《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[74]
Advertisement
[Unicode]
074: ချင်မျန်နှင့် လဲ့ယ်ထျဲတို့၏နေထိုင်ရာ သာယာအေးချမ်းဖွယ် ဥယျာဥ်ခြံဝန်းလေး
ခွန်းဇျိုက်နှင့် ရွှမ်းဇျိုက်တို့သည် အဆာပြေမုန့်တွေကို အပေါ်ယံသာ စိတ်ဝင်စားကြသည်။သစ်သားစင်ပေါ်ရှိ သစ်သားဓား၊ ရွက်လှေနှင့် ရထားလုံးတွေကို တွေ့လိုက်ရသောအခါ စိတ်လှုပ်ရှားစွာ ပြေးလာကာ ၎င်းတို့ကို လှမ်းဆွဲယူလိုက်သည်။ချင်မျန်က လမ်းလျှောက်လာပြီး “ဒါက မင်းတို့ဝမ်းကွဲဦးလေး ပေးထားတဲ့ လက်ဆောင်တွေပဲ။မင်းတို့ ဒါတွေနဲ့ ကစားလို့ရပေမယ့် သတိထားဆော့ရမယ်နော်,ဟုတ်ပြီလား?"
ခွန်းဇျိုက်က ခေါင်းညိတ်ပြပြီး ရွက်လှေကို အောက်သို့ချကြည့်၏။သူ သဘောကျစွာ ပွတ်သပ်လိုက်သည်။
ထို့နောက် ရွှမ်းဇျိုက်သည် ရထားလုံးကို ဆုပ်ကိုင်ထားပြီး ချင်မျန်အား မျှော်လင့်ချက်ကြီးဖြင့် ကြည့်ကာ "ဝမ်းကွဲဦးလေးမျန် ဒီရထားလုံးကို အရမ်းကြိုက်တယ်။သားကိုပေးပါလား?"
“အဲ ...” ချင်မျန် ဘာမှပြန်မဖြေနိုင်တော့ဘဲ “မင်းကြိုက်ရင် မင်းဝမ်းကွဲဦးလေးကို နောက်တစ်မျိုးလုပ်ခိုင်းလို့ရတယ်” လို့သာ ရွှင်မြူးစွာ ပြန်ပြောလိုက်၏။ဤသည်မှာ လဲ့ယ်ထျဲထံမှ ရ,ထားသည့် နှစ်သစ်ကူးလက်ဆောင်များပင်။သူ ၎င်းတို့အား အခြားသူများအား မပေးလို။
ရွှမ်းဇျိုက်လေးသည် ရထားလုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး စကားမပြောတော့ဘဲ နှုတ်ခမ်းစူလိုက်သည်။
ရှီယာက မျက်မှောင်ကြုတ်ကာ သူ့ဆီရောက်လာ၏။သူမ တင်းတင်းကျပ်ကျပ်ပြောကာ
"ရွှမ်းရွှမ်း...တတိယအဒေါ်(ရွှမ်းဇျိုက်အမေ)က တခြားသူတွေရဲ့ ပစ္စည်းတွေကို မတောင်းဖို့ မသင်ပေးထားဘူးလား?နင်အရမ်းကြိုက်တဲ့ ဝါးပုစဉ်းယာဥ်ကို ငါလိုချင်တယ်ဆိုရင်ရော ငါ့ကိုပေးမှာလား?"
ရွှမ်းဇျိုက်က အံတွေကြိတ်ပြီး "မပေးဘူး!အဲဒါ သားဥစ္စာ!”
“ဒါဆိုရင် တခြားသူတွေရဲ့ပစ္စည်းကို ဘယ်လိုတောင် တောင်းနိုင်ရတာလဲ?” ရှီယာက တင်းမာစွာ မေးလိုက်သည်။
ချင်မျန်က အခြေအနေတွေ ဆိုးရွားလာတာကို မြင်တော့ “ဒီလိုဆိုရင်ရော ဘယ်လိုလဲ?မင်းဝမ်းကွဲဦးလေးဆီသွားပြီး တစ်ယောက်ချင်းစီအတွက် လောက်လေးခွလုပ်ခိုင်းရအောင်။ပြီးရင် ငှက်ပစ်ဖို့ သွားကြမယ်လေ"
ရွှမ်းဇျိုက်သည် ရထားလုံးလေးကို ချက်ချင်းပင်ချကာ “ကောင်းတယ်၊ ကောင်းတယ်!ငှက်ပစ်ဖို့ သွားမယ်။"
"သားလည်းလိုက်မယ်!" ခွင်းဇျိုက်ကလည်း ရွက်လှေကို ပြန်ချထား၏။
ယွမ်ဇျိုက်သည်လည်း ကုလားထိုင်ပေါ်မှ လျှောဆင်းလာပြီး “သားလည်း လိုက်မယ်နော်!”
နောက်ဆုံးတွင် သူတို့ကို စိတ်ပြောင်းလို့ရခဲ့ပြီ။ချင်မျန်သည် အေးစက်စက်ချွေးတွေကို တိတ်တဆိတ် သုတ်လိုက်ပြီး ရှီယာကို ကျေးဇူးတင်ကြောင်းပြသသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ဤကဲ့သို့မိန်းကလေးငယ်လေးလိုပင် သင့်လျော်စွာ သူ မချော့တတ်ပေ။ သူ ရှက်ရွံ့သလို ခံစားမိနေစဉ်တွင် လဲ့ယ်ရှန်းကျစ် နှင့် လဲ့ယ်ချွင်းထောင်တို့ အတူတူဝင်လာခဲ့သည်။
"ကျွန်တော်တို့ ဒီမှာ ရောက်ပြီ....မရီး"
"အချိန်ကိုက်ပဲ" ချင်မျန် သက်ပြင်းတစ်ချက်ချကာ အထဲကနေ ထိုလူနှစ်ယောက်ကို ကြိုဆိုလိုက်ပြီး "ညီမလေး.... ဒီမိန်းကလေးတွေကို စောင့်ရှောက်ဖို့ မင်းကို နှောင့်ယှက်ပေးရတော့မှာပဲ"
လဲ့ယ်ချွင်းထောင်က တခစ်ခစ်ရယ်ပြီး တောင်းလေးကို လက်မောင်းပေါ် တင်လိုက်သည်။ “မရီး...ညီမလေးနဲ့ စိတ်ချလက်ချသာ ထားခဲ့နိုင်တယ်။နောက်ဆုံးတစ်ခေါက်တုန်းက မရီးတို့အိမ်က ပန်းတွေကို မြင်ဖူးထားပြီး အရမ်းလည်းလှတယ်လေ။ညီမလေး ဒီပန်းတွေနဲ့ တစ်စုံတစ်ခုလုပ်ဖို့ ကြိုးစားခဲ့သေးတယ်။ဒီနေ့ အထည်ပန်းလုပ်နည်း သင်ပေးလိုက်မယ်။သူတို့ ကြိုက်ကြမှာပါ။ကြည့်လိုက် ညီမလေး လိုအပ်တာတွေ အကုန်ယူလာတယ်။"
ခြင်းတောင်းထဲမှာ အရောင်မျိုးစုံနဲ့ အထည်အလိပ်လေးတွေပါ၏။
လဲ့ယ်ချွင်းထောင်က ကောင်မလေးတွေကို ဆက်တီဆီ ခေါ်သွားလိုက်သည်။ချင်မျန်က အဆာပြေမုန့်တွေကို လက်ဖက်ရည် စားပွဲသို့ တင်ပေးပြီးနောက် သူ လဲ့ယ်ရှန်းကျစ်နှင့် စကားပြောရလေသည်။ "ပဉ္စမ မြောက်ညီ...... ဒီနေ့ နားတာလား?"
“ဟုတ်ကဲ့။” လဲ့ယ်ရှန်းကျစ်က သူ့နှုတ်ခမ်းပေါ်တွင် အပြုံးဖြင့် ကလေးများနှင့် ပြည့်နေသော အခန်းကို ကြည့်လိုက်သည်။ “ဆယ်ရက်လောက်ကြာရင် ခရိုင်အဆင့် အင်ပါယာစာမေးပွဲဖြေပြီးရင်လည်း နောက်နှစ်ရက် နားခွင့်ရှိမယ်။”
"ပဉ္စမမြောက်ညီရဲ့အကြည့်ကို ကြည့်ရတာ မင်းအဆင်သင့်ဖြစ်နေပုံရတယ်။" ချင်မျန်က ပြုံးပြုံးရွှင်ရွှင်နဲ့ "ငါ မင်းကို အကောင်းဆုံးဖြေဆိုနိုင်ပါစေလို့ ဆုတောင်းပါတယ်"
"ကျေးဇူးအများကြီးတင်ပါတယ်။ထိပ်ဆုံးမှာရှိနေမယ်လို့ မပြောရဲပေမယ့် အစွမ်းကုန်ကြိုးစားသွားမှာပါ။” လဲ့ယ်ရှန်းကျစ်က ကျိုးနွံစွာပြောသည်။
ထိုအချိန်တွင် ခွင်းဇျိုက်သည် ချင်မျန်၏အင်္ကျီလက်စကို ဆွဲလိုက်သည်။ “ဝမ်းကွဲဦးလေးမျန်....ဝမ်းကွဲဦးလေးကို သွားရှာရအောင်လေ။”
“ကောင်းပြီ။” ချင်မျန်က လဲ့ယ်ရှန်းကျစ်ကို မေးလိုက်သည်။ "မင်းရော အဲဒီကို လမ်းလျှောက်သွားချင်လား?"
လဲ့ယ်ရှန်းကျစ်က ခေါင်းညိတ်ပြီး "သွားကြရအောင်။"
ချင်မျန်က ခွင်းဇျိုက်၊ ရွှမ်းဇျိုက်နှင့် ယွမ်ဇျိုက်တို့ကို သစ်သီးခြံသို့ ခေါ်ဆောင်သွားကြောင်း လဲ့ယ်ချွင်းထောင်အား အသိပေးခဲ့သည်။
လဲ့ယ်ထျဲက ချင်မျန့်ကို မြင်တော့ သူ့ဆီ လျှောက်လာ၏။"ဘယ်လို ရောက်လာတာလဲ?"
“သူတို့...” ချင်မျန် နောက်ပြန်လှည့်ကြည့်တော့ ကလေးသုံးယောက်မှာ မရှိတော့ပေ။လှည့်ပတ်ကြည့်လိုက်တော့ ကလေးသုံးယောက်သည် တူးထားတဲ့တွင်းထဲသို့ လျှောဆင်းသွားပြီး တက်လိုက်ဆင်းလိုက်လုပ်နေတာကို တွေ့လိုက်ရသည်။သူတို့ အတော်လေး ပျော်နေကြပုံပင်။သူ ပခုံးတွန့်သာ တွန့်ပြလိုက်၏။ ကလေးတွေက အဆော့ကဲကြပြီး မေ့လွယ်ကြသည်။
လဲ့ယ်ထျဲသည်လည်း စိတ်ရှုပ်ထွေးစွာဖြင့် သူ့အကြည့်နောက်သို့ လိုက်ကြည့်လိုက်၏။
ချင်မျန်က သူ့လက်ကောက်ဝတ်ကို ဆွဲလိုက်ပြီး "သူတို့ သတိပြန်မဝင်လာသေးခင် မြန်မြန်ပြန်ကြရအောင်။ခင်ဗျား သူတို့တစ်ယောက်ချင်းစီအတွက် လောက်လေးခွတစ်ချောင်းလုပ်ပေး။"
"လောက်လေးခွလုပ်ဖို့ ဘယ်လိုများ အကြံရသွားတာလဲ?" လဲ့ယ်ထျဲက မေးသည်။
ချင်မျန်က "သူတို့က ကျွန်တော့်ရဲ့ ရွက်လှေတွေနဲ့ ရထားလုံးတွေကို စိတ်ဝင်စားနေတယ်လေ"
Advertisement
လဲ့ယ်ထျဲက ချက်ချင်းပင် "မပေးနဲ့"
ချင်မျန်က ရယ်မောရင်း သူ့ကိုကြည့်ကာ "ဒါကြောင့် ခင်ဗျားကို လောက်လေးခွလုပ်ခိုင်းတာပေါ့"
လျစ်လျူရှုခံထားလိုက်ရသည့် လဲ့ယ်ရှန်းကျစ်မှာတော့ ကူကယ်ရာမဲ့ ခေါင်းခါလိုက်သည်။သူ ဖရိုဖရဲဖြင့် စည်ကားနေသော မြင်ကွင်းကိုသေချာကြည့်ရန် ရေကန်ဆီသို့ မြန်လည်းမမြန် နှေးလည်းမနှေးဖြင့် အေးအေးဆေးဆေးသာ လမ်းလျှောက်လာခဲ့သည်။
ကလေးတွေက တကယ်ကို မေ့လွယ်တတ်ပေမယ့် မှတ်ဉာဏ်လည်း ကောင်း၏။နေ့လယ်စာစားဖို့ ပြန်လာချိန်မှာပဲ ရထားလုံးတွေ၊ ရွက်လှေတွေကို မြင်တဲ့အခါ လောက်လေးခွတွေကို သတိရသွားကြသည်။သူတို့အားလုံး လဲ့ယ်ထျဲကို မကြည့်ဝံ့တာကြောင့် ချင်မျန်ဆီကို လှည့်ကြည့်လိုက်ကြသည်။လဲ့ယ်ထျဲက အမြဲတမ်းလိုလို မျက်နှာအမူအယာမှာ မျက်နှာထားတည်တည်နဲ့မို့ အလွန်ကြောက်စရာကောင်းစေပုံရသည်။သူတို့သုံးယောက်သားသည် အိမ်မှာတော့ အုပ်စိုးရှင်များကဲ့သို့ ပြုမူနိုင်သော်လည်း သူ့ရှေ့တွင်မူ ထိုသို့ မလုပ်ဝံ့။
ချင်မျန်က ပြုံးပြပြီး လဲ့ယ်ထျဲဘက်သို့ မျှော်လင့်တကြီး လှည့်လိုက်သည်။
လဲ့ယ်ထျဲက ဗီရိုထဲမှ လောက်လေးခွသုံးချောင်းကို ထုတ်ပြီး ခွင်းဇျိုက်၊ ရွှမ်းဇျိုက် နှင့် ယွမ်ဇျိုက်တို့အား စကားတစ်လုံးမျှမပြောဘဲ ပေးလိုက်သည်။
ကလေးသုံးယောက်ရဲ့အသက်အရွယ်အရ လောက်လေးခွတွေရဲ့ အရွယ်အစားသည်လည်း ကွဲပြား၏။ကလေးသုံးယောက်က ပထမအကြည့်တစ်ချက်မှာတင် သဘောကျသွားကြပြီး အားလုံးက ပြုံးနေကြတော့သည်။
လောက်လေးခွ၏သရေကွင်းမှာ အလွန်ပါးလွှာပြီး လူကို ထိခိုက်လောက်အောင် မခိုင်ခံ့ကြောင်း တျန်းချွင်က မြင်သည်။ချင်မျန်နှင့် လဲ့ယ်ထျဲတို့က ဒါတွေကိုပါ ထည့်သွင်းစဉ်းစားခဲ့ကြောင်း သူနားလည်၏။သူ ခွင်းဇျိုက်၏နဖူးကို ပုတ်ပြီး "ဝမ်းကွဲဦးလေးနဲ့ ဝမ်းကွဲဦးလေးမျန်ကို ကျေးဇူးမတင်သင့်ဘူးလား?"
"ကျေးဇူးတင်ပါတယ် ဝမ်းကွဲဦးလေးနဲ့ဝမ်းကွဲဦးလေးမျန်!"
ရွှမ်းဇျိုက်က “ဝမ်းကွဲဦးလေးမျန် ....ဒီနေ့လည်ခင်းမှာ ငှက်တွေ ပစ်ကြရအောင်”
ချင်မျန်သည် နေ့လည်စာစားရန် တောင်းဆိုထားသည့် လဲ့ယ်ရှန်းကျစ်ကို မကောင်းကြံနေသလို စိုက်ကြည့်နေသည်။ "ကောင်းပြီ မင်းတို့ဝမ်းကွဲဦးလေးရှန်းကျစ်က မင်းတို့အားလုံးကို ခေါ်သွားပေးလိမ့်မယ်"
သူကား ကလေးတွေကို ပြုစုစောင့်ရှောက်ရာတွင် အမှန်တကယ် အဆင်မပြေပေ။
လဲ့ယ်ရှန်းကျစ်က အံ့အားသင့်သွားပြီး "မရီး.. ကျွန်တော်လား?"
"အတိအကျကြီးကို မင်းပေါ့။" ချင်မျန်က "မင်း မကြာခင် ခရိုင်အဆင့် စာမေးပွဲဖြေရမှာ မဟုတ်ဘူးလား။စာမေးပွဲမဖြေခင် အနားယူတာက စာမေးပွဲမှာ ထိုင်ဖြေတဲ့အခါ အတွေးအမြင်တွေ ဖွံ့ဖြိုးလာစေဖို့ အထောက်အကူဖြစ်စေတယ်။”
လဲ့ယ်ရှန်းကျစ်က [တာဝန်] ကို လွယ်လွယ်ကူကူ လက်ခံလိုက်ရတော့သည်။
ပထမဦးလေးတျန်း၊ တျန်းချွင်နှင့် အခြားသူများက လွန်စွာမှ ပျော်ရွှင်ခဲ့ကြသည်။လဲ့ယ်ရှန်းကျစ်သည် စာပေပညာတော်သင်တစ်ဦးဖြစ်သည်။သူတို့မိသားစု၏သားသမီးတွေက ပညာသင်တစ်ဦးနှင့် ထိတွေ့ဆက်ဆံမှုမှတစ်ဆင့် အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးမှုရှိလာနိုင်သည်။ယင်းသည် သူတို့ကလေးတွေ၏အနာဂတ်ဉာဏ်အလင်းဖွံ့ဖြိုးမှုအတွက်လည်း ကောင်းမွန်လာစေမည်။
ယခင်က ပြောခဲ့သည့်ချင်မျန်၏ယူဆချက်မှာ မှားခဲ့သည်။လူသုံးဆယ်ခန့်သည် လေးရက်ခန့် အချိန်ယူ၍ ရေကန်ကို အပြည့်တူးလိုက်ရ၏။ရေကန်က ဧရိယာတစ်မူခန့်ရှိကာ နှစ်မီတာခန့် နက်၏။ထိုကဲ့သို့ ဧရိယာနှင့် အနက်သည် ငါးမွေးမြူရေးနှင့် ကြာပန်းပင်များ ကြီးထွားမှုအတွက် လုံလောက်သည်။
လဲ့ယ်ထျဲက အလုပ်သင်လေးဦးနှင့် မြို့တွင်းမှ အတွေ့အကြုံရှိ လက်သမားဆရာနှစ်ဦးကို “ဘူးသီး” ပုံရေကန်၏ခါးတွင် သစ်သားခုံးတံတား ဆောက်ရန် ငှားခဲ့သည်။ရွာအနီးရှိ တောင်တန်းဒေသကြောင့် လဲ့ယ်ထျဲသည် ခုံးတန်းကို ပြုလုပ်ရန် အကျစ်လစ်ဆုံးတိုင်တွေကို တွေ့ရှိခဲ့သည်။ခုံးတန်း၏အစွန်းနှစ်ဖက်သည် မြေကြီးထဲသို့ နစ်မြုပ်စေသောကြောင့် ခိုင်ခံ့လုံခြုံ၏။ခုံးတန်း၏ထိပ်တွင် လမ်းမချော်စေရန်အတွက် အလှဆင်သည့်ပုံစံများဖြင့် ထွင်းထုထားသည့် သံပျဉ်ပြားများကို ခင်းကျင်းထားသည်။ လက်ရန်းတိုင်တိုင်းကိုလည်း သေချာချိတ်ဆက်စေထားသောကြောင့် အလွန်လုံခြုံစေသည်။
တံတားတည်ဆောက်ပြီးသည့်နောက် ချင်မျန်နှင့် လဲ့ယ်ထျဲတို့က မြစ်မှရေလမ်းကြောင်းလွှဲရန် တူးမြောင်းများတူးကြသည်။တစ်ရက်မပြည့်ခင်မှာပဲ ကန်ထဲမှာ ရွှံ့ရေတွေနဲ့ ပြည့်နှက်သွားတော့၏။နှစ်ရက်သုံးရက်အတွင်းတော့ ပြန်ကြည်လင်သွားမည် ဖြစ်သည်။ချင်မျန်က ရေကန်ထဲသို့ ဝိညာဏ်စမ်းရေအချို့ကို တိတ်တဆိတ်လောင်းချနေစဉ် တစ်ဖက်ကိုလည်း ရေကန်ထဲသို့ နုန်းထည့်ရန် လဲ့ယ်ထျဲကို ခိုင်းခဲ့သည်။
သီးပင်စားပင်တွေ စိုက်တယ်၊ ရေကန်တွေ တူးတယ်၊ တံတားဆောက်တယ်၊နောက်တစ်ဆင့်မှာတော့ ခြံတံတိုင်းလည်း ဆောက်ရမည်။
ယခုတစ်ကြိမ်တွင် ချင်မျန်သည် စိမ်းညိုရောင်အုတ်နှစ်ရာကျော် ဝယ်ယူခဲ့ပြီး ကျန်အုတ်များကိုတော့ အုတ်နီများ ဝယ်ယူဖြစ်သည်။အုတ်နီတွေနဲ့ စိမ်းလန်းတဲ့သစ်ပင်တွေက အနုပညာစိတ်ခံစားချက်ကို ပိုလှစေတယ်လို့ သူထင်တာကြောင့်ပင်။
စိမ်းလန်းသောတောင်တန်းများဖြင့် တောင်စိမ်းကျေးရွာသည် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာအဖြစ် ပြန်လည်မြင်တွေ့လာရပြီး ရွာသားများသည် တံတိုင်းဆောက်ရန် ဌားရမ်းမည့်သတင်းကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။
သို့သော် ယခုတစ်ကြိမ်တွင် ချင်မျန်က ၎င်းအား လူသိရှင်ကြား မကြေငြာဘဲ တစ်ယောက်ပြီးတစ်ယောက်သာ ငှားရမ်းဖိတ်ကြားခဲ့သည်။များမကြာမီတွင် ဤအကြိမ်ဌားရမ်းခံရသူအများစုမှာ နောက်ဆုံးအကြိမ် ရေကန်တူးရာတွင် ကောင်းမွန်စွာလုပ်ဆောင်ခဲ့ကြသူများဖြစ်ကြောင်း သိရှိခဲ့သည်။လဲ့ယ်ရှန်းရန်၊ ကျိုးအားဟောင် နှင့် ကျောက်စီတို့ကတော့ ၎င်းတို့ထဲတွင် မပါဝင်ခဲ့ပေ။
မြေ 15 မူကို ခိုင်ခံ့စွာတည်ဆောက်ဖို့ဆိုတာ ရိုးရှင်းတဲ့ ကိစ္စတော့ မဟုတ်ပေ။ချင်မျန်သည် အုတ်များဝယ်ရန် ငွေ ၁၀ တုံးတိတိကို အသုံးပြုခဲ့ရသည်။အစောပိုင်းက စီစဉ်ထားသည့်အတိုင်း တံတိုင်းဆောက်ရန် စုစုပေါင်း လူငါးဆယ်ကိုဌားရမ်းခဲ့သည်။သို့မှသာ တံတိုင်း၏နေရာကာလအပိုင်းများစွာကို တစ်ချိန်တည်းတွင် တည်ဆောက်နိုင်မည်။လူများလွန်းသောကြောင့် စားနပ်ရိက္ခာ မပေးနိုင်တာမို့ အိမ်ဆောက်စဉ်က လုပ်ခထက် ဝမ် ၆ ပိုပေးလေသည်။
ဦးလေးဖုန်းက ဘာမှလုပ်စရာမရှိသေးတာမို့ လမ်းညွှန်ကြီးကြပ်ပေးဖို့ စိတ်ပါလက်ပါ ကူညီပေးခဲ့သည်။သူ့သားနှစ်ယောက်ကလည်း တံတိုင်းဆောက်ဖို့ ကူညီပေး၏။
“ထျဲဇီ....” ဦးလေးဖုန်းက စိမ်းညိုရောင်အုတ်ပုံကြီးကို ကြည့်ရင်း မေးလိုက်၏။ “ဒီစိမ်းညိုရောင်အုတ်တွေကို ဘာအတွက်သုံးမှာလဲ?”
လဲ့ယ်ထျဲက "ချင်းဇီက စိမ်းညိုရောင်အုတ်တွေကို နီညိုရောင်အုတ်တွေကြားမှာ 'သာယာအေးချမ်းဖွယ် ဥယျာဥ်ခြံဝန်းလေး' ဆိုတဲ့ စကားလုံးကို ရေးသားပုံဖော်ဖို့လို့တော့ ပြောတယ်"
Advertisement
ဦးလေးဖုန်းသည် သူ့ပေါင်ကိုပုတ်ကာ အုတ်သယ်သည့်ရွာသားတစ်ဦးနှင့် စကားပြောနေသော ချင်မျန်ကို လှမ်းကြည့်လိုက်သည်။သူက “ဒါက အကြံကောင်းပဲ။ဟင်း...မင်းမိန်းမရဲ့ဦးနှောက်က ဘယ်လိုများဖွံ့ဖြိုးနေလဲ ငါ တကယ်မသိတော့ဘူး"
အလင်းတန်းတစ်ခုသည် လဲ့ယ်ထျဲ၏မျက်လုံးထဲကို ဖြတ်ဝင်သွားသည်။
အဲဒါ သူ့မိန်းမပဲ။ဒါပေါ့....သူက သာမန်လူတွေနဲ့ လုံးဝမတူဘူး။
သူ ချင်မျန့်ဆီသွားပြီး ဝါးခွက်လေးကို သူ့လက်ထဲ ထည့်ပေးလိုက်၏။
ချင်မျန်က တကယ့်ကို ရေငတ်နေတာဖြစ်သည်။ခွက်ကိုယူ၍ လည်ပင်းကိုမော့ကာ အသက်တစ်ခါတည်းရှုသွင်းကာ သောက်လိုက်၏။ "ထပ်သောက်ချင်တယ်။"
ဘာအမူအရာမှ မပြသည့် လဲ့ယ်ထျဲမှာတော့ ရေအိုးရှိရာဆီသို့သွားကာ ရေအေးတစ်ခွက် ထပ်ဖြည့်ပြီးနောက် သူ့အား ထပ်ပေးလိုက်သည်။ချင်မျန်က သူ့ကိုပြုံးပြပြီး နှစ်ခါနား,နားသောက်ပြီး ခွက်ကိုပြန်ပေးကာ "တောင်ဘက်က နံရံဆီကိုသွားကြည့်ရအောင်"
ဤအချိန်တွင် အိမ်ဟောင်းမှာတော့ ကျိုးရှီသည် ရေတွင်းဘေးတွင် ထိုင်ကာ သစ်သားဇလုံထဲမှ အဝတ်များကို ထပ်ခါထပ်ခါ ပွတ်တိုက်နေသည်။သူမ မျက်မှောင်ကြုတ်နေရင်း ဘာတွေကိုတွေးနေမှန်းမသိ။ရွာ၏အနောက်ဘက်သို့ ရံဖန်ရံခါ မျှော်ကြည့်နေတတ်ပြီး သူမ၏ခန္ဓာကိုယ်ပေါ်သို့ ရေများစီးကျနေသည်ကိုပင် သတိမထားမိပေ။
ချင်းရှီ ဖြတ်သွားရင်း ကြင်နာစွာ သတိပေးလိုက်သည်။ “ဒုတိယမရီး...ဖိနပ်တွေ ရေစိုကုန်ပြီ”
ကျိုးရှီသည် သတိပြန်လည်လာကာ သူမ၏ဘောင်းဘီနှင့် ဖိနပ်ကိုကြည့်လိုက်ပြီး ဂရုမစိုက်နေတော့ပေ။သူမ မတ်တပ်ထရပ်မည်မို့ ချင်းရှီကို ဆွဲထူခိုင်းဖို့ရာ လက်ကိုဆန့်လိုက်သည်။ “လောင်စန်းဇနီး 'အနောက်ဘက်က မိသားစု' က ပိုမိုအသက်ဝင်စည်းကားလာတယ်။ငါတို့ ဒီအတိုင်းထိုင်ကြည့်နေကြမှာလား?သွားကြည့်ရအောင်။ချင်မျန်က အပြင်လူကိုတော့ ရေနွေးတည်ခိုင်းပြီး လက်ဖက်ရည်တည်ခင်းပေးဖို့ ခေါ်ပေမယ့် ငါတို့နှစ်ယောက်ကိုတော့ မခေါ်ဘူး။ဒါ ခွင့်လွှတ်လို့ မရဘူး။”
ချင်းရှီက သူ့လက်ကို အသာအယာ ရှောင်လိုက်ပြီး "လောင်အာ့ဇနီး....အစ်မကိုယ်တိုင် သွားကြည့်လိုက်ပါလား။ကျွန်မမှာ တခြားလုပ်စရာရှိသေးလို့ပါ။"
ထို့နောက် သူမ လှည့်၍ အခန်းထဲသို့ ဝင်သွားသည်။ချင်မျန်နှင့် လဲ့ယ်ထျဲတို့ကို မနှောင့်ယှက်သရွေ့ ထိုယောက်ျားသားနှစ်ယောက်က ကောင်းတာတစ်ခုခုရှိလျှင် သူတို့ကို အလိုအလျောက် တွေးပေးနေမည်ဟု ခင်ပွန်းဖြစ်သူက ပြောပြ၏။အဆက်မပြတ် တွန်းအားပေးပါက သူတို့ကို စိတ်အနှောင့်အယှက် ဖြစ်စေလိမ့်မည်။အရင်တုန်းကတော့ ကျိုးရှီနှင့်အတူ သူတို့ကို ပြဿနာရှာဖို့ သူမနောက်ကို လိုက်ခဲ့မိတယ်..သူ မိုက်မဲခဲ့တာပဲ။
"အမ်?" ကျိုးရှီက "ချင်းရှီ ပြောင်းလဲသွားပြီလား?" ဟုတွေးကာ တုန်လှုပ်သွားခဲ့သည်။
ကျိုးရှီကဲ့သို့ပင် ငြိမ်မနေနိုင်သော အခြားလူမှာ လဲ့ယ်တာ့ချန်ပင်။မနက်စာစားပြီး လမ်းလျှောက်ထွက်၏။ရွာအနောက်ဘက်သို့ အကြိမ်ကြိမ်သွားချင်သော်လည်း အကြိမ်ပေါင်းများစွာ နောက်ပြန်ဆုတ်လာခဲ့သည်။မည်သို့ပင်ဆိုစေကာမူ သူအလေးအနက်မထားခဲ့သော အကြီးဆုံးသားသည် ယခုလောက်အထိ အလားအလာကောင်းလာနိုင်မည်ဟု သူ စိတ်ပင်မကူးမိခဲ့။လဲ့ယ်ထျဲ ပိုကောင်းလေလေ၊ လဲ့ယ်ထျဲအပေါ် မကောင်းတာလုပ်ခဲ့သည်မို့ နောင်တရလေလေ၊ သူဘယ်လောက်မိုက်မဲမှန်း သိလာလေလေပါပဲ။သူဘယ်တော့မှ ၀န်ခံမှာမဟုတ်ပေမယ့် တကယ်တော့ သူ့မျက်နှာထက်မှာ ရှက်ရွံ့နေပြီး ဒေါသမီးတွေလည်း တောက်လောင်နေ၏။
လဲ့ယ်ထျဲက ရွာသူရွာသားတွေကို အုတ်တွေရွှေ့ပြီး တံတိုင်းဆောက်ဖို့ ခေါ်ပေမယ့် သူ့အဖေကိုတော့ လာမမေးပေ။ပြဿနာရှာဖို့ တွေးကြည့်ပေမယ့် ခရိုင်အဆင့် စာမေးပွဲမှာ လဲ့ယ်ရှန်းကျစ် ပါဝင်ဖြေဆိုတော့မယ်လို့ တွေးလိုက်မိတဲ့အခါ ဒေါသတကြီး မပြုဝံ့တော့။
ခရိုင်အဆင့် စာမေးပွဲ......???
သူ့ နှလုံးခုန်မြန်သွား၏။ဟုတ်သား...သူ လဲ့ယ်ထျဲဆီကိုသွားဖို့အတွက် ခရိုင်အဆင့်စာမေးပွဲကို အကြောင်းပြချက်တစ်ခုအနေနဲ့ သုံးနိုင်တယ်လေ။သူ့ညီအငယ်ဆုံးက ခရိုင်အဆင့် စာမေးပွဲကို ဝင်ဖြေတော့မယ်။အစ်ကိုအကြီးဆုံးဆီကို ပိုက်ဆံနည်းနည်းလောက်တောင်းတာ သာမာန်ပဲမဟုတ်ဘူးလား?
ဒါကိုတွေးမိတော့ ရွာအနောက်ဘက်ကို ပြေးသွားတော့၏။ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် တောင်ဘက် နံရံဘေးတွင် ရပ်နေကြပြီး အုတ်စီသမားများအား “သာယာအေးချမ်းဖွယ် ဥယျာဥ်ခြံဝန်းလေး" ဟူသော စကားလုံးသုံးလုံးကို လွဲမှားစွာ မရေးစေရေးအတွက် စောင့်ကြပ်ပေးနေ၏။သို့မဟုတ်ပါက အစကနေ ပြန်လုပ်ရပေလိမ့်မည်။
"စိတ်ချထားပါ ညီလေးရယ်။" အသက် ၄၀ နီးပါးရှိ အုတ်စီသမားက ပြုံးပြီးပြော၏ "စုတ်ချက် တစ်ချက်စီအတွက် အုတ်ဘယ်နှစ်တုံး၊ မြေပြင်ကနေ အုတ်ဘယ်နှစ်တုံး၊ စာလုံးတွေကြားကနေ ဘယ်လောက်ကွာရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိပါတယ်။အမှားတွေ လုပ်မိနေသေးရင် အနာဂတ်မှာ ငါတို့ ဒီလုပ်ငန်းကို လုပ်စားနေစရာမလိုတော့ဘူး”
ချင်မျန်သည် သူ့နှာခေါင်းကို ထိလိုက်ကာ အနည်းငယ် ရှက်သွား၏။
လဲ့ယ့်ထျဲက သူ့လက်ခုပ်ကိုကိုင်ကာ ဦးညွတ်ပြီး “ဦးလေး အပြစ်မတင်ပါနဲ့။ကျွန်တော့်ဇနီးက ပြီးပြည့်စုံအောင် လိုက်ကြည့်နေရုံပါ။"
“ဟားဟား၊ သဘောပေါက်ပါတယ်ကွာ” အုတ်စီသမားက ရယ်မောပြုံးပြပြီး အခြားအုတ်စီသမားကို ပြောလိုက်သည်။ “ဒါကို ပြီးပြည့်စုံအောင် လုပ်ပြီးမှ ဘယ်လိုပုံစံလဲဆိုတာ ငါတို့လည်း ကြည့်ချင်သေးတယ်”
“ဟုတ်တယ်” အခြားအုတ်စီသမားသည် အုတ်တစ်ချပ်ကိုတင်ကာ (ဘိလပ်ကို) ပန်းရန်ဓားဖြင့် ခြစ်ထုတ်လိုက်သည်။ "ဒီလိုရေးလို့ရတယ်ဆိုတာ ငါပထမဆုံးကြားရတာပဲ။ကမ္ပည်းဆွဲပြီး ချိတ်ဖို့တောင် မလိုတော့ဘူး။”
လဲ့ယ်ထျဲသည် ချင်မျန်၏နဖူးပေါ်မှ ချွေးတွေကို မြင်လိုက်ရတော့ ပြောလိုက်၏၊ "အိမ်ပြန်ပြီး အနားယူတော့"
သူ့ဇနီးလေးသည် နေရောင်အောက်တွင် ဒီတစ်နေ့တာလုံး နေခဲ့ရသည်။
ချင်မျန် တကယ်ပင်ပန်းသွားပြီဖြစ်၏။သူ ခေါင်းညိတ်ပြပြီး အိမ်သို့ ပြန်ဖို့လှည့်လိုက်သည်။
"စကားမစပ် ကျွန်တော် လဲ့ယ်ရှန်းရန်ကိုတွေ့ရဦးမယ်လို့ ထင်ခဲ့တာ။အံ့သြစရာကောင်းတာက သူမလာဘူးပဲ။”
လဲ့ယ်ထျဲက "နေမကောင်းဘူး" ဟုပြောကာ ရှေ့ကိုကြည့်လိုက်သည်။
ချင်မျန် မရယ်ဘဲမနေနိုင်တော့ "ခင်ဗျား ထပ်လုပ်လိုက်တာလား?"
လဲယ်ထျဲက “သူလာတယ်။ကိုယ် သူ့ရဲ့ ထုံစေတဲ့ကျင်ကြောနားကို အပ်စိုက်လိုက်တယ်”
ချင်မျန် ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး "သူနဲ့ထိုက်တန်တယ်"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
074: ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲတို႔၏ေနထိုင္ရာ သာယာေအးခ်မ္းဖြယ္ ဥယ်ာဥ္ျခံဝန္းေလး
ခြန္းဇ်ိဳက္ႏွင့္ ႐ႊမ္းဇ်ိဳက္တို႔သည္ အဆာေျပမုန္႔ေတြကို အေပၚယံသာ စိတ္ဝင္စားၾကသည္။သစ္သားစင္ေပၚ႐ွိ သစ္သားဓား၊ ႐ြက္ေလွႏွင့္ ရထားလုံးေတြကို ေတြ႕လိုက္ရေသာအခါ စိတ္လႈပ္႐ွားစြာ ေျပးလာကာ ၎တို႔ကို လွမ္းဆြဲယူလိုက္သည္။ခ်င္မ်န္က လမ္းေလွ်ာက္လာၿပီး “ဒါက မင္းတို႔ဝမ္းကြဲဦးေလး ေပးထားတဲ့ လက္ေဆာင္ေတြပဲ။မင္းတို႔ ဒါေတြနဲ႔ ကစားလို႔ရေပမယ့္ သတိထားေဆာ့ရမယ္ေနာ္,ဟုတ္ၿပီလား?"
ခြန္းဇ်ိဳက္က ေခါင္းညိတ္ျပၿပီး ႐ြက္ေလွကို ေအာက္သို႔ခ်ၾကည့္၏။သူ သေဘာက်စြာ ပြတ္သပ္လိုက္သည္။
ထို႔ေနာက္ ႐ႊမ္းဇ်ိဳက္သည္ ရထားလုံးကို ဆုပ္ကိုင္ထားၿပီး ခ်င္မ်န္အား ေမွ်ာ္လင့္ခ်က္ႀကီးျဖင့္ ၾကည့္ကာ "ဝမ္းကြဲဦးေလးမ်န္ ဒီရထားလုံးကို အရမ္းႀကိဳက္တယ္။သားကိုေပးပါလား?"
“အဲ ...” ခ်င္မ်န္ ဘာမွျပန္မေျဖႏိုင္ေတာ့ဘဲ “မင္းႀကိဳက္ရင္ မင္းဝမ္းကြဲဦးေလးကို ေနာက္တစ္မ်ိဳးလုပ္ခိုင္းလို႔ရတယ္” လို႔သာ ႐ႊင္ျမဴးစြာ ျပန္ေျပာလိုက္၏။ဤသည္မွာ လဲ့ယ္ထ်ဲထံမွ ရ,ထားသည့္ ႏွစ္သစ္ကူးလက္ေဆာင္မ်ားပင္။သူ ၎တို႔အား အျခားသူမ်ားအား မေပးလို။
႐ႊမ္းဇ်ိဳက္ေလးသည္ ရထားလုံးကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားၿပီး စကားမေျပာေတာ့ဘဲ ႏႈတ္ခမ္းစူလိုက္သည္။
႐ွီယာက မ်က္ေမွာင္ၾကဳတ္ကာ သူ႕ဆီေရာက္လာ၏။သူမ တင္းတင္းက်ပ္က်ပ္ေျပာကာ
"႐ႊမ္း႐ႊမ္း...တတိယအေဒၚ(႐ႊမ္းဇ်ိဳက္အေမ)က တျခားသူေတြရဲ႕ ပစၥည္းေတြကို မေတာင္းဖို႔ မသင္ေပးထားဘူးလား?နင္အရမ္းႀကိဳက္တဲ့ ဝါးပုစဥ္းယာဥ္ကို ငါလိုခ်င္တယ္ဆိုရင္ေရာ ငါ့ကိုေပးမွာလား?"
႐ႊမ္းဇ်ိဳက္က အံေတြႀကိတ္ၿပီး "မေပးဘူး!အဲဒါ သားဥစၥာ!”
“ဒါဆိုရင္ တျခားသူေတြရဲ႕ပစၥည္းကို ဘယ္လိုေတာင္ ေတာင္းႏိုင္ရတာလဲ?” ႐ွီယာက တင္းမာစြာ ေမးလိုက္သည္။
ခ်င္မ်န္က အေျခအေနေတြ ဆိုး႐ြားလာတာကို ျမင္ေတာ့ “ဒီလိုဆိုရင္ေရာ ဘယ္လိုလဲ?မင္းဝမ္းကြဲဦးေလးဆီသြားၿပီး တစ္ေယာက္ခ်င္းစီအတြက္ ေလာက္ေလးခြလုပ္ခိုင္းရေအာင္။ၿပီးရင္ ငွက္ပစ္ဖို႔ သြားၾကမယ္ေလ"
႐ႊမ္းဇ်ိဳက္သည္ ရထားလုံးေလးကို ခ်က္ခ်င္းပင္ခ်ကာ “ေကာင္းတယ္၊ ေကာင္းတယ္!ငွက္ပစ္ဖို႔ သြားမယ္။"
"သားလည္းလိုက္မယ္!" ခြင္းဇ်ိဳက္ကလည္း ႐ြက္ေလွကို ျပန္ခ်ထား၏။
ယြမ္ဇ်ိဳက္သည္လည္း ကုလားထိုင္ေပၚမွ ေလွ်ာဆင္းလာၿပီး “သားလည္း လိုက္မယ္ေနာ္!”
ေနာက္ဆုံးတြင္ သူတို႔ကို စိတ္ေျပာင္းလို႔ရခဲ့ၿပီ။ခ်င္မ်န္သည္ ေအးစက္စက္ေခြၽးေတြကို တိတ္တဆိတ္ သုတ္လိုက္ၿပီး ႐ွီယာကို ေက်းဇူးတင္ေၾကာင္းျပသသည့္အေနျဖင့္ ေခါင္းညိတ္ျပလိုက္သည္။ဤကဲ့သို႔မိန္းကေလးငယ္ေလးလိုပင္ သင့္ေလ်ာ္စြာ သူ မေခ်ာ့တတ္ေပ။ သူ ႐ွက္႐ြံ႕သလို ခံစားမိေနစဥ္တြင္ လဲ့ယ္႐ွန္းက်စ္ ႏွင့္ လဲ့ယ္ခြၽင္းေထာင္တို႔ အတူတူဝင္လာခဲ့သည္။
"ကြၽန္ေတာ္တို႔ ဒီမွာ ေရာက္ၿပီ....မရီး"
"အခ်ိန္ကိုက္ပဲ" ခ်င္မ်န္ သက္ျပင္းတစ္ခ်က္ခ်ကာ အထဲကေန ထိုလူႏွစ္ေယာက္ကို ႀကိဳဆိုလိုက္ၿပီး "ညီမေလး.... ဒီမိန္းကေလးေတြကို ေစာင့္ေ႐ွာက္ဖို႔ မင္းကို ေႏွာင့္ယွက္ေပးရေတာ့မွာပဲ"
လဲ့ယ္ခြၽင္းေထာင္က တခစ္ခစ္ရယ္ၿပီး ေတာင္းေလးကို လက္ေမာင္းေပၚ တင္လိုက္သည္။ “မရီး...ညီမေလးနဲ႔ စိတ္ခ်လက္ခ်သာ ထားခဲ့ႏိုင္တယ္။ေနာက္ဆုံးတစ္ေခါက္တုန္းက မရီးတို႔အိမ္က ပန္းေတြကို ျမင္ဖူးထားၿပီး အရမ္းလည္းလွတယ္ေလ။ညီမေလး ဒီပန္းေတြနဲ႔ တစ္စုံတစ္ခုလုပ္ဖို႔ ႀကိဳးစားခဲ့ေသးတယ္။ဒီေန႔ အထည္ပန္းလုပ္နည္း သင္ေပးလိုက္မယ္။သူတို႔ ႀကိဳက္ၾကမွာပါ။ၾကည့္လိုက္ ညီမေလး လိုအပ္တာေတြ အကုန္ယူလာတယ္။"
ျခင္းေတာင္းထဲမွာ အေရာင္မ်ိဳးစုံနဲ႔ အထည္အလိပ္ေလးေတြပါ၏။
လဲ့ယ္ခြၽင္းေထာင္က ေကာင္မေလးေတြကို ဆက္တီဆီ ေခၚသြားလိုက္သည္။ခ်င္မ်န္က အဆာေျပမုန္႔ေတြကို လက္ဖက္ရည္ စားပြဲသို႔ တင္ေပးၿပီးေနာက္ သူ လဲ့ယ္႐ွန္းက်စ္ႏွင့္ စကားေျပာရေလသည္။ "ပၪၥမ ေျမာက္ညီ...... ဒီေန႔ နားတာလား?"
“ဟုတ္ကဲ့။” လဲ့ယ္႐ွန္းက်စ္က သူ႕ႏႈတ္ခမ္းေပၚတြင္ အျပဳံးျဖင့္ ကေလးမ်ားႏွင့္ ျပည့္ေနေသာ အခန္းကို ၾကည့္လိုက္သည္။ “ဆယ္ရက္ေလာက္ၾကာရင္ ခ႐ိုင္အဆင့္ အင္ပါယာစာေမးပြဲေျဖၿပီးရင္လည္း ေနာက္ႏွစ္ရက္ နားခြင့္႐ွိမယ္။”
"ပၪၥမေျမာက္ညီရဲ႕အၾကည့္ကို ၾကည့္ရတာ မင္းအဆင္သင့္ျဖစ္ေနပုံရတယ္။" ခ်င္မ်န္က ျပဳံးျပဳံး႐ႊင္႐ႊင္နဲ႔ "ငါ မင္းကို အေကာင္းဆုံးေျဖဆိုႏိုင္ပါေစလို႔ ဆုေတာင္းပါတယ္"
"ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ထိပ္ဆုံးမွာ႐ွိေနမယ္လို႔ မေျပာရဲေပမယ့္ အစြမ္းကုန္ႀကိဳးစားသြားမွာပါ။” လဲ့ယ္႐ွန္းက်စ္က က်ိဳးႏြံစြာေျပာသည္။
ထိုအခ်ိန္တြင္ ခြင္းဇ်ိဳက္သည္ ခ်င္မ်န္၏အက်ႌလက္စကို ဆြဲလိုက္သည္။ “ဝမ္းကြဲဦးေလးမ်န္....ဝမ္းကြဲဦးေလးကို သြား႐ွာရေအာင္ေလ။”
“ေကာင္းၿပီ။” ခ်င္မ်န္က လဲ့ယ္႐ွန္းက်စ္ကို ေမးလိုက္သည္။ "မင္းေရာ အဲဒီကို လမ္းေလွ်ာက္သြားခ်င္လား?"
လဲ့ယ္႐ွန္းက်စ္က ေခါင္းညိတ္ၿပီး "သြားၾကရေအာင္။"
ခ်င္မ်န္က ခြင္းဇ်ိဳက္၊ ႐ႊမ္းဇ်ိဳက္ႏွင့္ ယြမ္ဇ်ိဳက္တို႔ကို သစ္သီးျခံသို႔ ေခၚေဆာင္သြားေၾကာင္း လဲ့ယ္ခြၽင္းေထာင္အား အသိေပးခဲ့သည္။
လဲ့ယ္ထ်ဲက ခ်င္မ်န္႔ကို ျမင္ေတာ့ သူ႕ဆီ ေလွ်ာက္လာ၏။"ဘယ္လို ေရာက္လာတာလဲ?"
“သူတို႔...” ခ်င္မ်န္ ေနာက္ျပန္လွည့္ၾကည့္ေတာ့ ကေလးသုံးေယာက္မွာ မ႐ွိေတာ့ေပ။လွည့္ပတ္ၾကည့္လိုက္ေတာ့ ကေလးသုံးေယာက္သည္ တူးထားတဲ့တြင္းထဲသို႔ ေလွ်ာဆင္းသြားၿပီး တက္လိုက္ဆင္းလိုက္လုပ္ေနတာကို ေတြ႕လိုက္ရသည္။သူတို႔ အေတာ္ေလး ေပ်ာ္ေနၾကပုံပင္။သူ ပခုံးတြန္႔သာ တြန္႔ျပလိုက္၏။ ကေလးေတြက အေဆာ့ကဲၾကၿပီး ေမ့လြယ္ၾကသည္။
လဲ့ယ္ထ်ဲသည္လည္း စိတ္႐ႈပ္ေထြးစြာျဖင့္ သူ႕အၾကည့္ေနာက္သို႔ လိုက္ၾကည့္လိုက္၏။
ခ်င္မ်န္က သူ႕လက္ေကာက္ဝတ္ကို ဆြဲလိုက္ၿပီး "သူတို႔ သတိျပန္မဝင္လာေသးခင္ ျမန္ျမန္ျပန္ၾကရေအာင္။ခင္ဗ်ား သူတို႔တစ္ေယာက္ခ်င္းစီအတြက္ ေလာက္ေလးခြတစ္ေခ်ာင္းလုပ္ေပး။"
"ေလာက္ေလးခြလုပ္ဖို႔ ဘယ္လိုမ်ား အၾကံရသြားတာလဲ?" လဲ့ယ္ထ်ဲက ေမးသည္။
Advertisement
- In Serial9 Chapters
The Chronicle of Karl: Industrialization of Rohrkadia
Rohrkadia Peninsula centuries ago was the center of human civilization in the southern hemisphere. But after the absence of war for 5 decades, the population rose to a level where the supply of food couldn’t keep up with the entire demand. In the era of Great Famine, millions of people died because of starvation. Meanwhile, Carl Sanders a 75 years old Hardcore capitalist, Engineer and Army Veteran died in his home in Baltimore and woke up in a body of an orphan boy named Karl son of Xander. At first, he was confused but then he remembered one of the quotes he often heard in his previous lifetime: ‘Once an entrepreneur, always an entrepreneur’You can visit my blog for the maps, glossary, and faster chapter release.Blog: https://arquestories.wordpress.com/
8 134 - In Serial8 Chapters
Downfall of Mevobak
The ancient tomb of the third ruler of Mevobak holds a treasure that Hyernan has been seeking for most of his life. Finally he has located the tomb and what he finds will affect not only him, but the entire Republic of Coriana, and beyond. Magic is real and used everywhere, but what if something threatens its very existence.
8 195 - In Serial78 Chapters
Once again king's obsession and love
Other version of king's obsession
8 483 - In Serial72 Chapters
In Harry Potter with OTS System
What would happen to a guy that died out of rage while in a Guild War? What would the choice of some bored dimensional being who catches his soul in the middle of his way to the afterlife? What would happen when the guy's addiction mixes with the Wizarding World of Harry Potter!? What chaos would that bring to the world!?------------------------------------Well, this was an idea I had like a week ago, and wanted to try it out on my journey to learn how to write. So, here it is. It's another fanfic, yes. Because it's easier to write. Also, with this one, I'll probably post only during the weekends, not daily like with the Novel's Extra's Extra. Firstly because I want to finish the other one, and also because I need to research a lot more (I'm not that knowledgeable in Harry Potter.) As usual, any feedback and criticism will be well received, and thanks for reading! Will be posting this in Scribble Hub and Webnovel too.
8 173 - In Serial21 Chapters
The Administrator
Chen Nian is a programmer in a company developing a new game called King of the World. All was going smoothly until he was transported into the game after restarting his computer without saving his save file
8 232 - In Serial27 Chapters
Little Geek *COMPLETED*
I'm used to moving. I always have been, but the little town of Riverbank was beyond anything I could have imagined. A town so far away from most civilization, had the worst person I could have possibly met.
8 232

