့သိမ်မွေ့နေ၏။ "နေ့လည်စာစားသွားလေ။နေ့ခင်းမှာ မင်းတို့အတွက် ဟင်းသီးဟင်းရွက်ခြောက်တွေနဲ့ ဝက်သားနှပ်ပေးမယ်။"
ချင်မျန်သည် သူမကို ထိတ်လန့်စွာကြည့်ကာ ခဏအကြာထိ စကားပြန်မပြောနိုင်ပေ။
ဒါ တုရှီမှ ဟုတ်ရဲ့လား?
"............"
လဲ့ယ်ချွင်းထောင်က သူဘာတွေတွေးနေလဲ ခန့်မှန်းမိ၏။သူမသည် ရယ်မောကာ “မရီး...အမေရဲ့ ဟင်းသီးဟင်းရွက်ခြောက်နဲ့ ဝက်သားနှပ်က အထူးဟင်းပွဲနော်။လွတ်သွားရင် နှမြောစရာကြီး"
ဒီလိုနေ့မျိုးမှာ လူတိုင်းရဲ့ပျော်ရွင်မှုကို ဘယ်သူကြောင့်နဲ့မှ မပျက်စီးစေချင်။ချင်မျန် ပြုံးကာ ခေါင်းညိတ်လိုက်ပြီး "ဒါဆို ကျွန်တော်တို့ မြည်းစမ်းကြည့်ကြတာပေါ့"
ယနေ့ ဝေရှီနှင့် တုရှီတို့ အဘယ်ကြောင့် ဤမျှထူးထူးခြားခြား ဖြစ်နေကြသည်မသိ။ပြသာနာတွေသာ သူနှင့် လဲ့ယ်ထျဲတို့ဆီ မရောက်သရွေ့ သူ ဂရုမစိုက်ပေ။
သူသဘောတူလိုက်တာကြောင့် လဲ့ယ်ထျဲလည်း မကန့်ကွက်တော့။
တုရှီ၏ရှားရှားပါးပါး ရက်ရောမှုကြီးပင်။ယခုတစ်ကြိမ်တွင် သူမသည် အရသာရှိသော ဟင်းသီးဟင်းရွက်ခြောက်နှင့်ဝက်သားနှပ်ကို ပန်းကန်ပြားကြီးနှစ်ချပ်ပေါ်တွင် အပြည့်အမောက်လျှံနေအောင် ချက်ပြုတ်ပေးခဲ့သည်။အရသာက တကယ်ပင်ကောင်း၏။ချင်မျန်သည် ထမင်းသုံးပန်းကန်စားခဲ့ပြီး လဲ့ယ်ထျဲက လေးပန်းကန်စားခဲ့သည်။တုရှီနဲ့ လဲ့ယ်တာချန်တို့က သူတို့ကို ဘာမှမပြောပေ။ဒီဟင်းက သူတို့ အိမ်ဟောင်းမှာစားခဲ့ဖူးသမျှ အကောင်းဆုံးဟင်းပင်။
သူတို့ပြန်တော့မည့်အချိန်၌ လဲ့ယ်ထျဲက လဲ့ယ်ရှန်းကျစ်ကို လိုက်ပို့စေရန် အချက်ပြလိုက်သည်။
ခြံဝင်းတံခါးနားရောက်တော့ သူ လဲ့ယ်ရှန်းကျစ်ကို တိုးတိုးလေးပြော၏။ "မင်း စာမေးပွဲနဲ့သင်ကြားရေးအပေါ်မှာပဲ အာရုံစိုက်နေဖို့ပဲလိုတယ်။ငွေကြေးအတွက် စိတ်ပူစရာမလိုဘူး။မင်းရဲ့အကြီးဆုံးမရီးနဲ့ ငါက မင်းကို စီရင်စုစာမေးပွဲနဲ့ ကောလိပ်စာမေးပွဲတွေမှာ ပံ့ပိုးပေးမယ်။"
[အဆင်သုံးဆင့် ဖြေရမှာပါ]
ချင်မျန်ကလည်း ပြုံးပြီး ခေါင်းညိတ်သည်။
လဲ့ယ်ရှန်းကျစ်သည်လည်း ရှေ့တွင် လက်ခုပ်ကိုင်ပြီး လေးလေးနက်နက် ဦးညွှတ်ကာ "ကျေးဇူးအများကြီးတင်ပါတယ် လောင်တာ့နဲ့မရီး"
ချင်မျန်က ခဏတွေးကြည့်ပြီး “တခြားပြသာနာတွေ မဖြစ်စေဖို့အတွက် တခြားသူတွေကို မပြောဘဲနေတာ ပိုကောင်းမယ်”
လဲ့ယ်ရှန်းကျစ်က ပြန်ဖြေ၏။ "ကျွန်တော် နားလည်ပါတယ်"
ရက်အနည်းငယ်မှာ လျှပ်တစ်ပြက်အတွင်း ကုန်သွားလေသည်။လဲ့ယ်ရှန်းကျစ်သည်လည်း ခရိုင်မှပြန်လာပြီး သတင်းကောင်း ပေးခဲ့သည်။သူ ပထမနေရာကို ရရှိခဲ့သည်ပင်။
လဲ့ယ်မိသားစုဝင်များအားလုံး ကြည်နူးပျော်ရွှင်နေကြသည်။ခရိုင်အဆင့်စာမေးပွဲတစ်ခုသာဖြစ်သော်လည်း ပထမနေရာရရှိရန်မှာ အလွန်ခက်ခဲ၏။လဲ့ယ်ရှန်းကျစ်သည် အမှန်တကယ်ပင် စာပေသင်ကြားရေးတွင် ကောင်းမွန်သော ပျိုးပင်လေးတစ်ပင် ဖြစ်သည်မှာ ထင်ရှား၏။အိမ်တွင်တစ်နေကုန်အနားယူပြီးနောက် လဲ့ယ်ရှန်းကျစ်သည် စတုတ္ထမြောက်လတွင် စီရင်စုစာမေးပွဲအတွက်ပြင်ဆင်ရန် ကျောင်းသို့ပြန်သွားခဲ့သည်။စီရင်စုစာမေးပွဲကို ဖြေဆိုပြီးနောက် နိုင်ငံတော်အတွက် ဝင်ခွင့်အဆင့်မှီ စာမေးပွဲဖြေဆိုသူ ဖြစ်လာမည်ဖြစ်၏။အကယ်၍ သူသာ ကောလိပ်စာမေးပွဲကို ဖြေဆိုအောင်မြင်ပါက ရှို့ဇျိုက်အဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။
ချင်မျန်နှင့် လဲ့ယ်ထျဲတို့၏ကြည့်ရှုစောင့်ရှောက်မှုအောက်တွင် သာယာအေးချမ်းဖွယ် ဥယျာဥ်ခြံဝန်းလေးသည် တနေ့ထက်တနေ့ ပြောင်းလဲလာသည်။သူတို့နှစ်ဦး အလုပ်များနေခဲ့ပြီး တတိယမြောက်လရောက်မှသာလျှင် ခြံဝန်းလေးသည် တရားဝင်ပြီးမြောက်ခဲ့လေသည်။
ရှားစောင်းပင်တွေကို အလှဆင်ရန်အတွက်သာမက သူခိုးတွေကို တားဆီးရန်အတွက်လည်း အသုံးပြုနိုင်သည့်အတွက် အိမ်နံရံတွင် စိုက်ထားသည်။ဝင်ပေါက်တံခါးသည် ရထားတွဲနှစ်တွဲစာဆံ့ပြီး 8ချီအထိရောက်ရှိနိုင်သော အမြင့်ရှိကာ သစ်စေးသုတ်ထားသည့် ယွန်းတံခါးဖြင့် ပိတ်ထားသည်။တံခါး၏ညာဘက်အခြမ်းရှိ အနီရောင်နံရံတွင် "သာယာအေးချမ်းဖွယ်" ဟူသော စကားလုံးကို စိမ်းညိုရောင်အုတ်များဖြင့် ရေးစပ်ထားပြီး ဘယ်ဘက်တွင် "ဥယျာဥ်ခြံဝန်းလေး" ဟူ၍ ဆက်လက်ရေးထိုးထားသည်။
လူတစ်ယောက်၏အရပ်လောက်ရှိကာ သပ်ရပ်ပြီး မျက်စိကျစရာပင်။ဝင်ပေါက်ရဲ့ ဘယ်ဘက်ခြမ်းမှာတော့ တာဝန်ခန်းတစ်ခန်းရှိ၏။အိမ်ကြီးသည် ကြီးလွန်းသဖြင့် တံခါးစောင့်ကို မငှားလို့က မဖြစ်နိုင်။လောလောဆယ်မှာတော့ ဗလာဖြစ်နေ၏။တာဝန်ခန်း၏ ဘယ်ဘက်တွင် တောင်ဘက်နှင့် မြောက်ဘက်သို့ မျက်နှာမူထားသည့် အစေခံများ၏အိမ်ယာတန်းတစ်ခုရှိနေပြီး အခန်းသုံးခန်းတွဲပါ စုစုပေါင်းအိမ်ယာလေးအိမ်ပါရှိသည်။အစေခံတန်းယား၏မြောက်ဘက်တွင် ဇီးပင်တောကြီးရှိသည်။
တံခါး၏ညာဘက်ခြမ်းတွင်လည်း အဆောက်အအုံတန်းတစ်ခုရှိ၏။ယင်းတို့အတွက်ကတော့ ထင်းသိုလှောင်ရန်၊ လယ်ယာသုံးကိရိယာများနှင့် နွားလှည်းထားသည့် ဂိုဒေါင်တစ်ခုဖြစ်သည်။ကျန်လေးခုမှာ နွားအိမ်၊ ဝက်အိမ်၊ ကြက်အိမ်နှင့် နွားတင်းကုပ်တို့ ဖြစ်၏။ဤအဆောက်အဦးရှေ့တွင် သစ်တော်သီးဆယ်ပင်ကိုလည်း စိုက်ထားသေးသည်။
တံခါးဝရှေ့တည့်တည့်တွင် သစ်ခုံးတံတားနှင့် ရေကန်ကို တစ်ချက်ကြည့်ရုံမျှဖြင့် မြင်နိုင်လေသည်။သစ်ခုံးတံတား၏အစွန်းနှစ်ဖက်တွင် မက်မွန်ပင်များရှိကာ ဘယ်ဘက်တွင် တစ်ပင်နှင့် ညာဘက်တွင် တစ်ပင်စိုက်ထား၏။ပေါက်ခါစငါးလေးများကို ရေကန်ထဲသို့ ထည့်ထားပြီး ကြာပန်းပင်များ စိုက်ထားကာ ကြာပန်းငယ်များသည် အဖူးအညွန့်များသာရှိနေသေး၏။
ရေကန်ဘေးမှာ လူနှစ်ယောက် လမ်းလျှောက်နိုင်တဲ့ ကျောက်တုံးလမ်းတစ်ခုနဲ့ ရေကန်ဘေးမှာ မိုးမခပင် သုံးပင်မှ ငါးပင် ပြန့်ကျဲစွာ စိုက်ထားကာ
တံတား၏မြောက်ဘက် ခေါင်းရင်းအနီးရှိ မိုးမခပင်အောက်တွင် သစ်သားကုလားထိုင်ရှည်ကြီးတစ်ခု ရှိနေပြီး မနီးမဝေး အခြားမိုးမခပင်အောက်တွင်တော့ ကျောက်စားပွဲဝိုင်းလေးနှင့် ကျောက်ခုံလေးခုရှိသည်။
ဘူးသီးပုံကန်ဘေးနားတွင် ဂရုတစိုက် သေချာပျိုးထားသော ပန်းခင်းသည် လမ်းကြောင်းနှင့် လုံးဝနီးပါး မျဉ်းပြိုင်ဖြစ်နေ၏။ဆောင်းစံပယ်၊ မန်ဂိုလီယာ၊ တရုတ်နှင်းဆီပင်ကြီး၊ ပွန်နီ၊ ကမ်မလီယာ၊ ဇီဇဝါပန်းတို့ကို စိုက်ထားသည်။အချို့ကို တောင်ပေါ်မှ တူးဖော်ခဲ့ပြီး အချို့မှာ ချင်မျန် နယ်မြေထဲမှ ခိုးထုတ်ယူထားခဲ့ခြင်းသာ။ပန်းခင်း၏အရှေ့ဘက်နှင့်အနောက်ဘက်တွင် လူများလျှောက်လှမ်းနိုင်သောလမ်းငယ်လေးလည်း ရှိသည်။
Advertisement
ကန်၏မြောက်ဘက်တွင် မက်မွန်တောကြီးရှိကာ တောတောင်၏အနောက်ဘက်မှ အနောက်မြောက်ထောင့်အထိ ဟင်းသီးဟင်းရွက်နှင့် ငရုတ်ကောင်းခင်းကြီးလည်း ရှိသည်။စီချွမ်းငရုတ်ကောင်းနံ့က ပြင်းတာကြောင့် ချင်မျန်လည်း ခပ်ဝေးဝေးမှာသာ စိုက်ထား၏။ထို့အပြင် တစ်ခါတစ်ရံ ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် မြေဩဇာထည့်ရန်၊ ရေလောင်းရန် လိုအပ်သောကြောင့် ဟင်းသီးဟင်းရွက်စိုက်ခင်းနှင့် ငရုတ်ကောင်းခင်းကို ထောင့်စွန်းတွင် အထူးစီစဉ်ထားခြင်း ဖြစ်သည်။
မက်မွန်ပင်၏ အရှေ့ဘက်တွင် ချင်မျန်နှင့် လဲ့ယ်ထျဲတို့ အိမ်ရှိသည်။အိမ်ရှေ့မှာ နောက်ထပ်သစ်ပင်နှစ်ပင် ထပ်စိုက်ထား၏။
အသက် 20 ခန့်ရှိ ginkgo အပင်တစ်ပင်နှင့် အသက် 40 ခန့်ရှိ မေပယ်ပင်တစ်ပင်,ပင်။ချင်မျန်နှင့် လဲ့ယ်ထျဲတို့က ၎င်းတို့ကို တောင်ပေါ်တွင် တွေ့ရှိခဲ့ပြီး အထူးတလည် သွားတူးခဲ့ကြခြင်းသာ။သူတို့ကို သယ်လာဖို့ အများကြီး ကြိုးစားခဲ့ရ၏။Ginkgo နှင့် မေပယ်ပင်များသည် အလှဆင်ရန်အတွက် အံ့သြဖွယ်ရွေးချယ်မှုတစ်ရပ်ပင်။
နောင်ကာလတွေမှာလည်း တိုးချဲ့ရန်အတွက် အိမ်ပတ်လည်တွင် နေရာလွတ်အချို့ရှိသေးသည်။
မြောက်ဘက်တွင် မက်မွန်တောအပြင် လောလောဆယ်မှာတော့ မပြောင်းလဲရသေးသည့် မူလတောအုပ်ငယ်လေးလည်းရှိသည်။လိမ္မော်သီးနှစ်ဆယ်၊ ချယ်ရီခြောက်ပင်၊ သကြားပင်ခြောက်ပင်နှင့် သလဲပင်နှစ်ပင်တို့ကို မြောက်ဘက်နှင့် အရှေ့ဘက်တွင် စိုက်ထားသည်။
ယခုဆိုလျှင် တတိယမြောက်လ ရောက်နေပြီဖြစ်၏။သူတို့ဥယျာဥ်ခြံဝန်းလေးထဲတွင် ပန်းများပွင့်နေပြီ။ဇီးဖြူနှင့် သစ်တော်ပန်းများသည် ဆောင်းရာသီကာလရှိ အကိုင်းအခက်ပေါ်တွင် နှင်းများတင်ကျံနေကဲ့သို့ပင်။နူးညံ့ပြီး ဆွဲဆောင်မှုရှိသည့် မက်မွန်ပွင့်များသည်လည်း ပန်းရောင်-ခရမ်းရောင် ချယ်ရီပန်းများနှင့်အတူ လှပဆွဲဆောင်မှုရှိသော ပန်းရောင်တိမ်တိုက်များကဲ့သို့ပင် ဖြစ်နေသည်....အဖြူရောင်မန်ဂိုလီယာ၊ အဝါရောင် ဆောင်းစံပယ်ပန်း၊ ပန်းရောင်ပွန်နီ၊ အနီရောင်ကမ်မလီယာ အစရှိသည့် ပန်းခင်းများတွင်လည်း ပန်းများ ပွင်ကုန်ကြပြီ။လှပတင့်တယ်သော ခရမ်းရောင်နှင့် တောက်ပရွှမ်းစိုသည့် အနီရောင်တို့သည် လိပ်ပြာများကို ပေါ့ပေါ့ပါးပါးနှင့် ကျက်သရေရှိရှိ လာရောက်ကခုန်ရန် ဆွဲဆောင်စေကာ ထွက်ခွာသွားလိုစိတ်မရှိအောင် ပျားများကိုလည်း အချိန်အကြာကြီး ကခုန်ပျော်မြူးစေသည်။
ချင်မျန်က သူဖန်တီးထားတဲ့ အိမ်ကြီးကို ကြည့်လိုက်၏။သူ့နောက်ကျောကို လက်နှစ်ဖက်ပစ်ထားရင်း မျက်နှာချင်းဆိုင်လျက်ရှိနေသည့် လဲ့ယ်ထျဲကို ကျေနပ်မှုအပြည့်ဖြင့် ပြုံးလျက် ကြည့်နေသည်။
"ကျွန်တော်တို့ရဲ့အိမ်အသစ်က ဘယ်လိုလဲ?"
လဲ့ယ်ထျဲက သူ့ဘေးနားကလူကို ပွေ့ဖက်ကာ ခေါင်းငုံ့ပြီး ချင်မျန်၏နှုတ်ခမ်းကို နမ်းလိုက်သည်။သူ အသံတိုးတိုးဖြင့် “ကိုယ့်အတွက် အိမ်ဆိုတာက မင်းရှိတဲ့နေရာပဲ”
ချင်မျန်၏မျက်လုံးထဲရှိ အပြုံးသည် နက်ရှိုင်းလာပြီး ကျေနပ်အားရမှုနှင့် ချိုမြိန်သော ခံစားချက်ကို ခံစားလိုက်ရကာ "အဲဒီမှာ သွားထိုင်ရအောင်"
ချင်မျန်ကဲ့သို့ပင် ပိုင်တျန့်လေး၏ခန္ဓာကိုယ်သည် ဝိညာဉ်စမ်းရေကို အချိန်အတော်ကြာအောင် တိုက်ကျွေးခံခဲ့ရတာကြောင့် ၎င်း၏အနက်ရောင်အမွေးများမှာ ပိုမိုနက်မှောင်တောက်ပလာခဲ့သည်။
ပန်းခင်းထဲသို့တိုးဝင်သွားပြီး ဒေါသထွက်သွားတဲ့ပျားတွေကို သွက်သွက်လက်လက်ဖြင့် ရှောင်ဖယ်နေလေသည်။သခင်နှစ်ယောက် လမ်းလျှောက်ထွက်သွားတာကိုမြင်တော့ လိုက်ဖို့ပြင်၏။
T\N : တော်တော်များများ သိချင်နေတာလေးတွေကို ဖြေပေးချင်လို့ note လေးထည့်လိုက်တာပါ။ ဒီဘာသာပြန်လေးက အပိုင်း 222 ပိုင်းရှိပါတယ် သိပ်လည်းမရှည် သိပ်လည်းမတိုတဲ့ အနေအထားပေါ့ ဒီ့အတွက် paid gp မရှိပါဘူးနော် ကိုယ် တစ်ခုခုမလုပ်ရရင် စိတ်တွေပြန့်နေတတ်လို့ အပျော်တမ်း ဘာသာပြန်လိုက်ရုံသက်သက်ပါ ကိုယ် တရုတ်စာမတတ်ပါဘူး အဂ်လိပ်လိုတောင် ဖွတ်ချပ်ဖွတ်ချပ်လေးပါ။
ဒီဘာသာပြန်လေးကို တစ်နေ့တစ်ပိုင်းသတ်မှတ်ထားပေမယ့် ကိုယ်လည်း အလုပ်တစ်ဖက်နဲ့မို့ တစ်ပတ် လေးပိုင်းလောက်တော့ ကျိန်းသေရှိပါလိမ့်မယ် ကိုယ့်ရဲ့ မကောင်းမကန်းဘာသာပြန်တွေကို ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်🤍🤍🤍🤍🤍
နောက်တစ်ခုက My Wangfei is a man ဆိုတာလေးကို ဆက်မပြန်ဖြစ်ပါဘူး။ကိုယ့်ပြန်ထားတာရဲ့ အနောက်ကနေ ဆက်ပြန်နေတဲ့ တစ်ယောက်ရှိပါတယ်။
အကယ်၍ ကိုယ် ဘာသာပြန်တာကို ကြိုက်နှစ်သက်ပါက ကိုယ့်ကို ကော်ဖီတစ်ခွက် သကြားလုံးတစ်လုံး ဝယ်ကျွေးနိုင်ပါတယ် wave scan ကို DESCRIPTION မှာ edit လုပ်ပြီး တင်ပေးထားပါတယ် ဝယ်မကျွေးလည်း ကိစ္စမရှိပါဘူး ကိုယ့်ဘစိကိုကိုအေးပိုကို ဝယ်ကျွေးခိုင်းလိုက်ပါမယ် 😛
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
၀၇၅:....................
လဲ့ယ္တာခ်န္သည္ ေခ်ာင္းအသာဟန္႔ရင္း ေရာက္လာခဲ့သည္။ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲတို႔လည္း ရပ္လိုက္ၿပီး သူ႕ကို ယဥ္ေက်းစြာ ႏႈတ္ဆက္၏။
“အေဖ”
လဲ့ယ္တာခ်န္သည္ အေဝးမွအုတ္စီသမားမ်ား၏ေနာက္ေက်ာကို ၾကည့္ၿပီးေနာက္ လဲ့ယ္ထ်ဲကို ခ်စ္ခင္ျမတ္ႏိုးစြာ ၾကည့္လိုက္သည္။
"ဒီမွာ လုပ္အားေတြထပ္လိုေသးလား?မင္းအေဖ ငါ့မွာ ခြန္အားေတြ အမ်ားႀကီး႐ွိေသးတယ္"
ခ်င္မ်န္ ေျပာေတာ့မည့္အခ်ိန္မွာပင္ တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားခံရေသာ သူ႕လက္မွာ အသာဆြဲခံလိုက္ရသည္။
“လူေတြ လုံလုံေလာက္ေလာက္ ႐ွိပါတယ္။”
ထိုသို႔ေသာ သေဘာထားအျပဳအမူေၾကာင့္ လဲ့ယ္တာခ်န္မွာ ေဒါသထြက္သြားၿပီး သူ႕မ်က္ႏွာမွာ ေအးစက္သြားသည္။သူ သည္းခံလိုက္ၿပီး “မင္းညီအငယ္ဆုံးက ခ႐ိုင္အဆင့္စာေမးပြဲမွာေျဖဆိုမယ့္အေၾကာင္း မင္းသိၿပီးၿပီလား?မင္း ပိုက္ဆံေထာက္ပံ့ေပးမယ္လို႔ ေျပာဖူးတယ္ေနာ္"
ခ်င္မ်န္က လာရင္းအေၾကာင္းအရင္းကို ႐ွင္း႐ွင္းလင္းလင္း သေဘာေပါက္သြား၏။သူ ပိုက္ဆံလာေတာင္းတာပင္။
လဲ့ယ္ထ်ဲက ေခါင္းညိတ္ျပၿပီး “ကြၽန္ေတာ္ ေျပာခဲ့ပါတယ္။ပၪၥမေျမာက္ညီ စာေမးပြဲေျဖတာတို႔ ဒါမွမဟုတ္ ရင္ စတုတၳညီ၊ ပၪၥမညီမငယ္ႏွင့္ညီတို႔ အိမ္ေထာင္ျပဳမည္ဆိုရင္လည္း အေဖ ေပးမယ့္ေငြရဲ႕ ငါးပုံ,ပုံ တစ္ပုံေပးမယ္ဆိုတဲ့အေၾကာင္းကို စာ႐ြက္စာတမ္းထဲမွာေတာင္ ေရးထိုးထားပါေသးတယ္"
လဲ့ယ္တာခ်န္က ေခ်ာင္းအသာဟန္႔ရင္း “အခုအေျခအေနနဲ႔ တူေတာ့မလား?မင္းက အခု အဆင္ေျပေနၿပီမို႔ ပိုက္ဆံမ်ားမ်ားေပးသင့္တယ္။မင္းရဲ႕ ညီငယ္ေတြကို မင္းရဲ႕ဂ႐ုစိုက္မႈကိုလည္း ျပသသင့္တယ္။”
လဲ့ယ္ထ်ဲက ေအးစက္စက္မ်က္ႏွာထားနဲ႔ "ကြၽန္ေတာ္တို႔ အဲဒီပိုက္ဆံေဝစုကို ေပးမယ့္အျပင္ ပၪၥမေျမာက္ညီကိုလည္း မုန္႔ဖိုးအနည္းငယ္ေပးဦးမွာပါ ဒါေပမယ့္ အေဖလက္ထဲကိုေတာ့ ကြၽန္ေတာ္တို႔ ပိုက္ဆံထည့္မေပးႏိုင္ပါဘူး"
လဲ့ယ္တာခ်န္က ေဒါသအရမ္းထြက္သြားၿပီး “မင္းဘာကိုဆိုလိုတာလဲ။ငါက ငါ့သားရဲ႕ ပိုက္ဆံအတြက္နဲ႔ ေလာဘႀကီးတဲ့အေဖျဖစ္ေနလို႔လား?"
လဲ့ယယ်ထျဲက လ်စ္လ်ဴ႐ႈၿပီး "ကိုယ့္ကိုကိုယ္ သိၾကပါတယ္"
“မင္း....”
လဲ့ယ္တာခ်န္သည္ သူ႕အား လဲ့ယ္ထ်ဲေပးခဲ့ဖူးေသာ ေငြတုံး ၂၀ အေၾကာင္းကို ေတြးလိုက္ေသာအခါတြင္ အျပစ္႐ွိသလို ခံစားလိုက္ရသည္။
လဲ့ယ္ထ်ဲက သူစိမ္းတစ္ေယာက္လို ၾကည့္ၿပီး "အေဖတို႔ကို ေပးရမယ့္လစဥ္ေငြကိုေတာ့ ေနာက္မွ တိုးေပးပါ့မယ္။ဒါေပမယ့္ အေဖသာ ျပႆနာ႐ွာရင္ေတာ့..."
လဲ့ယ္တာခ်န္သည္ သူ႕မ်က္လုံးထဲ႐ွိ အၾကည့္ေၾကာင့္ ထိတ္လန္႔သြားသည္။သူက “မင္းပိုက္ဆံကို ငါမလိုခ်င္ဘူး” လို႔ သတၱိ႐ွိ႐ွိေျပာခ်င္ေပမယ့္ ပိုက္ဆံကိုလည္း မစြန္႔လႊတ္ႏိုင္ေပ။
သူ႕ႏႈတ္ခမ္းေတြက အခ်ိန္အေတာ္ၾကာေအာင္ လႈပ္သြားေပမယ့္ သူ႕လွ်ာက အေလွ်ာ့ေပးလိုက္ေလသည္။သူ ႏွာမႈတ္ၿပီး သူ႕အက်ီလက္ကို ဆြဲခါကာ အေဆာတလွ်င္ ေျပးထြက္သြားေတာ့သည္။
ထိုသို႔ေသာ သူ႕ေနာက္ေက်ာကို ျမင္လိုက္ရေတာ့ စိတ္မေကာင္းသလိုေတာင္ ျဖစ္မိသြားရသလို။
ခ်င္မ်န္ ႐ုတ္တရက္ ရယ္ေမာလိုက္သည္။
လဲ့ယ္ထ်ဲက သူ႕ကို စူးစူးစိုက္စိုက္ၾကည့္ေန၏။
ခ်င္မ်န္က "သူတို႔ကို တခါေလာက္ ေႏွာင့္ယွက္ေပးလိုက္ရတာက စိတ္သက္သာရာရသြားတယ္ဆိုတာ ကြၽန္ေတာ္ ႐ုတ္တရက္ႀကီး အခုမွ သေဘာေပါက္သြားခဲ့ၿပီ"
လဲ့ယ္ထ်ဲက သူ႕ေခါင္းကို ကိုင္လိုက္ၿပီး "အိမ္ျပန္ေတာ့"
----------
ငါးရက္ၾကာၿပီးေနာက္တြင္ သာယာေအးခ်မ္းဖြယ္
ဥယ်ာဥ္ျခံဝန္းေလး၏တံတိုင္းကို အၿပီးတည္ေဆာက္ၿပီးခဲ့ၿပီးျဖစ္ကာ သူတို႔၏အိမ္ေလးသည္ သီးျခားအိမ္ေတာ္ငယ္ေလးလိုျဖစ္လာခဲ့သည္။ထို႔ေနာက္ အေသးစိတ္ကိစၥအဝဝအခ်ိဳ႕ကို စတင္လုပ္ေဆာင္ခဲ့၏။
သူတို႔မသိလိုက္ခင္မွာပင္ ဒုတိယလ၏ေနာက္ဆုံးဆယ္ရက္ေျမာက္ေန႔သို႔ ေရာက္႐ွိလာခဲ့ၿပီ။ေနာက္ႏွစ္ရက္အၾကာတြင္ လဲ့ယ္႐ွန္းက်စ္သည္ ခ႐ိုင္အဆင့္စာေမးပြဲတြင္ ပါဝင္ေျဖဆိုရေတာ့မည္ျဖစ္သည္။အိမ္ေဟာင္းႀကီး၏ပတ္ဝန္းက်င္တစ္ခုလုံး တင္းမာလာ၏။
လဲ့ယ္တာ့ေကာင္းပင္လွ်င္ အိမ္ေဟာင္းကို ခဏသြားလည္ျဖစ္ခဲ့ၿပီး စာေမးပြဲကို ေကာင္းေကာင္းေျဖႏိုင္ေစရန္ လဲ့ယ္႐ွန္းက်စ္အား ဝမ္ ၅၀၀ ေပးလိုက္ေသးသည္။သူသည္ကား လဲ့ယ္မိသားစု၏မ်ိဳးဆက္သစ္တြင္ တစ္ဦးတည္းေသာ စာေပပညာ႐ွင္ပင္ ျဖစ္သည္။သူ႕ကို အေရးေပး႐ုံမွတပါး တျခားမ႐ွိ။
ျခဳံေျပာရရင္ေတာ့ သူတို႔နဲ႔လည္း ညီအစ္ကိုေတြမို႔ ခ်င္မ်န္နဲ႔ လဲ့ယ္ထ်ဲတို႔လည္း အိမ္ေဟာင္းကို အတူတူထြက္လာၾကသည္။
သူတို႔မထိုင္ခင္မွာ တု႐ွီက ေစာင့္ဆိုင္းျခင္းမ႐ွိ တန္းေျပာ၏။ “မင္းတို႔ရဲ႕ ပၪၥမေျမာက္ညီက ဒီတစ္ႀကိမ္ ခ႐ိုင္အဆင့္စာေမးပြဲကို သုံးရက္ၾကာေအာင္ ေျဖရလိမ့္မယ္။အဘိုးႀကီးနဲ႔ ငါ သူ႕ကို မုန္႔ဖိုးအေနနဲ႔ ေငြ ၁၀ တုံး ေပးလိုက္တယ္။မင္းတို႔လည္း သူ႕ကို ေပးလိုက္ၾက။"
လဲ့ယ္႐ွန္းက်စ္က တိတ္တဆိတ္ သက္ျပင္းခ်လိုက္ၿပီး "အေမ"
ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲတို႔သည္ တစ္ေယာက္ကိုတစ္ေယာက္ ၿငိမ္သက္စြာ ၾကည့္ေနမိၾကသည္။ဒီလို ျမန္ျမန္ဆန္ဆန္ႀကီး ပိုက္ဆံေတာင္းဖို႔ လိုအပ္လို႔လား?
ခ်င္မ်န္သည္ တု႐ွီႏွင့္ ျငင္းခုံရန္ျဖစ္ရန္ ရည္႐ြယ္ခ်က္မ႐ွိေပ။ သူသည္ ပိုက္ဆံအိတ္ထဲမွ ေငြတုံး ၅၀ ကို ထုတ္ယူၿပီး လဲ့ယ္႐ွန္းက်စ္အား ေပးကာ “ပၪၥမညီ...သိမ္းထားလိုက္ပါ။အမွန္တကယ္ ကြၽမ္းက်င္တတ္ေျမာက္ထားၿပီးတဲ့ အသိပညာဆိုတာက အလြယ္တကူ ေမ့ေပ်ာက္သြားႏိုင္တာမဟုတ္ဘူး။မကြၽမ္းက်င္ေသးတဲ့ အသိပညာကို အခုအခ်ိန္က်မွ ျပန္လည္သုံးသပ္ဖို႔က ေနာက္က်ေနၿပီ။ဒီႏွစ္ရက္အတြင္း သက္ေတာင့္သက္သာ အပန္းေျဖထားရမယ္။အေကာင္းဆုံးအေျခအေနေတြကို ထိန္းသိမ္းထားမွသာ စာေမးပြဲခန္းထဲမွာ ပုံမွန္ထက္ ပိုေကာင္းေအာင္ လုပ္ႏိုင္မွာပါ”
အားလုံးက ခ်င္မ်န္ကို အံ့ၾသစြာၾကည့္ၾကသည္။
သူ႕အတိတ္ကို ေမ့ေနတာမဟုတ္ဘူးလား? ဒါကို သူဘယ္လိုနားလည္ၿပီး ႐ွင္း႐ွင္းလင္းလင္းနဲ႔ ယုတၱိက်က် ေျပာႏိုင္ေနရတာလဲ?
လဲ့ယ္႐ွန္းရန္ႏွင့္က်ိဳး႐ွီတို႔သည္ ေငြကို သူတို႔ပိုင္ဆိုင္မႈအလား ျဖစ္လိုေသာဆႏၵျဖင့္ ေငြကို စိုက္ၾကည့္ေနၾကသည္။
“ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ေလာင္တာ့နဲ႔မရီး” လဲ့ယ္႐ွန္းက်စ္သည္ ေငြကို လက္ႏွစ္ဖက္ျဖင့္ လက္ခံရ႐ွိခဲ့သည္။လက္ခံရန္ ျငင္းဆိုပါက တု႐ွီႏွင့္ လဲ့ယ္တာ့ခ်န္တို႔ ေနာက္တစ္ႀကိမ္ထပ္ၿပီး ျပႆနာ႐ွာၾကလိမ့္မည္။ရက္ေရာမႈကို လက္ခံထားၿပီး သူတို႔ရဲ႕ ၾကင္နာမႈကို ေနာက္ပိုင္းမွာ ျပန္ဆပ္တာက ပိုေကာင္းေပမည္။
တု႐ွီႏွင့္ လဲ့ယ္တာ့ခ်န္၏မ်က္ႏွာမ်ားသည္ ပိုေကာင္းလာသည္။
လဲ့ယ္ထ်ဲက "မင္း တျခားပညာေတာ္သင္ေတြနဲ႔ အတူတူ သြားရမွာလား?"
Advertisement
- In Serial141 Chapters
The Mad One
One day Humanity ruled the World. The next day they were gone. The system is put into play to help Humanity cope with their new, cruel reality. Some will walk their paths, continuously progressing. Others will end their paths, a dead-end. And a few, very few people will fall off their paths, finding nothing but cold water to drown themselves in. Updated on Modays, Wednesdays, Fridays and Sundays.
8 435 - In Serial39 Chapters
The Matrimony 3 (Completed)
Aziah And August Are Back With More Drama,Pettiness,And Struggles Will These Two EVER Get It Together Or Will Aziah Drop A Ball On August August Ain't The Only One Who Can Play Games If You Thought These Two Would Happily Ever After You Thought Wrong !Read Vote And LEAVE COMMENTS Please And Thank You!
8 247 - In Serial23 Chapters
M I S D E E D
Symone and Symere's parents ran a drug business. They were well respected and feared. One night someone looking to take that title takes their life. What will happen to Symone and Symere? Read and find out.
8 92 - In Serial61 Chapters
The Beast Within
Nina was a rejected Omega who happened to be the second chance mate of the curse PrincesWhat would happen if she found out that they were cursed?
8 110 - In Serial30 Chapters
Lust | JiKook
"If this is what hell feels like, then I'm not afraid to die."
8 173 - In Serial14 Chapters
The Day We Meet is The Day I Leave (Mini Series)
នាងជាអ្នកដែលមានថាមពលពិសេសនាងអាចសម្រេចបំណងប្រាថ្នា3យ៉ាងឲ្យមនុស្សម្នាក់បាន ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងអាចទទួលបានឱកាសពិសេសនេះទេ។ ភារកិច្ចចុងក្រោយគឺស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយអ្នកដែលមានសំណាងម្នាក់នោះគឺJeon Jungkook!![Slow update]I'm a new writer so don't mind my writing😊💖
8 151

