《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[49+50]
Advertisement
[Unicode]
049 - ပြင်းထန်တဲ့လှည့်ကွက်တွေမပါရင် အလုပ်မဖြစ်ဘူးပဲ!
ထို့နောက် တုရှီ ကျယ်လောင်စွာ ငိုကြွေးပြတော့၏။ “သူ့မှာ ကိုယ်ပိုင်ဆိုင်ဖွင့်ဖို့ ပိုက်ဆံရှိတယ်၊သူ့ရဲ့သွေးရင်းညီအကိုတွေအတွက် အလုပ်လေးပေးဖို့ကိုကျ တောင်းဆိုပေမယ့် မပေးချင်ဘူးလေ။ဒါ သားသမီးဝတ္တရား မကျေပွန်.....”
ချင်မျန် ထပ်ပြော၏။ “ကျွန်တော်တို့ဆိုင်က ဝန်ထမ်းမလိုဘူးဆိုတာ သူ့ညီအစ်ကိုတွေက သိပါတယ်။ဒါ့အပြင် ကျွန်တော်တို့ ငှားထားတဲ့ ဝန်ထမ်းနှစ်ယောက်စလုံးနဲ့က စာချုပ်ချုပ်ပြီးပြီ။သဘောတူညီချက်ကို ချိုးဖောက်လို့မရနိုင်ဘူး။ဒါကို သူတို့ကို ငှားဖို့ပဲ ကျွန်တော်တို့ကို တောင်းဆိုနေတာ။ဒီကဖောက်သည်တွေ မြင်တဲ့အတိုင်း ကျွန်တော်တို့ဆိုင်က သေးသေးလေးဆိုတော့ ဘယ်မှာ ဝန်ထမ်းတွေ အများကြီးလိုမှာလဲ?”
"အဲ့ဒါအမှန်ပဲ။" ဖောက်သည်အများစုက ခေါင်းညိတ် သဘောတူကြသည်။
အချို့ကလည်း ပေါ်တင်ပြောဆိုကြသည်။"ညီအစ်ကိုတွေက ဘာမှမလုပ်ဘဲ ပိုက်ဆံ လိုချင်နေကြတာတော့ မဟုတ်ဘူးမလား?”
တုရှီ၏မျက်နှာသည် ပြာသွားလိုက် နီသွားလိုက် ဖြူသွားလိုက် ဖြစ်သွား၏။သူမ ခေါင်းငုံ့ကာ မည်သည်ကိုအတွေးများနေသည်မှန်း မသိ။ထို့နောက် မြေပြင်မှထကာ ဘာမှ စိတ်ဝင်တစားမရှိ မာလာထျန်းသာချက်နေသော လဲ့ယ်ထျဲကို ကြည့်လိုက်သည်။သူမသည် ဝမ်းနည်းကြေကွဲနေသည်လေသံဖြင့် “လောင်တာ့....မင်းက အမေ့ကို သဘောမကျမှန်း သိပါတယ်။ဒီမိထွေးက မင်းကို အမြဲအပြစ်ရှာနေတာလို့ အမြဲတွေးနေတယ်မလား။မင်းကို အမေ့အပေါ် မေတ္တာထားရှိပေးဖို့ မတောင်းဆိုပါဘူး။မင်းတို့အားလုံးက ဖအေတူတွေဖြစ်တယ်ဆိုတဲ့အချက်လေးကိုပဲ စိတ်ထဲသွင်းပြီး မင်းရဲ့ညီအစ်ကိုတွေကို အလုပ်လေးသွင်းပေးဖို့ကို စဉ်းစားဖို့ပဲ တောင်းဆိုတာပါ။”
ဖောက်သည်အချို့က နားလည်မှုရှိသောအကြည့်ဖြင့် ခေါင်းညိတ်ပြပြီး တုရှီပြောသည့်စကားက ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိကြသည်။
ချင်မျန်၏အမူအရာမှာတော့ အေးစက်သွား၏။
ကောင်းတယ် တုရှီ!အင်အားသုံးပြီး အလုပ်မဖြစ်ဘူးဆိုတာ သိတော့ ဒါမျိုးနဲ့ အပြင်လူတွေကို လှည့်စားတာပေါ့!
"အမေ ဘာပဲပြောပြော လဲ့ယ်ထျဲကို အနိုင်ကျင့်ပြီး 12 နှစ်သားတုန်းက အိမ်ကနေ ထွက်ပြေးအောင် လုပ်ခဲ့တယ်လေ။လူတော်တော်များများက အမေ့ရဲ့ တစ်ဖက်သတ်စကားတွေကိုပဲ နားထောင်မယ့် ငတုံးတွေလို့ ထင်နေလား?ဒီကိစ္စတွေကို နည်းနည်းပါးပါး စုံစမ်းကြည့်လိုက်ရင် ဘယ်သူက အမှန်တရားကို ပြောနေလဲဆိုတာ သိသွားကြလိမ့်မယ်။”
တုရှီသည် သူ့သားကိုသတ်သည့်ရန်သူကို စိုက်ကြည့်သလိုမျိုး ချင်မျန်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။ပတ်ဝန်းကျင်ရှိလူများ၏လှောင်ပြောင်နေသည့်မျက်လုံးများက သူမအပေါ် အဆက်မပြတ်ကျဆင်းလာကာ သူမ၏ရင်ဘတ်ထဲရှိ မုန်းတီးမှုများနှင့် ဒေါသများက အဆက်မပြတ် ထွက်လာပြီး သွေးနားထင်တက်ဆောင့်သွားလေသည်။ရုတ်တရက် သူမသည် အနီးဆုံး စားပွဲဆီသို့ လျှောက်သွားပြီး သတိပေးချက်မရှိ စားပွဲကို လှန်ချလိုက်သည်။
ရုတ်တရက် စားပွဲပေါ်ရှိ မာလာထျန်းဟင်းရည်ခြောက်ပန်းကန်လုံး လွင့်ထွက်သွားသည်။ပန်းကန်လုံးတစ်လုံးက ချင်မျန်ဆီသို့ တည့်တည့်လွှင့်လာ၏။
လူတိုင်း သတိပေးသံတွေစီထွက်လာကာ အော်ဟစ်ကြတော့သည်။
"အား!"
"သတိထား!"
ချင်မျန်လည်း ထိတ်လန့်သွားပြီး မာလာထျန်းဟင်းရည်ပန်းကန်လုံး သူ့မျက်နှာဆီသို့ ပျံသန်းလာသည်ကို ကူကယ်ရာမဲ့ ကြည့်နေမိသည်။
ထိုအချိန်တွင် အရိပ်တစ်ခု ပေါ်လာ၏။
လဲ့ယ်ထျဲ လေထဲသို့ ရုတ်ခြည်း ခြေလှမ်းကျဲကျဲဖြင့် ခုန်တက်သွားကာ သူ့လက်များကို အကြိမ်ပေါင်းများစွာ ရွေ့လျားလျက် မာလာထျန်းဟင်းရည်ပန်းကန်လုံးတွေကို ဖမ်းယူပြီး အခြားစားပွဲပေါ်သို့ တည်ငြိမ်စွာ တင်လိုက်သည်။ပန်းကန်ခြောက်လုံးထဲက ဟင်းရည်တစ်စက်မှ မကျသွားပေ။
ထို့နောက် တစ်ချက်ကြည့်လိုက်ပြီးနောက် လဲ့ယ်ထျဲသည် ချင်မျန်၏ဘေးတွင် တောင်ကဲ့သို့ တည်ငြိမ်စွာ ရပ်နေလိုက်သည်။
“အိုး!” ဖောက်သည်တစ်ယောက်က လဲ့ယ်ထျဲကို အံ့ဩစွာ စိုက်ကြည့်ရင်း "ဒီဆိုင်ရဲ့ သူဌေးကြီးက ကွန်ဖူးတတ်နေမယ်လို့ မမျှော်လင့်ထားဘူး!"
"သူဌေးကြီး?"
လဲ့ယ်ထျဲကို စိုက်ကြည့်ရင်း ချင်မျန်၏ပါးစပ်ထောင့်မှာ တွန့်ချိုးသွားသည်။ဆိုင်ရှိ စားပွဲထိုး နှစ်ယောက်နှင့် ဖောက်သည်ဟောင်း အနည်းငယ်မှလွဲ၍ အခြားသူများက လဲ့ယ်ထျဲကို သူဌေးကြီးဟု ခေါ်လေ့ရှိကြသေးသည်။
လဲ့ယ်ထျဲ သူ့မျက်လုံးထဲမှ အပြုံးရိပ်တွေက တစ္ဆေကဲ့သို့ လက်သွားသည်ကို သူ (QM) သတိမထားမိပေ။
"မင်းအဆင်ပြေရဲ့လား?"
သူ့နှလုံးခုန်နှုန်း အနည်းငယ် မြန်ရုံမျှသာ ဖြစ်သွားသောကြောင့် ချင်မျန် ခေါင်းခါလိုက်သည်။
"အဆင်ပြေတယ်။"
လဲ့ယ်ထျဲကြောင့် တုရှီသည် ကြက်သေကဲ့သို့ ခြေထောက်များက တုန်ရီသွားကာ ခေတ္တမျှ မလှုပ်ရှားနိုင်တော့ဘဲ ကြောက်လန့်သွားသည်။အခုချက်ချင်းပဲ လဲ့ယ်ထျဲက ဆိုင်တံခါးကနေ ပြေးလာပြီး ပန်းကန်ခြောက်လုံးကို ဖမ်းသွားတာကို သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သူ....ဘယ်လိုများ ပျံသန်းနိုင်တာလဲ?
"လူတိုင်း ထိတ်လန့်အောင်လုပ်မိပြီ" လဲ့ယ်ထျဲက လက်ခုပ်အမူအယာလုပ်လိုက်ပြီး " တုန်လှုပ်သွားကြတဲ့ ဖောက်သည်အားလုံးကို ကျွန်တော်တို့နှစ်ယောက်က 20% လျှော့စျေး ပေးပါ့မယ်" လဲ့ယ်ထျဲက ပြောလိုက်သည်။
“သေချာ ပေးပါ့မယ်ဗျာ။” ချင်မျန် ပြုံးကာ “အားလုံး ကျေးဇူးပြုပြီး ဖြည်းဖြည်းစားကြပါ။ တခြားသူတွေကြောင့် မင်းတို့ရဲ့စိတ်ခံစားချက်[အစားအသောက်] ကို ပျက်သွားစေရအောင်လုပ်ဖို့ မလိုပါဘူး။”
ဆိုင်ရှိ ဖောက်သည်အများစုမှာ အမျိုးသားများ ဖြစ်သောကြောင့် သူတို့သည် အိမ်ထောင်သည် အမျိုးသမီး တုရှီကို မကြောက်ကြပေ။အဆင်ပြေတယ်လို့ ပြောပြီး တယောက်ပြီး တယောက် ရယ်မောပြီး ဆက်စားနေခဲ့ကြသည်။
လဲ့ယ်ထျဲက တုရှီကို အေးစက်စွာ ကြည့်နေသည်။မျက်လုံးနှစ်လုံးက အနက်ရောင် ရေကန်လို ဖြစ်နေသလို သူ့ရဲ့ အနက်ရောင်မျက်ဆံတွေက ပိုပြီး အထီးကျန်ကာ နက်နဲလာ၏။
တုရှီ သူမရဲ့မျက်လုံးတွေကို အဝေးသို့ လွှဲရန် ကြိုးစားသော်လည်း သူမ မျက်လုံးကိုပင် မလှုပ်နိုင်၊ နှုတ်ခမ်းများ တုန်ရီနေပြီး စကားပင် မပြောနိုင်တော့ဘဲ သူမရဲ့နှလုံးသားထဲတွင် ထိတ်လန့်မှုက ဒီရေကဲ့သို့ နစ်မြုပ်သွားကာ အသက်ရှုမဝတော့ပေ။
Advertisement
ကျိုးရှီနှင့် ချင်းရှီတို့သည်လည်း သေမလောက်ကြောက်ရွံ့သွားကြသည်။လဲ့ယ်ထျဲရဲ့ဒေါသတွေ သူတို့ဆီ ရောက်လာမှာကို ကြောက်ရွံ့ကြကာ တညီတညွတ်တည်း ပွေ့ဖက်ထားကြသည်။
လဲယ်ထျဲက သူ့ရဲ့ခြိမ်းခြောက်နိုင်မှုကို ပြန်ထိန်းကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။"မသွားကြသေးဘူးလား?”
ထိုစကားကို ပြောပြီးနောက် ချင်မျန်ကို ဆိုင်ထဲသို့ ပြန်ဆွဲခေါ်သွားလိုက်သည်။
တစ်ချိန်တည်းမှာပင် တုရှီ၏ကျောသည် တောင့်တင်းသွားပြန်သည်။
ကျိုးရှီနှင့်ချင်းရှီတို့သည် သက်ပြင်းတစ်ချက်ကို တိတ်တဆိတ်သက်ပြင်းချကာ တိုးတိုးလေးပြောရင်း သူမကို လှမ်းဆွဲကိုင်လိုက်သည်။ “အမေ သွားကြရအောင်”
တုရှီသည် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရူးသွပ်စွာ ဟစ်အော်ပြန်၏ "ဟွန့်.... နင့်ရဲ့ ကြောက်စရာကောင်းတဲ့ အသွင်အပြင်ကို ကြည့်လိုက်စမ်း။သူက ငါ့ကို ခြိမ်းခြောက်လိုက်ရုံပဲ။ဒါပဲလေ..သူ ငါ့ကို ဘယ်လိုလုပ်ရဲရတာလဲ?ဒါ မဖြစ်ဘူး၊ ငါအခြားနည်းလမ်းရှာရမယ်။ပြောရရင် ဒီဆိုင်က--ဟွန့်။"
မာလာထျန်းဟင်းရည်ပူပူကို သောက်နေသည့် ဖောက်သည်တစ်ဦးသည် သူမ၏စကားကြောင့် ခေါင်းယမ်းမိသည်။ဒီမိထွေးက တကယ်ကို ပြောစရာစကားမရှိအောင် လုပ်နိုင်တာပဲ!မိဘ မပီသဘူး!
ချင်မျန် ဆိုင်တံခါးဝတွင်ရပ်ကာ တုရှီ၊ ကျိုးရှီနှင့် ချင်းရှီတို့ကို ကြည့်ပြီး ထိတ်လန့်စရာကောင်းစွာ နှုတ်ခမ်းပေါ်မှ လိမ္မာပါးနပ်သော အပြုံးကျန်ရှိနေသည်။
ဝမ်ရှောက်က "သူဌေးကြီး....ဘာတွေတွေးနေတာလဲ?"
ချင်မျန်သည် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် အမှတ်မထင်မေးခဲ့သည်။ "ရှောက်ဇီ.... မင်းက အခု အသက် 18 နှစ်ရှိပြီဟုတ်လား။မင်း လက်ထပ်တော့မှာလား?"
ဝမ်ရှောက်၏မျက်နှာမှာ နီရဲလာပြီး "ကျွန်တော် နောက်နှစ် မတ်လမှာ လက်ထပ်မှာပါ"
"အိုး ဒါဆို ဒီ 'ဂုဏ်ပြုလွှာ' ကို ငါ့ဆီကနေ ကြိုယူလိုက်တော့။"
ချင်မျန်က “ကောင်လေး၊ မင်းကိုယ်မင်းကြည့်စမ်း။မင်းမိန်းမကို အရမ်းကျေနပ်သဘောကျနေတာ သိသာတယ်။အလားအလာရှိတဲ့ အိမ်ထောင်ဖက်တွေကြားမှာ လိုက်လျောညီထွေဖြစ်အောင်လို့ ကျော်ကြားတဲ့ အောင်သွယ်တော်ကို ငှားရမ်းထားခဲ့တာများလား?"
ဝမ်ရှောက် ခေါင်းယမ်းလိုက်သည်။ “ကျွန်တော်တို့ကြားက အောင်သွယ်ပေးသူက ယောင်ရွာက အန်တီဝမ်ပါ။ကျွန်တော်တို့ရဲ့ ရေပြေးမြို့တော်မှာ အကျော်ကြားဆုံး အောင်သွယ်တော်ကတော့ မြို့တွင်းက အောင်သွယ်တော်ကျင်လေ။သူ့ဆီသွားတဲ့သူတွေ ၁၀ ယောက်မှာ ၉ ယောက်က အလွန်အေးချမ်းသာယာတဲ့ အိမ်ထောင်ရေးဘဝကို ပိုင်ဆိုင်ထားကြတယ်လို့ ဆိုတယ်"
အသားကင်စားနေတဲ့ ဖောက်သည်တစ်ယောက်က လှမ်းအော်၏။ "သူဌေးလေး...ပိုက်ဆံရှင်းမယ်!"
"လာပြီ!" ချင်မျန်က ငြီးတွားရင်း ပြန်ဖြေသည်။
သူဌေးလေးက လဲ့ယ်ထျဲပါဆို!
သူ ခေါင်းကိုလှည့်ကာ သူ့ကို ကြည့်နေသည့်လဲ့ယ်ထျဲကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။
လဲယ်ထျဲ အခု ပြုံးနေတာ သေချာတယ်။ထိုယောက်ျားက သူ့မျက်နှာမှာ ပြုံးမပြပေမယ့် သူ့မျက်လုံးထဲမှာတော့ ပြုံးနေတာပဲ။
ပိုက်ဆံရပြီးနောက် သူ ဝမ်ရှောက်နဲ့ စကားဆက်ပြောပြီး "မင်း ခုနပြောခဲ့တာတွေက အမှန်လား။အောင်သွယ်တော်ကျင်က တကယ်တော်တာလား?"
"ဒါပေါ့!အဲဒါ ကျွန်တော်တို့ရွာက အဒေါ်တွေပြောတာ။ဒါပေမယ့် သူက တခြားသူတွေထက် ပိုစျေးကြီးတယ်။”
“အိုး။” ချင်မျန်သည် လက်ထဲတွင် ပန်းကန်တစ်လုံးကိုင်လျက် ဖြတ်သွားနေသော ကျန်းလျိုကို ကြည့်လိုက်ပြီး သူ အရွှန်းဖောက်ကာ "လျိုဇီလည်း ဇနီးလေးတစ်ယောက်နဲ့ လက်ထပ်ချင်နေတာမလား။ရှောက်ဇီ... အောင်သွယ်တော်ကျင်ရဲ့ လိပ်စာကို အမြန်ပြောပြလိုက်။ဟားဟား.....။"
ကျန်းလျိုသည် ဤသူဌေးလေးက အလွန်ကြင်နာတတ်ကြောင်းသိပြီး အောင်သွယ်သူ၏လိပ်စာအတွက် ဝမ်ရှောက်ကို ပြုံးပြကာ ချက်ချင်းမေးလိုက်သည်။
ချင်မျန် လိပ်စာကို စိတ်ထဲတွင် တိတ်တဆိတ် မှတ်နေချိန်တွင် သူ့မျက်လုံးထဲ၌ လိမ္မာပါးနပ်စွာ ပြုံးနေခဲ့သည်။
နေ့ခင်းဘက်တွင် ရောင်းကုန်သွားပြီးနောက် ချင်မျန်သည် မီးဖိုချောင်သုံးပစ္စည်းများကို သန့်ရှင်းရေးလုပ်နေသော လဲ့ယ်ထျဲထံသို့ ပြေးသွားခဲ့သည်။ "ဘာလို့ ဒီည အပြင်ထွက်ပြီး မြို့ထဲမှာ တစ်ညမအိပ်ကြတာလဲ?"
လဲ့ယ်ထျဲ ခေါင်းညိတ် သဘောတူလိုက်သည်။
ချင်မျန် ငွေသိမ်းသေတ္တာထဲက ပိုက်ဆံကို ယူပြီးနောက် ကျန်းလျို နဲ့ ဝမ်ရှောက်ကို ပြောလိုက်သည်။ "မင်းတို့နှစ်ယောက် သန့်ရှင်းရေးလုပ်ပြီးရင် စောစောပြန်နားသင့်တယ်"
"ဟုတ်...မနက်ဖြန်မှတွေ့ကြမယ် သူဌေးကြီး"
သူတို့သည် မြို့တွင်းရှိ တစ်ခုတည်းသော တည်းခိုခန်းတွင် အခန်းတစ်ခန်းဌားကာ စားပွဲထိုးအား နွားကိုအစာကျွေးရန် ပြောပြီးနောက် ချင်မျန် လဲ့ယ်ထျဲအား အထည်ဆိုင်သို့ ခေါ်သွားခဲ့သည်။
“ကျွန်တော့်မှာ နောက်ပိုင်းကျရင် တုရှီကို ပြဿနာရှာဖို့ ပြင်းထန်တဲ့နည်းလမ်းရှိတယ်။ ကန့်ကွက်စရာရှိလား?"
လဲ့ယ်ထျဲလည်း ဇနီးဖြစ်သူ၏အကြံအစည်ကို သိချင်ဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။
ချင်မျန်က လျှို့ဝှက်ဆန်းကြယ်သော အပြုံးဖြင့် ပြန်ဖြေပြီး "ခင်ဗျား မကြာခင် သိလာမှာပါ။ကျွန်တော်နဲ့လိုက်ခဲ့။"
"........"
လွန်ခဲ့သည့်ရက်အနည်းငယ်က တိမ်ကင်းစင်သော ကောင်းကင်ပြာပြာနှင့် တောက်ပတဲ့ နေရောင်တို့နှင့်အတူ သာယာသော ရာသီဥတုရှိနေခဲ့၏။နွေးထွေးသည့် နေရောင်ခြည်သည် မိခင်မြေကြီးပေါ်တွင် ဖြန်းကနဲ စိမ့်ဝင်သွားစေပြီး နေရာတိုင်းကို နွေးထွေးသော အရောင်အသွေးဖြင့် ဖုံးအုပ်ထားသောကြောင့် လူများကို စိတ်ချမ်းသာစေသည်။
လဲ့ယ်တာချန်၊ တုရှီ၊ လဲ့ယ်ရှန်းရန်၊ ကျိုးရှီ နဲ့ချင်းရှီတို့ကတော့ စိတ်မချမ်းသာနေပေ။
လဲ့ယ်ထျဲနဲ့ချင်မျန်က နေ့တိုင်း ပိုက်ဆံရေတွက်နေကြမှာကို တွေးမိရင်း လက်တွေနာပြီး သူတို့နှလုံးသားတွေကို ပုရွက်ဆိတ်အကောင်တစ်ရာကိုက်ခံရသလိုမျိုး ခံစားခဲ့ရသည်။
"အမေ...တကယ် နည်းလမ်းရှာပြီးပြီလား?လောင်တာ့..ပိုက်ဆံရှာတာကို ကျွန်တော်တို့ တကယ်ကြည့်နေတော့မှာလား?”
Advertisement
လဲ့ယ်တာချန်နှင့် တုရှီ နှစ်ယောက်ကြားတွင် လဲ့ယ်ရှန်းရန်ကတော့ တုရှီကို ပိုမိုယုံကြည်သည်။
တုရှီက မျက်မှောင်ကြုတ်ကာ "ငါ ဒါကိုရှင်းဖို့
မကြိုးစားနေလို့လား?"
“ရက်တော်တော်ကြာနေပြီ...” ချင်းရှီ ညည်းညူပြီး သူ့ကိုယ်သူ သက်ပြင်းချလိုက်သည်။ဤတွင် သူမ စိတ်ပူနေသော်လည်း သူမ၏ခင်ပွန်းသည်မှာတော့ ဂရုမစိုက်နေပေ။
သူ့မိန်းမက သူ့ကို စိုက်ကြည့်နေတာကို လဲ့ယ်ရှန်းရီ သတိထားမိ၏။သူလည်း ပိုက်ဆံရှာချင်ပေမယ့် သူ့အစ်ကိုတွေကို အရမ်းအားနာမိပြီး သူလည်း မိသားစုကနေ မခွဲထားရသေးဘူး။အစ်ကိုအကြီးဆုံးဆိုင်ကနေ ပိုက်ဆံတကယ်ရရင်တောင်မှ သူ ခွဲမယူနိုင်ဘူး။
လဲ့ယ်တာချန်က မုန်းတီးစွာပြောခဲ့သည်- "ဒါ တကယ်မဖြစ်နိုင်ဘူး၊ငါကိုယ်တိုင် ပုံဖော်ကြည့်တာ...ဒါကို မယုံနိုင်ဘူး"
မိသားစုလိုက် ဆွေးနွေးနေချိန်တွင် ခြံအပြင်ဘက်မှ ကျယ်လောင်စွာ အသံတစ်သံထွက်လာသည်။
“ဒါက လဲ့ယ်တာချန်။မောင်လေးလဲ့ယ်ရဲ့အိမ်လား?”
ခြံပေါက်ဝတွင် ရွှေရောင်အနားသတ်ထားပြီး အနီရောင်တောက်တောက် ဂါဝန်ကို ၀တ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် အလွန်ပျော်ရွှင်နေပုံရသည်။သူမသည် ဆံပင်ဖြူနေကာ အသက် 50 ခန့်ရှိပြီဖြစ်သော်လည်း သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့် ကြည်လင်တောက်ပသော မျက်လုံးများဖြင့် သူမခေါင်းကို မြင့်မြင့်မော့ကာ ထူးခြားသောအရှိန်အဟုန်ဖြင့် မတ်တပ်ရပ်နေသည်။ဆံထုံး,ထုံးထားသော သူမ၏ဆံပင်ကို ကြည့်လိုက်ရာ ထိုအပေါ်တွင် အနီရောင်တောက်တောက် ပန်းပွင့်တစ်ခုရှိနေသည်။
ဒါက အောင်သွယ်တော်ဝတ်စုံ မဟုတ်ဘူးလား?
မိသားစုတွင် အခြားသူများနှင့် စေ့စပ်ခြင်းမပြုရသေးသော သားနှစ်ယောက်နှင့် သမီးတစ်ယောက်ရှိသည်ကို တွေးမိကာ တုရှီကျေနပ်သွားပြီး “ဒါက လဲ့ယ်အိမ်ပါ။ဘယ်သူလဲဆိုတာ သိလို့ရမလား?"
အမျိုးသမီးက ရွှင်မြူးစွာပြောသည်။ "အစ်မက မြို့ထဲက အောင်သွယ်တော်ကျင်ပါရှင်”
တုရှီသည် အလွန်ဝမ်းမြောက်သွားပြီး "အစ်မရဲ့မျိုးရိုးနာမည်က ကျင်လား? 'နာမည်ကြီး ကျော်ကြားတဲ့ ရွှေပါးစပ်' ဆိုတာများလားမသိဘူး?”
“အစ်မက အဲဒီလို ချီးမွမ်းမှုနဲ့ မထိုက်တန်ပါဘူး။ဟီးဟီး သူများတွေ ချီးမြှောက်ကြရုံ သက်သက်ပါ” အောင်သွယ်တော်ကျင်က ထိုသို့ပြောသော်လည်း သူမ၏မျက်လုံးများက အနည်းငယ် မာနဝင့်နေပုံရပြီး သူမ၏ကိုယ်ပိုင်အရည်အချင်းကို သဘောကျနေပုံလည်းရသည်။
“လာ...ဝင်လာ” တုရှီ၏မျက်နှာသည် အပြုံးများဖြင့် တောက်ပနေပြီး ကျိုးရှီနှင့် ချင်းရှီ တို့အား ပြောလိုက်သည်။
"နင်တို့ လက်ဖက်ရည်နဲ့ အဆာပြေမုန့်တွေကို ဘာလို့ မထုတ်လာသေးတာလဲ?"
ခေါင်းငိုက်စိုက်နေသည့် လဲ့ယ်ရှန်းလီ၏နားရွက်များသည် နီရဲနေသည်။လဲ့ယ်ရှန်းကျစ်နှင့် လဲ့ယ်ချွင်းထောင်တို့ နှစ်ဦးစလုံးက သူ့ထက်ငယ်၏။အနှီအောင်သွယ်တော်ကျင်လာတာက သူ့အတွက် ဖြစ်နိုင်ချေရှိသည်။
အောင်သွယ်တော်ကျင်သည် အိမ်ထဲသို့ ဝင်လာစဉ် အခန်းတွင်းရှိ လူများကို လှည့်ပတ်ကြည့်လိုက်သည်။မကြာခင်မှာပင် သူမ၏မျက်လုံးများက လဲ့ယ်တာချန်၏မျက်နှာပေါ်သို့ စူးစူးစိုက်စိုက်စိုက်ကြည့်လာသည်။လဲ့ယ်တာချန်၏မျက်နှာက အနည်းငယ်အိုမင်းနေပုံရသော်လည်း တိုင်းသူပြည်သားအားလုံးသည် ဤကဲ့သို့ပင်။သူ့အသက် ၄၀ လောက်ရှိနေပြီဖြစ်ကာ သူ့ခန္ဓာကိုယ်က ပိန်တယ်ထင်ရပေမယ့် သန်မာတဲ့လက်မောင်းတွေကိုကြည့်ရရင်တော့ သူ အားမနည်းပေ။ဤအခြေခံအချက်အလက်ကို ရရှိပြီးနောက် အောင်သွယ်တော်ကျင်မှာ အောင်မြင်မှုရနိုင်မည့် အခွင့်အလမ်းကို ပိုမိုခံစားခဲ့ရသည်။
“မောင်လေးလဲ့ယ်နဲ့ ညီမလေးလဲ့ယ့်ကို ဂုဏ်ယူပါတယ်။နောက်တစ်ဆင့်သာ အောင်မြင်ရင် မောင်လေးလဲ့ယ်ရဲ့အနာဂတ်မှာ ပျော်ရွှင်မှုတွေ ခံစားရမှာတင် မဟုတ်ဘဲ ညီမလေးလည်း ရင်းနှီးပွေ့ဖက်နိုင်မယ့်သူငယ်ချင်းအဖော်လည်း ရရှိလာမှာပါ”
သူမ၏မျက်နှာတွင် အပြုံးများဖြင့် ပြည့်နှက်နေပြီး သူမပြောသော စကားများသည် အနည်းငယ် မရှင်းမလင်း ဖြစ်နေသော်လည်း သူမ၏အသံသည် လူအများ၏နှစ်သက်ဖွယ်ရာ အထင်ကြီးမှုကို အလွယ်တကူ ရရှိနိုင်သော ညင်သာသည့်အသံမျိုးပင် ဖြစ်သည်။
“ရင်းနှီးပွေ့ဖက်နိုင်မယ့်သူငယ်ချင်းကိုရလိမ့်မယ်”ဆိုတဲ့စကားက တစ်နည်းအားဖြင့် မိသားစုထဲကို လူတွေ ထပ်ဝင်လာလိမ့်မည်ပင်။တုရှီ ခဏလောက် စဉ်းစားကြည့်မိသည်။သူမသည် အောင်သွယ်တော်ကျင်ကို အနည်းငယ်မျှ တည့်တည့်မပြောဝံ့ဘဲ သူမကို လက်ဖက်ရည်ထည့်ပေးရင်း မေးလိုက်သည်။ "ဘယ်မိသားစုရဲ့ မိန်းကလေးလဲ?အဲဒါက ကျွန်မတို့မိသားစုထဲက လေးယောက်မြောက်သားလား ငါးယောက်မြောက်သားအတွက်လား?"
အောင်သွယ်တော်ကျင်က ချက်ချင်းပြန်မဖြေဘဲ “ဒီမိန်းကလေးက လှပပြီး ကြင်နာတတ်ရုံတင်မကဘဲ ကိုယ်တိုင်လည်း သွက်လက်မြန်ဆန်တယ်။ဒါတင်မကသေးဘူး။ ငွေတုံး 20 တန်ကြေးရှိ ခန်းဝင်ပစ္စည်းပါ ယူလာဖို့ ဆန္ဒရှိကြောင်းလည်း ပြောခဲ့တယ်။မောင်လေးလဲ့ယ် နဲ့ ညီမလေးလဲ့ယ်က ဒါကို ပျော်စရာကောင်းတဲ့ ပွဲလို့ မထင်ဘူးလား? ”
ငွေတုံး 20!!!တုရှီနှင့် လဲ့ယ်တာချန်၏မျက်လုံးများသည် တောက်ပပြီး ရွှင်လန်းမှုမှာ ချက်ချင်းတောက်ပလို့သွားသည်။
သို့သော် လဲ့ယ်ရှန်းလီမှာတော့ အတော်လေး စိတ်မသက်မသာ ခံစားခဲ့ရသည်။ ခန်းဝင်ပစ္စည်းအနေနဲ့ ငွေတုံး20ဆိုတာက အနည်းငယ်မျှမဟုတ်ပေ။သာမာန်လူတွေ တစ်နှစ်ပတ်လုံး ပင်ပန်းစွာလုပ်ကိုင်ရလျှင်ပင် ငွေတုံး ၂တုံး အောက်သာ ရနိုင်သည်။ဒီလို ချမ်းသာတဲ့ ဇနီးသည်ကို သူ ထိန်းနိုင်မှာလား?
"အောင်သွယ်တော်ကျင် ပြောတာ အမှန်လား?" လဲ့ယ်တာချန် မယုံနိုင်ဖြစ်မိသည်။ “ကျွန်တော်တို့မိသားစုရဲ့ အခြေအနေတွေက သာမန်ပါပဲ။ဒီလိုမိန်းကလေးမျိုးက ကျွန်တော်တို့မိသားစုကို လက်ထပ်ချင်မှာတဲ့လား?”
အောင်သွယ်တော်ကျင်က လေးလေးနက်နက် ပြုံးပြီး "ဘာလို့ မဖြစ်နိုင်ရမှာလဲ။ဒါ့ထက် အောင်သွယ်တော်တွေကရော ညှိ့နှိုင်းပေးတဲ့အခန်းကဏ္ဍကို မလုပ်ပေးရတော့ဘူးလား?"
တုရှီ မေးလိုက်သည်။ "ဒါဆို ဒီမိန်းကလေးက ကျွန်မတို့မိသားစုရဲ့ လေးယောက်မြောက်လား ဒါမှမဟုတ် ငါးယောက်မြောက်သားအတွက်လား?"
အောင်သွယ်တော်ကျင်သည် သူမ၏လက်ဖက်ရည်ကို ငုံ့သောက်ပြီးနောက် ရယ်မောကာ လဲ့ယ်တာချန်ကို ကြည့်လိုက်သည်။ “သူတို့ထဲက တစ်ယောက်မှ မဟုတ်ဘူး။မောင်လေးလဲ့ယ်အတွက် တန်းတူညီတူဇနီးဖြစ်ဖို့ ရည်ရွယ်ထားတာလေ။"
-----------------------------
050 :အောင်သွယ်တော်ကျင်ကို Like ပေး,ပေးပါ
“ဖူး----”
လဲ့ယ်ရှန်းရန်ခင်ဗျာ လက်ဖက်ရည်သောက်နေရင်း သီးသွားရသည်။သူ့မိဘတွေမျက်နှာကို ခိုးကြည့်ရင်း ပါးစပ်ကို သုတ်လိုက်၏။ရယ်ချင်သော်လည်း မရယ်ရဲ။ "အောင်သွယ်တော်ကျင်...ခင်ဗျား မှားနေတယ်ထင်တယ်"
လဲ့ယ်တာချန်၏မျက်နှာမှာ နီမြန်းလာသည်။ရှက်တာလား ဒေါသထွက်တာလား မသိ။
ကျိုးရှီ နှင့် ချင်းရှီတို့နှစ်ယောက်စလုံးသည် ခေါင်းငုံ့ကာ တခစ်ခစ်ရယ်ရင်း မျက်နှာတွေမှာ နီမြန်းသွားကြသည်။
လဲ့ယ်ရှန်းရီနှင့်လဲ့ယ်ရှန်းလီ တို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။သူတို့အဖေမှာ မြေးသုံးယောက်ရှိ၏။မြေးနှစ်ယောက်နှင့် မြေးမတစ်ဦးရှိနေပြီဖြစ်သော်လည်း အောင်သွယ်ဖို့ တစ်စုံတစ်ယောက် ရောက်လာသေးသည်။
လဲ့ယ်ရှန်းရီ အ,ထစ်ထစ်ဖြင့် မေးလိုက်သည်။ “အောင်သွယ်တော်ကျင် မှားပြောတာတော့ မဟုတ်ဘူးမလား?”
အောင်သွယ်တော်ကျင်သည် အခြားသူများ၏နီမြန်းနေသော မျက်နှာများကို သတိမထားမိပုံရပြီး လက်ကိုဝှေ့ယမ်းရင်း "ကျွန်မက ဘယ်လိုလုပ်ပြီးအမှားလုပ်မိမှာလဲ။ကျွန်မသာမှားရင် ကိုယ့်ရဲ့ဂုဏ်သိက္ခာကို အရင်ထိခိုက်စေမှာမဟုတ်ဘူးလား။ကောင်မလေးက မင်းမိသားစုရဲ့ အခြေအနေကိုသိပြီး ကျေနပ်တယ်။ချဲ့ကားပြောတာမဟုတ်ပေမယ့် မိန်းကလေးရဲ့အသွင်အပြင်က ပထမတန်းစားပဲ။သူမက နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းသလို ချက်ပြုတ်မှုကလည်း အထူးသဖြင့် ပထမတန်းစားအဆင့်ပဲ။
သူမသာ မင်းရဲ့မိသားစုဝင် တကယ်ဖြစ်လာတဲ့အခါ မင်းတို့အားလုံး အဆင်ပြေပြေနေနိုင်မှာပါ" သူမ လဲ့ယ်တာချန်ကိုကြည့်ရင်း စကားပြောလိုက်သည်။
လဲ့ယ်တာချန်ကား ဆူးတွေ အပ်တွေပေါ် ထိုင်ချရသလိုမျိုး ဖြစ်နေသည်။သို့သော် အနှီ "နူးညံ့"၊ "လှပ" နှင့် "ငွေတုံး20" ဟူသော စကားလုံးများသည် သူ့စိတ်ထဲတွင် အမြဲတစေ လှည့်ပတ်နေသည်။
ထိုအချိန်တွင် တုရှီ နောက်ဆုံးတော့ စိတ်ထကြွလာကာ မတ်တပ်ရပ်ပြီး အောင်သွယ်တော်ကျင်ကို စိုက်ကြည့်ကာ
"ဒီကနေ ထွက်သွား!ရှင် ဒီလို ကောင်းတဲ့ ကောင်မကို တခြားသူတွေနဲ့ ပေးစားလိုက်"
အောင်သွယ်တော်ကျင်၏မျက်နှာပေါ်ရှိ အပြုံးသည် မှိန်ဖျော့သွားကာ သူမ၏အေးစက်သော မျက်လုံးများက တုရှီ၏မျက်နှာပေါ်သို့ ကျရောက်လာပြီး “ညီမက ဘာလို့ ဒီလောက် ဒေါသထွက်ပြနေရတာလဲ?မောင်လေးလဲ့ယ်တောင် ဘာမှ မပြောရသေးဘူးလေ။”
“ရှင် ဒီကနေ ထွက်သွားတော့ ကျွန်မ....”
"အမေ!" လဲ့ယ်ရှန်းလီ အံ့အားသင့်သွားပြီး သူမ နားအမြန်ရပ်လိုက်သည်။သူ့နားထဲကို တီးတိုးကပ်ပြောကာ “ဒေါသမထွက်ပြနဲ့! အောင်သွယ်တော်ကျင်ကို စော်ကားမိရင် ကျွန်တော်တို့ရဲ့ ပဉ္စမမြောက်ညီလေးနဲ့ ညီမလေးရဲ့ အိမ်ထောင်ရေးက ဘာဖြစ်သွားမလဲ?"
တုရှီ၏ဝမ်းဗိုက်အတွင်းမှ ဒေါသမီးလျှံများ ဝေ့ဝဲထွက်လာကာ သူမသည် လဲ့ယ်ရှန်းလီ၏စကားများကို လုံးဝနားမလည်နိုင်ဘဲ "မင်းရဲ့အိမ်ထောင်ရေးနဲ့ သူမကြားက ဆက်ဆံရေးကဘာဆိုင်လဲ။ရှေ့ကဖယ်ပေးစမ်း!"
အောင်သွယ်တော်ကျင်သည် ထိုနေရာတွင်ထိုင်ကာ လဲ့ယ်ရှန်းလီကို ပြုံးပြုံးကြီးကြည့်နေသည်။နောက်ဆုံးတော့ လူတစ်ယောက်မှာ ဦးနှောက်ပါလာသားပဲ။
လဲ့ယ်ရှန်းလီက စိုးရိမ်တကြီးနဲ့ “ကျွန်တော့်စကားကို နားထောင်ပါ။အောင်သွယ်တော်ကျင်က မြိုထဲမှာ အကျော်ကြားဆုံး အောင်သွယ်တော်ပဲ။သူမက တခြားအောင်သွယ်တွေကိုလည်း သိမှာပဲလေ။သူက ကျွန်တော်တို့အကြောင်း တခြား အောင်သွယ်တော်တွေကို မကောင်းပြောရင် ဘာဖြစ်သွားမယ်လို့ ထင်လဲ?ပဉ္စမမြောက်ညီနှင့် ကျွန်တော်က ယောက်ျားတွေဖြစ်တာကြောင့်ထား ညီမလေးရဲ့ဂုဏ်သိက္ခာကို ဘယ်တော့အခါမှ မပျက်စီးခံစေရဘူး။”
တုရှီ တုန်လှုပ်သွားပြီး နောက်ဆုံးတွင် သူမ၏နှလုံးသားသည် အဆက်မပြတ် တုန်လှုပ်သွားကာ ကြောက်ရွံ့မှုဖြင့် ရှင်းကျသွားသည်။သို့သော် ဒေါသနှင့် တွန့်ဆုတ်မှုတို့ကဖြင့် ပျောက်ကွယ်မသွားပေ။
“အောင်သွယ်တော်ကျင် ကျွန်မတို့ အိမ်ထောင်ဦးစီးက တန်းတူညီတူ မယားယူဖို့ အစီအစဉ်မရှိသေးဘူး။အဆင်ပြေရင်...?” တုရှီက တံခါးဆီသို့ ညာလက်ဖြင့် လက်ဟန်ခြေဟန်ပြကာ ဒေါသနှင့် အာဃာတများကို ထိန်းထားလိုက်သည်။တတ်နိုင်ရင် ဒီအောင်သွယ်တော်ကျင်ကို ကောက်မပြီး အပြင်ကို ပစ်ထုတ်ပစ်ချင်နေပြီ။
အောင်သွယ်တော်ကျင်က သူ့ကိုယ်သူ လှောင်ပြောင်မိသည်။သူမကို လာပြောတဲ့လူက ငွေတုံး ၈ တုံး ပေးမယ်လို့ ကတိပေးခဲ့ပြီး အောင်ပွဲဈေးထက် နှစ်ဆပိုနေသည်လေ။လဲ့ယ်တာချန်နှင့် ထိုမိန်းကလေးကြား ကွာဟချက်မှာ အစပိုင်းတွင် သူမ ယုံကြည်မှုများစွာမရှိခဲ့ပေမယ့် ဒီနေ့ သူမအပေါ်ထားရှိသည့် တုရှီ၏သဘောထားကြောင့် စိတ်ပိုင်းဖြတ်လိုက်သည်။
သူမ တုရှီကို လျစ်လျူရှုကာ လဲ့ယ့်တာချန်ကို ကြည့်လိုက်ပြီး "မောင်လေးလဲ့ယ် အစ်မ ဒီနေ့ ရန်လိုတဲ့ ရည်ရွယ်ချက်မရှိဘဲ လာခဲ့တာပါ။မင်း အောင်သွယ်တော်ကျင်ဆိုတဲ့နာမည်ကို ကြားတာနဲ့ အောင်သွယ်တော်ကျင်က လိမ်မပြောဘူးဆိုတာ မင်းသိလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် အစ်မရဲ့ဂုဏ်သတင်းက ကျယ်ကျယ်ပြန့်ပြန့်နဲ့ချီးကျူးကြမှာမဟုတ်ဘူး။ဟုတ်တယ်မထင်မိဘူးလား?"
လဲ့ယ်တာချန်ကား ခေါင်းရှုပ်မခံနိုင်။လဲ့ယ်ရှန်းလီ၏စိုးရိမ်ပူပန်မှုသည် သူနှင့်ထပ်တူပင်။သူ့သားအငယ်ဆုံးနှင့် သူ့ရဲ့တစ်ဦးတည်းသောသမီးတို့က သူ့ရတနာများသာ။ထို့ကြောင့် သူ အောင်သွယ်တော်ကျင်ကို မစော်ကားဝံ့ဘဲ ရှက်ကိုးရှက်ကန်းဖြင့်သာ ခေါင်းညိတ်ပြီး "ဟုတ်တယ်၊ အောင်သွယ်တော်ကျင်က စေတနာကောင်းတွေ ပြသဖို့လာတာ ကျွန်တော် သိပါတယ် ဒါပေမယ့်..."
သူ တုရှီနဲ့ နှစ်အတော်ကြာ လက်တွဲလာခဲ့တာဆိုတော့ ခံစားချက်တွေက တော်တော်နက်နဲသည်။ထို့ကြောင့် တန်းတူညီတူ ဇနီးတစ်ယောက်ကို ထပ်မံလက်ထပ်လိုက်ခြင်းက ယုတ္တိမရှိပေ။
တုရှီက သူ့ကို ဒေါသတကြီး စိုက်ကြည့်ရင်း "အဘိုးကြီး..ရှင် ဘာလို့ သူ့ကို အာရုံစိုက်နေတာလဲ?"
အောင်သွယ်တော်ကျင်သည် ထိတ်လန့်တုန်လှုပ်နေသော လဲ့ယ်ချွင်းထောင်ကိုကြည့်ကာ ညင်သာစွာပြောလိုက်သည်။ “ကောင်မလေးကို အရင်သွားခွင့်ပြုလိုက်ပါလား?”
လဲ့ယ်ချွင်းထောင်ကား ဖိနှိပ်ချုပ်ချယ်မှုအောက်တွင် မခံနိုင်သူဖြစ်တာကြောင့် ယင်းအခြေအနေကို ကြောက်ရွံ့နေခဲ့သည်မှာ ကြာပြီ။ထို့ကြောင့် သူမ ဘေးခန်းသို့ အမြန်ပြန်သွားခဲ့သည်။
အောင်သွယ်တော်ကျင်က လဲ့ယ်တာချန်ကို စိတ်ချယုံကြည်စွာ ပြောခဲ့သည် - "ဒီကိုမလာခင် မင်းမိသားစုရဲ့ အခြေအနေကို စုံစမ်းပြီးပြီ။မင်းမိသားစုမှာ အိမ်ထောင်မပြုရသေးတဲ့သူ သုံးဦးရှိတယ်။အိမ်ထောင်ကျသည်ဖြစ်စေ အိမ်ထောင်မကျသည်ဖြစ်စေ ငွေလိုတယ်လေ။ပဉ္စမမြောက်ကုန်းဇီလေးက စာလေ့လာနေရတာမလား။အမျိုးမျိုးသောကိစ္စကြီးငယ်အတွက် ငွေပိုလိုအပ်တယ်။ပေးမယ့်ပိုက်ဆံတွေက မနည်းပါဘူး။ညီမတုက အိမ်ထောင်စုကို စီမံခန့်ခွဲနေပေမယ့် စုဆောင်းထားတဲ့ငွေက တိုးမလာဘူးလေ။”
သူမ တုရှီကို အဓိပ္ပါယ်ရှိသော အကြည့်တစ်ချက် ပေးလိုက်သည်။ သူမသည် တုရှီ၏ "တွန့်တိုခြင်း" ကို အမှန်တကယ် မထီမဲ့မြင်ပြုခဲ့ခြင်း။သူတပါးကို တွန့်တိုတတ်လျှင်တောင် လွန်နေပြီ။သို့သော် သူမသည် သူ့မိသားစုကိုပင် တွန့်တိုနေသည်။
Advertisement
- In Serial35 Chapters
On the Edge of Eureka
Currently on hiatus because college is hard. I promise it's not abandoned! Eleutheria, the crown gem of the Solar System, has stood tall for nearly two dozen centuries. Forged in a plague-stricken, war-torn wasteland and tested by fire for hundreds of bloody years, Eleutheria has learned how to survive calamities that would have decimated lesser nations. Its power waxes and wanes, but the empire itself is as steadfast as the Moon; it's an inscrutable, indestructible force of nature no human being could ever hope to stop. But under its glimmering exterior lies a tangled web of secrets and lies, a deadly and decadent court, and corruption that runs from the kings to the kingpins. As its leader loses her grip and opposing forces grow ever stronger, the threat of civil war looms closer and closer to home. The whole country is a chemical reaction waiting to happen, and all it needs is a catalyst. Acidalia Cipher is that catalyst. Cover designed on Canva, images are Creative Commons stock photos from Pexels and Unsplash.
8 222 - In Serial19 Chapters
Stone Burners
Olivia has awoken to a strange world. With mere scraps of memories and a warped, unfamiliar body, she must find help to survive. However, a vast criminal syndicate, an urban legend, and more all threaten to snuff her out before she can find her footing. This is the second draft of an older, much longer running serial on my own site. Updates Wednesday nights.
8 181 - In Serial9 Chapters
Pleiadian Guidance Written By Travis Willier copyright 2022
continued adventures of Cross a Native man abducted by a blonde Pleiadian lady named Jessi and her Gray friend Gray. Continue their adventure into the far reaches of the galaxy. Spreading light love and happiness. but first Cross will travel to the Pleiadian home world and Meet her Loving family.
8 161 - In Serial11 Chapters
The Sorcerer King and the White Rabbit Queen.
A lost soul that has been drifting endlessly through the void gains a new chance at life as well as a chance to be with the one he truly desired. Join the young sorcerer and his partner as they build a home for themselves in the new world they were reborn in. This is the story of the Sorcerer and the White Rabbit. Freshly transferred over from my account on Webnovel.
8 107 - In Serial13 Chapters
The Epic of The Chromatic Cardinals
Aluina, a homebrewed DnD world. The story revolves a round a group of eight adventurers as they learn about the mysteries that surrounds each other and their world as they explore their home continent of Rensen. This story will be updated on Fridays 2:30pm GMT +8. Currently trying to upload every other week.
8 147 - In Serial21 Chapters
Poetry Of The Heart 2
"I want to do great thingsthat will have in heaven with angel wings,I live my life to see what it bringsI'm not going to lie I'm really just waiting until god rings,"- CTheCreatorPoetry From The Heart II1-20 Works Of CTheCreator*INCLUDES 10 BONUS POEMS*
8 185

