《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[46]
Advertisement
[Unicode]
046: လဲ့ယ်ရှန်းကျစ်
ချင်မျန် ပြုံးကာ မေးလိုက်သည်။
"အခြေအနေ ဘယ်လိုလဲ?"
ဖုန်းဟုန်လျိုက အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ “ပြီးပြီ။ရွာကို ပြန်ရောက်တာနဲ့ မင်း အစ်မတို့ကို သင်ပေးထားတဲ့အတိုင်း တခြားသူတွေကို ဖြန့်လိုက်တယ်။အခု တရွာလုံး ပျံ့သွားပြီ။”
အဲဒီနောက် ကျိုးဆွေ့ဟွာက ပြောလိုက်သည်။
“ဒီနေ့ကိစ္စမှာ လူအိုကြီးစုံတွဲက အကြင်နာမဲ့တဲ့အပြင် မင်းနဲ့ အိမ်ခွဲနေပြီးတာတောင် မင်းကို အပြစ်ရှာဖို့ လာတယ်ဆိုတာ လူတိုင်းသိသွားပြီ။ဒီအချိန်ထိ တစ်ရွာလုံးက ဒါပဲ ပြောနေကြတာ။လူတိုင်းက မင်းဘက်မှာ ရှိတာများပါတယ်။”
"အဲဒါကောင်းတယ်။" ချင်မျန် သူပြင်ဆင်ထားသည့် ဝမ်၈၀ကို ထုတ်ယူလိုက်သည်။ "အစ်မတို့က ကျွန်တော်တို့ သူတို့ကို ဘာမှ မလုပ်ခဲ့တာကိုလည်း ဒီနေ့ မြင်တာပဲလေ။တခြားရွေးချယ်စရာမရှိလို့သာ ဒီနည်းလမ်းလေးကိုသုံးရတာ။ကျန်တော်တို့ အနာဂတ်မှာ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နိုင်ဖို့သာ လုပ်ကြတာပေါ့။ဒါကြောင့် ဒီနေ့အကြောင်းတွေကို စတုတ္ထလူတစ်ယောက် မသိစေချင်ဘူး။အစ်မတို့ နားလည်တယ်မလား?"
ဆယ်ကျော်သက်လေး၏အမြဲတမ်းလိုလို ကြင်နာတတ်သည့် မျက်လုံးများသည် ရုတ်တရက် စူးရှလာပြီး ဆွဲဆောင်မှုရှိသည့် ရောင်ဝါကို ပြသလျက်ရှိနေ၏။ကျိုးဆွေ့ဟွာနဲ့ဖုန်းဟုန်လျိုတို့ နှစ်ယောက်စလုံး ထိတ်လန့်သွားကြသည်။
ဖုန်းဟုန်လျိုက သူ့သဘောထားကို အလျင်စလိုပြောခဲ့၏- "မောင်လေး..တခြားလူ မသိစေရဘူးဆိုတာ စိတ်ချထားနိုင်တယ်"
ကျိုးဆွေ့ဟွာကလည်း အဆက်မပြတ် ခေါင်းညိတ်သည်။
ချင်မျန် ခပ်ပါးပါးလေး ပြုံးပြပြီး ကြေးဒင်္ဂါးပြားနှစ်တွဲကို ပေးလိုက်သည်။ "ကျေးဇူးအများကြီးတင်ပါတယ်။"
"ရပါတယ်။"
ပိုက်ဆံတွေလက်ထဲရောက်တာနဲ့ အမျိုးသမီးနှစ်ယောက်လုံးမှာ ပြုံးပြီး မတ်တပ်ထရပ်လိုက်ကြသည်။
"ဒါဆို မင်းတို့ နေ့လည်စာ စားနေတာကို ငါတို့ အနှောင့်အယှက် မပေးတော့ပါဘူး။"
ချင်မျန် သူတို့ကို ခြံတံခါးဝအထိ လိုက်ပို့ပေးပြီး osmanthusပန်းနှစ်ကိုင်းကို ချိုးယူလိုက်သည်။
“ဒီပန်းတွေက အရမ်းမွှေးတယ်။အစ်မတို့ ကြိုက်လိမ့်မယ်။သူတို့ကို အိပ်ယာဘေးမှာထားလိုက်ရင် အစ်မတို့ အိပ်ယာကနေနိုးလာတဲ့အခါ လန်းဆန်းစေတယ်”
ကျိုးဆွေ့ဟွာနဲ့ဖုန်းဟုန်လျိုတို့သည် နှလုံးသားထဲတွင် တုန်လှုပ်သွားသလို ခံစားလိုက်ရပြီး ကျေးဇူးတင်စကားဆိုကာ လက်ခံလိုက်ကြသည်။
ခပ်ဝေးဝေးမရောက်ခင်မှာပင် အဒေါ်ကြီးတစ်ယောက်နဲ့ တွေ့လိုက်ရသည်။
"နင်တို့ အခုဘယ်အိမ်ကနေပြန်လာတာလဲ?"
ချင်မျန်အိမ်၏အလုံပိတ်နံရံကို စိုက်ကြည့်ရင်း ထိုအဒေါ်က အပြုံးတုဖြင့်ပြုံးပြလိုက်သည်။
ဖုန်းဟုန်လျိုက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။ " အိုး.. ဟုတ်တာပေါ့။ချင်မျန်တို့မိသားစုက တောင်ပေါ်ကနေ osmanthus သစ်ပင်နှစ်ပင်ကို တူးလာကြတယ်လို့ ကြားတယ်လေ။အဲ့အပင်တွေက အရမ်းမွှေးတယ်။ကျွန်မတို့ နှစ်ယောက်စလုံး အကိုင်းအခက်တွေများ ယူလို့ရမလား သွားမေးတာ။
အနံ့ မရဘူးလားအဒေါ်?"
".........."
နေ့လည်စာစားပြီးနောက် ချင်မျန်နှင့် လဲ့ယ်ထျဲတို့ ကျန်းတရွှေအိမ်ကို သွားကြသည်။ကျန်း ဇနီးမောင်နှံတွင် စုစုပေါင်း သားသမီး သုံးဦးရှိသည်။အကြီးဆုံးသားက ၁၁ နှစ်ဖြစ်ပြီး သူ့နာမည်မှာ ကျန်းပေါင်လုပင်။ဒုတိယနှင့် တတိယမှာ မိန်းကလေးများဖြစ်ကာ သူမတို့သည် အလွန်လှပသည့် မိန်းကလေးငယ်များဖြစ်သည်။ဒုတိယက အသက် ၉ နှစ်အရွယ် ကျန်းရီမေ့ဖြစ်ပြီး တတိယမှာ အသက် ၆ နှစ်အရွယ် ကျန်းအားလီ ဖြစ်သည်။
ဒီအကြောင်းကို ချင်မျန် ပထမဆုံးသိလိုက်ချိန်မှာတော့ ကျန်းတရွှေက နာမည်ဘယ်လိုရွေးရမယ်ဆိုတာ သိတယ်လို့ သူနဲ့တောင် နောက်ပြောင်ခဲ့သေးသည်။
လူတစ်ဝက်ခန့်မြင့်သော ခြံစည်းရိုးများရှေ့သို့ရောက်သောအခါ ပင်မအိမ်တံခါးပွင့်နေသည်ကိုတွေ့လိုက်ရ၏။
"အစ်ကိုကျန်း အိမ်မှာလား?"
ခဏအကြာတွင် အရပ်ရှည်ရှည် ယောက်ျားကြီးတစ်ယောက် ခပ်ပြုံးပြုံးဖြင့် အိမ်ထဲမှ ထွက်လာသည်။
"ဒီမှာ ရှိတယ်။လာဝင်ထိုင်။"
ချင်မျန်နှင့် လဲ့ယ်ထျဲတို့ အိမ်ထဲမဝင်မီ တံခါးဝတွင် ရွှံ့နွံများကို ခါလိုက်ကြသည်။
"မင်းတို့နှစ်ယောက် ဒီနေ့ ဘယ်လိုဖြစ်ပြီး ရောက်လာကြတာလဲ?"
မရီးကျန်းက ပြုံးပြုံးလေး မေးရင်း သူတို့အတွက် လက်ဖက်ရည် ထည့်ပေးလိုက်၏။
ကျန်းပေါင်လုကား အိမ်တွင်မရှိပေ။ကျန်းရီမေ့ နှင့် ကျန်းအားလီတို့သာ အနည်းငယ် ကြောက်ရွံ့နေကြပြီး မရီးကျန်းကို ဖက်ထားကြသည်။
ချင်မျန်က သူ့လက်ထဲမှာရှိတဲ့ သရေစာမုန့်ထုပ်တွေကို မရီးကျန်းကို ပေးခဲ့ပြီး "ဒါက ကလေးတွေအတွက် ပေးဖို့ ကျွန်တော် အိမ်မှာလုပ်ထားတဲ့ သရေစာမုန့်တွေပါ"
မရီးကျန်းနဲ့ ကျန်းတရွှေတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြသည်။သူတို့မျက်လုံးထဲမှာ ချင်မျန်ကိုယ်တိုင်ကိုက အငယ်လေးပင်။ထို့ကြောင့် အထူးသဖြင့် ရယ်စရာကောင်းနေ၏။
မိသားစုနှစ်ခုကြားက ဆက်ဆံရေးက အတော်လေးကောင်းသည်။မရီးကျန်းက ယဉ်ကျေးစွာ လက်ခံပြီး။ “မင်း ဒီကိုလာတဲ့အချိန်တိုင်း အစားအသောက်တွေ ယူလာရင် ကလေးတွေက မင်းအိမ်ထဲကို နေ့တိုင်း ပြေးဝင်တော့မှာကိုသတိထားနေတော့နော်။ဒါကို ဘယ်လိုလုပ်ထားတာလဲ?တော်တော်လေးကို အမြင်ဆန်းပြီး အနံ့လေးလည်းကောင်းတယ်။”
ချင်မျန်က လက်မခံဝံ့စွာဖြင့် "လုပ်ရတာ ရိုးရှင်းပါတယ်ဗျာ။ကော်ကျီဇ်လို့ ခေါ်တယ်။ဂျုံမှုန့်ကို ရောမွှေပြီး သကြားအနည်းငယ်ထည့်၊ ဂျုံမှုန့်ကို အတုံးသေးသေးလေးတွေဖြစ်အောင် လုပ်ပြီး နှမ်းစေ့နဲ့ လှိမ့်ပြီး ကြော်ရုံပါပဲ။”
ကြော်ထားတဲ့ အစားအစာတွေကို နှစ်သစ်ကူးနဲ့ ပွဲတော်တွေမှလွဲပြီး ဘယ်သူမှ မစားနိုင်ပေ။ထို့မုန့်တွေက ဆီတွေလိုအပ်သည်လေ။ယင်းကြောင့် မရီးကျန်းသည် ချင်မျန်က လဲ့ယ်ထျဲနှင့် ကောင်းမွန်တဲ့ဆက်ဆံရေးရှိရုံသာမက သူမတို့၏မိသားစုအပေါ်မှာလည်း ရင်းနှီးကြောင်း လေးလေးနက်နက်တွေးခဲ့မိသည်။
ကလေးနှစ်ယောက်က ထိုစက္ကူအထုပ်ကို စိုက်ကြည့်နေတာကို မြင်လိုက်ရတော့ လက်တဆုပ်စာလောက်ကို ပေးကာ ကျန်တာကို ထုပ်သိမ်းထားလိုက်သည်။
"ကျေးဇူးတင်လိုက်လေ ဦးလေးချင်ကို"
"ကျေးဇူးတင်ပါတယ် ဦးလေးချင်" ကလေးနှစ်ယောက်က မုန့်တွေကို လက်ထဲမှာ ကိုင်ထားပြီး ပျော်ပျော်ကြီး ပြေးထွက်သွားကြသည်။
Advertisement
"ဒီနေ့ တစ်ခုခုကိစ္စရှိလို့လား?" ကျန်းတရွှေ မေးလိုက်သည်။လဲ့ယ်ထျဲက စကားမပြောချင်မှန်းသိသဖြင့် သူ ထိုလူကို ကြည့်မနေတော့ဘဲ ချင်မျန်ကိုသာ မေးလိုက်၏။
ချင်မျန်က စားသောက်ဆိုင်ဖွင့်တော့မည် ဖြစ်ကြောင်းနှင့် ဝါးတုတ်ချောင်းလေးတွေကို လုပ်ပေးနိုင်မယ့်လူ ငှားချင်ကြောင်းလို့ ပြောလိုက်သည်။
လဲ့ယ်ထျဲကတော့ ချင်မျန်၏ဆုံးဖြတ်ချက်မှန်သမျှကို အရာရာတိုင်းတွင် လိုက်လျောမည်ဟု သဘောထားကာ ဘေးတွင် လက်ဖက်ရည်သောက်နေသည်။
မရီးကျန်းက အရမ်းပျော်သွား၏။ “ဒါက ကောင်းတဲ့ကိစ္စပဲ။အစ်မအမျိုးသားတောင် ဒီနှစ်ရက်အတွင်း မြို့လေး ဒါမှမဟုတ် ခရိုင်ကိုသွားပြီး အလုပ်တက်လုပ်ဖို့ စဉ်းစားနေတာ။
ကြည့်ပါဦး,ရှင့်ညီအစ်ကိုနှစ်ယောက်က ရှင့်ကို အမှတ်ရနေပေးတာပဲ။"
ကျန်းတရွှေလည်း ပျော်သွားသည်။လောလောဆယ်မှာ လယ်သမားတွေအတွက် ဘာမှလုပ်စရာမရှိသေးဘူး။လူတော်တော်များများက အလုပ်ရှာဖို့ မြို့ကိုသွားခဲ့ကြပေမယ့် မတွေ့နိုင်ကြသေးပေ။ထို့အပြင် အချို့အလုပ်တွေက ပင်ပန်း၍ လစာကျနည်းသေးသည်။
"ဝါးတုတ် လုပ်ရမှာမလား။ရိုးရှင်းပါတယ်၊ငါ့တာဝန်သာ ထားလိုက်။"
ထိုသို့ပြောပြီးနောက် ချင်မျန်သည်လည်း တောင်းဆိုချက်ကို ရှင်းရှင်းလင်းလင်း ပြောပြချင်သေးသည်။ “လုပ်အားခကတော့ ဝါးတုတ်အရေအတွက်အတိုင်းပါ။ဝါးချောင်းတစ်ရာကို ဝမ် ၁၀ဝ ပေးမှာပါ။ဝါးချောင်းတွေက အစားအသောက်အတွက်ဖြစ်တာကြောင့် သုံးမယ့်ဝါးချောင်းတွေမှာ ဝါးကျောရိုးရှိလို့မဖြစ်ဘူး။စတင်ဖွင့်လှစ်မယ့် ရက်အနည်းငယ်တွင် လုပ်ငန်းဘယ်လို ဘယ်ပုံရှိမလဲဆိုတာကိုရှင်းရှင်းလင်းလင်းမသိရသေးတာကြောင့် ပထမနေ့အတွက် ဝါးအချောင်း ၄၀၀ ကို အရင် ပြင်ဆင်ကြည်လိုက်မယ်။အဲဒီအထဲကမှ 100 ကို ဝါးချောင်းရဲ့တစ်ဖက်မှာ အနီရောင်ဆေးနဲ့ ခြယ်မယ်။အဲဒီနောက်မှာတော့ အနီကို ဘယ်လောက်အရေအတွက်ထိ ခြယ်သသင့်တယ်ဆိုတာ တကယ့်အခြေအနေပေါ် မူတည်ပြီး ကြည့်လိုက်မယ်။”
ဝါးတွေက နေရာတိုင်းတွင်ပေါက်ရောက်နေတာ
ကြောင့် ကုန်ကျစရိတ်မရှိပေ။ဒါက စရိတ်စကမပါဝင်ရတဲ့ လုပ်ငန်းတစ်ခုပင်။ကျန်းတရွှေ နှင့် မရီးကျန်းတို့သည် ငြင်းဆန်စရာမရှိတာကြောင့် တစ်ချိန်တည်းတွင် ခေါင်းညိတ်လိုက်ကြသည်။
"မင်းတို့ ငါ့ကို ယုံကြည်ကြလို့ ငါ့ကို ဌားတာပဲ။မင်းတို့ ကျေနပ်အောင် သေချာလုပ်ပေးပါ့မယ်။" ကျန်းတရွှေက ကတိပြုသည်။
ကျန်းတရွှေရဲ့အိမ်ကနေထွက်လာတော့ လဲ့ယ်ထျဲက ရေတွင်းတူးသမားကိုရှာဖို့သွားခဲ့သည်။ချင်မျန်လည်း ဘာမှလုပ်စရာမရှိတာကြောင့် လဲ့ယ်ထျဲနဲ့အတူ လိုက်သွားပြီး သူတို့ကိစ္စတွေအပြီးသတ်လာခဲ့သည်။
နောက်တစ်နေ့တွင် ခြံထဲ၌ ရေတွင်းတူးသမားလေးဦး ရောက်လာသည်။
ချင်မျန်သည် သူ့ယခင်ဘဝက ကျေးလက်ဒေသတွင် သူမြင်ဖူးသော ရေဖိအားရေတွင်းကို ပြန်ပြောင်းသတိရပြီး အဆောက်အဦးပုံကြမ်းတစ်ခုကို ရေးဆွဲခဲ့သည်။ချက်ခြင်းဆောက်လုပ်ဖို့ရာ သံဆိုင်သို့ ခေါ်သွားရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဆွေးနွေးဖို့ စိတ်ပြောင်းသွားပြီး ပုံကြမ်းကို နယ်မြေထဲတွင်သာ ထည့်သိမ်းထားခဲ့သည်။
မထင်မှတ်ပဲ မနက်စာစားပြီး သိပ်မကြာခင်မှာပဲ ရှားရှားပါးပါး ဧည့်သည်တစ်ယောက် သူတို့အိမ်ကို ရောက်လာခဲ့သည်။
"လောင်တာ့....မရီး...." လဲ့ယ်ရှန်းကျစ်သည်ကား သူ့မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခု ရှိနေသည်။
“ပဉ္စမညီငယ် ပြန်လာပြီလား?လာဝင်ထိုင်လေ။"
ချင်မျန် သူ့ကို နွေးထွေးစွာ ကြိုဆိုလိုက်သည်။လဲ့ယ်ရှန်းကျစ်က သင်ယူတတ်မြောက်လွယ်သူဖြစ်ကြောင်း ကြိမ်ဖန်များစွာ ကြားဖူးသည်။သူ လာမည့်နှစ် ဖေဖော်ဝါရီလတွင် ခရိုင်အဆင့် အင်ပါယာစာမေးပွဲတွင် ပါဝင်ဖြေဆိုမည်ဖြစ်ပြီး ရှု့ချိုက်ကို အောင်နိုင်ဖွယ်ရှိသည်။
'ဧကရာဇ်တရားရုံးမှာ တစ်ယောက်ယောက်ရှိတာနဲ့ ကိစ္စတိုင်းကို လွယ်လွယ်ကူကူ ကိုင်တွယ်ဖြေရှင်းနိုင်တယ်' ဆိုတဲ့ စကားအတိုင်း အရည်အချင်းရှိတဲ့ လူတွေနဲ့ ဆက်ဆံရေးကောင်းဖို့ လိုအပ်သည်။
သုံးယောက်သား ဧည့်ခန်းထဲတွင် ထိုင်လိုက်ကြသည်။ "ဒီနေ့ အားလပ်ရက်မို့လို့လား?"
“ဟုတ်တယ်။မနက်ဖြန်မနက် ကျောင်းပြန်တက်ရမယ်" လဲ့ယ်ရှန်းကျစ်က သူ့အစ်ကိုကို လေးလေးစားစား ပြန်ပြောရင်း လက်ဖက်ရည်ခွက်ကို ကိုင်လိုက်သည်။
လဲ့ယ်ထျဲ ပြောလိုက်၏။ “ငါတို့မှာ နွားလှည်းရှိတယ်။မနက်ဖြန်လိုက်ပို့ပေးမယ်။"
“ကောင်းပါပြီ။အစ်ကိုကြီးကို ကျေးဇူးအများကြီးတင်ပါတယ်” လဲ့ယ်ရှန်းကျစ်က ဝမ်းမြောက်စွာ လက်ခံလိုက်သည်။
အခြေခံ နှုတ်ခွန်းဆက်စကားများ ပြီးနောက် လဲ့ယ်ထျဲကတော့ နှုတ်ဆိတ်နေခဲ့သည်။
လဲ့ယ်ရှန်းကျစ်က ခြံဝင်းအတွင်းရှိ osmanthus သစ်ပင်များကို ကြည့်လိုက်သည်။
"အစ်ကိုကြီးနဲ့ မရီးတို့အိမ်က တော်တော်ပြောင်းလဲသွားတယ်။အစ်ကိုတို့နှစ်ယောက် ကောင်းကောင်းကြိုးစားထားတာကို ကျွန်တော် မြင်နေရတယ်။တခြားညီအကိုတွေနဲ့ ကျွန်တော်လည်း စိတ်သက်သာရာရသွားပါပြီ။”
ချင်မျန်က ရွှင်မြူးစွာဖြင့် “အပြောင်းအလဲက တော်တော်ကြီးတယ်။မင်းနဲ့ တခြားညီအကိုတွေ လွတ်လွတ်လပ်လပ် လာလည်လို့ရတယ်။"
လဲ့ယ်ရှန်းကျစ်က ခေါင်းညိတ်ပြပြီး သူ့ကိုကြည့်ကာ စကားစပြောတော့မည်ဖြစ်သော်လည်း ဘာမှမပြောဖြစ်ပေ။
ချင်မျန် ပြောလိုက်သည်။ "ပဉ္စမမြောက်ညီငယ်က ရွာမှာပျံ့နှံ့နေတဲ့ ကောလဟာလတွေကြောင့် ဒီကိုလာခဲ့တာလား?"
လဲ့ယ်ရှန်းကျစ် ထိတ်လန့်သွားသည်။မသိစိတ်အလျောက် ချင်မျန်၏စူးရှသော မျက်လုံးများကို ရှောင်ဖယ်လိုက်မိသည်။သူ့နှင့် ဘာပြသာနာမှမရှိခဲ့မှန်း တွေးမိပြီးနောက် ချင်မျန်၏မျက်လုံးများနှင့် ပြန်ဆုံလိုက်သည်။
ကူကယ်ရာမဲ့သောအမူအရာဖြင့် သူ ပွင့်ပွင့်လင်းလင်းပြောခဲ့သည် – "ဒီလိုပါပဲ။လောင်တာ့နဲ့ အဖေနှင့်အမေကြား ကာလကြာရှည်စွာ ပဋိပက္ခဖြစ်နေခဲ့တာကို ဒီညီငယ် သိပါတယ်။အစ်ကိုကြီးနဲ့ မရီးတို့တွေကို ခွင့်လွှတ်ပေးဖို့ မတောင်းဆိုရဲပါဘူး။ညီအကိုမောင်နှမတွေကြားက ချစ်ခင်ရင်းနှီးမှုကို မချိုးဖျက်ဖို့ပဲ မျှော်လင့်ပါတယ်။”
လဲ့ယ်ထျဲ မပြောဘဲ ငြိမ်နေလိုက်သည်။
"ဒါပေါ့။" ချင်မျန် ခေါင်းညိတ်ပြီး လက်ဖက်ရည်သောက်ရန် လဲ့ယ်ရှန်းကျစ်အား အမူအယာ ပြလိုက်သည်။
"ပဉ္စမမြောက်ညီငယ်က ပညာတတ်ပြီး ကျိုးကြောင်းဆီလျော်တယ်။ဒီကွဲလွဲမှုတွေကို ရင်ကြားစေ့ပေးဖို့ ခက်တယ်ဆိုတာ မင်းသိလောက်တယ်ထင်တယ်။ဒါပေမယ့်လည်း ဒီအတိုင်းလည်း မဖြစ်သင့်ပြန်ဘူး။မင်းရဲ့အစ်ကိုအကြီးဆုံးက လိုက်ရောညီထွေမနေတတ်ဘူး။သို့ပေသိ မင်းတို့က ညီအကိုမောင်နှမတွေပဲလေ။သူ့အစားပြောပေးရရင် ပဉ္စမမြောက်ညီငယ်ကို ဗွေမယူဖို့ တောင်းဆိုပါရစေ။”
လဲ့ယ်ရှန်းကျစ်သည် သူ့ရဲ့ထူးထူးခြားခြား မိန့်ခွန်းနှင့် အမှတ်သညာပြုစရာကောင်းသည့် စကားများကို ကြားတော့ သူ့မိသားစုသည် ယခင်က ဒီဆယ်ကျော်သက်လေးကို နှိမ့်ချခဲ့ကြောင်း သူ အမှတ်ရလိုက်မိသည်။သူ မတ်တပ်ထရပ်ပြီး ရှေ့ကို လက်ဝိုက်ကာ ဦးညွှတ်လျက် “မရီးရဲ့ ဆုံးမစကားတွေကို ရှန်းကျစ် လျစ်လျူမရှုရဲပါဘူး။မရီး ဒီလို ပြောဖို့အတွက်လည်း လွယ်ကူခဲ့မှာ မဟုတ်ဘူး။”
Advertisement
“ငါ့ကို သူစိမ်းတစ်ယောက်လို့ မဆက်ဆံပါနဲ့။ထိုင်ပါ။" ချင်မျန် ဒီကလေးကို သဘောကျပြီး သူ့ကို အကြံဉာဏ်တွေ ထပ်မပေးဘဲ မနေနိုင်တော့ပေ။
“ဖြစ်နိုင်ရင် ပဉ္စမမြောက်ညီငယ်က အဖေနဲ့အမေတို့ကို မကြာခဏ စည်းရုံးပေးသင့်တယ်။ “The Book of Rites” ဆိုတဲ့ စာအုပ်ထဲမှာ ပြောထားတယ်။တိုင်းပြည်ကို အုပ်ချုပ်ပြီး အားလုံးအတွက် အေးချမ်းသာယာဖို့ မိသားစုကို အရင်အုပ်ချုပ်နိုင်ရမယ်၊ မိသားစုကို အောင်အောင်မြင်မြင် အုပ်ချုပ်နိုင်ရန်၊ မိမိကိုယ်ကို အုပ်ချုပ်ရန် ဦးစွာ သင်ယူသင့်တယ်။
မိသားစုရဲ့ဂုဏ်သတင်းမှာဆိုရင် ပဉ္စမမြောက်ညီငယ်ရဲ့စာမေးပွဲနှင့် ပတ်သက်တယ်။ပဉ္စမမြောက်ညီငယ်...'မိသားစုကို အောင်အောင်မြင်မြင် အုပ်စိုးနိုင်ဖို့' မစွမ်းဆောင်နိုင်ရင် တခြားသူတွေက မင်းကို ဘယ်လိုထင်ကြမလဲ?
အခုအခြေအနေအရ မင်းရဲ့ညီအကိုတွေက ခွဲခွာနေခဲ့ကြရင်တောင် မင်းအဖေနဲ့အမေက မင်းနောက်ကိုပဲ လိုက်လာလိမ့်မယ်။နောက်ဆုံးအနေနဲ့ ပြောရရင် အသက်ကြီးတဲ့ မိဘတွေက အကျိုးအမြတ်ကို အမှီပြုရမယ်လေ။သူတို့နဲ့ မြန်မြန်ညှိနှိုင်းပေးလေ၊ ပိုကောင်းလေပါပဲ။အဲဒီအထဲမှာ နိယာမအကြောင်းတွေ အများကြီးပြောပြစရာ မလိုဘူး။”
လဲ့ယ်ရှန်းကျစ်က ခေါင်းညိတ်ကာ ခပ်တိုးတိုး ပြုံးလိုက်ပြီး "မရီးရဲ့ အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ်။ကျွန်တော် နားလည်ပါတယ်။အဖေနဲအမေ ဂရုစိုက်ဆုံး ကလေးက ကျွန်တော်ပါ။တစ်နည်းဆိုရရင် ကျွန်တော်သာ သူတို့ကို စည်းဘောင်အတွင်း ထားနိုင်သူလည်းဖြစ်တယ်။မရီး စိတ်ချထားပါ။ကျွန်တော် ပြန်သွားပြီးရင် သူတို့ကို အသေးစိတ်ကျကျ မှန်မှန်ကန်ကန်ရှိစေရပါမယ်။"
“ပြောချင်တာ အတိအကျပါပဲ။” ချင်မျန် သဘောကျစွာ ခေါင်းညိတ်လိုက်သည်။
သူနှင့်စကားပြောပြီးနောက် လဲ့ယ်ရှန်းကျစ်သည် သူ့ရဲ့စိတ်စနိုးစနောင့်ဖြစ်မှုများစွာက ပျောက်ကွယ်သွားသည်ဟု ခံစားခဲ့ရသည်။သူ မတ်တပ်ထရပ်ပြီး "အစ်ကိုကြီးနဲ့ မရီးတို့ ဒီမှာ အလုပ်ရှုပ်နေမယ်
ထင်တယ်။ဒါကြောင့် ကျွန်တော် မနှောင့်ယှက်တော့ပါဘူး"
"မင်း ခဏစောင့်ဦး" ချင်မျန် အိပ်ခန်းထဲသို့ ဝင်သွားသည်။သူထွက်လာသောအခါ ငွေတုံးနှစ်တုံးနှင့် ဆီစက္ကူထုပ်နှစ်ခုကို ကိုင်ဆောင်ကာ လဲ့ယ်ရှန်းကျစ်အား ပေးလိုက်သည်။
“လွန်ခဲ့တဲ့ရက်အနည်းငယ်က မင်းအစ်ကိုအကြီးဆုံးက သူ့ညီအငယ်ဆုံးရဲ့ပညာရေးကို ပံ့ပိုးပေးချင်တယ်လို့ ပြောခဲ့တယ်။မင်း ဒီငွေတုံးနှစ်တုံးကို ယူလိုက်ပါ။သိပ်တော့မများပါဘူး။ဒါပေမယ့် ဒါ မင်းအစ်ကိုကြီးရဲ့သဘောထားပါ။ဒီမုန့်တွေက မင်းအိမ်မှာ စမ်းစားကြည့်လိုက်လေ"
လဲ့ယ်ရှန်းကျစ်က လက်မခံဘဲ “မလိုပါဘူး။အဖေနဲ့အမေက ကျွန်တော့်ကို ပိုက်ဆံအလုံအလောက်ပေးထားတယ်”
ချင်မျန် သူ့လက်ထဲကို ပစ္စည်းတွေအား ထည့်ပေးလိုက်ပြီး "ဒါကို ယူထား။ယောက်ျားတစ်ယောက်လိုနေ။ဂရုစိုက်တတ်လွန်းတဲ့ မိန်းမကြီးတစ်ယောက်လို မလုပ်နဲ့"
မိန်းမကြီး....လဲ့ယ်ရှန်းကျစ်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။
"........."
လဲ့ယ်ထျဲက မငြင်းနိုင်အောင် ပြောလိုက်သည်။
“ယူထားလိုက်”
လဲ့ယ်ရှန်းကျစ် ယူလိုက်ရသည်။
ချင်မျန်က "ဒီငွေတွေအကြောင်း တခြားသူတွေကို မပြောနဲ့၊ ကိုယ့်အတွက်ပဲ သိမ်းထားလိုက်နော်။"
လဲ့ယ်ရှန်းကျစ်က ခေါင်းညိတ်လိုက်ပြီး “နားလည်ပါတယ်”
ပိုက်ဆံတွေကို အင်္ကျီအိတ်ထဲထည့်ကာ အစ်ကိုအကြီးဆုံးနဲ့ မရီးတို့ကို နှုတ်ဆက်ပြီး အဝေးကိုထွက်သွားသည်။သူ တုရှီကို ဘယ်လိုဆွဲဆောင်ရမလဲဆိုတာကို စဉ်းစားရင်း အေးအေးဆေးဆေး လမ်းလျှောက်ပြန်ခဲ့သည်။သူ့အိမ်တံခါးဝကို မရောက်ခင်မှာ တုရှီနဲ့ သူမအသက်အရွယ်ရှိ အမျိုးသမီးနှစ်ယောက်က တင်ပါးပေါ်လက်တင်ပြီး တစ်ယောက်ကိုတစ်ယောက် စော်ကားပြောဆိုနေကြတာကို တွေ့လိုက်ရသည်။အပျော်အပါးအနေနဲ့ ဝိုင်းကြည့်နေကြသူများလည်း ရှိနေ၏။
"ဒီလိုအဘွားကြီးက ဘာလို့ ငါ့ကိုများ လာကြိမ်းမောင်းနေရတာလဲ?သားမမွေးဘူးတဲ့ မိန်းမကများ!ငါ့သားက နောက်နှစ်မှာ ရှု့ချိုက်တစ်ယောက်ဖြစ်လာမှာဟက်။နင့်ရဲ့သားက ဘယ်မှာလဲ!ဟမ့်!!"
ထိုစကားကိုကြားပြီးနောက် အစပိုင်းတွင် စိတ်အားထက်သန်နေသော အမျိုးသမီး၏မျက်နှာမှာ နီရဲကာ ဖြူလာသည်။သူမ အော်ဟစ်ပြီး တုရှီထံ အပြေးအလွှား ပြေးသွားတော့၏။
"အား- ပန်းထိုးသည်မ တု!ဆဲဆိုပြီး စကားပြောတာကလွဲရင် နင့်ပါးစပ်က တခြားဘာလုပ်နိုင်သေးလဲ!!ငါ နင့်ပါးစပ်ကို ဆွဲဖြဲပစ်မယ်!"
T/N:
[1][ကျန်းပေါင်လု] ပေါင် = ရတနာ/ အဖိုးတန်။ လု=လမ်း/ခရီး
[ကျန်းရီမေ့] ရီ = တစ်/ပထမ; မေ့ = လှပခြင်း။
[ကျန်းအားလီ] အာ = နှစ်/စက္ကန့်; လီ=လှပခြင်း။
[2] [ကော်ကျီဇ်] = သွားရည်စာ တစ်မျိုး။
[3] [ရှု့ချိုက်]= ခရိုင်အဆင့် စာမေးပွဲ။အရာရှိ။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
046: လဲ့ယ္႐ွန္းက်စ္
ခ်င္မ်န္ ျပဳံးကာ ေမးလိုက္သည္။
"အေျခအေန ဘယ္လိုလဲ?"
ဖုန္းဟုန္လ်ိဳက အသံနိမ့္နိမ့္ျဖင့္ ေျပာလိုက္သည္။ “ၿပီးၿပီ။႐ြာကို ျပန္ေရာက္တာနဲ႔ မင္း အစ္မတို႔ကို သင္ေပးထားတဲ့အတိုင္း တျခားသူေတြကို ျဖန္႔လိုက္တယ္။အခု တ႐ြာလုံး ပ်ံ႕သြားၿပီ။”
အဲဒီေနာက္ က်ိဳးေဆြ႕ဟြာက ေျပာလိုက္သည္။
“ဒီေန႔ကိစၥမွာ လူအိုႀကီးစုံတြဲက အၾကင္နာမဲ့တဲ့အျပင္ မင္းနဲ႔ အိမ္ခြဲေနၿပီးတာေတာင္ မင္းကို အျပစ္႐ွာဖို႔ လာတယ္ဆိုတာ လူတိုင္းသိသြားၿပီ။ဒီအခ်ိန္ထိ တစ္႐ြာလုံးက ဒါပဲ ေျပာေနၾကတာ။လူတိုင္းက မင္းဘက္မွာ ႐ွိတာမ်ားပါတယ္။”
"အဲဒါေကာင္းတယ္။" ခ်င္မ်န္ သူျပင္ဆင္ထားသည့္ ဝမ္၈၀ကို ထုတ္ယူလိုက္သည္။ "အစ္မတို႔က ကြၽန္ေတာ္တို႔ သူတို႔ကို ဘာမွ မလုပ္ခဲ့တာကိုလည္း ဒီေန႔ ျမင္တာပဲေလ။တျခားေ႐ြးခ်ယ္စရာမ႐ွိလို႔သာ ဒီနည္းလမ္းေလးကိုသုံးရတာ။က်န္ေတာ္တို႔ အနာဂတ္မွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနထိုင္ႏိုင္ဖို႔သာ လုပ္ၾကတာေပါ့။ဒါေၾကာင့္ ဒီေန႔အေၾကာင္းေတြကို စတုတၳလူတစ္ေယာက္ မသိေစခ်င္ဘူး။အစ္မတို႔ နားလည္တယ္မလား?"
ဆယ္ေက်ာ္သက္ေလး၏အၿမဲတမ္းလိုလို ၾကင္နာတတ္သည့္ မ်က္လုံးမ်ားသည္ ႐ုတ္တရက္ စူး႐ွလာၿပီး ဆြဲေဆာင္မႈ႐ွိသည့္ ေရာင္ဝါကို ျပသလ်က္႐ွိေန၏။က်ိဳးေဆြ႕ဟြာနဲ႔ဖုန္းဟုန္လ်ိဳတို႔ ႏွစ္ေယာက္စလုံး ထိတ္လန္႔သြားၾကသည္။
ဖုန္းဟုန္လ်ိဳက သူ႕သေဘာထားကို အလ်င္စလိုေျပာခဲ့၏- "ေမာင္ေလး..တျခားလူ မသိေစရဘူးဆိုတာ စိတ္ခ်ထားႏိုင္တယ္"
က်ိဳးေဆြ႕ဟြာကလည္း အဆက္မျပတ္ ေခါင္းညိတ္သည္။
ခ်င္မ်န္ ခပ္ပါးပါးေလး ျပဳံးျပၿပီး ေၾကးဒဂၤါးျပားႏွစ္တြဲကို ေပးလိုက္သည္။ "ေက်းဇူးအမ်ားႀကီးတင္ပါတယ္။"
"ရပါတယ္။"
ပိုက္ဆံေတြလက္ထဲေရာက္တာနဲ႔ အမ်ိဳးသမီးႏွစ္ေယာက္လုံးမွာ ျပဳံးၿပီး မတ္တပ္ထရပ္လိုက္ၾကသည္။
"ဒါဆို မင္းတို႔ ေန႔လည္စာ စားေနတာကို ငါတို႔ အေႏွာင့္အယွက္ မေပးေတာ့ပါဘူး။"
ခ်င္မ်န္ သူတို႔ကို ျခံတံခါးဝအထိ လိုက္ပို႔ေပးၿပီး osmanthusပန္းႏွစ္ကိုင္းကို ခ်ိဳးယူလိုက္သည္။
“ဒီပန္းေတြက အရမ္းေမႊးတယ္။အစ္မတို႔ ႀကိဳက္လိမ့္မယ္။သူတို႔ကို အိပ္ယာေဘးမွာထားလိုက္ရင္ အစ္မတို႔ အိပ္ယာကေနႏိုးလာတဲ့အခါ လန္းဆန္းေစတယ္”
က်ိဳးေဆြ႕ဟြာနဲ႔ဖုန္းဟုန္လ်ိဳတို႔သည္ ႏွလုံးသားထဲတြင္ တုန္လႈပ္သြားသလို ခံစားလိုက္ရၿပီး ေက်းဇူးတင္စကားဆိုကာ လက္ခံလိုက္ၾကသည္။
ခပ္ေဝးေဝးမေရာက္ခင္မွာပင္ အေဒၚႀကီးတစ္ေယာက္နဲ႔ ေတြ႕လိုက္ရသည္။
"နင္တို႔ အခုဘယ္အိမ္ကေနျပန္လာတာလဲ?"
ခ်င္မ်န္အိမ္၏အလုံပိတ္နံရံကို စိုက္ၾကည့္ရင္း ထိုအေဒၚက အျပဳံးတုျဖင့္ျပဳံးျပလိုက္သည္။
ဖုန္းဟုန္လ်ိဳက ျပဳံးျပဳံး႐ႊင္႐ႊင္ျဖင့္ ေျပာလိုက္သည္။ " အိုး.. ဟုတ္တာေပါ့။ခ်င္မ်န္တို႔မိသားစုက ေတာင္ေပၚကေန osmanthus သစ္ပင္ႏွစ္ပင္ကို တူးလာၾကတယ္လို႔ ၾကားတယ္ေလ။အဲ့အပင္ေတြက အရမ္းေမႊးတယ္။ကြၽန္မတို႔ ႏွစ္ေယာက္စလုံး အကိုင္းအခက္ေတြမ်ား ယူလို႔ရမလား သြားေမးတာ။
အနံ႔ မရဘူးလားအေဒၚ?"
".........."
ေန႔လည္စာစားၿပီးေနာက္ ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲတို႔ က်န္းတေ႐ႊအိမ္ကို သြားၾကသည္။က်န္း ဇနီးေမာင္ႏွံတြင္ စုစုေပါင္း သားသမီး သုံးဦး႐ွိသည္။အႀကီးဆုံးသားက ၁၁ ႏွစ္ျဖစ္ၿပီး သူ႕နာမည္မွာ က်န္းေပါင္လုပင္။ဒုတိယႏွင့္ တတိယမွာ မိန္းကေလးမ်ားျဖစ္ကာ သူမတို႔သည္ အလြန္လွပသည့္ မိန္းကေလးငယ္မ်ားျဖစ္သည္။ဒုတိယက အသက္ ၉ ႏွစ္အ႐ြယ္ က်န္းရီေမ့ျဖစ္ၿပီး တတိယမွာ အသက္ ၆ ႏွစ္အ႐ြယ္ က်န္းအားလီ ျဖစ္သည္။
ဒီအေၾကာင္းကို ခ်င္မ်န္ ပထမဆုံးသိလိုက္ခ်ိန္မွာေတာ့ က်န္းတေ႐ႊက နာမည္ဘယ္လိုေ႐ြးရမယ္ဆိုတာ သိတယ္လို႔ သူနဲ႔ေတာင္ ေနာက္ေျပာင္ခဲ့ေသးသည္။
လူတစ္ဝက္ခန္႔ျမင့္ေသာ ျခံစည္း႐ိုးမ်ားေ႐ွ႕သို႔ေရာက္ေသာအခါ ပင္မအိမ္တံခါးပြင့္ေနသည္ကိုေတြ႕လိုက္ရ၏။
"အစ္ကိုက်န္း အိမ္မွာလား?"
ခဏအၾကာတြင္ အရပ္႐ွည္႐ွည္ ေယာက်္ားႀကီးတစ္ေယာက္ ခပ္ျပဳံးျပဳံးျဖင့္ အိမ္ထဲမွ ထြက္လာသည္။
"ဒီမွာ ႐ွိတယ္။လာဝင္ထိုင္။"
ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲတို႔ အိမ္ထဲမဝင္မီ တံခါးဝတြင္ ႐ႊံ႕ႏြံမ်ားကို ခါလိုက္ၾကသည္။
"မင္းတို႔ႏွစ္ေယာက္ ဒီေန႔ ဘယ္လိုျဖစ္ၿပီး ေရာက္လာၾကတာလဲ?"
မရီးက်န္းက ျပဳံးျပဳံးေလး ေမးရင္း သူတို႔အတြက္ လက္ဖက္ရည္ ထည့္ေပးလိုက္၏။
က်န္းေပါင္လုကား အိမ္တြင္မ႐ွိေပ။က်န္းရီေမ့ ႏွင့္ က်န္းအားလီတို႔သာ အနည္းငယ္ ေၾကာက္႐ြံ႕ေနၾကၿပီး မရီးက်န္းကို ဖက္ထားၾကသည္။
ခ်င္မ်န္က သူ႕လက္ထဲမွာ႐ွိတဲ့ သေရစာမုန္႔ထုပ္ေတြကို မရီးက်န္းကို ေပးခဲ့ၿပီး "ဒါက ကေလးေတြအတြက္ ေပးဖို႔ ကြၽန္ေတာ္ အိမ္မွာလုပ္ထားတဲ့ သေရစာမုန္႔ေတြပါ"
မရီးက်န္းနဲ႔ က်န္းတေ႐ႊတို႔ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာ ရယ္ေမာလိုက္ၾကသည္။သူတို႔မ်က္လုံးထဲမွာ ခ်င္မ်န္ကိုယ္တိုင္ကိုက အငယ္ေလးပင္။ထို႔ေၾကာင့္ အထူးသျဖင့္ ရယ္စရာေကာင္းေန၏။
မိသားစုႏွစ္ခုၾကားက ဆက္ဆံေရးက အေတာ္ေလးေကာင္းသည္။မရီးက်န္းက ယဥ္ေက်းစြာ လက္ခံၿပီး။ “မင္း ဒီကိုလာတဲ့အခ်ိန္တိုင္း အစားအေသာက္ေတြ ယူလာရင္ ကေလးေတြက မင္းအိမ္ထဲကို ေန႔တိုင္း ေျပးဝင္ေတာ့မွာကိုသတိထားေနေတာ့ေနာ္။ဒါကို ဘယ္လိုလုပ္ထားတာလဲ?ေတာ္ေတာ္ေလးကို အျမင္ဆန္းၿပီး အနံ႔ေလးလည္းေကာင္းတယ္။”
ခ်င္မ်န္က လက္မခံဝံ့စြာျဖင့္ "လုပ္ရတာ ႐ိုး႐ွင္းပါတယ္ဗ်ာ။ေကာ္က်ီဇ္လို႔ ေခၚတယ္။ဂ်ံဳမႈန္႔ကို ေရာေမႊၿပီး သၾကားအနည္းငယ္ထည့္၊ ဂ်ံဳမႈန္႔ကို အတုံးေသးေသးေလးေတြျဖစ္ေအာင္ လုပ္ၿပီး ႏွမ္းေစ့နဲ႔ လွိမ့္ၿပီး ေၾကာ္႐ုံပါပဲ။”
ေၾကာ္ထားတဲ့ အစားအစာေတြကို ႏွစ္သစ္ကူးနဲ႔ ပြဲေတာ္ေတြမွလြဲၿပီး ဘယ္သူမွ မစားႏိုင္ေပ။ထို႔မုန္႔ေတြက ဆီေတြလိုအပ္သည္ေလ။ယင္းေၾကာင့္ မရီးက်န္းသည္ ခ်င္မ်န္က လဲ့ယ္ထ်ဲႏွင့္ ေကာင္းမြန္တဲ့ဆက္ဆံေရး႐ွိ႐ုံသာမက သူမတို႔၏မိသားစုအေပၚမွာလည္း ရင္းႏွီးေၾကာင္း ေလးေလးနက္နက္ေတြးခဲ့မိသည္။
ကေလးႏွစ္ေယာက္က ထိုစကၠဴအထုပ္ကို စိုက္ၾကည့္ေနတာကို ျမင္လိုက္ရေတာ့ လက္တဆုပ္စာေလာက္ကို ေပးကာ က်န္တာကို ထုပ္သိမ္းထားလိုက္သည္။
"ေက်းဇူးတင္လိုက္ေလ ဦးေလးခ်င္ကို"
"ေက်းဇူးတင္ပါတယ္ ဦးေလးခ်င္" ကေလးႏွစ္ေယာက္က မုန္႔ေတြကို လက္ထဲမွာ ကိုင္ထားၿပီး ေပ်ာ္ေပ်ာ္ႀကီး ေျပးထြက္သြားၾကသည္။
"ဒီေန႔ တစ္ခုခုကိစၥ႐ွိလို႔လား?" က်န္းတေ႐ႊ ေမးလိုက္သည္။လဲ့ယ္ထ်ဲက စကားမေျပာခ်င္မွန္းသိသျဖင့္ သူ ထိုလူကို ၾကည့္မေနေတာ့ဘဲ ခ်င္မ်န္ကိုသာ ေမးလိုက္၏။
ခ်င္မ်န္က စားေသာက္ဆိုင္ဖြင့္ေတာ့မည္ ျဖစ္ေၾကာင္းႏွင့္ ဝါးတုတ္ေခ်ာင္းေလးေတြကို လုပ္ေပးႏိုင္မယ့္လူ ငွားခ်င္ေၾကာင္းလို႔ ေျပာလိုက္သည္။
လဲ့ယ္ထ်ဲကေတာ့ ခ်င္မ်န္၏ဆုံးျဖတ္ခ်က္မွန္သမွ်ကို အရာရာတိုင္းတြင္ လိုက္ေလ်ာမည္ဟု သေဘာထားကာ ေဘးတြင္ လက္ဖက္ရည္ေသာက္ေနသည္။
မရီးက်န္းက အရမ္းေပ်ာ္သြား၏။ “ဒါက ေကာင္းတဲ့ကိစၥပဲ။အစ္မအမ်ိဳးသားေတာင္ ဒီႏွစ္ရက္အတြင္း ၿမိဳ႕ေလး ဒါမွမဟုတ္ ခ႐ိုင္ကိုသြားၿပီး အလုပ္တက္လုပ္ဖို႔ စဥ္းစားေနတာ။
ၾကည့္ပါဦး,႐ွင့္ညီအစ္ကိုႏွစ္ေယာက္က ႐ွင့္ကို အမွတ္ရေနေပးတာပဲ။"
က်န္းတေ႐ႊလည္း ေပ်ာ္သြားသည္။ေလာေလာဆယ္မွာ လယ္သမားေတြအတြက္ ဘာမွလုပ္စရာမ႐ွိေသးဘူး။လူေတာ္ေတာ္မ်ားမ်ားက အလုပ္႐ွာဖို႔ ၿမိဳ႕ကိုသြားခဲ့ၾကေပမယ့္ မေတြ႕ႏိုင္ၾကေသးေပ။ထို႔အျပင္ အခ်ိဳ႕အလုပ္ေတြက ပင္ပန္း၍ လစာက်နည္းေသးသည္။
"ဝါးတုတ္ လုပ္ရမွာမလား။႐ိုး႐ွင္းပါတယ္၊ငါ့တာဝန္သာ ထားလိုက္။"
Advertisement
- In Serial11 Chapters
Evolved
in 2021 a secret government facility underneath a chemical plant is housing gene 175 aka the evolution gene. when the chemical plant blows up, it unleashes gene 175 upon the world. after laying dormant for a year, gene 175 activates; thus begins the apocalypse. people either evolve to gain power, or they deviate becoming abhorred. ten years into the apocalypse Noah Brookhart, who lost his family, now loses his life. in the ten years he experienced the apocolypse, he never once "awakened" his powers. after dying he wakes up nearly 10 years in the past (about a month after the apocolypse started,) after which, he evolves to stage 2 (which he never managed to do before,) discovering his power. now that he has a new found streangth can he avoid his bleak future?
8 150 - In Serial16 Chapters
Stargazers
Dr. Eric Saunders is summoned by a government he doesn't trust because they need his help. Despite his reservations, it was the end of the world and he was humanity's last hope.
8 120 - In Serial31 Chapters
Unnecessary Evil
(It's a slowburn. Contains 18+ scenes. There will be also smut later...) Vladimir D. Svoboda. A hailed, but troubled genius from the planet Earth. The first person who made teleportation reality. The Rotshields, a mysterious family that ruled from the shadows, couldn't leave it just like that and wanted it for themselves. Needless to say, the operation went terribly wrong. After that our hero, Vlad, finds himself in an extremely hostile metallic city, Koul'E. The capital of orcs, devilish wizards (quite literally) and enslaved goblins. Decadency, greed and brutality rules in their society; even gods steer clear from them. Odds stacked against him, cancer slowly eating him from the inside, he will raze his way through the impossible situation and beings that vastly outclass him. However, he is not completely without friends and alone. An unlikely being decides to help him even though they went through a rocky start. They form a bond that will shake the whole city, and maybe the world. Magic, technology and all the other esoteric powers are just a stretch of an arm away. Editor, cover creator and overall great person: BlancChapters around 2.2K words long.
8 101 - In Serial86 Chapters
After Treason [BOOK ONE]
Twelve years ago Remo Kipling led a rebellion against king Avalon, causing the bloodiest treason in Alexanderia's history. Moira, exiled from the Mage Academy, and Eclipse, a panther entrusted as her guardian, stumble upon a terrible secret. Kipling lives. Worse yet, he has a deadly plan. Caught between her duty to protect the Innocent and her distrust of the Order she serves; she is forced to face her nightmares, self doubt and the corruption of the Alexanderia's Royal Court in order to protect her friends from Kipling's furry. Zack Dawson, Captain of the Alexanderian Knights, is not only the youngest knight in the army but the deadliest. His regimented life of right versus wrong is all he knows. But when Moira drags him into her plans his world shifts, from black and white to a dangerous grey. Can he uphold his honor and virtue or will the magic in his sword turn him into the monster he fears he is? Will both of them survive the monster haunting their nightmares or will they succumb to the darkness. Author's note: Not a sequel to A Thief's Wager.
8 186 - In Serial11 Chapters
Enemies to lovers- Finney Blake
Finney and Lucy at enemies but when they get kidnapped together will they find their true feelings?I don't own any black phone characters only Lucy#1 masonthames tag #1 finneyblake tag#1 finneyshaw tag #1 gwenblake tag#1 thegrabber tag#1 theblackphone tag 💖
8 75 - In Serial131 Chapters
hunter x hunter
I had so much fun reading all the boyfriend scenarios on here that I decided to start my own collection. Enjoy Gon, Killua, Kurapika, Leorio, Illumi, Chrollo, Feitan, Shalnark, and Hisoka! Feitan is my fave! (I'll try to write them as gender neutral as possible but these will prob lean toward a girl reader)
8 164

