《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[63+64]
Advertisement
[Unicode]
063+64: ဆွေမျိုးအိမ်က ဟင်းတွေက အရသာမရှိဘူးပဲ (1+2)
"ပိုးစာသစ်..." ချင်မျန် အံ့သြသွားပြီး လေးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။ "ဒါဆို ဒါက ပိုးစာသစ်ပေါ့။ကျွန်တော် သိသလောက်ဆိုရင် ပိုးစာသစ်ဆိုတာက အဝါရောင်ပုလဲနဲ့တောင်တန်းတူ တန်ဖိုးရှိတယ်မလား?"
၎င်းကို ရေထဲတွင် နစ်မြုပ်ထားသော်လည်းကောင်း သို့မဟုတ် တစ်ပိုင်းနစ်မြုပ်ထားသော်လည်းကောင်း ၎င်း၏အသားသည် ကျစ်လစ်ပြီး ကွဲထွက်မှုနည်း၏။ပိုးစာသစ်၏ပင်မကိုယ်ထည်သည် လက်တစ်ချောင်း၏အထူသာရှိပြီး အတွင်းတွင် အဝါရောင်ရွှေချည်မျှင်များစွာရှိသည်။ဤရွှေချည်မျှင်ပါသည့်အပင်သည် နှစ်စဉ်ပေါ်လာသည်မဟုတ် သုံးနှစ်မှ ငါးနှစ်အတွင်းတွင်သာ တစ်ပင်ပေါက်သည်။ဒီလိုသစ်မျိုးရှာရတာ မလွယ်ပေ။
လဲ့ယ်ထျဲက "မင်း ကြိုက်ရင်ရပြီ"
ချင်မျန်က ပြောလိုက်၏။ "အရမ်းကြိုက်တာပေါ့"
သူ လေးနှင့်မြှားတွေကို အိပ်ခန်းထဲသို့ယူသွားကာ လဲ့ယ်ထျဲ၏လေးဘေးတွင် တမြတ်တနိုးမြတ်နိုးစွာ ချိတ်ဆွဲထားလိုက်သည်။သူ ပြန်ထွက်လာတော့ လဲ့ယ်ထျဲက စားပွဲပေါ်မှာ ဟင်းပွဲတွေချနေပြီ ဖြစ်သည်။
"မနက်ဖြန် တောင်ပေါ်ကိုတက်ကြမလား?" ချင်မျန်က စိတ်လှုပ်ရှားစွာမေးသည်။
လဲ့ယ်ထျဲက "ပစ်မှတ်သေကို အရင်လေ့ကျင့်။ပြီးမှ ရွေ့လျားပစ်မှတ်ကို လေ့ကျင့်ရမယ်။"
"စိတ်ရှုပ်စရာပဲ" ချင်မျန် စိတ်ပျက်သွားသည်။
လဲ့ယ်ထျဲက “လမ်းလျှောက်ဖို့ အရင် မသင်ယူဘဲ ဘယ်လို ပြေးမလဲ?”
ဒီစကားက တော်တော်လေး ကျိုးကြောင်းဆီလျော်၏။ချင်မျန် ဘာမှထပ်မပြောနိုင်တော့ပေ။သူ လက်ခံလိုက်ရပြီး ပိုင်တျန့်လေးအတွက် အသားလှီးရန် ထလာလိုက်သည်...
နောက်တစ်နေ့တွင် လဲ့ယ်ထျဲသည် ခြံအလယ်တွင် တိုင်နှစ်တိုင်ထောင်ပေးပြီး ကောက်ရိုးဦးထုပ်ဟောင်းကို အလယ်တွင် ပစ်မှတ်အဖြစ်ချိတ်ဆွဲထားကာ ချင်မျန်အား ချိန်ရွယ်ပြီး ပစ်ရန်ညွှန်ကြားပေးနေသည်။
ယခုမူ ချင်မျန်မှာ သူ့ကိုယ်ပိုင်လေးနှင့်မြှားများရှိနေပြီဖြစ်သည့်အပြင် သူစိတ်ဝင်စားမှုမှာလည်း အပြည့်ရှိနေ၏။လဲ့ယ်ထျဲ၏လမ်းညွှန်မှုဖြင့် သူ မမောမပန်း အထပ်ထပ်အခါခါ ပစ်ခတ်ခဲ့သည်။ပထမတော့ သူက ပစ်မှတ်ကို မထိပေ။မြှားခုနစ်ချောင်းမှ ရှစ်ချောင်းအထိကို ပစ်ပြီးနောက် ကောက်ရိုးဦးထုပ်ကို တိကျစွာထိမိလာနိုင်ပြီဟု ခံစားရပြီး အလယ်ဗဟိုသို့ နီးကပ်လာနေပြီဖြစ်သည်။
အစပိုင်းတွင် လဲ့ယ်ထျဲက သူ့ကို အပျော်ပစ်ရန်သာ သင်ကြားခဲ့သော်လည်း သူ့တွင် အရည်အချင်းရှိနေသည်ကို တွေ့ရသဖြင့် သူ (LT) အနည်းငယ် အံ့သြသွားပြီး ပို၍လေးနက်စွာ သင်ကြားပေးခဲ့သည်။ပထမဦးစွာ သူ ချင်မျန်ကို ကောက်ရိုးဦးထုပ်မှ 2 ကျန်း(6.6 m) အကွာမှ မြှားတစ်စင်းကို ပစ်လွှတ်စေပြီး ထို့နောက် အကွာအဝေး 3 ကျန်း(9.9 m) သို့ ထပ်မံဆုတ်ခွာစေကာ အကွာအဝေးကို တဖြည်းဖြည်း ကျယ်လာစေသည်။
ချင်မျန်သည် မြားပစ်ပညာကို စတင်သင်ယူခဲ့သည်။အချိန်အတော်ကြာအောင် လေ့ကျင့်နေခဲ့သည်ကြောင့် လက်တွေ နာကျင်လာပြီး နေ့လည်ခင်းမှပဲ ပြီးသွားတော့၏။
လဲ့ယ်ထျဲက “အခုကစပြီး နေ့တိုင်း တစ်နာရီပဲ လေ့ကျင့်။အလျင်စလိုလုပ်တာက အကျိုးမရှိဖြစ်တတ်တယ်။”
ချင်မျန် ခေါင်းညိတ်လိုက်သည်။သူ အခုလည်း အနည်းငယ်လေးတောင် သည်းမခံနိုင်လောက်အောင် ခံစားနေရပြီ။သူ့လက်ကိုတောင် မမြှောက်နိုင်တော့ဘူး။ "နေ့လည်စာ ဘာစားချင်လဲ?"
လဲ့ယ်ထျဲက ပြောလိုက်၏။“ဟော့ပေါ့..ကိုယ် လုပ်မယ်”
ချင်မျန် ပြုံးပြီး ဆက်တီပေါ်တွင် ငြိမ်ငြိမ်လေးထိုင်ကာ အနားယူလိုက်သည်။ "ဒါပေါ့။ခင်ဗျားလုပ်ရမယ်။ကျွန်တော်က စားဖို့စောင့်နေမယ်။"
လဲ့ယ်ထျဲကတော့ ချင်မျန်ကဲ့သို့ ဟော့ပေါ့ချက်ခြင်းနှင့်ပတ်သက်၍ အထူးတလည် မလုပ်ဆောင်နေပေ။ရေနွေးတည်ပြီးနောက် ဟင်းခတ်အမွှေးအကြိုင်များ ထည့်ကာ အရသာမြည်းစမ်းကြည့်ပြီး ပေါ့လျှင် ဆားထပ်ထည့်ကာ ယမန်နေ့က ဆိုင်ကနေယူလာသည့် လှီးထားတဲ့အသားတွေ၊ အသားလုံး၊ အာလူး၊ ဟင်းနုနွယ်ရွက်နှင့် ဂေါ်ဖီရွက်တို့ကို ထည့်လိုက်သည်။အသားနှင့် အာလူးများ ကျက်သွားသောအခါတွင် ဟင်းနုနွယ်ရွက်နှင့် ဂေါ်ဖီရွက်တို့သည် တူဖြင့် ထိုးကလော်ကောက်ရလောက်အောင် ပျော့အိလို့သွားသည်။
လဲ့ယ်ထျဲ၏ငြီးငွေ့ဖွယ်ကောင်းသည့်မျက်နှာတွင် ရှားရှားပါးပါး ရှက်ရွံ့နေဟန်ကို တွေ့လိုက်ရသည်။ချင်မျန် လှောင်ပြောင်မရယ်မောခင် အသီးအရွက်တွေနှင့် ဂေါ်ဖီရွက်အချို့ကို အေးအေးဆေးဆေး ထပ်ယူပြီး ထည့်လိုက်သည်။ကံကောင်းချင်တော့ အရသာက မဆိုးပေ။
ဒီလူက ထမင်းဟင်းချက်တာ ရှားတယ်ဟုတွေးမိတာကြောင့် ချင်မျန် ခဏလောက်တော့ တိတ်တိတ်လေး ခိုးရယ်နေပေမယ့် သူ့ကို ဆက်မစတော့ပေ။
ထမင်းကို မချက်ထားတော့ ဟင်းတွေပဲစားရုံနဲ့ မလုံလောက်ပေ။နှစ်ယောက်သား အတူတူစားရန်အတွက် ခေါက်ဆွဲကို ဟော့ပေါ့အိုးထဲသို့ ထည့်လိုက်ကြသည်။
ခေါက်ဆွဲညစ်စက်ရှိနေတော့ ခေါက်ဆွဲလုပ်စားရတာ အရမ်းအဆင်ပြေ၏။ခေါက်ဆွဲညစ်သည့်စက်ဖြင့် ခေါက်ဆွဲတွေအများကြီးကို တစ်ခါတည်းလုပ်ထားပြီး ကတ်ကြေးဖြင့် ညှပ်ကာ အခြောက်ခံထားသည်။ ထို့နောက် ခေါက်ဆွဲခြောက်များကို အံဆွဲထဲတွင် သိမ်းဆည်းကာ ချက်လိုသည့်အခါတိုင်း အဆင်သင့် ချက်ပြုတ်သည်။ဒီခေတ်မှာ ခေါက်ဆွဲခြောက်ကို အခြောက်ခံပြီး တစ်လလောက်သာ သိမ်းထားနိုင်တာက အခြောက်ခံဆေးမရှိလို့ပါပဲ။မည်သို့ပင်ဆိုစေကာမူ ဒီလိုဆိုရင်တောင် အတော်လေး အဆင်ပြေနေပြီ ဖြစ်သည်။
ထမင်းစားပွဲမှာ ချင်မျန်သည် လုပ်ငန်းအကြောင်းပြောနေခဲ့၏။
“လတ်တလောမှာတော့ မာလာထျန်းစားတဲ့လူက နည်းပါးတယ်။နေ့ခင်းဘက် အိမ်မှာရှိနေတဲ့အချိန် မုန်လာဥလုံး၊ ငါးအသားလုံး၊ ကန်စွန်းဥလုံး နဲ့ အသီးအရွက်လုံးလေးတွေ လုပ်ကြည့်မယ်။အစမ်းရောင်းကြည့်ရမယ်။ရောင်းကောင်းရင် လူ ထပ်ငှားမယ်လေ”
လုပ်ငန်းချဲ့ထွင်ဖို့ ငွေပိုရှာချင်တာကြောင့်မဟုတ်ရင် နေ့တိုင်း ဒီလိုလုပ်ဖို့ စိတ်မရှည်ပေ။
လဲ့ယ်ထျဲက ခေါင်းညိတ်လိုက်သည်။
နေ့လယ်စာစားပြီးနောက် ရွာသားများထံမှ ကန်စွန်းဥ၊ အာလူး၊ မုန်လာဥ၊ မုန်လာဥနီနှင့် ငါးအချို့ကို ဝယ်ယူခဲ့ကြသည်။
ကန်စွန်းဥကို အရိုးရှင်းဆုံး ပြုလုပ်၏။ကန်စွန်းဥတွေကို ပြုတ်ပြီး အခွံခွာလိုက်၏။ထို့နောက် ကန်စွန်းဥများကို ကြိတ်ချေပြီး ဂျုံမှုန့်အနည်းငယ်ထည့်ကာ ကောင်းစွာရောမွှပြီး အလုံးသေးသေးလေးများဖြစ်အောင် လုံးသည်။ဆီပူလာလျှင် ရွှေဝါရောင်၊ မွှေးကြိုင်လာသည်အထိ ထည့်ပြီး ကြော်၏။မုန်လာဥနီလုံးများပြုလုပ်ရာတွင်လည်း လွယ်ကူသည်။မုန်လာဥနီများကို ပါးပါးလှီးထားသော အသား၊ ကြက်ဥ၊ ဂျုံမှုန့် နှင့် ဟင်းခတ်အမွှေးအကြိုင်များဖြင့် ရောမွှေပြီး မကြော်ခင် အလုံးများဖြစ်အောင် လုံး၏။ ဟင်းသီးဟင်းရွက်လုံးများ၏အဓိကပါဝင်ပစ္စည်းများမှာ အာလူးနှင့် မုန်လာဥနီတို့ဖြစ်သည်။အာလူးများကို ပြုတ်ပြီး မုန်လာဥနီ၊ ဘဲဥနှင့် ဟင်းခတ်အမွှေးအကြိုင်များ ရောစပ်ပြီး ကြော်ရုံသာ။
Advertisement
ငါးအသားလုံးလုပ်ရတာတော့ အတော်လေးခက်၏။ ငါးကို သန့်စင်ပြီးနောက် အရိုးများကိုဖယ်ကာ ငါးအသားကို ဓားဖြင့်ခြစ်ရ၏။ထို့နောက် သင့်လျော်သော ဂျင်း၊ ဆား နှင့် ရေတို့ကို ရောထည့်ပြီး အနေတော်ဖြစ်အောင် လှိမ့်ကာ ထုထောင်းရသည်။ ထို့နောက် ဘဲဥထည့်ကာ သမအောင်မွှေပြီး မုန့်ညက်အနည်းငယ်ထပ်ထည့်ကာ ငါးကို အလုံးလေးများဖြစ်အောင် လုံးသည်။ပြီးရင် အိုးထဲမှာ ရေထည့်၊ ငါးဆုပ်တွေကို မီးနည်းနည်းနဲ့ ထည့်ပြီး အပူပေးလိုက်၏။ငါးလုံးများ ပေါ်သောအခါတွင် ဆယ်ယူကာ ရေအေးတွင်စိမ်ပြီး ရေစစ်ထားရသည်။ချင်မျန် နှင့် လဲ့ယ်ထျဲသည် ညမှောင်သည်အထိ အလုပ်များနေခဲ့သည်။ကန်စွန်းဥ၊ မုန်လာဥ နှင့် ဟင်းသီးဟင်းရွက် အလုံးပေါင်း 100 ကျော်ကို လုပ်ခဲ့ကြပြီး ငါးအသားလုံးမှာတော့ 80 ခန့် နည်းပါးသည်။
ရွာမှာ အမဲသားနဲ့ သိုးသားမရှိပေ။မဟုတ်ရင် သူတို့ အမဲသားလုံးနဲ့ သိုးသားလုံးတွေကို လုပ်နိုင်မည်။
ညစာကတော့ ထမင်းနဲ့ ဟော့ပေါ့ပင်။ညနေစာအတွက် အသားလုံးအမျိုးအစား တစ်ဒါဇင်ကို စားခဲ့ကြသည်။ချင်မျန်နဲ့လဲ့ယ်ထျဲတို့ နှစ်ယောက်လုံးသည် ငါးအသားလုံးကို အကြိုက်ဆုံးပင်။
ကန်စွန်းဥများသည် ချိုမြိန်ပြီး အမျိုးသမီးများကြားတွင် ပိုမိုရေပန်းစားမည်ဟု ခန့်မှန်းရသည်။
အစားအသောက် လုံးမျိုးစုံ ပေါ်ပေါက်လာမှုကြောင့် အရသာရှိတဲ့စားသောက်ဆိုင်သို့ လူအုပ်ကြီး ထပ်မံရောက်ရှိလာခဲ့ပြန်သည်။
အချိန်တွေကုန်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ ၁၂လမြောက်လကို ရောက်ရှိလာတော့သည်။
“နှစ်သစ်” ဟူသော စကားလုံးများကို မကြာခဏ ဖော်ပြကြလေ့ရှိသည်။နှစ်သစ်ကူးပွဲတော်အတွက် အဆီကျဝက်တွေကို မွေးမြူထားသည့် ရွာသားများသည် ဦးလေးလျောင်အား သတ်ပေးရန် တန်းစီနေကြသည်။ရွာမှာ ရက်အနည်းငယ်ကြာတိုင်း ဝက်တွေရဲ့အော်ဟစ်ငိုယိုသံကို ကြားနေရ၏။
နှစ်သစ်ကူး ဝက်ယဇ်ပူဇော်ပွဲသို့ ရောက်သည့်အခါတိုင်း ဝက်စား(သတ်)ဟင်းလျာကို ဖော်ပြကြရမည်။ပြောထားသည့်အတိုင်း နှစ်သစ်ကူးလျှင် ဝက်ကို သတ်ပြီးနောက် စားသောက်ရန် လူများကို ဖိတ်ကြားကြသည်။များသောအားဖြင့် ဆွေမျိုးမိတ်သင်္ဂဟများနှင့် ပေါင်းသင်းဆက်ဆံရေးကောင်းရှိကြသည့် ရွာသူရွာသားများကို ဖိတ်ခေါ်လေ့ရှိသည်။
ချင်မျန်နဲ့ လဲ့ယ်ထျဲ စားရတဲ့ ပထမဆုံး ဝက်သတ်အစားအစာမှာ ကျန်းတရွှေဆီကဖြစ်ပြီး တစ်ရက်ပြီးတစ်ရက် နောက်ထပ် ဝက်သားတွေထပ်စားရဖို့ မမျှော်လင့်ထားမိပေ.....။
လဲ့ယ်ရှန်းရီနှင့်အတူ အသက် 50 ခန့်ရှိသော အဘိုးအိုတစ်ဦး ခြံဝင်းတံခါးဝကနေ ဝင်လာသည်ကို မြင်သောအခါ ချင်မျန်သည် လဲ့ယ်ထျဲ၏ဦးလေး သုန်တနျုံ ဖြစ်သည်ကို မှတ်မိသွားတော့ ခဏမျှ အံ့အားသင့်သွားသည်။သူတို့ ဝေရှီ၏လက်ထပ်ပွဲတွင် ဆုံတွေ့ခဲ့ကြခြင်းသာ။
“ဦးလေး ကျေးဇူးပြုပြီး ဝင်ပါ” လဲ့ယ်ထျဲက ပျူငှာသော သဘောထားကို ပြသလိုက်သည်။
ချင်မျန်က သုန်တနျုံကို လက်ဖက်ရည်ပူပူတစ်ခွက်ကို ထည့်ပေးလိုက်သည်။
အိမ်ထဲရောက်သွားပြီးနောက် သုန်တနျုံသည် အိမ်ရှိပစ္စည်းများ၏တန်ဖိုးကို တိုင်းတာနေသလိုမျိုး ဖြည်းညှင်းစွာ ဂရုတစိုက်ကြည့်ရှုနေသည်။အချိန်အတော်ကြာပြီးနောက် သူ ပြုံးပြုံးရွှင်ရွှင်နဲ့ စကားစပြော၏။
"ကျန်တဲ့ အိမ်အနည်းငယ်ကိုလည်း သွားရဦးမှာဆိုတော့ လက်ဖက်ရည်မသောက်တော့ပါဘူး။မနက်ဖြန်ဆို ဦးလေးတို့အိမ်မှာ ဝက်ယဇ်ပူဇော်မှာမို့ မင်းတို့ကို ဖိတ်ဖို့ လာခဲ့တာ။မနက်ဖြန် နည်းနည်းစောစောလာနော်။"
ချင်မျန်က "ကျွန်တော်တို့စောစောလာခဲ့ပါ့မယ်။တတိယညီကို အကြောင်းကြားခိုင်းတာ တော့မဟုတ်ဘူး။ဦးလေးကိုယ်တိုင် လာဖိတ်မှတော့ မလာဘဲ ဘယ်နေပါ့မလဲ?"
သုန်တနျုံက ရွှင်မြူးစွာပြောသည်- "မင်းအိမ်သစ်တက်ပွဲတုန်းက ငါတို့မိသားစုက မအားကြတော့ ဘယ်သူမှ မလာဖြစ်ဘူး။ဒီနေ့တော့ ဒီအခွင့်အရေးကို ယူပြီး မင်းတို့ကို ပြန်ကြည့်ရမယ်လေ။မင်းအဒေါ်နဲ့ ငါက မင်းတို့နှစ်ယောက် အဆင်ပြေနေကြတာကိုတွေ့တော့ စိတ်သက်သာရာရသွားတယ်။"
"မိသားစုမှခွဲထွက်ခြင်း" နှင့် ပတ်သက်သည်တော့ တစ်ခွန်းမှ မဟဘဲ "အိမ်သစ်တက်ပွဲ" အကြောင်းကိုသာ ပြောသွားသည်။
ချင်မျန်ကတော့ ပြုံးပြီး နှုတ်ဆိတ်နေ၏။ဒီစကားတွေကို သာမန်ကာလျှံကာနားထောင်နေမယ်ဆိုရင်တော့ ကိစ္စမရှိ။သူသိသလောက်ဆို သုန်တနျုံမှာ သားသုံးယောက်ရှိ၏။သူ့မှာ ကြီးကြီးမားမား တစ်ခုခုဖြစ်သွားခဲ့ရင်တောင် ခဏလောက်ထိုင်ဖို့ လူတစ်ယောက်ကို လွှတ်ဖို့ အချိန်မရှိဘူးလား?အခု သူက သူတို့ကို ဝက်ယဇ်ပူဇော်ပွဲသို့ ဖိတ်ချင်နေ၏။မည်သို့ပင် တွေးကြည့်ကြည့် ထူးဆန်းနေသည်။
သုန်တနျုံမှာ တခြားလုပ်စရာတွေ ရှိပုံရ၏။ခဏထိုင်ပြီး ပြန်ထွက်သွားသည်။
လဲ့ယ်ရှန်းရီသည် ခြေလှမ်းအနည်းငယ်ကို တမင်နှေးကွေးပြီး အသံတိုးတိုးဖြင့် သတိပေးလိုက်သည်- “ဦးလေးရဲ့သားထွေးက ထောင်ကျဖူးတယ်။အစ်ကိုတို့နှစ်ယောက် မနက်ဖြန် သူတို့အိမ်မှာ သတိထားနေနော်"
ချင်မျန် အံ့အားသင့်သွားသည်။
လဲ့ယ်ထျဲလည်း အနည်းငယ် အံ့သြသွားသည်။နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့သောကြောင့် သူ့ဆွေမျိုးများ၏အရေးကို အမှန်တကယ် သူ မသိချေ။
"ဘာလို့ထောင်ကျတာလဲ?" ချင်မျန်က လဲ့ယ်ရှန်းရီကို ချက်ချင်းမေးလိုက်သည်။
လဲ့ယ်ရှန်းရီ သက်ပြင်းချလိုက်၏။ “ဦးလေးနဲ့ အဒေါ်က ဝမ်းကွဲဝေကို အရမ်းအလိုလိုက်ခဲ့တယ်။ငယ်ငယ်တုန်းကတော့ အနိုင်ကျင့်တာမျိုးပဲ ရှိတယ်။ကြီးလာတော့ နွားခိုးဖို့တောင် သတ္တိရှိလာပြီ။ဒဏ်ငွေ ၁၀ တုံးနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရတယ်လေ။ သတ္တမမြောက်လတုန်းက သူပြန်ရောက်လာခဲ့တယ်။ထောင်ထဲမှာ သင်ခန်းစာတစ်ခုလောက် ရခဲ့မယ်လို့ ထင်တာပဲ...သူထွက်လာပြန်တော့လည်း သင်ခန်းစာကောင်းကောင်းမရသေးတာကိုရော ဘယ်သူကသိနိုင်မှာလဲ.....ဘာပဲဖြစ်ဖြစ် မနက်ဖြန်ကျရင် သတိထားနေပေါ့။"
ကြီးမြတ်သော ရှမင်းဆက်၏တောင်သူလယ်သမားများအတွက် လယ်ထွန်ခြင်းနှင့် ရိတ်သိမ်းခြင်းသည် သူတို့၏အသက်သွေးကြောဖြစ်သည်။ထို့ကြောင့် စီရင်ချက်က လေးနက်၏။လဲ့ယ်ရှန်းရီ ထွက်သွားပြီးနောက် ချင်မျန်သည် ခဏလောက်စဉ်းစားပြီး လဲ့ယ်ထျဲအား မဝံ့တရဲ မေးလိုက်သည်။"မနက်ဖြန် ခင်ဗျားတစ်ယောက်တည်း သွားရင်ရော ဘယ်လိုလဲ?"
လဲ့ယ်ထျဲက သူ့ကို စိုက်ကြည့်နေကာ ပြန်မပြောပေ။
ချင်မျန်သည် သူ့ကိုယ်သူ သစ္စာရှိမှုကင်းမဲ့လွန်းတယ်လို့ ခံစားခဲ့ရပြီး "ကောင်းပြီ... အတူတူသွားကြတာပေါ့။"
လဲ့ယ်ထျဲက "ကိုယ် သူတို့ မင်းကို အနိုင်ကျင့်ခွင့်မပြုပါဘူး။"
Advertisement
ချင်မျန်သည် ဆက်တီထိုင်ခုံ၏လက်ရန်းကိုမှီ၍ သူ့ကိုကြည့်ကာ "ဘယ်သူက ကြောက်လို့လဲ?ဘာပဲဖြစ်ဖြစ် ကျွန်တော် ခင်ဗျားဆီက ကွန်ဖူးကို သင်ယူနေတာ ကြာပြီလေ။ကျွန်တော် သူ့တို့ကို မတိုက်နိုင်ဘူးလို့ ဆိုလိုတာတော့ မဟုတ်ဘူးမလား?မနက်ဖြန်ကျရင် အခြေအနေကောင်းမယ်လို့ မထင်ဘူး။”
နောက်တစ်နေ့ နံနက်စာစားပြီးသောအခါ ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် အိမ်ဟောင်းမှလူများနှင့်တွေ့ဆုံရန် နွားလှည်းလေးကိုမောင်းသွားကြသည်။အိမ်ဟောင်းကလူတွေအားလုံး အပြင်မှာရှိနေပြီး လဲ့ယ်ရှန်းကျစ်သည်လည်း ဒီနေ့ အားလပ်ရက်မို့ သူလည်း အတူတူလိုက်၏။လူဦးရေများတဲ့အပြင် သုန်တနျုံ၏ရွာသည် အနည်းငယ်အလှမ်းဝေးသောကြောင့် လဲ့ယ်တာချန်က ရွာသားတစ်ဦးထံမှ မြည်းလှည်းကို ငှားယူခဲ့သည်။
ချင်မျန်၊ လဲ့ယ်ထျဲ၊ လဲ့ယ်ရှန်းရန်၊ လဲ့ယ်ရှန်းရီ နှင့်လဲ့ယ်ရှန်းကျစ်တို့က နွားလှည်းတစ်စီး၊ လဲ့ယ်တာချန်၊ တုရှီ၊ ဝေရှီ၊ ချင်းရှီ၊ ကျိုးရှီ၊ လဲ့ယ်ချွင်းထောင်နှင့် ကလေးသုံးယောက်တို့သည် မြည်းလှည်းတစ်စီး သွားကြသည်။မိသားစုနှစ်စုသည် သုန်တနျုံရွာသို့ ကြီးကျယ်ခမ်းနားစွာ စီတန်းသွားခဲ့ကြသည်။
မကြာသေးမီက မိုးမရွာခဲ့ချေ။ရွာလမ်းက မြေသားလမ်းဆိုပေမယ့် နင်းရတာ လွယ်၏။မြည်းလှည်းလေးသည် တစ်နာရီခန့် မောင်းသွားခဲ့ရသည်။ရေကန်နှစ်ကန်ကြားက မြေသားလမ်းကို ဖြတ်ပြီး မိုးမခပင်တွေနဲ့ ကျိုင်းပင်တွေ ဝန်းရံထားတဲ့ ရွာတစ်ရွာထဲကို ဝင်သွား၏။လဲ့ယ်ထျဲက နောက်မှလိုက်လာသည်။
သုန်တနျုံရဲ့ရွာကို ရောက်ချေပြီ။
လဲ့ယ်တာချန်၏အစ်မ လဲ့ယ်ရှောင်ယွမ်နှင့် သူ့ယောက်ဖ သုန်တနျုံတို့အပြင် အသက် 20 ခန့်ရှိ လူငယ်တစ်ဦးလည်း သူတို့အား ကြိုရန် တံခါး၍ ရောက်နေသည်။
လဲ့ယ်ရှန်းရီက ချင်မျန်ကို တိုးတိုးလေးကပ်ပြော၏။ "အဲဒါက ဝမ်းကွဲဝေလေ။"
ချင်မျန်သည် သုန်ဝေကို တိတ်တဆိတ်အကဲဖြတ်ကြည့်နေသည်။သူသည်ကား အတော်လေးအရပ်ရှည်ပြီး အဆီအနည်းငယ်ရှိကာ မျက်ခမ်းနှစ်ထပ်ဖြင့် ပဲတောင့်လိုမျက်လုံးတစ်စုံနှင့် အသားအရေခပ်လတ်လတ်ရှိသည်။ပထမတစ်ချက် ကြည့်ရုံနဲ့တင် သူသည် လှည့်စားတတ်ပြီး မရိုးသားသည့်ပုံ ပေါက်၏။
“တတိယမောင် ညီမတု၊ ညီမဝေ အားလုံး ရောက်လာပြီပေါ့။လာ အထဲဝင်ကြလေ"
လဲ့ယ်ရှီသည် တုရှီ နှင့် ဝေရှီ၏လက်နှစ်ဖက်ကို ချစ်ခင်စွာတွဲလျက် သုန်ဝေအား ဆူလိုက်သည်။ “ဒါက မင်းရဲ့ဝမ်းကွဲအစ်ကိုထျဲနဲ့ အစ်ကိုမျန်လေ။ ဘာလို့ သူတို့ကို မနှုတ်ဆက်သေးတာလဲ?"
သုန်ဝေသည် ချင်မျန်ကို ခပ်ပြင်းပြင်းအကြည့်ဖြင့် အပေါ်အောက် စုန်ကြည့်ကာ လဲ့ယ်ထျဲကို တစ်ဖန်ပြန်ကြည့်လိုက်သည်။သူက ယောင်ဝါးဝါး ပြုံးပြီး ကောင်းမွန်စွာ နှုတ်ဆက်လိုက်သည်။
“ဝမ်းကွဲအစ်ကိုထျဲနဲ့ အစ်ကိုမျန်....ကျေးဇူးပြုပြီး အထဲကို ဝင်ပါ”
ပထမဆုံးတွေ့ဆုံမှုတွေက တကယ်အရေးကြီးသည်ချင်မျန်ကတော့ သုန်ဝေ သူ့ကို အများသူငှာရှေ့မှာ "ဝမ်းကွဲ” ဟု မခေါ်သောကြောင့် မကြိုက်ပေ။သုန်ဝေသည် လဲ့ယ်ထျဲတို့ကိုသာ နှုတ်ဆက်ခဲ့သော်လည်း လဲ့ယ်ရှန်းရန်နှင့် အခြားသူများကိုတော့ အထင်ကြီးလောက်စရာမရှိဟု ပြောကာ နှာရှုံ့လိုက်သည်။ သုံးနှစ်အရွယ် ကလေးတောင်မှ ယုံမှာ မဟုတ်ပေ။
T/N: ဒီအပိုင်းမှာပါတဲ့ ရှီဆိုတာက နာမည်မဟုတ်ပါဘူးနော် မျိုးရိုးနာမည်နောက်က တပ်ခေါ်တာပါ ဥပမာ- တုရှီ၊ ချင်းရှီ၊ ဝေရှီ၊ လဲ့ယ်ရှီ၊ ကျိုးရှီ
လဲ့ယ်တာချန်၏မွေးချင်းများ
လဲ့ယ်ရှောင်ယွမ်(မ)
လဲ့ယ်တာကောင်း(က)
လဲ့ယ်တာချန်(က)
လဲ့ယ်ရှောင်ဖန်း(မ)
_______________________________
အိမ်ထဲမှာ လူတွေအများကြီး ထိုင်နေ၏။လဲ့တာ့ကောင်းနှင့် သူ့ဇနီး၊ သားနှစ်ယောက်၊ အကြီးဆုံးချွေးမ၊ မြေးနှစ်ယောက်နှင့် မြေးမနှစ်ယောက်တို့ ရှိနေခဲ့ကြသည်။အားလုံးနီးပါးက အိမ်ထဲမှာပင်။လဲ့ယ်ရှောင်ဖုန်း၏မိသားစုလည်း ရှိနေသည်။လဲ့ယ်ရှောင်ဖုန်း၏ခင်ပွန်း၏အမည်မှာ ဝမ်ယောင်ရှု့ဖြစ်၏။သူတို့၏အကြီးဆုံးသမီး ဝမ်ရှောင်ရှန်းသည် လက်ထပ်ပြီးသားဖြစ်ကာ တစ်ဦးတည်းသောသားဖြစ်သူ ဝမ်ယောင်ကျူးသည် ချန်းရှီနှင့် လက်ထပ်ခဲ့ပြီး အငယ်ဆုံးသမီးဖြစ်သူ ဝမ်ရှောင်ရော့သည် စေ့စပ်ထားပြီးဖြစ်ကာ လာမည့်နှစ် စတုတ္ထလတွင် လက်ထပ်မည်ဖြစ်သည်။လဲ့ယ်ရှောင်ယွမ်နှင့် သုန်တနျုံ၏အကြီးဆုံးသား သုန်ယင်း၊ ဒုတိယသား သုန်ရှုန်း၊ အကြီးဆုံးချွေးမ ဝမ်ရှီ နှင့် ဒုတိယချွေးမ ရှောင်ဝမ်တို့သည် ဧည့်သည်များကို ဧည့်ခံပေးကြသည်။
ပြောမရဆိုမရကလေးများစွာကတော့ အိမ်တဝိုက်တွင် ပြေးလွှားနေကြကာ စိတ်အနှောင့်အယှက်ဖြစ်စေသည်။
လဲ့ယ်ရှောင်ယွမ်၊လဲ့ယ်တာ့ကောင်း၊ လဲ့ယ်တာချန်နှင့် လဲ့ယ်ရှောင်ဖုန်းတို့သည် မွေးချင်းများဖြစ်သည်။ချင်မျန်သည် လဲ့ယ်တာချန်၏ဆွေမျိုးအားလုံးကို ယနေ့မှပင် သိတော့သည်။
ဗဟိုခန်းတွင် လူများစွာဖြင့် စည်ကားနေသည်။ဒါပေမယ့် ကံကောင်းထောက်မစွာ ဗဟိုအခန်းက ကျယ်တာမို့လို့သာ မဟုတ်ရင် တကယ်အဆင်မပြေလောက်ပေ။
လဲ့ယ်တာချန်နဲ့ လဲ့ယ်တာ့ကောင်းတို့သည် သူတို့နှစ်ယောက်ကြားမှာ ဘာမှပြောစရာမရှိ။သူတို့သည် ယဉ်ကျေးသော စကားနှစ်ခွန်းကို ပြောပြီးနောက် လျစ်လျူရှုကာ အခြားသူများကို အသီးသီး နှုတ်ဆက်နေကြသည်။နှုတ်ခွန်းဆက်စကား ဖလှယ်ပြီးနောက် အခန်းတွင်းရှိ လူတိုင်း ထိုင်ကြတော့သည်။ထို့နောက် ချင်မျန်နှင့် လဲ့ယ်ထျဲတို့ဆီ အကြည့်အနည်းငယ် လွင့်လာကြ၏။
ချင်မျန်က ဒါကို သတိမထားမိပုံရပြီး နံရံနားမှာ ငြိမ်သက်စွာထိုင်ကာ ခြေထောက်နှစ်ဖက်ကို သပ်သပ်ရပ်ရပ်ချထားပြီး လက်ဖက်ရည်ပူပူတစ်ခွက်ကို ရံဖန်ရံခါ ငုံ့သောက်နေလိုက်သည်။
အစပိုင်းတုန်းကတည်းက မျက်နှာသေမျိုးကို ပိုင်ဆိုင်ထားသည့်လဲ့ယ်ထျဲကတော့ ဘာမှမဖြစ်သလို နေမြဲပင်။
ခဏအကြာတွင် အပြင်မှတစ်ယောက်က လှမ်းအော်ခေါ်လိုက်သည်။ "ဝက်ဖမ်းဖို့လာကြဟေ့!"
အမျိုးသားဧည့်သည် အများအပြားသည် ကူညီရန် သို့မဟုတ် စောင့်ကြည့်ရန် ထွက်သွားခဲ့ကြပြီး ကလေးများကတော့ စည်ကားနေသော မြင်ကွင်းကို ကြည့်ရှုရန် ပြေးထွက်လာခဲ့ကြသည်။
ချင်မျန်လည်း မလှုပ်သလို လဲ့ယ်ထျဲသည်လည်း တုပ်တုပ်မလှုပ်ပေ။
ဝေရှီက တုရှီကို ပြောလိုက်သည်။ “မမ....ညီမတို့ မီးဖိုချောင်ကို သွားကြမလား?”
တုရှီက “ငါ့ကို ပြောစရာမလိုဘူး။အဘိုးကြီးကို သွားပြော။နင် သူ့ကို မပြောရင် လုံ့လဝီရိယရှိတယ်ဆိုတာ သူ ဘယ်လိုသိမလဲ?"
ဝေရှီသည် မခံချိမခံသာနဲ့ စိတ်ဆိုးသွားသော်လည်း "မမက ညီမကို စိတ်ဆိုးနေတာလား?အတိအကျပြောရရင် မမနဲ့ ညီမကြားမှာဆိုရင် မမက အကြီးဆုံးအစ်မနဲ့ ပိုရင်းနှီးတယ်လေ။ဒါပေမယ့် အခု ညီမ မှားသွားပြီပဲ။မမက ဆုံးမတာဆိုတော့ မသွားရဲတော့ပါဘူး။"
တုရှီ ရုတ်တရက် ထရပ်လိုက်သည်။ "ငါပျင်းတယ်လို့ နင် ဆိုလိုနေတာလား?"
ဝေရှီက “မမ တကယ်ကို နားလည်မှုလွဲနေတာပဲ။အင်း...ဒါဆိုရင်လည်း ညီမလေး တစ်ချက်သွားကြည့်လိုက်ဦးမယ်" ထို့နောက် သူမထွက်သွားလိုက်သည်။
လဲ့ယ်ထျဲက ရုတ်တရက် အသံနိမ့်ပြီး ကပ်ပြောသည်။ “တုရှီက အားနည်းလွန်းတယ်”
ချင်မျန်က သူဘာကိုဆိုလိုသည်ကို နားလည်သည် — ဝေရှီသည် တုရှီကို လုံးလုံးလျားလျား ဖိနှိပ်ထားနိုင်သည်နှင့် သူတို့နှစ်ဦးလုံးကိုလည်း စောင့်ကြည့်ကောင်းစောင့်ကြည့်နေလောက်မည်ဖြစ်သည်။
ဒါပေမယ့် ဒါကို သူစိတ်မပူပေ။ဝေရှီ၏နောက်ကျောကို တိတ်တဆိတ် မျက်မှောင်ကြုတ်ကြည့်နေသည့် လဲ့ယ်ရှန်းကျစ်ဆီသို့ မေးထိုးပြလိုက်၏။ “ပဉ္စမမြောက်ညီကတော့ တုရှီကို ဒုက္ခ မရောက်စေလောက်ပါဘူး။”
လဲ့ယ်ညီအကိုများထဲတွင် တုရှီသည် လဲ့ယ်ရှန်းကျစ်ကို အချစ်ဆုံးဖြစ်ပြီး လဲ့ယ်ရှန်းကျစ်သည်လည်း တုရှီကို အချစ်ဆုံးဖြစ်သည်။ဝေရှီက တုရှီကို တစ်ချိန်လုံးထိန်းထားနိုင်မည်မှာ မဖြစ်နိုင်ပေ။တုရှီကို လဲ့ယ်ရှန်းကျစ်က လမ်းညွှန်ပြလိုက်သည်နှင့် သူမ၏ "တိုက်ခိုက်ရေးထိရောက်မှု" သည် ဝေရှီနှင့် ယှဉ်နိုင်သွားမည်ဖြစ်သည်။ထို့ကြောင့် တုရှီ၏အားနည်းမှုမှာ ယာယီသာဖြစ်ပြီး ဝေရှီနှင့် သူမတို့ကြား “ရုန်းကန်မှု” သည် ဆက်လက်ရှိနေဦးမည် ဖြစ်၏။
သုန်ဝေရောက်လာပြီး “ဝမ်းကွဲထျဲ နဲ့ အစ်ကိုမျန် ဘာတွေပြောနေတာလဲ?အိမ်ထဲမှာ စောင့်ရတာ ပျင်းစရာကြီး။ကျွန်တော် အစ်ကိုတို့နှစ်ယောက်နှင့်အတူ လမ်းလျှောက်ထွက်ပေးရမလား?"
ချင်မျန်သည် ခြံဝင်းကို ကြည့်လိုက်တော့ လူတွေ အများကြီး စည်ကားနေ၏။ထောင့်မှာ ဝက်ခြံရှိနေရာ ဝက်တစ်ကောင်ကိုဖမ်းရန် လူကြီးများစွာ စုရုံးရောက်ရှိလာကြသည်။အလေးချိန်ကျင်း 200 နီးပါးရှိသော ဝက်သည် ဝက်ခြံပတ်လည်တွင် ပြေးလွှားနေပြီး အဆက်မပြတ် အော်ဟစ်နေသည်။အသံက နားထဲသို့ စူးစူးရဲရဲ စူးရှဝင်လာသည်။သူက သုန်ဝေကို ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်၏။
ခြံဝင်းထဲကနေ ထွက်ပြီး ရွာလမ်းအတိုင်း လမ်းလျှောက်လာကြသည်။
ဆောင်းရာသီတွင် ရွာရှိ နေရာတိုင်းသည် ခြောက်သွေ့သော မြေသားများ ဖြစ်သဖြင့် လှပသော ရှုခင်းများ မရှိပေ။သုံးယောက်သား မထင်မှတ်ဘဲ ရေကန်တစ်ခုသို့ ရောက်သွားကြသည်။
ညှိုးနွမ်းပြီး အဝါရောင်ကြာပန်းရိုးတံ အများအပြားသည် ကြည်လင်သောရေထဲတွင် တိုတိုရှည်ရှည် မတ်မတ်ထောင်နေကာ အထီးကျန်မှုကို ခံစားရစေသည်။ရံဖန်ရံခါ လေပြင်းတိုက်သောအခါ ရေမျက်နှာပြင်မှာ အနည်းငယ် ရွေ့လျားသွားသည်။
သုန်ဝေက ရပ်လိုက်ပြီး စကားစပြောလိုက်သည်။ "ဝမ်းကွဲထျဲတို့က မြို့မှာ စားသောက်ဆိုင်ဖွင့်ထားတယ်လို့ အမေပြောတာ ကြားတယ်။စီးပွားရေးကောင်းမယ်လို့ထင်တယ်။"
လဲ့ယ်ထျဲက "မဆိုးပါဘူး"
သုန်ဝေက “ဝမ်းကွဲထျဲအတွက် ဂုဏ်ယူပါတယ်။ဆက်ပြီး အခြေအနေကောင်းလာပါစေလို့ ဆုတောင်းပါတယ်ဗျာ။အစ်ကိုတို့ဆိုင်မှာ ဝန်ထမ်းငါးယောက်ရှိတယ်ဆိုတာလည်း ကျွန်တော် ကြားသေးတယ်"
လဲ့ယ်ထျဲက ခေါင်းညိတ်လိုက်သည်။
သုန်ဝေက သူ့ကို ဆိုင်မှာ အလုပ်ပေးခိုင်းမယ်လို့ထင်ခဲ့သော်လည်း သုန်ဝေက ပြုံးပြီး အကြောင်းအရာကို ပြောင်းလဲလိုက်၏။ "ကျွန်တော်တို့ရွာရဲ့ အနောက်ဘက်မှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တောင်ပေါ်ကနေ လှိမ့်ဆင်းလာတဲ့ ကျောက်တုံးကြီးရှိတယ်။ပုံသဏ္ဍာန်အားဖြင့် အလွန်ထူးဆန်းပြီး အနီးနားမှာတော့ အရမ်းနာမည်တယ်။အစ်ကိုတို့နှစ်ယောက်သွားကြည့်ကြမလား?"
ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။သူ ဘာတွေစီစဉ်နေမှန်းမသိဖြစ်သော်လည်း သူ့နောက်ကို လိုက်သွားကြ၏။
ကျောက်တုံးကြီးကို သွားကြည့်ပြီးနောက် သုံးယောက်သား ဖြည်းညှင်းစွာ ပြန်လာခဲ့ကြသည်။သုန်ဝေသည် ဆိုင်အကြောင်း မပြောတော့ဘဲ တခြားအရေးမကြီးသော ကိစ္စအချို့ကိုသာ ပြောနေခဲ့သည်။
လဲ့ယ်ရှောင်ယွမ်သည် သူ့သားအငယ်ဆုံးကို မြင်သည်နှင့် တပြိုင်နက် သူမ သူ့ကို မျက်စောင်းထိုးပြလိုက်သည်။
သုန်ဝေက ချင်မျန်နဲ့ လဲ့ယ်ထျဲကို ဗဟိုခန်းထဲကိုလိုက်ပို့ပေးပြီး ပြန်ထွက်လာ၏။
လဲ့ယ်ရှောင်ယွမ်က သူ့ကို ဘေးသို့ ဆွဲခေါ်လိုက်ပြီး "လဲ့ယ်ထျဲက မင်းကို ဆိုင်မှာ အလုပ်လုပ်ခွင့်ပြုဖို့ သဘောတူလား?"
သုန်ဝေက လက်ပိုက်လိုက်ပြီး ပျင်းရိစွာဖြေလိုက်သည်။ "ကျွန်တော် မမေးလိုက်ဘူး”
လဲ့ယ်ရှောင်ယွမ်က အံ့အားသင့်သွားကာ လက်ညိုးထိုးပြီး "ဒီကလေးကတော့ အမေ မင်းကို မပြောဘူးလား--"
သုန်ဝေက သူမကို စကားဖြတ်ပြောလိုက်သည်။ “အမေ၊ စိတ်မပူပါနဲ့။ကျွန်တော့်မှာ အစီအစဉ်ရှိတယ်။"
"မင်း အစီအစဉ်ကဘာလဲ။မင်းရဲ့ဝမ်းကွဲထျဲဆိုင်မှာ အလုပ်လုပ်နိုင်ရင် တစ်လကို ဝမ် 600 ~ 700 လောက်ကို အနည်းဆုံးရနိုင်တယ်။"
လဲ့ယ်ရှောင်ယွမ်က မကျေမနပ်ဖြစ်ပြီး စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်၏။တကယ်တော့ သူမသည်လည်း သူမသား၏အကျင့်သီလကို သူ့စိတ်ထဲတွင် သိသည်။ထောင်ထဲက အကျင့်ဆိုးတွေ အများကြီးယူခဲ့ပြီး သူ့တစ်ကိုယ်လုံးလည်း အများကြီးပြောင်းလဲသွား၏။သူပထမဆုံးပြန်လာတုန်းကတော့ သူ့ကို မမှတ်မိသလောက်ပါပဲ။ဒါပေမယ့် နောက်ဆုံးတော့ သူက သူ့ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ အသားတစ်စပဲလေ။သူမ ဘယ်လိုမှ စိတ်မပူဘဲ မနေနိုင်တော့ဘူး။ အခြားမိသားစုရဲ့သားတွေက များသောအားဖြင့် အသက် ၁၆ နှစ်မှ ၁၇ နှစ်ကြားတွင် အိမ်ထောင်ပြုသည်။သူမသားကတော့ဖြင့် အသက် 19 နှစ်ရှိပြီဖြစ်ပြီး လေးကြိမ်မှ 5 ကြိမ် ဆက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။နည်းလမ်းမရှိလာတော့ရင် သူဘာလုပ်ရမလဲ?
Advertisement
- In Serial28 Chapters
Aino and Eien
Luckless Eien is stuck surviving with his former sociopathic squad leader, Aino, after their city burns to the ground during a rebellion against the government. They are pursued by government agents, and Aino seems to know what she is doing, but can Eien really trust the woman who kills without remorse? His survival depends on it.
8 175 - In Serial11 Chapters
Threads
Three friends get brought to a world to change their fates. In this world, fighting along side your friends makes you stronger, faster, more resiliant to attacks. In order to return home, they must complete the Thread-weaver's challenge.
8 136 - In Serial8 Chapters
Twenty
A young woman runs away from her secluded childhood only to find that her new life may be coming to a hellish end.
8 137 - In Serial62 Chapters
The New Start By Sudar
I wanted to write about something similar to re monster (a other light novel about reincarnation its my main topic)it will be about a guy called Blue who dies at the beginning of the prologue and gets reincarnated into a world ofswords and magic born as a half demon half elf he realizes that he remembers his past life andtries to do better in his new life. the story i wrote pretty much 4 chapters on paper and have more ideas so fari am completely new to this and wanted to have some fun writing i never wrote a fanfiction before other then justwriting aimlessly since now i pretty much only read novels books and fanfictionMature it will depend
8 160 - In Serial13 Chapters
Don't Worry, We Have The Best Supporter On Our Team
Adventurer Academy, an education facility meant to teach students swordsmanship, spells, alchemy and smithing skills provided up to advanced levels to become full fledged adventurers. Students, however, are free to choose their paths. This is a story revolves around a young female magician and a classless student.
8 199 - In Serial12 Chapters
IGCSE science Chemistry study notes
These notes are only for myself, but if you somehow managed to find this you are welcome to use it as well
8 211

