《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[61]
Advertisement
[Unicode]
061: ပိုင်တျန့်
ဗိုက်ဖြည့်ပြီးနောက် တောဝက်ကိုသယ်လာကာ တောင်ပေါ်ကနေ ဆင်းလာခဲ့ကြသည်။
အနက်ရောင်ဝံပုလွေလေးသည် ချင်မျန်နောက်ကနေ တိတ်ဆိတ်စွာ လိုက်လာခဲ့သည်။
ဝူတိက အံ့သြစွာနဲ့ "တောင်ပေါ်ကနေဆင်းတဲ့အထိ
မရီးနောက်ကနေ လိုက်မှာတော့ မဟုတ်ဘူးမလား?"
ချင်မျန်ကတော့ ပိုလို့တောင်ပျော်သွား၏။အိမ်တွင် သူနှင့်လဲ့ယ်ထျဲသာ ရှိကာ အရမ်းကိုအထီးကျန်ရလေသည်။သူ အိမ်မွေးတိရိစ္ဆာန် တစ်ကောင်,ကောင်ကို မွေးချင်နေခဲ့တာ ကြာပြီ။ဝံပုလွေနက်လေးက သူတို့နောက်ကနေ လိုက်ဖို့ ဆန္ဒရှိနေရင် အရမ်းကောင်းတာပေါ့။
"လိုက်ချင်ရင် လိုက်ပါစေ" ချင်မျန်သည် တွေးဆဆဖြင့် “ဒါပေမယ့် စတုတ္ထညီ၊ အစ်ကိုကျန်း နဲ့ ဝူတိတို့က ရွာသားတွေကို မကြောက်လန့်သွားစေဖို့ ဝံပုလွေလို့ မပြောဘဲနေတာ ပိုကောင်းမယ်ထင်တယ်။”
ကျန်းတရွှေနှင့် အခြားနှစ်ယောက်ကလည်း လက်ခံခဲ့ကြသည်။ကျန်းတရွှေက သတိပေး၏။ "ဒါပေမယ့် မင်း သူ့ကို သေချာထိန်းထားဖို့ လိုတယ်၊ ကြက်တွေ ဘဲတွေကို လိုက်ဖမ်းပြီး မမောင်းထုတ်စေနဲ့" ဝံပုလွေနက်လေးသည် ငယ်ရွယ်သေး၍ လူတွေကို ထိခိုက်စေမည်ကို မစိုးရိမ်သေးပေ။
“စိတ်မပူပါနဲ့။” ချင်မျန်က အာမခံပြီး လဲ့ယ်ထျဲကို တစ်ချက်ကြည့်လိုက်ကာ "ချင်းလီဆေးအကြောင်းကိုလည်း မင်းတို့အားလုံး မပြောကြဘူးလို့ မျှော်လင့်ပါတယ်" အချိန်အတော်ကြာ အတူနေထိုင်ပြီးနောက် လဲ့ယ်ထျဲသည် အတိတ်ကို မပြောပြချင်တော့ကြောင်း သူ သိလိုက်ရသည်။ကျန်းတရွှေနဲ့ တခြားနှစ်ယောက်သည်လည်း တယောက်ပြီးတယောက် ကတိပေးကြ၏။
ချင်မျန်သည် ခြံဝင်းကို မညစ်ပတ်စေချင်တာကြောင့် လဲ့ယ်ထျဲနဲ့ ကျန်းတရွှေအား ယင်းတောဝက်ထီးကို မြစ်ကမ်းမှာတင် ကိစ္စရှင်းနိုင်မလား မေးလိုက်သည်။
ဝူတိက စပြောလိုက်၏။ "ဦးလေးလျောင်ကို ခေါ်လိုက်မယ်"
ဦးလေးလျောင်သည် ဝက်သတ်ခြင်းတွင် ကျွမ်းကျင်သူဖြစ်သည်။ရွာသူရွာသားအချို့က ဝက်သတ်ချင်တိုင်း သူ့ကို မေးကြ၏။
"ကျွန်တော် အိမ်ပြန်ပြီး အသားအတွက် ဇလုံ ပြန်ယူလိုက်မယ်" ချင်မျန်က ပြောသည်။
လဲ့ယ်ထျဲက လဲ့ယ်ရှန်းလီကို မြစ်ကမ်းနားတွင် စောင့်ခိုင်းပြီး ချင်မျန်နဲ့အတူ ထွက်သွား၏။ထင်းသယ်ဖို့ ပြန်သွားခြင်းသာ။
ဝံပုလွေနက်လေးသည်လည်း လူနှစ်ယောက်၏အရှိန်အလျောက် အနီးကပ်လိုက်လေသည်။
အိမ်ထဲသို့ဝင်ပြီးနောက် ချင်မျန်သည် ခြေဖဝါးအောက်ရှိဖုန်တွေကို ခြေသုတ်ဝတ်ပေါ်တွင် သုတ်ပြီး အိမ်ထဲဝင်သွားသည်ကို ဝံပုလွေနက်လေးသည်လည်း တိတ်တဆိတ်ကြည့်ပြီး သူ့အတိုင်း လိုက်တုပလေသည်။
ချင်မျန်နှင့် လဲ့ယ်ထျဲတို့ အံ့သြသွားခဲ့ကြသည်။
လူနှစ်ယောက် စကားပြောနေတာကိုပင် မစောင့်ဘဲ ဝံပုလွေနက်လေးသည် အိမ်ထဲကို အရင်ဝင်သွား၏။အခန်းတစ်ခုစီတိုင်းကို နားနားနေနေ လှည့်ပတ်ကြည့်ပြီးနောက် ပြန်ထွက်လာပြီး ဆက်တီဘေးတွင် ငြိမ်သက်စွာ ထိုင်နေလိုက်သည်။
ချင်မျန်သည် ဇလုံနှစ်ခုနှင့် ဝါးခြင်းတောင်းနှစ်ခြင်းကို ရှာခဲ့ပြီး လဲ့ယ်ထျဲသည်လည်း အိမ်နောက်ဘက်ရှိ ထင်းတစ်စည်းကို သယ်ဆောင်သွားခဲ့သည်။အနက်ရောင်ဝံပုလွေလေးသည်လည်း သူတို့နောက်ကနေ လိုက်သွားပြန်၏။
မြစ်ကမ်းကိုပြန်ရောက်တော့ လဲ့ယ်ထျဲက နောက်ပိုင်းသုံးဖို့အတွက် ရေနွေးတည်ဖို့ရာ ရိုးရိုးမီးဖိုကို ဆောက်ခဲ့သည်။
ရွာသားများ ထိုသတင်းကြားသောအခါ စည်ကားနေမည့်မြင်ကွင်းကို ကြည့်ရှုရန် တယောက်ပြီး တယောက် ရောက်လာကြသည်။
ဦးလေးလျောင်သည် လအတော်ကြာအောင် ဓားကိုအသုံးမပြုခဲ့သော်လည်း သူ့စွမ်းရည်မှာ သံချေးတက်သွားခြင်းမရှိပေ။ တောဝက်ကို ကျွမ်းကျင်စွာ ကိုင်တွယ်ပြ၏။
အိမ်အနည်းစုက ပြုံးပြုံးရွှင်ရွှင်နဲ့ပင် တောဝက်သားကို အိမ်မွေးဝက်သားစျေးဖြင့် ဝယ်ချင်ကြသည်။ချင်မျန်က သဘောမတူပေ။တောဝက်သားက အိမ်မွေးဝက်သားထက် ပိုအရသာရှိ၏။တစ်ကျင်းတောင် 8 ဝမ် ကုန်ကျသည်။သူသာ အိမ်မွေးဝက်သားစျေးနဲ့ရောင်းဖို့ ဆန္ဒရှိတယ်ဆိုရင် ဒီလူတွေက သူ့ဆီကနေ အခွင့်ကောင်းယူပြီး သူ့နောက်ကွယ်မှာ ငတုံးလို့ ခေါ်ကြလိမ့်မယ်။စိတ်အနှောင့်အယှက်ဖြစ်စရာပဲ။ ကြေးနီအနည်းငယ်ဖြင့် စစ်မှန်တဲ့ချစ်ကြည်ရင်းနှီးမှုကို မွေးမြူနိုင်မည်မဟုတ်။သူ ရှင်းလင်းပြတ်သားအောင်လုပ်ထားရမည်။
နောက်ဆုံးတွင် ချင်မျန်သည် လဲ့ယ်ရှန်းလီ၊ ကျန်းတရွှေနှင့် ဝူတိ တို့ကိုသာ ဆယ်ကျင်းပေးခဲ့ပြီး ဦးလေးလျောင်ကိုဖြင့် ငါးကျင်းပေးကာ ကျေးဇူးတင်စကားဆိုခဲ့သည်။
ဦးလေးလျောင်က ပြုံးပြုံးရွှင်ရွှင်ဖြင့် အသားကိုပြန်ယူသွာပြီး နောင်တွင် ဝက်သတ်လိုပါက သူ့ထံသို့ အချိန်မရွေးလာနိုင်ကြောင်း လဲ့ယ်ထျဲအား ပြောခဲ့သည်။ချင်မျန်နှင့်လဲ့ယ်ထျဲ တို့သည် ကျန်အသားများကို အိမ်သို့ယူသွားကာ အခြောက်ခံရန် ချိတ်ဆွဲလိုက်ကြသည်။
အလုပ်အားလုံးပြီးသောအခါ ချင်မျန်သည် ချင်းလီဆေးအကြောင်းမေးရန် အချိန်ရခဲ့လေပြီ။
"ချင်းလီဆေးနဲ့ ပတ်သက်ပြီး ခင်ဗျားပြောခဲ့တာတွေက အမှန်ပဲလား?"
လဲ့ယ်ထျဲက ခေါင်းညိတ်လိုက်သည်။
ချင်မျန် လန့်သွားပြီး လက်ဖက်ရည်ခွက် လွတ်ကျသွားလေ၏။အဖန်ရည်တစ်ဝက်လောက်က စားပွဲပေါ်ကျသွားပြီး ထိုမှတစ်ဆင့်မြေပြင်ပေါ်သို့ စီးကျသွား၏။ “ဒီလိုအရာမျိုးက အရမ်းတန်ဖိုးရှိတယ်လေ။ဝံပုလွေနက်လေးကို ကယ်တင်ချင်ပေမယ့်လည်း အဲဒီအချိန်မှာ တခြားနည်းလမ်းကို စဉ်းစားလို့ရတယ်။”
အဖန်ရည်တွေမှာ ချင်မျန်၏ခြေထောက်ဆီသို့ စီးကျသွားသည်ကိုတွေ့လိုက်ရသော်လည်း ချင်မျန်ကမူ သတိမထားမိပေ။လဲ့ယ်ထျဲ ခေါင်းကို အသာခါယမ်းကာ ခြေထောက်ကို ဖယ်ပေးလိုက်သည်။အဝတ်ကြမ်းကို စားပွဲအောက်မှ ယူလိုက်ပြီးနောက် ထိုအဖန်ရည်များကို သုတ်လိုက်သည်။
“အဲဒါကို မစဉ်းစားတော့နဲ့။အသုံးဝင်မှသာ ရတနာ၊ အသုံးမဝင်ရင် အမှိုက်သက်သက်ပဲ"
ချင်မျန်ကတော့ အရမ်းစိုးရိမ်နေတုန်းပဲ။ “အဲဒီလူက သာမန်လူတစ်ယောက် မဟုတ်ဘူး။ချင်းလီဆေးကို သုံးပြီးရင် ခင်ဗျားကို ထပ်လာရှာရင် ဘယ်လိုလုပ်မလဲ?"
လဲ့ယ်ထျဲက အေးအေးဆေးဆေးသာ ပြောလိုက်၏။ "ကိုယ် သဘောပေါက်တယ်။ စိတ်မပူပါနဲ့။”
ချင်မျန်သည် တစ်ခဏတာ ဘာပြန်ပြောရမှန်းမသိ။ သူ ထိုလူကိုသာ မှင်တက်စွာ ကြည့်နေမိသည်။အချိန်အတော်အတန်ကြာပြီးနောက် သူ အသံထွက်လာ၏။ "ကျွန်တော် ကယ်ခဲ့တာ မှန်တယ်၊ကျွန်တော့်ကို ပြန်ကယ်ခဲ့တာလည်း အမှန်ပဲ"
"ယုံတယ်။" လဲ့ယ်ထျဲရဲ့နှုတ်ခမ်းထောင့်တွေမှာ အသာအယာပင့်တက်သွားပြီး သူ့မျက်လုံးတွေထဲတွင် ကျီစယ်ရိပ်တွေ မထင်မှတ်ထားစွာ ထင်ဟပ်နေ၏။
ချင်မျန် သူ ပြောလိုက်သည့်အဓိပ္ပါယ်ကို ပြန်စဥ်းစားကြည့်လိုက်တော့ နားလည်သွားသည်။အတိတ်ကိုကျတော့ မမှတ်မိပေမယ့် ဝံပုလွေနက်လေးကိုကျ မှတ်မိနေတယ်ဆိုတာ လွဲနေတယ်မဟုတ်ဘူးလား?နားသီးဖျားများမှ အပူများ တဟုန်ထိုး ထွက်ကျလာတော့သည်။
Advertisement
ဘယ်လို ဘယ်ပုံ ပြန်ဖာထေးရမှန်းမသိတော့တဲ့အတွက် ရှက်ရွံ့စွာ “အင်း” ဟု ပြောပြီး အဝေးကို လှမ်းကြည့်ကာ စကားလမ်းကြောင်း လွှဲလိုက်သည်။ “ဝံပုလွေနက်လေးက ကျွန်တော်တို့နဲ့အတူနေလိမ့်မယ်။ကျွန်တော်တို့ သူ့ကို ဘာနာမည်ပေးကြမလဲ?"
"မင်း ဆုံးဖြတ်လေ။" လဲ့ယ်ထျဲက လက်ဖက်ရည်အိုးကိုယူပြီး သူ့အတွက် တစ်ခွက် ထပ်ထည့်ပေးသည်။
ဝံပုလွေနက်ကလေးက သူတို့ သူ့အကြောင်းပြောနေတာကို သိပုံရပြီး ခေါင်းကိုမော့ကာ ကြည့်နေ၏။
ချင်မျန်က သူ့ခေါင်းပေါ်က အဖြူကွက်လေးကို ကြည့်ပြီး "ကျွန်တော်တို့ ပိုင်တျန့်(white spot)လို့ နာမည်ပေးကြမလား?"
“ကောင်းတယ်။” လဲ့ယ်ထျဲက တိုတိုတုတ်တုတ်သာ မှတ်ချက်ပေးသည်။
“ကောင်းပြီ။မင်းကို 'ပိုင်တျန်' လို့ခေါ်မယ်။" ချင်မျန် အောက်ကိုငုံ့ပြီး ဝံပုလွေနက်လေးရဲ့ ခေါင်းကို ထိလိုက်၏။
ဝံပုလွေနက်ကလေးကလည်း မလှုပ်မယှက်ဘဲ သူ့ကို ထိတွေ့ခွင့်ပေးသည်။
"စကားမစပ် သူ အဝင်အထွက်လုပ်ဖို့အတွက် ဝင်းထရံမှာ အပေါက်တစ်ခုလုပ်ပေးထားတာ ပိုကောင်းမယ်။" ချင်မျန် လဲ့ယ်ထျဲအား ပြောလိုက်သည်။ "ဒံကောင်လေးက တစ်နေ့လုံး အိမ်မှာနေမယ် မထင်ဘူး"
လဲ့ယ်ထျဲ ထရပ်လိုက်သည်။ "ကိုယ် လုပ်လိုက်မယ်။"
လဲ့ယ်ထျဲ ထွက်သွားပြီးနောက် ချင်မျန် သက်ပြင်းအနည်းငယ်ချလိုက်ပြီး ဆက်တီပေါ် ပြန်လှဲချလိုက်သည်။
လဲ့ယ်ထျဲက သူ့မှတ်ဉာဏ် မပျောက်ဘူးဆိုတာ သိပေမယ့် သူ့ကို မမေးဘူး။သူ ဘာများဖြစ်ချင်နေတာလဲ?လဲ့ယ်ထျဲက သူ လိမ်ပြောတာကို စိတ်ထဲမထားဘူးလား?သို့ပေသိ ယခုတွင် သူ့မှာ လျှို့ဝှက်ချက်များ ရှိသည်သာမက လဲ့ယ်ထျဲမှာလည်း လျှို့ဝှက်ချက်များ ရှိနေပုံရသည်။ချင်းလီဆေးလုံးသည် အလွန်အဖိုးတန်သည်ဟု အဖြူရောင်ဝတ်စုံဝတ်ထားသည့်သူ ပြောသည်ကို သူကြားခဲ့ရပြီး လဲ့ယ်ထျဲအနေနဲ့ မည်သို့များ လက်ဝယ်ထားနိုင်ပါ့မလဲ?အတိတ်က ဆယ်စုနှစ်တွေမှာ ခက်ခက်ခဲခဲဖြစ်ခဲ့ပုံရတယ်။
သူ ဘာကြောင့်မှန်းမသိပေမယ့် လဲ့ယ်ထျဲ သူ့ဆီကနေ ဖုံးကွယ်ထားစရာတစ်ခုခုရှိနေတာကို တွေးလိုက်မိတော့ အရမ်းစိတ်မသက်မသာဖြစ်ရ၏။
ခြံဝင်းထဲ၌ ခပ်စူးစူး အသံတွေထွက်လာ၏။ချင်မျန် လှမ်းအော်လိုက်၏။ "နံရံကြီးတစ်ခုလုံးကို မဖြိုချနဲ့နော်"
“မလုပ်ပါဘူး။” လဲ့ယ်ထျဲ၏အသံမှာ ပြေပြစ်ပြီး တည်ငြိမ်မြဲ။ချင်မျန် မတ်တပ်ရပ်ကာ ထို့နေရာသို့ သွားပြီးနောက် ပိုင်တျန့်လေးသည်လည်း သူ့နောက်ကနေ ဖြည်းညှင်းစွာ လိုက်လာသည်။သူကား ငယ်ရွယ်သေးသော်လည်း ကိုယ်ဟန်အနေအထားကတော့ ဝံပုလွေတစ်ကောင်၏မောက်မာသော အသွင်အပြင်မျိုးရှိသည်။
ဝင်းတံခါးဘေးရှိ အုတ်ခဲအနည်းငယ်သည် လဲယ်ထျဲကြောင့် ကျိုးကြေသွားကာ ပန်းကန်ပြားထက် ပိုကြီးသော အပေါက်တစ်ခုဖြစ်စေသည်။လဲ့ယ်ထျဲသည် ပိုင်တျန့် ခြစ်ရာများမရစေရန် ချွန်ထွက်နေသော အစွန်းများနှင့် ထောင့်အချို့ကို တူတစ်ချောင်းဖြင့် ညှိလိုက်သည်။
ချင်မျန်က သူ့ဘေးမှာ ငုတ်တုတ်ထိုင်ပြီး အပေါက်ကို ညွှန်ပြကာ "ပိုင်တျန့် အိမ်မှာ ဘယ်သူမှ မရှိရင် ဒီကနေ ဝင်ထွက်ရမယ်။နားလည်လား?"
ပိုင်တျန်သည် သူ့ကိုကြည့်ကာ ခန္ဓာကိုယ်ကို နှိမ့်ချလိုက်ပြီး ဝမ်းဗိုက်ကို မြေပြင်နှင့် ဝပ်ချလိုက်ကာ နံရံရှိ အပေါက်ထဲမှ တွားသွားခဲ့သည်။ခဏအကြာတွင် အပြင်ဘက်မှ ထွက်သွား၏။ချင်မျန် အံ့အားသင့်စွာဖြင့် "မင်း ဉာဏ်ကောင်းမှန်း ငါသိတယ်"
ပိုင်တျန်လေးသည် သူ ချီးကျူးတာကို မလုံလောက်သည့်အလား မကျေနပ်သကဲ့သို့ နားရွက်ကို ယမ်းကာ ခြေရင်း၌ ငြိမ်သက်စွာ ထိုင်နေလေသည်။
"လောင်တာ့....မရီး...."
လဲ့ယ်ချွင်းထောင်သည် သူမ၏လှပသော မျက်နှာလေးပေါ်တွင် ပြုံးနေလျက် ခြံဝန်းတံခါးပေါက်နေ ဝေရှီနှင့်အတူ ဝင်လာခဲ့သည်။ "မင်းတို့နှစ်ယောက်လုံး အိမ်မှာရှိနေတာပဲ။" ဝေရှီက ပြုံးပြုံးလေးပြောသည်။
ချင်မျန်ကတော့ ယဉ်ယဉ်ကျေးကျေးဖြင့်သာ ပြန်ဖြေသည်။ "မေမေလေးလည်း ပါတာပဲ"
ဝေရှီ အိမ်ထောင်စုထဲသို့ ဝင်ပြီးနောက် သူမသည် သူ့ထံ အကြိမ်ပေါင်းများစွာ ချဉ်းကပ်ခဲ့ပြီးသော်လည်း သူကတော့ဖြင့် အမြဲ ရှောင်ရှားခဲ့သည်သာ။သူသည် တုရှီနှင့် ရင်းနီးရန် ရည်ရွယ်ချက်မရှိသလို ဝေရှီကို ချဉ်းကပ်ရန်လည်း ရည်ရွယ်ချက်မရှိခဲ့ပေ။ဝေရှီ၏ လုပ်ရပ်ကြောင့် သူနှင့် လဲ့ယ်ထျဲထံသို့ တုရှီ၏အာရုံစိုက်မှုကို မခံချင်ခဲ့ပေ။တောင်ပေါ်မှာထိုင်ပြီး ကျားတွေကိုက်နေတာကို ကြည့်ရတာက ဘယ်လောက်ကောင်းလဲ?
ဝေရှီးသည် လက်ထဲတွင် ပန်းကန်လုံးတစ်လုံးကို ကိုင်ဆောင်ထားကာ “တောဝက်သားအတွက် မင်းတို့နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်။ဒါက မနက်တုန်းက လုပ်ထားတဲ့ ဖက်ထုပ်ကြော်ပါ။မင်းညီမလေးက အရမ်းအရသာရှိတယ်လို့ပြောတာနဲ့ ငါတို့မင်းဆီ လာပို့ပေးတာ။" ဝါအရ,သာ သူမသည် ချင်မျန် နှင့် လဲ့ယ်ထျဲတို့၏မိခင်ငယ်ဖြစ်သော်လည်း နောက်ဆုံးတွင် ကျားမဆက်ဆံမှုကြား သတိထားရမည့် အကာရံတစ်ခုရှိသင့်သည်။သူမ တစ်ယောက်တည်းလာလျှင် အတင်းအဖျင်းဖြစ်စေနိုင်သောကြောင့် လဲ့ယ်ချွင်းထောင်ကို သူမနှင့်လိုက်ခိုင်းခဲ့သည်။
ချင်မျန် ပန်းကန်ကို ယူလိုက်၏။ “ဒီနေ့ တောဝက်ကိုဖမ်းတုန်းက စတုတ္ထညီလည်း အရမ်းကြိုးစားပေးခဲ့တဲ့အတွက် သူ့အတွက် အသားတချို့ ဝေပေးတာပါ။မေမေလေး သိပ်ယဉ်ကျေးနေဖို့ မလိုပါဘူး”
ဝေရှီ၏အပြုံးသည် တောင့်တင်းသွား၏။ချင်မျန်ကို ပြန်အကဲဖြတ်ဖို့ သူမ မတတ်နိုင်။သူက အသက်မပြည့်သေးသော်လည်း ဆက်ဆံရ အလွန်ခက်ခဲလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ချင်မျန်သည် အိမ်ထဲသို့ဝင်ကာ ဖက်ထုပ်ကြော်များကို သူ့ပန်းကန်ထဲသို့ ထည့်လိုက်သည်။ပန်းကန်ကို ဝေရှီဆီ ပြန်ပေးလိုက်၏။သူ အဓိပ္ပါယ်ရှိရှိဖြင့် “ကျွန်တော်နဲ့ လဲ့ယ်ထျဲကို အမှတ်တရရှိပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။တကယ်တော့ လဲ့ယ်ထျဲနဲ့ ကျွန်တော်က မငယ်တော့ပါဘူး။ကိုယ့်ကိုကိုယ် ကောင်းကောင်း ဂရုစိုက်နိုင်နေပါပြီ။အဖေနဲ့အမေကိုသာ ကောင်းကောင်း ဂရုစိုက်ပေးနေသမျှ ကျွန်တော်တို့ စိတ်အေးနေမှာပါ"
ဝေရှီက ပန်းကန်ကိုယူကာ ခပ်ဖျော့ဖျော့,ပြုံးပြသည်။သူမ ခဏမျှတော့ ဆွံ့အသွား၏။
Advertisement
လဲ့ယ်ချွင်းထောင်သည် ပိုင်တျန်ကိုမြင်တော့ ဝမ်းသာအားရ လျှောက်သွားကာ "ဟယ်....မရီး...ဒါ ခွေးနက်ကလေးပဲ မဟုတ်လား။ ချစ်စရာလေး။"
“ပိုင်တျန့်လို့ ခေါ်တယ်” ချင်မျန်က သတိပေးလိုက်သည်။ "သတိထား။မင်းကို အခု မရင်းနှီးသေးဘူး။အကပ်မခံမှာ စိုးတယ်"
ပိုင်တျန့်လေး၏နက်နဲသော ဣနြေရရမျက်ဝန်းများကို ရင်ဆိုင်ခံလိုက်ရသည့် လဲ့ယ်ချွင်းထောင်မှာ အနည်းငယ် ကြောက်လန့်သွားသလို ချဉ်းကပ်ရန်ပင် မဝံ့မရဲ ဖြစ်နေသည်။
ဝေရှီသည် ခြံဝင်းအတွင်းရှိ [စီချွမ်] ငရုတ်ပင်သုံးပင်ကို သတိပြုမိပြီး စပ်စပ်စုစုဖြင့် မေးလိုက်သည်။ “ဒါတွေက ဘယ်လိုပန်းမျိုးလဲ?” သူမက ပန်းပွင့်ဟု မသိစိတ်ကနေ ထင်ခဲ့ခြင်းသာ။
သစ်ပင်ပေါ်ရှိ [စီချွမ်] ငရုတ်သီးများကို ချင်မျန်က ခူးဆွတ်ပြီးပြီဖြစ်ပြီး နွေဦးရာသီအတွက် ပြန်လည်စိုက်ပျိုးထားပြီးပြီလည်းဖြစ်သည်။
"အပျော်အတွက် စိုက်ထားတာပါ။" ချင်မျန်ကတော့ မသိဟန်ဆောင်၏။
ဝေရှီသည် နောက်ထပ်မေးခွန်းများကို မမေးတော့ပေ။သူမ ထမင်းစားသာဖိတ်လိုက်၏။ “ညနေခင်းမှာ တောဝက်သားနဲ့ ဟင်းအမယ်အချို့ကို ချက်ဖို့ ရှိတယ်။တောဝက်သားချက်နဲ့ ပဲငံပြာရည်နဲ့ နှပ်ထားတဲ့ တောဝက်သားနှပ်တွေရှိတယ်။မင်းတို့နှစ်ယောက်လည်း လာစားလို့ရတယ်။မင်းတို့ယောက်ျားသားတွေက နည်းနည်းပါးပါး သောက်ကြပေါ့”
ချင်မျန်က ယဥ်ကျေးစွာ ငြင်းဆိုခဲ့သည်– “ကျေးဇူးအများကြီးတင်ပါတယ် မေမေလေး။ဒါပေမယ့် ဒီနေ့တော့ ကျွန်တော်တို့ နည်းနည်းပင်ပန်းနေတော့ မလာဖြစ်တော့ဘူး။”
ဝေရှီမှာ ကူကယ်ရာမဲ့ဖြစ်ကာ “ကောင်းပြီ နောက်မှအခွင့်အရေးရရင် အတူတူလာကြပေါ့။ချွင်းထောင် ပြန်ဖို့အချိန်ရောက်ပြီ။"
အဝေးသို့ ထွက်သွားကြသည်ကိုမြင်ပြီးနောက် ချင်မျန် လဲ့ယ်ထျဲအား ပြောလိုက်သည်။ "ကျွန်တော်လည်း တောဝက်သားချက်နဲ့ တောဝက်သားကို ပဲငံပြာရည်နဲ့နှပ်ပေးတတ်ပါတယ်"
လဲ့ယ်ထျဲက သူ့ကို လှမ်းကြည့်ပြီး ခေါင်းညိမ့်ပြကာ “ညနေ ဒီဟင်းနှစ်မျိုးလုံး စားကြမလား?”
“ညစာစားဖို့အတွက်ဆိုရင် ဝက်သားနှပ်က အဆီများလွန်းတယ်။” ချင်မျန်က "ညနေခင်းမှာ တောဝက်သားချက်၊ ဝက်သားပေါက်စီပေါင်း၊ ပြီးတော့ ဟင်းရွက်စိမ်းကြော်ချက် ချက်ကြမယ်။ကျွန်တော် ဟင်းရွက်ခင်းကို သွားလိုက်ဦးမယ်...ပိုင်တျန် သွားကြမယ်..လာ"
လဲယ်ထျဲသည် ချင်မျန်တစ်ယောက် ခြင်းတောင်းကိုကိုင်လျက် ပိုင်တျန်ကို အော်ခေါ်ရင်း ဝေးရာကိုသွားနေသည်ကို လှမ်းကြည့်နေ၏။ပြီးမှ အဲဒီ့အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်သည်။
ဟင်းရွက်ခင်းအတွင်းရှိ ဟင်းသီးဟင်းရွက်များသည် အများစုမှာ ဝိညာဉ်ရေးစမ်းရေဖြင့် ရေလောင်းထားခြင်းကြောင့် ကြီးထွားလာခြင်းဖြစ်သည်။ဟင်းသီးဟင်းရွက်များမှာ အင်းဆက်ပိုးမွှားကင်းစင်ပြီး အလွန်ကောင်းမွန်စွာ ဖြစ်ထွန်းကြသည်။
ချင်မျန်သည် အစိမ်းရောင် ဟင်းနုနွယ်ရွက်ကို တောင်းအပြည့်ခူးယူပြီးနောက် ပတ်ပတ်လည်ကို ကြည့်လိုက်၏။ပတ်၀န်းကျင်တွင် မည်သူမျှ မတွေ့ရကြောင်းသေချာတော့မှ အခင်းထဲသို့ ဝိညာဉ်စမ်းရေ အနည်းငယ်ကို တိတ်တဆိတ် လောင်းချခဲ့သည်။
အိမ်ပြန်ရောက်တော့ စည်းကမ်းဟောင်းကိုပဲ ကျင့်သုံး၏။လဲ့ယ်ထျဲက အသီးအရွက်တွေကို လှီးဖြတ်ပြီး ရေဆေးသည်။ပိုင်တျန်လည်း ရှိသောကြောင့် ချင်မျန်သည် တောဝက်သားချက်နှင့်ဝက်သားပေါက်စီပေါင်းကို တမင်တကာပင် ခပ်များများပြုလုပ်ခဲ့သည်။ပိုင်တျန်အတွက် ပန်းကန်လုံးတစ်လုံးကို မြေပြင်ပေါ်ချပေးခဲ့ပြီးနောက် သူတို့အတွက် ဟင်းပွဲတွေကို စားပွဲပေါ်တင်လိုက်သည်။
"........"
"နည်းနည်းသောက်ကြမလား?" ချင်မျန် မေး၏။လဲ့ယ်ထျဲ အံ့သြသွားသော်လည်း ချက်ချင်ပင် ပြောလိုက်၏။"ဝိုင်သွားယူလိုက်မယ်”
လဲ့ယ်ထျဲက ဝိုင်နှစ်ခွက်အား ထည့်ပေးရင်း ဘေးချင်းကပ်ထိုင်လိုက်ကြသည်။ချင်မျန်သည် တစ်ကျိုက်တည်း သောက်ချလိုက်၏။အရသာက အရမ်းပြင်းလွန်းလို့ သူ့လျှာပင် စွဲသွားလေကာ သူ့ ဦးနှောက်သည်လည်း နှစ်စက္ကန့်မျှ ရပ်တန့်သွားလေသည်။
အိုးမိုင်ဂေါ့!!!ဒီဝိုင်က ဒီခေတ်က ဝိုင်တွေထက် အများကြီး ပိုပြင်းတယ်ဟ!
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
061: ပိုင္တ်န္႔
ဗိုက္ျဖည့္ၿပီးေနာက္ ေတာဝက္ကိုသယ္လာကာ ေတာင္ေပၚကေန ဆင္းလာခဲ့ၾကသည္။
အနက္ေရာင္ဝံပုေလြေလးသည္ ခ်င္မ်န္ေနာက္ကေန တိတ္ဆိတ္စြာ လိုက္လာခဲ့သည္။
ဝူတိက အံ့ၾသစြာနဲ႔ "ေတာင္ေပၚကေနဆင္းတဲ့အထိ
မရီးေနာက္ကေန လိုက္မွာေတာ့ မဟုတ္ဘူးမလား?"
ခ်င္မ်န္ကေတာ့ ပိုလို႔ေတာင္ေပ်ာ္သြား၏။အိမ္တြင္ သူႏွင့္လဲ့ယ္ထ်ဲသာ ႐ွိကာ အရမ္းကိုအထီးက်န္ရေလသည္။သူ အိမ္ေမြးတိရိစၧာန္ တစ္ေကာင္,ေကာင္ကို ေမြးခ်င္ေနခဲ့တာ ၾကာၿပီ။ဝံပုေလြနက္ေလးက သူတို႔ေနာက္ကေန လိုက္ဖို႔ ဆႏၵ႐ွိေနရင္ အရမ္းေကာင္းတာေပါ့။
"လိုက္ခ်င္ရင္ လိုက္ပါေစ" ခ်င္မ်န္သည္ ေတြးဆဆျဖင့္ “ဒါေပမယ့္ စတုတၳညီ၊ အစ္ကိုက်န္း နဲ႔ ဝူတိတို႔က ႐ြာသားေတြကို မေၾကာက္လန္႔သြားေစဖို႔ ဝံပုေလြလို႔ မေျပာဘဲေနတာ ပိုေကာင္းမယ္ထင္တယ္။”
က်န္းတေ႐ႊႏွင့္ အျခားႏွစ္ေယာက္ကလည္း လက္ခံခဲ့ၾကသည္။က်န္းတေ႐ႊက သတိေပး၏။ "ဒါေပမယ့္ မင္း သူ႕ကို ေသခ်ာထိန္းထားဖို႔ လိုတယ္၊ ၾကက္ေတြ ဘဲေတြကို လိုက္ဖမ္းၿပီး မေမာင္းထုတ္ေစနဲ႔" ဝံပုေလြနက္ေလးသည္ ငယ္႐ြယ္ေသး၍ လူေတြကို ထိခိုက္ေစမည္ကို မစိုးရိမ္ေသးေပ။
“စိတ္မပူပါနဲ႔။” ခ်င္မ်န္က အာမခံၿပီး လဲ့ယ္ထ်ဲကို တစ္ခ်က္ၾကည့္လိုက္ကာ "ခ်င္းလီေဆးအေၾကာင္းကိုလည္း မင္းတို႔အားလုံး မေျပာၾကဘူးလို႔ ေမွ်ာ္လင့္ပါတယ္" အခ်ိန္အေတာ္ၾကာ အတူေနထိုင္ၿပီးေနာက္ လဲ့ယ္ထ်ဲသည္ အတိတ္ကို မေျပာျပခ်င္ေတာ့ေၾကာင္း သူ သိလိုက္ရသည္။က်န္းတေ႐ႊနဲ႔ တျခားႏွစ္ေယာက္သည္လည္း တေယာက္ၿပီးတေယာက္ ကတိေပးၾက၏။
ခ်င္မ်န္သည္ ျခံဝင္းကို မညစ္ပတ္ေစခ်င္တာေၾကာင့္ လဲ့ယ္ထ်ဲနဲ႔ က်န္းတေ႐ႊအား ယင္းေတာဝက္ထီးကို ျမစ္ကမ္းမွာတင္ ကိစၥ႐ွင္းႏိုင္မလား ေမးလိုက္သည္။
ဝူတိက စေျပာလိုက္၏။ "ဦးေလးေလ်ာင္ကို ေခၚလိုက္မယ္"
ဦးေလးေလ်ာင္သည္ ဝက္သတ္ျခင္းတြင္ ကြၽမ္းက်င္သူျဖစ္သည္။႐ြာသူ႐ြာသားအခ်ိဳ႕က ဝက္သတ္ခ်င္တိုင္း သူ႕ကို ေမးၾက၏။
"ကြၽန္ေတာ္ အိမ္ျပန္ၿပီး အသားအတြက္ ဇလုံ ျပန္ယူလိုက္မယ္" ခ်င္မ်န္က ေျပာသည္။
လဲ့ယ္ထ်ဲက လဲ့ယ္႐ွန္းလီကို ျမစ္ကမ္းနားတြင္ ေစာင့္ခိုင္းၿပီး ခ်င္မ်န္နဲ႔အတူ ထြက္သြား၏။ထင္းသယ္ဖို႔ ျပန္သြားျခင္းသာ။
ဝံပုေလြနက္ေလးသည္လည္း လူႏွစ္ေယာက္၏အ႐ွိန္အေလ်ာက္ အနီးကပ္လိုက္ေလသည္။
အိမ္ထဲသို႔ဝင္ၿပီးေနာက္ ခ်င္မ်န္သည္ ေျခဖဝါးေအာက္႐ွိဖုန္ေတြကို ေျခသုတ္ဝတ္ေပၚတြင္ သုတ္ၿပီး အိမ္ထဲဝင္သြားသည္ကို ဝံပုေလြနက္ေလးသည္လည္း တိတ္တဆိတ္ၾကည့္ၿပီး သူ႕အတိုင္း လိုက္တုပေလသည္။
ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲတို႔ အံ့ၾသသြားခဲ့ၾကသည္။
လူႏွစ္ေယာက္ စကားေျပာေနတာကိုပင္ မေစာင့္ဘဲ ဝံပုေလြနက္ေလးသည္ အိမ္ထဲကို အရင္ဝင္သြား၏။အခန္းတစ္ခုစီတိုင္းကို နားနားေနေန လွည့္ပတ္ၾကည့္ၿပီးေနာက္ ျပန္ထြက္လာၿပီး ဆက္တီေဘးတြင္ ၿငိမ္သက္စြာ ထိုင္ေနလိုက္သည္။
ခ်င္မ်န္သည္ ဇလုံႏွစ္ခုႏွင့္ ဝါးျခင္းေတာင္းႏွစ္ျခင္းကို ႐ွာခဲ့ၿပီး လဲ့ယ္ထ်ဲသည္လည္း အိမ္ေနာက္ဘက္႐ွိ ထင္းတစ္စည္းကို သယ္ေဆာင္သြားခဲ့သည္။အနက္ေရာင္ဝံပုေလြေလးသည္လည္း သူတို႔ေနာက္ကေန လိုက္သြားျပန္၏။
ျမစ္ကမ္းကိုျပန္ေရာက္ေတာ့ လဲ့ယ္ထ်ဲက ေနာက္ပိုင္းသုံးဖို႔အတြက္ ေရေႏြးတည္ဖို႔ရာ ႐ိုး႐ိုးမီးဖိုကို ေဆာက္ခဲ့သည္။
႐ြာသားမ်ား ထိုသတင္းၾကားေသာအခါ စည္ကားေနမည့္ျမင္ကြင္းကို ၾကည့္႐ႈရန္ တေယာက္ၿပီး တေယာက္ ေရာက္လာၾကသည္။
ဦးေလးေလ်ာင္သည္ လအေတာ္ၾကာေအာင္ ဓားကိုအသုံးမျပဳခဲ့ေသာ္လည္း သူ႕စြမ္းရည္မွာ သံေခ်းတက္သြားျခင္းမ႐ွိေပ။ ေတာဝက္ကို ကြၽမ္းက်င္စြာ ကိုင္တြယ္ျပ၏။
အိမ္အနည္းစုက ျပဳံးျပဳံး႐ႊင္႐ႊင္နဲ႔ပင္ ေတာဝက္သားကို အိမ္ေမြးဝက္သားေစ်းျဖင့္ ဝယ္ခ်င္ၾကသည္။ခ်င္မ်န္က သေဘာမတူေပ။ေတာဝက္သားက အိမ္ေမြးဝက္သားထက္ ပိုအရသာ႐ွိ၏။တစ္က်င္းေတာင္ 8 ဝမ္ ကုန္က်သည္။သူသာ အိမ္ေမြးဝက္သားေစ်းနဲ႔ေရာင္းဖို႔ ဆႏၵ႐ွိတယ္ဆိုရင္ ဒီလူေတြက သူ႕ဆီကေန အခြင့္ေကာင္းယူၿပီး သူ႕ေနာက္ကြယ္မွာ ငတုံးလို႔ ေခၚၾကလိမ့္မယ္။စိတ္အေႏွာင့္အယွက္ျဖစ္စရာပဲ။ ေၾကးနီအနည္းငယ္ျဖင့္ စစ္မွန္တဲ့ခ်စ္ၾကည္ရင္းႏွီးမႈကို ေမြးျမဴႏိုင္မည္မဟုတ္။သူ ႐ွင္းလင္းျပတ္သားေအာင္လုပ္ထားရမည္။
ေနာက္ဆုံးတြင္ ခ်င္မ်န္သည္ လဲ့ယ္႐ွန္းလီ၊ က်န္းတေ႐ႊႏွင့္ ဝူတိ တို႔ကိုသာ ဆယ္က်င္းေပးခဲ့ၿပီး ဦးေလးေလ်ာင္ကိုျဖင့္ ငါးက်င္းေပးကာ ေက်းဇူးတင္စကားဆိုခဲ့သည္။
ဦးေလးေလ်ာင္က ျပဳံးျပဳံး႐ႊင္႐ႊင္ျဖင့္ အသားကိုျပန္ယူသြာၿပီး ေနာင္တြင္ ဝက္သတ္လိုပါက သူ႕ထံသို႔ အခ်ိန္မေ႐ြးလာႏိုင္ေၾကာင္း လဲ့ယ္ထ်ဲအား ေျပာခဲ့သည္။ခ်င္မ်န္ႏွင့္လဲ့ယ္ထ်ဲ တို႔သည္ က်န္အသားမ်ားကို အိမ္သို႔ယူသြားကာ အေျခာက္ခံရန္ ခ်ိတ္ဆြဲလိုက္ၾကသည္။
အလုပ္အားလုံးၿပီးေသာအခါ ခ်င္မ်န္သည္ ခ်င္းလီေဆးအေၾကာင္းေမးရန္ အခ်ိန္ရခဲ့ေလၿပီ။
"ခ်င္းလီေဆးနဲ႔ ပတ္သက္ၿပီး ခင္ဗ်ားေျပာခဲ့တာေတြက အမွန္ပဲလား?"
လဲ့ယ္ထ်ဲက ေခါင္းညိတ္လိုက္သည္။
ခ်င္မ်န္ လန္႔သြားၿပီး လက္ဖက္ရည္ခြက္ လြတ္က်သြားေလ၏။အဖန္ရည္တစ္ဝက္ေလာက္က စားပြဲေပၚက်သြားၿပီး ထိုမွတစ္ဆင့္ေျမျပင္ေပၚသို႔ စီးက်သြား၏။ “ဒီလိုအရာမ်ိဳးက အရမ္းတန္ဖိုး႐ွိတယ္ေလ။ဝံပုေလြနက္ေလးကို ကယ္တင္ခ်င္ေပမယ့္လည္း အဲဒီအခ်ိန္မွာ တျခားနည္းလမ္းကို စဥ္းစားလို႔ရတယ္။”
အဖန္ရည္ေတြမွာ ခ်င္မ်န္၏ေျခေထာက္ဆီသို႔ စီးက်သြားသည္ကိုေတြ႕လိုက္ရေသာ္လည္း ခ်င္မ်န္ကမူ သတိမထားမိေပ။လဲ့ယ္ထ်ဲ ေခါင္းကို အသာခါယမ္းကာ ေျခေထာက္ကို ဖယ္ေပးလိုက္သည္။အဝတ္ၾကမ္းကို စားပြဲေအာက္မွ ယူလိုက္ၿပီးေနာက္ ထိုအဖန္ရည္မ်ားကို သုတ္လိုက္သည္။
“အဲဒါကို မစဥ္းစားေတာ့နဲ႔။အသုံးဝင္မွသာ ရတနာ၊ အသုံးမဝင္ရင္ အမိႈက္သက္သက္ပဲ"
ခ်င္မ်န္ကေတာ့ အရမ္းစိုးရိမ္ေနတုန္းပဲ။ “အဲဒီလူက သာမန္လူတစ္ေယာက္ မဟုတ္ဘူး။ခ်င္းလီေဆးကို သုံးၿပီးရင္ ခင္ဗ်ားကို ထပ္လာ႐ွာရင္ ဘယ္လိုလုပ္မလဲ?"
လဲ့ယ္ထ်ဲက ေအးေအးေဆးေဆးသာ ေျပာလိုက္၏။ "ကိုယ္ သေဘာေပါက္တယ္။ စိတ္မပူပါနဲ႔။”
ခ်င္မ်န္သည္ တစ္ခဏတာ ဘာျပန္ေျပာရမွန္းမသိ။ သူ ထိုလူကိုသာ မွင္တက္စြာ ၾကည့္ေနမိသည္။အခ်ိန္အေတာ္အတန္ၾကာၿပီးေနာက္ သူ အသံထြက္လာ၏။ "ကြၽန္ေတာ္ ကယ္ခဲ့တာ မွန္တယ္၊ကြၽန္ေတာ္႕ကို ျပန္ကယ္ခဲ့တာလည္း အမွန္ပဲ"
"ယုံတယ္။" လဲ့ယ္ထ်ဲရဲ႕ႏႈတ္ခမ္းေထာင့္ေတြမွာ အသာအယာပင့္တက္သြားၿပီး သူ႕မ်က္လုံးေတြထဲတြင္ က်ီစယ္ရိပ္ေတြ မထင္မွတ္ထားစြာ ထင္ဟပ္ေန၏။
ခ်င္မ်န္ သူ ေျပာလိုက္သည့္အဓိပၸါယ္ကို ျပန္စဥ္းစားၾကည့္လိုက္ေတာ့ နားလည္သြားသည္။အတိတ္ကိုက်ေတာ့ မမွတ္မိေပမယ့္ ဝံပုေလြနက္ေလးကိုက် မွတ္မိေနတယ္ဆိုတာ လြဲေနတယ္မဟုတ္ဘူးလား?နားသီးဖ်ားမ်ားမွ အပူမ်ား တဟုန္ထိုး ထြက္က်လာေတာ့သည္။
ဘယ္လို ဘယ္ပုံ ျပန္ဖာေထးရမွန္းမသိေတာ့တဲ့အတြက္ ႐ွက္႐ြံ႕စြာ “အင္း” ဟု ေျပာၿပီး အေဝးကို လွမ္းၾကည့္ကာ စကားလမ္းေၾကာင္း လႊဲလိုက္သည္။ “ဝံပုေလြနက္ေလးက ကြၽန္ေတာ္တို႔နဲ႔အတူေနလိမ့္မယ္။ကြၽန္ေတာ္တို႔ သူ႕ကို ဘာနာမည္ေပးၾကမလဲ?"
"မင္း ဆုံးျဖတ္ေလ။" လဲ့ယ္ထ်ဲက လက္ဖက္ရည္အိုးကိုယူၿပီး သူ႕အတြက္ တစ္ခြက္ ထပ္ထည့္ေပးသည္။
ဝံပုေလြနက္ကေလးက သူတို႔ သူ႕အေၾကာင္းေျပာေနတာကို သိပုံရၿပီး ေခါင္းကိုေမာ့ကာ ၾကည့္ေန၏။
ခ်င္မ်န္က သူ႕ေခါင္းေပၚက အျဖဴကြက္ေလးကို ၾကည့္ၿပီး "ကြၽန္ေတာ္တို႔ ပိုင္တ်န္႔(white spot)လို႔ နာမည္ေပးၾကမလား?"
“ေကာင္းတယ္။” လဲ့ယ္ထ်ဲက တိုတိုတုတ္တုတ္သာ မွတ္ခ်က္ေပးသည္။
Advertisement
- In Serial26 Chapters
Rise of a Rogue Dungeon
Following the unfortunate, or fortunate birth of a Dungeon, in the world Ilyeus where Dragons claim the skies. Titans wander the world. Drakes boast their majestic pride. Wyrms sleep beneath the earth. Humans, Elves, Dwarves, Beast-kin, and many other sapient races mingle amongst each other, for good or bad. Gods descend among mortals with their Divine Vessels. The Dungeon treads unrestricted by the links other Dungeons have. Down a path never walked by any other Dungeon in the world of Ilyeus. Down, A Path of Freedom! A Path of Dominance! A Path of a Savior! A Path that would make Spirits shudder in fear! But first, it must survive, expand, evolve, and create an army that would do its bidding. This is my first time writing something like this, so if you see any grammar or spelling errors, pointing them out would be appreciated. Any constructive criticism is also appreciated! My update schedule is currently as I write them. So that means every time I finish writing a chapter, I will post it after it gets edited. I also release a chapter of A Lone Automaton's Journey To Find Its Operator infrequently as a side thing.
8 238 - In Serial11 Chapters
The curse
Set in an unraveling world, Bran just keep on fighting and trying to survive his curse, knowing that his death is already set in stone. Bearing his sad past, he fights a desperate fight, while trying to uncover the secrets of his fate and curse. Theodore, a weird young man, uncover a great secret about Origin, a boring horror filled virtual game. Knowing that someone is trying to control him, he tries to understand what is awaiting him and prepare for it, while shedding light on the mysteries of this unraveling world.-------------------------------------------------------The cover picture was made by Ahmed ShalabyMy name is Jason BrowlerThis is a story with a proper beginning and ending, and I have most of the events mapped in my head, so don't expect things to go your way. I made the most original story and setting I could think of. Critics are very welcome. A missing tag is the mystery tag, and this story will be very very very very long story
8 177 - In Serial12 Chapters
Rite of Souls
Ben recently graduated and is unsuccessful in the job hunt. In order to clear his head and perhaps find some solutions, he decides to volunteer as a supervisor at a religious summer camp. He quickly finds out he might be in over his head when he gets paired up with a pair of siblings, of which the brother openly rejects him for his lack of faith. Luckily, the sister is more understanding. As the group starts to prepare for the start of the camp, his body freezes and a notification pops up marking the start of the system. Follow Ben in this new world full of stats, beasts, and promises of power. My thanks to @Jack0fheart for the amazing cover art! [participant in the Royal Road Writathon challenge]
8 192 - In Serial56 Chapters
A new life in a new world.
A 21 year old man gets a second chance at life after he wasted his life doing nothing.This is a new beginning for a man who wanted a new life.
8 109 - In Serial11 Chapters
Boardwalk 《David the Lost Boy》
David ff
8 74 - In Serial50 Chapters
Reaching the Sky
A story wherein Y/N, a well known architect finally met the well known Doctora Tricia Robredo personally, who happens to be the middle child of the Vice President of the Philippines and the sister of her bestfriend for 15 years, Jillian Robredo.
8 132

