《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[54]
Advertisement
[Unicode]
054: တခြားသူတွေရဲ့ အားသာချက်ကိုအနိုင်မယူရင် သေရလိမ့်မယ်။
“ကောင်းပြီလေ” လဲ့ယ်ရှန်းရန် ထပ်ပြော၏။ "အားလုံးဝယ်ပြီးရင် မြို့အဝင်ဝမှာပြန်ဆုံကြမယ်"
လှည်းနောက်ဘက်တွင် ထိုင်နေကြသည့်ကျိုးရှီနဲ့ချင်းရှီတို့သည်လည်း အချင်းချင်း တီးတိုးပြောကြသည်။
"လောင်စန်းဇနီး..." ကျိုးရှီက ချင်းရှီရဲ့လက်မောင်းကိုထိပြီး တိုးတိုးကပ်ပြော၏။
"ဒီတစ်ခါ လောင်တာ့ဇနီးက ငါတို့ကို အကြံကောင်းတစ်ခုပေးတယ်။စွပ်ပြုတ်ရောင်းလိုက်ရင် ဝင်ငွေများစွာရမယ်ဆိုတာ ငါ ပြောရဲတယ်။ဒါပေမယ့် ငါတို့အားလုံး အမေ့ကို ပြန်ပေးရမယ်ဆိုတာတော့ ဝမ်းနည်းစရာကောင်းတယ်နော်။"
လဲ့ယ်ရှန်းရန်၏လက်ထဲကိုငွေမအပ်မီ တုရှီသည် ထင်းနှင့်ပါဝင်ပစ္စည်းများဝယ်ရန်အတွက် ပိုက်ဆံကို တစ်ခုချင်းစီရေတွက်နေသည့် နံနက်စောစောကမြင်ကွင်းကိုပြန်သတိရသောအခါ ချင်းရှီ စိတ်မသက်မသာခံစားခဲ့ရသည်။ကျိုးရှီသည် မိသားစုနှင့်ခွဲထွက်ရန် နှိုးဆော်လိုကြောင်း သူမသိသော်လည်း သူမ (ZS)ရဲ့အစီအစဉ်ကနေ လမ်းလွဲစေလိုက်ကာ ဘာမှရေရေရာရာမပြောဘဲ “အင်း” ဟုသာ ဆိုခဲ့သည်။
သူမက အရူးတစ်ယောက်မဟုတ်တာကိုမြင်တော့ ကျိုးရှီက "ငါတို့ မိသားစုနဲ့ခွဲထွက်နေနိုင်ရင်ကောင်းမှာပဲ" လို့ပြောရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
ချင်းရှီ တမင်တကာ မေးလိုက်သည်။ "ကျွန်မတို့အားလုံးလား?"
ကျိုးရှီကတော့ မေးခွန်းကို ရှောင်လွှဲလိုက်သည်။တကယ်တော့ သူမကား ဆန့်ကျင်ဘက်ပင်။အိမ်ခွဲနေချင်သော်လည်း မခွဲချင်ပြန်။အိမ်ခွဲနေလိုက်လျှင် ဝင်ငွေကို ကိုယ်တိုင်ထိန်းသိမ်းနိုင်သော်လည်း လဲ့ယ်ရှန်းကျစ်နဲ့ ဝေးကွာသွားမည်ဖြစ်တာကြောင့် အိမ်ခွဲနေမည့်အကြောင်း ဆက်ပြီး တွေးတောချင်စိတ်မရှိပေ။လဲ့ယ်ရှန်းကျစ်၏အနာဂတ်သည်ကား အကန့်အသတ်မရှိ။ဒီသစ်ပင်ကြီးကို စွန့်လွှတ်ဖို့ သူမ တွန့်ဆုတ်နေခဲ့ခြင်းသာ။
တတိယညီ နှင့် စတုတ္ထညီတို့သာ အဓိကမိသားစုကနေ ခွဲထွက်ခဲ့ပါက သူမသည် မိသားစုတာဝန် အလုံးစုံယူပိုင်ခွင့်ရရှိမည်ဖြစ်သည်။ထိုမိန်းမကြီးက ထိုအရွယ်တွင် သူ့သားများကို ထိန်းချုပ်ထားနိုင်လောက်အောင် ပုံမှန်မဟုတ်လောက်တော့ပေ။မိန်းကလေးဝေကလည်း အိမ်ထောင်စုထဲသို့ ဝင်လာခဲ့ရင် သူမ (DS) မည်သို့ သောင်းကျန်းနေမည်ကို သူမ သိချင်နေမိသည်...
ကျိုးရှီတစ်ယောက် ထိုအကြောင်းကို ပိုတွေးလေ ပိုအတွေးနက်လေဖြစ်ကာ သူမမျက်လုံးတွေက တောက်ပသွားလေလေပါပဲ။
ချင်းရှီသည် သူမကို အေးစက်စွာ စိုက်ကြည့်ကာ ခဏတာ တစ်ရေးတစ်မော အိပ်ရန် ကွေးလိုက်သည်။
သူတို့မြို့ကိုရောက်တဲ့အခါ နေကထွက်လာပြီး အရိပ်တွေကလည်း နေရောင်အောက်မှာ ရှည်လျားလာ၏။
နွားလှည်းလေးက ဆိုင်ရှေ့မှာ ရပ်သွားသည်။လဲ့ယ်ထျဲ အသစ်ဝယ်ထားသော ဟင်းသီးဟင်းရွက်များကို ရွှေ့လိုက်ပြီး လဲ့ယ်ရှန်းလီအား လှည်းကို မောင်းသွားခွင့်ပြုလိုက်သည်။
အသားကင်စားဖိုမှူးဖြစ်တဲ့ ချန်းစီသည် စောစောရောက်လာပြီး ထိုင်နေကာ မနက်စာအဖြစ် ပေါက်စီနှစ်လုံးကိုစားနေသည်။
"မင်္ဂလာနံနက်ခင်းပါ သူဌေးကြီး၊ သူဌေးလေး"
ချင်မျန်က သူ့ကို ခေါင်းညိတ်ပြီး ပြန်နှုတ်ဆက်လိုက်သည်။ "မင်္ဂလာနံနက်ခင်းပါ"
“စိတ်မပူပါနဲ့ အစ်ကိုကြီး။ကျွန်တော် လမ်းမှာ နွားစာတွေဝယ်သွားပါ့မယ်။နွား မငတ်စေရဘူး" လဲ့ယ်ရှန်းလီက ပြောသည်။
"လောင်တာ့တို့ဆိုင်ကို ပထမဆုံးရောက်ဖူးတာပဲ" ကျိုးရှီသည် ပိတ်ထားသော ဆိုင်တံခါးဆီသို့ မျက်လုံး(အကြည့်)များ လွင့်နေလျက် ချင်မျန်ကို အရိပ်အမြွက်ပြောခဲ့သည်။
“ဟုတ်သားနော်။” လဲ့ယ်ရှန်းရန်က တပြုံးပြုံးအသံဖြင့် ပြုံးရွှင်လျက် “အစ်ကိုကြီး...ဆိုင်မှာ....”
လဲ့ယ်ထျဲက ဂရုမစိုက်ဘဲ မြေပေါ်၌ ချက်ချင်းမတ်မတ်ထရပ်ပြီး ပြောလိုက်သည်။
"နောက်ကျနေပြီ”
လဲ့ယ်ရှန်းရန်နှင့် အခြားသူများက ထွက်ခွာရန် လှည်းများကို စတင်မောင်းနှင်ခဲ့ရတော့သည်။
"ဒီလင်မယားနှစ်ယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက် တကယ်လိုက်ဖက်လွန်းတာပဲ" ချင်မျန်က ခေါင်းယမ်းရင်း တံခါးဖွင့်ဖို့ သော့ကို ထုတ်လိုက်သည်။
“သူတို့ကို စိတ်ထဲမထားနဲ့” လဲ့ယ်ထျဲကတော့ သူတို့ကို သိပ်ဂရုမစိုက်။တခြားလူတွေက မကောင်းတဲ့ အကြံအစည်တွေ ရှိရင် သူလည်း ထိုအတိုင်းသာ ဆက်ဆံမည်သာ။
"မင်းတို့နှစ်ယောက်က ဆိုင်ပိုင်ရှင်တွေလား?"
အသက်ကြီးပုံရသည့်အသံတစ်ခု သူတို့နောက်ကနေ မသေချာမရေရာစွာ ထွက်ပေါ်လာ၏။
ချင်မျန် အနောက်ကို လှမ်းကြည့်လိုက်ရာ မနီးမဝေးတွင် အသက် ၆၀ ကျော် အဘိုးအိုတစ်ဦး ခါးကုန်းလျက် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရပြီး ထိုအဘိုးအိုသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေပုံလည်းရနေသည်။
"ဟုတ်ပါတယ်" ချင်မျန် သံသယနဲ့ မေးလိုက်၏။ "ဦးလေးအတွက် ကျွန်တော် ဘာကူညီပေးရမလဲ?"
အဘိုးအိုက သူ့လက်တွေကို ပွတ်သပ်ပြီး “ဦးလေးက ကျန်းလျိုရဲ့အဖေပါ။ရှောင်လျို မနေ့ညက ရိုက်နှက်ခံခဲ့ရတယ်။ဟင်းချက်နည်းအကြောင်း တစ်စုံတစ်ယောက်က အတင်းပြောခိုင်းတယ်ဆိုတဲ့ အကြောင်း မင်းတို့ကို ပြောခိုင်းလိုက်လို့ပါ...”
ချန်းစီ ဝါးနေတာကို ရပ်လိုက်ပြီး စိတ်ထဲကနေ သူ အနီးနားမှာ နေထိုင်ရတာ ကံကောင်းတယ်လို့ တွေးလိုက်မိသည်။ဒါ့ကြောင့် သူ မနေ့ညက ဘာမှ ဖြစ်မလာခဲ့တာပဲ။
လဲ့ယ်ထျဲကိုကြည့်ရင်း ချင်မျန်၏အမူအရာမှာ အလွန်ပြောင်းလဲသွားသည်။လဲ့ယ်ထျဲ၏မျက်လုံးတွေကလည်း အေးစက်သွားသည်။
"............."
သူ့ပါးစပ်ကိုဖွင့်တော့မည့်အချိန်မှာပဲ ရိုးသားပြီး ရိုးရှင်းတဲ့ လူငယ်လေးတစ်ယောက် အဝေးတစ်နေရာက နေ ထွက်လာသည်။
"သူဌေးလဲ့ယ်နဲ့ သူဌေးချင်.....ခင်ဗျားတို့ နှစ်ယောက် ဒီရောက်နေတာပဲ။ကျွန်တော်ညီလေး......"
"အရိုက်ခံရတာလား?" ချင်မျန် တခြားသူ စကားမဆုံးခင် သူ ဖြတ်ပြောလိုက်သည်။
ထိုလူက အံ့အားသင့်သွားပြီး ခေါင်းညိတ်ကာ “ဟုတ်တယ်။ညက အရမ်းနောက်ကျတဲ့အထိ သူ အိမ်ပြန်ရောက်မလာဘူးလေ။သူ့ကိုရှာဖို့ထွက်လာတော့ လမ်းဘေးမှာ ဒဏ်ရာတွေနဲ့ လဲကျနေတာကိုတွေ့လိုက်ရတာပဲ။အခုထိ သူ သတိလစ်နေတုန်း။”
ချင်မျန်၏မျက်နှာမှာ မဲမှောင်သွား၏။သူ ဒေါသ ထွက်နေပေမယ့် သူ့ရဲ့တည်ငြိမ်မှုကိုဖြင့် ဆုံးရှုံးမခံသေးပေ။သူ့ပိုက်ဆံအိတ်ကိုထုတ်ကာ လူတစ်ဦးစီအတွက် ငွေနှစ်တုံးပေးရန်အတွက် ငွေလေးတုံးကို ထုတ်လိုက်သည်။
“ဦးလေးကျန်း...အစ်ကိုဝမ်...ဒီကိစ္စက ကျွန်တော်တို့ကြောင့် ဖြစ်ရတာပါ။ကျွန်တော်တို့ အမှန်တကယ် ဝမ်းနည်းမိပါတယ်။ ပိုက်ဆံကိုယူပြီး ကျန်းလျို နဲ့ ဝမ်ရှောက်တို့ကို သမားတော်ဆီ ခေါ်သွားလိုက်ပါ။စကားမစပ် သူတို့ ဒဏ်ရာတွေ သက်သာပျောက်ကင်းပြီး နေကောင်းလာမှာ အလုပ်ပြန်လာလုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ဒီကိစ္စကို ကျွန်တော်တို့ဘာသာ ဖြေရှင်းလိုက်ပါ့မယ်။"
Advertisement
“ဒီ.......”
သမားတော်နဲ့ပြဖို့ဆိုတာ တကယ်ကို ငွေကုန်ကြေးကျများသည်ဟု ဆိုရမည်။ကျန်းလျို၏ဖခင်နှင့် ဝမ်ရှောက်၏အစ်ကိုတို့သည် ပိုက်ဆံမယူမီ တုံ့ဆိုင်းနေကြသည်။
ဝမ်ရှောက်၏အစ်ကိုဖြစ်သူက “ခင်ဗျားတို့နှစ်ယောက်လို သူဌေးတွေနဲ့တွေ့ရတာက ရှောက်ဇီရဲ့ကောင်းချီးပါပဲ။သူဌေးနှစ်ယောက် စိတ်ချထားနိုင်ပါတယ်။ကျွန်တော် ပြောလိုက်ပါ့မယ်။ကျေးဇူးအများကြီးတင်ပါတယ်။"
ကျန်းလျို၏ဖခင်နှင့် ဝမ်ရှောက်၏အစ်ကိုဖြစ်သူ ထွက်ခွာသွားတော့မှ ချင်မျန်သည် ဒေါသအလွန်ထွက်ကာ ဟင်းရွက်တောင်းကို ပိတ်ကန်ပစ်လိုက်သည်။
"သေစမ်း! ဒေါသထွက်စရာပဲ!"
လဲ့ယ်ထျဲက သူ့ကို ထိန်းလိုက်ရသည်။ "မင်း နာသွားမယ်။ဒီကိစ္စကို ဖြေရှင်းလိုက်မယ်။အခု တံခါးအရင်ဖွင့်"
ချင်မျန်သည် တံခါးကိုဖွင့်ပြီး ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။ "ဘယ်လိုဖြေရှင်းမှာလဲ?"
"စိတ်ချလက်ချနေခဲ့ " လဲ့ယ်ထျဲက “ကိုယ် အပြင်သွားလိုက်ဦးမယ်”
"အင်း...သတိထားသွား။"
သူ ကွန်ဖူးသင်နေသည်က မပြီးမြောက်သေးပေ။လဲ့ယ်ထျဲနဲ့အတူ အပြင်ထွက်ရင်တောင် အများကြီး မကူညီနိုင်။သူ့အား တာဝန်ပေးလိုက်ရုံမျှသာ လုပ်ဆောင်နိုင်သည်။
လဲ့ယ်ထျဲ ပတ်ပတ်လည်ကို လှမ်းကြည့်ရင်း “အနီးနားက ဆိုင်တွေဖွင့်နေပြီဆိုတော့ လူတွေ သွားသွားလာလာရှိလာပြီ။ကြောက်စရာ မလိုဘူး။”
"ဘာကိုကြောက်ရမှာလဲ?" ချင်မျန်က ရယ်ပြီး "မြန်မြန်သွား ခင်ဗျား သူတို့ကို သင်ခန်းစာကောင်းကောင်းပေးရမယ်နော်"
လဲ့ယ်ထျဲ ခေါင်းညိတ်ပြပြီး အမြန်ထွက်သွားသည်။
ချင်မျန်သည် စကားတစ်ခွန်းမှ မပြောဖူးသော ချန်းစီကို ကြည့်ကာ "ချန်းစီ..မင်းကြောက်တတ်လား?"
ချန်းစီ သူ့အာရုံကနေပြန်ရောက်လာပြီး ရယ်လိုက်သည်။သူ့လက်ထဲက ပေါက်စီကို လက်စသတ်ဝါးလိုက်ပြီး ဟင်းရွက်တောင်းကို ဆိုင်ထဲကို ရွှေ့လိုက်သည်။ "သူဌေးလေး...ကျွန်တော် မကြောက်တတ်ပါဘူး။ကျွန်တော်တို့ရဲ့မျိုးရိုးအမည်က ချန်လေ။မြို့ရဲ့နာမည်ကြီးလည်းဖြစ်တယ်။ကျွန်တော်က ဘာကိုကြောက်နေရမှာလဲ?ဒါပေမယ့် အခုချိန်မှာတော့ သူဌေးလေးနဲ့ သူဌေးကြီးဆီမှာ ဟင်းချက်နည်းတွေ ရှိတယ်ဆိုတာ ဒီလူတွေ သိထားတယ်”
ချင်မျန်ရဲ့ခေါင်းပေါ်မှာ ချိတ်ထားတဲ့ 'သူဌေးလေး' ဆိုတဲ့ဦးထုပ်က ဖြုတ်လို့မရတော့ပေ။
သူ့ပြောတဲ့စကားက ယုတ္တိရှိတဲ့အတွက် ချင်မျန် ခေါင်းညိတ်ပြီး "နောင်မှာ မင်းဆီ တစ်စုံတစ်ယောက်ရောက်လာရင် မင်း ငါ့နဲ့ သူဌေးကြီးရဲ့ ခေါင်းပေါ်ကိုပုံချလိုက်လို့ရတယ်"
ဆိုင်စဖွင့်ကတည်းက သူနှင့် လဲ့ယ်ထျဲတို့ကသာ ဟင်းခတ်အမွှေးအကြိုင်များ၊ မာလာထျန်းနဲ့ အသားကင်များကို ကိုယ်တိုင် စီမံခဲ့ကြသည်သာ။ဆိုင်ရှိဝန်ထမ်း သုံးဦးဖြစ်သည့် ကျန်းလျို၊ ဝမ်ရှောက် နှင့် ချန်းစီတို့သည် ဟင်းချက်နည်းကို မသိခဲ့ကြပေ။
"စိတ်မပူပါနဲ့ သူဌေးလေး။ဒါပေမယ့် ရှောင်လျိုနဲ့ ရှောက်ဇီ မလာနိုင်ဘူးဆိုတော့ ဒီနေ့ ကျွန်တော်တို့မှာ လူအင်အား အလုံအလောက်မရှိမှာကို စိုးရိမ်မိတယ်။"
ချင်မျန် ပြောလိုက်၏။ "ကုန်စုံဆိုင်ဖွင့်ရင် သူဌေးကျိုးဆီက သူ့ဆိုင်လက်ထောက်ကို ခဏငှားလိုက်ဖို့ ပြောရမယ်"
သူဌေးကျိုးဟူသည် နံဘေးရှိ ကုန်စုံဆိုင်ပိုင်ရှင်ပင်။
ချန်းစီက နှုတ်ခမ်းတွန့်ကာ "သူဌေးကျိုးဆိုရင်တော့ သေချာပေါက် ဌားလိုက်လိမ့်မယ်။ဒါပေမယ့် လစာကိုတော့ သေချာပေါက် ရအောင်ပေးခိုင်းဦးမှာပဲ"
“တခြားနည်းလမ်း မရှိဘူးလေ။” ချင်မျန်မှာ ကူကယ်ရာမဲ့ဖြစ်နေခဲ့သည်။ "လျိုဇီ နဲ့ ရှောက်ဇီက ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့မှာပဲ။အနည်းဆုံး တစ်လခွဲလောက် အနားယူရမယ်။မင်းရဲ့သူဌေးကြီးပြန်လာရင် ငါ ပွဲစားဆီကိုသွားပြီး ယာယီအလုပ်သမားကို ငှားလိုက်ဦးမယ်။"
စကားမပြောတော့ဘဲ ချန်းစီသည် အသီးအရွက်များကို ကျွမ်းကျင်စွာ လှီးဖြတ်ပြီး ဆေးကြောနေလိုက်သည်။ထိုအချိန်တွင် ချင်မျန်သည်လည်း အရိုးစွပ်ပြုတ်အိုးကြီးကို ပြုတ်ပြီးနောက် အသားကို ခုတ်ထစ်လိုက်သည်။
နှစ်နာရီခန့်ကြာသောအခါ လဲ့ယ်ထျဲ ပြန်ရောက်လာသည်။
ချင်မျန် သူ့ကို အပေါ်အောက် စုန်ကြည့်လိုက်၏။သူ့အမူအရာသွင်ပြင်မှာ ရိုးရိုးရှင်းရှင်းနဲ့ လမ်းထွက်လျှောက်သွားသလိုပါပဲ။ သူ့အဝတ်အစားတွေက သပ်ရပ်နေမြဲပင်။
"ဘယ်လိုလဲ?
“ပြေလည်သွားပြီ။”
ချင်မျန် သံသယဖြင့် ထပ်မေး၏။ "အားလုံးပြေလည်သွားပြီလား?" ချန်းစီကလည်း စိတ်ဝင်တစား စောင့်ကြည့်နေသည်။
လဲ့ယ်ထျဲက ခေါင်းညိတ်ပြလိုက်သည်။
"ဘယ်လိုဖြေရှင်းလိုက်တာလဲ?" ချင်မျန် ထပ်ပြီးမေးခွန်းထုတ်ပြန်သည်။
လဲ့ယ်ထျဲက စကားပြန်မပြောပေ။သူထိုင်ချလိုက်ပြီး အသားလုံးကို လုံးပေးနေလိုက်ပြီး "မင်း အသားကို ဆက်ခုတ်နေ"
"တကယ်ကြီး ဘယ်လိုဖြေရှင်းလိုက်တာလဲလို့?" ချင်မျန်၏နှလုံးသားထဲတွင် ကြောင်လေးက လက်သည်းဖြင့် ကုတ်ခြစ်နေသလို ခံစားရသည်။သူအရမ်းသိချင်နေပြီ။
လဲ့ယ်ထျဲကဖြင့် ပြန်မပြောသေး။
ချင်မျန် သူ့ကို မကျေမနပ် စိုက်ကြည့်နေလိုက်သည်။ဒီယောက်ျားက မပြောချင်ဘူးဆိုတော့ သူ့တံတွေးကိုလည်း မဖြုန်းချင်တော့ဘူး။သူ လက်ဆေးဖို့ လှည့်ကာ ပြောလိုက်သည်။ “ယာယီအလုပ်သမားနဲ့ နှစ်ရှည်အလုပ်သမားကို ငှားဖို့ ပွဲစားဆီကို သွားလိုက်ဦးမယ်။”
ချန်းစီ နားမလည်နိုင်စွာ မေးလိုက်သည်။ "သူဌေးလေး... ခုနက ယာယီအလုပ်သမားငှားဖို့ပဲ ပြောနေတာ မဟုတ်ဘူးလား?"
“မင်းရဲ့သူဌေးကြီးရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို ကြည့်လိုက်ဦးလေ။လက်နှစ်ဖက်စလုံးက ဖြူစုတ်နေပြီ။မာလာထျန်းချက်ဖို့ တစ်ယောက်ကို ငှားလိုက်မယ်" ချင်မျန် လှောင်ပြောင်လိုက်သည်။
ချန်းစီ အားပါးတရ ချီးကျူးလိုက်၏။ "သူဌေးကြီးနဲ့ သူဌေးလေးတို့က သွေးသားညီအစ်ကိုတွေလို ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေတာပဲ"
ချင်မျန်မှာ တောင့်တင်းသွားသည်။
လဲ့ယ်ထျဲ ချန်းစီကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ချန်းစီမှာတော့ တုန်လှုပ်သွား၏။
သူ ဘာများမှားပြောမိလိုက်လို့လဲ?
လဲ့ယ်ထျဲ ပါးစပ်ကိုဖွင့်ကာ “သူက ငါ့ရဲ့.....”
"လဲ့ယ်ထျဲ!" ချင်မျန်တစ်ယောက် ရင်တထိတ်ထိတ်နှင့် ထိုလူ၏ပါးစပ်ကို အတင်းအကြပ် လှမ်းပိတ်လိုက်ရသည်။သူ့ရဲ့အမြန်နှုန်းမှာ ချင်းကုန်း(ကိုယ်ဖော့) နှင့် ယှဉ်လုနီးပါး မြန်ဆန်လွန်းသည်ကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ရသည်ပင်။
လဲ့ယ်ထျဲ သူ့လက်ကို မြှောက်လိုက်ပြီး ချင်မျန်၏ မျက်နှာကို ထိလိုက်သည်။သူ ဘာမှဆက်မပြောတော့ဘဲ အသားလုံးတွေကိုသာ ဆက်လုံးနေတော့၏။
Advertisement
ထိုမှသာ ချင်မျန် သူ့ကို လွှတ်ပေးလိုက်သည်။သူ ထိုလူအား သတိပေးပြီးနောက် သူ့နောက်ကျောကို လက်နှစ်ဖက်ပစ်ကာ ခေါင်းမော့လျက် ရင်ဘတ်ကို ထုတ်ကာ ထွက်သွားလေတော့သည်။
ချန်းစီသည် ချင်မျန်၏မျက်နှာပေါ်ရှိ ခပ်ရဲရဲအလွှာကို မြင်လိုက်ရပြီး သူ့ခေါင်းလှည့်ကာ ခိုးရယ်လိုက်သည်။
ဝန်ထမ်းအသစ်လေး ရှီတိုးသည် အလွန်ရိုးရှင်းပြီး ရိုးသားသူဖြစ်သည်။တုံ့ပြန်တဲ့နေရာမှာ အနည်းငယ်နှေးကွေးသော်လည်း ဝီရိယရှိ၍ တက်ကြွပြီး စကားအများကြီး မပြောတတ်ပေ။သူ့ ရောက်လာတာက ကျန်းလျိုနဲ့ ဝမ်ရှောက်တို့မရှိခြင်းကြောင့်ဖြစ်ကာ ယနေ့လုပ်ငန်းကို ထိခိုက်ခြင်းမရှိခဲ့။
လဲ့ယ်ထျဲကတော့ မာလာထျန်းကို ချက်စရာမလိုတော့ပေ။ထို့ကြောင့် ဖောက်သည်အနည်းငယ်သာရှိရင် သူ ချင်မျန်နှင့်အတူ ကောင်တာတွင်ထိုင်ကာ ပန်းကန်များသယ်ဖို့လိုတာတို့ သို့မဟုတ် ဖောက်သည်များစွာရှိသောအခါတွင်မှသာ ပိုက်ဆံစုရန် ကူညီခဲ့သည်။
ဖောက်သည်အနည်းငယ်သာရှိချိန်တွင် ချင်မျန်သည် မျက်စောင်းထိုးရှိ မုန့်ဆိုင်သို့သွားကာ အပိုင်းနှစ်ပိုင်းခွဲထားသည့် မုန့်အမျိုးအစားနှစ်မျိုးကို ဝယ်ယူခဲ့သည်။
နေအနောက်ဘက်သို့ရောက်လာတော့ လဲ့ယ်ရှန်းရန် နှင့် အခြားလူများစွာတို့သည် လှည်းများဖြင့် ဝမ်းသာအားရ မြင်ကွင်းထဲပေါ်လာတော့သည်။
"လောင်တာ့...မရီး...ကျွန်တော်တို့ပြန်လာပြီ"
လဲ့ယ်ရှန်းရန်က အဝေးကနေ အော်လိုက်သည်။
ချင်မျန် သူ့ကို လည်ပင်းညှစ်ချင်မိ၏။သူ့ရဲ့ဓားမြှောင်လို အကြည့်များသည်လည်း ဟစ်အော်သံနှင့်ထပ်တူ ပျံဝဲလာသည်။ကံကောင်းထောက်မစွာ ဆိုင်ရှိဖောက်သည်များက “မရီး” ဟူသည်က သူ့အတွက် ရည်ရွယ်ကြောင်း မသိခဲ့ကြ။
လဲ့ယ်ရှန်းလီက လဲ့ယ်ရှန်းရန်ကို ရိုက်လိုက်ပြီး သတိပေးလိုက်သည်။ “အပြင်လူတွေရှေ့မှာ မရီးလို့ မခေါ်နဲ့လေ”
လဲ့ယ်ရှန်းရန် ရုတ်တရက် သဘောပေါက်သွားပြီး "အိုး... နားလည်ပြီ"
လမ်းဘေးတွင် လှည်းကို ရပ်ထားကာ ဆိုင်ထဲသို့ ရွှင်မြူးစွာ လျှောက်သွားပြီး ထူးထူးခြားခြား အကြည့်ဖြင့် ကောင်တာအနီးသို့ ချဉ်းကပ်ကာ "အစ်ကိုကြီး..ဒီနေ့ ဘယ်လောက်ရလာတယ်ထင်လဲ?"
လဲ့ယ်ထျဲက စိတ်မဝင်စားစွာဖြင့် စာရေးရန် စုတ်တံကို ယူလိုက်သည်။သူ မှန်းဆဖို့ စိတ်မဝင်စားဘူး။
ချင်မျန် မေးလိုက်သည်။ "ဘယ်လောက်ရလဲ?"
လဲ့ယ်ရှန်းရန်က ရယ်လိုက်ပြီး “203”
လဲ့ယ်ရှန်းရီက "ကျွန်တော်တို့တွက်ပြီးပြီ။ထင်းနဲ့ ပါဝင်ပစ္စည်းတွေရဲ့ကုန်ကျစရိတ်ကို နုတ်လိုက်ရင် 160 ဝမ် အသားတင်အမြတ်ကို ရခဲ့တယ်။”
“မဆိုးဘူး၊ မဆိုးဘူး။ ဂုဏ်ယူပါတယ်။” ချင်မျန်က ချီးကျူးဂုဏ်ပြုရင်း လက်ခုပ်တီးပေးသည်။
ကျိုးရှီက တခြားသူတွေ စားနေတဲ့ ဟော့ပေါ့ကို လောဘကြီးစွာ ကြည့်ရင်း "ကျွန်မတို့ တစ်နေကုန် အလုပ်ရှုပ်နေတော့ ငတ်သေလုနီးပါးပဲ။ယောက်ျား....လောင်တာ့ဆိုင်မှာ တစ်ခုခုစားရအောင်လေ။"
“ဟုတ်တယ်” လဲ့ယ်ရှန်းရန်က ပြုံးပြုံးရွှင်ရွှင်နဲ့ ပြော၏ “အစ်ကိုကြီးဆိုင်က အစားအသောက်တွေက အရသာရှိတယ်”
ချင်မျန်ကလည်း ပြုံးပြီး "မင်းတို့စားချင်တာကို ရွေးလို့ရတယ်။သက်သတ်လွတ်က တစ်ဝမ်။ အသားဆို ၂ ဝမ်။ဟော့ပေါ့က ပိုစျေးကြီးပြီး နည်းနည်းကြာအောင် စောင့်ရမယ်။မင်းတို့ ပထမဆုံးလာရောက်တဲ့အတွက် 20% လျှော့စျေးပေးမယ်လေ။"
လဲ့ယ်ရှန်းရန်က သူ့ကို အံ့အားသင့်စွာ ကြည့်ပြီး “ကျွန်တော်တို့အားလုံးက မင်းရဲ့ညီအစ်ကိုတွေ.......” ဟုဆိုကာ တမင်တကာ စကားကိုအဆုံးမသတ်ခဲ့ပေ။
ချင်မျန် သူနှင့် နီးကပ်လာသည်နှင့်အမျှ ပိုမိုတောက်ပစွာ ပြုံးကာ "မင်းတို့အားလုံး စားမယ့်အမယ်တွေ အရင်သွားရွေးလေ"
လဲ့ယ်ရှန်းရီ နှင့် လဲ့ယ်ရှန်းလီတို့မှာ ရှက်ရွံ့သွားသည်။
လဲ့ယ်ရှန်းရီသည် လဲ့ယ်ရှန်းရန်ကို မကျေမနပ် ကြည့်ကာ "ဘာတွေပြောနေတာလဲ..လောင်အာ့"
“ငါ ဘာမှားလို့လဲ။အကြီးဆုံးမရီးက ဖြောင့်မတ်လွန်းနေတာပဲ။” လဲ့ယ်ရှန်းရန်က ချင်မျန်ကို မကျေနပ်သဖြင့် ကဲ့ရဲ့လိုက်သည်။
ချင်မျန် ရယ်မောလိုက်၏။ “တံတားကိုဖြတ်ကူးပြီးတော့ တံတားဖျက်” ဆိုတဲ့ အဓိပ္ပာယ်ကို သူ နားလည်လိုက်ပြီ။ သို့သော်လည်း သူ ဘာမှ မပြောတော့ဘဲ ပြုံးပြုံးရွှင်ရွှင်နဲ့ ပိုက်ဆံကို ရေတွက်နေလိုက်သည်။ကြေးနီများ ငွေပုံးထဲသို့ ကျသွားပြီး ထွက်လာသည့် အသံကို ကြားရသည်မှာ အလွန်ပင် ကြည်နူးစရာ ကောင်းသည်။သူ စိတ်မပူသလို လုံးဝလည်းစိတ်မ၀င်စားပေ။
ချင်းရှီ ရုတ်တရက် သဘောပေါက်သွားပြီး လဲ့ယ်ရှန်းရီ အနားကပ်ကာ တိုးတိုးလေးပြောလိုက်သည်။ “ယောကျ်ား...ကျွန်မတို့ ပေးရမှာ ကျန်သေးတယ်မလား။မနက်ဖြန် ဟင်းခတ်အမွှေးအကြိုင်တွေ ဝယ်ဖို့ ကျန်သေးတယ်လေ”
သူမသည် လဲ့ယ်ရှန်းရန် တမင်တကာ ကြားအောင် ပြောလိုက်ခြင်းသာ။
လဲ့ယ်ရှန်းရန် ခေတ္တရပ်သွားပြီး ပေါ့ပေါ့တန်တန် နှိမ့်ချလိုက်ကာ အတင်းပြုံး၍ “ဟုတ်တာပေါ့။သွေးသားညီအစ်ကိုတွေဆိုပေမယ့်လည်း ပိုက်ဆံကိစ္စမှာ ရှင်းရှင်းလင်းလင်းဖြစ်အောင် ရှင်းထားရမှာပေါ့။”
သူ ချင်မျန်ကို စေ့စေ့ကြည့်ပြီး အမယ်တွေရွေးဖို့ သစ်သားစင်ဆီ လျှောက်သွား၏။
ကောင်းတာတစ်ခုခုဖြစ်တဲ့အခါတိုင်း ရောင့်ရဲတတ်ဖို့ လိုတဲ့ရောဂါများရှိနေလား?
ချင်မျန် သူ့မျက်နှာကို လှမ်းကန်ချင်မိသည်။
လဲ့ယ်ရှန်းရီ နှင့် လဲ့ယ်ရှန်းလီတို့သည်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး သက်ပြင်းချကာ ပန်းကန်များကိုယူရန် သွားကြတော့သည်။
ချင်မျန် သူ့လက်ချောင်းကို လဲ့ယ်ထျဲဆီသို့ ညွှန်ကာ အနီးကပ်တိုးလာစေရန် အချက်ပြလိုက်သည်။
လဲ့ယ်ထျဲ သူ့ဆီသို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။
ချင်မျန် သူ့ပခုံးကို ဖိလိုက်ပြီး “ကံကောင်းတာက ခင်ဗျားအသက် 12 နှစ်တုန်းက အိမ်ကနေ ထွက်ပြေးသွားတာပဲ။မဟုတ်ရင် ခင်ဗျား သူ့လို အရေထူနေရင် ပါးသွားဖို့ ခင်ဗျားမျက်နှာကို ကျွန်တော် နင်းရလိမ့်မယ်။"
လဲယ်ထျဲက “အင်း” ဟူသော အသံကို တိုးညှင်းစွာပြောကာ ကူကယ်ရာမဲ့ ခေါင်းခါလိုက်မိသည်။
"အသားလုံးလေး လေးလုံးက ၂ဝမ် တောင်လား?" ကျိုးရှီ မဲ့ကာရွဲ့ကာ တံထွေးတပျစ်ပျစ်ဖြင့် ပန်းကန်တွေကို ကောက်ကိုင်လိုက်ပြီး “၂ဝမ် ဆိုတာက အသားတစ်ပိုင်းတောင် ဝယ်လို့ရတယ်။ ဟင်းသီးဟင်းရွက်တွေကလည်း ဈေးကြီးပ။ငါးရွက်လေးပါတာကို တစ်ဝမ်တောင် ပေးရတယ်လို့။"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎[Zawgyi]
054: တျခားသူေတြရဲ႕ အားသာခ်က္ကိုအႏိုင္မယူရင္ ေသရလိမ့္မယ္။
“ေကာင္းၿပီေလ” လဲ့ယ္႐ွန္းရန္ ထပ္ေျပာ၏။ "အားလုံးဝယ္ၿပီးရင္ ၿမိဳ႕အဝင္ဝမွာျပန္ဆုံၾကမယ္"
လွည္းေနာက္ဘက္တြင္ ထိုင္ေနၾကသည့္က်ိဳး႐ွီနဲ႔ခ်င္း႐ွီတို႔သည္လည္း အခ်င္းခ်င္း တီးတိုးေျပာၾကသည္။
"ေလာင္စန္းဇနီး..." က်ိဳး႐ွီက ခ်င္း႐ွီရဲ႕လက္ေမာင္းကိုထိၿပီး တိုးတိုးကပ္ေျပာ၏။
"ဒီတစ္ခါ ေလာင္တာ့ဇနီးက ငါတို႔ကို အၾကံေကာင္းတစ္ခုေပးတယ္။စြပ္ျပဳတ္ေရာင္းလိုက္ရင္ ဝင္ေငြမ်ားစြာရမယ္ဆိုတာ ငါ ေျပာရဲတယ္။ဒါေပမယ့္ ငါတို႔အားလုံး အေမ့ကို ျပန္ေပးရမယ္ဆိုတာေတာ့ ဝမ္းနည္းစရာေကာင္းတယ္ေနာ္။"
လဲ့ယ္႐ွန္းရန္၏လက္ထဲကိုေငြမအပ္မီ တု႐ွီသည္ ထင္းႏွင့္ပါဝင္ပစၥည္းမ်ားဝယ္ရန္အတြက္ ပိုက္ဆံကို တစ္ခုခ်င္းစီေရတြက္ေနသည့္ နံနက္ေစာေစာကျမင္ကြင္းကိုျပန္သတိရေသာအခါ ခ်င္း႐ွီ စိတ္မသက္မသာခံစားခဲ့ရသည္။က်ိဳး႐ွီသည္ မိသားစုႏွင့္ခြဲထြက္ရန္ ႏိႈးေဆာ္လိုေၾကာင္း သူမသိေသာ္လည္း သူမ (ZS)ရဲ႕အစီအစဥ္ကေန လမ္းလြဲေစလိုက္ကာ ဘာမွေရေရရာရာမေျပာဘဲ “အင္း” ဟုသာ ဆိုခဲ့သည္။
သူမက အ႐ူးတစ္ေယာက္မဟုတ္တာကိုျမင္ေတာ့ က်ိဳး႐ွီက "ငါတို႔ မိသားစုနဲ႔ခြဲထြက္ေနႏိုင္ရင္ေကာင္းမွာပဲ" လို႔ေျပာ႐ုံကလြဲၿပီး ေ႐ြးခ်ယ္စရာမ႐ွိေတာ့ေပ။
ခ်င္း႐ွီ တမင္တကာ ေမးလိုက္သည္။ "ကြၽန္မတို႔အားလုံးလား?"
က်ိဳး႐ွီကေတာ့ ေမးခြန္းကို ေ႐ွာင္လႊဲလိုက္သည္။တကယ္ေတာ့ သူမကား ဆန္႔က်င္ဘက္ပင္။အိမ္ခြဲေနခ်င္ေသာ္လည္း မခြဲခ်င္ျပန္။အိမ္ခြဲေနလိုက္လွ်င္ ဝင္ေငြကို ကိုယ္တိုင္ထိန္းသိမ္းႏိုင္ေသာ္လည္း လဲ့ယ္႐ွန္းက်စ္နဲ႔ ေဝးကြာသြားမည္ျဖစ္တာေၾကာင့္ အိမ္ခြဲေနမည့္အေၾကာင္း ဆက္ၿပီး ေတြးေတာခ်င္စိတ္မ႐ွိေပ။လဲ့ယ္႐ွန္းက်စ္၏အနာဂတ္သည္ကား အကန္႔အသတ္မ႐ွိ။ဒီသစ္ပင္ႀကီးကို စြန္႔လႊတ္ဖို႔ သူမ တြန္႔ဆုတ္ေနခဲ့ျခင္းသာ။
တတိယညီ ႏွင့္ စတုတၳညီတို႔သာ အဓိကမိသားစုကေန ခြဲထြက္ခဲ့ပါက သူမသည္ မိသားစုတာဝန္ အလုံးစုံယူပိုင္ခြင့္ရ႐ွိမည္ျဖစ္သည္။ထိုမိန္းမႀကီးက ထိုအ႐ြယ္တြင္ သူ႕သားမ်ားကို ထိန္းခ်ဳပ္ထားႏိုင္ေလာက္ေအာင္ ပုံမွန္မဟုတ္ေလာက္ေတာ့ေပ။မိန္းကေလးေဝကလည္း အိမ္ေထာင္စုထဲသို႔ ဝင္လာခဲ့ရင္ သူမ (DS) မည္သို႔ ေသာင္းက်န္းေနမည္ကို သူမ သိခ်င္ေနမိသည္...
က်ိဳး႐ွီတစ္ေယာက္ ထိုအေၾကာင္းကို ပိုေတြးေလ ပိုအေတြးနက္ေလျဖစ္ကာ သူမမ်က္လုံးေတြက ေတာက္ပသြားေလေလပါပဲ။
ခ်င္း႐ွီသည္ သူမကို ေအးစက္စြာ စိုက္ၾကည့္ကာ ခဏတာ တစ္ေရးတစ္ေမာ အိပ္ရန္ ေကြးလိုက္သည္။
သူတို႔ၿမိဳ႕ကိုေရာက္တဲ့အခါ ေနကထြက္လာၿပီး အရိပ္ေတြကလည္း ေနေရာင္ေအာက္မွာ ႐ွည္လ်ားလာ၏။
ႏြားလွည္းေလးက ဆိုင္ေ႐ွ႕မွာ ရပ္သြားသည္။လဲ့ယ္ထ်ဲ အသစ္ဝယ္ထားေသာ ဟင္းသီးဟင္း႐ြက္မ်ားကို ေ႐ႊ႕လိုက္ၿပီး လဲ့ယ္႐ွန္းလီအား လွည္းကို ေမာင္းသြားခြင့္ျပဳလိုက္သည္။
အသားကင္စားဖိုမႉးျဖစ္တဲ့ ခ်န္းစီသည္ ေစာေစာေရာက္လာၿပီး ထိုင္ေနကာ မနက္စာအျဖစ္ ေပါက္စီႏွစ္လုံးကိုစားေနသည္။
"မဂၤလာနံနက္ခင္းပါ သူေဌးႀကီး၊ သူေဌးေလး"
ခ်င္မ်န္က သူ႕ကို ေခါင္းညိတ္ၿပီး ျပန္ႏႈတ္ဆက္လိုက္သည္။ "မဂၤလာနံနက္ခင္းပါ"
“စိတ္မပူပါနဲ႔ အစ္ကိုႀကီး။ကြၽန္ေတာ္ လမ္းမွာ ႏြားစာေတြဝယ္သြားပါ့မယ္။ႏြား မငတ္ေစရဘူး" လဲ့ယ္႐ွန္းလီက ေျပာသည္။
"ေလာင္တာ့တို႔ဆိုင္ကို ပထမဆုံးေရာက္ဖူးတာပဲ" က်ိဳး႐ွီသည္ ပိတ္ထားေသာ ဆိုင္တံခါးဆီသို႔ မ်က္လုံး(အၾကည့္)မ်ား လြင့္ေနလ်က္ ခ်င္မ်န္ကို အရိပ္အႁမြက္ေျပာခဲ့သည္။
“ဟုတ္သားေနာ္။” လဲ့ယ္႐ွန္းရန္က တျပဳံးျပဳံးအသံျဖင့္ ျပဳံး႐ႊင္လ်က္ “အစ္ကိုႀကီး...ဆိုင္မွာ....”
လဲ့ယ္ထ်ဲက ဂ႐ုမစိုက္ဘဲ ေျမေပၚ၌ ခ်က္ခ်င္းမတ္မတ္ထရပ္ၿပီး ေျပာလိုက္သည္။
"ေနာက္က်ေနၿပီ”
လဲ့ယ္႐ွန္းရန္ႏွင့္ အျခားသူမ်ားက ထြက္ခြာရန္ လွည္းမ်ားကို စတင္ေမာင္းႏွင္ခဲ့ရေတာ့သည္။
"ဒီလင္မယားႏွစ္ေယာက္စလုံးက တစ္ေယာက္နဲ႔တစ္ေယာက္ တကယ္လိုက္ဖက္လြန္းတာပဲ" ခ်င္မ်န္က ေခါင္းယမ္းရင္း တံခါးဖြင့္ဖို႔ ေသာ့ကို ထုတ္လိုက္သည္။
“သူတို႔ကို စိတ္ထဲမထားနဲ႔” လဲ့ယ္ထ်ဲကေတာ့ သူတို႔ကို သိပ္ဂ႐ုမစိုက္။တျခားလူေတြက မေကာင္းတဲ့ အၾကံအစည္ေတြ ႐ွိရင္ သူလည္း ထိုအတိုင္းသာ ဆက္ဆံမည္သာ။
"မင္းတို႔ႏွစ္ေယာက္က ဆိုင္ပိုင္႐ွင္ေတြလား?"
အသက္ႀကီးပုံရသည့္အသံတစ္ခု သူတို႔ေနာက္ကေန မေသခ်ာမေရရာစြာ ထြက္ေပၚလာ၏။
ခ်င္မ်န္ အေနာက္ကို လွမ္းၾကည့္လိုက္ရာ မနီးမေဝးတြင္ အသက္ ၆၀ ေက်ာ္ အဘိုးအိုတစ္ဦး ခါးကုန္းလ်က္ မတ္တပ္ရပ္ေနသည္ကို ေတြ႕လိုက္ရၿပီး ထိုအဘိုးအိုသည္ အနည္းငယ္ စိတ္မသက္မသာ ျဖစ္ေနပုံလည္းရေနသည္။
"ဟုတ္ပါတယ္" ခ်င္မ်န္ သံသယနဲ႔ ေမးလိုက္၏။ "ဦးေလးအတြက္ ကြၽန္ေတာ္ ဘာကူညီေပးရမလဲ?"
အဘိုးအိုက သူ႕လက္ေတြကို ပြတ္သပ္ၿပီး “ဦးေလးက က်န္းလ်ိဳရဲ႕အေဖပါ။ေ႐ွာင္လ်ိဳ မေန႔ညက ႐ိုက္ႏွက္ခံခဲ့ရတယ္။ဟင္းခ်က္နည္းအေၾကာင္း တစ္စုံတစ္ေယာက္က အတင္းေျပာခိုင္းတယ္ဆိုတဲ့ အေၾကာင္း မင္းတို႔ကို ေျပာခိုင္းလိုက္လို႔ပါ...”
ခ်န္းစီ ဝါးေနတာကို ရပ္လိုက္ၿပီး စိတ္ထဲကေန သူ အနီးနားမွာ ေနထိုင္ရတာ ကံေကာင္းတယ္လို႔ ေတြးလိုက္မိသည္။ဒါ့ေၾကာင့္ သူ မေန႔ညက ဘာမွ ျဖစ္မလာခဲ့တာပဲ။
လဲ့ယ္ထ်ဲကိုၾကည့္ရင္း ခ်င္မ်န္၏အမူအရာမွာ အလြန္ေျပာင္းလဲသြားသည္။လဲ့ယ္ထ်ဲ၏မ်က္လုံးေတြကလည္း ေအးစက္သြားသည္။
"............."
သူ႕ပါးစပ္ကိုဖြင့္ေတာ့မည့္အခ်ိန္မွာပဲ ႐ိုးသားၿပီး ႐ိုး႐ွင္းတဲ့ လူငယ္ေလးတစ္ေယာက္ အေဝးတစ္ေနရာက ေန ထြက္လာသည္။
"သူေဌးလဲ့ယ္နဲ႔ သူေဌးခ်င္.....ခင္ဗ်ားတို႔ ႏွစ္ေယာက္ ဒီေရာက္ေနတာပဲ။ကြၽန္ေတာ္ညီေလး......"
"အ႐ိုက္ခံရတာလား?" ခ်င္မ်န္ တျခားသူ စကားမဆုံးခင္ သူ ျဖတ္ေျပာလိုက္သည္။
ထိုလူက အံ့အားသင့္သြားၿပီး ေခါင္းညိတ္ကာ “ဟုတ္တယ္။ညက အရမ္းေနာက္က်တဲ့အထိ သူ အိမ္ျပန္ေရာက္မလာဘူးေလ။သူ႕ကို႐ွာဖို႔ထြက္လာေတာ့ လမ္းေဘးမွာ ဒဏ္ရာေတြနဲ႔ လဲက်ေနတာကိုေတြ႕လိုက္ရတာပဲ။အခုထိ သူ သတိလစ္ေနတုန္း။”
Advertisement
- In Serial8 Chapters
Wretched Brood
I knew I was different from the beginning. I wanted nothing to do with those simpletons that valued only food, drink, and women. So I distanced myself from my brood, not considering myself a goblin. I even tried to become one of the humans, befriending some in the process. I thought that I’d live a relatively happy life as a “human” adventurer, albeit behind a wooden mask. At that time I didn’t know that I’d soon become the enemy of all humanoid races, a being that was despised and feared by all intelligent creatures. The calamity called “Scourge.”
8 203 - In Serial12 Chapters
Badass Deku
Deku comes back to the dorms after All Might calls him over, but what will he do when he finds his boyfriend, Shoto Todoroki, cheating on him...
8 132 - In Serial28 Chapters
My Haunted Academia(mha au) | DISCONTINUED
(I'm no longer updating this as I've lost all interest in it, but feel free to read the mess of what this was)Magic and monsters are indeed real. At least, that's what Deku thinks.He's heard many stories around his village about a safe haven for monsters deep in the forest. And it's safe to say that he's a big fan of these stories, along with his best friend; Bakugo. Since the death of his mother, and disappearance of his father, Deku sees no reason why they shouldn't go check it out. What will they find as the explore the haunted halls of UA? Monsters? Magic? A curse in which they can't escape? It's perfectly possible. At least, that's what they think. ......and they just might be right. (I've had this idea for a while now, and I think it's cool! FYI though, some chapters won't have a plot and will mainly be filler, but they're still good! Also none of the backgrounds are mine, and neither are the characters. This is a parody of the show My Hero Academia)
8 160 - In Serial14 Chapters
Cuffed For Good
Niah is just a regular girl who wants to show the world what's hers. She wants to stay with the one she loves the most. Will that last?
8 162 - In Serial11 Chapters
Male Indra Reader x Naruto (Redo)
Y/n Otsutsuki, the direct reincarnation of Indra Otsutsuki, goes to the leaf to find the other reincarnation of himself, not knowing the journey ahead of him.
8 179 - In Serial24 Chapters
Sharingan Sakura
(Changed the summary.) Uchiha. That one name was enough to sent a thrilling into her spine, the day when she found out when she was actually an Uchiha sent a thousand kunai on her. Sakura faced the life of the sickened reality and joined the masked man to the Akatsuki, all will come downhills to her when she met her past lover, Uchiha Sasuke. She wasn't even sure if she could take it all, especially when he wanted her to restore the Uchiha clan.
8 450

