《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[62]
Advertisement
[Unicode]
062: လဲ့ယ်ထျဲဆီမှ လက်ဆောင်
လဲ့ယ်ထျဲ သူ့ကို အမြန်တားလိုက်ရ၏။ “အရက်ကို အရင်မသောက်နဲ့။စားစရာရှိတာ အရင်စား”
ချင်မျန်သည် သူ့ပါးစပ်ကို စိုစွတ်စေဖို့(အာစွတ်) အတွက် ဟင်းနုနွယ်ရွက်ကို ကိုက်ဝါးပြီးနောက် အနည်းငယ် သက်တောင့်သက်သာရှိသွားသည်။ဆန်မှုန့်(မုန့်ညှက်)နှင့်ပေါင်းထားသည့်ဝက်သားပေါင်းကို စားပြီးနောက် ဝိုင်ခွက်ကို ထပ်ယူကာ လဲ့ယ်ထျဲနှင့် ခွက်ချင်းတိုက်လျက် ပြောလိုက်သည်။ “သောက်”
ဒီတစ်ခါမှာတော့ ခပ်ဖြည်းဖြည်းသာသောက်ပြီး အရသာကို နည်းနည်း မြည်းစမ်းကြည့်လိုက်၏။သူ့မျက်နှာမှာတော့ အပူရှိန်တွေ တဖြေးဖြေးတက်လာပြီး ဟင်းတွေကို စားဖို့ ကမန်းကတန်းထပ်မံယူလိုက်ရပြန်သည်။
လဲ့ယ်ထျဲကတော့ တစ်ကျိုက်တည်းသောက်ချလိုက်ပြီး သူ့ကို အနှောင့်အယှက် မပေးပေ။
နေဝင်ရီတရော အချိန်ရောက်လာသည်နှင့် အခန်းက ပိုမိုမှောင်လာကာ လဲ့ယ်ထျဲသည် အခန်းအလယ်ထောင့်တိုင်းရှိ ဆီမီးခွက်များကို ထွန်းညှိလိုက်ကာ အခန်းကို မီးလင်းစေလိုက်သည်။
ချင်မျန်သည် သူ့ရဲ့အဖျားတက်နေသလိုဖြစ်နေသည့်မျက်နှာကို ထိကြည့်လိုက်ကာ အနည်းငယ် မကျေမနပ်ဖြစ်နေ၏။
ယောက်ျားတစ်ယောက်ဆိုရင် အရက်(အရက်သောက်နည်း)ကို သိထားဖို့ လိုတယ်။တစ်ခွက်တည်းနဲ့များ မျက်နှာကို ဘယ်လိုများနီရဲသွားစေရတာလဲ?ငယ်ရွယ်စဥ်ကတည်းက အရက်ကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ထားသင့်တယ်။
ဤသည်ကိုတွေးပြီး လည်ပင်းကိုမော့ကာ ခွက်ထဲမှာကျန်နေတဲ့ဝိုင်ကို အကုန်သောက်ချလိုက်၏။
လဲ့ယ်ထျဲက မျက်မှောင်ကြုတ်ကာ သူ့ပန်းကန်ထဲကို ဟင်းတွေထည့်ပေးလိုက်သည်။
“ဝိုင်က ဘာမှမကောင်းဘူး။ဘာလို့များ လူတွေက ကြိုက်ကြရတာလဲ?" ချင်မျန် ပြောရင်း နောက်တစ်ခွက်ထပ်လောင်းထည့်လိုက်သည်။လဲယ်ထျဲ သူ့ခွက်ကို ဆွဲယူသွားကာ။ "မသောက်ခင် များများစား။"
“အွန်း.....” ချင်မျန်၏ခေါင်းမှာ အနည်းငယ်မူးဝေနေပြီး သူ့တုံ့ပြန်မှုမှာလည်း အနည်းငယ်နှေးကွေးနေသည်။သူ ဟင်းအနည်းငယ်ကို နာခံစွာယူကာ သွပ်သွင်းလိုက်၏။
"........"
လဲ့ယ်ထျဲသည် ချင်မျန်တစ်ယောက် သူ့ခေါင်းကြီးတစ်ခုလုံး ရီဝေဝေဖြစ်နေသည်ကို အခွင့်ကောင်းယူကာ ဟင်းသုံးခွက်ထဲမှ အချို့ကို ပန်းကန်လုံးထဲသို့ ထပ်ထည့်ပေးလိုက်သေးသည်။
ချင်မျန်သည် ပန်းကန်လုံးတစ်ဝက်ကျော်ထိကို စားလိုက်၏။သူ့မျက်လုံးထောင့်ကနေ ဝိုင်ခွက်ကိုမြင်တော့ ကောက်ကိုင်လိုက်ပြီး ပါးစပ်ထဲအပြည့် သောက်ချလိုက်ပြန်၏။ထို့နောက် သူ ခွက်ကို မြှောက်ကာ “နောက်တစ်ခွက်”
“လျှော့သောက်၊ များများစား” လဲ့ယ်ထျဲက ပြောသည်။
"မစားဘူး။ ကျွန်တော် အရက်သောက်တာကို လေ့ကျင့်ထားရမယ်" ချင်မျန်သည် ဝိုင်ပုလင်းကို လှမ်းယူလိုက်သည်။
လဲ့ယ်ထျဲက ဝိုင်ပုလင်းကို အရင်ယူလိုက်ပြီး ခွက်တစ်ဝက်သာ ထည့်ပေးလိုက်၏။ချင်မျန် ကျစ်ခနဲအသံထွက်ကာ လဲ့ယ်ထျဲ၏လက်ကို သူလက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ဝိုင်ခွက်ပြည့်သွားတော့မှ လွှတ်ပေးလိုက်သည်။သူ ကျေနပ်အားရစွာ ပြုံးပြီး အသေအချာကို ပြောလိုက်သေး၏။ “ကျွန်တော် သောက်နိုင်ပါတယ်”
လဲ့ယ်ထျဲက ဝိုင်အိုးကို အဝေးမှာ ထားလိုက်တော့သည်။ချင်မျန်ကတော့ တစ်ချက်တည်းဖြင့် သောက်ပြီးသွားပြီ။ကြီးကြီးမားမားမဟုတ်သေး(အမူးမလွန်သေး)ဟုတွေးကာ ဝိုင်ပုလင်းကို သွားယူပြန်သည်။မတော်တဆတိုက်မိကာ ဝိုင်ပုလင်းမှာ ပြုတ်ကျပြီး မြေပြင်ပေါ်သို့ ကျကွဲသွားလေသည်။ “ခွမ်း” ဟူသော အသံနှင့်အတူ ကြမ်းပြင်တစ်ခုလုံး ကွဲစတွေ ပြန့်ကျဲသွား၏။
"အမ်?ကျွန်တော် မရည်ရွယ်ပါဘူး.....”ချင်မျန် မတ်တပ်ထရပ်လိုက်သော်ငြား သူ့ခြေထောက်တွေက ယိုင်ထိုးနေကာ ညွှတ်ကျသွားသည်။
လဲ့ယ်ထျဲ သူ့ကို လက်နှစ်ဖက်ဖြင့် အမြန်ဖမ်းထိန်းပေးလိုက်ပြီး ဘေးနားက ကုလားထိုင်ပေါ်တွင် တင်ပေးလိုက်ကာ သူ့ကို စေ့စေ့ကြည့်လိုက်သည်။လူငယ်လေး၏ခန္ဓာကိုယ်သည် နူးညံ့ပျော့ပျောင်းသွားကာ သူ့မျက်လုံးတွေကလည်း ကွဲကွဲပြားပြား ပြောထွက်ရခက်သည့် အမူအရာဖြင့် ရီဝေဝေဖြစ်နေကာ သူ့ပါးပြင်များမှာလည်း နီမြန်းလို့နေသည်။
"မင်း မူးနေပြီ”
“......."
"ဟုတ်လား?အိုး.....” ချင်မျန် မတုံ့ပြန်ခင် အတန်ကြာအောင် အသိလွတ်ထွက်သွားသည်။မတ်တပ်ရပ်ပြီး "အိပ်တော့မယ်"
မတ်တပ်ထရပ်ပြီးချိန်မှာပင် ယိုင်ထိုးသွားပြန်၏။လဲယ်ထျဲက သူ့ကို ထုံးစံအတိုင်း ပွေ့ဖက်လိုက်ရပြန်သည်။ချင်မျန် မူးနေ၍ လဲကျသွားခြင်းသာ။လဲ့ယ်ထျဲပခုံးပေါ်တွင် လက်နှစ်ဘက်တင်လျက်သားဖြင့် နှုတ်ခမ်းတွေကလည်း ခြောက်ကပ်လာတာကြောင့် သူ့(QM)နှုတ်ခမ်းသူ မသိလိုက်ချိန်မှာပင် ယက်မိလိုက်သည်။
လဲ့ယ်ထျဲ၏မျက်လုံးများက မည်းမှောင်သွားကာ တွယ်ဖက်ထားသည့် လူငယ်လေး၏ခါးတစ်ဝိုက်မှာလည်း တင်းကျပ်သွားသည်။
အချိန်အတော်ကြာပြီးနောက် လဲ့ယ်ထျဲသည် ရုတ်တရက် ခေါင်းငုံ့လာကာ အသက်ရှုသံခပ်ပြင်းပြင်းဖြင့် လူငယ်လေး၏နှုတ်ခမ်းဆီသို့ ဖြည်းညှင်းစွာချဉ်းကပ်လာကာ....ထို့နောက် လူငယ်လေး၏နဖူးကို ဂရုတစိုက် နမ်းရှိုက်လိုက်သည်။
နဖူးပေါ်ရှိ အနည်းငယ်သောယားယံမှုကြောင့် ချင်မျန် ခေါင်းကို တဆတ်ဆတ်ခါယမ်းလိုက်သည်။လဲ့ယ်ထျဲ ခေါင်းငုံ့လိုက်ချိန် သူ့နှုတ်ခမ်းတွေက သူ့ (QM)ရဲ့ နှာသီးဖျားကို မတော်တဆ ပွတ်မိသွား၏။ပါးစပ်ထဲရှိ အရက်နံ့တို့သည် ရောယှက်ကာ သည်းခံနိုင်စွမ်းမရှိသည့်ဆေးကဲ့သို့ ရနံ့မှာ ပိုမိုပြင်းထန်လာသလို။
လဲ့ယ်ထျဲခန္ဓာကိုယ်ရှိ အပူများအားလုံးသည် သူ့ရင်ဘတ်ဆီသို့ ချက်ချင်းတိုးဆောင့်ပျံ့နှံ့သွားပြီး နောက်ဆုံးတွင် တွန်းအားတစ်ခုအဖြစ် စုစည်းသွား၏။သူ့ရဲ့ဘယ်ဘက်လက်ဖဝါးက ချင်မျန်၏ ဦးခေါင်းနောက်ဘက်ကို ဆွဲဖိထားပြီး သူ့နှုတ်ခမ်းတွေက ချင်မျန်၏နှုတ်ခမ်းတွေပေါ် အကြားအလပ်မရှိအောင် ပိတ်ဆို့ထားလိုက်သည်။ချင်မျန်၏ဦးနှောက်ထဲတွင် တကယ့်ကို ဖရိုဖရဲ ဖြစ်နေ၏။အားစိုက်ထုတ်ပြီး မျက်လုံးကိုဖွင့်ကာ တစ်ခုခုပြောရန် ပါးစပ်ကိုဖွင့်လိုက်သော်ငြား သူ့လျှာက ရုတ်တရက် ဖမ်းခံမိသွားလေသည်။ပူပြင်းတဲ့ အပူချိန်နဲ့အရှိန်ပြင်းပြင်းက သူ့သံသယတွေနဲ့ သူ့ရဲ့ကျန်ရှိနေတဲ့ ခွန်အားတွေကို ဖယ်ရှားပစ်လိုက်၏။
လဲ့ယ်ထျဲသည် တစ်ဖက်လူ အသက်ရှူရခက်သည့်တိုင်အောင် နမ်း၍ပင် မပြီးနိုင်သေး။
သူ့ရင်ဘတ်ပေါ်တွင် မလှုပ်မယှက် ငြိမ်ငြိမ်လေးမှီနေသည့် လူငယ်လေးကို ငုံ့ကြည့်ရင်း မူလအစက နက်မှောင်နေသော မျက်လုံးများသည် ပြန်လည် ကြည်လင်ပြတ်သားလာသည်။သူ ထိုလူငယ်လေး၏မေးစေ့ကို ပင့်မြှောက်ကြည့်လိုက်တော့ အံ့အားသင့်သွား၏။သူတကယ် မူးမေ့လဲသွားခဲ့တာပင်။
လဲ့ယ်ထျဲ သူ့နဖူးပေါ်ရှိဆံပင်တွေကို သပ်ပေးလိုက်ပြီးနောက် အလျားလိုက် ပွေ့ချီကာ အိပ်ခန်းထဲသို့ ဝင်သွားလိုက်သည်။
"..........."
Advertisement
ချင်မျန် ခက်ခက်ခဲခဲ မျက်လုံးကို အားယူဖွင့်လိုက်ရပြီးနောက် အမြန်ပြန်ပိတ်လိုက်သည်။သူ့ခေါင်းက လေးလံနေပြီး ထိုးကိုက်နေသလို ခံစားရ၏။နားထင်နှစ်ဖက်စလုံးကို တူဖြင့် အဆက်မပြတ်ထုရိုက်ခံနေရသလို။သူ လက်ညိုးနှစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး မျက်ရိုးတွေကို နှိပ်နယ်နေရင်း ပါးစပ်ကလည်း အဆက်မပြတ် အော်ညည်းနေ၏။ "ကိုက်တယ်၊ကိုက်တယ်၊ ကိုက်တယ်!”
နွေးထွေးတဲ့လက်တစ်စုံက သူ့လက်တွေကို အဝေးကိုရွှေ့လိုက်ပြီး သူ့မျက်ခုံးတွေကို နှိပ်ပေးလိုက်သည်။
ချင်မျန် မျက်လုံးဖွင့်ကြည့်လိုက်တော့ လဲ့ယ်ထျဲတစ်ယောက် အိပ်ယာထဲမှာပဲ ရှိနေသေးတာကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။ပြတင်းပေါက်ကို လှည့်ကြည့်လိုက်ပြန်တော့လည်း အပြင်မှာ နေသာနေပြီ။
"ခင်ဗျားလည်း မထသေးဘူးလား?"
လဲ့ယ်ထျဲ၏မျက်လုံးများက သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။
ချင်မျန်လည်း သူ့ခြေထောက်တွေက လဲ့ယ်ထျဲပေါင်ပေါ်မှာ ရှိနေတာကို သဘောပေါက်ပြီး အမြန်ပြန်ဆွဲယူလိုက်သည်။ထိုအချိန်တွင် သူ့ဗိုက်ကနေ အသံထွက်လာ၏။သူ သက်ပြင်းချကာ ထထိုင်လိုက်သည်။
လဲ့ယ်ထျဲက သူ့ပခုံးကို ပြန်ဖိချလိုက်သည်။
“ခဏစောင့်။”
ချင်မျန် အဝတ်အစားလဲနေရင်း သူ့ကို ကြောင်အလျက် စူးစိုက်ကြည့်နေမိကာ လဲ့ယ်ထျဲသည်လည်း အုတ်ကုတင်ပေါ်တွင် စားပွဲငယ်တစ်ခုတင်ပေးပြီး ထွက်သွားခဲ့သည်။ခဏကြာတော့ ဗန်းတစ်ခုနဲ့ပြန်ဝင်လာပြီး ဟင်းပန်းကန်သုံးလုံးနဲ့အတူ ထမင်းတစ်ပန်းကန်ကိုပါ စားပွဲပေါ်တင်လိုက်၏။
ချင်မျန် သူ့ကို သိလိုစိတ်ပြင်းပြင်းဖြင့် ကြည့်ရင်း "ခင်ဗျား လုပ်ထားတာလား?"
လဲ့ယ်ထျဲက “နွေးရုံလောက်ပဲကို ကိုယ် လုပ်နိုင်ပါတယ်။မင်းရဲ့ ဝတ်ရုံကိုဝတ်ထားဦး။"
"....."
ချင်မျန်ကတော့ တကယ်ဗိုက်ဆာနေပြီပဲဖြစ်သည်။မျက်နှာမသစ် သွားမတိုက်ရသေးတာတွေတောင် မသိတော့ဘဲ ထမင်းပန်းကန်ကိုယူ၍ စားတော့သည်။
လဲယ်ထျဲ သူ့အမူအရာတွေကိုကြည့်လိုက်တော့ မနေ့ညက အကြောင်းတွေကို မမှတ်မိတော့မှန်း သိလိုက်ရသည်။
"ဘာကြောင်နေတာလဲ?မစားဘူးလား?" ချင်မျန်က အံသြစွာ မေးသည်။
"ကိုယ် လက်သီးအကွက်တွေကို အရင်လေ့ကျင့်လိုက်ဦးမယ်။"
ချင်မျန်ကတော့ သူ အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားမိသည်။သူ အရှိန်တင်ကာ စားလိုက်ပြီးနောက် ဗိုက်ပြည့်သွားတော့ အဝတ်အစားများ အမြန်ဝတ်ပြီး ခြံထဲသို့ဆင်းလာခဲ့သည်။
နေက တိုင်သုံးတိုင်ထိမြင့်နေပြီဖြစ်သော်လည်း လဲ့ယ်ထျဲကတော့ ခြံထဲတွင် သူ့ရဲ့ခန့်ညားတဲ့မျက်နှာပေါ်ကနေ ချွေးများတရွှဲရွှဲကျလာသည်အထိ လေ့ကျင့်နေဆဲပင်။
လဲ့ယ်ထျဲ၏လက်သီးကွက်ပြောင်းလဲနေသည့်အရှိန်မှာ ယခင်ထက်ပိုမိုမြန်ဆန်လာကာ တစ်စုံတစ်ခုကို ဒေါသဖြေနေပုံပေါ်ရသည်ဟု ချင်မျန်တစ်ယောက် ထင်ယောင်ထင်မှားမဟုတ်ကြောင်း သူ သိလိုက်သည်။သူ ကျောက်တုံးတစ်တုံးကို ကောက်ယူပြီး ပစ်ပေါက်လိုက်သော်ငြား လဲ့ယ်ထျဲက ၎င်းကို သတိမထားမိသလို သူ့လက်သီးချက်လေ့ကျင့်မှုကိုပင် ဆက်လက်လုပ်ဆောင်နေခဲ့သေးသည်။
ချင်မျန်၏ရင်ဘတ်သည် အနည်းငယ်တင်းကျပ်သွားသလို ခံစားလိုက်ရပြီး သူ့လေသံကလည်း သိပ်မကောင်းတော့ပေ။ "ခင်ဗျားကို ဘယ်သူက ရန်စလိုက်တာလဲ?"
လဲ့ယ်ထျဲ သူ့ကို ခဏလောက် ကြည့်လိုက်ပြီး သူ့ (QM)မျက်လုံးထဲ၌ သူ(QM)ကိုယ်တိုင် သတိမထားမိလောက်တဲ့ မကျေနပ်ချက်တွေကို ရိပ်ခနဲဖမ်းမိသွားတာကြောင့် ချက်ချင်း စိတ်သက်သာရာရသွားတော့၏[စိတ်ပြေ]။
"ဘယ်သူမှ မဟုတ်ပါဘူး။နောက်မှဆိုင်သွားမလား?"
ချင်မျန်၏စိတ်မှာ အနည်းငယ် ပြေလျော့သွားပြီး "ကျွန်တော် ရေချိုးလိုက်ဦးမယ်"
သူ ရေချိုးပြီးတော့ လဲ့ယ်ထျဲကတောင် အစားအသောက်တွေကို အခန်းပြင်သို့ယူကာ စားပွဲ၌ထိုင်ပြီး စားသောက်နေပြီဖြစ်လေသည်။
ချင်မျန်သည် ထောင့်စွန်းတွင် ပိုင်တျန့်လေး လဲလျောင်းနေသည်ကို မြင်လိုက်ရပြီး ရင်တထိတ်ထိတ်ဖြင့် ရင်တုန်သွားရသည်။သူ့ကြည့်ရတာ သိပ်အဆင်မပြေနေပုံလည်းရ၏။သူ ထိုင်ချလိုက်ပြီး ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
"လဲ့ယ်ထျဲ...သူ ဘာဖြစ်နေတာလဲ?"
လဲ့ယ်ထျဲက “မနေ့က အစားအသောက်တွေက နည်းနည်းစပ်တာကြောင့် ဖြစ်မယ်––”
ချင်မျန်က "ဒါ ကျွန်တော့်အမှားပါ။ဝံပုလွေတွေက ဆားမစားဘူးလို့ ထင်တယ်။ပြီးတော့လည်း ချက်ပြုတ်ထားတဲ့ အစာကို အရင်ကလည်း တစ်ခါမှ မစားဖူးလို့ ဖြစ်ရမယ်။အစာအိမ်နဲ့ အူတွေက အဲဒါနဲ့ လိုက်လျောညီထွေ မဖြစ်နိုင်တာပဲ”
မီးဖိုချောင်သို့ အမြန်သွားကာ ရေတစ်ခွက်ကိုယူပြီး ပိုင်တျန့်၏အစာပန်းကန်လုံးထဲသို့ လောင်းထည့်ကာ တိုက်လိုက်သည်။
"ဘာလုပ်နေတာလဲ?" လဲ့ယ်ထျဲက မေးသည်။
ချင်မျန်က ဝေ့လည်ကြောင်ပတ် ဖြေလိုက်ပြီး “သူ့အစာအိမ်နဲ့ အူလမ်းကြောင်းတွေကို ပြန်သန့်ရှင်းဖို့ ရေနည်းနည်းတိုက်နေတာ။အားလုံးအဆင်ပြေသွားလိမ့်မယ်။”
အမှန်မှာ ဤရေသည် ဝိညာဉ်စမ်းရေနှင့် ရောစပ်ထားတာကြောင့် ပိုင်တျန့်၏မသက်မသာဖြစ်နေမှုကို အနည်းနှင့်အများ သက်သာစေနိုင်သည်။
လဲ့ယ်ထျဲကတော့ မတိုးမလျော့သာ။ချင်မျန်ရေတိုက်နေတာကို ကြည့်ရင်း သူဆက်စားနေ၏။
ပိုင်တျန့်လေးသည် ရေကို ဖြည်းညှင်းစွာသောက်ပြီးနောက် ခဏလဲလျောင်းနေလိုက်သည်။ထင်ထားသည့်အတိုင်း သူ တတ်တတ်ကြွကြွ ပြန်ဖြစ်လာခဲ့သည်။
ချင်မျန်သည် ဝက်သားအချို့ကိုယူ၍ အတုံးသေးသေးလေးများအဖြစ် လှီးပေးကာ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်သည်။ခေါင်းကိုငုံ့ထားရင်း ပိုင်တျန့်လေးသည် စိတ်အားထက်သန်စွာဖြင့် စားနေ၏။
"နောက်တစ်ခါကျရင် အသားစိမ်းပဲကျွေး" လဲ့ယ်ထျဲ ပြောလိုက်သည်။ချင်မျန်က ခေါင်းညိတ်လိုက်ပြီး "ဒီတစ်ခါတော့ ကျွန်တော် ပေါ့ဆသွားတာပါ"
လဲ့ယ်ထျဲ ထမင်းစားပြီးနောက် နှစ်ယောက်သား နွားလှည်းလေးပြင်ကာ အပြင်ထွက်ရန် အသင့်ပြင်ကြတော့သည်။ပိုင်တျန်လေးသည်လည်း နံရံရှိ အပေါက်ထဲမှ ထွက်လာပြီး နွားလှည်းပေါ်သို့ အမြန်ခုန်တက်သွားသည်။
တံခါးပေါက်ရှိနေတာကို ဒီကနေထွက်ဖို့ ပျင်းနေရလား?ကြည့်ရတာ ပိုင်တျန့်လေးက အဲဒီနံရံက အပေါက်ကို ပိုသဘောကျပုံရတယ်ထင်တယ်!
ချင်မျန်သည် ခြံတံခါးကိုပိတ်ရင်း ရယ်ချင်နေသည့်အကြည့်ဖြင့် သော့ခတ်လိုက်သည်။
ဒီနေ့မှာတော့ လေငြိမ်ပြီး နေသာတဲ့ နေ့တစ်နေ့ဖြစ်ကာ နေရောင်ခြည်က ခန္ဓာကိုယ်ကို နွေးထွေးသွားစေသည်။လမ်းမှာ တစ်ရွာတည်းနေ အဘိုးကြီးနဲ့ ခြောက်နှစ်အရွယ် သူ့မြေးလေးတို့ မြို့ထဲကို အတူတူ လမ်းလျှောက်သွားနေသည်ကို တွေ့လိုက်ရသည်။
ချင်မျန်က သူတို့ကို လှည်းပေါ်တက်ဖို့ ယဉ်ကျေးစွာဖိတ်လိုက်၏။
Advertisement
"အဘိုး...ဟိုမှာ ခွေးလေး။" ကလေးက ပိုင်တျန့်ကို လက်ညှိုးထိုးပြပြီး စကားပြောလိုက်၏။
ပိုင်တျန့်လေးသည် အလွန်ပါးနပ်ကာ အဘိုးအိုနှင့် ကလေးတို့ကို သတိထားကြည့်နေရုံမှတပါး တိုက်ခိုက်ရန် အရိပ်အယောင်မျိုးမရှိပေ။
အဘိုးအိုက သေချာချာ စူးစိုက်ကြည့်နေမိကာ “ဘာလို့ ဝံပုလွေနဲ့တူနေရတာလဲ?”
ချင်မျန်၏နှလုံးသားသည် တခဏမျှခုန်ပေါက်သွားပြီးနောက် “ဝပုလွေခွေးတစ်ကောင်ပါပဲ” ဟု တည်ငြိမ်စွာပြောလိုက်သည်။
“အိုး...” အဘိုးအိုကတော့ သံသယမဝင်ခဲ့ပေ။တကယ်တော့ ဝံပုလွေတစ်ကောင်ဆိုရင်လည်း လူသားတွေနဲ့ နီးနီးစပ်စပ်နေနိုင်မှာမှ မဟုတ်တာ။
ချင်မျန်သည် သူ့ရဲ့လျင်မြန်ဖျတ်လတ်တဲ့ ဖြတ်ထိုးဉာဏ်ကို သဘောကျမိသည်။နောက်ပိုင်းတွင် လူအချို့က ပိုင်တျန့်လေးက ဝံပုလွေဟု ထင်ပါက ၎င်းသည် ဝံပုလွေခွေးတစ်ကောင်ဟု အခိုင်အမာဆိုရမည်။
နွားလှည်းလေးသည် ဆိုင်တံခါးဝသို့ ရောက်လာသောအခါ ကျန်းလျို နှင့် ဝမ်ရှောက်တို့သည် လာ၍ နှုတ်ဆက်ကြပြီး လှည်းပေါ်မှပစ္စည်းများကို သယ်ချကြသည်။
လဲ့ယ်ထျဲက လှည်းခုံးပေါ်တွင်ထိုင်ကာ မြေပြင်သို့မဆင်းပေ။သူ ချင်မျန်ကိုကြည့်ကာ "ကိုယ် ခရိုင်ကို သွားလိုက်ဦးမယ်"
"ဘာအတွက်လဲ?" ချင်မျန် အံ့သြသွားသည်။
လဲ့ယ်ထျဲက “ပစ္စည်းတစ်ခုဝယ်စရာရှိလို့။မြို့ထဲမှာ မရှိဘူး”
ချင်မျန်က သူ့မှာ ထပ်ပြောဖို့ ရည်ရွယ်ချက်မရှိတာကို တွေ့လိုက်ရ၏။သူစိတ်ဆိုးသွားသော်လည်း ထပ်မမေးတော့ဘဲ “သွား” ဟုသာ လက်ကို သာမန်ကာလျှံကာ ဝှေ့ယမ်းပြလိုက်သည်။လဲ့ယ်ထျဲ ခေါင်းညိတ်ကာ မောင်းထွက်သွား၏။
"သူဌေးလေး....ရောက်ပြီလား?" ယွီသုန် ထွက်လာ၏။
ချင်မျန် သူ့အကြည့်တွေကို ပြန်သိမ်းလိုက်ပြီး ဆိုင်ထဲကို ဝင်သွားသည်။ "ဒီရက်ပိုင်း အလုပ်တွေရော ဘယ်လိုလဲ?"
"မဆိုးပါဘူး။" ယွီသုန်က “ဟော့ပေါ့ဖောက်သည်တွေကတော့ အများကြီးရှိသေးတယ်။အသားကင်ဖောက်သည်တွေကျတော့ အဓိကအားဖြင့် ထုပ်ပိုးပေးဖို့ပဲ တောင်းဆိုကြတယ်။မာလာထျန်းကို စားသုံးတဲ့ ဖောက်သည်ကနှစ်ဦးထက် နည်းပါးတယ်။ ရာသီဥတုက ပိုအေးလာတာကြောင့် ဆိုင်အပြင်မှာဆို အအေးမိဖို့ လွယ်တာမို့ လူတော်တော်များများက တွန့်ဆုတ်နေကြတယ်”
ချင်မျန်က မျက်မှောင်ကြုတ်ပြီး “ဒါက မတတ်နိုင်ဘူး။ဒီလိုမြို့ငယ်လေးမှာတောင် ပိုကြီးတဲ့ဆိုင်ကို ငှားရတာ လွယ်တာမဟုတ်ဘူး။ကောင်းပြီလေ..ငါ ဟင်းပွဲအသစ်တွေအကြောင်း စဉ်းစားလိုက်ဦးမယ်။အဲဒါက ဖောက်သည်တွေကို ပိုဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်တယ်။”
ယွီသုန်က ပြုံးနေတဲ့အမူအရာနဲ့ “ဒီနည်းလမ်းက ဖြစ်နိုင်ချေရှိတယ်။ရိုးရိုးသားသားပြောရရင် ဒီရက်ပိုင်းမှာ တခြားသူတွေနဲ့ ဒီအကြောင်းကို ဆွေးနွေးဖြစ်ပေမယ့် အကြံက ဘယ်လိုမှ ထွက်မလာသေးဘူးလေ။”
ချင်မျန်က ဝမ်းသာအားရဖြင့် "ဒါလည်း ဖြစ်တာပဲ!အဆင်ပြေတာမျိုး ထွက်လာခဲ့ရင် မင်းရဲ့သူဌေးက မင်းတို့ကို ဆုချမယ်။"
ယွီသုန်က ပြုံးပြုံးရွှင်ရွှင်ဖြင့် “ဟုတ်ကဲ့။ကျွန်တော် သူတို့ကို သတင်းကောင်းလေး ပြောပြလိုက်မယ်"
“အင်း...နှစ်ကုန်ဖို့ နီးလာလေလေ သူတို့ကို ပေါ့ဆလို့ မရဘူးဆိုတာကိုလည်း ပြောပေး။အားလုံးအဆင်ပြေရင် 24 ရက်နေ့ ဆိုင်ပိတ်ပေးပြီး နှစ်ဆုံးမှာ ဘောနပ်စ်တွေ ပေးမှာဆိုတော့ အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်ကြရတာပေါ့။" စာရင်းစာအုပ်ကို စစ်ဆေးရန် ကောင်တာသို့ လမ်းလျှောက်လာနေရင်း ချင်မျန်က ပြောနေသည်။
ယွီသုန်၏တုံ့ပြန်သံမှာ ပဲ့တင်ထပ်နေချိန်တွင် သူ့မျက်နှာပေါ်တွင်လည်း ပျော်ရွှင်မှုတွေရှိနေသည်။
နှစ်နာရီကျော်ကြာသောအခါ လဲ့ယ်ထျဲ ပြန်ရောက်လာသည်။ချင်မျန်က သူဘာဝယ်ခဲ့လဲ မမေးပေ။ဆိုင်ထဲမှာ ခဏထိုင်ပြီး အိမ်ပြန်ကြ၏။
လဲ့ယ်ထျဲသည် လေး၊ လွှတစ်စင်းနှင့် လက်သမားပစ္စည်းများဖြင့် ပြန်ထွက်သွားလေသည်။ပိုင်တျန်လေးကလည်း သူ့နောက်ကို လိုက်သွား၏။ချင်မျန် ဒေါသထွက်သွားရပြန်သည်။သူ ဘာလုပ်နေတာလဲ? ဘယ်တော့ပြန်လာမှာလဲ မမေးပေ။အဲဒီအစား သူက ခဲတံနဲ့ စာရွက်ကိုထုတ်ကာ ထိုင်ဆွဲနေ၏။
မှောင်နေချိန်မှသာ ခြံထဲတွင် လှုပ်ရှားမှုများ ထွက်လာတော့သည်။
လဲ့ယ်ထျဲ ရစ်ငှက်တစ်ကောင်ကို မြေကြီးပေါ်ချလိုက်သည်။ချင်မျန်က ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။ "အဲဒါကို သွားဖမ်းလာတာလား?"
ပိုင်တျန့်လေးသည် အမြီးကို လှုပ်ယမ်းနေကာ ချင်မျန်ခြေထောက်များဆီသို့ လျှောက်သွားပြီး သူ့ကို ပွတ်သပ်လိုက်သည်။
“ပိုင်တျန့် ဖမ်းလာတာ။” လဲ့ယ်ထျဲက ရှင်းပြလိုက်သည်။ “သူ့ကို ခွေးတစ်ကောင်လို ထိန်းလို့မရဘူး”
ချင်မျန် ခေါင်းတညိတ်ညိတ်နှင့် အနည်းငယ်မျှပင် ခေါင်း(စိတ်)ထဲမထည့်ဘဲ ပြန်ဖြေ၏။ “နားလည်ပြီ”
လဲယ်ထျဲ သူ့နားရောက်လာပြီး သူ့နောက်က တစ်စုံတစ်ခုကို ထုတ်ယူကာ သူ့ဆီ ကမ်းပေးလိုက်သည်။
ချင်မျန်၏မျက်လုံးများက တောက်ပသွား၏။လဲ့ယ်ထျဲ၏လက်ထဲတွင် အနုစိတ်ကျသည့်လေးတစ်ချောင်းရှိနေသည်။လေး၏ကိုယ်ထည်ကို ကျောက်စိမ်းကဲ့သို့ ချောမွေ့စေရန် ပွတ်တိုက်ထားကာ အရောင်သည်လည်း အဝါရောင်တောက်တောက်မျိုးဖြစ်သည်။၎င်းသည် မည်သည့်သစ်သားအမျိုးအစားဖြစ်သည်ကို သူမသိသော်လည်း ထိုအထဲတွင် ရွှေချည်မျှင်များကိုပင်(ကဲ့သို့) မြင်နေရ၏။
“ဒါက.....”
လဲ့ယ်ထျဲက “ကြိုးက ခရိုင်မှာဝယ်ပြီး လေးကိုတော့ ကိုယ်တိုင် လုပ်ထားတယ်။အဲဒါကို သဘောကျလား?"
ချင်မျန်၏ရင်ဘတ်ထဲတွင် တစ်ဆို့နေသည်များ ရုတ်တရက် ပြေပျောက်သွားသည်။သူ ဝမ်းသာအားရဖြင့် လက်ခံပြီး “သဘောကျတယ်။ဒါနဲ့ လေးကြိုးတစ်ချောင်းကိုဝယ်ဖို့ ခရိုင်ကိုတောင် သွားဝယ်ရတယ်.....”
လဲ့ယ်ထျဲက “မြို့ထဲမှာ ရောင်းတဲ့ကြိုးက အရည်အသွေးမကောင်းဘူး”
ချင်မျန်သည် လေးကို ယုယုယယ ပွတ်သပ်ကြည့်ရာ လေးကိုယ်ထည်တွင် လက်ရေးဆက်ဖြင့်ရေးထားသည့် စာလုံးသေးသေးလေးများ ရှိနေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။အနီးကပ်ကြည့်လိုက်တော့ ၎င်းသည် "ထျဲမှ ဇနီးလေးအတွက် လက်ဆောင်" ဟုရေးထားသည်ကို တွေ့လိုက်ရ၏။လေး၏အောက်ခြေတွင် နေ့၊လ၊ရက် တိတိကျကျပါရှိသည့် စာလုံးသေးသေးလေးတစ်ကြောင်းလည်းရှိနေ၏။
ချင်မျန်၏နှလုံးသားမှာ ခုန်ပေါက်သွားပြီး လဲ့ယ်ထျဲကို မော့ကြည့်လိုက်သည်။လဲ့ယ်ထျဲကလည်း သူ့ကို စေ့စေ့ကြည့်နေမြဲ။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် အချိန်အကြာကြီး ကြည့်နေကြပြီး အကြည့်တွေ မလွှဲနိုင်ကြသေးပေ။
ပိုင်တျန့်လေးသည် သူ့ခေါင်းကို မော့လိုက်ပြီး ချင်မျန်၏ခြေထောက်တွေကို ပွတ်သပ်ကာ ထမင်းစားစားပွဲကို မော့ကြည့်လိုက်ပြန်သည်။ဘာကြောင့် ထမင်းမကျွေးရသေးတာလဲလို့ မေးနေပုံရ၏။
ချင်မျန် သူ့ကိုယ်သူ သတိပြန်ကပ်လိုက်ပြီး "ဟုတ်သား... ဒါက ဘယ်လိုသစ်သားမျိုးလဲ။ဘာလို့ ရွှေချည်မျှင်တွေ ရှိနေရတာလဲ?”
လဲ့ယ်ထျဲက ပြန်ဖြေလိုက်၏။ "[တရုတ်]ပိုးစာသစ်”
[ပိုးစာပင်]
[ပိုးစာသီး]
တို့တော့ တအားကြိုက်။ခုတောင် စားချင်လာပြီ။ဖျော်သောက်ရင် သောက်လို့ကောင်းမှကောင်း။
အပိုင်း 62 မှပဲ ဖက်စ်ကစ်တော့တယ်နော် >\
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
"........"
"မင်း မူးနေပြီ”
“......."
Advertisement
- In Serial38 Chapters
Karl
This story follows a young man, Karl, as he is abruptly reborn in another world as a goblin without explanation. He struggles to find out why it happened to him as he explores a world that is both unnervingly familiar and yet still strange. *** I have given this story several content tags that may not fit the early chapters, such as litrpg. It will take a few chapters for those elements to be introduced.
8 251 - In Serial25 Chapters
Star Wars: The Untold Stories
In a galaxy far away... Sar Pandala was a talented Jedi Padawan. He truly believed in the Jedi's teachings and wanted to protect the peace in the galaxy. But certain event's is leading him to believe that the Jedi Order he adored wasn't what he thought it was, and every day the Dark Side seems more tempting. Sith or Jedi. Hope or Despair. Harmony or Chaos. Let us find out.
8 237 - In Serial7 Chapters
The Guy Who Wanted To Talk To Aliens
What if I told you aliens were real? Would you believe me or just laugh at the ridiculous statement that I just proposed? This is my story of how I came in contact with a group of interdimensional aliens.WARNING: PLEASE READ WITH AN OPEN MIND.
8 182 - In Serial10 Chapters
Monster Girls... in Space?!?
When a lazy lamia finds a strange button near her home, she does the obvious: she presses it. Now, due to her curiosity, she finds herself halfway across the universe with several other non-human girls aboard an abandoned spaceship. Now they have to deal with space travel, space battles, mega-corporations, insidious experiments, and hostile nations, all in the vain hope of getting home. [Participant in the Royal Road Writathon challenge]
8 182 - In Serial60 Chapters
Shinobi Isekai!
A woman from our world wakes up on the banks of the Naka River in a much smaller body than she remembers. How will our heroine traverse life in a ninja universe which insists on giving her the most Mary Sue backstory possible?ORHanako cries a lot. It's all Jiraiya's fault.
8 132 - In Serial21 Chapters
○304 Reasons we Love you□ (Squid game guards x reader)
i dont know what im doing here tbh.This will most likely be a mini story since i just finished watching squidgame.I wont take this fanfiction too seriously. Alright lets get into it.Will most likely contain lemon/-sSpoilers!
8 112