《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[53]
Advertisement
[Unicode]
T/N: စာမစစ်ရသေးပါ။သည်းခံဖတ်ပေးကြပါလို့>\
053: သတိပေးချက်
နွားလှည်းလေးသည် ရွာထဲသို့ မောင်းဝင်လာသောအခါ ချင်မျန် လဲ့ယ်ထျဲလက်ထဲမှ နွားဇက်ကြိုးကိုယူကာ “တတိယနှင့် စတုတ္ထညီအကိုတွေတို့ အိမ်ကို အတူတူလာဖို့သွားခေါ်လိုက်။ကျွန်တော် သူတို့ကိုပဲ အသေးစိတ်ပြောပြလိုက်မယ်။"
လဲ့ယ်ထျဲ ခေါင်းညိတ်ပြပြီး ခြေတံရှည်များကို မြှောက်ကာ ရွေ့လျားနေဆဲ နွားလှည်းပေါ်မှ အလွယ်တကူ ခုန်ဆင်းလိုက်သည်။
ရွာသူရွာသား အများအပြားက စူးစမ်းလိုသော မျက်လုံးများဖြင့် သူ့နောက်ကနေ လိုက်ကြည့်နေကြသည်။လဲ့ယ်ထျဲ ကွန်ဖူးတတ်မြောက်ထားသည့်သတင်းက ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားသည်လေ။ထိုသို့သောလူတွေက သူတို့အပေါ်မှာ လေးစားမှုရော အကြောက်တရားပါ ခံစားစေခဲ့သည်။
နေ့တိုင်းလိုလို သူအိမ်ပြန်ရောက်ရင် ချင်မျန် ပထမဆုံးလုပ်တာက ရေချိုးရန် ရေနွေးတည်ခြင်းသာ။မီးဖိုတွင်းရှိ ထင်းမီးလေး တောက်လောင်သွားချိန်တွင် လဲ့ယ်ထျဲ ပြန်ရောက်လာသည်။
“တတိယနှင့် စတုတ္ထညီတွေလည်း မြစ်တူးတဲ့နေရာကို သွားကြတယ်။အခုမှ သူတို့ ညစာစားနေတော့ မကြာခင်လောက်မှ ဒီကို ရောက်လာလိမ့်မယ်” လဲ့ယ်ထျဲသည် ချင်မျန်၏လက်ထဲမှ ထင်းကိုယူကာ မီးဖိုချောင်မီးဖိုရှေ့တွင် ထိုင်လိုက်သည်။
ရာသီဥတုက အေးလာပြီး အရာအားလုံးက ရေခဲတမျှအေး၏။ချင်မျန် သူ့အား ကူညီပေးသည်ကို ဝမ်းသာအားရ ခွင့်ပြုလိုက်ပြီး သူ့လက်တွေကို သူ့အိတ်ကပ်ထဲကို ပြန်ထည့်လိုက်သည်။
"လောင်အာ့ရော သွားလား?"
“မသွားဘူး”
ထိုကဲ့သို့ဖြစ်မည်မှန်း သူသိသည်။ချင်မျန် ဤလူလဲ့ယ်ရှန်းရန်ကို အထင်အမြင်သေးမိသည်။
".........."
“တတိယနဲ့ စတုတ္ထညီကို ဘာမှမပြောခဲ့ဘူးမလား?”
လဲ့ယ်ထျဲက "သူတို့ကို အရေးကြီးတာတစ်ခုပြောဖို့ရှိတယ်ပဲ ပြောလိုက်တယ်"
"အဲဒါကောင်းတယ်။" ချင်မျန် ဗီရိုကိုဖွင့်ပြီး လိမ္မော်ခွံ၊ သစ်ကြံပိုးခေါက်နှင့် အခြားပါဝင်ပစ္စည်းများကို ထုတ်ယူကာ တစ်မျိုးပြီးတစ်မျိုး ချိန်တွယ်၍ ဘေးဖယ်ထားလိုက်သည်။ဒီပါဝင်ပစ္စည်းတွေကို ညအိပ်ရာမဝင်ခင်မှာ ရောပြီး နောက်နေ့အတွက် အသုံးပြုနိုင်ဖို့ပင်။
နှစ်ယောက်သား ကိုယ့်အလုပ်ကိုယ်လုပ်နေကြ၏။စကားစမြည်ပြောခြင်း မရှိသော်လည်း မီးဖိုချောင်၏ပတ်ဝန်းကျင်လေးသည် တိတ်ဆိတ်ပြီး နွေးထွေးနေသည်။
“လောင်တာ့...မရီး...ကျွန်တော်တို့လာပြီ။”
လဲ့ယ်ရှန်းရီ နှင့် လဲ့ယ်ရှန်းလီတို့သည် တယောက်ပြီးတယောက် လမ်းလျှောက်ဝင်လာရင်း နှစ်ယောက်လုံး လည်ပင်းနှင့် လက်များမှာ တုန်ရီနေကာ အင်္ကျီလက်စများကြား ညပ်ထားကြသည်။“ရာသီဥတုက ပို,ပိုအေးလာတယ်ကွာ”
"မင်းတို့ နှစ်ယောက်ဝင်လာခဲ့လေ" ချင်မျန်က သူတို့ကို ပြောလိုက်ပြီး "ရေက မဆူသေးဘူးဆိုတော့ ငါ မင်းတို့ကို လက်ဖက်ရည်တိုက်လို့မရသေးဘူး။ဧည့်ခန်းထဲမှာပဲ သွားထိုင်နေနှင့်"
လဲ့ယ်ရှန်းလီသည် နူးညံ့ပျော့ပျောင်းသည့်စားပွဲခုံပေါ်တွင် ထိုင်ချလိုက်ပြီး တိတ်ဆိတ်နေပြီးနောက် မတ်မတ်ထထိုင်ကာ စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။ “အစ်ကိုကြီးက ကိစ္စတစ်ခုကြောင့် ကျွန်တော်တို့ကို ရှာနေတယ်လို့ ပြောတယ်။ဘာများလဲ?"
ချင်မျန်သည်လည်း ခုံပေါ်တွင် ထိုင်လိုက်သည်။ "မင်းတို့အစ်ကိုကြီးက ပြောတယ်။မင်းတို့ သောင်တူးတာ နှစ်ရက်လောက်ရှိပြီဆို?အဲဒီကိုသွားတဲ့လူတွေရော များလား?"
လဲ့ယ်ရှန်းရီက ပြန်ဖြေ၏ “ဒီနေ့ကတော့ တတိယမြောက်နေ့ပါ။လူတွေအများကြီးလည်း ရှိတယ်။အကြီးဆုံးမရီးက မသိသေးဘူးထင်တယ်။ခြောက်ကွေးမြစ်က ကျယ်ပြန့်ပြီး ရှည်လျားတဲ့အတွက် ဒေသခံအာဏာပိုင်တွေက မြစ်ကို သောင်တူးဖို့ နှစ်စဉ် လူအများအပြားကို ငှားရမ်းရတယ်လေ။”
"ဒါဆို ခက်ခဲပင်ပန်းတဲ့အလုပ်မျိုးဖြစ်ရမယ်။" ချင်မျန် ဆက်မေးလိုက်၏။ "လူတော်တော်များများက နေ့လယ်စာအတွက် ဘယ်လိုဖြေရှင်းကြလဲ?"
“အခြေခံအားဖြင့်တော့ သူတို့ကိုယ်တိုင် ရိက္ခာခြောက်တွေ ယူလာတယ်။ကျွန်တော်တို့တာဝန်ယူရတဲ့မြစ်က မြို့နဲ့ နည်းနည်းဝေးတယ်။မြစ်ညာကတော့ မြို့နဲ့ အရမ်းနီးပေမယ့် လူအများစုက ကိုယ့်ထမင်းခြောက်ကိုပဲ ယူဆောင်လာကြတယ်”
လဲ့ယ်ရှန်းလီက တစ်စုံတစ်ခုကို ခပ်ဝါးဝါးမှန်းဆလိုက်ပြီး "မရီးက ဘာလို့ မေးတာလဲ?"
ချင်မျန် ခပ်သာသာ ပြုံးပြလိုက်ပြီး "ဒီနေ့မြို့ထဲမှာ ငွေရှာဖို့ စိတ်ကူးကို ရုတ်တရက် တွေးမိပြီး အဲဒီအကြောင်း မင်းတို့နှစ်ယောက်ကို ပြောပြချင်ခဲ့တာ။မင်းတို့နှစ်ယောက် လုပ်ချင်ရင် မြစ်ကို သောင်တူးတာထက် ဝင်ငွေပိုရနိုင်ပြီး အဲဒါထက်လည်း ပိုလွယ်လိမ့်မယ်”
လဲ့ယ်ရှန်းလီ၏မျက်လုံးများက တောက်ပလာပြီး ချက်ချင်းပင် ပြန်ဖြေ၏။ “ကျေကျေနပ်နပ်ကြီးပါပဲ။ဘာအကြံများလဲ,မရီး?"
လဲ့ယ်ရှန်းရီလည်း ဝမ်းသာအားရကြည့်ရင်း “ရေထဲမှာ ခြေထောက်ဗလာနဲ့ ရပ်ရတာ ပင်ပန်းတယ်။ပိုအားစိုက်မထုတ်ရတဲ့အလုပ်ကို လုပ်ရတာ ပိုကောင်းတာပေါ့။”
“ငါ့စိတ်ကူးကတော့ စွပ်ပြုတ်ပူပူလေး ချက်ပြီး ခြောက်ကွေးမြစ်မှာ ရောင်းချဖို့ပဲ။အဲဒီအလုပ်သမားတွေက နေ့တိုင်းရေထဲမှ ကြာရှည်နေရပြီး နေ့လယ်အချိန်မှာကျတော့ အစာခြောက်တွေပဲစားနေရတယ်။ ပူပူနွေးနွေး စွပ်ပြုတ်သောက်ရတာထက် ပိုအဆင်ပြေတာ မရှိဘူး။လှည်းငှားပြီး အိုးတစ်လုံးနဲ့ ထင်းတွေကိုပါ ယူလာပြီး မြို့ထဲမှာ အရိုး၊ မုန်လာဥ ဒါမှမဟုတ် အာလူးအချို့ကို ဝယ်ပြီး အိုးကြီးထဲမှာ ပြုတ်နိုင်တယ်။ပိုပြီးရက်ရောချင်ရင် ပါးပါးလှီးထားတဲ့ အသားထည့်လို့ရတယ်။ဟင်းတစ်ပန်းကန်ကို တစ်ဝမ်နဲ့ရောင်းရင်တောင် တစ်နေ့ အမြတ်အများကြီးရနိုင်တယ်လေ။”
"အဲ့ဒီအကြံကောင်းတယ်။" လဲ့ယ်ရှန်းရီ လက်ခုပ်ထတီးကာ ယခု ချက်ချင်းပင် မိုးလင်းလာချင်ပြီး လှည်းဖြင့် ချက်ချင်းပင် မြို့ထဲသို့ မောင်းသွားချင်ခဲ့သည်။ “အရိုးတွေက စျေးပေါတယ်၊ ဝမ်အနည်းငယ်ထက် ပိုပြီး မကုန်ကျနိုင်ဘူး။အများစုဆိုလို့ ထင်းအတွက်ပဲ ကုန်ကျစရိတ်များနိုင်တာကြောင့် ချက်လုပ်ဖို့ ကုန်ကျစရိတ်က မကြီးဘူးလေ။အမြတ် များများထွက်တယ်။”
လဲ့ယ်ရှန်းလီသည် အလွန်ဝမ်းသာသွားသည်။ “မြစ်မှာ သောင်တူးတဲ့လူ အနည်းဆုံး ၄၀၀ ကနေ ၅၀၀ လောက်ရှိတယ်၊ လူ ၁၀၀ လောက်ကပဲ ပိုက်ဆံသုံးချင်ရင်တောင်မှ လက်ထဲ ဝမ် ၁၀၀ လောက်ရနိုင်တယ်။ကုန်ကျစရိတ်ကို ဖယ်ပြီးရင် ကျွန်တော်တို့မှာ 60 ~ 70 ဝမ် ကျန်သေးတယ် ဟုတ်တယ်မလား?"
Advertisement
သူတို့နှစ်ဦးကြားတွင် တစ်ယောက်က သူ့ဇနီးနှင့်သမီးအတွက် သီးသန့်ငွေစုချင်ပြီး ကျန်တစ်ယောက်က သူ့အိမ်ထောင်ရေးအတွက် ငွေစုချင်သည်။ချင်မျန်၏အကြံဉာဏ်သည် လတ်တလောအကူအညီတစ်ခုမျှသာမဟုတ်ပေ။
ချင်မျန် ခပ်ဖျော့ဖျော့ပြုံးကာ “ငါ မင်းတို့ကို အကြံပေးခဲ့တယ်။တခြားသူတွေကို ပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ ဒါ မင်းနှစ်ယောက်အပေါ်မှာပဲ မူတည်တယ်။”
လဲ့ယ်ရှန်းရီနှင့် လဲ့ယ်ရှန်းလီတို့က သူ (QM) သည် အိမ်ဟောင်းရှိ လူအချို့ကို ရွံရှာကြောင်း ရှင်းရှင်းလင်းလင်း သိထားသောကြောင့် သူတို့ အပြစ်မတင်ရဲကြပေ။
လဲ့ယ်ထျဲ မီးဖိုချောင်မှ ထွက်လာပြီး ချင်မျန်၏နံဘေးတွင် ထိုင်ချလိုက်ကာ "လှည်းတစ်စင်းက မလုံလောက်ဘူး၊ နောက်တစ်စီး ငှားလိုက်။နေ့တိုင်း ငါတို့နဲ့ အတူတူသွားပေါ့။ငါတို့နွားလှည်းကို ပေးငှားလိုက်မယ်။ ဆိုင်မပိတ်ခင် ပြန်လာပို့ပေး”
“ကျေးဇူးအများကြီးတင်ပါတယ် လောင်တာ့နဲ့ မရီး” လဲ့ယ်ရှန်းလီနှင့်လဲ့ယ်ရှန်းရီ တို့က ပြိုင်တူ ကျေးဇူးတင်စကား ပြောခဲ့ကြသည်။
လဲ့ယ်ရှန်းလီ ခဏတုံ့ဆိုင်းသွားပြီး ချင်မျန်ကိုကြည့်ကာ "အခု မြစ်ကမ်းနားမှာ ဟင်းရည်ရောင်းတဲ့လူမရှိသေးဘူး၊ ဒါပေမယ့် ကျွန်တော်တို့ရောင်းပြီးသွားတဲ့အခါ တခြားသူတွေ လိုက်မရောင်းစေဖို့က မလွယ်ဘူးထင်တယ်။အဲဒီအချိန်ဆို စွပ်ပြုတ်က အရသာပိုကောင်းနေရင်တောင် ရောင်းကောင်းလာမှာဟုတ်ဘူး။လောင်တာ့နဲ့ မရီးတို့မှာ ဟင်းအတွက် လျှို့ဝှက်ချက်နည်းရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ လောင်တာ့နဲ့ မရီးတို့က စွပ်ပြုတ်ထဲထည့်ဖို့ ပြင်ဆင်ထားတဲ့ ပါဝင်ပစ္စည်းအချို့ကို ရောင်းချပေးနိုင်မလား?”
လဲ့ယ်ရှန်းလီသည် ဤမျှအဝေးကြီးကို တွေးကြည့်နိုင်သည့်အတွက် ချင်မျန်အနည်းငယ် အံ့သြသွားသည်။သူမှာ စီးပွားရေးသမားတစ်ယောက်ရဲ့စိတ်ဓါတ် အနည်းငယ်ရှိသားပဲ။
လဲ့ယ်ရှန်းရီလည်း ချင်မျန်ကို မျှော်လင့်ချက်ဖြင့် ကြည့်လိုက်သည်။
ချင်မျန်ကတော့ လဲ့ယ်ထျဲကို ကြည့်လိုက်သည်။လဲ့ယ်ထျဲက မဆိုင်းမတွနဲ့ ပြောလိုက်သည်။ “မင်း သိသားပဲ"
ချင်မျန်က သူ့ကို ကျေနပ်စွာ ပြုံးပြသည်။လဲ့ယ်ရှန်းရီနှင့် လဲ့ယ်ရှန်းလီတို့သည် ရှက်ကိုးရှက်ကန်းဖြင့် အဝေးကို လှမ်းကြည့်လိုက်ကြသည်။
ချင်မျန်က ဒါကို စဉ်းစားပြီးနောက် သူ ခေါင်းညိတ်ပြီး “ဟုတ်ပါတယ်။ဒါပေမယ့် ဟင်းခတ်အမွှေးအကြိုင်တွေက ပြင်ဆင်ရတာ မလွယ်ဘူး။ငါ မင်းတို့ကို နေ့တိုင်း ဘူးသေးသေးလေးပဲ ရောင်းလို့ရမယ်။ကုန်ကျစရိတ်အနေနဲ့ ၁၀ဝမ်ကို ပေးရမယ်"
ခင်မင်ရင်းနှီးမှုက ခင်မင်ရင်းနှီးမှုပဲ။ဝင်ငွေက ဝင်ငွေ။ယနေ့ကတည်းက ငွေစာရင်းရှင်းထားချင်သည့်သဘောထားသည် ငွေကြေးကိစ္စနှင့် မိသားစုနှစ်စုကြား အနာဂတ်တွင် အငြင်းပွားမှုများကို ရှောင်ရှားနိုင်မည်ဟု ယူဆသည်။သူနှင့် လဲ့ယ်ထျဲသည် လဲ့ယ်ရှန်းရီနှင့် လဲ့ယ်ရှန်းလီတို့နှင့် ကောင်းမွန်သောဆက်ဆံရေးရှိသောကြောင့် အနာဂတ်တွင် အကျိုးစီးပွားပြဿနာကြောင့် စိတ်ကွက်မှုတွေမပေါ်ချင်ပေ။
သူတို့ဘက်ကနေ ဝယ်ချင်သည်ဟုဆိုလိုက်သော်ငြား ချင်မျန်ဘက်မှ ငွေလက်ခံရသည့်အပေါ် တစ်စုံတစ်ရာမှ မငြင်းဆိုသည်ကြောင့် လဲ့ယ်ရှန်းရီသည် သူ့စိတ်ထဲတွင် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။
ဒုတိယအတွေးအရ မိသားစုနှစ်စုက ခွဲနေပြီးပြီဖြစ်သောကြောင့် အနာဂတ်ပဋိပက္ခများကိုရှောင်ရှားသည့်အနေဖြင့် ညီအစ်ကိုများကြားနှောင်ကြိုးကိုမပြိုကွဲစေရန်အတွက် ငွေနှင့်ဆက်ဆံထားနှင့်သည်က ပိုမိုကောင်းမွန်စွာရှင်းလင်းပြီးသား ဖြစ်လိမ့်မည်။ထို့အပြင် ချင်မျန်ဆီကနေ ငွေရှာရန် အကြံဥာဏ် ထွက်လာသည်ပဲလေ။အဲဒီလိုတွေးမိပြီးမှ စိတ်သက်သာရာ ရသွားတော့သည်။
ညီအကိုနှစ်ယောက်က အသေးစိတ်ဆွေးနွေးဖို့ စိတ်လှုပ်ရှားသွားကြသည်။သူတို့သည် ချင်မျန်နှင့် လဲ့ယ်ထျဲတို့ကို ကျေးဇူးတင်ကြောင်း ပြန်ပြောပြီး နောက်တစ်နေ့နံနက်တွင် အတူတူသွားရန် အချိန်းအချက်စီစဉ်ခဲ့သည်။
မိုးသောက်တော့ လဲ့ယ်ရှန်းရီနှင့် လဲ့ယ်ရှန်းလီတို့အပြင် လဲ့ယ်ရှန်းရန် ကျိုးရှီနဲ့ချင်းရှီ တို့ပါ အတူ ရောက်ရှိလာသည်ကို တွေ့ရတော့ ချင်မျန် အနည်းငယ်မျှ အံ့အားသင့်ခြင်းမရှိပေ။
လဲ့ယ်ရှန်းရီနှင့် လဲ့ယ်ရှန်းလီ၏ပြုံးနေသော အမူအရာမှာ အနည်းငယ် ဝန်လေးနေပုံရသည်။သူတို့သည် ဤမျှကြီးမားသောလှုပ်ရှားမှုကြီးကို အခြားသူများထံမှ ဖုံးကွယ်ရန် မဖြစ်နိုင်ပေ။ထင်းနှင့်ပါဝင်ပစ္စည်းများဝယ်ရန် တုရှီထံမှ ပိုက်ဆံတောင်းရသည်လေ။ထို့ကြောင့် အိမ်ဟောင်းရှိ လူများအားလုံး ခြောက်ကွေးမြစ်ကမ်းတွင် စွပ်ပြုတ်ရောင်းမည်ကို သိသွားကြတော့သည်။လဲ့ယ်ရှန်းရန်နှင့် ကျိုးရှီတို့ လင်မယား နှစ်ယောက်သည် အစာစားသောက်ရခြင်းကို နှစ်သက်ကြပြီး အလုပ်မလုပ်ချင်ဘဲ အခြားသူများအပေါ် အခွင့်ကောင်းယူရတာကိုလည်း နှစ်သက်ကြသည်။
လဲ့ယ်ရှန်းရီ နဲ့လဲ့ယ်ရှန်းလီတို့ နှစ်ယောက်စလုံးက သူတို့နှစ်ယောက်နှင့်အတူ အတူတူ မသွားချင်။သို့သော် လဲ့ယ်တာချန် နှင့် တုရှီတို့က သူတို့ကို တင်းတင်းမာမာပြောခဲ့သည်။သူတို့ ဘာမှ မလုပ်နိုင်ခဲ့ပေ။
ချင်းရှီ၏အမူအရာက ပိုတောင်ဆိုးသွားသေးသည်။လဲ့ယ်ရှန်းရန်၊ သူမ၏ခင်ပွန်း(လဲ့ယ်ရှန်းရီ)၊လဲ့ယ်ရှန်းလီနှင့် လဲ့ယ်ရှန်းကျစ်တို့ထဲ လောင်တာ့နဲ့ သူ့ဇနီးက သူ့မခင်ပွန်းရယ်၊ လဲ့ယ်ရှန်းလီ နဲ့ လဲ့ယ်ရှန်းကျစ်တို့အပေါ်တွင် ပိုသာကြောင်း သူမ သိသည်။ချင်မျန်၏ အကြံအစည်သည် သူမခင်ပွန်းနှင့် စတုတ္ထညီကို ကူညီချင်တယ်ဆိုတာ ထင်ရှားနေသည်။
လဲ့ယ်ရှန်းရန်နှင့် ကျိုးရှီတို့၏ပါဝင်လာမှုကြောင့် သူမကို ဒေါသထွက်စေခဲ့၏။ဒီအချိန်မှာ အိမ်ခွဲနေမယ်ဆိုတဲ့အတွေးက သူမရဲ့စိတ်ထဲမှာ ပိုအားကောင်းလာ၏။ယခုအချိန်တွင် ခွဲခွာသွားပါက ရရှိသောငွေများကို လဲ့ယ်ရှန်းရီ နှင့် လဲ့ယ်ရှန်းလီ တို့ကြားသာ ခွဲဝေပေးရမည်ဖြစ်သည်။
ချင်းရှီ နှင့် လဲ့ယ်ရှန်းရီတို့ကို ရံဖန်ရံခါ တိတ်တဆိတ် စိုက်ကြည့်ရင်း ကျိုးရှီတစ်ယောက် မည်သည်ကိုတွေးနေမှန်း မသိ။
ချင်မျန်သည် သူတို့၏လျှို့ဝှက်အတွေးများကို မျက်ကွယ်ပြုကာ အချိန်အတော်ကြာထိ ပြင်ဆင်ထားရသည့် အိုးကို လဲ့ယ်ရှန်းလီထံ ပေးလိုက်သည်။ဟင်းခတ်အိုးထဲတွင် ဝိညာဏ်စမ်းရေမရှိပေမယ့် ဟင်းခတ်ဆယ်မျိုးသာရှိသော်လည်း လုံလောက်ပေသည်။
ချင်မျန် နွားလှည်းပေါ်သို့ ခုန်တက်လိုက်၏။
ကျိုးရှီကား သူနဲ့သူငယ်ချင်းဖြစ်ရန်အလို့ငှာ တွန်းအားပေးစေပြီး တွန်းလှည်းပေါ်တွင် သူနှင့်အတူထိုင်ကာ လှည်းပေါ်ရှိ ဘူးကြီးထဲတွင် မည်သည်တို့ ပါသည်ကို တိတ်တဆိတ်ကြည့်ချင်သည်။
ဒါပေမယ့် ချင်မျန်ကတော့ ပိုသတိကပ်နေ၏။သူ ထိုင်ပြီးတာနဲ့ လဲ့ယ်ထျဲကို မောင်းခိုင်းလိုက်တော့သည်။
ကျိုးရှီ တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။သူမ အရှုံးပေးလိုက်ရပြီး ဌားထားသည့် လှည်းဆီသို့သာ ပြန်သွားရတော့သည်။လှည်းပေါ်တွင် အိုး၊ မီးဖို၊ ပန်းကန်လုံးနှစ်တင်းစာ၊ ဆီ၊ ဆား၊ ငံပြာရည်၊ ရှာလကာရည်နှင့် အခြားပစ္စည်းများပါရှိသည်။
Advertisement
မနက်မိုးလင်းတော့ ရွာထဲက လှည်းနှစ်စီး ထွက်လာ၏။
ချင်မျန်သည် သူ့ရဲ့ခရီးဆောင်အိတ်ထဲမှ ဝါးကျည်တောက်ပူပူနှစ်ဘူးကို ထုတ်ကာ လဲ့ယ်ထျဲအား ပေးလိုက်သည်။
"ခင်ဗျားအတွက်"
"မင်းရဲ့လက်ကိုပဲ အရင်နွေးအောင်သုံး"
"ကျွန်တော် မအေးဘူး;ဒီနေ့အများကြီး ထပ်ဝတ်လာတယ်။" ချင်မျန်က ဝါးပြွန်အဖုံးကို လိမ်ပတ်ပြီး သူ့ဆီ ပေးလိုက်သည်။သူ ဒီနေ့ စောစောထပြီး မီးသွေးမီးဖိုပေါ်မှာ နို့စွပ်ပြုတ်*အိုးအသေးစားလေး ချက်လာခဲ့သည်။ရေဆူလျှင် ဂျုံမှုန့်ကို လောင်းထည့်ပြီး တုတ်ဖြင့် မွှေ၏။နုတ်နုတ်စင်းထားသော အသားနှင့် အစိမ်းရောင် ဟင်းသီးဟင်းရွက် အရွက်နုများ မထည့်မီ ဆူအောင်တည်ထားရ၏။ထို့နောက် အရည်ကို ထပ်ပြီး ဆူအောင်တည်ပြီး ကြက်ဥကို ထည့်ကာ ဆီ၊ ဆားနှင့် ဟင်းခတ်အနည်းငယ်တို့ကို ရောထည့်လိုက်၏။လုပ်နည်းက ရိုးရှင်းပေမယ့် အရသာကတော့ အရသာရှိလွန်းမက ရှိ၏။တစ်ငုံသောက်လိုက်သည်နှင့် အရသာရှိလှပြီး ဝမ်းဗိုက်လည်းနွေးလာသည်။
(*batter soup- နို့နဲ့ဂျုံရောထားတဲ့ စွပ်ပြုတ်လို့ ပြောထားတယ်)
လူနှစ်ယောက်က ဟင်းရည်သောက်ရင်း တူညီတဲ့ ဝါးပြွန်ကို ကိုင်ထားကြသည်။မြို့ထဲရောက်ရင် ပေါက်စီ သုံးလေးလုံးလောက် စားလိုက်ရင် လုံလောက်ပြီ။
လဲ့ယ်ရှန်းရန်နှင့် နောက်ကျောမှ အခြားလူများက ၎င်းကို မြင်လိုက်ကြပြီး အရသာရှိလှသော အနံ့ကိုလည်းရလိုက်ကြသည်။ မနာလိုစိတ်တွေ အဆက်မပြတ် ခံစားလာကြတော့၏။
"..........."
အစ်ကိုအကြီးဆုံးက ဒီယောက်ျားလေးမရီးကို လက်ထပ်ခွင့်ရခဲ့တာမဆိုးဘူးဟု ထင်မိသည်။လဲ့ယ်ရှန်းလီသည် သူ့စိတ်ထဲတွင် လေးလေးနက်နက် တုန်လှုပ်သွားပြီး သူ့ရဲ့အနာဂတ်ဇနီးသည်ကလည်း သူ့ကို ကောင်းမွန်စွာ ဆက်ဆံရင်ကောင်းမည်ဟု တွေးနေမိသည်။ထို့နောက် မျက်နှာပူလာပြီး စွဲမက်စရာကောင်းသော အတွေးများကို ဖယ်ထုတ်လိုက်ကာ ချောင်းခြောက်ဆိုးလိုက်သည်။
"စတုတ္တညီ....ဘာဖြစ်လို့လဲ?" လဲ့ယ်ရှန်းရန်က သူ့ကို လှမ်းကြည့်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး။" လဲ့ယ်ရှန်းလီကား ဝတ်ကျေတမ်းကျေဖြင့် ပြန်ဖြေသည်။
လဲ့ယ်ရှန်းရန်က လဲ့ယ်ထျဲနဲ့ ရင်းနှီးချင်သည်ကြောင့် လှမ်းစကားပြောလိုက်၏။
“လောင်တာ့ အခုရက်ပိုင်းအတွင်း လုပ်ငန်းအခြေအနေက ဘယ်လိုလဲ?”
လဲ့ယ်ထျဲက ထုံထိုင်းစွာ ပြန်ဖြေ၏။ “ကျေနပ်စရာလောက်ပါပဲ”
လဲ့ယ်ရှန်းရန်က ပြုံးပြုံးရွှင်ရွှင်နဲ့ ဆက်ပြောလိုက်သည်။
“အစ်ကိုကြီး ဘာလို့ နှိမ့်ချနေတာလဲ။ဆိုင်မှာ နေ့တိုင်း ဖောက်သည်တွေ ပြည့်နေတယ်ဆိုတာ ကျွန်တော် ကြားပါတယ်။တစ်နေ့ကို အနည်းဆုံး ငွေ ၂ တုံးကနေ ၃ တုံးလောက် ဝင်ငွေရတယ် မဟုတ်လား?”
ချင်မျန် စပ်ဖြဲဖြဲပြုံးပြီး “ကျွန်တော်တို့ဆိုင်လေးကို ဘာလို့ ဒီလို သတ်မှတ်လိုက်ရတာလဲဗျာ?မြို့ထဲမှာ အရသာရှိပြီး ကျေနပ်စရာကောင်းတဲ့ သက်သတ်လွတ်စားသောက်ဆိုင်က နေ့တိုင်း လာဘ်လာဘတွေရနေတယ်လို့ ကြားတယ်။ဝမ်းနည်းစရာပဲ..ဟမ့် သူများတွေ ဘယ်လောက်ပဲ ဝင်ငွေရပါစေ အဲဒါက သူတို့ပိုက်ဆံပဲလေ။ဘေးနားက လူတွေက သူတို့ကို မနာလိုတာပဲ လုပ်နိုင်တယ်လေ။”
လဲ့ယ်ရှန်းရန်သည် သူ့စကားများ၏အဓိပ္ပါယ်ကို သိသည်။သူ ဒေါသထွက်သွားပြီး ချင်မျန်၏ခေါင်းနောက်ဘက်ကို စိုက်ကြည့်လိုက်သည်။ဒါတောင်မှ ချင်မျန်က မှန်နေတော့ သူ ခြောက်သွေ့စွာ ရယ်မောပြနေရသည်။
လဲ့ယ်ရှန်းရီက အငြင်းပွားနေမှုကြား ဝင်ဖြေရှင်းလိုက်၏။ “လောင်အာ့...ကျွန်တော်တို့မြို့ကိုရောက်တဲ့အခါ အလုပ်ခွဲလုပ်ကြမယ်။အစ်ကိုက ထင်းသွားဝယ်၊ စတုတ္ထညီနဲ့ ကျွန်တော်က ဟင်းချက်ဖို့ သွားဝယ်မယ်။"
ထင်းစျေးက ပေါတဲ့အတွက် အိမ်ကနေ မြို့ကိုသွား,တစ်ဖန် မြို့ကနေ မြစ်အထိ ထင်းကိုဆွဲသွားရတာ တွက်ချေမကိုက်ပေ။ထို့ကြောင့် မြို့တွင်း၌ တိုက်ရိုက်ဝယ်ရန်သာ စီစဉ်ခဲ့သည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
053: သတိပေးချက်
"လောင်အာ့ရော သွားလား?"
“မသွားဘူး”
".........."
Advertisement
- In Serial174 Chapters
Cunning General Si Ning
As a troublesome Idol with a bad personality who was confident of his pretty look. All Si Ning ever wanted was to gamble and become rich overnight so he could finally buy a mansion and lots of sports car for him to finally be able to drive the latest sports car to his hometown to see his mother and sister
8 2093 - In Serial14 Chapters
Breaker of Chains
Alex Watson was a nobody in a dead end job. After thoroughly screwing his own life over, he is given the opportunity of his dreams: Begin anew in another world. He receives a lot more than he wanted and now has to do his best to not get himself killed as the world throws gods, monsters, adventurers and eldritch abominations at him. Even with all of that, he is glad that he was given this new chance, and so, will try his best to turn a new leaf in this new world, make a name for himself and maybe become a hero in this mishmash of a fantasy world.
8 191 - In Serial6 Chapters
Solving Problems Using Fire
All Eloise wanted was to turn her maths exam papers in. Now she's trapped in a different world and is surrounded by monsters. The only path forward is Magic. - - - Chapters on Monday/Wednesday/Friday. Cover art commissioned from Corinna Braghieri.
8 70 - In Serial26 Chapters
Barry Buckman and the Interdimensional Beastiary
In the beginning of 2021 I did something possibly stupid, I hired a ghostwriting company to write one of the many ideas going on in my head since I was busy with my job. Unfortunately... They were not the greatest, after the first writer assigned to me left I was stuck with... We'll just call her 'Karen'. Karen didn't want to listen to my feedback on chapters, and turned what was supposed to be a long story about a young guy surviving on an island of supernatural and crazy stuff, and becoming stronger from it, was turned into a not so great romance novel.I plan on releasing another one, probably after this that will be Barry Buckman Redux, which will be me writing it out the way I originally envisioned it.
8 136 - In Serial11 Chapters
Gravoid
When Greile begins to play the game of Gravoid, his whole world begins to change.
8 199 - In Serial9 Chapters
Hasëki Mihrisah Sułtan
Cecylia/Hasëki Mihrisah - niewolnica pochodzenia Hiszpańskiego. Urodzona 19 maja 1559 roku jako córka Henryka i Roksolany, siostra Diany. Porwana do haremu Sułtana Mehmeda Khäna w 1577 roku. Matka ósemki dzieci: Orhana, Gulum,Kasima, Ayse, Ahmeda, Afife, Ibrahima oraz Menekse. Przepiękną okładkę wykonała: @AmelyaOffical
8 123