《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[58]
Advertisement
[Unicode]
058: တုရှီ နှင့် ဝေရှီတို့၏ပထမဆုံးထိပ်တိုက်ရင်ဆိုင်မှု
"ဟုတ်တယ်...ဟုတ်တယ်....အစ်ကိုလဲ့ယ်" ထိုရွာသားက လဲ့ယ်ထျဲကို လှမ်းကြည့်ပြန်သည်။သူ ကြွေပန်းကန်ပြားကို တူဖြင့် ခေါက်လိုက်ပြီး အရက်နံ့တမွှန်မွှန်နှင့် ပြောလိုက်သည်။
“အစ်ကိုလဲ့ယ် ကျွန်တော်တို့အားလုံးက တစ်ရွာတည်းသားတွေပဲလေ။ချမ်းသာမယ့်အခွင့်အရေးလေးရှိရင် ထောက်ထားစာနာပေးသင့်တယ်မလား။ငါ ပြောတာမှန်တယ်မဟုတ်လား...အားလုံး?"
လဲ့ယ်ထျဲ၏အမူအရာမှာ အနည်းငယ် မည်းမှောင်သွားသည်။ချင်မျန်သည်လည်း ထိုရွာသားကိုကြည့်ရင်း မျက်ခုံးပင့်လိုက်သည်။
စားပွဲရှိ အခြားလူများက ရှက်ရွံ့မိသွားကြပြီး လဲ့ယ်ထျဲရဲ့ဟော့ပေါ့ကိုစားပြီး အဆက်မပြတ်ပြောနေသည့် ထိုရွာသားကို တိတ်တဆိတ် ကြိမ်းမောင်းမိတော့သည်။တကယ်ချမ်းသာဖို့ အခွင့်အလမ်းရှိတယ်ဆိုရင်တောင် သူတို့ရဲ့ သွေးသားညီအစ်ကိုတွေ ဒါမှမဟုတ် သူတို့နဲ့ ဆက်ဆံရေးကောင်းတဲ့လူတွေကို စဉ်းစားကြလိမ့်မယ်လေ။မင်းက ကိုယ့်ကိုယ်ကို ဘယ်သူလို့ထင်နေလို့လဲ? စားပွဲဝိုင်းမှာ လိုက်လျောညီထွေရှိနေတဲ့ လေထုကို ဖျက်စီးလိုက်တာပဲ။
ဝူတိက ပြုံးပြုံးရွှင်ရွှင်နဲ့ အဲဒီရွာသားရဲ့ ပခုံးကို လက်တစ်ဖက်နဲ့ ချိတ်ပြီး “အစ်ကိုချိုး....မပြောနဲ့တော့။လာ နောက်ထပ်,ထပ်သောက်ကြရအောင်။ဒါမှမဟုတ် ပြန်သွားရင် တံမြက်စည်းပေါ်မှာ ဒူးထောက်ခိုင်းတဲ့အစ်မကို ကြောက်နေလို့လား?"
"သူကို ဘယ်သူက ကြောက်နေလို့လဲ?" အဲဒီလူက ခေါင်းမာပြီး ဖန်ခွက်ကို မြှောက်လိုက်ကာ ကျယ်လောင်တဲ့ အသံနဲ့ ပြောလိုက်၏။“လာ...အဝသောက်လိုက်ရအောင်"
"လာ...ထပ်သောက်ဦး!" တခြားလူအနည်းစုလည်း လိုက်ပါလာသည်။
ချင်မျန်သည် သူ စားသောက်နေသည်ကို အရှိန်မြှင့်လိုက်သည်။ပြီးသည်နှင့် လူအများ၏အာရုံမစိုက်နိုင်သည်ကို အခွင့်ကောင်းယူကာ ခြံတံခါးအပြင်ဘက်တွင် ပုန်းအောင်းလျက် လဲ့ယ်ထျဲဆီသို့ လက်ညှိုးကွေးလျက် လှမ်းခေါ်လိုက်သည်။
လဲ့ယ်ထျဲလည်း ပန်းကန်လုံးကို တိတ်တိတ်လေးချလိုက်ပြီး သူရှိရာသို့ လျှောက်သွား၏။
ချင်မျန်က အရက်အလွန်အကျွံသောက်ထားသည့် တခြားတစ်ယောက်ယောက် သူတို့အား “ထောက်ထားစာနာမှုပြ” ခိုင်းမည်ကို စိုးရိမ်မိတာကြောင့် သူ့ကို ဆွဲခေါ်သွားလေသည်။
“ဗိုက် မဝသေးဘူး။” လဲ့ယ်ထျဲသည် ချင်မျန် သူ့ကို ဆွဲခေါ်သွားတာကို ရိုးရိုးသားသားပင် လွှတ်ထားလိုက်သည်။
နေဝင်သွားပြီ။လူအများစုသည် မင်္ဂလာဧည့်ခံပွဲတက်ရန် အိမ်ဟောင်းသို့သွားကြသည်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး အလွန် တိတ်ဆိတ်နေ၏။
ချင်မျန် မဆိုင်းမတွပင် ပြောလိုက်၏။ "ကျွန်တော်တို့အိမ်ရောက်ရင် ခင်ဗျားအတွက် အသားနဲ့ ခေါက်ဆွဲလုပ်ပေးမယ်"
သူပြောပြီးသည်နှင့် အိမ်သို့ ဆွဲခေါ်သွားသူမှာ လဲ့ယ်ထျဲဖြစ်သွား၏။
ချင်မျန် တစ်ခုခုကို သတိရသွားပြီး “ခုနက ထမင်းစားနေတုန်း ကျွန်တော်တို့ကို စိုက်ကြည့်နေတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။သူက ဘယ်သူလဲ?"
လဲ့ယ်ထျဲက ခဏလောက်စဉ်းစားပြီး ဖြေလိုက်သည်။ “အဒေါ်”
“အိုး။” ချင်မျန်၏တုံ့ပြန်မှုသည် အလွန် ညင်သာ၏။ပင်မမိသားစုနှင့် အိမ်ခွဲနေတုန်းက နေရာတိုင်းမှ ဆွေမျိုးများအား အကြောင်းကြားခဲ့မည်မှာ မှန်သော်လည်း မည်သူကမျှ သူတို့၏အိမ်သို့ မလာခဲ့ကြပေ။ထိုဆွေမျိုးများက သူနှင့် လဲ့ယ်ထျဲကို ငွေကြေးအရ ကူညီရန်နေနေသာသာ သူတို့ကိုလည်း ဂရုမစိုက်ခဲ့ပေ။
အိမ်ပြန်ရောက်တော့ သူတို့နှစ်ယောက်လုံးက အိမ်ဟောင်းမှာနေရတာထက် ပိုစိတ်သက်သာရသွားသလို ခံစားရသည်။
လဲယ်ထျဲ မီးဖိုချောင်ကို တိုက်ရိုက်ဝင်သွားပြီး “ဘာ ဆေးပေးရမလဲ?ဘာ လှီးပေးရမလဲ?”
"မလိုဘူး ကျွန်တော် လုပ်မယ်။" ချင်မျန်သည် ထုတ်တန်းမှ အဆီများများပါသည့် ဝက်သားတုံးကို ယူလိုက်သည်။ဝက်သားသည် အဆီသုံးပိုင်းနှင့် အဆီမပါသောလိုင်းသားခုနစ်ပိုင်းရှိပြီး အတုံးသေးသေး လှီးရန် သင့်လျော်သည်။အသားကို ပါးပါးလှီးဖြတ်ပြီး လဲ့ယ်ထျဲကို မီးမွှေးခိုင်းလိုက်၏။ဒယ်အိုးထဲတွင် ဆီပူလာတဲ့အခါ လှီးထားတဲ့အသားတွေကို လောင်းထည့်ပြီး အဆက်မပြတ်မွှေ၏။ 30 ရာခိုင်နှုန်း ချက်ပြုတ်ပြီးပါက ချင်မျန်သည် အိုးထဲသို့ ဂျင်းမှုန့် နှင့် ဆား ထည့်ကာ ဆက်လက် မွှေပေး၏။ 60 ရာခိုင်နှုန်း ချက်ပြီးပါက ရှာလကာရည် ထည့်ပြီး ဆက်မွှေ၏။ 70 ရာခိုင်နှုန်း ချက်ပြုတ်ပြီးပါက ပဲငံပြာရည်နှင့် စီချွမ်းငရုတ်ကောင်းမှုန့်တို့ကို ထည့်သည်။ပြီးသွားတဲ့အခါ ငရုတ်သီးမှုန့်နဲ့ ရေကို သင့်တော်တဲ့ ပမာဏလောက် ထည့်ပြီး ခဏလောက် ဆူအောင်တည်ထားလိုက်၏။ပြီးနောက် လှီးထားတဲ့ အသားစွပ်ပြုတ်ရည်ကို အိုးထဲကနေ ခပ်ယူနိုင်ပြီ။အသားက နူးညံ့အိကျနေပြီး ခပ်စပ်စပ်ဖြင့် အနီရောင်တောက်တောက်ဆီတို့ဖြင့်ဝေ့တက်နေ၏။
ချင်မျန် ကြည့်နေရင်း ၎င်းကို အလူးအလဲ တောင့်တမိခဲ့သည်။သူ အသားနှစ်တုံးကို မြည်းစမ်းရန် တူတစ်စုံကို ယူကာ မြည်းစမ်းလိုက်ပြီး သူ့ကိုယ်သူ ချီးကျူးလိုက်၏။ “ကျွန်တော့်ရဲ့ အရည်အချင်းက သာလွန်သွားပြီ။နူးညံ့လိုက်တာ။”
လဲ့ယ်ထျဲက သူ့ပါးစပ်ကို စိုက်ကြည့်နေတာကိုမြင်တော့ ပန်းကန်သေးသေးတစ်လုံးကိုယူကာ အသားအနည်းငယ်ထည့်ပြီး သူ့ဆီ ပေးလိုက်သည်။ “ဒီမှာ မြည်းကြည့်”
လဲ့ယ်ထျဲသည် ပန်းကန်လုံးကိုယူကာ သူ့လက်ထဲရှိ တူတွေကိုပါ ယူလိုက်ပြီး ပန်းကန်ထဲရှိ အသားများကို စားလိုက်သည်။
ချင်မျန် သူ့ကို ထိတ်လန့်စွာ ကြည့်ပြီး "ဒါက ကျွန်တော်ရဲ့ တူတွေလေ!"
“အင်း။” လဲ့ယ်ထျဲက ခေါင်းတောင်မထောင်လာပေ။
ချင်မျန် သူ့ကို ကန်လိုက်ကာ "ခင်ဗျား နောက်တစ်စုံ ကိုယ့်ဘာသာကိုယ် သွားမယူနိုင်ဘူးလား?"
"ဘာ ကွာလို့လဲ?" လဲ့ယ်ထျဲက မသိနားမလည်သောအကြည့်ဖြင့် ခေါင်းကိုမော့ကြည့်လိုက်သည်။
ချင်မျန်၏ပါးစပ်မှာလှုပ်လိုက်သော်ငြား စကားမပြောနိုင်။ “ကျွန်တော် သုံးပြီးသားတူကို သုံးတာက ကျွန်တော့်ကို သွယ်ဝိုက်နမ်းလိုက်တာပဲ” လို့ လဲ့ယ်ထျဲကို ပြောလို့ရမလား!
ခေါက်ဆွဲကိုဖြင့် အခြားအိုးတွင် ပြုတ်ထားသည်။ခေါက်ဆွဲပြုတ်ပြီးသောအခါ ခေါက်ဆွဲများကို ဆယ်ယူကာ အသားစွပ်ပြုတ်တစ်ဇွန်းကို ထိုထဲသို့ လောင်းချ၍ ကြက်သွန်မြိတ်တစ်ဆုပ်စီထည့်လိုက်ပြီး မွှေလိုက်သည်။စွဲမက်ဖွယ်ကောင်းသော ရနံ့သည် နှာခေါင်းတွေကို သိမ်းပိုက်လွှမ်းခြုံထားလေသည်။ကျန်တဲ့အသားပြုတ်တွေကိုဖြင့် မနက်ဖြန်အတွက် သိမ်းထားနိုင်ပေ၏။ခုတလော အေးနေတော့ ဟင်းတွေ မသိုးနိုင်ပေ။
Advertisement
"စားဖို့အဆင်သင့်ဖြစ်ပြီ။" ချင်မျန် မကျေမနပ်ဖြင့် ခေါက်ဆွဲကို မီးဖိုခုံပေါ် မဖိတ်မိစေရန် သတိထားသယ်လိုက်သည်။
"သယ်သွားလိုက်မယ်။" လဲ့ယ်ထျဲက ခေါက်ဆွဲပန်းကန်တွေကို ယူပြီး ထမင်းစား စားပွဲပေါ် တင်လိုက်၏။
ချင်မျန်သည် သူ့လက်ကို ဆေးကြောပြီးသည့်နောက် မီးဖိုချောင်မှ ထွက်လာပြီး ထိုလူ၏ပုံသဏ္ဍာန်ကို မတွေ့ရတော့ပေ။ခဏအကြာတွင် လဲ့ယ်ထျဲသည် လက်ထဲတွင် ဝိုင်ပုလင်းကိုင်လျက် ဧည့်ခန်းထဲက ထွက်လာသည်ကို မြင်လိုက်ရသည်။ချင်မျန်က
“ခေါက်ဆွဲစားပြီး သောက်ချင်သေးတယ်” ဟု ညည်းညူပြောဆိုလိုက်၏။
“ဝိုင်နဲ့တွဲသောက်ရတာ ကောင်းတယ်။” လဲ့ယ်ထျဲက ဝိုင်ပုလင်းကို ချလိုက်သော်လည်း ချက်ချင်းမထိုင်သေးဘဲ “ချင်းဇီ...မင်းရော သောက်မလား?”
“မသောက်ဘူး” ချင်မျန်က ခေါင်းယမ်းသည်။
ထို့နောက် လဲ့ယ်ထျဲက ဝိုင်ခွက်ကိုယူကာ သူ့အတွက်သူသာ ထည့်ပြီး သောက်လိုက်သည်။ချင်မျန်က ဘာမှလုပ်စရာမရှိတာကြောင့် လဲ့ယ်ထျဲအနားမှာ ထိုင်ပြီး သူ ထမင်းစားနေတာကို ကြည့်နေလိုက်သည်။
လဲ့ယ်ထျဲက စိတ်အခြေအနေကောင်းရနေပုံရသည်။သူ ဝိုင်ကို အေးအေးဆေးဆေး မြည်းစမ်းပြီးမှ ခေါက်ဆွဲကို ဖြည်းညှင်းစွာ စားနေ၏။
သူ့ကိုကြည့်ရင်း ချင်မျန်သည် သူ့ကို ကျွေးမွေးရတာက စိတ်လှုပ်ရှားပြီး ယားကျိကျိဖြစ်သလို ခံစားရသည်။ သူတကယ်ကို ပျင်းနေ၏။သူ မီးဖိုချောင်သို့ ဝင်သွားကာ လဲ့ယ်ထျဲ၏ပန်းကန်ထဲရှိ အသားကိုစားရန် တူတစ်စုံကို ယူလာခဲ့သည်။
"ဒါက ကိုယ့်ခေါက်ဆွဲလေ" လဲ့ယ်ထျဲ ပြော၏။
ချင်မျန်သည် သူ့ပါးစပ်ထဲကို အသားလေးတုံး တပြိုင်နက်တည်း ထည့်လိုက်ပြီး "ဘာ ကွာလို့လဲ?"
လဲ့ယ်ထျဲက ခေါင်းယမ်းလိုက်မိသည်။
ချင်မျန် သူ့ပန်းကန်ထဲက အသားအားလုံးကို ကျေနပ်စွာ ယူပြီး စားလိုက်သည်။
လဲ့ယ်ထျဲက ဘာမှမပြောချေ။သူ ဘယ်လက်တွင် အဖြူရောင်ကြွေဝိုင်ခွက်နှင့် ညာလက်တွင် တူကို ကိုင်ထားကာ ချင်မျန်အတွက် ခေါက်ဆွဲထဲမှ အသားကို ရှာတွေ့စေရန်ပင် ကူညီပေးခဲ့သေးသည်။
ချင်မျန်၏ပါးပြင်များ ပူတက်လာရတော့သည်။သူ တူတွေကို ချလိုက်ပြီး ရုတ်တရက် ထရပ်လိုက်၏။သူ ဆက်တီခုံဆီ ပြေးသွားပြီး လဲလျောင်းရင်း နှလုံးသားမှာ ခုန်ပေါက်နေတော့သည်။လဲ့ယ်ထျဲကို သူ မကြည့်ဝံ့။
လဲ့ယ်ထျဲ အကြည့်မလွှဲမီ သူ့အား အချိန်အကြာကြီး စိုက်ကြည့်နေမိသည်။သူ ဝိုင်ခွက်ကို တစ်ကျိုက်တည်းသောက်လိုက်ပြီး ခေါက်ဆွဲကို စားဖို့သာ အာရုံစိုက်လိုက်သည်။ခေါက်ဆွဲကို ဟင်းရည်ထဲမှာ အကြာကြီးစိမ်ထားတာကြောင့် ပွနေပြီ ဖြစ်ပေမယ့်လည်း အရသာရှိတယ်လို့ သူထင်နေတုန်းပဲ။ဟင်းရည်တောင် အကုန်သောက်လိုက်သေးသည်။
——-
မိုးလင်းတော့ ချင်မျန်နဲ့ လဲ့ယ်ထျဲတို့ ရေမိုးချိုးပြီး အိမ်ဟောင်းကို စောစောသွားကြ၏။
တုရှီ၊ လဲ့ယ်ရှန်းရန်၊ လဲ့ယ်ရှန်းရီ၊ လဲ့ယ်ရှန်းလီ၊ ကျိုးရှီ၊ ချင်းရှီ နှင့် ကလေးသုံးယောက်အပြင် လဲ့ယ်တာချန်၏အကြီးဆုံးအစ်ကိုဖြစ်သူ လဲ့ယ်တာ့ကောင်း၏မိသားစုများဖြစ်သည့် လဲ့ယ်တာကောင်း၊ လဲ့ယ်တာကောင်း၏ဇနီး၊ သူတို့၏သားနှစ်ယောက်၊ ချွေးမနှစ်ယောက်၊ မြေးနှစ်ယောက်နဲ့ မြေးမနှစ်ယောက်လည်း ရှိနေကြသည်။လဲ့ယ်တာချန်နှင့် လဲ့ယ်တာကောင်းတို့သည် ထိုနှစ်များအတွင်း အိမ်ခွဲနေခဲ့ကြစဉ် ပဋိပက္ခအချို့ရှိခဲ့သည်။သူတို့မိသားစု နှစ်ခုကြားက ဆက်ဆံရေးက ဒီမျှလောက်သာ ရှိပြီး တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှု မရှိကြပေ။ ပွဲတော်များ၊ မင်္ဂလာဆောင်များနှင့် အသုဘအခမ်းအနားများ ကျင်းပသည့်အခါမှသာ လာရောက်လည်ပတ်လေ့ရှိကြသည်သာ။
တစ်ခန်းလုံး လူတွေအပြည့် စကားစမြည်ပြောနေကြပြီး ဘေးချင်းကပ် လျှောက်လာတဲ့ လူနှစ်ယောက်ကို တွေ့တော့ အံ့သြသွားပြီး တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ကျသွားခဲ့သည်။ ဘယ်ဘက်ရှိ အမျိုးသားသည် ဆံပင်မှာ မှင်ကဲ့သို့မည်းနက်နေကာ အရပ်ရှည်၏။သူ အပြာရောင်ဗျက်ကျယ် ၀တ်စုံနှင့် အနက်ရောင် နွားဖြူ ခါးပတ်ကို ၀တ်ဆင်ထားပြီး ခါးတွင် အနီရောင် “ငြိမ်သက်ခြင်း” အဆောင်အယောင်ကို ချိတ်ဆွဲထားသည်။သူသည် အေးစက်စက်ရှိနေပုံရပြီး သူ့ခြေလှမ်းတွေက တည်ငြိမ်နေကာ ခြေဖဝါးတစ်လှမ်း လှမ်းလိုက်တိုင်း လျစ်လျူမရှုနိုင်တဲ့ ရောင်ဝါမှာ ဖျတ်ခနဲ ပေါ်လာသည်။ညာဘက်ရှိ လူငယ်လေးမှာတော့ ယွန်းကဲ့သို့ အနက်ရောင် မျက်လုံးများဖြင့် ချောမောလွန်းလှသည်။သူသည် ကောင်းကင်ပြာလက်ရှည်ကျယ်၀တ်စုံကို ၀တ်ဆင်ထားကာ အနက်ရောင် ကုတ်အင်္ကျီကို ထပ်၀တ်ထားပြီး အဖြူသန့်သန့် ယုန်သားမွေး နှစ်စဖြင့် ကွပ်ထားပြီး ခြေထောက်တွင်လည်း အပြာရောင် ခြေကျင်းဝတ် ဖဲသားဖိနပ်တစ်ရံကို ၀တ်ထားသည်။သူ၏တည်ရှိမှုသည် သာမန်လူများကို စူးစူးဝါးဝါးဖြစ်စေပြီး မည်သည့်မိသားစု၏သခင်လေးတစ်ယောက် တံခါးမှားဝင်လာသလားဟုပင် အံ့သြသွားလောက်စေသည်။
ကျိုးရှီ၊ ချင်းရှီ၊ လဲ့ယ်ချွင်းထောင်နှင့် အခြား အမျိုးသမီး အများအပြား မှင်တက်သွားကြ၏။
လဲ့ယ်ရှန်းရန်၏မျက်လုံးများသည် လဲ့ယ်ထျဲပေါ်သို့ စိုက်ကျသွားပြီး သူ့စိတ်တွေ ရှုပ်ထွေးသွားသည်။သူ့အစ်ကိုအကြီးဆုံးက သူ့ထက် အသက်ကြီးပေမယ့် သူ့ထက် အများကြီး ငယ်ပုံရသည်။အကယ်၍ သူ့(LT)မှာသာ မျက်နှာတွင် ထိုအမာရွတ်မရှိခဲ့ပါက သူသည် ပို၍ပင် ချောမောပြီး ဆွဲဆောင်မှုရှိကာ နှစ်လိုဖွယ်ကောင်းနေမည်မှာ အမှန်ပင်။သူ့နှလုံးသားအောက်ခြေထိတိုင်အောင် မနာလိုဝန်တိုမှုအနည်းငယ်ကို ခံစားလိုက်ရ၏။ကျိုးရှီတစ်ယောက် ကြောင်မှိန်းနေသည်ကို တစေ့တစောင်း လှမ်းမြင်လိုက်သောအခါတွင် သူ ဒေါသထွက်သွားသည်။ခြေထောက်ကို မြှောက်ပြီး သူမခြေထောက်ဆီကို ပြင်းပြင်းထန်ထန် ကန်လိုက်၏။
မည်သို့ပင်ဆိုစေကာမူ ကျိုးရှီကား သူ သတိမထားမိဘူးဟုသာ ထင်နေသည်။သူမ ခြေထောက်ကို ပွတ်သပ်ရင်း "ဘာလုပ်တာလဲ?"
လဲ့ယ်ရှန်းရန်က စကားမပြောဘဲ နှာမှုတ်လိုက်သည်။
လဲ့ယ်ထျဲသည် အခန်းပတ်ပတ်လည်ကို လှည့်ကြည့်ပြီးနောက် ချင်မျန်ကို မထင်ရှားသော ထောင့်တစ်ခုဆီသို့ ဆွဲခေါ်သွားကာ ထိုင်လိုက်သည်။ချင်မျန်လည်း ဝေ့ကြည့်လိုက်တော့ သတို့သမီးကို မတွေ့ရပေ။
တုရှီသည် ပိတ်ထားသော [သတို့သမီး] အခန်းတံခါးကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေလျက် ပင်မထိုင်ခုံပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်နေ၏။
Advertisement
ဤတစ်ကြိမ်မှာတော့ အခန်းတံခါးသည် ကျယ်လောင်စွာပွင့်လာပြီး ပြုံးနေသော လဲ့ယ်တာချန်နှင့် ဝေရှီသည် အနီရောင် ၀တ်စုံအပြည့်ဖြင့် ထွက်လာခဲ့သည်။
ချင်မျန်က ဝေရှီကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။သူမက တကယ်ကို အလှလေးဆိုပေမယ့် လဲ့ယ်တာချန်နဲ့ ပေါင်းဖက်ခွင့်ရတာတော့ တကယ် သနားစရာပင်။
လဲ့ယ်တာချန်က ပင်မထိုင်ခုံသို့သွားကာ ထိုင်လိုက်သည်။သူ ပေါ့ပေါ့ပါးပါးပြောလိုက်၏။ "အားလုံး ရောက်နေပြီပဲ"
ဝေရှီသည် ရှက်နေပုံရသော်လည်း သူမ၏အမူအရာမှာ အလွန်သဘာဝကျပြီး တည်တည်ငြိမ်ငြိမ်သာ ရှိနေသည်။သူမ တုရှီထံသို့ သွက်သွက်လျှောက်လှမ်းကာ လက်ဖက်ရည်ငှဲ့ပေးရန် ဒူးထောက်ထိုင်လိုက်သည်။သူတို့နှစ်ယောက်စလုံးက ဇနီးမယားအဖြစ် အဆင့်အတန်းတူပေမယ့် တုရှီက အရင်လက်ထပ်ခဲ့သည်လေ။ဒီလက်ဖက်ရည်ခွက်ဖြင့် သူမကို ဂုဏ်ပြုသင့်၏။
"ကျေးဇူးပြုပြီး လက်ဖက်ရည်သုံးဆောင်ပါ မမ။"
တုရှီကား မတုံ့ပြန်ခဲ့ပေ။သူမကို အေးစက်စွာ စိုက်ကြည့်ကာ အေးစက်စွာပြောလိုက်သည်။
"အိုး....နိုးလာဖို့ သိသေးလား?ငါတို့တွေ ဒီလောက် စောင့်ဆိုင်းခိုင်းရအောင် အဲ့လောက်တောင်ပဲ သတ္တိရှိနေလား?ဒါ ဝေမိသားစုရဲ့ စည်းကမ်းပဲလား?"
ဝေရှီသည် သူမအား ဝေဖန်နေသည်ကို စိတ်မ၀င်စားဘဲ တောင်းပန်စကားသာ ဆိုခဲ့သည်– “မနေ့က ကျွန်မခင်ပွန်းကို မေးကြည့်တော့ မမက လုံနာရီအစမှာ ထလေ့ရှိတယ်လို့ပြောတယ်။ညီမလေးအတွေးတိမ်မိသွားပါတယ်။ယုန်နာရီမှာ ထမယ်လို့ ညီမလေး မမျှော်လင့်ထားမိဘူး။ဒါ ညီမလေးအမှားပါ။ညီမ တောင်းပန်ပါတယ် လက်ဖက်ရည်သောက်ဆောင်ပါဦး”
လဲ့ယ်ရှန်းရန် နှင့် အခြားလူများသည် ရှက်စရာကောင်းသည်မို့ နှုတ်ဆိတ်စွာ ခေါင်းငုံ့လိုက်ကြသည်။ဒီနေ့ တူရှီ စောစောထလိုက်တာ အမှန်ပါပဲ။အာရုဏ်မတက်မီကတည်းက သူမသည် အိမ်ရှိ စားပွဲနှင့် ကုလားထိုင်များကို ရွှေ့ကာ ဆူညံသံများထွက်လာစေရုံသာမက သူတို့အားလုံးကို နိုးစေရန် အိုးကို အကြိမ်ကြိမ် တီးခေါက်သေးသည်။
ချင်မျန် အသံမထွက်ဘဲ ရယ်မောမိပြီး တုရှီတစ်ယောက် ကံဆိုးမိုးမှောင်ကျနေမှုကို နှစ်သက်သည့်ပုံစံဖြင့် ကြည့်လိုက်သည်။
တုရှီ၏မျက်နှာမှာ တင်းမာနေပုံရသည်။သူမ ဘာပြောရတော့မလဲ?လဲ့ယ်တာချန်က မျက်နှာထား တည်တည်ဖြင့် ကြည့်လိုက်ပြီး “ကောင်းပြီ လက်ဖက်ရည်ကို ဘာလို့ မယူသေးတာလဲ။ပြီးရင် သူမ မနက်စာပြင်ရဦးမယ်လေ”
တုရှီသည် လက်ဖက်ရည်ကို ဖြည်းညှင်းစွာ ယူပြီး တစ်ငုံသောက်ရုံမှတပါး ရွေးချယ်စရာမရှိပေ။
ဆောင့်ကြီးအောင့်ကြီးနဲ့ မလိုလားသော ပုံစံဖြင့် တုရှီသည် ငွေရောင်လော့ကတ်သီးများပါသည့် မက်မွန်သစ်သားဆံညှပ်နှစ်ချောင်းကို ထုတ်လိုက်ပြီး အမူအရာ အပြောအဆို ကြမ်းတမ်းစွာ ပြောလိုက်သည်။ “ဒီကနေစပြီး အိမ်ထောင်ဦးစီးကို ဂရုစိုက်ပါ”
"ကျေးဇူးအများကြီးတင်ပါတယ် မမ။" ဝေရှီက ယဉ်ကျေးစွာ ကျေးဇူးတင်စကားဆိုကာ လက်ရာမြောက်သော ငွေပုတီးစေ့နားကပ်တစ်ရံကို ပေးလိုက်၏။ “ဒါက ညီမလေးရဲ့ဂရုစိုက်မှုလေးပါ။မမလည်း ကြိုက်မယ်လို့ မျှော်လင့်ပါတယ်။”
ငွေပုတီးစေ့နားကပ်သည် သေးငယ်သည်ပမဏမဟုတ်ပေ။ဆံညှပ်ထက် များစွာပို၍ အဖိုးတန်ကာ ငွေတစ်တုံးမျှ ထိုက်တန်မည် ဖြစ်သည်။တုရှီသည် သူမ၏နှလုံးသားထဲရှိ ဝန်ကို အနည်းငယ်မျှ လျော့ကျသွားသလို ခံစားရသည်။
ကျိုးရှီ၏မျက်လုံးများကဖြင့် တောက်ပလာသည်။ဝေရှီရှိရာသို့ လျင်မြန်စွာ လျှောက်သွားကာ လက်မောင်းကို ကိုင်လိုက်ပြီး “မေမေလေး....ကျွန်မက ဒုတိယချွေးမပါ။ဒါက အကြီးဆုံး ဦးလေး နဲ့ အကြီးဆုံး အဒေါ်ပါ။ဒါက…”
မျိုးဆက်တူလူငယ်များအတွက် ဝေရှီသည် သူတို့အား ကောင်းချီးပေးသည့် အခမ်းအနားမျိုးတစ်ခုပြီးတစ်ခု ပြုလုပ်ပေးကာ သူမကိုယ်တိုင်လုပ်ထားသော ဖိနပ်နှင့် ပိုက်ဆံအိတ်ကို ပေးအပ်ခဲ့သည်။
မျိုးဆက်သစ်လူငယ်များအတွက်မူ ဝေရှီ၏ပထမဆုံးတွေ့ဆုံလက်ဆောင်များမှာလည်း ရက်ရော၏။ချင်မျန် နှင့် လဲ့ယ်ထျဲတို့လည်း တစ်ခုစီ ရရှိခဲ့သည်။
ဆွေမျိုးနှုတ်ဆက်ပွဲ ပြီးဆုံးသွားပြီးနောက် တုရှီက စိတ်မရှည်စွာပြောလိုက်သည်။
"ကောင်းပြီ...ထမင်းချက်ဖို့သွားတော့။ငါတို့အားလုံး ဗိုက်ဆာနေပြီ။”
ဒုတိယနေ့တွင် သတို့သမီးသည် နံနက်စာ ချက်ပြုတ်ရမည်ဖြစ်သည်။ယင်းက သတို့သမီး၏မိသားစုကို စီမံခန့်ခွဲနိုင်စွမ်းအား စမ်းသပ်ရန်သာမက အိမ်သစ်တွင် သတို့သမီး၏ဘဝအတွက် အုတ်မြစ်ချခြင်းလည်းဖြစ်သည်။လဲ့ယ်တာကောင်း၏မိသားစုသည် မတ်တပ်ရပ်ကာ ထွက်ခွာသွားကြသည်။
လဲ့ယ်တာချန်က ချင်မျန် နှင့် လဲ့ယ်ထျဲကို မနက်စာကျွေးဖို့ရာ ကျောခိုင်းထားလိုက်သည်။ချင်မျန်ကတော့ ဘယ်လိုတွေ ဇာတ်အိမ်တည်နေမလဲဆိုတာကို သိချင်တဲ့အတွက် သူတို့ ဆက်နေခဲ့၏။
ဝေရှီသည် ချက်ပြုတ်ရန် မီးဖိုချောင်သို့ဝင်သွားကာ ကျိုးရှီ နှင့် ချင်းရှီတို့ကလည်း အစပြု၍ သွားရောက် ကူညီခဲ့ကြသည်။ထိုမိန်းမသားနှစ်ယောက်က ဝေရှီနဲ့ နီးကပ်ရင်းနှီးသွားကြမည်ဆိုတာ ချင်မျန်သိ၏။
တစ်နာရီအတွင်း ကျိုးရှီ နှင့် ချင်းရှီသည် စားပွဲပေါ်တွင် ဟင်းလျာများကို စတင်တည်ခင်းတော့သည်။မနေ့က ဧည့်ခံကျွေးမွေးတဲ့ အသားနဲ့ အသီးအရွက်တွေ အပါအဝင် ဟင်းချက်ရာမှာ ကျန်နေသေးတဲ့ ပစ္စည်းတွေ အများကြီးကျန်သေး၏။ဝေရှီသည် ဟင်းဆယ်မျိုးကို အရောင်အသွေး အနံ့အရသာ အစုံအလင် ဖြစ်စွာ ပြင်ဆင်ထားသည်။
"မမတို့ မနက်စာစားလို့ရပြီ" ဝေရှီသည် ပြုံးလျက် လဲ့ယ်တာချန်၏နံဘေးတွင် ထိုင်လိုက်သည်။
တုရှီက မျက်နှာထားတင်းမာစွာဖြင့် “ဝေရှီ...မင်းနေရာမှားပြီး ထိုင်နေတာပဲ။ယောကျ်ားကြီးတွေကြား ဘာဝင်လုပ်နေတာလဲ။"
"မမ...အဲဒါ မမှန်ဘူး။" ဝေရှီ လဲ့ယ်တာချန်ကို လှည့်ကြည့်လိုက်သည်။ “ယောကျ်ား....ကျွန်မတို့အားလုံးက တစ်မိသားစုတည်းဆိုတော့ မိန်းမတွေကို ခွဲနေစရာ မလိုဘူးလို့ထင်မိတယ်။ပြီးတော့ ဘေးမှာထိုင်မှသာ ခင်ပွန်းကို ပြုစုရတာ အဆင်ပြေတယ်မဟုတ်လား။သားနှစ်ယောက်နှင့် ဇနီးမယားနှစ်ယောက်အတူထိုင်မှလည်း သူတို့ရဲ့ခံစားချက်တွေကို ပြုစုပျိုးထောင်ပေးနိုင်မယ်လေ။နောင်အခါ မြေးတွေ ထပ်မံမွေးဖွားလာမှာပေါ့။ယောက်ျားရော ဘယ်လိုထင်လဲ?"
"မှန်တယ်။" လဲ့ယ်တာချန်က ခေါင်းညိတ်ပြီး “ဒီကနေစပြီး မိသားစုစားဖို့ စားပွဲနှစ်ခုမှာ ယောက်ျားနဲ့ မိန်းမ မခွဲခြားရဘူး။ မင်းအမေ၊ ငါ့မိန်းမ နဲ့ ချွင်းထောင်တို့က အတူထိုင်မယ်၊ ကျန်တဲ့သူတွေက တခြားစားပွဲမှာ ထိုင်။"
ဝေရှီက တုရှီကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။"မမ ဒီမှာလာထိုင်”
တုရှီက ဒေါသတကြီးကြည့်လိုက်သည်။သူမ ခံနိုင်ရည်အား ကုန်ဆုံးသွားကာ ဒေါသထွက်တော့မည်။
လဲ့ယ်ချွင်းထောင်သည် အလျင်အမြန် လျှောက်လာပြီး လဲ့ယ်တာချန်၏တစ်ဖက်ခြမ်းတွင် ထိုင်ရန် သူမအား တွန်းထုတ်ကာ တိုးညှင်းသော အသံဖြင့် နှစ်သိမ့်ပေးသည်။
ဝေရှီက လဲ့ယ်တာချန်ကို ပြုံးပြီး ဟင်းတွေ ထည့်ပေးလိုက်သည်။ "ယောကျ်ား... နွားသိုးသားက ခန္ဓာကိုယ်ကို အာဟာရဖြစ်စေတယ်။များများစား။ကျွန်မရဲ့ ဟင်းချက်ကျွမ်းကျင်မှုက မဆိုးဘူးနော်။ ပြီးရင် အားဖြည့်ဖို့အတွက်ပါ ဟင်းနည်းနည်းထပ်ချက်ပေးမယ်"
"ကောင်းတယ်..ကောင်းတယ်။" လဲ့ယ်တာချန်က ဟက်ဟက်ပက်ပက် ရယ်မောပြီး ဒီဇနီးကို လက်ထပ်လိုက်တာက လုပ်သင့်လုပ်ထိုက်တယ်ဟု ပိုခံစားလာရ၏။
လဲ့ယ်ရှန်းရန်က ဝက်သားကြော်ကို ပါးစပ်ထဲထည့်လိုက်ပြီး ချီးကျူးလိုက်သည်။ "မေမေလေးရဲ့ ဟင်းချက်လက်ရာက အရမ်းကောင်းတာပဲ"
"ကျွန်မလည်း ဒီလိုပဲ ခံစားမိတယ်။" ကျိုးရှီက တပြုံးပြုံးဖြင့် “အသီးအရွက်တွေလည်း ကြော်ထားတာကောင်းတယ်။အသီးအရွက် မွှေကြော်တွေမှာတောင် အရသာကောင်းဖို့ ဆီပိုလိုတယ်လေ။"
ချင်းရှီကလည်း ညည်းညူလိုက်သည်။ “မေမေလေးသာ ရှေးဆက်ပြီး ချက်ပေးမယ်ဆိုရင် ကောင်းမှာပဲ"
လဲ့ယ်ရှန်းရီက သူမကို စိုက်ကြည့်ကာ ကြိမ်းမောင်းလိုက်သည်။ “ပါးစပ်ပိတ်ထား!” သူ့အမေက ဟင်းချက်ရင် အကုန်အကျသက်သာအောင် ချက်တယ်ဆိုတာ သူသိ၏။
ချင်မျန်သည် တုရှီ၏ဖြူစုတ်နေသော မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝေရှီ၏ပြုံးနေသော မျက်နှာကို ကြည့်လိုက်သည်။သူကတော့ အတော်လေးကို စိတ်အခြေအနေကောင်းနေပြီ။တုရှီတစ်ယောက် သူနဲ့လဲ့ယ်ထျဲတို့ကို ဒုက္ခပေးဖို့ အချိန်မရှိဘူးဆိုတာ သူသေချာပေါက်သိသွားလေပြီ။အိမ်ဟောင်း၏ အနာဂတ်ကို သူ ဂရုမစိုက်တော့ပေ။
"ထျဲကော...ကျွန်တော် စားလို့ပြီးပြီ။"
လဲ့ယ်ထျဲ ခေါင်းညိတ်ပြပြီး တူကိုချကာ မတ်တပ်ထရပ်လိုက်သည်။
“အဖေ၊ အမေ၊ မေမေလေး၊ ကျွန်တော်တို့ ထမင်းစားပြီးပါပြီ။ကျွန်တော်တို့ပြန်လိုက်ပါဦးမယ်။ မင်းတို့အားလုံးလည်း ဖြည်းဖြည်းစားကြပါ။" ချင်မျန်က အလွန်ယဉ်ကျေးနေသည်။
တုရှီက ဘာမှ ပြန်မပြော။
လဲ့ယ်တာချန်ကား ခေါင်းညိတ်ပြလိုက်သည်။
သို့သော်လည်း ဝေရှီသည် မတ်တတ်ထရပ်ကာ ပြုံးလျက် “ကောင်းပြီ။ မင်းတို့နှစ်ယောက် အချိန်အားတိုင်း လာလည်ကြပါနော်”
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
Advertisement
- In Serial27 Chapters
Apocalypse Override: Zombieman
Chapters updated whenever I'm not working on Ball of Light: Book 2. Please help me catch errors when you see them. Also, rate and enjoy. Ray Delano lives an ordinary life as a twenty-year-old guy living in the Bay Area. At least, he used to. Ever since the apocalypse, things have been different. Monsters have invaded Earth. New powers and abilities have sprung up from the strange leveling system to help humanity combat the new threat. Join Ray as he navigates through this changing world, starting from the beginning.
8 405 - In Serial89 Chapters
The Martyrs: the Generation that Burns
“Perhaps we are indeed the main characters of the story, but who is to say we are not the Galactic Republic in the prequel --- No matter how many victories we seize or how many foes we slay, our fate has been sealed from the very beginning.” --- KR043. When a portal to another world was created in the deserts of Nevada, the United States, humanity was faced with a choice. Neglect it, and pray nothing happens. Or confront it, and in doing so, pay a dear cost. Earth chose the latter, and thus, came the heroic tales of the Phasewalker Corps. And thus, came the numberless skirmishes, battles, and wars that would ravage across Humanity's enemies. And thus, came the warcry that would soon echo through countless worlds. "For Earth! For Humanity! For...Victory!" This is the story of the generation that burns. Participant in the Royal Road Writathon Challenge. The cover is custom created on the Webnovel website.
8 430 - In Serial8 Chapters
Sacrifice
Michael Strong never had a very good life nor he thinks he has done anything special. But then, something comes his way. Something that will finally change everything that was bad. Something which will give him the meaning he always wanted. But every meaning requires a sacrifice...
8 196 - In Serial10 Chapters
the eternal seeker
This epic tale, will show the story of a curious and a little bit lazy scientist on his travels across the universe.In the era that humanity had left their solar system a scientist ends up on a planet with a lot of ruins, from there he will start a journey that will change the fate of the universe.
8 173 - In Serial54 Chapters
Sun and Moon ☆ Haechan
☆Soulmate au☆They were fated togetherCover by @lor-beer
8 193 - In Serial11 Chapters
Total drama group chat
Exactly what the title is :) This contains couples as : aleheather , Duncany , noco , gidgette , Gwent , ozzy , lyler , leharold and Sierra just being obsessed with Cody.( I do not own total drama or any total drama characters)
8 217