《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[47]
Advertisement
[Unicode]
047: အရသာရှိတဲ့ ဟင်းလျာ
အိမ်ဟောင်းရှေ့တွင် ဖြစ်ပျက်ခဲ့သမျှသည် ချင်မျန်နားသို့ ပျံ့နှံ့သွားသော်လည်း သူကား ဂရုမစိုက်ပေ။အိမ်ဟောင်းကလူတွေနဲ ပတ်သတ်လာရင် သူ ရှောင်နိုင်သမျှ ရှောင်ရမည်။
ဒါ့အပြင် လဲ့ယ်တာချန် နှင့်တုရှီလည်း သူနှင့် လဲ့ယ်ထျဲကို ထပ်ပြီး ရန်မစောင်လာနိုင်တော့ပေ။သို့သော်လည်း ထပ်မံ ရန်စလာပါက သူ့တွင် ပို၍ ယုတ်မာသည့်လှည့်ကွက်များ ရှိနေသေးသည်။
လူတွေက ငါ့ကို ရန်မစရင် ငါ သူတို့ကို ဘာမှမလုပ်ဘူး။လူတွေကသာ ငါ့ကို ရန်စရင် ငါ သူတို့ကို ပြန်တုံ့ပြန်မှာ သေချာတယ်။
အိမ်တွင် ရေတွင်းတည်ဆောက်မှု ပြီးစီးပြီးနောက် ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် နွားလှည်းလေးဖြင့် မြို့ထဲသို့ မောင်းသွားကြသည်။သူတို့ရဲ့ "အရသာရှိတဲ့ ဟင်းလျာ" စားသောက်ဆိုင်ကို ကြော်ငြာရန်အတွက် ချင်မျန်သည် ပိုစတာ၏အောက်ခြေတွင် ဟော့ပေါ့နှင့် အောက်ခြေတွင် မာလာထျန်းပုံများဖြင့် အစောင်ရေ 20 ကို အထူးရေးဆွဲခဲ့ပြီး စားသောက်ဆိုင်၏လိပ်စာနှင့် ဆိုင်ဖွင့်ချိန်တို့ကိုပါ အောက်ခြေတွင်ဖော်ပြထားသည်။အရောင်းမြှင့်တင်သည့် ပုံများကိုကြည့်လိုက်သည်နှင့် လူအများ၏ခံတွင်းတွေ့မှုကို နှိုးဆွပေးနိုင်သည့် လက်ရာပင်။
ကံကောင်းထောက်မစွာ သူ ယခင်ဘဝတွင် သုံးနှစ်ကြာ ပန်းချီဆွဲသင်လာခဲ့သောကြောင့် ကောင်းစွာ ပန်းချီဆွဲနိုင်ခဲ့သည်။ဒီပန်းချီကားတွေက သူ့အတွက် တစ်ရက်ပဲ အချိန်ယူရ၏။မြို့ထဲသို့ရောက်တော့ သူနှင့်လဲ့ယ်ထျဲတို့ မြို့တွင်းထင်ရှားသောနေရာများတွင် ပိုစတာများကို လိုက်ကပ်ကြတော့သည်။စာရွက်နှစ်ရွက်သာ ချန်ခဲ့ပြီး တစ်စောင်ကို ဆိုင်တံခါးဝတွင် ကပ်ထားလိုက်၏။
အချိန်ကုန်သက်သာရန်အတွက် ချင်မျန်သည် ပွဲစားထံသို့ တိုက်ရိုက်သွားကာ မြို့ထဲတွင်နေထိုင်သည့် အသက် 14 နှစ်အရွယ် ကျန်းလျိုအမည်ရှိ စားပွဲထိုးတစ်ဦးကို ငှားရမ်းခဲ့သည်။သူကား အသက်မပြည့်သေးသော်လည်း သွက်လက်ချက်ချာစွာ ပြောတတ်ပြီး အထူးသွက်လက်လေသည်။သဘောတူညီချက်မှာ တစ်လလျှင် ဝမ် ၅၀၀ ဖြစ်ပြီး အလုပ်ကောင်းကောင်းလုပ်ပါက ဘောနပ်စ်ရရှိမည်ဖြစ်သည်။ချင်မျန်က ဒီလစဉ်လစာမှာ သာမန်အငှားအလုပ်သမားထက် ပိုများနေသလားလို့ မေးမြန်းခံခဲ့ရသေးသည်။စားပွဲထိုးက အလုပ်တတ်ချိန်မှန်သရွေ့ စေတနာထားဖို့ သူ ကိစ္စမရှိပေ။
ဆိုင်ကိုပြန်ရောက်တော့ ချင်မျန် ကျန်းလျိုကို နောက်ဆုံးပိုစတာအား ပေးခဲ့ပြီး "'အရသာရှိတဲ့ ဟင်းလျာ'စားသောက်ဆိုင် မနက်ဖြန်ဖွင့်တော့မယ်။မနက်ဖြန်အတွက် ဟော့ပေါ့နဲ့မာလာထျန်းကို နှစ်ဆယ်ရာခိုင်နှုန်း လျှော့ပေးမယ်"လို့ လမ်းမပေါ်တွင် အော်ခိုင်းလိုက်သည်။
ချင်မျန် နှင့် လဲ့ယ်ထျဲတို့က ဆိုင်တွင် ရှိနေပြီး ဝက်သားလုံးနှင့် ဟင်းရွက်များ ပြင်ဆင်ရန် အခိုက်အတန့်တစ်ခုလောက် ရုန်းရင်းဆန်ခတ် အလုပ်ရှုပ်နေခဲ့သည်။
ကျန်းလျိုကား မြို့အနှံ့ အကြိမ်ပေါင်းများစွာ အပြန်ပြန်အလှန်လှန် လျှောက်သွားပြီး သူ ဆိုင်တံခါးကို ဖြတ်လိုက်တိုင်း သူတို့သည် ရှင်းလင်းပြတ်သားသော အသံကို ကြားလိုက်ရသည်- "အရသာရှိတဲ့ ဟင်းလျာ စားသောက်ဆိုင် မနက်ဖြန် ဖွင့်တော့မယ်။အရသာရှိတဲ့ မာလာထျန်းနှင့် ဟော့ပေါ့ အားလုံးကို 20% လျှော့ပေးမယ်။ 'အရသာရှိတဲ့ ဟင်းလျာ စားသောက်ဆိုင်' မနက်ဖြန်ဖွင့်တော့မယ်။အရသာရှိတဲ့ မာလာထျန်းနဲ့ ဟော့ပေါ့ အားလုံးကို 20% လျှော့ပေးမယ်....."
"သူက အလုပ် ကောင်းကောင်းလုပ်တတ်တဲ့လူမျိုးဖြစ်ပုံရတယ်။" ချင်မျန် သူ့လက်ထဲက ဝက်သားလုံးကို လှိမ့်လိုက်ပြီး လဲ့ယ်ထျဲကို တစ်ချိန်တည်းမှာ ပြောလိုက်သည်။
လဲ့ယ်ထျဲ ပြောလိုက်သည်။ "အချိန်က လူတစ်ဦးရဲ့စိတ်နေစိတ်ထားကို ဖော်ပြသွားလိမ့်မယ်"
နှစ်နာရီကျော်ကြာပြီးနောက် ကျန်းလျိုသည် ဆိုင်ထဲသို့ ဝင်ရောက်လာခဲ့သည်။
"သူဌေး....ကျွန်တော် ပြန်လာပြီ။"
ချင်မျန် ပြောလိုက်သည်။ "မင်း အလုပ်ကြိုးစားခဲ့တာပဲ။ရေဆာနေပြီလား?ရေသောက်လိုက်ဦး။"
"ကျေးဇူးတင်ပါတယ် သူဌေးလေး"
ချင်မျန် လဲ့ယ်ထျဲကို စိုက်ကြည့်ကာ ပြင်းထန်သော မျက်နှာထားဖြင့် "ငါက သူဌေးကြီး။သူကသာ သူဌေးလေး။"
ကျန်းလျိုက အံ့အားသင့်သွားပြီး လဲ့ယ်ထျဲဆီသို့ သံသယစိတ်ဖြင့် ညည်းတွားလိုက်၏။ 'ဒါက ဆန့်ကျင်ဘက်မျိုးလား?'
လဲ့ယ်ထျဲက ခေါင်းညိတ်လိုက်ပြီး "သူက သူဌေးကြီးပဲ"
ချင်မျန်၏မျက်နှာသည် မှုန်ကုပ်ကုပ်နှင့် "ကြားတယ်နော်?"
"ဟုတ်ကဲ့ပါ သူဌေးကြီး" ကျန်းလျိုက ရယ်မောကာ တုံ့ပြန်ခဲ့သည်။ရေသောက်ပြီးနောက် အသီးအရွက်တွေကို ဆေးကြောဖို့ သစ်သားဇလုံကြီးရဲ့ ဘေးမှာ ထိုင်ချလိုက်သည်။
ဆိုင်အနောက်ဘက်သို့ ဦးတည်သွားသည့် မီးဖိုချောင်တံခါးတစ်ခုရှိပြီး ဆိုင်နောက်ဘက်တွင် ရေတွင်းတစ်တွင်းရှိကာ အနီးနားရှိ ဆိုင်တော်တော်များများက မျှဝေသုံးစွဲကြသည်။ ဟင်းသီးဟင်းရွက်တွေကို ဆေးကြောရတာ အရမ်းအဆင်ပြေ၏။
ချင်မျန်က ကျန်းလျိုကို မှာလိုက်၏။"အသီးအရွက်တွေကို သန့်နေအောင် ဆေးကြောရမယ်။ပိုးကောင်တွေ အရွက်ပုပ်တွေ တွေ့ရင် ဒုက္ခရောက်မယ့်သူက မင်း ဖြစ်နေလိမ့်မယ်။"
ကျန်းလျိုက သူ့ရင်ဘတ်ကို ပုတ်ပြီး "စိတ်မပူပါနဲ့ သူဌေးကြီး။ ကျွန်တော်ဆီမှာ အခြားအလားအလာကောင်းကောင်းမရှိပေမယ့်လည်း ဒီမျက်လုံးတစ်စုံကတော့ စွမ်းရည်အပြည့်ပဲ။အသီးအရွက်တွေမှာ ပိုးမွှားတွေ၊ ပုပ်နေတဲ့ အရွက်တွေ တွေ့ရင် ကျွန်တော့်ကို ချက်ချင်း ထုတ်ပစ်လို့ရတယ်"
"အင်း။" ချင်မျန် သူ့လက်ထဲတွင် ဝက်သားလုံးကို ဆက်၍ လုံးနေသည်။ "ငါတို့က အစားအသောက်လုပ်ငန်းလုပ်တဲ့အတွက် အစားအသောက်တွေ မသန့်မှာကို စိုးရိမ်မိတယ်။ငါမပြောလည်း ဒီသဘောတရားကို မင်းနားလည်ရမယ်။ဘာပဲဖြစ်ဖြစ် အရမ်းစိတ်ရှုပ်သွားစရာမလိုပါဘူး။မင်းကောင်းကောင်းသာလုပ်ရင် မင်းရဲ့သူဌေးဖြစ်တဲ့ငါက မင်းကို ဆုချမယ်"
"ဟုတ်ကဲ့။"
နောက်တော့ သုံးယောက်သား စကားမပြောဖြစ်တော့ဘူး။
စားစရာအတွက် ဝက်သားလုံးများ အဆင်သင့်ဖြစ်ပြီးနောက် ချင်မျန်သည် လဲ့ယ်ထျဲနှင့် ကျန်းလျိုတို့ကို တံကျင်ထိုးရန် သင်ပေးသည်။
"အနီသုတ်ထားတဲ့ ဝါးတုတ်တွေကို အသားဟင်းလျာတွေမှာသုံးပြီး အနီရောင်ဆေးမပါတဲ့ ဝါးတုတ်တွေက အသီးအရွက်တွေ အတွက် သုံးရမယ်။ဒါမှ ငါတို့ အသားနှင့် ဟင်းသီးဟင်းရွက်တွေအတွက် အခကြေးငွေယူတဲ့နေရာမှာ ပိုအဆင်ပြေစေမယ်။ ပိုက်ဆံစုတဲ့အခါ ဝါးချောင်းတွေကို ရေတွက်ရမယ်။တစ်ချောင်းမှာ အသားလုံးလေးလုံး၊ ဟင်းရွက်လည်း လေးခုပဲ။ ငါးအသားလွှာအတွက်လည်း လေးပိုင်း၊ ဝက်လိုင်းသား အတွက်လေးလွှာ; အာလူးခြောက်ချပ်.... ခေါက်ဆွဲတစ်ထုပ်လျှင် ၂ ဝမ်....
Advertisement
မီးဖိုချောင်ထဲက ပွက်ပွက်ဆူနေတဲ့ အိုးက တစ်ပွက်ပွက် အသံမြည်လျက် ဆူနေ၏။ချင်မျန် မွှေလိုက်ကာ အနံ့က ပိုပြင်းလာသည်။ကျန်းလျိုက ရှူရှိုက်ရင်း ပြောလိုက်၏ "အနံ့က အရမ်းကောင်းတာပဲ! သူဌေးကြီး ဘာဟင်းချက်နေတာလဲ?"
ချင်မျန် ပြောလိုက်၏။ "အရိုးစွပ်ပြုတ်လေ။ငါတို့ရဲ့ ဟော့ပေါ့နဲ့ မာလာထျန်းက နံနက်ခင်းမှာ စားသုံးဖို့ မသင့်တော်သေးဘူး။
ဆိုင်က မြွေနာရီရဲ့သုံးပုံတစ်ပုံခန့်(10ခွဲ)မှပဲ စဖွင့်ဖြစ်မယ်။
မင်းရဲ့သူဌေးလေးနဲ့ ငါက ပါဝင်ပစ္စည်းတွေကို ယူလာဖို့ စောစောလာခဲ့မယ်။ငါတို့ အရိုးစွပ်ပြုတ်နဲ့ ဝက်သားလုံးနေချိန်မှာ မင်းက အသီးအရွက်တွေကို ဆေးကြောပြီး ပန်းကန်ပြားတွေကို ပြင်ဆင်ပေး။ဆိုင်ဖွင့်တဲ့အခါ ဖောက်သည်တွေကို ဧည်ခံဖို့လည်း မင်းမှာ တာဝန်ရှိတယ်။မင်း ဒီနေ့ အလုပ်အရမ်းကြိုးစားခဲ့လို့ အိမ်မပြန်ခင် ညနေမှာ ငါတို့နဲ့အတူ ညစာစားလို့ရတယ်။"
ကျန်းလျိုကား အလုပ်ရှင်ကောင်းနှင့် တွေ့ခွင့်ရခဲ့သည့်အတွက် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး "ကျေးဇူးတင်ပါတယ် သူဌေးကြီး၊ သူဌေးလေးကိုလည်း အရမ်းကျေးဇူးတင်ပါတယ်!"
လဲ့ယ်ထျဲကိုလည်း ချန်မထားခဲ့သည့်အတွက် သူ့ရဲ့လိမ္မာပါးနပ်မှုကို ချင်မျန် တိတ်တဆိတ် ချီးကျူးခဲ့သည်။သူ လဲ့ယ်ထျဲကို တစ်ချက်ကြည့်လိုက်ကာ မထိန်းနိုင်စွာ တစ်ချက်ရယ်မောလိုက်ပြီး လှမ်းစလိုက်သည်။ "သူဌေးလေး...ခွန်အားတွေ ထပ်ဖြည့်လိုက်ပါဦး။ မဟုတ်ရင် ညစာစားပြီးလို့ အိမ်ပြန်ရောက်တဲ့အချိန်ကျရင် မှောင်နေလိမ့်မယ်။"
လဲ့ယ်ထျဲက ကျန်နေသည့် ဝါးချောင်း၄၀စာကို ကြည့်လိုက်သည်။ သူ မတ်တတ်ထရပ်ကာ ပြောလိုက်၏။ "ညစာစားကြမယ်"
ချင်မျန်က "မာလာထျန်းချက်ရတာ အချိန်ကုန်သက်သာပါတယ်။ ခေါက်ဆွဲနဲ့တွဲစားရုံပဲလေ။"
ချင်မျန်နှင့် လဲ့ယ်ထျဲ အိမ်ပြန်ရောက်တော့ မှောင်စပြုလာပြီဖြစ်သည်။နောက်တစ်နေ့ ကောင်းကင်တောက်ပလာချိန်မှာတော့ မြို့ထဲသို့ လှည်းလေးမောင်းကာသွားလိုက်သည်။လှည်းပေါ်တွင် ခေါက်ဆွဲညစ်စက်နှင့် ဦးစားပေးဝယ်ထားသည့် ဟင်းသီးဟင်းရွက်တွေကို တင်ဆောင်ထား၏။ဆိုင်ကိုပြန်ရောက်တော့ မနက်စာအတွက် ပေါက်စီအနည်းငယ်ကို ဝယ်ထားလိုက်သည်။
ကျန်းလျိုကား လုံ့လဝီရိယရှိသူပင်။ဆိုင်တံခါးဝမှာ သူတို့နဲ့အတူ တပြိုင်နက်တည်း ပေါ်လာ၏။သုံးယောက်သား နံနက်စာစားကြပြီးနောက် သူတို့၏အလုပ်ကို အသီးသီးခွဲဝေပေးကြသည်။
မြွေနာရီ သုံးပုံတစ်ပုံလောက်မှာ လဲ့ယ်ထျဲက မီးရှူးမီးပန်းတွေကို မီးရှို့ပြီး ချင်မျန်နဲ့အတူ ကမ္ဗည်းပြားပေါ်ရှိ အနီရောင်အ၀တ်စကို လှစ်ဟဖော်ထုတ်လိုက်သည်။
တစ်ဆိုင်လုံးတွင် စားပွဲရှစ်လုံးသာရှိ၏။လေးလုံးမှာ ဆိုင်ထိုင်၍ ဟော့ပေါ့စားမည့် ဖောက်သည်တွေအတွက်ပင်။ချင်မျန်သည် အဆိုပါ စားပွဲလေးလုံးကို လက်သမားဆိုင်တွင် ပြန်လည်တည်ဆောက်ထားပြီး စားပွဲတစ်ခုစီကို ဟင်းချက်ရန်အတွက် မီးသွေးမီးဖိုပါ ထည့်သွင်းထားသည်။ဆိုင်အပြင်ဘက်ရှိ စားပွဲလေးလုံးကဖြင့် မာလာထျန်းစားသောက်ကြမည့် ဖောက်သည်များအတွက်ဖြစ်သည်။
မာလာထျန်းချက်ရန် အိုးကြီးကြီးကို တံခါးနားမှာ ချထားလိုက်သည်။ဟင်းချိုကို ပွက်ပွက်ဆူအောင် ပြုတ်ပြီးနောက် ထွက်ပေါ်လာသည့် ရနံ့မှာ အနံ့အရသာ ကြွယ်ဝကာ ဆောင်းဦးလေတလျှောက် လွင့်ပျံလာပြီး အဝေးမှ လူများကို ဂရုတစိုက်သတိထားကြည့်ရန် ဆွဲဆောင်ခဲ့သည်။
မနေ့က လူသိရှင်ကြား ကြော်ငြာချက်က အရမ်းထိရောက်ခဲ့ပြီး မကြာခင်မှာပဲ ဆိုင်ထဲကို လူတစ်စုရောက်လာခဲ့သည်။
ကျန်းလျိုက "အရသာရှိတဲ့ ဟော့ပေါ့နဲ့ မာလာထျန်း... တစ်ခါစားပြီးရင် ဒုတိယပွဲပါ လိုချင်သွားမယ်!"
အဝင်ဝတွင် သစ်သားအလွှာသုံးလွှာ ခင်းထားပြီး ပန်းကန်မျိုးစုံကို ခင်းကျင်းထားသည်။သစ်သားစင်ပေါ်ရှိ ဟင်းမျိုးစုံကို စိတ်ဝင်တစား ကြည့်နေသည့် အသက် 20 ခန့်ရှိ ကုန်းဇီ လူငယ်တစ်ဦးကို တွေ့ရသောအခါ ကျန်းလျိုသည် သစ်သားခြင်းတောင်းလေးကို ချက်ချင်းယူကာ "အရသာရှိတဲ့ မာလာထျန်းအတွက်ပါ။အသီးအရွက်တစ်ချောင်းအတွက် ၁ ဝမ်။အသားက ၂ဝမ်ပါ။စျေးတန်လွန်းပြီး အရသာရှိတယ်နော်။ကုန်းဇီ...မင်းစားချင်တာကို ရွေးလို့ရတယ်။"
ကုန်းဇီလေးသည် သူစားလိုသော အမယ်များကို စိတ်ဝင်စားစွာ ကောက်ယူပြီး ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။ထို့နောက် စားစရာတွေကို ချက်ပြုတ်ရန်အတွက် တောင်းကို တံခါးဝရှိလဲ့ယ်ထျဲကို ပေးလိုက်သည်။
ခဏအကြာ ဒုတိယလူရောက်လာပြီး နောက် တတိယလူ-----
"စားပွဲထိုး....ငါတို့ညီအကိုတွေ ဟော့ပေါ့စားမယ်!" သွမ့်တာအဝတ်အစားဝတ်ထားတဲ့ အမျိုးသားကြီးလေးယောက်က ဆိုင်ထဲကို ၀င်လာသည်။
ကျန်းလျိုက အလျင်အမြန်ပြေးလာပြီး "လူကြီးမင်း
..ကျေးဇူးပြုပြီး ထိုင်ပါ။ကျွန်တော်တို့ဆိုင်မှာ ဟင်းပွဲတွေအကုန်ရှိတယ်....လူကြီးမင်း မှာပြီးတာနဲ့ချက်ချင်းစားလို့ရတယ်။"
"ငါးအသားလွှာ၊ ဝက်သား၊ ဝက်သားလုံး..."
ကျန်းလျို သူပြောတာကို နားထောင်နေကာ မှာကြားမှုကို အပြီးသတ်ဖို့ စောင့်ရင်း ပြီးနောက် မီးဖိုချောင်ထဲကို အမြန်ပြေးသွားပြီး ပါဝင်ပစ္စည်းတွေကို ပန်းကန်တွေပေါ်တင်ကာ စားပွဲပေါ်တင်လိုက်သည်။မီးသွေးထည့်လိုက်သည်နှင့် မီးဖိုပေါ်မှ မီးက ပိုတောက်လာပြီး ဟော့ပေါ့ဟင်းရည်လည်း မကြာမီ ကျက်သွားလေသည်။အနံ့က ပတ်ပတ်လည်မှာ ဝဲနေ၏။
ဆိုင်အပြင်ဘက် စားပွဲပေါ်မှ အမျိုးသားတစ်ဦးသည် မာလာထျန်းကို စားသုံးနေပြီး ချီးမွမ်းစကားတွေဖြင့် ထုံသင်းနေ၏။
"အရသာရှိတယ်....စပ်ပြီး ထုံနေတာပဲ။စပ်စပ်နဲ့ ကျေနပ်အားရစရာကောင်းလောက်အောင် ထုံစေတယ်!"
လူတွေက ဆက်လာပြီး မကြာခင်မှာ ထိုင်ခုံတွေ မရှိတော့ဘူး။
ချင်မျန် ပြုံးပြီး ကြည့်နေသည်။ဤလမ်းကြောင်းကိုအခြေခံရရင် ယနေ့ခေတ်အလှည့်အပြောင်းကား ဆိုးရွားမည်မဟုတ်လောက်။
"ရှင်းမယ် သူဌေး.." လူငယ်စုံတွဲတစ်တွဲက ချင်မျန်ကို လက်ယပ်ခေါ်လိုက်သည်။
ချင်မျန် အမြန်လျှောက်လာပြီး "လာမယ်။"
သူ စားပွဲပေါ်ရှိ ဝါးတုတ်တွေကို ရေကြည့်ရင်း ပြုံးရွှင်စွာ ပြောလိုက်သည်။ "အသီးအရွက် ခုနစ်ချောင်းနဲ့ အသားဟင်း ခြောက်ချောင်း၊ စုစုပေါင်း ၁၉ ဝမ်ပါ။ 20% လျှော့စျေးရတဲ့အတွက် 15 Wen သာကျသင့်ပါတယ်။အားပေးမှု အတွက် ကျေးဇူးတင်ပါတယ်။နောက်တစ်ခေါက် လာခဲ့ပါဦး။
ဇနီးမောင်နှံနှစ်ဦး ပျော်ရွှင်စွာ ငွေပေးချေပြီး ခြေလှမ်းအနည်းငယ်သာ ဝေးကွာသွားပြီးနောက် ထိုင်ခုံများကို ဖောက်သည်အသစ်များက နေရာယူခဲ့ကြသည်။
Advertisement
မုတ်ဆိတ်မွေးတိုတိုဖြင့် အဘိုးကြီးတစ်ယောက်နှင့် အသက်ဆယ်နှစ်ခန့် ယောက်ျားလေးနှစ်ယောက် ဆိုင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ဆိုင်တွင် ထိုင်ခုံအလွတ်မရှိသည်ကို တွေ့သောအခါ အဘိုးအိုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ထိုင်ခုံမကျန်တော့ဘူးလား?"
ချင်မျန်က "ကြိုဆိုပါတယ် ဂုဏ်သရေရှိ လူကြီးမင်း....ဒီက သုံးဦးက မြို့ထဲက လာတာဖြစ်ရမယ်။ဒီကဖောက်သည်တွေက ဟော့ပေါ့ (ဒါမှမဟုတ်) မာလာထျန်းကို စားချင်သလား မသိဘူး။ ဟော့ပေါ့ရဲ့ကုန်ကြမ်းပါဝင်ပစ္စည်းတွေက မာလာထျန်းနဲ့ အတူတူပါပဲ။နှစ်မျိုးလုံး အရသာရှိတယ်။ဒီက လူကြီးမင်းတို့က ဟော့ပေါ့စားချင်ရင်တော့ စောင့်နေရမှာစိုးရိမ်မိတယ်။ဒါပေမဲ့ မာလာထျန်းဆိုရင် အိမ်ပြန်သယ်လို့တောင်ရတယ်။အနှောက်အယှက်မရှိတဲ့အပြင် အကြာကြီးလည်း မစောင့်ရပါဘူး။"
အဘိုးအိုက ရယ်မောကာ ကြိမ်ဖန်များစွာ သူ့ကို မကြည့်ပဲမနေနိုင်တော့။ " ဒီသူဌေးလေးက ကိစ္စတွေကို ရိုးရိုးရှင်းရှင်းဖြစ်အောင် လုပ်ပေးတတ်တာပဲ။"
ချင်မျန်လည်း ရယ်လိုက်၏ " အမှန်အတိုင်းပြောတာပါဗျာ။"
"ဘိုးဘိုး.... ကျွန်တော် မစောင့်ချင်ဘူး" ကောင်လေးက အဘိုးကြီးရဲ့လက်ကိုဆွဲပြီး အရိပ်အမြွက်ပြလိုက်သည်။
အဘိုးအိုက သူ့ကို ပြုံးပြုံးလေးကြည့်ပြီး "ဒါဆို မာလာထျန်းကို မှာလိုက်မယ်"
ချင်မျန် လက်ဟန် ပြလိုက်၏။ "လူကြီးမင်း...ကျေးဇူးပြုပြီး စားချင်တာကို ရွေးပါ"
ချင်မျန်သည် အနောက်ဘက်နေ၀င်ချိန်အထိ ထိုင်ခုံအပြည့်ဖြစ်နေမည့်မြင်ကွင်းကို အနည်းနှင့်အများ မမျှော်လင့်ထားမိပေ။ အနီးနားရှိလူများပင် မိမိတို့ကိုယ်တိုင် ပန်းကန်များကို ယူဆောင်လာခဲ့ကြသည်။
"သူဌေးကြီး....မာလာထျန်းအတွက် ဟင်းပွဲတွေ ကုန်သွားပြီ!" ကျန်းလျိုက အချိန်မီ သတင်းပို့ပြီး မျက်နှာပေါ်ရှိ ချွေးတွေကို လည်ပင်းပေါ်ရှိ ပုဝါဖြင့် သုတ်ကာ ဗိုက်ကို တိတ်တဆိတ် ပွတ်သပ်လိုက်သည်။ဒီနေ့ ဖောက်သည်တွေ အရမ်းများ၏။သူတင်မကဘဲ သူဌေးနှစ်ယောက်လည်း နေ့လယ်စာစားဖို့ပင် အလုပ်များလွန်းခဲ့သည်။သူတို့ ယခုအချိန်မှာ ဗိုက်ဆာနေခဲ့ပြီ။
ချင်မျန် ဝမ်းသာအားရဖြစ်ရသလို စိတ်လည်းပူမိသွားသည်။ "ဒီလောက်တောင် ရောင်းကုန်သွားပြီလား?အခုတော့ နောက်တစ်မျိုးကို ညှပ်ဖို့ နောက်ကျသွားပြီ။ထားလိုက်တော့။ဟင်းပွဲတွေ ကုန်သွားရင် တံခါးကိုပိတ်ထားလိုက်တော့။"
ဟော့ပေါ့ဝိုင်းက ဖောက်သည်တွေ စားပြီးသွားချိန်မှာတော့ မီးဖိုချောင်ရှိ ဟင်းပွဲများ ကုန်သွားလေသည်။
လဲ့ယ်ထျဲက ကျန်းလျိုကို ဆိုင်တံခါးတစ်ဝက် ပိတ်ခိုင်းလိုက်၏။
ချင်မျန် ကောင်းကင်ကို မော့ကြည့်ပြီး ညည်းတွားလိုက်ကာ "ကျွန်တော်တို့ရဲ့ ခန့်မှန်းချက်က နည်းနည်း လိုသွားတယ်။ နောက်နှစ်နာရီလောက်သာ ထပ်ရောင်းရရင် ပိုက်ဆံအများကြီးရနိုင်တယ်"
လဲ့ယ်ထျဲက ပြေရာပြေငြိမ်း ပြောလိုက်သည်။ "မနက်ဖြန် ဟင်းပွဲတွေ ထပ်ပြင်ထားကြမယ်"
ချင်မျန်လည်း ထိုသို့ တွေးမိသည်။အံဆွဲထဲက ငွေတုံးနဲ့ ကြေးပြားတွေကို ပျော်ရွှင်စွာ ကြည့်လိုက်သည်။သူ ကြေးပြားဆယ်ပြားကိုထုတ်ပြီး ကျန်းလျိုကို ပေးလိုက်၏။ "လျိုဇီလေး... ခေါက်မုန့်သွားဝယ်။မင်းရဲ့သူဌေးလေးနဲ့ ငါ ပိုက်ဆံရေတွက်လိုက်ဦးမယ်"
"ဟုတ်ကဲ့"
ချင်မျန် ပိုက်ဆံတွေကို နှစ်ပုံလောက်ခွဲလိုက်သည်။တစ်ပုံကို သူရေတွက်ပြီး လဲ့ယ်ထျဲက နောက်တစ်ပုံကို ရေတွက်နေလိုက်သည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
"ဟုတ်ကဲ့။"
Advertisement
- In Serial6 Chapters
Dark Wizard's Case. LitRPG series
Alexander Dumsky, or Alex Doom, was a dark wizard. At the age of seventeen, he was convicted of a litany of crimes so long that even the seasoned investigators, judges, and prosecutors involved in the case could only shudder.Not a single attorney could be found to defend him in court.But four years later, Alex was released from prison to become the Professor of Dark Magic. They'd thrown him into the deepest hole they could find, one built for the sole purpose of holding wizards, and then they let him back out again...Why him? Why then?Oh, you're not surprised to hear talk of wizardry? Well, then you probably know that the Magic Lens, which was invented in 2032, let humans see and use magic again.Or do you know? Glad to introduce you one more of my top series "Dark Wizard's case". The book is just started translating from Russian into English. Active publishing of the chapters will begin in March. Now you can add the book to your marks to get the new chapters on time.
8 153 - In Serial8 Chapters
STAR WARS Edge of the Empire: Life & Death on the Rim (Season 1)
Experience the galaxy of STAR WARS in a whole new way.. A Star Wars story told from the perspective of Killik Faz, a young Corellian pilot who grew up just like his hero, Han Solo, now thrust into a life of bounty hunting, choosing sides, and escaping "old friends", as he finds himself part of a mercenary crew. This is an episodic adventure that will take you places you've never been, as well as revisit some familiar places and faces. Strap in, don't touch that lever, and welcome to Life & Death on the Rim... (If you enjoy, please leave a rating, comment, and/or review! #herestothefans)
8 209 - In Serial14 Chapters
Army of one
"If you want something done right, you have to do it yourself" - Some Dude. Gary was given the chance for a new life in a strange world filled with magic and swords, but for Gary who had knowledge about such phenomenons (isekai). He knew he couldn't rely on the natives. No it was only him that he had to rely on if he wanted to succeed, luckily God gifted the perfect skill to help. [CLONE] The ability to clone yourself, knowledge, skills and all! With a [Clone] army that consists of the same persons intelligence, powers,and flaws.... What could possibly go wrong? Warning: First time Author, grammar will suck. Lot's of stupid jokes and banter. Status and litrpg elements. The novel will focus on building up the army and base. With some exploring of the lands, even though they are technically the same person the clones will have their own adventures that tie into the larger plot.
8 204 - In Serial46 Chapters
Alaric: The Failed Project
Mark Fanjo’s first webnovel of Jiro Nakojima, an average teenager who has reincarnated into a world of swords and magic. His ambition to become someone vanishes as he soons discovers he has no magic, and is left as a completely vulnerable child. After losing everything and experiencing near-death, he inherits the powers of the world’s ancient nightmare. As his journey continues, he slowly unveils the truth of his powers and his new world.
8 197 - In Serial17 Chapters
Romance is Boring || Wilbur Soot x Reader
You recently moved to California with your mom and had to leave your friends and everything else behind. When you started attending your new school, you've suddenly met people you already knew. That's how everything started...[Okay, this is my first story ever so please don't judge me too hard. I'll try my best on this but I cannot promise you guys that this will be good...]Wilbur's Soot x ReaderLunchclub x Reader#363 in reader tag ( ͡° ͜ʖ ͡°)#173 in ff tag#538 in wilbursoot tag#29 in ghostbur tag#489 in dreamsmp tag#868 in mcyt tag#201 in sbi tag#82 in jschlatt tag
8 293 - In Serial10 Chapters
Leah's Writer's Room
Want to ask me questions? See my behind the scenes? Even see my upcoming story sneak peeks? Here you can request for a chapter read request as well as critique. There's even something better-talking to me about anything you want!
8 120