《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[67]
Advertisement
[Unicode]
《အတွဲ 2 - တစ်ယောက်ကိုတစ်ယောက် ခွဲမခွာနိုင်ချေ။》
067: အခုကနေစပြီး နှစ်သစ်ကူးပွဲတော်ကို အတူတူ ကျင်းပကြတာပေါ့(3)
လဲယ်ထျဲ၏နားရွက်များမှာ အနီရောင်ဖျော့ဖျော့ဖြင့် အရောင်ခြယ်ထားသလိုဖြစ်နေပြီး သူ ဘာမှမမှားဘူးဟုဆိုနေသလိုပင် "တခြားသူတွေရေးထားတာ။
ဒါပေမယ့် စကားလုံးတွေက သာမာန်ရိုးကျဆန်နေတယ် ထင်လို့ ပြန်ရေးလိုက်တယ်”
စိတ်ထဲမှာတော့ ချင်မျန်သည် ချိုမြိန်ပြီး ရယ်ချင်စရာလည်းကောင်းသည်ဟု ခံစားရသည်။လဲ့ယ်ထျဲရဲ့စိတ်နေစိတ်ထားအရဆိုရင်ဖြင့် တဲ့တိုးဆန်တဲ့ စာကြောင်းတွေကိုရေးရန် မဖြစ်နိုင်ဟု သူထင်ခဲ့၏။သူ လဲယ်ထျဲ၏နားဖျားသီးတွေကို စိုက်ကြည့်ရင်း ကျေနပ်သွားသည်။ဓါးမြှောင်လိုမျိုး အေးစက်နေတဲ့ အနှီယောက်ျားသည် ရှက်ရွံ့မှုကြောင့် နီရဲသွားတယ်ပေါ့။
"ဟင်းတွေ တူးတော့မယ်" လဲ့ယ်ထျဲက သူ့ကို မီးဖိုခန်းထဲသို့ တွန်းပို့လိုက်သည်။မီးဖိုချောင်ထဲသို့ မဝင်မီ ချင်မျန် သူ့ကို ကြည့်ကာ ပြုံးလိုက်သည်။
လဲ့ယ်ထျဲက အထူးတလည် ဝယ်ယူထားသည့် မီးပုံးနီ ၁လုံးကို ထုတ်ကာ ဝင်းတံခါးဝ,တံစက်မြိတ်အောက်တွင် ချိတ်ဆွဲထားသည်။ဗဟိုခန်းသို့ပြန်သွားပြီး ဆီမီးခွက်လေးလုံးအတွက် မီးစာဖြတ်ရန် ကတ်ကြေးကိုရှာလိုက်၏။မီးထွန်းလိုက်တော့မှ အခန်းက ပိုတောက်ပလာတော့သည်။
သူ မီးဖိုချောင်ထဲဝင်သွားတော့ ဟင်းချက်ဖို့ကိုသာ အာရုံစိုက်ထားတဲ့ချင်မျန်ရဲ့ နောက်ကျောကို ကြည့်လိုက်သည်။မီးလင်းဖိုကိုယူပြီး ထမင်းစား စားပွဲအောက်တွင် ထားလိုက်ကာ မီးပိုမိုတောက်လာစေရန် မီးသွေးများကို မီးညှပ်များဖြင့် ရွှေ့ထည့်နေသည်။
"ဟင်းပွဲတွေ လာချပေးပါဦး" ချင်မျန်က ထမင်းစားခန်းထဲက လှုပ်ရှားမှုတွေကို နားထောင်ရင်း အော်ခေါ်လိုက်၏။
ပြီးနောက် ပန်းကန်တွေကို စားပွဲပေါ်တင်ကြကာ အလယ်ခန်းတစ်ခုလုံး မွှေးရနံ့များဖြင့် ပြည့်နှက်နေတော့သည်။စားပွဲအလယ်တွင် မီးသွေးမီးဖိုဖြင့် တည်ထားသော ဟော့ပေါ့တစ်အိုးရှိနေသည်။
အသားလုံး၊ ငါးသားလုံး၊ ကြာစွယ်လုံးနှင့် တို့ဟူးချဥ်များကို အသားပါးပါးလှီးထားသောအသားပြားတွေနှင့် ဟင်းသီးဟင်းရွက်များကြားတွင် ပြုတ်ထား၏။ဟော့ပေါ့အိုး ပတ်လည်မှာတော့ "နီဆွေး"နေသည့်ဝက်နံရိုးကင်၊ "ပြီးပြည့်စုံတဲ့သန့်ရှင်းမှု" ဖြစ်တဲ့ ကြက်သွန်ဖြူခပ်ပါးပါးဖြူးထားသည့် တို့ဟူး၊ "မဂ်လာရှိ" တဲ့ သစ်အယ်သီးနှင့်ကြက်သားနှပ်၊ "အသက်ရှည်" ဆိုသည့် ခေါက်ဆွဲကြော်၊ "နှစ်စဉ်ပိုလျှံ" ဟူသည့် ငါးကြင်းပေါင်း၊ "လုံးဝန်း"ဟူသည့် အညိုရောင်ဆော့စ်နှင့် ဝက်သားလုံး၊ ရွှေတစ်ဝက် ကျောက်စိမ်းတစ်ဝက်" ဟူသည့် ပြောင်းဖူး၊ ပဲသီးစိမ်းနှင့် မုန်လာဥနီကြော်၊ လက်ဖက်ရွက်ဖြင့် ကြွပ်ကြွပ်ရွရွ ပုစွန်ဆိတ်လေးဟင်း၊ ခပ်စပ်စပ်ဖြင့်ဆီဝေ့နေသည့်ဟင်းရည်ပူထဲတွင် ပါးပါးလှီးထားသော အမဲသား၊ ဘဲသားအရသာ၊ အရောင်အဆင်းတောက်တောက်နှင့် အနံ့ပြင်းသည့် ပဲငံပြာရည်ဖြင့် နှပ်ထားသည့်ဝက်သား စသည့် ဟင်းလျာဆယ်နှစ်မျိုးရှိနေကာ လူကို သွားရည်ကျစေသည်။
လဲ့ယ်ထျဲ၏မျက်လုံးများက တောက်ပလာတော့၏။သူ့ဇနီးလေးရဲ့ဟင်းချက်ပညာသည် မကုန်မခန်းနိုင်သော ရတနာတစ်ခုလိုပင်။နေ့တိုင်းနီးပါး အံ့သြစရာတွေ ဖြစ်ရသည်။
ချင်မျန်သည် ပိုင်တျန့်လေးအတွက် အသားတွေကို တစ်ပန်းကန်လုံးစာ လှီးဖြတ်ပေးလိုက်သည်။ထို့နောက် ပန်းကန်ခွက်များ၊ ဝိုင်ခွက်များနှင့် ဝိုင်ပုလင်းကို စီစဉ်တကျစီပေးကာ လဲ့ယ်ထျဲကို ကြည့်ရင်း ပြော၏။ "အရင်ဦးဆုံး ရှိခိုးကြမလား?"
လဲ့ယ်ထျဲက ခေါင်းညိတ်လိုက်သည်။သူသည် မီးဖိုချောင်ရှိ ဝက်ခေါင်းပြုတ်ကို ပူဇော်ခံပလ္လင်ပေါ်သို့ ယူဆောင်ကာ မွှေးကြိုင်သော နံ့သာပေါင်း အမွှေးတိုင်များကို မီးညှိလျက် ဒူးထောက်ထိုင်ကာ ချင်မျန်အား ခေါ်လိုက်၏။ “ချင်းဇီ....ဒီကိုလာ”
ချင်မျန်သည် တခဏမျှ တုံ့ဆိုင်းသွားသော်လည်း သူနှင့် ဘေးချင်းကပ်လျက် ဒူးထောက်လိုက်၏။သူ ပြန်လည်မွေးဖွားလာနိုင်သောကြောင့် ဤကမ္ဘာပေါ်တွင် ဘုရားသခင်မရှိဟု မည်သူများပြောနိုင်မလဲ?ရိုးရိုးလေးသာ ဒူးထောက်ပြီး စိတ်ငြိမ်သက်မှုကို ရှာလိုက်၏။
လဲ့ယ်ထျဲက သူ့ခေါင်းကို ညင်သာစွာ ပွတ်ကာ အဝါရောင်စက္ကူ တစ်ထပ်ကိုမီးညှိပြီး အမွှေးတိုင်သုံးချောင်းကိုယူကာ သုံးကြိမ် ကန်တော့လိုက်သည်။သူ့စိတ်ထဲကနေ နတ်ဘုရားများနှင့် သေဆုံးသွားပြီးသော ဘိုးဘွားများကို တိတ်တဆိတ်အရိုအသေပေးပြီးနောက် ဝက်ခေါင်းပေါ် အမွှေးတိုင်တွေကို စိုက်ထူထားလိုက်သည်။ဒါက ရိုးရှင်းပေမယ့် သတိတရလုပ်ပေးရမယ့်ပူဇော်ပွဲတစ်ခုပါပဲ။
တယောက်ကို တယောက်ကြည့်ကာ မတ်တပ်ရပ်ပြီး စားပွဲပေါ်၌ ဘေးချင်းကပ် ထိုင်လိုက်ကြသည်။
“ထမင်းစားရအောင်” ချင်မျန်က သူ့တူတွေကို ကောက်ကိုင်လိုက်ပြီး စားပွဲပေါ်က အရသာရှိတဲ့ အစားအစာတွေကို လောဘကြီးစွာ ကြည့်လိုက်၏။ "မစားရင် အေးကုန်လိမ့်မယ်"
လဲ့ယ်ထျဲက ဝိုင်ပုလင်းကိုယူပြီး ဝိုင်နှစ်ခွက်ဖြည့်လိုက်၏။သူ ချင်မျန်အား တစ်ခွက်ပေး၍ ခွက်ကိုမြှောက်ကာ စူးစူးစိုက်စိုက်ကြည့်လိုက်သည်။သူ့အသံက တည်ငြိမ်နက်ရှိုင်းနေပြီး "ချင်းဇီ....အခုကနေစပြီး နှစ်သစ်ပွဲတော်တိုင်းကို အတူတူ ကျင်းပကြမလား?"
ချင်မျန်သည် နှလုံးခုန်သံကြောင့် ဟင်းတွေကို ယူနေသည့်လက်မှာ တန့်သွားခဲ့သည်။သူ လဲ့ယ်ထျဲကို အချိန်အတော်ကြာ ကြည့်နေမိပြီး စိတ်လှုပ်ရှားရိုက်ခတ်နေသည်မှာ မျက်ဝန်းထဲ၌ပင် အရိပ်ထင်လျက် တလက်လက်တောက်နေ၏။
ဒီလူကို သူ့နှလုံးသားထဲ ဆွဲသွင်းခဲ့မိတာကို သူ မငြင်းနိုင်ပေ။နေ့ရောညပါ ပေါင်းသင်းဆက်ဆံရတဲ့ ဒီလတိုလေးအတွင်းမှာတောင် သူ့ကို အားကိုးခဲ့မိသည်။သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုက ပုံမှန်လို့ထင်ခဲ့တဲ့ သူ့အတွက်ကတော့ ဒါကို မမျှော်လင့်ထားပေမယ့် ကျိုးကြောင်းဆီလျော်တယ်လို့တော့ သူထင်မိ၏။
လဲ့ယ်ထျဲသည် အတော်လေးကို နှုတ်ဆိတ်နေတတ်ပြီး တစ်ခါတစ်ရံ လူတွေကို စိုးရိမ်ထိတ်လန့်စေသည့်အထိ ဆက်ဆံတတ်သည်။ဒါပေမယ့် လူတစ်ယောက်ကို သူ့နှလုံးသားထဲ၌ ထည့်ထားလိုက်ချိန်မှာတော့ သူက လူတစ်ယောက်ကို ခုခံဖို့ခက်ခဲသွားအောင်[ငြင်းဆန်] အကောင်းမွန်ဆုံး ဆက်ဆံတတ်၏။
ဤကဲ့သို့ ကောင်းမွန်သော ဆက်ဆံရေးမျိုးသည် တစ်ဖက်သားကို စိတ်ကျေနပ်စေရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ သဘာဝအတိုင်း စိတ်နှလုံးသားထဲမှ ဖြစ်သည်။လူတွေကို စွဲလန်းစေ၏။လဲ့ယ်ထျဲက သူ့ကို တုရှီရှေ့မှာ အကာအကွယ်ပေးတတ်ပြီး ကြက်ပေါင်နဲ့ ပြောင်းဖူးကင်တွေကို ကျွေးတတ်တဲ့အပြင် အိမ်ဟောင်းကနေ ခေါ်ထုတ်သွားပြီး ညဖက်မှာ ပွေ့ဖက်ပေးပြီး သိုင်းပညာနဲ့ လေးပစ်ပညာတွေကို သင်ပေးတဲ့အတွက် လဲ့ယ့်ထျဲအပေါ်မှာ သူ့ရဲ့စိတ်လှုပ်ရှားမှုအလုံးစုံမှာ တနေ့ထက်တနေ့ တိုးလာ၏။
Advertisement
လဲ့ယ်ထျဲနဲ့အတူရှိနေရတာ ကောင်းတယ်လို့ သူခံစားမိသည်အကြိမ် တစ်ကြိမ်ထက်မက ပေါ်လာဖူးသည်။သို့သော် ယောက်ျားသားနှစ်ယောက်က အမှန်တကယ်ပဲ အချိန်ကြာမြင့်စွာ အတူတူရှိနေနိုင်ပါ့မလား?
ဒီလောကထဲမှာ သူ အမှန်တကယ်ရှိနေသည်ကို ခံစားသိနိုင်ဖို့ ဒီလောကထဲမှာရှိနေတဲ့ တစ်စုံတစ်ဦးနှင့် ရင်းနှီးတဲ့ဆက်ဆံရေးကို ထူထောင်လိုစိတ်ပြင်းပြခဲ့သည်။လဲ့ယ်ထျဲက အနှီ 'တစ်စုံတစ်ယောက်' ဖြစ်နိုင်မလား?
ပိုင်တျန့်လေးထံမှ အရိုးတွေကို ကျယ်လောင်စွာ ဝါးသည့်အသံ၊ ဟော့ပေါ့မှ ဟင်းရည်များ တပွက်ပွက်ဆူနေသည့်အသံ၊ မီးဖိုမှ အငွေ့တွေက မှင်တက်စွာ ယိမ်းနွဲ့နေပြီး မီးသွေးဖိုမှ အပူသည် အလွန်ပူနေသော်လည်း လဲယ်ထျဲ၏နှလုံးသားကဖြင့် ရေခဲများကြားနှစ်မြုပ်သွားသကဲ့သို့ တဖြည်းဖြည်း နစ်မြုပ်သွားခဲ့သည်။သူ ဓားဖြင့်ထိုးစိုက်ခံရသလို ခံစားရ၏။ဝိုင်ခွက်ကိုင်ထားသော လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။သူ့နှုတ်ခမ်းများမှာ တင်းကြပ်လာကာ မျက်လုံးများ မှေးမှိန်သွားပြီး အနက်ရောင်မျက်ဆံများသည် လည်း ရုတ်တရတ် မှိန်ကျသွားသည်။
ချင်မျန်သည် သူ့အမူအရာကို အပြည့်အဝမြင်လိုက်ရပြီး နှလုံးသားမှာ ရုတ်တရက်ခုန်ပေါက်ထွက်လာသလို ရင်ဘတ်ကို စူးစူးရဲရဲ နာကျင်သွားစေသည်။သူ့ဝိုင်ခွက်ကို အလျင်စလိုဆွဲယူလိုက်ရာ ဝိုင်တစ်ဝက်လောက် ဖြန်းခနဲကျသွား၏။သူ တစ်ခါတည်းမော့ချလိုက်ပြီးနောက် သာယာကြည်လင်သော အသံတစ်ခုထွက်လာခဲ့သည်။
လဲ့ယ်ထျဲ သူ့မျက်လုံးတွေကို မော့ကြည့်လိုက်တော့ ကြည်လင်တောက်ပနေသည့် အပြုံးဖွဲ့ဖွဲ့မျက်ဝန်းတစ်စုံကို တွေ့လိုက်ရ၏။
"ဒါကတော့ အနာဂါတ်မှာ ခင်ဗျားရဲ့စွမ်းဆောင်ရည်ပေါ် မူတည်တာပေါ့"
လဲ့ယ်ထျဲကို ပတ်ရံထားသည့် အထီးကျန်ဆန်သည့်လေထုမှာ ချက်ချင်းပင် ပျောက်ကွယ်သွားကာ သူ့မျက်လုံးထဲတွင် ကြည်နူးစရာကောင်းသော အံ့အားသင့်မှုက ပြင်းထန်လွန်းသဖြင့် ပြည့်လျှံသွားပုံပင်ရသည်။နှုတ်ခမ်းထောင့်တွင် အပြုံးအနည်းငယ်ဖြင့် ဝိုင်ခွက်ကိုယူကာ တစ်ကျိုက်တည်း သောက်ချလိုက်သည်။
ချင်မျန်သည် သူ လဲ့ယ်ထျဲ၏စိတ်နေစိတ်ထားအပေါ် ကြီးကြီးမားမား လွှမ်းမိုးနိုင်မည်ဟု မမျှော်လင့်ထားပေ။သူ တိတ်တိတ်လေး သက်ပြင်းချလိုက်ပေမယ့် တစ်ချိန်တည်းမှာပဲ သူ့ရင်ဘတ်ထဲမှာ ချိုမြိန်မှုတွေ လျှံတက်လာပြီး သူ့မျက်နှာပေါ်၌ မသိစိတ်အလျောက် တောက်ပတဲ့ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏။
"အခုမစားရင် အေးကုန်လိမ့်မယ်နော်"
ဝိုင်သောက်ပြီးနောက် ချင်မျန်သည် နံရိုးပိုင်းတစ်ဖဲ့ကို ဖဲ့ယူကာ လဲ့ယ်ထျဲ၏ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်သည်။ကြိမ်ဖန်များစွာ လုပ်ပေးဖူးသကဲ့သို့ အလွန်သဘာဝကျလှ၏။
လဲ့ယ်ထျဲသည်လည်း သူ့ထည့်ပေးလိုက်သည့် နံရိုးကို မစားမီ သစ်အယ်သီးဖြင့် ပေါင်းနှပ်ထားသော ကြက်သားဟင်းထဲမှ ကြက်ပေါင်တုံးကို တူဖြင့် ညှပ်ယူပြီး ချင်မျန်၏ပန်းကန်လုံးထဲသို့ တစ်ဖန်ထည့်ပေးလိုက်သည်။သူ့ရင်ဘတ်ထဲတွင် တလှိမ့်လှိမ့်ဝင်လာနေသည့်အပူရှိန်ကား အချိန်အကြာကြီးထိတိုင် ပြန့်ကျဲသွားမည်မဟုတ်တော့ပေ။သူ့ဇနီးလေးက ဟင်းချက်ကောင်း၏။ဝက်နံရိုးများသည် ကြွပ်ရွပြီး နူးညံ့သောကြောင့် အသားများကို တစ်ချက် ကိုက်ရုံမျှဖြင့် အရိုးနှင့် အလွယ်တကူ ခွဲထုတ်နိုင်လေသည်။
“ဒီဟင်းပွဲတွေအားလုံးမှာ မဂ်လာနဲ့ချီပြီး အဓိပ္ပါယ်ရှိတဲ့အတွက် ဟင်းပွဲတိုင်း စားကြည့်သင့်တယ်။” ချင်မျန်သည် သူ့အား ဟင်းအမယ်များစွာကို စဉ်ဆက်မပြတ်ထည့်ပေးနေသည်- ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်နှင့်ရောထားတဲ့ တို့ဟူး၊ သစ်အယ်သီးဖြင့် နှပ်ထားသော ကြက်သားနှင့် အညိုရောင် ဆော့စ်ဖြင့် ဝက်သားလုံးများကို ထည့်ပေးနေသည်။
လဲ့ယ်ထျဲသည်လည်း ထိုအတူအတုယူကာ ဟင်းများကို တူဖြင့် ညှပ်ယူရင်း သူ့ထံ ပြန်လည်ထည့်ပေးနေပြန်၏။“မင်းလည်းစား”
ချင်မျန်သည် နေ့လယ်တုန်းက တမင်တကာပင် ခုနစ်ချိုး(7/10)လောက်သာ စားခဲ့သည်။ထို့ကြောင့် ယခုအချိန်တွင် သူ အလွန်စားချင်စိတ်တွေ ပေါ်နေပြီ။သူ့ခါးပတ်ကို ဖြည်လိုက်ပြီး စားချင်စိတ်ကြောင့် ခပ်ပြင်းပြင်း ရှုလိုက်သည်။သူ့အပေါ်ကို စူးစူးရဲရဲ စိုက်ကြည့်နေတဲ့ အကြည့်ကို သတိထားမိတော့ သူ မေးကို ပင့်တင့်လိုက်ပြီး “ခင်ဗျား ကျွန်တော့်ကို ဘာကြည့်နေတာလဲ?ကိုယ့်ဘာသာ စားလေ"
လဲ့ယ်ထျဲသည် သူ့ခွက်ကိုချ၍ ချင်မျန်၏ခါးကိုဆွဲကိုင်လိုက်ရင်း ညာလက်ကလည်း ချင်မျန်၏ဘယ်ဘက်ပါးကို အုပ်မိုးလိုက်သည်။သူ ခေါင်းငုံ့လာပြီး ပူပူနွေးနွေးနှုတ်ခမ်းသားများက ချင်မျန်၏နှုတ်ခမ်းကို ဖိကပ်လိုက်၏။ထို့နောက် သူ့ရဲ့တောက်ပပြီးနက်ရှိုင်းလွန်းသည့် မျက်ဆံများကဖြင့် ပြန်ပွင့်လာပြီး သူ့ဝိညာဉ်ကို ဖမ်းယူနိုင်သကဲ့သို့ ချင်မျန်ကို တည့်တည့်ကြည့်နေသည်။
ချင်မျန်၏နှလုံးခုန်သံသည် အနည်းငယ် ကပေါက်တိကပေါက်ချာဖြစ်သွားသည်။မည်သို့ပင်ဆိုစေကာမူ သူသည်လည်း ဟန်ဆောင်တတ်သူမဟုတ်ပေ။သူ လန့်သွားရုံသာ။
ထို့နောက် သူ လဲယ်ထျဲ၏နှုတ်ခမ်းများကို စူးစူးဝါးဝါး ပြန်လည်စိုက်ကြည့်ကာ နည်းနည်းလေးမှ အစီအစဉ်တကျမရှိဘဲ နမ်း(လျက်)လိုက်သည်။သူ့နှလုံးသားအောက်ခြေထိတိုင်အောင် တုန်လှုပ်ချောက်ချားမှုနဲ့ မျော်လင့်ချက်တွေကိုတောင် ခံစားလိုက်ရသလို။
လဲ့ယ်ထျဲ၏အနက်ရောင်မျက်ဆံများမှာ နက်မှောင်သွားသည်။သူ နှုတ်ခမ်းကိုဖွင့်ကာ ချင်မျန်၏နှုတ်ခမ်းတွေကို စုပ်ယူလိုက်ပြီး အနမ်းကို နက်နက်နဲနဲအသက်သွင်းလိုက်သည်။အနမ်းက မြန်သည်မဟုတ် နှေးသည်မဟုတ်သော်လည်း ချင်မျန်၏လျှာကို မျိုချရန်ကြိုးစားနေသကဲ့သို့ သူ့လျှာထိပ်ရှိအပူချိန်က ပိုမြင့်လာကာ လှုပ်လှုပ်ရှားရှားဖြင့် အားကောင်းလာသည်။
ချင်မျန်သည်လည်း ခေါင်းမော့လိုက်ပြီး ကိုးရိုးကားရားဖြင့် ပူးပေါင်းဆောင်ရွက်ပေး၏။လဲ့ယ်ထျဲမှာ အတွေ့အကြုံမရှိဟု ခံစားမိလိုက်ပြီး တိတ်တဆိတ် ပျော်ရွှင်နေမိသည်။
နှစ်ယောက်လုံး လျှာများဖြင့်လှည့်ပတ်မွှေယှက်ရင်း နမ်းရှိုက်နေစဥ်အတွင်းတွင် အသက်ရှုသံမှာ တဖြည်းဖြည်း ပိုမိုပြင်းထန်လာသည်။မခွဲခွာခင်အချိန်လေးအတွင်း အနမ်းမှာ အလွန်ပြင်းထန်ခဲ့သည်ပင်။
လဲ့ယ်ထျဲမှာ ကျေနပ်လို့သွားကာ သူ ပြန်မခွာမီ ချင်မျန်၏နှုတ်ခမ်းထောင့်ကို ကိုက်လိုက်၏။
"စားတော့" ဟု၍ အသံအက်ရှရှဖြင့် ပြောလိုက်သည်မှလွဲ သူ ချင်မျန်ကို မကြည့်ဝံ့တော့ပေ။
ချင်မျန်သည် လဲ့ယ်ထျဲနှုတ်ခမ်းထောင့်ရှိ ဆီစွန်းသွားသော အစွန်းအထင်းတွေကို တွေ့လိုက်မိသော်ငြား သူ့ကို သတိမပေးဖြစ်။သူ တိတ်တခိုး ရယ်မောလိုက်ပြီး သူ့ကိုယ်ပိုင်ပန်းကန်ထဲသို့ အသားလုံးများနှင့် တို့ဟူးချဥ်များကို ထည့်လိုက်သည်။
ဝိုင်ခွက်ကိုကြည့်လိုက်တော့ ဝိုင်မှာတစ်ဝက်ပဲ ကျန်တော့၏။သူ ဝိုင်ပုလင်းကို ယူပြီး လဲ့ယ်ထျဲအတွက် ငှဲ့ပေးလိုက်သည်။ “ဒီမှာ....ခင်ဗျားကို ကျွန်တော် တစ်ခွက်ငှဲ့ပေးမယ်။ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဒီနှစ်မှာ အားလုံးအဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။”
လဲ့ယ်ထျဲက သူ့ကို လေးလေးနက်နက်စိုက်ကြည့်ကာ အကုန်လုံးကို သောက်ချလိုက်သည်။ချင်မျန်သည်လည်း တစ်ကျိုက်တည်း သောက်လိုက်၏။
Advertisement
လဲ့ယ်ထျဲသည် ဝိုင်နှစ်ခွက်ကို ထပ်ဖြည့်ပြီး မြှောက်လိုက်ရင်း “မင်းနဲ့ ကိုယ်အတွက်။ဒီအချိန်ကစပြီး ကိုယ် မင်းအမြဲပြုံးနေနိုင်ဖို့ လုပ်ပေးမယ်။"
ချင်မျန် သူ့လည်ပင်းကို လှမ်းချိတ်ပြီး သူ့မျက်နှာပေါ် တစ်ချက် ခပ်ပြင်းပြင်းနမ်းရှိုက်လိုက်သည်။
ထို့နောက် ငါးဗိုက်သားတစ်ပိုင်းကို ယူလိုက်ကာ အသားထဲက အရိုးတွေကို ကျွမ်းကျင်စွာ ဖယ်ရှားပြီးနောက် မြိန်ရေရှက်ရေစားလိုက်၏။ပူပူနွေးနွေး စားရင် ဒီဟင်းတွေအားလုံးက အရသာရှိသည်သာ။
လဲ့ယ်ထျဲ အနည်းငယ် အံ့အားသင့်သွားသည်။သူက ခေါင်းယမ်းပြီး အချိန်အတော်ကြာသည့်ထိ စကားမပြောဖြစ်ပေ။သူလည်း စားသောက်ရေးကို အရှိန်မြှင့်ပြီး ချင်မျန်အတွက် ဟင်းတွေကို ရံဖန်ရံခါ ထည့်ပေးနေ၏။
သူတို့ နှစ်ယောက်လုံး အများကြီးစားနေကြပြီး တူမချလိုက်ခင်ထိ တစ်နာရီနီးပါးကြာသွားလေသည်။ဒါတောင် ဟင်းတွေ အများကြီးကျန်သေး၏။အေးတဲ့ရာသီဥတုမှာ အစားအသောက်တွေက လွယ်လွယ်နဲ့ မသိုးနိုင်တဲ့အတွက် နောက်နေ့စားလို့ရသည်။
“ဗိုက်တော်တော်အင့်သွားပြီ” ချင်မျန်မှာ မလှုပ်ချင်တော့ဘဲ ကုလားထိုင်ပေါ်တွင်သာ ပက်လက်လန်နေသည်။ဗီရိုပေါ်ရှိသဲနာရီကို တစ်ချက်ကြည့်လိုက်တော့ ကြွက်နာရီ ၆ မတိုင်ခင် နှစ်နာရီခန့်ပင် ရှိနေပြီ။[11~1pm]
လဲ့ယ်ထျဲသည် အိပ်ခန်းထဲသို့ဝင်ကာ ခြုံထည်ကို ယူလာပြီးနောက် ချင်မျန်ပေါ်သို့ လွှားခြုံပေးလိုက်သည်။ထို့နောက် သူ ချင်မျန်ကို ဆွဲထူပြီး အပြင်ကို ခေါ်သွား၏။
"ဘယ်ကိုလဲ?" ချင်မျန်ကဖြင့် နားမလည်။
လဲယ်ထျဲက တိတ်ဆိတ်နေပြီး အလျင်စလိုမသွားဘဲ နှင်းပြင်ကြီးပေါ်၌ အပြန်ပြန်အလှန်လှန် ကူလျှောက်ပေးနေသည်။ချင်မျန်ကတော့ စိုးရိမ်စိတ် တစ်စိုးတစ်စမျှမရှိ။ပတ်ဝန်းကျင်နားတွင်သာ လမ်းလျှောက်နေတာပဲလေ ဟင်း....
ပိုင်တျန့်လေးကလည်း သူတို့နှင့်အတူ အပြင်သို့ထွက်လာကာ သူတို့အား နားမလည်နိုင်စွာ ကြည့်နေလေသည်။သူတို့ ပြည့်အင့်သွားသည်အထိ စားသောက်လိုက်တာကို စိတ်ကုန်မိသလိုမျိုး နံရံမှာရှိနေတဲ့ သူ့ရဲ့သီးသန့်အပေါက်ကနေ တစ်ဆင့်အိမ်ပြန်သွားလေသည်။
ချင်မျန်ကဖြင့် နံရံရှိ အပေါက်ကို စိုက်ကြည့်ရင်း ဆွံအမိသွားသည်။
သူတို့ မထီမဲ့မြင်ပြုခံလိုက်ရတာလား? ဝံပုလွေတစ်ကောင်ကလေ?
အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် လဲ့ယ်ထျဲသည် ချင်မျန်၏အေးစက်နေပြီဖြစ်သည့် မျက်နှာကို လှမ်းကိုင်ကာ အိမ်သို့ ပြန်ခေါ်သွားခဲ့သည်။
ချင်မျန်သည် မီးလင်းဖိုကို ဆက်တီအစွန်းဘက်သို့ ဆွဲယူကာ ဆက်တီပေါ်တွင် လှဲချလိုက်သည်။
လဲယ်ထျဲက စားကြွင်းစားကျန်တွေကို မီးဖိုချောင်ထဲ ယူသွားပြီး စားပွဲကိုသုတ်လိုက်သည်။ပန်းကန်တွေဆေးပြီးမှ မီးဖိုချောင်ထဲက ထွက်လာပြီး ပြော၏။ “ကိုယ်လက် သွားဆေးတော့လေ”
ချင်မျန်သည်လည်း သွားတိုက်ပြီးနောက် အိမ်ထဲသို့ ပြန်၀င်လာသည်။လဲ့ယ်ထျဲကတော့ မျက်နှာသစ်ဖို့ ရေယူပြီးနှင့်ကာ ခြေထောက်ဆေးရန် အင်တုံကိုတောင် ဘေးတွင်ချထားနှင့်ပြီဖြစ်သည်။အိပ်ခန်းထဲမှ အသစ်စက်စက် ချည်ဖိနပ်နှစ်ရံကိုလည်း ယူလာခဲ့သည်။
နှစ်ယောက်သား မျက်နှာကို ဆေးကြောပြီးနောက် အင်တုံထဲသို့ ရေနွေးလောင်းထည့်လိုက်ကြသည်။
ချင်မျန် သူ့ဖိနပ်နှင့်ခြေအိတ်တွေကို ချွတ်လိုက်သည်။ ခြေဖဝါးတွေကို အင်တုံထဲသို့ထည့်လိုက်ကာ အအေးဓာတ်ကို ဖယ်ရှားပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်သွားစေသည်။
လဲ့ယ်ထျဲက ကုလားထိုင်တစ်လုံးကို ရွှေ့လာလိုက်ပြီး ချင်မျန်ရဲ့မျက်နှာချင်းဆိုင်မှာ ချလိုက်၏။သူလည်းပဲ ဖိနပ်နှင့် ခြေအိတ်တွေကိုချွတ်ကာ အင်တုံထဲသို့ ထည့်လိုက်သည်။
ချင်မျန်၏နားရွက်များ ပူလာရ၏။သူ့မျက်နှာမှာ ဘာ အရိပ်အယောင်မျှ မပေါ်လာဖို့ရာ ကြိုးစားနေလိုက်သည်။
နမ်းလည်းနမ်းပြီးပြီ...အတူတူလေးရေစိမ်တာ ဘာဖြစ်မှာမို့လို့လဲ!
လဲ့ယ်ထျဲ၏မျက်လုံးများသည် အပြုံးတစ်ခုဖြင့် တောက်ပလာပြီး သူ့ရဲ့ကြီးမားသည့်ခြေနှစ်ဖက်ကို ချင်မျန်၏ခြေထောက်ပေါ်သို့ လှမ်းတက်လိုက်သည်။
ချင်မျန် သူ့အား စိုက်ကြည့်ကာ ခြေထောက်ကိုခွာလိုက်ပြီး ရေများ လျှံကျသွားလေသည်။
လဲ့ယ်ထျဲ၏ခြေနှစ်ဖက်က သူ့နောက်သို့မလိုက်သော်လည်း သူ့မျက်လုံးတွေကဖြင့် ချင်မျန်၏မျက်နှာမှ ခွာမသွားပေ။ချင်မျန်လည်း လဲ့ယ်ထျဲကို ကြည့်နေသည်။
ဒီလူက တကယ်ကို ကြည့်ကောင်းတာပဲ။သူရဲ့ချောမောခန့်ညားတဲ့ မျက်နှာမှာ ကန့်လန့်ဖြတ်ဓါးဒဏ်ရာက ထင်းထင်းကြီးဖြစ်နေ၏။သူ့နဖူးက ကျယ်တယ်ဆိုရုံသာ၊ မျက်ခုံးတွေက ခပ်ထူထူ၊ သူ့မျက်လုံးအိမ်က နည်းနည်းနက်တဲ့အတွက် သူ့အနက်ရောင်မျက်ဆံတွေကို ပိုပြီးနက်ဆွေးတောက်ပနေသလိုပဲ။သူ့ရဲ့ ဖြောင့်တန်းနေတဲ့နှာတံမြင့်မြင့်အောက်က နှုတ်ခမ်းတွေကလည်း လှတယ်။ နှုတ်ခမ်းပါးပါးတစ်စုံကြောင့် သူ့မျက်နှာပေါ်မှာရှိနေတဲ့ တင်းမာမှုကို ပိုအားကောင်းသွားစေတယ်။လဲ့ယ်ထျဲရဲ့မျက်နှာပေါ်မှာ အမာရွတ်ရှိနေလို့ ချင်မျန်ဝမ်းသာမိသွားသည်။
မဟုတ်ရင် ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတွေ ဘယ်လောက်တောင်များ ချစ်ခင်စုံမက်သွားကြမလဲဆိုတာ သူ သိလိုက်နိုင်မှာတောင် မဟုတ်ဘူး။
ထိုသို့တွေးမိတော့ သူ မရယ်ဘဲ မနေနိုင်။
"ဘာကိုရယ်နေတာလဲ?" လဲ့ယ်ထျဲက မေးသည်။
“ဘာမှမဟုတ်ဘူး။” ဟုတ်တာပေါ့!ချင်မျန် ဘယ်ပြောပါ့မလဲ။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
《အတြဲ 2 - တစ္ေယာက္ကိုတစ္ေယာက္ ခြဲမခြာႏိုင္ေခ်။》
067: အခုကေနစၿပီး ႏွစ္သစ္ကူးပြဲေတာ္ကို အတူတူ က်င္းပၾကတာေပါ့(3)
လဲယ္ထ်ဲ၏နား႐ြက္မ်ားမွာ အနီေရာင္ေဖ်ာ့ေဖ်ာ့ျဖင့္ အေရာင္ျခယ္ထားသလိုျဖစ္ေနၿပီး သူ ဘာမွမမွားဘူးဟုဆိုေနသလိုပင္ "တျခားသူေတြေရးထားတာ။
ဒါေပမယ့္ စကားလုံးေတြက သာမာန္႐ိုးက်ဆန္ေနတယ္ ထင္လို႔ ျပန္ေရးလိုက္တယ္”
စိတ္ထဲမွာေတာ့ ခ်င္မ်န္သည္ ခ်ိဳၿမိန္ၿပီး ရယ္ခ်င္စရာလည္းေကာင္းသည္ဟု ခံစားရသည္။လဲ့ယ္ထ်ဲရဲ႕စိတ္ေနစိတ္ထားအရဆိုရင္ျဖင့္ တဲ့တိုးဆန္တဲ့ စာေၾကာင္းေတြကိုေရးရန္ မျဖစ္ႏိုင္ဟု သူထင္ခဲ့၏။သူ လဲယ္ထ်ဲ၏နားဖ်ားသီးေတြကို စိုက္ၾကည့္ရင္း ေက်နပ္သြားသည္။ဓါးေျမႇာင္လိုမ်ိဳး ေအးစက္ေနတဲ့ အႏွီေယာက်္ားသည္ ႐ွက္႐ြံ႕မႈေၾကာင့္ နီရဲသြားတယ္ေပါ့။
"ဟင္းေတြ တူးေတာ့မယ္" လဲ့ယ္ထ်ဲက သူ႕ကို မီးဖိုခန္းထဲသို႔ တြန္းပို႔လိုက္သည္။မီးဖိုေခ်ာင္ထဲသို႔ မဝင္မီ ခ်င္မ်န္ သူ႕ကို ၾကည့္ကာ ျပဳံးလိုက္သည္။
လဲ့ယ္ထ်ဲက အထူးတလည္ ဝယ္ယူထားသည့္ မီးပုံးနီ ၁လုံးကို ထုတ္ကာ ဝင္းတံခါးဝ,တံစက္ၿမိတ္ေအာက္တြင္ ခ်ိတ္ဆြဲထားသည္။ဗဟိုခန္းသို႔ျပန္သြားၿပီး ဆီမီးခြက္ေလးလုံးအတြက္ မီးစာျဖတ္ရန္ ကတ္ေၾကးကို႐ွာလိုက္၏။မီးထြန္းလိုက္ေတာ့မွ အခန္းက ပိုေတာက္ပလာေတာ့သည္။
သူ မီးဖိုေခ်ာင္ထဲဝင္သြားေတာ့ ဟင္းခ်က္ဖို႔ကိုသာ အာ႐ုံစိုက္ထားတဲ့ခ်င္မ်န္ရဲ႕ ေနာက္ေက်ာကို ၾကည့္လိုက္သည္။မီးလင္းဖိုကိုယူၿပီး ထမင္းစား စားပြဲေအာက္တြင္ ထားလိုက္ကာ မီးပိုမိုေတာက္လာေစရန္ မီးေသြးမ်ားကို မီးညႇပ္မ်ားျဖင့္ ေ႐ႊ႕ထည့္ေနသည္။
"ဟင္းပြဲေတြ လာခ်ေပးပါဦး" ခ်င္မ်န္က ထမင္းစားခန္းထဲက လႈပ္႐ွားမႈေတြကို နားေထာင္ရင္း ေအာ္ေခၚလိုက္၏။
ၿပီးေနာက္ ပန္းကန္ေတြကို စားပြဲေပၚတင္ၾကကာ အလယ္ခန္းတစ္ခုလုံး ေမႊးရနံ႔မ်ားျဖင့္ ျပည့္ႏွက္ေနေတာ့သည္။စားပြဲအလယ္တြင္ မီးေသြးမီးဖိုျဖင့္ တည္ထားေသာ ေဟာ့ေပါ့တစ္အိုး႐ွိေနသည္။
အသားလုံး၊ ငါးသားလုံး၊ ၾကာစြယ္လုံးႏွင့္ တို႔ဟူးခ်ဥ္မ်ားကို အသားပါးပါးလွီးထားေသာအသားျပားေတြႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားၾကားတြင္ ျပဳတ္ထား၏။ေဟာ့ေပါ့အိုး ပတ္လည္မွာေတာ့ "နီေဆြး"ေနသည့္ဝက္နံ႐ိုးကင္၊ "ၿပီးျပည့္စုံတဲ့သန္႔႐ွင္းမႈ" ျဖစ္တဲ့ ၾကက္သြန္ျဖဴခပ္ပါးပါးျဖဴးထားသည့္ တို႔ဟူး၊ "မဂ္လာ႐ွိ" တဲ့ သစ္အယ္သီးႏွင့္ၾကက္သားႏွပ္၊ "အသက္႐ွည္" ဆိုသည့္ ေခါက္ဆြဲေၾကာ္၊ "ႏွစ္စဥ္ပိုလွ်ံ" ဟူသည့္ ငါးၾကင္းေပါင္း၊ "လုံးဝန္း"ဟူသည့္ အညိဳေရာင္ေဆာ့စ္ႏွင့္ ဝက္သားလုံး၊ ေ႐ႊတစ္ဝက္ ေက်ာက္စိမ္းတစ္ဝက္" ဟူသည့္ ေျပာင္းဖူး၊ ပဲသီးစိမ္းႏွင့္ မုန္လာဥနီေၾကာ္၊ လက္ဖက္႐ြက္ျဖင့္ ႂကြပ္ႂကြပ္႐ြ႐ြ ပုစြန္ဆိတ္ေလးဟင္း၊ ခပ္စပ္စပ္ျဖင့္ဆီေဝ့ေနသည့္ဟင္းရည္ပူထဲတြင္ ပါးပါးလွီးထားေသာ အမဲသား၊ ဘဲသားအရသာ၊ အေရာင္အဆင္းေတာက္ေတာက္ႏွင့္ အနံ႔ျပင္းသည့္ ပဲငံျပာရည္ျဖင့္ ႏွပ္ထားသည့္ဝက္သား စသည့္ ဟင္းလ်ာဆယ္ႏွစ္မ်ိဳး႐ွိေနကာ လူကို သြားရည္က်ေစသည္။
လဲ့ယ္ထ်ဲ၏မ်က္လုံးမ်ားက ေတာက္ပလာေတာ့၏။သူ႕ဇနီးေလးရဲ႕ဟင္းခ်က္ပညာသည္ မကုန္မခန္းႏိုင္ေသာ ရတနာတစ္ခုလိုပင္။ေန႔တိုင္းနီးပါး အံ့ၾသစရာေတြ ျဖစ္ရသည္။
ခ်င္မ်န္သည္ ပိုင္တ်န္႔ေလးအတြက္ အသားေတြကို တစ္ပန္းကန္လုံးစာ လွီးျဖတ္ေပးလိုက္သည္။ထို႔ေနာက္ ပန္းကန္ခြက္မ်ား၊ ဝိုင္ခြက္မ်ားႏွင့္ ဝိုင္ပုလင္းကို စီစဥ္တက်စီေပးကာ လဲ့ယ္ထ်ဲကို ၾကည့္ရင္း ေျပာ၏။ "အရင္ဦးဆုံး ႐ွိခိုးၾကမလား?"
လဲ့ယ္ထ်ဲက ေခါင္းညိတ္လိုက္သည္။သူသည္ မီးဖိုေခ်ာင္႐ွိ ဝက္ေခါင္းျပဳတ္ကို ပူေဇာ္ခံပလႅင္ေပၚသို႔ ယူေဆာင္ကာ ေမႊးႀကိဳင္ေသာ နံ႔သာေပါင္း အေမႊးတိုင္မ်ားကို မီးညႇိလ်က္ ဒူးေထာက္ထိုင္ကာ ခ်င္မ်န္အား ေခၚလိုက္၏။ “ခ်င္းဇီ....ဒီကိုလာ”
ခ်င္မ်န္သည္ တခဏမွ် တုံ႔ဆိုင္းသြားေသာ္လည္း သူႏွင့္ ေဘးခ်င္းကပ္လ်က္ ဒူးေထာက္လိုက္၏။သူ ျပန္လည္ေမြးဖြားလာႏိုင္ေသာေၾကာင့္ ဤကမ႓ာေပၚတြင္ ဘုရားသခင္မ႐ွိဟု မည္သူမ်ားေျပာႏိုင္မလဲ?႐ိုး႐ိုးေလးသာ ဒူးေထာက္ၿပီး စိတ္ၿငိမ္သက္မႈကို ႐ွာလိုက္၏။
လဲ့ယ္ထ်ဲက သူ႕ေခါင္းကို ညင္သာစြာ ပြတ္ကာ အဝါေရာင္စကၠဴ တစ္ထပ္ကိုမီးညႇိၿပီး အေမႊးတိုင္သုံးေခ်ာင္းကိုယူကာ သုံးႀကိမ္ ကန္ေတာ့လိုက္သည္။သူ႕စိတ္ထဲကေန နတ္ဘုရားမ်ားႏွင့္ ေသဆုံးသြားၿပီးေသာ ဘိုးဘြားမ်ားကို တိတ္တဆိတ္အ႐ိုအေသေပးၿပီးေနာက္ ဝက္ေခါင္းေပၚ အေမႊးတိုင္ေတြကို စိုက္ထူထားလိုက္သည္။ဒါက ႐ိုး႐ွင္းေပမယ့္ သတိတရလုပ္ေပးရမယ့္ပူေဇာ္ပြဲတစ္ခုပါပဲ။
တေယာက္ကို တေယာက္ၾကည့္ကာ မတ္တပ္ရပ္ၿပီး စားပြဲေပၚ၌ ေဘးခ်င္းကပ္ ထိုင္လိုက္ၾကသည္။
“ထမင္းစားရေအာင္” ခ်င္မ်န္က သူ႕တူေတြကို ေကာက္ကိုင္လိုက္ၿပီး စားပြဲေပၚက အရသာ႐ွိတဲ့ အစားအစာေတြကို ေလာဘႀကီးစြာ ၾကည့္လိုက္၏။ "မစားရင္ ေအးကုန္လိမ့္မယ္"
လဲ့ယ္ထ်ဲက ဝိုင္ပုလင္းကိုယူၿပီး ဝိုင္ႏွစ္ခြက္ျဖည့္လိုက္၏။သူ ခ်င္မ်န္အား တစ္ခြက္ေပး၍ ခြက္ကိုေျမႇာက္ကာ စူးစူးစိုက္စိုက္ၾကည့္လိုက္သည္။သူ႕အသံက တည္ၿငိမ္နက္႐ိႈင္းေနၿပီး "ခ်င္းဇီ....အခုကေနစၿပီး ႏွစ္သစ္ပြဲေတာ္တိုင္းကို အတူတူ က်င္းပၾကမလား?"
ခ်င္မ်န္သည္ ႏွလုံးခုန္သံေၾကာင့္ ဟင္းေတြကို ယူေနသည့္လက္မွာ တန္႔သြားခဲ့သည္။သူ လဲ့ယ္ထ်ဲကို အခ်ိန္အေတာ္ၾကာ ၾကည့္ေနမိၿပီး စိတ္လႈပ္႐ွား႐ိုက္ခတ္ေနသည္မွာ မ်က္ဝန္းထဲ၌ပင္ အရိပ္ထင္လ်က္ တလက္လက္ေတာက္ေန၏။
ဒီလူကို သူ႕ႏွလုံးသားထဲ ဆြဲသြင္းခဲ့မိတာကို သူ မျငင္းႏိုင္ေပ။ေန႔ေရာညပါ ေပါင္းသင္းဆက္ဆံရတဲ့ ဒီလတိုေလးအတြင္းမွာေတာင္ သူ႕ကို အားကိုးခဲ့မိသည္။သူ႕ရဲ႕လိင္စိတ္တိမ္းၫႊတ္မႈက ပုံမွန္လို႔ထင္ခဲ့တဲ့ သူ႕အတြက္ကေတာ့ ဒါကို မေမွ်ာ္လင့္ထားေပမယ့္ က်ိဳးေၾကာင္းဆီေလ်ာ္တယ္လို႔ေတာ့ သူထင္မိ၏။
လဲ့ယ္ထ်ဲသည္ အေတာ္ေလးကို ႏႈတ္ဆိတ္ေနတတ္ၿပီး တစ္ခါတစ္ရံ လူေတြကို စိုးရိမ္ထိတ္လန္႔ေစသည့္အထိ ဆက္ဆံတတ္သည္။ဒါေပမယ့္ လူတစ္ေယာက္ကို သူ႕ႏွလုံးသားထဲ၌ ထည့္ထားလိုက္ခ်ိန္မွာေတာ့ သူက လူတစ္ေယာက္ကို ခုခံဖို႔ခက္ခဲသြားေအာင္[ျငင္းဆန္] အေကာင္းမြန္ဆုံး ဆက္ဆံတတ္၏။
ဤကဲ့သို႔ ေကာင္းမြန္ေသာ ဆက္ဆံေရးမ်ိဳးသည္ တစ္ဖက္သားကို စိတ္ေက်နပ္ေစရန္ ရည္႐ြယ္ျခင္းမဟုတ္ဘဲ သဘာဝအတိုင္း စိတ္ႏွလုံးသားထဲမွ ျဖစ္သည္။လူေတြကို စြဲလန္းေစ၏။လဲ့ယ္ထ်ဲက သူ႕ကို တု႐ွီေ႐ွ႕မွာ အကာအကြယ္ေပးတတ္ၿပီး ၾကက္ေပါင္နဲ႔ ေျပာင္းဖူးကင္ေတြကို ေကြၽးတတ္တဲ့အျပင္ အိမ္ေဟာင္းကေန ေခၚထုတ္သြားၿပီး ညဖက္မွာ ေပြ႕ဖက္ေပးၿပီး သိုင္းပညာနဲ႔ ေလးပစ္ပညာေတြကို သင္ေပးတဲ့အတြက္ လဲ့ယ့္ထ်ဲအေပၚမွာ သူ႕ရဲ႕စိတ္လႈပ္႐ွားမႈအလုံးစုံမွာ တေန႔ထက္တေန႔ တိုးလာ၏။
Advertisement
- In Serial21 Chapters
Outer Sect Disciple
Gongsun Xianyuan, eleven years old, was a genius... or he should have been. Unfortunately when the Cultivator of the Wudang sect came to the village he found out that he had a rare condition that prevented him to cultivate in the arts of the sect. He didn't give up right away but in the end he had to resign himself to the truth. At first he despaired but he soon choose to let his dreams go and begin a new life. This is the tale of an untalented cultivator who had given up in his dreams of glory to live a normal life. How will his future unfold? ------------------------- My native language is neither English nor Chinese, I am writing a Xianxia novel because I like the genre. I have tried to maintain the chinese names and the form of address but I used the measurements of the international system(meters, grams, etc..) and the hour time(no incense stick, or others). It may spoil it for some but I think it would be easier both for me and the readers. Before you read keep in mind that this is a novel with a slow progress. I don't want to give any spoiler but at least a few chapters will be dedicated to his life in the village.
8 228 - In Serial20 Chapters
Into The Valley Of Gods
Ying is an orphan who got kicked out in his orphanage. got involved into the underworld and worked as an intelligence agent. Then after his last job before his retirement. He saw a girl who is supposed to be carrying the payment on his job but instead he died without getting his money. After the accident Ying wakes up in a medieval looking world. and he became a crown prince. Follow his story on how will he adapt and struggle to this new world who he is not supposed to be.Release is MWF thanks!
8 190 - In Serial6 Chapters
Looking For A Place Called Home
Maddie is a young girl who lives on an orphanage. She only wants a family to adopt and be there for her. Will she ever find a home?
8 156 - In Serial15 Chapters
Angel and Wolf: Open War
Enhanced Individuals of Power are no longer the deeply kept government secret that they once were. Michael is no longer alone, and after recent events he is aware that another special individual was indeed very close to him. Meanwhile, something is stirring and a brutal conflict is waiting to take place. Something powerful is hunting Michael and Lani and they will need everything they've got to survive.
8 147 - In Serial41 Chapters
Mate To The Dragon
Highest Rankings:#1 in Featured#1 in Werewolf #1 in Dragon#1 in Fantasy#1 in Adventure#1 in Action#1 in Series#23 in Romance"Lyzaria! What did I tell you about the forest?" My father scolds me sharply. I flinch at the anger in his voice and quickly retract my hand, inches from the trunk of the tree. "Sorry father, I couldn't help it. The trees are just so beautiful," I whine turning towards him. His face softens slightly and he scoops me up into his muscled arms. I wrap my small arms around his neck and bury my face into his shoulder. He hugs me tightly and carries me away from the forest. "Why can't we go into the forest?" I ask, looking over his shoulder to see the red and gold leaves slowly disappear from view as we climb the hill. "The forest is a dangerous place," he sighs. "How can something so beautiful be so dangerous?" I mutter in confusion. "The danger is in its beauty."**Cover by SodaliteSilver**
8 287 - In Serial12 Chapters
Wrap Me in Gold ; Reader X Midas (Fortnite)
Y/N manages to accidentally get transported into the world wide known game of 'Fortnite'. How did she get there? Who will she meet there? How will she live? What's the most that could happen while she's there? Most importantly, how will she get back into the real world? Is she willing to go back?read at your own risk ;)
8 89

