《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[68]
Advertisement
[Unicode]
068: ပထမလထဲသို့...
ရေအပူရှိန်မှာ တဖြည်းဖြည်း လျော့ပါးလာသည်။
လဲ့ယ်ထျဲသည် အပြာရောင်ခြေသုတ်ပုဝါတစ်ထည်ကို ချင်မျန်အား ပေးခဲ့ပြီး သူ့ခြေထောက်ကို သုတ်ရန်အတွက် မီးခိုးရောင်ခြေသုတ်ပုဝါကိုယူလိုက်သည်။
ချင်မျန် အပေါ့အပါးသွားပြီးနောက် လက်ကိုဆေးကာ အိပ်ခန်းထဲသို့ပြန်ဝင်လာခဲ့သည်။ပထမလ ပထမနေ့အတွင်း တားမြစ်ချက်အမျိုးမျိုးအကြောင်း အစ်မကျန်းကို ကြိုတင်မေးမြန်းထားခဲ့ပြီးပြီ ဖြစ်သည်။စည်းစိမ်ဥစ္စာနှင့် ကံကြမ္မာတွေ ဖယ်ခွာသွားခြင်းမှ ကင်းဝေးစေရန် ပထမလ ပထမနေ့တွင် အံဆွဲများနှင့် ဗီရိုများဖွင့်ခြင်းကို ရှောင်ကြဉ်သင့်၏။ထို့ကြောင့် သူ ဗီရိုကိုကြိုဖွင့်ပြီး နောက်နေ့အတွက် သူနဲ့လဲ့ယ်ထျဲဝတ်မယ့် အဝတ်အစားတွေ၊ ဖိနပ်နဲ့ ခြေအိတ်အသစ်တွေကို ရွေးထုတ်ထားလိုက်သည်။
လဲယ်ထျဲကတော့ အထဲဝင်မလာမီ တံခါးနှင့် ပြတင်းပေါက်တွေကို သေချာသော့ခတ်လိုက်သည်။
“လာ...စစ်တုရင်ကစားကြမယ်” ချင်မျန် လက်ခုပ်တီးလိုက်၏။နှစ်သစ်ကူးညမှာ နောက်ကျသွားတဲ့အထိ ထိုင်ပဲမထိုင်နေနိုင်ပေ။သူတို့ အချိန်ကုန်ရန် တစ်စုံတစ်ရာကို ရှာရပေတော့မည်။
လဲ့ယ်ထျဲက စစ်တုရင်ခုံကို ထုတ်ပြီး ခင်းလိုက်၏။
"ခင်ဗျား ကျွန်တော်ကို နယ်ရုပ်တွေ အရင်ထားခွင့်ပေးရမယ်" ချင်မျန်၏စစ်တုရင်ကစားခြင်းအဆင့်သည် ပျမ်းမျှသာ။ထို့ကြောင့် သူ တဲ့တိုးဆန်ဆန်သာ ပြောလိုက်သည်။သို့သော်ငြား လဲ့ယ်ထျဲက သဘောတူခေါင်းညိတ်လိုက်ပါ၏။
အစပိုင်းတွင် ချင်မျန်သည် အလွန်အဆင်ပြေချောမွေ့စွာ ကစားနိုင်သေးသည်။အကွက်တိုင်းတွင် နယ်ရုပ်များဖြင့် ပြည့်လာပြီးနောက်မှာတော့ သူ အချိန်ပိုယူ၍ တွေးတောနေခဲ့ရသည်။
သူ့ရဲ့ထိုင်ပုံထိုင်နည်းမှာလည်း တင်ပျဉ်ခွေထိုင်နေရာမှ ဘယ်ဘက်လက်ကို စားပွဲပေါ်ထောက်ထားရင်း ခပ်စောင်းစောင်းအနေအထားသို့ ပြောင်းသွားသည်။သူ့ ခြေထောက်နှစ်ချောင်းလုံးကို ဆန့်ထုတ်လိုက်ပြီး ခြေဖဝါးနှစ်ဖက်ကို ထပ်လျက်သားဖြင့် လှုပ်ယမ်းနေသည်။ခေါင်းငုံ့ကာ တွေးနေရင်း မျက်မှောင်ကြုတ်နေတဲ့ သူ့ပုံစံလေးက အရမ်းကိုချစ်စရာကောင်းနေ၏။
လဲ့ယ်ထျဲ၏မျက်လုံးတွေက သူ့ခြေဖဝါးကို စိုက်ကြည့်နေသည်။သူ လက်ဖြင့် တစ်ဖက်ကိုဆွဲကိုင်လိုက်ပြီး ညင်သာစွာ ဆုပ်နယ်လိုက်သည်။
"........."
ချင်မျန် ခေါင်းမော့ပြီး ထိုလူကို တစ်ချက်ကြည့်လိုက်သည်။သူ့ခြေထောက်ကို ပြန်ဆွဲဖို့ ကြိုးစားပေမယ့် မအောင်မြင်တာကြောင့် အဲဒီလူကို သဘောရှိအတိုင်းသာ လွှတ်ထားလိုက်သည်။
တစ်ဖန် သူ နယ်ရုပ်တစ်ခုကို ရွှေ့ရန် ခဏလောက် စဉ်းစားနေပြန်သည်။
လဲ့ယ်ထျဲက အဖြူရောင်စစ်တုရင်တုံးကို သာမန်ကာလျှံကာ ကောက်ယူလိုက်ပြီး ရွှေ့လိုက်သည်။ထို့နောက် သူ ချင်မျန်၏ခြေဖဝါးကို ပြန်ကြည့်လိုက်ပြန်၏။ဖြူဖွေးတဲ့ခြေဖဝါးတွင် အပြစ်အနာအဆာမရှိသလို တိရိသည့်လက်သည်းများသည်လည်း အလင်းရောင်အောက်တွင် ချောမွေ့စွာတောက်ပနေ၏။
သူ့ခြေချောင်းငါးချောင်းရှိအရိုးများသည်ကား ထင်ထင်ရှားရှားပင်။သေးလွန်းနေသေးသည်မို့ သူလက်ဖြင့်ဆွဲမညစ်ဘဲမနေနိုင်။
ချင်မျန်သည် စစ်တုရင်ခုံကိုကြည့်နေလျက် ဘာမှမဖြစ်သလို ပြုမူနေသော်ငြား မျက်နှာကဖြင့်ပူနွေးလာ၏။
နံစော်နေတဲ့ ခြေဖဝါးကို ဘာလုပ်ဖို့ ဆွဲညှစ်နေတာလဲ?
လဲ့ယ်ထျဲ သူ့လက်ဖဝါးမှ အပူချိန်မြင့်တက်လာတော့ ချင်မန့်ကို ကြည့်လိုက်ရာ သူ စိတ်မသက်မသာ ဖြစ်လာပြီကို သိလိုက်ရသည်။
သူ စားပွဲပေါ်ကနေ ကိုင်းချ၍ ခေါင်းငုံ့ကာ ချင်မျန်၏ပါးကို ဖွဖွလေးနမ်းလိုက်သည်။
လေထုမှာ ကိုးယိုးကားယားနိုင်သွားလေသည်။ချင်မျန်က သူ့ခေါင်းကို ဘေးသို့ တွန်းလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "စစ်တုရင်ကို ကောင်းကောင်းကစားလေ"
လဲ့ယ်ထျဲ သူ့ခြေထောက်ကို နောက်တစ်ကြိမ်ဆွဲညစ်ပြီးမှ ပြန်လွှတ်လိုက်၏။ထိုအခါမှ ချင်မျန် သူ့ခြေထောက်ကို အမြန်ပြန်ဆွဲယူလိုက်ရသည်။
ရှည်လျားလွန်းသော ညပင်။
ချင်မျန် သည်းမခံနိုင်တော့ဘဲ သမ်းဝေသွားမိသည်။
လဲ့ယ်ထျဲသည် စစ်တုရင်တုံးတွေကို စစ်တုရင်ခုံပေါ် ပြန်တင်လိုက်သည်။ "အိပ်ရာဝင်တော့လေ။"
ချင်မျန် ခေါင်းခါလိုက်ပြီး "ခင်ဗျားနဲ့ အတူနေမယ်" ဤသည်မှာ သူတို့၏ပထမဆုံး နှစ်သစ်ကူးပွဲတော်ပင် ဖြစ်သည်။နောင်တအရိပ်အယောင် တစ်စိုးတစ်စမျှ မထားခဲ့ချင်။
".........."
လဲ့ယ်ထျဲ ခြေတံတိုစားပွဲကို ဖယ်လိုက်ပြီး ချင်မျန်ကို ဖက်ကာ နှစ်ယောက်လုံးပေါ်ကို စောင်ဖြင့်လွှမ်းခြုံလိုက်၏။ “အိပ်တော့။အချိန်ရောက်ရင် နှိုးလိုက်မယ်"
“ကောင်းပြီ။” ချင်မျန်သည် သူ့ရဲ့အမာရွတ်ရှိနေ
သည့် ပါးပြင်ကို ပွတ်သပ်ပြီး သူ့လက်ကို စောင်ထဲသို့ ပြန်ဆွဲသွင်းလိုက်သည်။သူလဲ့ယ်ထျဲ၏ရင်ဘတ်ကို မှီကာ မျက်လုံးမှိတ်ထားရင်း မှိန်းခနဲ အိပ်ပျော်သွားလေသည်။
အပြင်ဘက်တွင် မီးရှူးမီးပန်းများ ဖောက်နေချိန်မှာတော့ သူ အိပ်နေမိသည်မှာ အချိန်မည်မျှကြာသွားမှန်း မသိတော့ပေ။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ပိုင်တျန့်လေးသည်လည်း ရုတ်တရက် ခုန်တက်သွားသည်။ပတ်ပတ်လည်ကို သတိတကြီးကြည့်ကာ ခေါင်းယမ်းပြီး ပြန်အိပ်သွား၏။
ချင်မျန်သည် အိပ်ချင်နေသောမျက်လုံးတွေကို အားတင်းဖွင့်ကာ "ကြွက်နာရီကို ရောက်ပြီလား?"
“အင်း”
လဲ့ယ်ထျဲ ထလိုက်ပြီး သူ့အား စောင်ဖြင့်တင်းတင်းကြပ်ကြပ် ပတ်ပေးထားလိုက်သည်။
"ကိုယ် မီးပန်းသွားဖောက်လိုက်မယ်"
ချင်မျန်လည်း အပြင်သွားကြည့်၏။မကြာမီ ခြံဝင်းအတွင်း မီးရှူးမီးပန်းဖောက်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။မီးပန်းမသေမီ အချိန်အတော်ကြာခဲ့သည်ပင်။အဝေးမှသော်လည်းကောင်း အနီးနားမှသော်လည်းကောင်း မီးရှူးမီးပန်းများ တစ်လုံးပြီးတစ်လုံး ဖောက်နေကြသည့်အသံကြောင့် တစ်ရွာလုံး နိုးကြားနေကြပုံရသည်။ဒီထက်အဝေးမှလည်း မီးရှူးမီးပန်းဖောက်သံကို ကြားနေရသည်။ချင်မျန်၏အိပ်ငိုက်ချင်စိတ်မှာ လွင့်ပါးသွား၏။
ပြီးနောက် သူ့ရဲ့ထူထူထဲထဲအဝတ်အစားတွေကို ချွတ်ကာ သမ်းဝေနေရင်း ယခင်အနေအထားသို့ တွားသွားပြီး စောင်ခြုံလိုက်သည်။
ရွာ၏အေးချမ်းမှုကို ပြန်လည်ရရှိရန် အချိန်နာရီဝက်ကျော်မျှ အချိန်ယူလိုက်ရသည်။
လဲ့ယ်ထျဲသည်လည်း မီးရှူးမီးပန်းတွေ ဖောက်ပြီးနောက် အဝတ်အစားတွေကိုပြန်ချွတ်ကာ အပူခံအုတ်ကုတင်ပေါ်တက်ကာ ထိုလူငယ်လေးကို သူ့ရင်ခွင်ထဲသွင်းလိုက်၏။
ချင်မျန်လည်း အမှောင်ထဲတွင် လဲ့ယ်ထျဲ၏မျက်နှာကို လှမ်းဆုပ်ကိုင်လိုက်ရင်း နီးကပ်လာပြီး သူ့နှုတ်ခမ်းကို နမ်းလိုက်၏။ "နှစ်သစ်မှာ ပျော်ရွှင်ပါစေ"
သူတို့ အချင်းချင်းအပြန်အလှန်ပြောပြီးနောက် နှစ်သစ်ကူးအချိန်အခါသမယမှာ သဘာဝကျကျနဲ့ပဲ ပြီးဆုံးသွား၏။
လဲ့ယ်ထျဲသည် ချင်မျန်၏လည်ကုတ်ကို ဆုပ်ကိုင်လိုက်ပြီး “နှစ်သစ်မှာ ပျော်ရွှင်ပါစေ” ဟူ၍ ပြောကာ နက်နက်ရှိုင်းရှိုင်းနမ်းရှိုက်လိုက်သည်။
Advertisement
"ကောင်းသောညပါ"
ချင်မျန်သည် အိပ်နေသည့်အနေအထားကို ချိန်ညှိကာ မျက်လုံးမှိတ်လိုက်သည်။သို့သော်လည်း လဲ့ယ်ထျဲကတော့ အိပ်ပျော်သွားသည်မရှိ။သူ သူ့ဇနီးလေး၏ပါးလွှာသည့် အတွင်းအဝတ်များမှ တစ်ဆင့် ကျောပြင်တစ်လျှောက် ပွတ်သပ်ကာ ကိုယ်သင်းရနံ့ကို ရှူရှိုက်လိုက်သည်။သူ့ဇနီးလေးရဲ့ ကိုယ်သင်းနံ့က အရင်ကထက် ပိုပြင်းထန်လာပြီး သူ့ခန္ဓာကိုယ်ရဲ့ အပူချိန်ကို မီးတောက်လောင်သွားစေ၏။လက်တစ်ဖက်ဖြင့် သူ့ဇနီးလေး၏ခါးကို ပိုမိုနီးကပ်စွာ ဖိကပ်ထားလိုက်ကာ အချင်းချင်း ရင်းနှီးစွာ ကပ်ထားရင်း ကျန်လက်တစ်ဖက်သည်လည်း နူးညံ့အိစက်နေသည့် တင်သားစိုင်များဆီသို့ မရောက်ဘဲ မနေနိုင်ပေ။
သူ့လက်ဖဝါးက ရုတ်တရက် ဆုပ်ကိုင်ခံလိုက်ရပြီး တစ်ချိန်တည်းမှာပင် တင်းတင်းကျပ်ကျပ် ဆွဲဖယ်ခံလိုက်ရသည်။
ချင်မျန်က တပင်တပန်းဖြင့် ပြောလိုက်သည်။ "ကျွန်တော်က အသက် 15 နှစ်ပဲ ရှိသေးတယ်နော်"
လဲ့ယ်ထျဲ၏လက်သည် ချင်မျန်၏ခါးဆီသို့ ပြန်ရောက်သွားခဲ့သည်။သူ ချင်မျန်ရဲ့ နှုတ်ခမ်းတွေကို စုပ်ယူကာ ပြင်းပြင်းထန်ထန် နမ်းလိုက်၏။သူ တဖြည်းဖြည်း ငြိမ်သက်သွားသည့်အထိ ခက်ခက်ခဲခဲအသက်ရှူသွင်းလိုက်ရပြီးနောက် ချင်မျန်၏ကျောကို လက်ဖြင့် ပုတ်ကာ ပြောလိုက်သည်။
“အိပ်တော့"
ချင်မျန်သည် လဲ့ယ်ထျဲ၏ခါးပေါ်သို့ လက်ပြန်တင်ကာ သူ့ခန္ဓာကိုယ်ကို မလှုပ်မယှက်ထိန်းလျက် မကြာမီပင် အိပ်ပျော်သွားခဲ့သည်။
တစ်ညလုံး ကောင်းကောင်းအိပ်ဖြစ်ခဲ့၏။
နံနက်အိပ်ရာထတော့ အဝတ်အစားသစ်ကို ဝတ်ကြ၏။ချင်မျန်သည် ပိုင်တျန့်လေး၏လည်ပင်းတွင်လည်း အနီရောင်အစတစ်စကို ချည်နှောင်ပေးထားသည်။
ဟင်းကျန်တွေကို အိုးထဲ၌ ထည့်နွေးခဲ့ပြီးနောက် သူတို့ အတူတူ ထွက်သွားကြသည်။နှင်းကျတာ ရပ်သွားပေမယ့် စုပုံနေတဲ့ နှင်းတွေကတော့ လုံးဝ အရည်ပျော်ကျမသွားသေးပေ။ခြေတစ်လှမ်း,လှမ်းတိုင်းတွင် "ဂျီဂျီ" နှင့် ပဲ့တင်ထပ်နေပြီး နေရာတိုင်းတွင်လည်း ထပ်နေသော ခြေရာများ ရှိနေသည်။ပို၍ပင် အုံ့မှိုင်းနေပြီး လေထုမှာ အေးစက်နေ၏။
လမ်းတစ်လျှောက်တွင် အခြားရွာသားများထံသို့ အလည်ပတ်သွားကြသည့် ရွာသားများကလည်း သူတို့အား နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများဖြင့် အစပြု နှုတ်ဆက်ကြလေသည်။တည့်သည်ဖြစ်စေ မတည့်သည်ဖြစ်စေ လူတိုင်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်နှုတ်ဆက်နေကြ၏။
မိန်းမပျိုငယ်လေးတစ်ဦးသည်လည်း သူ့မိဘများ၏နောက်တွင် လိုက်လာရာ ချင်မျန်ကို အဝေးက မြင်လိုက်ရတော့ သူမ ရင်တွေ တလှပ်လှပ်နဲ့ ခုန်သွားကာ နီရဲသွားသည်။အမှတ်တမဲ့ဖြင့် လဲ့ယ်ထျဲ၏ ဓားသွားကဲ့သို့ထက်နေသည့် အကြည့်ကို သူမ တွေ့လိုက်ရပြီးနောက်မှာတော့ ခေါင်းကို အမြန်ငုံ့လိုက်ရသည်။
လဲ့ယ်မိသားစု၏အိမ်ဟောင်းတွင် မျိုးဆက်သစ်လူငယ်လေးများသည် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများ ပြောကြားရင်း သက်ကြီးရွယ်အိုများအား ဂါရဝပြုနေကြသည်။ရွှင်မြူးရယ်မောသံတွေက အဆက်မပြတ်။
လဲ့ယ်တာချန်၊ တုရှီ နှင့် ဝေရှီတို့က အပေါ်ဘက်တွင် ထိုင်နေကြသည်။လဲ့ယ်တာချန်ကား “福” စာလုံးဖြင့် ရိုက်နှိပ်ထားသော သံလွင်စိမ်းရောင် ချည်သားအင်္ကျီကို ၀တ်ဆင်ထားသည်။ဒီရက်ပိုင်းအတွင်း ဝေရှီရဲ့ ဂရုစိုက်မှုကြောင့် သူ့မျက်နှာမှာ နီရောင်သန်းနေပြီး သူ့အသားအရည်မှာ ကောင်းမွန်နေ၏။အရင်ကထက် လေးနှစ်ငါးနှစ်လောက် ငယ်သွားသလိုပင်။
တုရှီကတော့ သူမ၏ခေါင်းပေါ်တွင် တိမ်ဆံထုံးကို ထုံးဖွဲ့ထားပြီး ဘယ်ဘက်တွင် ငွေရောင်ဆံညှပ် ထိုးထားကာ ညာဘက်မှာတော့ ရွှေချည် အဆင်တန်ဆာကို ပန်ဆင်ထားသည်။ဝတ်စုံအသစ်ကိုလည်း ၀တ်ထား၏။ခရမ်းရောင်ပန်းပွင့်အလျားလိုက် စကတ်ဖြင့် လိုက်ဖက်လှစွာ အပေါ်ထပ်အနီရောင်ချည်သားအကျီသည် သူမ၏မျက်နှာကို အလွန်ဖော်ရွေသွားစေသည်။
ဝေရှီကတော့ မျက်စိဖမ်းစားစရာအဖြစ်ဆုံးပင်။သူ့ဆံပင်ကို မြွေဆံထုံး,ထုံးဖွဲ့ထားကာ အစိမ်းရင့်ရောင်နှင့် စိမ်းပြာရောင် ပန်းဖွှားများဖြင့် အလှဆင်ထားသည်။
သူမ၏လက်ကို မြှောက်ကာ ခြေထောက်ကို ဆောင်ချလိုက်သည့်အချိန်တွင် အဖိုးတန်ကျောက်တုံးများဖြင့် အလှဆင်ထားသည့် နားကပ်များသည် ညင်သာစွာ ယိမ်းနွဲ့သွားကြသည်။အပြာရောင်ဖျော့ဖျော့ တရုတ်ရိုးရာဝတ်စုံသည် အနီရောင်တောက်တောက်အပေါ်ထပ်နှင့်လိုက်ဖက်လွန်းလှစွာ သူမ၏လှပသေးသိမ်
သည့်ခါးကို ပိုမိုပုံပေါ်စေသည်။သူမ တစ်ကိုယ်လုံးကို ခြုံကြည့်ရလျှင် ချစ်စရာကောင်းနေ၏။ရံဖန်ရံခါ လဲ့ယ်တာချန်သည်လည်း သူမကို လှမ်း,လှမ်းကြည့်နေသည်။
ချင်မျန်နှင့် လဲ့ယ်ထျဲတို့ တံခါးပေါက်မှတစ်ဆင့် အထဲသို့ ဝင်သွားပြီးနောက် လူတိုင်း၏မျက်လုံးများက သူတို့အပေါ်သို့ အမှတ်တမဲ့ စိုက်ကျလာခဲ့သည်။ထိုလူချောနှစ်ယောက်၏ အသွင်အပြင်ကြောင့် တိတ်တဆိတ် အသက်ရှုရပ်သွားကြ၏။
လဲ့ယ်ထျဲက နောက်ကျောတွင် ပြန့်ကျဲနေသော အနက်ရောင်ဆံပင်တွေကို jasper ကြိုးများဖြင့် ချည်ထားသည်။သူ နှစ်သစ်ကူး၏ပျော်ရွှင်မှုကို ဖော်ပြရန်အတွက် မဲနယ်ရောင်ဖဲချည်အင်္ကျီနှင့် အနီရောင်ခါးပတ်ကို ၀တ်ဆင်ထားသည်။အပြင်ဘက်အကျီမှာတော့ ရွှေရောင်တိမ်တိုက်ပုံစံ ပိတ်ဘောင်ဖြင့် အနက်ရောင်အင်္ကျီကို ထပ်ဝတ်ထားသည်။အရပ်မြင့်မြင့်ဖြင့် လိုက်ဖက်သည့်၀တ်ရုံကြောင့်လည်း သူ့ကို ခံ့ညားပြီး ထွားကျိုင်းသည့်အသွင်အပြင်မျိုး ဖြစ်စေသည်။
ချင်မျန်က ငယ်သေးပေမယ့် အရပ်ရှည်၏။ဝါးရွက်ဖြူဖြင့် အနားကွပ်ထားသည့် တိမ်တိုက်ပုံစံဘရိုကိတ်ထည်ကို ၀တ်ဆင်ထားသည်။သူ့ခါးမှာတော့ ပန်းထိုးအိတ်ငယ်ကို အနီရောင်ခါးပတ်တွင် အလှဆင်ထား၏။
အနားစွန်းတွင် ကတ္တီပါအဖြူရောင်မြေခွေးသားမွေးဖြင့် တွဲချုပ်ထားသော အနက်ရောင် ဝတ်ရုံရှည်ကို ၀တ်ထားသည်။သူ့ပုံစံလေးသည် အနှီလောကကြီးနှင့် ကွဲထွက်နေသလို။သားနှင့်ချွေးမအဖြစ် သူတို့ လဲ့ယ်တာချန်၊ တုရှီ နှင့် ဝေရှီတို့ကို ဂါရဝပြုလိုက်ကြသည်။
"အဖေ၊ အမေ၊ မေမေလေးတို့ နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"
လဲ့ယ်တာချန်က စိတ်အခြေအနေကောင်းနေပုံရပြီး "ကောင်းပြီ၊ မြန်မြန်ထကြ။"
တုရှီကတော့ လျစ်လျူရှုသောလေသံဖြင့် "အင်း" ဟုသာ တုံ့ပြန်ခဲ့သည်။
ဝေရှီသည် ချင်မျန်နှင့် လဲ့ယ်ထျဲတို့အတွက် ထိုင်စေကာ လက်ဖက်ရည်၊ ဖရဲစေ့နှင့် မြေပဲကြော်စားရန် ဖိတ်ခေါ်လိုက်သည်။
လဲ့ယ်ညီအကိုမောင်နှမများနှင့် သူ့တို့ဇနီးတို့အပါအဝင် ကလေး သုံးယောက်တို့ကလည်း သူတို့အား နှစ်သစ်မှာ ပျော်ရွှင်ပါစေကြောင်း ဆုတောင်းပေးကြသည်။
ကလေးများကလည်း ဒူးထောက်ထိုင်ချလိုက်ကာ ကန်တော့လိုက်ပြီး ပြုံးပြုံးရွှင်ရွှင်နှင့် အသံတစ်စာစာ အော်ဟစ်လိုက်သည်။ “နှစ်သစ်မှာ ပျော်ရွှင်ပါစေ အကြီးဆုံးဦးလေးနဲ့ အကြီးစားအဒေါ်...”
Advertisement
အပေါ်ယံမှာတော့ ချင်မျန် ပြုံးနေသော်လည်း စိတ်ထဲမှာတော့ တုန်လှုပ်နေသည်။သူ ကလေးသုံးယောက်၏ခေါင်းကိုထိကာ သူတို့တစ်ဦးစီအတွက် စာအိတ်အနီတစ်ခု ပေးလိုက်၏။
ကျိုးရှီသည် သူ့သားနှစ်ယောက်၏အနီရောင်စာအိတ်ကို တိတ်တဆိတ်ဖွင့်ကြည့်လိုက်ပြီး ရေတွက်ကြည့်လိုက်တော့ 16 ဝမ် ရှိသည်ကို တွေ့လိုက်ရသည်။သူမ အပြုံးတစ်ခုဖြင့် ဖယ်ယူထားလိုက်သည်။ဆွေမျိုးများက မျိုးဆက်သစ်လူငယ်များအား ပျမ်းမျှမုန့်ဖိုးပေးငွေမှာ 6 ဝမ်မျှသာဖြစ်သည်။ချင်မျန်နှင့် လဲ့ယ်ထျဲတို့မှာ ဆိုင်ဖွင့်ရန် ပိုက်ဆံရှိကြသည်မို့ ကျိုးရှီ၏အမြင်အရ သူတို့သည် လူချမ်းသာများသာ။ 6 ဝမ်သာ ပေးလျှင် သူမ ဘက်မှ ပြောစရာ ရှိပေလိမ့်မည်။
ချင်းရှီသည် လဲ့ယ်ရှင်းရှင်း၏စာအိတ်အနီရောင်ကို လျှို့ဝှက်စွာ ချိန်ဆကြည့်သည်။သူမ၏နှုတ်ခမ်းများက ပြုံးရယ်သွားကာ ဖယ်ထားလိုက်သည်။
ခဏထိုင်ပြီးနောက် ချင်မျန်နှင့် လဲ့ယ်ထျဲတို့ထကာ လဲ့ယ်တာ့ကောင်း၏နေအိမ်သို့ သွားကြသည်။
လဲ့ယ်တာကောင်းသည် လဲ့ယ်တာချန်အပေါ် သဘောထားအမြင်ဆိုးများ ရှိသော်လည်း လဲ့ယ်တာချန်၏ကလေးများအပေါ် ဘက်လိုက်မှုတော့ မရှိပေ။သူ့ဇနီးက ချင်မျန်နဲ့ လဲ့ယ်ထျဲတို့ကို အရမ်းနွေးထွေးစွာ ဆက်ဆံ၏။
ချင်မျန်က ကလေးတွေကို 16 ဝမ် ပါတဲ့ အနီရောင် စာအိတ်တစ်လုံး ပေးခဲ့သည်။
လဲ့ယ်တာကောင်းအိမ်မှ ထွက်လာပြီးနောက် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားရန် အခြားသက်ကြီးရွယ်အိုများနှင့် သူတို့၏လုပ်ဖော်ကိုင်ဖက်များ၏နေအိမ်များသို့ မရပ်မနား သွားရောက်ခဲ့ကြသည်။သူတို့သွားခဲ့တဲ့ ပထမဆုံးနေရာကတော့ လီကျန်း၏အိမ်သို့ပင်။
ချင်မျန်သည် စကားပြောကောင်းပြီး လီကျန်းနှင့် လေပေးဖြောင့်နေခဲ့ကြသည်။လီကျန်း၏ဇနီးကလည်း သူနှင့် လဲ့ယ်ထျဲတို့၏ရုပ်ရည်ချောမောမှုကို ချီးကျူးခဲ့သည်။
ထို့နောက် ရွာထဲ လမ်းပတ်လျှောက်ပြီး အိမ်ပြန်ခဲ့ကြသည်။ခြံဝန်းတံခါးကို ဖွင့်လိုက်ချိန်မှာပင် စားပွဲပေါ်တွင် မုန့်မျိုးစုံကို တွေ့လိုက်ရပြီး ရွာမှရွယ်တူများနှင့် မျိုးဆက်သစ်လူငယ်လေးများ နှစ်သစ်ကူးအတွက် သူတို့၏အိမ်သို့ အလည်ရောက်လာကာ သူတို့ကို စောင့်မျှော်နေခဲ့ကြသည်။ဒါက ဓလေ့ထုံးတမ်းကျင့်ဝတ်တစ်ခုသာ။လူတွေကို လာချင်သည်ဖြစ်စေ မလာစေချင်သည်ဖြစ်စေ အတင်းအကြပ် ဖိအားပေးလို့ မရပေ။
မကြာမီ အဝတ်အစားအသစ်ဝတ်ထားသော မုန်လာဥဖြူခေါင်းလုံးလုံးလေး အနည်းငယ်သည် ရွှင်ပြုံးပြုံးဖြင့် ဝင်လာခဲ့ကြသည်။သူတို့ထဲက အနည်းစုက အနီရောင်အကျီလေးကို ၀တ်ဆင်ထားကာ အရမ်းပျော်နေသည့်ပုံပင်။ထိုအုပ်စုကို ရှောင်းဟူ နှင့် ကောင်းတျန့်တို့က ဦးဆောင်ခေါ်လာခဲ့ခြင်း ဖြစ်သည်။
"ဦးလေးလဲ့ယ်... ဦးလေးချင် နှစ်သစ်မှာ ပျော်ရွှင်ပါစေ"
လဲ့ယ်ထျဲက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်သည်။ချင်မျန် သူတို့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ အိမ်ထဲကို ခေါ်သွားပြီး 1 ဝမ် ပါရှိတဲ့ အနီရောင် စာအိတ်လေးကိုယ်စီကို ပေးလိုက်သည်။ရွာ၏ဓလေ့ထုံးစံဖြစ်၍ ကုသိုလ်ဖြစ်ရန်သာ ရည်ရွယ်ထားသည်။သူ စားပွဲပေါ်ရှိ အဆာပြေမျိုးစုံကို လက်ညှိုးထိုးပြပြီး ကလေးတွေအား ပြောလိုက်သည်။ "ကြိုက်တာတွေ့ရင် ယူသွားလို့ရတယ်"
ကလေးတွေရဲ့မျက်ဝန်းတွေက တောက်ပလာပြီး သွားရည်တွေ ကျလာ၏။သူတို့ ပျော်ရွှင်စွာ စားပွဲဆီသို့ ပြေးသွားကာ မုန့်များကို လက်တစ်ဆုပ်စာနှိုက်ယူပြီး အိတ်ကပ်ထဲ ထည့်လိုက်ကြသည်။သူတို့အိတ်ကပ်ထဲက အနီရောင်စာအိတ်လေးတွေ မြေပြင်ပေါ်ကျနေတာကိုတောင် သတိမထားမိလိုက်ကြပေ။
ချင်မျန် သူတို့ကို ရယ်မောရင်း အနီရောင်စာအိတ်တွေကို ကောက်ယူပေးပြီး အိတ်ကပ်ထဲ ပြန်ထည့်ပေးလိုက်သည်။
ရှောင်းဟူသည် အယဉ်ကျေးဆုံးကလေး,လေးပင်။သူသည် ကော့်ဇီမုန့်ချိုချိုလေးကို ပြေးမယူမီ ချင်မျန်အား “ကျေးဇူးတင်ပါတယ် ဦးလေးချင်” ဟု အော်ပြောသွားခဲ့သည်။
ကလေးတိုင်း သူတို့ရဲ့ အိတ်တွေထဲကို အပြည့်ထည့်သွားကာ ကျေနပ်စွာ ထွက်ခွာသွားကြ၏။
လူကြီးများနှင့် ကလေးများသည် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို တစ်ယောက်ပြီးတစ်ယောက် လာပြောကြသည်။တစ်နာရီလောက်ကြာတော့ မည်သူမှ အလည်မလာတော့မှ ချင်မျန်နဲ့ လဲ့ယ်ထျဲတို့ မနက်စာစားရတော့သည်။နှစ်သစ်၏ပထမဆုံးနေ့သည် ဤကဲ့သို့ပင် ဖြတ်သန်းသွားရ၏။
ပထမလ၏ဒုတိယနေ့သည် ဇနီးသည်က သူ့မိဘအိမ်သို့ ပြန်ဂရဝပြုရမည့်နေ့ဖြစ်သည်။
မနက်အစောကြီးကတည်းကပင် အနီးနားက အိမ်ထောင်စုတော်တော်များများဆီမှ ပစ္စည်းတွေ ထုပ်ပိုးနေကြပြီး အဝတ်အစားအသစ်တွေ မညစ်ပတ်ဖို့ ကလေးတွေကို ပြောဆိုနေသည့်အသံကို ကြားနေရသည်။လဲ့ယ်ထျဲ ချင်မျန်ကို ကြည့်ကာ စကားစလုဆဲဆဲဖြစ်သော်လည်း ဘာမှမပြောဖြစ်ပေ။
ချင်မျန်သည် အချိန်အတော်ကြာအောင် နားမလည်နိုင်ဖြစ်ခဲ့ရပြီး နောက်မှာတော့ လဲ့ယ်ထျဲအား အတည်ပေါက် ပြောရလေသည်။ "ကျွန်တော့်မိဘတွေကို တကယ်မမှတ်မိတာပါ"
လဲ့ယ်ထျဲသည် ချင်မျန်၏ခါးကိုပွေ့ဖက်ရင်း ခေါင်းငုံ့ကာ နှုတ်ခမ်းကို နမ်းလိုက်ပြီး "ဒီနေ့ အမေဘက်က အဘိုးအဘွားတွေကို နှစ်သစ်ကူးမှာ သွားဂါရဝပြုမယ်။မင်းအိမ်မှာနေခဲ့။နှင်းတွေ အရည်ပျော်သွားတဲ့အခါကျရင် ကိုယ် မင်းကိုခေါ်သွားပေးမယ်။"
ချင်မျန် အံ့အားသင့်သွားပြီး "ခင်ဗျားရဲ့မိခင်ဘက်က အဖိုးက အသက်ရှိနေသေးတာလား?ဒီအကြောင်းကို ခင်ဗျားဆီက ပထမဆုံးကြားရတာပဲ"
လဲ့ယ်ထျဲ ခဏလောက် ငြိမ်သွား၏။ “ကိုယ့်အမေဘက်က အဖိုးအဖွားတွေက အသက်ရှိနေပါသေးတယ်။ကိုယ်မိခင်ဘက်က အဖိုး၊ အဖွား၊ ဒုတိယဦးလေးက ကိုယ့်အပေါ်မှာ အရမ်းကြင်နာတယ်။အိမ်ကနေ ထွက်ပြေးတုန်းက သူတို့ ကိုယ့်ကို တိတ်တဆိတ် ငွေတစ်တုံးပေးတယ်။မိသားစုနဲ့ ခွဲနေတုန်းကလည်း ငွေနှစ်တုံးလာပေးသေးတယ်"
ချင်မျန် ထူးဆန်းသလို ခံစားမိ၏။ "သူတို့ ကျွန်တော်တို့ရဲ့အိမ်သစ်တက်ပွဲတုန်းက မလာပါဘူး..."
လဲ့ယ်ထျဲ ပြောလိုက်သည်။ “ကိုယ့်အမေဘက်က အဖိုးအဖွားတွေက အကြီးဆုံး ဦးလေးနဲ့အတူ နေတယ်။အကြီးဆုံးဦးလေးက ကိုယ် ယောက်ျားတစ်ယောက်နဲ့လက်ထပ်သွားတာကို မကြိုက်သလို ဒုတိယအဒေါ်ကလည်း ကိုယ်က ဒုတိယဦးလေးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်လို့ အမြဲတမ်းထင်နေတယ်။”
ချင်မျန် သဘောပေါက်သည်မို့ မတ်တပ်ထရပ်ပြီး “ကျွန်တော် ခင်ဗျားအဘိုး အဖွားနဲ့ ဒုတိယဦးလေးအတွက် နှစ်သစ်ကူး လက်ဆောင်တွေ ပြင်ဆင်ပေးမယ်။”
ချင်မျန်သည် လဲ့ယ်ထျဲ၏မိခင်ဘက်က အဘိုးအဘွားအတွက် နှစ်သစ်ကူးလက်ဆောင်တွေကို ရက်ရက်ရောရော ပြင်ဆင်ပေးလိုက်သည်။ငါးသားလုံး၊ အသားလုံး၊ ကြာစွယ်လုံး နှင့် တို့ဟူးချဥ်လုံးများကို စက္ကူအိတ်တစ်ခုထဲတွင် ထုပ်ပိုးပေးထားသည်။မုန့်နှစ်ကြော်၊ စန်းဇီမုန့် နှင့် ရွက်ကြော်များသည် သက်ကြီးရွယ်အိုများအတွက် စားရန် ခက်ခဲနိုင်သော်လည်း အခြားဟင်းလျာများနှင့် တွဲချက်ပြုတ်သည့်အခါ အရသာကောင်းမွန်သောကြောင့် တစ်ခုချင်းစီကို ထုပ်ပိုးပေးထားလိုက်သည်။လဲ့ယ်ထျဲ အမဲလိုက်လို့ရလာသော ရစ်ငှက်နှင့် ယုန်တစ်ကောင်စီကိုလည်း သီးခြားစီ ထုပ်ပိုးထား၏။ထို့အပြင် အပျော့စားသရေစာနှစ်မျိုးလည်း ထည့်ပေးလိုက်ကာ အားလုံးသည် ခြင်းတောင်းတစ်ခုထဲ၌ ပြည့်နှက်သွားသည်အထိ ပြည့်လျှံသွားလေသည်။
ဒုတိယဦးလေးအတွက်လည်း နှစ်သစ်ကူးလက်ဆောင်များဖြစ်သည့် ဟော့ပေါ့ဟင်းခတ်တစ်ထုပ်၊ တို့ဟူးချဥ်တစ်ထုပ်ကိုပါ ထပ်ပေါင်း ထုပ်ပေးလိုက်သည်။
တလျှောက်လုံး လဲယ်ထျဲတစ်ယောက် ချင်မျန် လက်ဆောင်အားလုံးကို ဆီစက္ကူနဲ့ပတ်ပေးနေသည်ကို ကြည့်ပြီး သူ့ရင်ဘတ်ထဲ၌ နွေးသွားသလို ခံစားရ၏။
“ဒီနေ့ အဒေါ်နှစ်ယောက် လာမယ်။သူတို့ ရောက်လာရင် ဒီအတိုင်းသာ ဧည့်ခံလိုက်။ကျန်တာတွေကို ဂရုမစိုက်နဲ့”
"စိတ်မပူပါနဲ့ ကျွန်တော် ထိန်းနိုင်ပါတယ်"ချင်မျန် စိုးရိမ်ကြောင့်ကြမှုမရှိ ပြန်ဖြေသည်။
ဤခေတ်တွင် ဆွေမျိုးသားချင်းများကြား ဆက်ဆံရေးကို လုံးဝဖြတ်တောက်ပစ်နိုင်သည့် နက်နက်ရှိုင်းရှိုင်း အမုန်းတရားများ မရှိပါက ကျင့်ဝတ်နှင့် ဂုဏ်သိက္ခာကို အလွန်တန်ဖိုးထားကြသည်။မဟုတ်ပါက ထုတ်ပြောဖို့ရန်ပင် မဖြစ်နိုင်။
ယခုမှစ၍ သူတို့သည် လဲ့ယ်ရှောင်ယွမ်၏မိသားစုနှင့် အဆက်အသွယ်ဖြတ်တောက်ပစ်နိုင်မည်မဟုတ်သော်လည်း ပြင်ပခံစားချက်တွေကို ထိန်းသိမ်းထားရုံဖြင့် လုံလောက်မည်သာ။
လဲ့ယ်ထျဲ နွားလှည်းလေးကို မောင်းကာ ထွက်သွားတော့သည်။ချင်မျန်ကတော့ ဖရဲစေ့ကို အဆာပြေစားရင်း စာအုပ်ဖတ်နေကာ အိမ်တွင် တစ်ယောက်တည်းနေရစ်ခဲ့သည်။သူ ပျင်းသည်ဟု မခံစားမိ။မွန်းတည့်ချိန်၌ နှစ်သစ်ကူးနေ့တုန်းက မကုန်သေးသည့် အစားအစာဖြင့်သာ ကိစ္စရှင်းလိုက်သည်။သူ့ကိုယ်သူတော့ ဆိုးဆိုးရွားရွား မနေဖြစ်။
လဲ့ယ်ထျဲသည်လည်း သူ့ဦးလေး၏အိမ်တွင် နေ့လည်စာစားပြီးနောက် အမြန်ပြန်လာခဲ့သည်။
Note:
1]တိမ်ဆံထုံး
2]မြွေဆံထုံး
3]အလျားလိုက် စကတ်
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
068: ပထမလထဲသို့...
Advertisement
- In Serial7 Chapters
For Glory
Kara Winters is a Veteran who has lost the taste for life. Every day feels less like it did before and her visits to the Veterans Affairs Psych Ward are almost done, but today she has a new doctor who wants her to participate in a new Virtual Reality program made possible by a large donation by a big VR technology company called Titan. Needless to say she accepted. What will Virtual Life hold for her that real life no longer does? Will Kara find purpose once again as she pushes forward for glory? *This is a Female MC who doesn't fall over in love over every male or female she sees so if you were on the fence worried about that it is all good. No kinky shenanigans here either. **This is my first fiction that others get to see. I've made the attempt several times before, but never really got far. Please excuse my grammar-I know I'm bad at it and will work to correct issues you may see. I also will work to keep each chapter 1500+ words as I hate reading shorter chapters. ***Currently in rewrite to fix grammar and fill plot better.
8 79 - In Serial37 Chapters
The Encroaching Rift [Dropped]
This is a story about a young teenager named Colm that had his whole life flipped upside down. On one random day, rifts began appearing across earth. Monsters that were once thought just to be myths began appearing, slaughtering anything in their sights. However all hope was not lost. With the opening of the rifts came a power that would enable humanity to survive. A power that was similar to a game.I took some elements from rpgs and incorporated them into the story.
8 139 - In Serial52 Chapters
Unveiling the Arcane
Sage Fleur finds herself being manipulated to attend a boarding school her senior year of high school leaving her mother practically destitute. At Oak Mountain Preparatory strange things that Sage normally tries to ignore refuse to be unnoticed. When she falls in with the most popular boys at school drama starts but the most unnerving attention comes from the person who wants to make sage theirs forever.This is a reverse harem story with more than one love interest and no need to choose.
8 168 - In Serial158 Chapters
The Homunculus Knight
The town of Glockmire has lived under the iron-fisted rule of Vampires for centuries. Its people long cowed into submission by the ruling Nocturnal Nobles. In this land the Undead rule, and the living know nothing but fear and servitude This bleak status quo now faces challenges from without and within. Arriving to Glockmire is Cole, a wandering hunter of the Undead. Who wields sacred powers while hiding a profane nature. While fuffilling his sacred mission, Cole crosses paths with a local named Natalie. A silver tongued young woman who has lost much to these cursed lands. Together they uncover a terrible secret that might save Glockmire or drown it in blood.
8 290 - In Serial35 Chapters
havoc | bellamy blake (book two)
The delinquents thought their fight was over, but it had only just begun.Jovie realizes in order to save her friends she will have to do things that will push her to her max. But if there's one thing about Jovie, it's that she knows how to wreak havoc.
8 187 - In Serial26 Chapters
Me, Myself & Bad Romance •||• JINKOOK
" For me , all i need is me, myself and Jungkook. "- Kim Seok Jin • This is a Jinkook Story •
8 123

