《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[65]
Advertisement
[Unicode]
065: အခုကနေစပြီး အတူတူ နှစ်သစ်ကိုကြိုဆိုကြတာပေါ့ (1)
ချင်မျန်နှင့်လဲ့ယ်ထျဲတို့သည် နောက်ပြန်လှည့်မကြည့်ကြဘဲ နွားလှည်းလေးမောင်းကာ ထွက်သွားကြသည်။
ခုနအမျိုးသမီးပြောသည့်စကားများအတိုင်း လဲ့ယ်ရှောင်ယွမ်က တခြားသူတွေကိုလည်း ထိုသို့ပြန်ပြောမည်မှာ သေချာသလောက်ရှိမှန်း သူသိသည်။
ငြင်းပယ်ခဲ့ခြင်းကြောင့် လဲ့ယ်ရှောင်ယွမ်သည် သူနှင့် လဲ့ယ်ထျဲတို့၏ကိစ္စရပ်ကို ထုတ်ပြောချင်ပုံရသည်။
ဆိုရိုးစကားအတိုင်း "ဧကရာဇ်မင်း၌ပင် ဆင်းရဲသော ဆွေမျိုးသုံးယောက်ရှိသည်"မလား။
ဆွေမျိုးတွေဆိုတာက အကူအညီတောင်းဖို့ ကြိုးစားကြတာ ပုံမှန်ပါပဲ။ဒါပေမယ့် ရည်မှန်းချက်တွေ မအောင်မြင်တဲ့အခါ အဲဒီဆွေမျိုးတွေကပဲ သူတို့ရဲ့နောက်ကျောကို မြှားအေးတွေနဲ့ ပစ်ကြ၏။ဒီလိုဆွေမျိုးတွေကတော့ တကယ့်ကို စက်ဆုပ်ရွံရှာစရာကောင်းလွန်း၏။
လဲ့ယ်ထျဲ ရုတ်တရက် စပြောသည်။"နောက် လာစရာမလိုဘူး”
"ဒါပေါ့။" ချင်မျန်ကလည်း မည်သို့မျှပင် တုံ့ဆိုင်းမနေပေ။လဲ့ယ်ထျဲအတွက် သူ ရင်နာရတာကိုတော့ မငြင်းနိုင်။သူသာမရှိရင် လဲ့ယ်ထျဲ အထီးကျန်နေလိမ့်မယ်။ဆွေမျိုးတွေလို့ခေါ်တဲ့ အနှီဆွေမျိုးတွေမှာသာ ခံစားချက်တွေ တကယ်ရှိခဲ့ရင် လဲ့ယ်ထျဲ အရင်အိမ်ကနေ ထွက်ပြေးဖြစ်မှာ မဟုတ်ဘူး။နောက်ပိုင်းမှာလည်း ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ဖို့ အတင်းအကျပ်ခိုင်းခံရမှာ မဟုတ်သလို ဘာမှမရှိတဲ့ အိမ်မှာ တစ်ယောက်တည်း နေ,နေရမှာမဟုတ်ဘူး....အခုတော့ အဲဒီလူတွေက “အန်တီ” နဲ့ “ဦးလေး” လို့ ခေါ်တဲ့ အခေါ်အဝေါ်တွေအပေါ် အခွင့်ကောင်းယူချင်နေကြတယ်။ဒီလောကကြီးထဲမှာ ဒီလိုမျိုး ဘာ့ကြောင့်ဖြစ်နေရတာလဲ?အစကတည်းက လဲ့ယ်ထျဲကို ဂရုမစိုက်ခဲ့ဘဲ အခုကျမှ သူတို့ကို သူနဲ့ လဲ့ယ်ထျဲက ဘာလို့ ပြန်ပြီးဂရုစိုက်ပေးနေရမှာလဲ?"
“မင်းကသာ မတရားခံရတာ။” လဲ့ယ်ထျဲက တည်ငြိမ်စွာ ပြောသည်။ဒီကိစ္စက ချင်မျန်အတွက် အရေးမကြီးပေ။ "သူတို့က ကျွန်တော့်အတွက် အရေးမကြီးတဲ့လူတွေပဲလေ"
လဲ့ယ်ထျဲက သူ့ (QM)လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။ "အင်း....သူတို့က ကိုယ်တို့အတွက် အရေးမကြီးတဲ့လူတွေပဲ"
စကားထဲမှာ နောက်ထပ်စကားလုံးတစ်လုံးထပ်ဖြည့်လိုက်၏။(ကိုယ်တို့*)
ချင်မျန် အံ့အားသင့်သွားပြီးနောက် တောက်ပစွာ ပြုံးလိုက်ပြီး သူ့စိတ်ထဲတွင်လည်း အနည်းငယ် စိတ်လှုပ်ရှားသွားကာ ရွှင်လန်းမှုကိုလည်း ခံစားလိုက်ရသည်။
ဒီလူကြီးက သူ့ကို အရမ်းဂရုစိုက်တာပဲ။
သူပြုံးနေတာကိုမြင်တော့ လဲ့ယ်ထျဲလည်း ခပ်ဖျော့ဖျော့ပြုံးရင်း "ချင်းဇီ...ကိုယ် မင်းကိုလက်ထပ်ခွင့်ရတာ ပျော်တယ်"
ချင်မျန် နီရဲသွားသည်။သူ သူ့ကို မကြည့်တော့ဘဲ နေရာတိုင်းမှာရှိနေတဲ့ တောင်တွေ၊ သစ်ပင်တွေကိုသာ မျက်နှာလွှဲကာကြည့်နေ၏။ခုနက စကားလုံးတွေကို မကြားချင်ယောင်ဆောင်လိုက်သည်။
လဲ့ယ်ထျဲက ဘာမှမပြောတော့ဘဲ သူ့လက်ကိုသာ ဆုပ်ကိုင်လိုက်ပြီး အရှိန်မြှင့်ဖို့ ကြာပွတ်ကို မြှောက်လိုက်သည်။
နောက်ပိုင်းမှာ သူတို့နှစ်ယောက်က မိသားစုတစ်စုအနေနဲ့ ရှိလာခဲ့ပြီမို့ တစ်ယောက်တည်း မဖြစ်တော့ဘူးလေ။
၁၂လပိုင်း ၂၀ ရက်နေ့နောက်ပိုင်းမှာတော့ တဖြည်းဖြည်း ပိုအေးလာပြီ။အေးစက်သောလေသည် ဓားသွားဖြင့်မွှမ်းသကဲ့သို့ တိုက်ခတ်နေကာ ဒေါသကြီးသော သားရဲကဲ့သို့လည်း တိုက်ခတ်နေပြန်သည်။ကန်ထဲကရေတွေက အေးခဲနေပြီး အလေးချိန်ကျင်း ၁၀၀ ကျော်ရှိ အရွယ်ရောက်ပြီးသူတွေအတွက်တော့ ရေခဲပြင်ပေါ်မှာ လမ်းလျှောက်ရတာ ပြဿနာမရှိပေ။ရေတွင်းရှိရေကိုခပ်တိုင်း ခဲနေသည်ကြောင့် ပုံးနှင့် ပထမဦးစွာ ခွဲထုတ်နေရသည်။လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကပင် နေရောင် ပျောက်ကွယ်သွားပြီး နှင်း ပိုမိုထူထပ်လာပုံပေါ်သည်။
နှစ်သစ်ကူးအချိန် နီးလာသည်နှင့်အမျှ တေးကဗျာသီဆို ကျူးလေ့ရှိကြသည်- “23ရက်နေ့မှာ မီးဖိုချောင်စောင့်နတ်အား ယဇ်ပူဇော်။ 24ရက်နေ့မှာ အိမ်ကို တံမြက်လှည်း၊ 25 ရက်မှာ တိုဟူးကျို။ 26 ရက်မှာ အသားနှပ်; 27 ရက်မှာ ကြက်ဖယဇ်ပူဇော်(သတ်)၊ 28ရက်မှာ မုန့်နှစ်လုပ်; ၂၉ ရက်မှာ မန်ထိုပေါင်း; 30 ရက်နေ့မှာ တစ်ညလုံးအိပ်၍ နှစ်သစ်ကူး ပထမနေ့၌ ရွှင်လန်းကြပါစေ။"
၁၂လရဲ့ ၂၃ရက်နေ့တွင် ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် အဝတ်အစားသစ်များနှင့် နှစ်သစ်ကူးပစ္စည်းများဝယ်ရန် မြို့သို့သွားကြသည်။ချင်မျန်သည် အမှန်တကယ် နှင်းများထူထပ်နေပါက သူ့ဝန်ထမ်းတွေ မြို့ပြင်ရှိ မိသားစုများထံ အိမ်ပြန်လမ်းလျှောက်ရန် အန္တရာယ်မကင်းမည်ကို စိုးရိမ်နေသည်။သူ သူတို့ကို နှစ်ကုန်ဘောနပ်စ်များစွာ ပေးခဲ့ပြီး ခွင့်ပေးခဲ့သည်။ပထမလ၏ခြောက်ရက်မြောက်နေ့မှသာ လုပ်ငန်းပြန်လည်စတင်မည်ဖြစ်၏။
ယွီသုန်ကတော့ အထီးကျန်စွာ တစ်ယောက်တည်းဖြစ်နေပြီး နှစ်သစ်ကူးကျင်းပရန် နေရာမရှိပေ။ပထမတော့ ချင်မျန်သည် ယွီသုန်ကို အိမ်ကိုခေါ်ဖို့ရာ တုံ့ဆိုင်းနေခဲ့၏။လဲ့ယ်ထျဲကလည်း ထိုကိစ္စကို ငြင်းဆိုခဲ့တာကြောင့် နောင်တွင် ၎င်းအကြောင်းကို ထပ်မံမပြောဖြစ်တော့ပေ။ရိုးရိုးသားသားပြောရလျှင် သူသည်လည်း ပြင်ပလူတစ်ဦးကို သူတို့နှင့်အတူ နှစ်သစ်ကူးပွဲကို မကျင်းပစေချင်။သို့ပေသိ ကျန်းလျိုက ယွီသုန်ကို သူ့အိမ်မှာ နှစ်သစ်ကူးပွဲကျင်းပဖို့ နွေးထွေးစွာ ဖိတ်ခေါ်ခဲ့ပြီး ယွီသုန်ကလည်း အမြန်ပင် လက်ခံခဲ့သည်။
ဆိုင်ကိစ္စကို ကိုင်တွယ်ပြီးနောက် ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် နွားလှည်းလေးမောင်းကာ အိမ်ပြန်ခဲ့ပြီး ပထမလခြောက်ရက်မတိုင်မီအထိ အိမ်တွင်နေရန် အစီအစဉ်ချခဲ့သည်။
နောက်တစ်နေ့တွင် နှင်းများ ထူထပ်စွာကျလာ၏။ များပြားသော နှင်းမှုန်များသည် ငန်းအမွေးများကဲ့သို့ တစ်မွှားပြီး တစ်မွှား ကျဆင်းလာသည်။အမိုးပေါ်၊ သစ်ကိုင်းပေါ်၊ ခြံတံတိုင်းတွေပေါ်နှင့် အဝတ်လှမ်းသည့်ဝါးတိုင်ပေါ်တွင်ပင် နှင်းဖြူဖြူတစ်လွှာ စုပုံနေတော့သည်။များမကြာမီပင် ဖြူစင်သန့်ရှင်းတဲ့ ကော်ဇောကဲ့သို့ မြေပြင်ပေါ်တွင် ထူထူထဲထဲအလွှာတစ်ခု ပြန့်ခင်းလာတော့မည်။
သူ အခြားကမ္ဘာသို့ရောက်ပြီးနောက် ဤသည်မှာ ပထမဆုံးနှင်းကို တွေ့ရခြင်းပင်။ချင်မျန်မှာ ဝက်ဝံတစ်ကောင်လို ၀တ်ဆင်ထားပြီး အဝေးကို စပ်စပ်စုစုမျှော်ကြည့်ရန် ခြံဝင်းထဲမှ ထွက်လာခဲ့သည်။
ကောင်းကင်နှင့်မြေကြီးသည် ကြီးမားကျယ်ပြန့်သော အဖြူရောင်ဟင်းလင်းပြင်ကြီးကဲ့သို့ ဖြစ်နေကာ သစ်ပင်အကိုင်းအခက်များကိုလည်း နှင်းများဖြင့် ရစ်ပတ်ထားလျက် ကျောက်စိမ်းမှထွင်းထုထားသည့်အတိုင်း ကြည်လင်ပြတ်သားနေကာ ကမ္ဘာကြီးကို အကန့်အသတ်မရှိ ပိုမိုထင်ရှားပေါ်လွင်စေသည်။နှင်းပွင့်များသည် ကမ္ဘာကြီး၏အသံအားလုံးကို ချေဖျက်ပစ်လိုက်၏။ပိုင်တျန့်လေးကလည်း တောင်ပေါ်တွင် နေလာခဲ့တာကြောင့် အူနေသည့်အပြင် နှင်းများပေါ်တွင် ခြေရာများ ချန်ထားခဲ့ကာ ခွေးကလေးတစ်ကောင်ကဲ့သို့ ပျော်ရွှင်စွာ ပြေးလွှားနေခဲ့သည်။
Advertisement
ချင်မျန်ကတော့ ရယ်နေ၏။နှင်းလက်တစ်ဆုပ်စာ ကိုင်ပြီး ပစ်ပေါက်လိုက်သည်။
ပိုင်တျန့်လေးက သူ့ခန္ဓာကိုယ်ကို လှည့်လိုက်ခြင်းဖြင့် ကျွမ်းကျင်စွာရှောင်ခဲ့ပြီး ချင်မျန်ကို ဂုဏ်ယူနေသည့်အကြည့်ဖြင့် လှမ်းကြည့်နေကာ ပျော်ရွှင်စွာ ဆက်လက်ပြေးသွားခဲ့သည်။
လဲ့ယ်ထျဲက မဝေးသောတစ်နေရာတွင် ငြိမ်သက်စွာ ရပ်နေကာ ခဏမျှစောင့်ကြည့်ပေးနေခဲ့သည်။
"ပြန်လာတော့"
“ပိုင်တျန့်....သွားကြရအောင်။”
ရွာအဝင်ဝသို့ရောက်သောအခါ ရယ်မောသံတွေကိုကြားလိုက်ရသည်။ရွာရှိ ပြောမရဆိုမရကလေးများသည် နှင်းတောထဲတွင် ပြေးလွှားရင်း နှင်းလုံးရန်ပွဲများကို ကစားနေကြ၏။ချော်လဲသွားတဲ့အခါမှာတောင် မငိုကြဘဲ တခစ်ခစ်ရယ်မောနေကြသေးသည်။သူတို့က တကယ့်ကို ပေါ့ပေါ့ပါးပါးနှင့် ပူပန်မှုကင်းစွာ ဆော့နေခဲ့ကြ၏။
ချင်မျန် အခန်းထဲကိုဝင်လာပြီး အပူခံအုတ်ကုတင်ပေါ်သို့ တက်သွား၏။၁၂လပိုင်းကို ရောက်နေတာတောင် အပူခံအုတ်ကုတင်သည် မည်သည့်အခါမှ မအေးသွားပေ။[အမြဲတမ်းနွေးထွေးနေ၏]
ပိုင်တျန့်လေးသည်လည်း အပူခံအုတ်ကုတင်ဘေးနားသို့ ရောက်သွားပြီး ဗိုက်လေးကားယားချကာ အိပ်နေသည်။သည့်အပြင် သူတို့သည် အပူခံအုတ်ကုတင်ပေါ်မှာပဲ စားသောက်ကြ၏။ရာသီဥတုက အေးလာပြီဆိုတော့ နေ့တိုင်းနီးပါး ဟော့ပေါ့စားဖြစ်ကြသည်။လဲ့ယ်ထျဲသည်လည်း ဟော့ပေါ့ချက်ပြုတ်နည်းကို ကြိုတင်လေ့လာထား၏။ပါဝင်ပစ္စည်းများကို သန့်စင်ပြီးပါက အိုးထဲတွင် ချက်ပြုတ်ပြီးသည်နှင့် စားသုံးနိုင်သည်။လွယ်ကူတယ်၊ ကျေနပ်စရာကောင်းတယ်၊ နွေးထွေးတယ်။လဲ့ယ်ထျဲကတော့ ပန်းကန်ဆေးတဲ့လူ ဖြစ်နေတုန်းပါပဲ။ချင်မျန်ကတော့ ဘာမှလုပ်စရာမရှိပေ။ဒီဆောင်းရာသီအတွင်းမှာတော့ သူ အနည်းဆုံး ကိုယ်အလေးချိန် ၃ ကျင်း တက်လာမည်ဟု သူထင်မိသည်။
24 ရက်နေ့မှာတော့ အိမ်သန့်ရှင်းရေးလုပ်ကြ၏။နှစ်ယောက်သား အိမ်သစ်မှာနေ,နေကြတော့ ပျင်းရိပြီး သန့်ရှင်းရေးမလုပ်ဖြစ်ကြပေ။
25 ရက်နေ့တွင် လဲ့ယ်ထျဲသည် ပဲပိစပ်ပုံးတစ်ဝက်
ခန့်ကိုစိမ်ထားပြီး တို့ဟူးကြိတ်ရန် ရွာရှိတိုဟူးအလုပ်ရုံသို့ သွားခဲ့သည်။နေ့လည်ခင်းမှာတော့ သူပြန်လာခဲ့ပြီး အရသာဆိမ့်ကာ ချိုမြိန်ပြီး အရသာရှိတဲ့ ပဲရည်ပန်းကန်လုံးကြီးကို ပြန်ယူလာခဲ့သည်။ယင်းကို နူးညံ့ပြီး အရသာရှိတဲ့ တို့ဟူး ၅၀ ကျင်းနဲ့ ပြုလုပ်ထား၏။
ချင်မျန်သည် အရသာရှိသော တို့ဟူးချဥ်ကို ရုတ်တရက် သတိရသွားသည်။ငယ်ငယ်တုန်းက သူ့ရွာမှာ အသက် ၆၀ လောက်ရှိတဲ့ အဘိုးကြီးတစ်ယောက်သည် တိုဟူးချဉ်ရောင်းရာ ပခုံးပေါ်တင်ထမ်းပြီး မကြာခဏ လျှောက်ရောင်းလေ့ရှိသည်။
တို့ဟူးချဉ်ကို လျှို့ဝှက်နည်းလမ်းဖြင့် ပြုလုပ်ရသည်ဟု ဆိုသည်။၎င်းသည် အနီရောင်တောက်တောက် မျက်နှာပြင်ပါရှိကာ လေးထောင့်ကွက်ပုံစံလေးဖြစ်ပြီး အရသာမှာ စပ်ကာမွှေးကြိုင်သော အနံ့အရသာရှိသည်။တစ်ခါတုန်းက သူ့အဖွားက ၅ တုံးကို ၅ ယွမ်နဲ့ ဝယ်ကျွေးဖူး၏။အထူးသဖြင့် သူလည်း စားရတာ ကြိုက်နှစ်သက်သည်။တိုဟူးချဉ်တစ်ဝက်ကို ထမင်းပန်းကန်လုံးကြီးတစ်လုံးဖြင့် တွဲစားလို့တောင်ရ၏။
ထိုအချိန်တွင် သူသည် ငယ်ရွယ်ပြီး မသိနားမလည်သူပင်။တိုဟူးချဉ်ကို မွှေးကြိုင်အောင် ဘယ်လိုလုပ်တာလဲ ဆိုပြီး ထိုအဘိုးကြီးကို မေးဖူးသည်။အဘိုးကြီးလည်း ရယ်နေ၏။သူ ငယ်နေတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။အဖိုးအိုက သူ့ကို တကယ်ပြောခဲ့၏။နောက်တော့ သူက သူ့အဖွားကို ပြန်ပြောပြခဲ့ရာ သူ့အဖွားကလည်း ထက်မြက်တာကြောင့် တိုဟူးချဉ်ကို အောင်မြင်စွာ လုပ်နိုင်ခဲ့သည်။အခုလည်း သူ ဘယ်လိုလုပ်ရမလဲ ဆိုတာ မှတ်မိနေပါသေး၏။
"လဲ့ယ်ထျဲ.....တို့ဟူးချဉ်ချက်ဖို့ မီးဖိုချောင်သွားရအောင်။" ချင်မျန်သည် အပူခံအုတ်ကုတင်ပေါ်မှ ခုန်ဆင်းကာ ဖိနပ်စီးရန် ငုံ့ကြည့်လိုက်သည်။
လဲ့ယ်ထျဲက သူ့ကို ထူးဆန်းစွာ ကြည့်နေ၏။ဆောင်းရာသီတစ်လျှောက်လုံး အပူခံအုတ်ကုတင်ပေါ်တွင်သာ သူ့ဇနီးလေးနေမည်ဟု သူထင်နေခဲ့သည်လေ။
သူ စစ်တုရင်အပိုင်းကို ချလိုက်သည်။[တို့ဟူးချဥ်] ဆိုတာ ဘာလဲ?"
ချင်မျန်က ထူးခြားဆန်းပြားသည့်အရာငှယ် ပြောနေ၏။ "ဒါက အရမ်းကို အရသာရှိပြီး ထမင်းနဲ့လည်း တွဲစားလို့အဆင်ပြေတယ်"
"အအေးမိမှာ မကြောက်ဘူးလား?" လဲ့ယ်ထျဲက မေးသည်။
“မီးသွေးဖိုမယ်လေ။လာပါ။" ချင်မျန်ကတော့ အရသာရှိတဲ့ အစားအစာအတွက် အအေးဒဏ်ကို ခံနိုင်ရည်ရှိ၏။
ချင်မျန်က လဲ့ယ်ထျဲကို မြေအိုးအလွတ် နှစ်လုံးကို ရေဆေးပြီး အတွင်းထဲကို ခြောက်အောင်သုတ်ခိုင်းသည်။လဲ့ယ်ထျဲက အိုးကိုဆေးရန် ရေအေးထဲသို့ လက်ရောက်သွားသည်ကို မြင်တော့ ချင်မျန်က နှစ်သိမ့်ဟန်ဆောင်ကာ သဘောကျနှစ်သိမ့်ဟန်ဖြင့် ပခုံးကို ပုတ်လိုက်သည်။ “အရည်အချင်းရှိတဲ့လူဆိုတာ အမြဲတမ်း အလုပ်များတယ်။ခင်ဗျားက အလုပ်အရမ်းကြိုးစားတာပဲ။"
လဲယ်ထျဲက သူ့လက်ညိုးဖြင့် ရေတောက်လိုက်ပြီး ကြည်လင်သော ရေစက်အချို့ ချင်မျန်မျက်နှာပေါ် စင်သွားလေသည်။
ချင်မျန် လန့်သွားပြီး(အအေးကြောင့်) သူ့ကို စိုက်ကြည့်လိုက်သည်။ထိုလူကတော့ ဘာမှမဖြစ်သလိုဖြင့် ခေါင်းပြန်ငုံ့နေ၏။ချင်မျန် အေးစက်နေသည့် ကြွေပန်းကန်ပြားကို ယူကာ သတိမပေးဘဲ လဲယ်ထျဲ၏ပါးပေါ် ကပ်လိုက်သည်။ထိုလူ၏လန့်သွားသောမျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသောအခါ ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။
အသိုက်ထဲမှာ လဲလျောင်းနေတဲ့ ပိုင်တျန့်လေးကလည်း မျက်လုံးဖွင့်ကာ ခေါင်းကိုမော့ပြီး မီးဖိုချောင်ဘက်ကို တစ်ချက်ကြည့်လိုက်သည်။ထို့နောက် မျက်လုံးကိုပြန်မှိတ်ကာ ပြားပြားဝပ်ပြီး ပြန်အိပ်သွားပြန်သည်။
ချင်မျန်သည် ငရုတ်ဆီအနည်းငယ်ပြုလုပ်ရန် မီးအပူပေးပြီးနောက် ပန်းကန်လုံးတစ်လုံးထဲ ထည့်လိုက်သည်။ငရုတ်ဆီအား အအေးခံပြီးနောက် ငရုတ်ကောင်း၊ စီချွမ်ငရုတ်ကောင်း၊ စမုန်ဖြူ၊ ဂျုံမှုန့်နှင့် ဆန်ဝိုင်ပမာဏတို့ကို တိုင်းဆပြီး စွပ်ပြုတ်ဟင်းချိုအဖြစ် စားသုံးရန် သင့်လျော်သောပမာဏကို ထည့်လိုက်သည်။
ထို့နောက် လဲ့ယ်ထျဲကို ကောက်ရိုးအချို့ကိုယူပြီး ခြင်းတောင်းထဲတွင် ဖြန့်ခင်းခိုင်းလိုက်သည်။စာရွက်ဖြူတစ်ရွက်ကို ခြင်းတောင်းပေါ်တွင် ခင်းကာ ဖြူဖွေးပြီး နူးညံ့သည့်တို့ဟူးကို စတုရန်းတုံးများအဖြစ် လှီးဖြတ်ပြီး အကွာအဝေး ညီစွာ စာရွက်ပေါ်တွင် တင်ထားလိုက်သည်။
ရက်အနည်းငယ်ကြာပြီးနောက် တို့ဟူးမှိုတက်လာပါက ချင်မျန်သည် တို့ဟူးပေါ်တွင် ဆားတစ်လွှာဖြန်းရမည် ဖြစ်သည်။
ထို့နောက် သူ လဲ့ယ်ထျဲအား “ရှစ်ရက်လောက် ထားပြီးရင် တို့ဟူးကို မြေအိုးတစ်လုံးထဲကို ထည့်ပြီး ဆားရည်ကို လောင်းချရမယ် ပြီးရင် ဝိုင်အိုးလိုမျိုး စက္ကူနှင့်ထပ်ကာပြီး ရွှံ့နဲ့ပြန်ပိတ်ရမယ် ဒါဆို ပြီးပြီ။ကျွန်တော့်ကို ရှစ်ရက်လောက်ကြာရင် သတိထပ်ပေးနော်"
Advertisement
လဲ့ယ်ထျဲက ခေါင်းညိတ်ပြီး "မင်းလက်ကိုနွေးဖို့ လာခဲ့"
"ဒီနေ့ 27 ရက်နေ့ပဲ" ချင်မျန်သည် မီးသွေးဖိုဘေးတွင်ထိုင်ကာ နောက်နေ့တွေအတွက် အစီအစဉ်တွေဆွဲနေသည်။ “ဒီနေ့ မုန့်နှစ်တွေရယ်၊ အသားနှပ်နဲ့ မုန့်လုံးကြော်တွေကို လုပ်မယ်။မနက်ဖြန်ကျရင် ပေါက်စီ၊ ဖက်ထုပ်နဲ့ မန်ထိုတွေလုပ်မယ်။"
လဲ့ယ်ထျဲက “ဒီလောက် အများကြီး?မင်းပြောလေ ကိုယ်လုပ်မယ်။"
ချင်မျန် တခစ်ခစ်ရယ်ရင်း “နှစ်သစ်မို့လို့ နှစ်သစ်ရဲ့ခံစားချက်ကိုရဖို့ ခင်ဗျား အလုပ်ရှုပ်နေရမယ်လေ။ကျွန်တော်တိုက မိသားစုနည်းပေမယ့် နှိမ့်ချမခံရစေဖို့အတွက် ပိုပြီးကြီးကြီးမားမားကျင်းပရမယ်။နှစ်သစ်ကူးမတိုင်ခင် အချိန်သုံးရက်ကျန်သေးတယ်မလား?”
ဤသည်မှာ သူ အသစ်ထပ်မံ ပြန်လည်မွေးဖွားပြီးနောက် ကြုံရသည့်ပထမဆုံးနှစ်၊ လဲ့ယ်ထျဲအိမ်ကို ရောက်သည့် ပထမဆုံးနှစ်ဖြစ်ကာ လဲ့ယ်ထျဲနှင့် ကုန်ဆုံးရသည့် ပထမဆုံးနှစ်လည်းဖြစ်ပြန်သည်။သူကောင်းကောင်းပြင်ဆင်ထားရမယ်လေ။
လဲ့ယ်ထျဲက နှုတ်ဆိတ်နေခဲ့သည်။သူ ချင်မျန်၏လက်တွေကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ နွေးထွေးစေရန် မီးသွေးဖိုနား၌ ကပ်ထားသည်။သူ့ရဲ့စူးရှသော အကြည့်များသည် ချင်မျန်၏မျက်နှာပေါ်ဆီမှာသာ။
ချင်မျန်သည် သူ့လက်များကို ဆွဲထုတ်ရန် ကြိုးစားသော်လည်း မတတ်နိုင်ပေ။လဲ့ယ်ထျဲ၏လက်တွေက ညှပ်ကဲ့သို့ တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
"ကျွန်တော် ဘယ်မှမသွားပါဘူး။ဘာလို့ ဒီလောက်တင်းကျပ်နေအောင် ကိုင်ထားတာလဲ?" ချင်မျန်က ပြုံးပြီး မေး၏။
လဲယ်ထျဲက သူ့ကို ထွက်သွားမှာလားဟု မေးချင်သော်လည်း မမေးခဲ့ပေ။သူ သူ့လက်တွေကို ပြန်မလွှတ်ခင် နွေးနွေးထွေးထွေး ဖြစ်အောင် လုပ်ပေးခဲ့သည်။
ချင်မျန် ထပြီး "ခင်ဗျားက မုန့်နှစ်လုပ်။ကျွန်တော် အသားနှပ်လိုက်မယ်"
လဲ့ယ်ထျဲက မတ်တပ်ထရပ်ပြီး ဂျုံမှုန့်ကို ထုတ်ယူလိုက်သည်။ချင်မျန်သည် ကျိုချက်ထားသောရေထဲသို့ ဟင်းခတ်အမွှေးအကြိုင်များထည့်ကာ ရေဆေးထားသောနံရိုးတွေ၊ ကြက်သားတွေ၊ ဝက်လက်တွေနှင့် ဝက်သားတုံးကြီးများကို ပေါင်းထည့်ကာ အိုးအဖုံးဖုံးပြီး မီးပြင်းပြင်းဖြင့်ပေါင်းကာ မီးဖို၏အခေါင်းပေါက်နေရာတွင် ထင်းများများထပ်ထည့်လိုက်သည်။လောလောဆယ်တော့ အချိန်မမှီမှာစိတ်ပူစရာမလိုပေ။ဤချက်ပြုတ်ထားသော အစားအစာများကို ကြိုတင်ပြင်ဆင်ထားပြီး ပထမလတွင် ဧည့်သည်များကိုဧည့်ခံရာတွင် အနည်းငယ်ထပ်ဖြည့်လုပ်ပေးလိုက်ရုံဖြင့် အချိန်ကုန်သက်သာစေနိုင်သည်။တစ်ချိန်တည်းမှာပင် သူ အိုးထဲတွင် ကန်စွန်းဥများကို ရေနွေးငွေ့ဖြင့် ပေါင်းနိုင်သေးသည်။
ချင်မျန်သည် မီးသွေးဖိုဘေးနားသို့ လေးထောင့်စားပွဲခုံအသေးလေးကို ရွေ့လာပြီး အသားများကို လှီးကာ ကြာပန်းအမြစ်များကိုပါ လှီးဖြတ်လိုက်သည်။ဆောင်းရာသီကာလ၌ အေးလွန်းပြီး အရာအားလုံးက ရေခဲတမျှအေးနေ၏။သူ့လက်တွေမှာ အေးစက်ထုံကျင်လာသည်။ပါဝင်ပစ္စည်းအနည်းငယ်ကို လှီးဖြတ်ပြီးနောက် သူ့လက်တွေကို တဖန် ပြန်ပြီး မီးသွေးဖိုအားကပ်လိုက်သည်။
လဲ့ယ်ထျဲ မုန့်နှစ်ပြုလုပ်ပြီးနောက် ချင်မျန်၏လက်ထဲရှိ မီးဖိုချောင်သုံးဓားကိုယူကာ သူ့ညွှန်ကြားချက်အတိုင်း ပါဝင်ပစ္စည်းများကို လှီးဖြတ်လိုက်သည်။
များမကြာမီတွင် ဝက်သားအစာသွပ်၊ ကြာစွယ်အစာသွပ်နှင့် ငါးအစာသွပ်တို့ ပါဝင်သည့် မုန့်ပုံးသုံးပုံးကို ပြုလုပ်နိုင်ခဲ့သည်။ထို့နောက် ဝက်သားလုံးအတွက် ပုံးတစ်ပုံး၊ ကြာစွယ်အတွက် ပုံးတစ်ပုံး၊ ငါးသားလုံးအတွက် ပုံးတစ်ပုံးနှင့် ကန်စွန်းဥပုံးတစ်ပုံးတို့ကိုပါ ပြုလုပ်ခဲ့ကြသည်။တို့ဟူးအနှစ်ဖြင့် လုပ်ထားသည့်ပုံးတစ်ပုံးလည်း ပါရှိသေးသည်။
ပါးပါးလှီးထားသော အသားနှင့် ဂျုံမှုန့်တို့ကို ရောစပ်ပြီးပါက တိုဟူးအနှစ်များရောကာ တို့ဟူးလုံးအဖြစ် ပြုလုပ်နိုင်သည်။အရသာလည်း အရမ်းကောင်း၏။ကြာပန်း ၊ ကန်စွန်းဥနှင့် တို့ဟူးလုံးတို့ကို ကြော်ပြီး ဝက်သားလုံးနှင့် ငါးသားလုံးများကို ပြုတ်ထားသည်။
အိုးထဲရှိ အသားများပြုတ်ပြီးနောက် ချင်မျန်သည် ကြက်သားပိုင်းတစ်ခုလုံးကို လှီးဖြတ်ကာ ပိုင်တျန့်လေးအတွက် တစ်ပန်းကန်စာချပေးလိုက်သည်။နှစ်ယောက်သား နေ့လည်စာ ချက်စားကြရာတွင် နေ့ခင်းဘက်တစ်ချိန်လုံး အလုပ်ရှုပ်နေကြတော့သည်။
မီးဖိုချောင်ထဲမှာတော့ ကြော်ထားတဲ့ အသားလုံးနံ့တွေ သင်းပျံ့နေ၏။ဤသည်မှာ နှစ်သစ်၏အနှစ်သာရပင်။
အရသာရှိသည့်အစားအစာလုံးများကို ကြည့်ရင်း ချင်မျန်သည် ပြီးမြောက်အောင်မြင်မှုတစ်ရပ်ကို ခံစားခဲ့ရသည်။
၁၂လ၏၂၈ရက်နေ့တွင် မုန့်နှစ်ကို ကောင်းစွာပြင်ဆင်ထားသည်။ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် မန်ထိုနှစ်အိုး၊ အသားပေါက်စီတစ်အိုး၊ ဖက်ထုပ်တစ်ဗန်းနှင့် hemp(လျှော်)အရွက်ကြော်၊ မုန့်လိမ်ကြော်၊ စန်းဇီမုန့်နှင့် မုန့်ချောင်းများ(အီကြာကွေး)ကို ပြင်ထားလိုက်ကြသည်။
နှစ်သစ်ကို ဒီလောက် ခမ်းနားစွာ ကျင်းပနိုင်တယ်ဆိုတာ လဲ့ယ်ထျဲ မသိခဲ့ပေ။ချင်မျန်က သူတစ်ခါမှမမြင်ဖူးသော အစားအစာများစွာကို ပြင်ဆင်ပေးခဲ့သည်။
စန်းဇီ
Dried hemp
Hemp ဆိုတာကလေ ကိုယ်ရှာကြည့်တော့ လျှော်ပင်တဲ့ အဂ်လိပ်ဘာသာပြန်သူ note မှာကျ hemp က cannabis (ဆေးခြောက်)နဲ့ အတူတူပါပဲတဲ့။ အဲ့တာက စားလို့ရလားဆိုတာ ကိုယ်တော့ နားမလည်ဘူး
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
065: အခုကေနစၿပီး အတူတူ ႏွစ္သစ္ကိုႀကိဳဆိုၾကတာေပါ့ (1)
ခ်င္မ်န္ႏွင့္လဲ့ယ္ထ်ဲတို႔သည္ ေနာက္ျပန္လွည့္မၾကည့္ၾကဘဲ ႏြားလွည္းေလးေမာင္းကာ ထြက္သြားၾကသည္။
ခုနအမ်ိဳးသမီးေျပာသည့္စကားမ်ားအတိုင္း လဲ့ယ္ေ႐ွာင္ယြမ္က တျခားသူေတြကိုလည္း ထိုသို႔ျပန္ေျပာမည္မွာ ေသခ်ာသေလာက္႐ွိမွန္း သူသိသည္။
ျငင္းပယ္ခဲ့ျခင္းေၾကာင့္ လဲ့ယ္ေ႐ွာင္ယြမ္သည္ သူႏွင့္ လဲ့ယ္ထ်ဲတို႔၏ကိစၥရပ္ကို ထုတ္ေျပာခ်င္ပုံရသည္။
ဆို႐ိုးစကားအတိုင္း "ဧကရာဇ္မင္း၌ပင္ ဆင္းရဲေသာ ေဆြမ်ိဳးသုံးေယာက္႐ွိသည္"မလား။
ေဆြမ်ိဳးေတြဆိုတာက အကူအညီေတာင္းဖို႔ ႀကိဳးစားၾကတာ ပုံမွန္ပါပဲ။ဒါေပမယ့္ ရည္မွန္းခ်က္ေတြ မေအာင္ျမင္တဲ့အခါ အဲဒီေဆြမ်ိဳးေတြကပဲ သူတို႔ရဲ႕ေနာက္ေက်ာကို ျမႇားေအးေတြနဲ႔ ပစ္ၾက၏။ဒီလိုေဆြမ်ိဳးေတြကေတာ့ တကယ့္ကို စက္ဆုပ္႐ြံ႐ွာစရာေကာင္းလြန္း၏။
လဲ့ယ္ထ်ဲ ႐ုတ္တရက္ စေျပာသည္။"ေနာက္ လာစရာမလိုဘူး”
"ဒါေပါ့။" ခ်င္မ်န္ကလည္း မည္သို႔မွ်ပင္ တုံ႔ဆိုင္းမေနေပ။လဲ့ယ္ထ်ဲအတြက္ သူ ရင္နာရတာကိုေတာ့ မျငင္းႏိုင္။သူသာမ႐ွိရင္ လဲ့ယ္ထ်ဲ အထီးက်န္ေနလိမ့္မယ္။ေဆြမ်ိဳးေတြလို႔ေခၚတဲ့ အႏွီေဆြမ်ိဳးေတြမွာသာ ခံစားခ်က္ေတြ တကယ္႐ွိခဲ့ရင္ လဲ့ယ္ထ်ဲ အရင္အိမ္ကေန ထြက္ေျပးျဖစ္မွာ မဟုတ္ဘူး။ေနာက္ပိုင္းမွာလည္း ေယာက်္ားတစ္ေယာက္နဲ႔ လက္ထပ္ဖို႔ အတင္းအက်ပ္ခိုင္းခံရမွာ မဟုတ္သလို ဘာမွမ႐ွိတဲ့ အိမ္မွာ တစ္ေယာက္တည္း ေန,ေနရမွာမဟုတ္ဘူး....အခုေတာ့ အဲဒီလူေတြက “အန္တီ” နဲ႔ “ဦးေလး” လို႔ ေခၚတဲ့ အေခၚအေဝၚေတြအေပၚ အခြင့္ေကာင္းယူခ်င္ေနၾကတယ္။ဒီေလာကႀကီးထဲမွာ ဒီလိုမ်ိဳး ဘာ့ေၾကာင့္ျဖစ္ေနရတာလဲ?အစကတည္းက လဲ့ယ္ထ်ဲကို ဂ႐ုမစိုက္ခဲ့ဘဲ အခုက်မွ သူတို႔ကို သူနဲ႔ လဲ့ယ္ထ်ဲက ဘာလို႔ ျပန္ၿပီးဂ႐ုစိုက္ေပးေနရမွာလဲ?"
“မင္းကသာ မတရားခံရတာ။” လဲ့ယ္ထ်ဲက တည္ၿငိမ္စြာ ေျပာသည္။ဒီကိစၥက ခ်င္မ်န္အတြက္ အေရးမႀကီးေပ။ "သူတို႔က ကြၽန္ေတာ္႕အတြက္ အေရးမႀကီးတဲ့လူေတြပဲေလ"
လဲ့ယ္ထ်ဲက သူ႕ (QM)လက္ကို ႐ုတ္တရက္ ဆုပ္ကိုင္လိုက္သည္။ "အင္း....သူတို႔က ကိုယ္တို႔အတြက္ အေရးမႀကီးတဲ့လူေတြပဲ"
စကားထဲမွာ ေနာက္ထပ္စကားလုံးတစ္လုံးထပ္ျဖည့္လိုက္၏။(ကိုယ္တို႔*)
ခ်င္မ်န္ အံ့အားသင့္သြားၿပီးေနာက္ ေတာက္ပစြာ ျပဳံးလိုက္ၿပီး သူ႕စိတ္ထဲတြင္လည္း အနည္းငယ္ စိတ္လႈပ္႐ွားသြားကာ ႐ႊင္လန္းမႈကိုလည္း ခံစားလိုက္ရသည္။
ဒီလူႀကီးက သူ႕ကို အရမ္းဂ႐ုစိုက္တာပဲ။
သူျပဳံးေနတာကိုျမင္ေတာ့ လဲ့ယ္ထ်ဲလည္း ခပ္ေဖ်ာ့ေဖ်ာ့ျပဳံးရင္း "ခ်င္းဇီ...ကိုယ္ မင္းကိုလက္ထပ္ခြင့္ရတာ ေပ်ာ္တယ္"
ခ်င္မ်န္ နီရဲသြားသည္။သူ သူ႕ကို မၾကည့္ေတာ့ဘဲ ေနရာတိုင္းမွာ႐ွိေနတဲ့ ေတာင္ေတြ၊ သစ္ပင္ေတြကိုသာ မ်က္ႏွာလႊဲကာၾကည့္ေန၏။ခုနက စကားလုံးေတြကို မၾကားခ်င္ေယာင္ေဆာင္လိုက္သည္။
လဲ့ယ္ထ်ဲက ဘာမွမေျပာေတာ့ဘဲ သူ႕လက္ကိုသာ ဆုပ္ကိုင္လိုက္ၿပီး အ႐ွိန္ျမႇင့္ဖို႔ ၾကာပြတ္ကို ေျမႇာက္လိုက္သည္။
ေနာက္ပိုင္းမွာ သူတို႔ႏွစ္ေယာက္က မိသားစုတစ္စုအေနနဲ႔ ႐ွိလာခဲ့ၿပီမို႔ တစ္ေယာက္တည္း မျဖစ္ေတာ့ဘူးေလ။
၁၂လပိုင္း ၂၀ ရက္ေန႔ေနာက္ပိုင္းမွာေတာ့ တျဖည္းျဖည္း ပိုေအးလာၿပီ။ေအးစက္ေသာေလသည္ ဓားသြားျဖင့္မႊမ္းသကဲ့သို႔ တိုက္ခတ္ေနကာ ေဒါသႀကီးေသာ သားရဲကဲ့သို႔လည္း တိုက္ခတ္ေနျပန္သည္။ကန္ထဲကေရေတြက ေအးခဲေနၿပီး အေလးခ်ိန္က်င္း ၁၀၀ ေက်ာ္႐ွိ အ႐ြယ္ေရာက္ၿပီးသူေတြအတြက္ေတာ့ ေရခဲျပင္ေပၚမွာ လမ္းေလွ်ာက္ရတာ ျပႆနာမ႐ွိေပ။ေရတြင္း႐ွိေရကိုခပ္တိုင္း ခဲေနသည္ေၾကာင့္ ပုံးႏွင့္ ပထမဦးစြာ ခြဲထုတ္ေနရသည္။လြန္ခဲ့တဲ့ရက္အနည္းငယ္တုန္းကပင္ ေနေရာင္ ေပ်ာက္ကြယ္သြားၿပီး ႏွင္း ပိုမိုထူထပ္လာပုံေပၚသည္။
ႏွစ္သစ္ကူးအခ်ိန္ နီးလာသည္ႏွင့္အမွ် ေတးကဗ်ာသီဆို က်ဴးေလ့႐ွိၾကသည္- “23ရက္ေန႔မွာ မီးဖိုေခ်ာင္ေစာင့္နတ္အား ယဇ္ပူေဇာ္။ 24ရက္ေန႔မွာ အိမ္ကို တံျမက္လွည္း၊ 25 ရက္မွာ တိုဟူးက်ိဳ။ 26 ရက္မွာ အသားႏွပ္; 27 ရက္မွာ ၾကက္ဖယဇ္ပူေဇာ္(သတ္)၊ 28ရက္မွာ မုန္႔ႏွစ္လုပ္; ၂၉ ရက္မွာ မန္ထိုေပါင္း; 30 ရက္ေန႔မွာ တစ္ညလုံးအိပ္၍ ႏွစ္သစ္ကူး ပထမေန႔၌ ႐ႊင္လန္းၾကပါေစ။"
၁၂လရဲ႕ ၂၃ရက္ေန႔တြင္ ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲတို႔သည္ အဝတ္အစားသစ္မ်ားႏွင့္ ႏွစ္သစ္ကူးပစၥည္းမ်ားဝယ္ရန္ ၿမိဳ႕သို႔သြားၾကသည္။ခ်င္မ်န္သည္ အမွန္တကယ္ ႏွင္းမ်ားထူထပ္ေနပါက သူ႕ဝန္ထမ္းေတြ ၿမိဳ႕ျပင္႐ွိ မိသားစုမ်ားထံ အိမ္ျပန္လမ္းေလွ်ာက္ရန္ အႏၲရာယ္မကင္းမည္ကို စိုးရိမ္ေနသည္။သူ သူတို႔ကို ႏွစ္ကုန္ေဘာနပ္စ္မ်ားစြာ ေပးခဲ့ၿပီး ခြင့္ေပးခဲ့သည္။ပထမလ၏ေျခာက္ရက္ေျမာက္ေန႔မွသာ လုပ္ငန္းျပန္လည္စတင္မည္ျဖစ္၏။
ယြီသုန္ကေတာ့ အထီးက်န္စြာ တစ္ေယာက္တည္းျဖစ္ေနၿပီး ႏွစ္သစ္ကူးက်င္းပရန္ ေနရာမ႐ွိေပ။ပထမေတာ့ ခ်င္မ်န္သည္ ယြီသုန္ကို အိမ္ကိုေခၚဖို႔ရာ တုံ႔ဆိုင္းေနခဲ့၏။လဲ့ယ္ထ်ဲကလည္း ထိုကိစၥကို ျငင္းဆိုခဲ့တာေၾကာင့္ ေနာင္တြင္ ၎အေၾကာင္းကို ထပ္မံမေျပာျဖစ္ေတာ့ေပ။႐ိုး႐ိုးသားသားေျပာရလွ်င္ သူသည္လည္း ျပင္ပလူတစ္ဦးကို သူတို႔ႏွင့္အတူ ႏွစ္သစ္ကူးပြဲကို မက်င္းပေစခ်င္။သို႔ေပသိ က်န္းလ်ိဳက ယြီသုန္ကို သူ႕အိမ္မွာ ႏွစ္သစ္ကူးပြဲက်င္းပဖို႔ ေႏြးေထြးစြာ ဖိတ္ေခၚခဲ့ၿပီး ယြီသုန္ကလည္း အျမန္ပင္ လက္ခံခဲ့သည္။
Advertisement
- In Serial13 Chapters
Slime migration
Kip was an ordinary teenage boy going on his final, year 11, camping trip, until the world changed into that of an RPG game. He couldn't even get a simple skill like 'identification', this new world make it extremely hard for him to even kill a simple slime. With his friends dying left and right, what will happened to the humanity we knows as. Will Kip remain the same person he always was, or will he changed into something else? Hey guys, thank you for checking out my work. I've read so many novels on this site and it inspired me to write my own story. I've been studying English for about 2 years now and thought this would be a good opportunity to increase my writing skill at the same time. I am currently studying my degree at a University so I'll continue to edit and write more chapter whenever it's convenient for me to do so (which is like, all the times haha). My first work can turn out to be a bit crude, but I hope you guys will be patient and allow little small slime to grow. Thanks!!!
8 217 - In Serial9 Chapters
An Exploration of Vulnerabilities
Corporations are struggling to keep up with these tumultuous times. New Businesses are practically blooming overnight with revolutionizing ideas, forcing their competitors to ignore security and stability just to keep up. All the while Governments are lagging behind and try to keep up with laws that try to ensure the bare minimum. But time is running out as the potential consequences multiply and even a single flaw could cause billions in damages. The clock is ticking.
8 179 - In Serial9 Chapters
did u get the code?
Cincoworld. Five Worlds. No Escape. Did you get the code? Loner fifteen-year-old gamer Charles Pakito, known by his gaming handle Pak-Man, scored a prime spot in a coveted video game design summer program, where he gets to test out a new virtual reality system—Cinco Gaming’s wildly hyped and ridiculously high-tech Legends of the Universe. But when he types in the special code his classmate sends him, he finds himself in an antiquated game world full of outdated monsters and puzzles, and with seemingly no exit. As the haunted game toys with its new prey, Charles struggles to figure out his connection to the mysterious game and find his way back to reality before he and his new-found friends are trapped in the Cincoworld forever.
8 139 - In Serial20 Chapters
Running from him
The game and Jennifer Lopez bookTime jumps.
8 85 - In Serial26 Chapters
Forced To be a Redfox
Levy McGarden, a spunky, rude, morning drinker. Her family has the second most wealthy business not just in Fiore, but in Mongolia. Being second best, her father, wants her to marry the son of the most wealthy and feared business in Mongolia, The Redfoxes, and their son Gajeel.Levy had see him, in Mongolian magazines and in casinos at times. Levy was a master gambler, that was the only reason levy agreed to meet the son Redfox. To Beat him in Gambling. A Redfox. Versus a Bookworm. Who's spunky attitude will bring the other to fall... In love?
8 234 - In Serial8 Chapters
Jellystone: The Ultimate Crossover! (Collab with Glitchy Yoshi) (In Progress)
It's Jellystone, but this time, we're going all-out with crossovers by adding Wild Kratts, Odd Squad, Mixels, MLB, Felix the Cat, and much more!
8 117

