《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[57]
Advertisement
[Unicode]
057: မေမေလေး အိမ်ထောင်စုထဲ ဝင်လာခဲ့ပြီ
မျက်စိတစ်မှိတ်အတွင်းမှာပင် လဲ့ယ်တာချန်နှင့်ဝေဝေတို့လက်ထပ်တဲ့နေ့ ရောက်လာခဲ့ချေပြီ။
ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည်လည်း ယွီသုန်အား သူတို့ဆိုင်သို့ လာမည်မဟုတ်ကြောင်း ကြိုတင်အကြောင်းကြားထားခဲ့လိုက်သည်။ထိုညက လဲ့ယ်ထျဲ လူနှစ်ယောက်အား သင်ခန်းစာ အပြတ်အသတ်ပေးလိုက်သောကြောင့် စားသောက်ဆိုင်သို့ ပြဿနာလာရှာတော့မည့်သူ မရှိတော့ပေ။ဆိုင်ကို ရက်အတော်ကြာ မသွားဖြစ်ရင်တောင် စိတ်ပူစရာမရှိချေ။
မနက်စာစားပြီးတာနဲ့ ၀တ်စားဆင်ယင်ပြီး အိမ်ဟောင်းကို အတူတူသွားကြ၏။ယခင်ရက်အနည်းငယ်လောက်ကနှင့် နှိုင်းယှဉ်ပါက အိမ်ဟောင်းတွင် အပြောင်းအလဲအချို့ရှိခဲ့သည်။ခြံဝန်းတံခါး တံစက်မြိတ်အောက်မှာ မီးပုံးအနီနှစ်လုံး တွဲလောင်းကျလျက် ရှိနေသည်။အနီရောင် "囍" အက္ခရာအများအပြားကိုလည်း ဝင်းတံခါး၊ ဗဟိုခန်းနှင့် အပြင်နံရံတွင် မတူညီသော အနေအထားများဖြင့် ကပ်ထားကာ ကောင်းမွန်သောပွဲတော်အလား ပုံဖော်ထားသည်။
ချင်မျန် ရောက်လာတော့ အိမ်ထဲသို့ လှမ်းကြည့်လိုက်ပြီး မိန်းကလေးဝေသာ အိမ်ထဲသို့ ဝင်လာပြီးရင် တစ်မိသားစုလုံး ဘယ်လိုနေထိုင်ကြမလဲလို့ တွေးမိသည်။လဲ့ယ်တာချန်က မိန်းကလေးဝေနှင့် အတူနေချင်တိုင်း တုရှီကို လဲ့ယ်ချွင်းထောင်၏အခန်းသို့ အမြန်ခေါ်သွားခိုင်းမည်လား သို့မဟုတ် သူ့အိပ်ရာကို ကန့်လန့်ကာဖြင့် နှစ်ပိုင်းခွဲလိုက်လေမလား?
ထိုသို့ ရယ်စရာကောင်းသော မြင်ကွင်းကို တွေးရင်း ချင်မျန်သည် တိတ်တဆိတ် ရယ်မောလိုက်သည်။တွေးလေလေ ရယ်ချင်လေလေပဲ။
"ဘာကိုရယ်နေတာလဲ?" လဲ့ယ်ထျဲက ခေါင်းလေးကို ပုတ်လိုက်သည်။
"ဘာမှမဟုတ်ပါဘူး"
ချင်မျန်က ချက်ခြင်းပြောလိုက်သော်ငြား သူ့မျက်နှာမှာ အပြုံးတစ်ခု ရှိနေသေးသည်။
လဲ့ယ်ထျဲ ဆက်မမေးတော့ဘဲ ခြံထဲသို့ ဆွဲခေါ်သွားလိုက်သည်။
မင်္ဂလာအချိန်သည် နေဝင်ရီတရောအချိန်မှ ကျင်းပမည်ဖြစ်သောကြောင့် ခြံဝင်းလေးမှာ ယခုအချိန်တွင် အတော်လေး တိတ်ဆိတ်နေသေးသည်။သူတို့အဖေ မိန်းမထပ်ယူတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လဲ့ယ်ရှန်းရန် နဲ့ တခြားမျိုးဆက်သစ်လူငယ်လေးတွေမှာ အလွန်ရှက်ရွံ့နေကြပြီး တိတ်တိတ်ဆိတ်ဆိတ်သာ အလုပ်တွေ လုပ်ကိုင်လျက်ရှိကြသည်။
"လောင်တာ့နဲ့ မရီးတို့နှစ်ယောက် ရောက်ပြီလား။" လဲ့ယ်ရှန်းလီ အနားသို့ရောက်လာသည်။
လဲယ်ထျဲက သူ့လက်ကို ဝှေ့ယမ်းပြီး "အလုပ်ဆက်လုပ်"
လဲ့ယ်ရှန်းလီ သက်ပြင်းချလိုက်ပြီး ခြံဝင်းထဲမှ ထွက်သွားသည်။ "ကျွန်တော် စားပွဲနဲ့ကုလားထိုင်တွေ သွားငှားလိုက်ဦးမယ်"
ချင်မျန် နှင့် လဲ့ယ်ထျဲလည်း လှည့်ပတ်ကြည့်လိုက်ရာ ကူညီရန်လူမလိုအပ်တာကြောင့် တစ်ကြောင်း တုရှီ၏ "လူတိုင်းက သူမအပေါ် ငွေတုံး ၅၀၀ အကြွေးတင်နေသည့်" မျက်နှာကိုလည်း မမြင်ချင်ကြပေ။ဒီလိုနဲ့ပဲ အိမ်ပြန်လာခဲ့ကြသည်။
ချင်မျန် ပြောလိုက်၏။ "တို့ဟူးနဲ့ ငါးသွားဝယ်ကြရအောင်" တောင်စိမ်းရွာသည် ရေပြေးမြို့နှင့် ဝေးကွာသော်လည်း ရွာတွင် ဝိုင်အလုပ်ရုံ၊ တို့ဟူးအလုပ်ရုံနှင့် ငါးမွေးမြူရေးခြံများရှိသည်။ဝိုင်၊ တို့ဟူးနဲ့ ငါးကို ဝယ်ရတာ အရမ်းအဆင်ပြေသည်ဟု ဆိုရမည်။ဤကိစ္စနှင့် ပတ်သက်၍ တောင်စိမ်းရွာသို့ ကူးပြောင်းခံလိုက်ရတာက သိပ်တော့မဆိုးရွားလွန်းဟု သူထင်မိသည်။
လဲ့ယ်ထျဲက သူ့မေးစေ့ဖြင့် လမ်းသေးသေးရဲ့ ဘယ်ဘက်ခြမ်းကို ညွှန်ပြလိုက်သည်။
"အစ်ကိုထျဲနဲ့ မရီးတို့ လမ်းလျှောက်ထွက်ကြမလို့လား?" ဝူတိသည် သူတို့အား နောက်ပြောင်ရင်း မျက်နှာချင်းဆိုင်လာခဲ့သည်။
လဲ့ယ်ထျဲ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
ချင်မျန်သည် ဝူတိနှင့် သူနှင့်အတူ လမ်းလျှောက်လာသော အခြားရွာသား သုံးဦးကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြသည်။
"ငါတို့ ရွာရဲ့တစ်ဖက်စွန်းမှာ တိုဟူးသွားဝယ်မလို့။မင်းတို့အားလုံး ဘယ်သွားကြမလို့လဲ?"
ဝူတိ ပြောလိုက်သည်။ "လောင်ကျိုးနဲ့ သူ့မိန်းမ ရန်ဖြစ်နေကြတယ်လို့ ကြားတယ်။ကျွန်တော်တို့ အချင်းချင်း ရန်ဖြစ်နေတာကို ရပ်တန့်ဖို့ သွားကြိုးစားကြည့်မလို့။ဟားဟား...."
ချင်မျန် ပြောလိုက်၏။ "အိုး....လောင်ကျိုးနဲ့ သူ့မိန်းမက နေ့တိုင်း ရန်ပွဲအသေးလေးတွေ ဖြစ်ပြီး သုံးရက်တစ်ကြိမ် ရန်ပွဲကြီးကြီး ဖြစ်လေ့ရှိတာပဲ။ငါတို့ရွာမှာ အသစ်အဆန်းမှမဟုတ်တာ"
အနှီအိမ်ထောင်သည်လင်မယားသည် သူတို့ရွာမှာ အံ့ဩစရာ စုံတွဲတစ်တွဲပါပဲ။တစ်ရက်လောက် ရန်ပွဲမရှိရင် အဆင်မပြေကြသည့်အတိုင်းပင်။သို့ပေသိ ရန်ဖြစ်ပြီးတိုင်းလည်း နောက်နေ့မနက်မှာ လက်ချင်းတွဲပြီး ထွက်သွားကြပြန်သေး။သူတို့သည် ယခုခေတ်က သူများနှင့်နှိုင်းယှဉ်ရပါက လင်မယားကြား တရင်းတနှီး ဆက်ဆံရေးရှိသည်ဟု ဆိုရမည်။သူတို့နှစ်ဦးသားမှာ ဆက်ဆံရေး ကောင်းမွန်ကြောင်း ရွာသားအားလုံး နားလည်ကြပြီး သူတို့၏ရန်ပွဲဆိုသည်မှာ အချင်းချင်း ခံစားချက်တွေကို ဖော်ပြရန် အထူးနည်းလမ်းတစ်ခုပင် ဖြစ်သည်။
"ဒီတစ်ခါတော့ မတူဘူးဗျ" ဝူတိအနားက လူငယ်တစ်ယောက်က ရယ်မောရင်း ဝင်ပြောလိုက်သည်။ "ဒီတစ်ခေါက်က မနေ့ညက လောင်ကျိုး အိမ်မပြန်လာဘူး။ဒီမနက် ပြန်လာတော့လည်း သူ့အဝတ်အစားပေါ်မှာ နှုတ်ခမ်းနီရာနဲ့ ပြန်လာခဲ့တယ်လေ! ဟားဟား......"
အခြားသူတစ်ဦးက တိုက်တွန်းခဲ့သည်။ "လာကွာ...မြန်မြန်သွားကြည့်ရအောင်!"
"အစ်ကိုနဲ့မရီး...ကျွန်တော်တို့ အရင်သွားနှင့်လိုက်မယ်။" ဝူတိသည် အဆွဲခံသွားရရင်း လက်တစ်ဖက်ကလည်း ဝေ့ယမ်းပြနေသည်။
ချင်မျန် ခေါင်းယမ်းသည်။ဒီ ဝူတိက တကယ်ကို အိမ်ထောင်ရှင်တစ်ယောက်နဲ့ မတူဘူးပဲ။
နှစ်ယောက်သား ရှေ့ကို ဖြည်းညှင်းစွာ တရွေ့ရွေ့နှင့် လျှောက်သွားကာ အိမ်မပြန်မီ ငါးနှင့် တို့ဟူးဝင်ဝယ်ခဲ့ကြသည်။
နေ့ခင်းဘက်တွင် ချင်မျန်သည် ဟင်းသုံးမျိုးအဖြစ် တိုဟူးနှပ်၊ ငါးနှပ်၊ နှင့် ဝက်ဂေါ်ဖီစတူးကို ချက်လိုက်သည်။
ချင်မျန် ကောင်းကောင်းစားသောက်ပြီးနောက် လဲ့ယ်ထျဲသည် ကျန်ထမင်းနှင့် ဟင်းများကို အကုန်တွယ်လိုက်သည်။
သူ ဘာလို့မဝလာရတာလဲ? သူ စဥ်းစားမိတော့ မနာလိုဖြစ်လာမိသည်။
နေ့လယ်စာစားပြီးနောက် သူတို့ အစာချေရန် လမ်းလျှောက်ကြပြီး အိပ်ယာပေါ်တွင် ခဏတစ်ရေးတစ်မော အိပ်လိုက်ကြသည်။ပျော်ပွဲရွှင်ပွဲ နီးကပ်လာသည်ကို ကြားလိုက်ရသောအခါ သပ်ရပ်စွာ ပြင်ဆင်ပြီး အိမ်ဟောင်းသို့ သွားကြသည်။
Advertisement
မျှော်လင့်ထားသည့်အတိုင်း သတို့သမီးပါသည့် ဝေါယာဥ်နှင့် လိုက်ပါပို့ဆောင်သူများ အိမ်သို့ ချီတက်လာခဲ့သည်။ရွာအပြင်ဘက်တွင် မီးရှူးမီးပန်းဖောက်သံတွေက အချိန်အတော်ကြာအောင် ပဲ့တင်ထွက်နေ၏။
မကြာခင် သတို့သမီး ရောက်လာတော့မည်။မီးရှူးမီးပန်း ဖောက်သံများက သတို့သမီးကို ကြိုဆိုဖို့ မိသားစုကို သတိပေးရမည့်အပြင် ဧည့်သည်တွေများ ကြွလာဖို့ အကြောင်းကြားရမည်ဖြစ်သည်ကို သတိပေးနေ၏။
အိမ်ဟောင်းတွင် လဲ့ယ်ရှန်းရန်၊ လဲ့ယ်ရှန်းရီ၊ လဲ့ယ်ရှန်းလီ၊ ကျိုးရှီ နဲ့ချင်းရှီ တို့သည် ဧည့်သည်များကို တံခါးဝတွင် နှုတ်ဆက်ကြသည်။လဲ့ယ်ညီအကို သုံးယောက်က အမျိုးသားဧည့်သည်များအတွက် တာဝန်ယူထားပြီး ကျိုးရှီ နှင့် ချင်းရှီတို့က အမျိုးသမီးဧည့်သည်များအတွက် တာဝန်ယူကြကာ လဲ့ယ်ချွင်းထောင်က ကလေးများအား ထိန်းပေးဖို့ရာတွင် တာဝန်ယူထားသည်။သူတို့အားလုံး အလုပ်ရှုပ်နေကြ၏။လဲ့ယ်ရှန်းကျစ်ကတော့ ကျောင်းတက်နေဆဲ ဖြစ်သည်။ထိုအချိန်တွင် တုရှီကဖြင့် ပေါ်မလာခဲ့ပေ။ သူမ နေမကောင်းဖြစ်နေတယ်ဟု ဆို၏။
ချင်မျန်နှင့် လဲ့ယ်ထျဲတို့က လက်ဆောင်များလက်ခံရယူပြီး ဧည့်သည်များကို ခြံထဲသို့ ဖိတ်ခေါ်ရန် အမြန်ပြေးသွားခဲ့သည်။
သတို့သမီးဝေါယာဥ်မှာ နီးကပ်လို့လာပြီ။ရှေ့တန်းမှာ အနီရောင်အဝတ်အစား ၀တ်ထားတဲ့ လူခြောက်ယောက်ရှိ၏။တစ်ချို့ကမောင်းထုပြီး တစ်ချို့က ဗုံတီးကြသည်။တစ်ချို့က ပါးပြင်ဖောင်းသည့်အထိ နှဲကိုမှုတ်ကြသည်။ဘယ်လောက်တောင် ပွဲလမ်းသဘင်ပီသလိုက်လဲ။သူတို့နောက်မှာ အနီရောင်ပန်းပွင့်ကြီးဖြင့် ချည်နှောင်ထားတဲ့ လဲ့ယ်တာချန် ရှိနေကာ နားရွက်ချိတ်မတက် ပြုံးပြနေလျက် ရှိရင်းသူ့အသက်ထက်ဆယ်နှစ်ငယ်သွားတဲ့ပုံပင်။
လဲ့ယ်တာချန်၏နောက်တွင် အနီရောင်ဝတ်ထားကြသည့် အထမ်းသမား လေးယောက်ရှိကာ ထုံးစံအတိုင်း သတို့သမီးက ဒီမဂ်လာဝေါယာဥ်ထဲမှာ ထိုင်လျက် ပါလာသည်။
မဂ်လာဝေါယာဥ်၏နောက်တွင် အမျိုးသား၊ အမျိုးသမီး ငါးဦးမှ ခြောက်ဦးခန့်ရှိပြီး သူတို့အားလုံးသည် "囍" အက္ခရာဖြင့် ဝါးခြင်းတောင်းအသစ်လေးတွေကို သယ်ဆောင်လာကြသည်။ခြင်းတောင်းထဲတွင် ဆန်၊ ဂျုံမှုန့်၊ အဝတ်အထည်၊ အသစ်စက်စက် ပရိဘောဂအသေးစား စသည်ဖြင့် ပါဝင်ပြီး သတို့သမီး၏ခန်းဝင်ပစ္စည်းများ ပါ၀င်နေမည်မှာပြောနေစရာ မလိုပေ။
စီတန်းလှည့်လည်နေသူများ ခြံရှေ့သို့ ရောက်ရှိလာသောအခါတွင် နောက်ထပ် မီးရှူးမီးပန်းများထပ်ဖောက်၏။
"ဖြောက်ဖြောက်-"
"သတို့သမီးလေး လာပြီဟေ့-" ကလေးများသည် စိတ်လှုပ်ရှားစွာ ပြေးသွားကြပြီး မဂ်လာဝေါယာဥ်အား ခြံဝင်းတံခါးဝသို့ မရောက်စေရန် ပိတ်ထားကြသည်။
လဲ့ယ်တာချန်က ထို့အတွက်လည်း ပြင်ဆင်ထားပြီးပါပြီ ဖြစ်၏။တောင်းထဲက သကြားလုံးလက်တစ်ဆုပ်စာလောက်ကို ယူပြီး ကြဲလိုက်၏။
ကလေးတွေက ရွှင်မြူးပြီး ချိုချဉ်တွေ ပြေးကောက်ကြတော့မှ မဂ်လာဝေါယာဥ်လေးသည် ခြံပေါက်ဝကို ချောချောမောမော ရောက်သွား၏။
မဂ်လာဝေါယာဥ်ပေါ်မှဆင်းပြီးနောက် သတို့သမီးနှင့် လဲ့ယ်တာချန်သည် အနီရောင် "ရွှင်လန်းခြင်း" ဖဲကြိုးကို ကိုင်ကာ ခြံပေါက်ဝကနေ ဝင်သွားကြသည်။
ဧည့်သည်များကလည်း စိတ်လှုပ်ရှားစွာ ကြည့်ရှုအားပေးကြသည်။ခြံထဲမှာ မလိုအပ်တဲ့ အသံများထွက်လာအောင်လုပ်တဲ့လူတွေနဲ့ ပြည့်နေပြီး ကျယ်လောင်စွာ အော်ဟစ်နေကြ၏။
ချင်မျန်သည်လည်း ပိုပြီးနီးနီးကပ်ကပ် ကြည့်ချင်ပေမယ့် နေရာကို မတိုးနိုင်ခဲ့ပေ။သတို့သမီးသည် မီးပုံကိုကျော်တက်ပြီးနောက် သူမနှင့် လဲ့ယ်တာချန်တို့သည် "ပထမ ကန်တော့ချိူးသည် ကောင်းကင်နှင့်မြေကြီးအတွက်၊ ဒုတိယတစ်ခုက မိဘအတွက်ဖြစ်ပြီး တတိယသည် အချင်းချင်းအတွက်ဖြစ်သည်" ဟူသော လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ကာ အခမ်းအနားပြီးဆုံးသွားကြောင်းကို သူမြင်လိုက်ရသည်။ထို့နောက် သူမအား သတို့သမီးအခန်းသို့ ပို့ဆောင်ခဲ့၏။
မည်သို့ပင်ဆိုစေကာမူ မိဘများအတွက် ကန်တော့ချိုးသည် လဲ့ယ်တာချန်၏မိဘများအား အောက်မေ့ဖွယ်ထား,ထားသည့် စားပွဲဆီသို့သာ ဦးတည်အရိုအသေပေးခဲ့ခြင်းသာ။
သတို့သမီးကို သတို့သမီးအခန်းသို့ ပို့ဆောင်ပြီးနောက် သတို့သား လဲ့ယ်တာချန်အား ရွာသားများက သောက်ရန် ဆွဲခေါ်သွားခဲ့သည်။
အိမ်ရှင်ဖြစ်စေ ဧည့်သည်ဖြစ်စေ တုရှီ မရှိသည့် အကြောင်းရင်းကို တိတိပပ မပြောခဲ့ကြပေ။
ဤအချိန်ကဖြင့် အလုပ်အများဆုံးအချိန်ပင်။ငှားရမ်းထားသော ထမင်းချက်များသည် စနစ်တကျ ချက်ပြုတ်ထားကြ၏။ချင်မျန် နှင့် လဲ့ယ်ထျဲတို့သည် ဧည့်သည်များကို နေရာထိုင်ခင်းပေးပြီး ဟင်းလျာများ ကျွေးမွေးရန် စီစဉ်ပေးသည်။
အခါအားလျော်စွာ ချင်မျန်သည် တံခါးအပြင်ဘက်သို့ လှမ်းလှမ်းကြည့်ကာ လဲ့ယ်ထျဲအား တိုးတိုးကပ်ပြော၏ "အချိန်များ လွဲသိထားတာလား?"
"စိတ်မပူနဲ့။ စီစဉ်ထားပြီးပါပြီ။" လဲယ်ထျဲ သူ့အား နှစ်သိမ့်လိုက်သည်။
သူ့စကားဆုံးခါနီးမှာပဲ အပြင်ဘက်ရှိ မြင်းခွာသံတွေ နီးကပ်လာပြီး အပြင်ရှိ တစ်ယောက်ယောက်က အော်ပြောလိုက်သည်။ "အရသာရှိတဲ့ဟင်းလျာ စားသောက်ဆိုင်" က ဟော့ပေါ့အစပ် ဆယ်ဝိုင်းစာ လက်ဖွဲ့ပါတယ်!"
ခြံဝင်းသည် ရုတ်တရက် တိတ်ဆိတ်သွားကာ အံ့အားသင့်မှု၊ တုန်လှုပ်မှု၊ ကြည်ညိုလေးစားသည့် အကြည့်အနည်းငယ်သည် ချင်မျန်နှင့် လဲ့ယ်ထျဲထံ တစ်ချိန်တည်းကျရောက်လို့သွားသည်။
လဲ့ယ်ထျဲ၏မျက်နှာသည်ကား ဖော်မပြနိုင်စွမ်း မရှိ။
ခဏအကြာတွင် စိတ်အားထက်သန်သော လူငယ်ဆယ်ဦးသည် ခြံဝင်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြသည်။ပထမလူနှစ်ယောက်က မီးသွေးမီးဖိုငါးလုံးစီကိုင်သွားကြပြီး နောက်လူနှစ်ယောက်က မီးသွေးတစ်အိတ်ကို အတူတူထမ်းကြကာ လူနှစ်ယောက်က နှစ်ထပ်အိုးကြီးငါးလုံးကို ထမ်းလျက် နောက်လူနှစ်ယောက်က အသားလုံး၊ ငါးအသားလွှာတွေပါတဲ့ ပန်းကန်မျိုးစုံနဲ့ ဝါးတောင်းလေးလုံး၊ ကြက်သားတုံးများ၊ ငုံးဥ၊ မှို၊ ဟင်းသီးဟင်းရွက်များ၊ အာလူးနှင့် တို့ဟူးတို့ကို သယ်ဆောင်သွားကြသည်။နောက်ဆုံးလူနှစ်ယောက်ကတော့ သံပုံးနဲ့တူတဲ့ အိုးကြီးတစ်လုံးကို တွဲပြီး သယ်သွားကြသည်။ထိုလူဆယ်ယောက်လုံးကို ချင်မျန်က ငှားရမ်းခဲ့ခြင်းသာ။
လူအုပ်ကြီးက တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြပြီး သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေကို ဖုံးကွယ်မထားနိုင်ကြဘဲ အသံတိုးတိုးနဲ့ ပြောဆိုနေကြသည်။
"လဲ့ယ်အိမ်ရဲ့သားအကြီးဆုံးနဲ့ အကြီးဆုံးချွေးမက တော်တော် လုပ်ပေးတာပဲ...ဟမ်။ဒါကြီးက အသုံးစရိတ်တော်တော်များတယ်!"
"ဒီဟင်းတွေအားလုံး ၇၀၀-၈၀၀ ဝမ်လောက်ကျမယ်ထင်တယ်"
"လဲ့ယ်ထျဲနဲ့ သူ့မိန်းမက အရမ်းကြင်နာတယ်။သူ့တို့အဖေ နဲ့ မိထွေးက သူတို့ကို အိမ်ခွဲနေပြီး ထွက်သွားဖို့ အတင်းအကြပ် ခိုင်းစေခဲ့ပေမယ့် မိဘတွေအပေါ် ကြီးပြင်းလာခဲ့တဲ့ကျေးဇူးကို ပြန်ဆပ်ဖို့ မမေ့ကြသေးဘူး။"
Advertisement
ထိုစကားကိုကြားတော့ ချင်မျန်၏ပါးစပ်ထောင့်ကနေ သိမ်မွေ့သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ပစ္စည်းများချပြီးနောက် အထောက်တော်ဆယ်ယောက်တို့သည် စားပွဲတစ်ခုစီတွင် မီးသွေးမီးဖိုကို စနစ်တကျ တင်ထားကာ မီးသွေးကို မီးညှိပြီးနောက် အိုးတင်ကာ ပူနေဆဲ ဟော့ပေါ့ရည်တွေကို ထည့်ပြီးနောက် ဟော့ပေါ့ဟင်းမျိုးစုံကို ကျွမ်းကျင်စွာ ဆယ်ပိုင်းခွဲလိုက်ကြသည်။ထို့နောက် စားပွဲတစ်ခုစီသို့ ဝေငှလိုက်သည်။
"လောင်လဲ့ယ်က သားကောင်းတစ်ယောက် မွေးထုတ်ပေးထားတာပဲ" လူအချို့က ချီးမွမ်းစကားဆိုကြသည်။
လဲ့ယ်တာချန်၏နားရွက်တွေကို ထိုစကားတွေကို ကြားလိုက်ရတော့ သူ ဂုဏ်ယူမိ၏။ ရှက်ကိုးရှက်ကန်းနဲ့ ရယ်မောရင်း လဲ့ယ်ထျဲကို ပုခုံးပုတ်လိုက်ပြီး ချီးမွမ်းစကား သုံးခွန်းကို ပြောလိုက်သည်။
သို့သော် အိမ်ထဲတွင် နေမကောင်းဟုဆိုသည့် တုရှီသည် ပုန်းကွယ်လျက် ခြံဝင်းအတွင်းမှ လူများ ပြုံးရယ်,ရယ်မောနေသည်ကို ကြည့်နေမှန်း သူမသိချေ။ချင်မျန်၏ ပြုံးနေသော မျက်နှာကို သူမ မြင်လိုက်သောအခါ အားလုံးက သူမကို လှောင်ပြောင်နေကြသည်ဟု သူမ ခံစားမိသည်။သူမ၏ရင်ဘတ်ထဲမှ နာကျင်မှုတစ်ခုကြောင့် သူမ၏လက်များကို လက်သီးများဖြင့် ဆုပ်ထားလိုက်သည်။နာကျင်မှုက သွေးအန်လုမတတ်ပင်။သူမ သွားကြားမှ စကားလုံးအနည်းငယ်ကို ညှစ်ထုတ်လိုက်သည်။
"လဲ့ယ်တာချန်....."
သူမ၏ယောင်းမဖြစ်သူ ရှောင်ရှီသည် သူမနှင့်အတူထိုင်ကာ အမြန် နှစ်သိမ့်ပေးလိုက်သည်- "ယောင်းမ...အဲဒါနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်နိုင်ဘူး။အကောင်းဘက်ကပဲ တွေးသင့်တယ်။ငါ အပြင်သွားကြည့်လိုက်ဦးမယ်။" ဟော့ပေါ့က အရမ်းအရသာရှိပြီး သူမလည်း အရမ်းကို မြည်းစမ်းစားချင်မိ၏။ခြေတစ်လှမ်း ပိုနှေးရင် သူ့ဝေစု ဆုံးရှုံးသွားနိုင်သည်လေ။
အခန်းသစ်တွင်ထိုင်နေသော ဝေဝေသည် အပြင်ဘက်တွင် "အရသာရှိတဲ့ဟင်းလျာစားသောက်ဆိုင်က ဟော့ပေါ့အစပ် ဆယ်ဝိုင်းစာ လက်ဖွဲ့တယ်" ဟု တစ်စုံတစ်ယောက်၏ကြွေးကြော်လိုက်သံကို ကြားလိုက်ရပြီး အနီရောင်ခြုံပဝါအောက်က ချောမောလှပတဲ့ မျက်နှာလေးမှာ ကြည်နူးစရာ ပြုံးနေခဲ့သည်။
ကျန်းတရွှေသည် လဲ့ယ်ထျဲထံ လျှောက်သွားပြီး စလိုက်၏၊ "ဒီနေ့ အများကြီး ကုန်သွားမှာပဲ"
ချင်မျန်သည် မိနစ်အနည်းငယ်မျှ ပြုံးကာ အိမ်၏ဦးတည်ရာဘက်ကို ကြည့်ကာ မသဲကွဲသော အဓိပ္ပါယ်ဖြင့် ပြောလိုက်၏။ "ဖြစ်သင့်တာပေါ့"
"အစ်ကိုကျန်း....သွားထိုင်လေ။" လဲ့ယ်ထျဲက ကျန်းတရွှေကို စားပွဲဆီသို့ ဖိတ်ခေါ်လိုက်သည်။
လူငယ်ဆယ်ဦးသည် ဟင်းပွဲများကို ပြင်ဆင်ပေးပြီးနောက် ချင်မျန် သူ့အင်္ကျီအိတ်ကပ်ထဲမှ ပိုက်ဆံကို ထုတ်ကာ ပေးလိုက်သည်။ "ကောင်းကောင်း လုပ်ခဲ့တယ်။ဒါက ဝိုင်ဝယ်ဖို့။ မင်းတို့အားလုံး မနက်ဖြန်မနက် ပစ္စည်းတွေ ပြန်ရွှေ့ဖို့ ပြန်လာခဲ့ကြ။"
"ကျေးဇူးအများကြီးတင်ပါတယ် သူဌေးလေး" လူအနည်းငယ်က ကျေးဇူးတင်စကားဆိုကာ ဝမ်းမြောက်စွာဖြင့် ထွက်ခွာသွားကြသည်။
ထိုအချိန်တွင် မီးသွေးမီးဖိုက မီးပြင်းလာပြီဖြစ်ရာ ဟော့ပေါ့ရနံ့သည် ချက်ချင်းပင် သင်းပျံ့လာပြီး စွဲဆောင်မှုရှိလာသည်။ခြံဝင်းအတွင်းရှိ လေထုသည် ရနံ့များဖြင့် လှုံ့ဆော်ပေးနေပုံရပြီး စိတ်အားထက်သန်သည့် အခြေအနေသို့ ပြောင်းလဲသွားသည်။ ရွာသားများက လဲ့ယ်တာချန်ကို ဆက်လက်၍ တောက်လျှောက် ဝိုင်းဖွဲ့ဂုဏ်ပြုနေကြပြီး ပျော်ရွှင်ဖွယ် မင်္ဂလာပွဲ ဖြစ်ပါစေကြောင်း ဆုတောင်းပေးနေကြသည်။
လဲ့ယ်ညီအကို သုံးယောက်သည်လည်း ပြင်းထန်သော ထိုးစစ်မှ မလွတ်မြောက်ခဲ့ပေ။
ချင်မျန်ကဖြင့် မသောက်နိုင်ဟူသော အကြောင်းပြချက်ဖြင့် လွတ်မြောက်သွား၏။လဲ့ယ်ထျဲက အမြဲတမ်း အေးစက်နေတဲ့ မျက်နှာထားနှင့်မို့ မည်သူမှ သူ့ကို ဆွဲမခေါ်ရဲကြပေ။ထို့ကြောင့် သူတို့နှစ်ယောက်သား အေးအေးဆေးဆေး ထမင်းစားနိုင်ကြသည်။
ရံဖန်ရံခါတော့ ကျန်းတရွှေ နှင့် ဝူတိကဲ့သို့သော လူငယ်များက စားပွဲဝိုင်းတွင် အတူတူသောက်စားရန်တော့ ဖိတ်ခေါ်လေ့ရှိ၏။
"အစ်ကိုကျန်း" စားပွဲမှာ အတူတူရှိနေတဲ့ အမူးသမား ရွာသားတစ်ယောက်က ကျန်းတရွှေရဲ့ နောက်ကျောကို လက်နဲ့ ပုတ်ပြီး မေးလိုက်သည်။
"လဲ့ယ်ထျဲရဲ့ ဟော့ပေါ့ဆိုင်အတွက် ဝါးတုတ်လုပ်ပေးထားတာ ကျွန်တော် ကြားတယ်။တစ်နေ့ကို ငွေအများကြီးရလား?"
ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မကြားသလို ဟန်လုပ်၍ ခေါင်းငုံ့ကာ စားသောက်လိုက်ကြသည်။
ကျန်းတရွှေ၏တူချောင်းများသည် ဟော့ပေါ့ထဲရှိ ဟင်းအမယ်များကို မယူမီ တစ်ခဏမျှ ရပ်တန့်သွားသည်။သူ ရယ်ရင်း ပြောလိုက်၏။ "အဲဒါ ငါ့ရဲ့ ညီလေးလဲ့ယ်နဲ့ သူ့မိန်းမက ငါ့ကို အထင်ကြီးနေတာပါ။ဟင်းစား၊ ဟင်းတွေထည့်စားကြ!"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
057: ေမေမေလး အိမ္ေထာင္စုထဲ ဝင္လာခဲ့ၿပီ
မ်က္စိတစ္မွိတ္အတြင္းမွာပင္ လဲ့ယ္တာခ်န္ႏွင့္ေဝေဝတို႔လက္ထပ္တဲ့ေန႔ ေရာက္လာခဲ့ေခ်ၿပီ။
ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲတို႔သည္လည္း ယြီသုန္အား သူတို႔ဆိုင္သို႔ လာမည္မဟုတ္ေၾကာင္း ႀကိဳတင္အေၾကာင္းၾကားထားခဲ့လိုက္သည္။ထိုညက လဲ့ယ္ထ်ဲ လူႏွစ္ေယာက္အား သင္ခန္းစာ အျပတ္အသတ္ေပးလိုက္ေသာေၾကာင့္ စားေသာက္ဆိုင္သို႔ ျပႆနာလာ႐ွာေတာ့မည့္သူ မ႐ွိေတာ့ေပ။ဆိုင္ကို ရက္အေတာ္ၾကာ မသြားျဖစ္ရင္ေတာင္ စိတ္ပူစရာမ႐ွိေခ်။
မနက္စာစားၿပီးတာနဲ႔ ၀တ္စားဆင္ယင္ၿပီး အိမ္ေဟာင္းကို အတူတူသြားၾက၏။ယခင္ရက္အနည္းငယ္ေလာက္ကႏွင့္ ႏိႈင္းယွဥ္ပါက အိမ္ေဟာင္းတြင္ အေျပာင္းအလဲအခ်ိဳ႕႐ွိခဲ့သည္။ျခံဝန္းတံခါး တံစက္ၿမိတ္ေအာက္မွာ မီးပုံးအနီႏွစ္လုံး တြဲေလာင္းက်လ်က္ ႐ွိေနသည္။အနီေရာင္ "囍" အကၡရာအမ်ားအျပားကိုလည္း ဝင္းတံခါး၊ ဗဟိုခန္းႏွင့္ အျပင္နံရံတြင္ မတူညီေသာ အေနအထားမ်ားျဖင့္ ကပ္ထားကာ ေကာင္းမြန္ေသာပြဲေတာ္အလား ပုံေဖာ္ထားသည္။
ခ်င္မ်န္ ေရာက္လာေတာ့ အိမ္ထဲသို႔ လွမ္းၾကည့္လိုက္ၿပီး မိန္းကေလးေဝသာ အိမ္ထဲသို႔ ဝင္လာၿပီးရင္ တစ္မိသားစုလုံး ဘယ္လိုေနထိုင္ၾကမလဲလို႔ ေတြးမိသည္။လဲ့ယ္တာခ်န္က မိန္းကေလးေဝႏွင့္ အတူေနခ်င္တိုင္း တု႐ွီကို လဲ့ယ္ခြၽင္းေထာင္၏အခန္းသို႔ အျမန္ေခၚသြားခိုင္းမည္လား သို႔မဟုတ္ သူ႕အိပ္ရာကို ကန္႔လန္႔ကာျဖင့္ ႏွစ္ပိုင္းခြဲလိုက္ေလမလား?
ထိုသို႔ ရယ္စရာေကာင္းေသာ ျမင္ကြင္းကို ေတြးရင္း ခ်င္မ်န္သည္ တိတ္တဆိတ္ ရယ္ေမာလိုက္သည္။ေတြးေလေလ ရယ္ခ်င္ေလေလပဲ။
"ဘာကိုရယ္ေနတာလဲ?" လဲ့ယ္ထ်ဲက ေခါင္းေလးကို ပုတ္လိုက္သည္။
"ဘာမွမဟုတ္ပါဘူး"
ခ်င္မ်န္က ခ်က္ျခင္းေျပာလိုက္ေသာ္ျငား သူ႕မ်က္ႏွာမွာ အျပဳံးတစ္ခု ႐ွိေနေသးသည္။
လဲ့ယ္ထ်ဲ ဆက္မေမးေတာ့ဘဲ ျခံထဲသို႔ ဆြဲေခၚသြားလိုက္သည္။
မဂၤလာအခ်ိန္သည္ ေနဝင္ရီတေရာအခ်ိန္မွ က်င္းပမည္ျဖစ္ေသာေၾကာင့္ ျခံဝင္းေလးမွာ ယခုအခ်ိန္တြင္ အေတာ္ေလး တိတ္ဆိတ္ေနေသးသည္။သူတို႔အေဖ မိန္းမထပ္ယူတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး လဲ့ယ္႐ွန္းရန္ နဲ႔ တျခားမ်ိဳးဆက္သစ္လူငယ္ေလးေတြမွာ အလြန္႐ွက္႐ြံ႕ေနၾကၿပီး တိတ္တိတ္ဆိတ္ဆိတ္သာ အလုပ္ေတြ လုပ္ကိုင္လ်က္႐ွိၾကသည္။
"ေလာင္တာ့နဲ႔ မရီးတို႔ႏွစ္ေယာက္ ေရာက္ၿပီလား။" လဲ့ယ္႐ွန္းလီ အနားသို႔ေရာက္လာသည္။
လဲယ္ထ်ဲက သူ႕လက္ကို ေဝွ႔ယမ္းၿပီး "အလုပ္ဆက္လုပ္"
လဲ့ယ္႐ွန္းလီ သက္ျပင္းခ်လိုက္ၿပီး ျခံဝင္းထဲမွ ထြက္သြားသည္။ "ကြၽန္ေတာ္ စားပြဲနဲ႔ကုလားထိုင္ေတြ သြားငွားလိုက္ဦးမယ္"
ခ်င္မ်န္ ႏွင့္ လဲ့ယ္ထ်ဲလည္း လွည့္ပတ္ၾကည့္လိုက္ရာ ကူညီရန္လူမလိုအပ္တာေၾကာင့္ တစ္ေၾကာင္း တု႐ွီ၏ "လူတိုင္းက သူမအေပၚ ေငြတုံး ၅၀၀ အေႂကြးတင္ေနသည့္" မ်က္ႏွာကိုလည္း မျမင္ခ်င္ၾကေပ။ဒီလိုနဲ႔ပဲ အိမ္ျပန္လာခဲ့ၾကသည္။
ခ်င္မ်န္ ေျပာလိုက္၏။ "တို႔ဟူးနဲ႔ ငါးသြားဝယ္ၾကရေအာင္" ေတာင္စိမ္း႐ြာသည္ ေရေျပးၿမိဳ႕ႏွင့္ ေဝးကြာေသာ္လည္း ႐ြာတြင္ ဝိုင္အလုပ္႐ုံ၊ တို႔ဟူးအလုပ္႐ုံႏွင့္ ငါးေမြးျမဴေရးျခံမ်ား႐ွိသည္။ဝိုင္၊ တို႔ဟူးနဲ႔ ငါးကို ဝယ္ရတာ အရမ္းအဆင္ေျပသည္ဟု ဆိုရမည္။ဤကိစၥႏွင့္ ပတ္သက္၍ ေတာင္စိမ္း႐ြာသို႔ ကူးေျပာင္းခံလိုက္ရတာက သိပ္ေတာ့မဆိုး႐ြားလြန္းဟု သူထင္မိသည္။
လဲ့ယ္ထ်ဲက သူ႕ေမးေစ့ျဖင့္ လမ္းေသးေသးရဲ႕ ဘယ္ဘက္ျခမ္းကို ၫႊန္ျပလိုက္သည္။
"အစ္ကိုထ်ဲနဲ႔ မရီးတို႔ လမ္းေလွ်ာက္ထြက္ၾကမလို႔လား?" ဝူတိသည္ သူတို႔အား ေနာက္ေျပာင္ရင္း မ်က္ႏွာခ်င္းဆိုင္လာခဲ့သည္။
လဲ့ယ္ထ်ဲ အနည္းငယ္ ေခါင္းညိတ္ျပလိုက္သည္။
ခ်င္မ်န္သည္ ဝူတိႏွင့္ သူႏွင့္အတူ လမ္းေလွ်ာက္လာေသာ အျခား႐ြာသား သုံးဦးကို ယဥ္ေက်းစြာ ေခါင္းညိတ္ျပသည္။
"ငါတို႔ ႐ြာရဲ႕တစ္ဖက္စြန္းမွာ တိုဟူးသြားဝယ္မလို႔။မင္းတို႔အားလုံး ဘယ္သြားၾကမလို႔လဲ?"
ဝူတိ ေျပာလိုက္သည္။ "ေလာင္က်ိဳးနဲ႔ သူ႕မိန္းမ ရန္ျဖစ္ေနၾကတယ္လို႔ ၾကားတယ္။ကြၽန္ေတာ္တို႔ အခ်င္းခ်င္း ရန္ျဖစ္ေနတာကို ရပ္တန္႔ဖို႔ သြားႀကိဳးစားၾကည့္မလို႔။ဟားဟား...."
ခ်င္မ်န္ ေျပာလိုက္၏။ "အိုး....ေလာင္က်ိဳးနဲ႔ သူ႕မိန္းမက ေန႔တိုင္း ရန္ပြဲအေသးေလးေတြ ျဖစ္ၿပီး သုံးရက္တစ္ႀကိမ္ ရန္ပြဲႀကီးႀကီး ျဖစ္ေလ့႐ွိတာပဲ။ငါတို႔႐ြာမွာ အသစ္အဆန္းမွမဟုတ္တာ"
အႏွီအိမ္ေထာင္သည္လင္မယားသည္ သူတို႔႐ြာမွာ အံ့ဩစရာ စုံတြဲတစ္တြဲပါပဲ။တစ္ရက္ေလာက္ ရန္ပြဲမ႐ွိရင္ အဆင္မေျပၾကသည့္အတိုင္းပင္။သို႔ေပသိ ရန္ျဖစ္ၿပီးတိုင္းလည္း ေနာက္ေန႔မနက္မွာ လက္ခ်င္းတြဲၿပီး ထြက္သြားၾကျပန္ေသး။သူတို႔သည္ ယခုေခတ္က သူမ်ားႏွင့္ႏိႈင္းယွဥ္ရပါက လင္မယားၾကား တရင္းတႏွီး ဆက္ဆံေရး႐ွိသည္ဟု ဆိုရမည္။သူတို႔ႏွစ္ဦးသားမွာ ဆက္ဆံေရး ေကာင္းမြန္ေၾကာင္း ႐ြာသားအားလုံး နားလည္ၾကၿပီး သူတို႔၏ရန္ပြဲဆိုသည္မွာ အခ်င္းခ်င္း ခံစားခ်က္ေတြကို ေဖာ္ျပရန္ အထူးနည္းလမ္းတစ္ခုပင္ ျဖစ္သည္။
"ဒီတစ္ခါေတာ့ မတူဘူးဗ်" ဝူတိအနားက လူငယ္တစ္ေယာက္က ရယ္ေမာရင္း ဝင္ေျပာလိုက္သည္။ "ဒီတစ္ေခါက္က မေန႔ညက ေလာင္က်ိဳး အိမ္မျပန္လာဘူး။ဒီမနက္ ျပန္လာေတာ့လည္း သူ႕အဝတ္အစားေပၚမွာ ႏႈတ္ခမ္းနီရာနဲ႔ ျပန္လာခဲ့တယ္ေလ! ဟားဟား......"
အျခားသူတစ္ဦးက တိုက္တြန္းခဲ့သည္။ "လာကြာ...ျမန္ျမန္သြားၾကည့္ရေအာင္!"
"အစ္ကိုနဲ႔မရီး...ကြၽန္ေတာ္တို႔ အရင္သြားႏွင့္လိုက္မယ္။" ဝူတိသည္ အဆြဲခံသြားရရင္း လက္တစ္ဖက္ကလည္း ေဝ့ယမ္းျပေနသည္။
ခ်င္မ်န္ ေခါင္းယမ္းသည္။ဒီ ဝူတိက တကယ္ကို အိမ္ေထာင္႐ွင္တစ္ေယာက္နဲ႔ မတူဘူးပဲ။
ႏွစ္ေယာက္သား ေ႐ွ႕ကို ျဖည္းညႇင္းစြာ တေ႐ြ႕ေ႐ြ႕ႏွင့္ ေလွ်ာက္သြားကာ အိမ္မျပန္မီ ငါးႏွင့္ တို႔ဟူးဝင္ဝယ္ခဲ့ၾကသည္။
ေန႔ခင္းဘက္တြင္ ခ်င္မ်န္သည္ ဟင္းသုံးမ်ိဳးအျဖစ္ တိုဟူးႏွပ္၊ ငါးႏွပ္၊ ႏွင့္ ဝက္ေဂၚဖီစတူးကို ခ်က္လိုက္သည္။
ခ်င္မ်န္ ေကာင္းေကာင္းစားေသာက္ၿပီးေနာက္ လဲ့ယ္ထ်ဲသည္ က်န္ထမင္းႏွင့္ ဟင္းမ်ားကို အကုန္တြယ္လိုက္သည္။
သူ ဘာလို႔မဝလာရတာလဲ? သူ စဥ္းစားမိေတာ့ မနာလိုျဖစ္လာမိသည္။
ေန႔လယ္စာစားၿပီးေနာက္ သူတို႔ အစာေခ်ရန္ လမ္းေလွ်ာက္ၾကၿပီး အိပ္ယာေပၚတြင္ ခဏတစ္ေရးတစ္ေမာ အိပ္လိုက္ၾကသည္။ေပ်ာ္ပြဲ႐ႊင္ပြဲ နီးကပ္လာသည္ကို ၾကားလိုက္ရေသာအခါ သပ္ရပ္စြာ ျပင္ဆင္ၿပီး အိမ္ေဟာင္းသို႔ သြားၾကသည္။
ေမွ်ာ္လင့္ထားသည့္အတိုင္း သတို႔သမီးပါသည့္ ေဝါယာဥ္ႏွင့္ လိုက္ပါပို႔ေဆာင္သူမ်ား အိမ္သို႔ ခ်ီတက္လာခဲ့သည္။႐ြာအျပင္ဘက္တြင္ မီး႐ွဴးမီးပန္းေဖာက္သံေတြက အခ်ိန္အေတာ္ၾကာေအာင္ ပဲ့တင္ထြက္ေန၏။
မၾကာခင္ သတို႔သမီး ေရာက္လာေတာ့မည္။မီး႐ွဴးမီးပန္း ေဖာက္သံမ်ားက သတို႔သမီးကို ႀကိဳဆိုဖို႔ မိသားစုကို သတိေပးရမည့္အျပင္ ဧည့္သည္ေတြမ်ား ႂကြလာဖို႔ အေၾကာင္းၾကားရမည္ျဖစ္သည္ကို သတိေပးေန၏။
အိမ္ေဟာင္းတြင္ လဲ့ယ္႐ွန္းရန္၊ လဲ့ယ္႐ွန္းရီ၊ လဲ့ယ္႐ွန္းလီ၊ က်ိဳး႐ွီ နဲ႔ခ်င္း႐ွီ တို႔သည္ ဧည့္သည္မ်ားကို တံခါးဝတြင္ ႏႈတ္ဆက္ၾကသည္။လဲ့ယ္ညီအကို သုံးေယာက္က အမ်ိဳးသားဧည့္သည္မ်ားအတြက္ တာဝန္ယူထားၿပီး က်ိဳး႐ွီ ႏွင့္ ခ်င္း႐ွီတို႔က အမ်ိဳးသမီးဧည့္သည္မ်ားအတြက္ တာဝန္ယူၾကကာ လဲ့ယ္ခြၽင္းေထာင္က ကေလးမ်ားအား ထိန္းေပးဖို႔ရာတြင္ တာဝန္ယူထားသည္။သူတို႔အားလုံး အလုပ္႐ႈပ္ေနၾက၏။လဲ့ယ္႐ွန္းက်စ္ကေတာ့ ေက်ာင္းတက္ေနဆဲ ျဖစ္သည္။ထိုအခ်ိန္တြင္ တု႐ွီကျဖင့္ ေပၚမလာခဲ့ေပ။ သူမ ေနမေကာင္းျဖစ္ေနတယ္ဟု ဆို၏။
ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲတို႔က လက္ေဆာင္မ်ားလက္ခံရယူၿပီး ဧည့္သည္မ်ားကို ျခံထဲသို႔ ဖိတ္ေခၚရန္ အျမန္ေျပးသြားခဲ့သည္။
Advertisement
- In Serial25 Chapters
Strange Aeons
Zed Thorne is a Loser, capital L. Stagnant and self-loathing, Zed is trapped in a self destructive spiral. One fateful day, Zed is injured on the job and quits. He returns home to escape into a video game, if only to numb himself for the night. However, he awakens in an unfamiliar new world filled with high magic, Lovecraftian secrets, and a system eerily reminiscent of a video game. Zed is given a set of three quests and sets about completing them... perhaps a bit too easily. Almost as if the world is bending to his will. He meets up with a high priestess who introduces him to the world and the monastic order's way of life. On planet Jita, he quickly discovers that morality here is just a little bit twisted. Dark is light and heavenly beings have horns, not wings. And... he's supposed to be the hero? His actions soon garner the attention of an enigmatic eldritch horror, and things are about to take a turn. Strange Aeons – In which immortality does not equal invulnerability.
8 232 - In Serial6 Chapters
Smile
Welcome to Limbus City, a place where everything is exactly as it seems! Meet new friends, fall in love, save the world! Anything is possible as long as you put your heart into it. Some things in this story may end up disturbing you, but don't worry! Only good things are allowed to happen here...
8 72 - In Serial26 Chapters
Regis Saga I: Slayers of Gods
The Dominion is the most potent power in the galaxy, its past shrouded and mystery and legends. For three millennia the line of Hester has ruled over the growing empire unopposed and unbroken. All of that wouldn't have come to pass if not for the Godslayers and all the secrets they have kept hidden for generations. It is their victory over the Hollow Gods which still echoes and shapes the Dominion so many centuries into the future. It is those same secrets that can burn it all down, for the Regis is about to wake once more and mark the start of a new cycle of violence. WIht their numbers diminished, it is unclear if they can remain to be the Slayers of Gods.
8 169 - In Serial57 Chapters
Alexa Demie Oneshots
Just like the title says (gxg) 😚Requests are OPEN 💬I (try to) update multiple times a week✍️Extra-long chapters 🤠⚠️Swearing⚠️Correct me if I'm wrong because I don't know 😭I'm not gonna write smut because I'm gay just not THAT gay (jk) 🥴Anyway, I hope you enjoy this :)Cover by me as always 😼© 2022 SimpleTimez
8 178 - In Serial29 Chapters
To Blunt The Sharpest Claw
The Velvet Paw of Asquith Novels are a series of New Fable genre novels that involve cats and dogs and high adventure and romance and espionage and food-fights and hotels and explosions and car chases. With large casts, exotic locations and an absurdity only possible in the absence of human characters, the Velvet Paw of Asquith Novels blend Wind in the Willows with James Bond, though with more cafes and fewer badgers. This submission is the third title in its Morigan Trilogy, beginning two-thirds of the way through the series' longest adventure yet. Here's a quick recount of what's happened so far: When Oscar Teabag-Dooven, a Velvet Paw of Asquith, is ordered to investigate how a mysterious poet, the Ar'dath-Irr, is able to travel instantaneously around the world, two very bad things happen. Firstly, he meets Lydia, an insane librarian who punches everyone in the face, and secondly, the Ar'dath-Irr reveals he is intent on taking over the world. Although this second thing might be considered worse than the first, Oscar feels differently following Lydia’s destruction of a cafe, a library and his face in one afternoon. In comparison, thwarting world domination just seems easier. Along with Binklemitre, a fellow Velvet Paw of Asquith, and Lydia, Oscar infiltrates the Ar’dath-Irr’s realm of dark poetry to discover the dog not only intends wrenching the world apart but has no intention of cleaning up afterwards. As a result, Oscar decides it’s all too hard and goes home to have a bath. After lots of arguing and the sort of food fight that posh restaurants were invented for, Lydia and Binklemitre convince him that they must stop the Ar’dath-Irr for several reasons, one of them quite serious. A vibrant cast of characters collide as Oscar, Lydia and Binklemitre battle the Ar’dath-Irr and his disciples in an adventure involving exploding cafés and appalling hotels, car chases and inadvertent surgery, dreadful poetry, lots of arguments and at least one temper-tantrum, all of which draw the three into dark and convoluted corners of a world they weren’t aware existed. Moreover, any chance of sitting down and discussing things over some buns disappears when Lydia punches the Ar’dath-Irr in the face. This results in her having a psychotic episode and Oscar getting run over by an ambulance. Although Binklemitre suffers neither, he witnesses both, which is almost as dreadful, though not nearly so messy. An enormous battle ensues, followed by a dinner party and then everything explodes.
8 333 - In Serial20 Chapters
Athanasia Freecss
A girl dies from a plane crash and reincarnates as gon's twin sister. I don't own Hxh nor the art. Unless I say so. Cover image and other edited pics by me. But art not mine.
8 180

