《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[43]
Advertisement
[Unicode]
043: ချင်းဇီ.....ကိုယ် မင်းကို ပြုစုပျိုးထောင်နိုင်တယ်။
ဆိုင်ဖွင့်တာက ရိုးရှင်းတဲ့ကိစ္စတော့ မဟုတ်ပေ။မဖွင့်ခင်မှာ ဆိုင်မျက်နှာစာ အလှဆင်ဖို့၊ မီးဖိုချောင်မှာ ပစ္စည်းတွေ အစုံထည့်ဖို့၊ ပစ္စည်းတွေဝယ်ထည့်ဖို့၊ ဝန်ထမ်းတွေကို ငှားပြီး ကြော်ငြာဖို့ လိုအပ်သေးသည်။
အစားအသောက်လုပ်ငန်းဆိုတာက သန့်ရှင်းသပ်ရပ်မှုကို အဓိကထားလုပ်ဆောင်ရမည်။ထို့ကြောင့် ချင်မျန်သည် ဆိုင်အလှဆင်ရာတွင် အချိန်များစွာမဖြုန်းနေတော့ဘဲ လူတွေကို အိမ်ခေါင်မိုး၊ နံရံများနှင့် ကြမ်းပြင်တွေကိုသာ သန့်ရှင်းရေးလုပ်ခိုင်းလိုက်သည်။ နံရံတွင် မမြင်နိုင်သည့်အပေါက်အချို့ရှိသောကြောင့် လဲ့ယ်ထျဲအား အရွယ်အစားအမျိုးမျိုးရှိသည့် ဝါးအပိုင်းအစများနှင့် သစ်သားပြားများပြုလုပ်ပြီး နံရံပေါ်တွင် အနုပညာဆန်ဆန် စတိုင်ကျသော ပုံစံများဖြစ်အောင် စီစဉ်ခိုင်းလိုက်သည်။စားပွဲများနှင့် ကုလားထိုင်များက အသစ်ဖြစ်သောကြောင့် စားသုံးသူများ စားသောက်သည့်အခါ သက်တောင့်သက်သာဖြစ်စေရန် ရည်ရွယ်ထား၏။
ထို့အပြင် ချင်မျန် ခေါက်ဆွဲလုပ်သည့်အကြီးစားစက်ကိရိယာတစ်ခုကို ဝယ်ယူခဲ့သည်။ချမ်းသာမြင့်မြတ် ပရိဘောဂဆိုင်၏ခေါက်ဆွဲစက်မှာ ချင်မျန်၏ဒီဇိုင်းကိုမှ ၎င်းဆိုင်၏ကိုယ်ပိုင်ဟန်ပန်များလည်း ပါရှိသည်။၎င်း၏ပုံပန်းသဏ္ဌာန်ကို ပြည်စုံစွာမွမ်းမံထားပြီး ပုံစံများဖြင့် ထွင်းထုထားသောကြောင့် ရောင်းအားကောင်းခဲ့သည်။အစတွင် မြို့တွင်းရှိ အခြားပရိဘောဂဆိုင်များသည် ယင်းစက်ကိရိယာကို ဤနေရာမှ လာရောက်ဝယ်ယူရသည်။
မှောင်လာပြီးနောက် ချင်မျန်နှင့် လဲ့ယ်ထျဲတို့ ချက်ချင်းမအိပ်ကြသေးဘဲ ဆီမီးထွန်းထားပြီး အပူခံအုတ်ကုတင်ပေါ်တွင် အကြောင်းအရာများကို ဆွေးနွေးနေကြသည်။
“ဘာရောင်းမယ်ဆိုတာ မင်း အခုထိ မပြောရသေးဘူးမလား?” လဲ့ယ်ထျဲ နောက်ကျောမှီကာ စောင်တစ်ထည်ကိုလည်း ကိုယ်ပေါ်တွင် လွှားထားသည်။
ချင်မျန် ပြုံးပြုံးရွှင်ရွှင်နဲ့ ခေါင်းကို မော့ကာ ယုံကြည်မှုအပြည့်နဲ့ ကြည့်လိုက်သည်။ “အေးတဲ့ရာသီ ရောင်နေပြီဆိုတော့ လူတွေက သဘာဝကျကျပဲ ပူပူနွေးနွေးကို စားချင်ကြတယ်မလား။ဒါကြောင့် "ပူစပ်ဟင်းရည်" နဲ့ "ဟော့ပေါ့" ရောင်းချင်တယ်"
ဒီကမ္ဘာရှိလူများက ဟင်းချက်ရာတွင် ပါးပါးလှီးထားသော ပါဝင်ပစ္စည်းများကို ရေနွေးပူပူ သို့မဟုတ် ဟင်းချိုတွင် ခေတ္တစိမ်ထားခြင်းဖြင့် အစားအစာကို ချက်ပြုတ်နိုင်သည်ဟု မထင်ထားကြသေးသည့်အတွက် အလွန်ဝမ်းသာမိသည်။
ပူစပ်ဟင်းရည်နှင့် ဟော့ပေါ့လုပ်နည်းကို လဲ့ယ်ထျဲအား အသေးစိတ်ရှင်းပြလိုက်၏။ “တိုတိုပြောရရင်တော့ ဟင်းရွက်နဲ့ အသားတွေကို ဟင်းရည်နဲ့ပြုတ်တာပါပဲ။ဒီဟင်းချိုက သာမန်ဟင်းချိုတော့ ဘယ်ဟုတ်မလဲ။ဟင်းခတ်အမွှေးအကြိုင် ၁၈ မျိုးဖြင့် ပြုလုပ်ထားတဲ့ အထူးဟင်းရည်တစ်မျိုးပဲ။ကျွန်တော် ဝယ်ထားတဲ့ သစ်ကြံပိုးခေါက်၊ လိမ္မော်ခွံခြောက်နဲ့ ဗီနီလာကို မှတ်မိလား။ဒီဟင်းရည်မှာ အဲ့တာတွေပဲလိုတယ်။"
လဲယ်ထျဲ ခဏလောက် ကြည့်လိုက်ပြီး သူ့စုတ်တံနဲ့ စာရွက်တွေကို ဘေးဘက်ကို ဆွဲယူလိုက်၏။ "နောက်ကျနေပြီ။မနက်ဖြန်မှ စကားဆက်ပြောကြရအောင်"
ချင်မျန်လည်း အိပ်ငိုက်လာသည်။သူ သမ်းဝေလိုက်ပြီး “အိပ်ရအောင်။မနက်ဖြန်ကျရင် ခင်ဗျားအတွက်လုပ်ပေးမယ်နော်။အဲ့ခါကျ သိလိမ့်မယ်"
လဲ့ယ်ထျဲ ဆီမီးခွက်ကိုမှုတ်ပြီး ထုံးစံအတိုင်း လူကို ပွေ့ဖက်ကာ အိပ်လိုက်တော့သည်။ “ကောင်းပြီ။”
ရက်အနည်းငယ်အတွင်း လုပ်ငန်းစဖွင့်နိုင်တော့မည်ဟု တွေးလိုက်မိသောအခါ ချင်မျန် စိတ်လှုပ်ရှားသွားသည်။သူ အိပ်ငိုက်နေသည်မှ ရုတ်တရက် ပြေလျော့သွားကာ စနောက်လိုက်သည်။ "အခု ခင်ဗျားကို ပြုစုပျိုးထောင်ပေးနေတာ ကျွန်တော်နော်"
လဲ့ယ်ထျဲ၏လက်များ တောင့်တင်းသွားသည်။ "မနက်ဖြန် ကိုယ် တောင်ပေါ်တက်မယ်။"
ချင်မျန် ရယ်ပြီး "နောက်နေတာပါ"
"ပူစပ်ဟင်းရည်မှာ အသားဟင်းတွေလိုတယ်လေ" လဲ့ယ်ထျဲမှာ သံသယဖြစ်စရာမရှိ။
ချင်မျန် အဲဒါကို စဉ်းစားပြီး “ကောင်းပြီလေ။ပြင်ဆင်စရာတွေက အများကြီးရှိသေးတယ်။မနက်ဖြန် လိမ္မော်သီးခြောက်အခွံနဲ့ သစ်ကြံပိုးခေါက်ကို အမှုန့်ဖြစ်အောင် ကြိတ်ရမယ်” ဟင်းခတ်အမွှေးအကြိုင်အတွက် ကျောက်စက်တစ်လုံးကိုလည်း သူဝယ်ခဲ့သေးသည်။
“ဒီတစ်ခါတော့ တောနက်ထဲထိ သွားချင်တယ်၊ နှစ်ရက်နေရင်တော့ ပြန်လာမှာပါ” လဲ့ယ်ထျဲ ထပ်ပြောပြန်သည်။
"ဒီလောက်ကြာလား?" ချင်မျန် ထိုလူတစ်ယောက် တစ်ခုခုမှားနေပြီဟု ယောင်ဝါးဝါးခံစားမိသော်လည်း သူ ထိုစကားများကို ရှင်းမပြနိုင်ခဲ့သောကြောင့် "ကောင်းပြီ၊ မနက်ဖြန်ကျရင် အစာခြောက်အတွက် ပြင်ပေးမယ်"
နောက်တစ်နေ့တွင် ချင်မျန် သူ့အနားရှိ လှုပ်ရှားမှုကို ယောင်ဝါးဝါး သတိပြုမိလိုက်သည်။မနေ့ညက တောင်ပေါ်တက်မယ်လို့ လဲ့ယ်ထျဲပြောခဲ့တာကို သတိရလိုက်တာနဲ့ လန့်နိုးသွားတော့၏။
အပြင်ဘက်တွင် နံနက်ခင်းအလင်းရောင်က မှိန်ဖျော့ဖျော့လင်းနေပြီး ကန့်လန့်ကာများပိတ်ထားသောကြောင့် အခန်းသည် မှောင်နေကာ ကုတင်ခေါင်းရင်းတွင် မီးထွန်းထားဆဲဖြစ်သည်။
လဲ့ယ်ထျဲက ကုတင်အစွန်းတွင် ဖိနပ်ကိုစီးလျက် ထိုင်နေ၏။ လှည့်ကြည့်လိုက်ကာ တိုးတိုးလေးပြောလိုက်သည်။
" ပြန်အိပ်တော့”
ချင်မျန် ခေါင်းယမ်းလိုက်ပြီး သူ့အဝတ်အစားတွေကို ကြည့်လိုက်၏။ "အဲ့လောက်နဲ့ မရဘူး တောင်ပေါ်တွေမှာ အပူချိန်နိမ့်တယ် အဝတ်ထူထူထပ်ဝတ်သွား"
သပ်သပ်ရပ်ရပ် ၀တ်စားပြီးနောက် မီးဖိုချောင်သို့သွားကာ မနက်စာချက်ရန် ခပ်ထူထူလှီးထားသော အသားပန်ကိတ်များကို ပေါင်းနေသည်။ထို့နောက် ဆီစက္ကူဖြင့်ထုပ်ပြီး လဲ့ယ်ထျဲအတွက် ပြင်ပေးထားသော လွယ်အိတ်ထဲသို့ ထည့်ပေးလိုက်သည်။
ကျန်ပန်ကိတ်များကို မှိုဟင်းချိုဖြင့် စားကြ၏။
"သတိထားသွားနော် " လဲ့ယ်ထျဲ တောင်ပေါ်တွင် အမဲလိုက်သွားခြင်းသည် ပထမဆုံးအကြိမ်မဟုတ်သော်လည်း ချင်မျန် အကြောင်းပြချက်မရှိ စိတ်မသက်မသာခံစားရသဖြင့် အကြိမ်ကြိမ်သတိပေးခဲ့သည်။
“ဘာမှမဖြစ်ဘူး။” လဲ့ယ်ထျဲ သူ့မျက်နှာလေးကို ပွတ်သပ်လိုက်သည်။ "ကိစ္စတစ်ခုခုရှိရင်တောင် ကိုယ် ပြန်လာတဲ့အထိစောင့်"
ချင်မျန်၏နှလုံးမှာ ခုန်ပေါက်သွားသည်။ဘာလို့များ ဒီစကားဝိုင်းက လင်နဲ့မယားကြားက စကားဝိုင်းတစ်ခုလိုဖြစ်နေရတာလဲ?သူ့ရဲ့ ပူနွေးနေတဲ့ နားရွက်ကိုဆွဲကာ လက်ကိုဝှေ့ယမ်းပြီး ထိုလူကို မောင်းထုတ်လိုက်သည်။ "ကျွန်တော် သိတယ်။သွားတော့ သွားတော့။ စောစောသွား၊ စောစောပြန်လာ”
လဲ့ယ်ထျဲ ခေါင်းညိတ်ပြီး ထွက်သွားသည်။
ချင်မျန် ခြံဝန်းအတွင်း ခဏရပ်နေကာ အစာကြေရန်အတွက် ခြံဝန်းအတွင်း လမ်းလျှောက်ပြီးနောက် သူသင်ယူခဲ့သည့် လှုပ်ရှားမှုများကို ပြန်လည်သုံးသပ်နေလိုက်သည်။ထို့နောက် သူ့အလုပ်တွေကို ဆက်လုပ်ကာ လိမ္မော်သီးခြောက်၊ သစ်ကြံပိုးခေါက်နှင့် စီချွမ်းငရုတ်ကောင်းတို့ကို ကျောက်စက်ဖြင့် အမှုန့်ဖြစ်အောင် ကြိတ်လိုက်သည်။
Advertisement
အိမ်မှာ ဘယ်သူမှမရှိတာကြောင့် ခြံဝန်းက ထူးထူးခြားခြား တိတ်ဆိတ်လို့နေ၏။ချင်မျန် ဟာလာဟင်းလင်းဖြစ်နေသည့်ခြံဝင်းကိုကြည့်ရင်း မျက်စိဆံပင်မွေးစူးသလို ခံစားလိုက်ရသည်။ခြံကိုအလှဆင်ဖို့ရာ တစ်စုံတစ်ရာကို တူးဖို့ရာ ပေါက်ပြားနဲ့ တောင်းတစ်လုံးကို ယူကာ ထွက်လာခဲ့သည်။
ကောင်းကင်မှာ မှောင်နေပြီး နေရောင်ပျောက်နေကာ မီးခိုးရောင်ကောင်းကင်မှာ တိမ်တွေ မရှိတော့ပေ။မိုးရွာတော့မည့်ပုံမပေါ်သော်လည်း ချင်မျန် စိတ်တထင့်ထင့်ဖြစ်နေမိသည်။တောင်ခြေတွင် အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ဂန္ဓမာရိုင်းအများအပြားကို တွေ့ရှိခဲ့သည်။အဖြူ နှင့် အဝါပန်းများသည် အပွင့်သေးငယ်သော်လည်း တောက်ပစွာ ပွင့်နေကြသည်။ခြံထဲမှာ ဂန္ဓမာပင်တွေ စိုက်ပြီးနောက် ဝိညာဏ်စမ်းရေ တစ်ခွက်ကို လောင်းလိုက်၏။
သုံးရက်မြောက်နေ့မွန်းလွဲပိုင်းအထိ လဲ့ယ်ထျဲ ပြန်မရောက်လာတာကြောင့် ချင်မျန်၏နှလုံးမှာ ရုတ်တရတ် ဆွဲနစ်လို့သွားခဲ့သည်။လဲ့ယ်ထျဲက နှစ်ရက်အတွင်း ပြန်လာမယ်လို့ ပြောခဲ့ပေမယ့် အခုထိ အရိပ်ယောင်ကို မတွေ့ရသေး။
သူ တစ်ခုခုများဖြစ်နေပြီလား?
သူ့အတွေးတွေ ဖရိုဖရဲဖြစ်နေခဲ့ကာ အကွာအဝေးတစ်ခုအထိ တောင်ပေါ်ကို မပြေးတက်ဘဲမနေနိုင်တော့ပေ။
တောင်ခြေကိုရောက်တော့ သူ ခါးသက်စွာရယ်မိ၏။တကယ်ကြီး လဲ့ယ်ထျဲကို ရှာချင်နေတာ သူရူးသွားနေပြီပဲ။ဒီနေရာက တောင်ထူထပ်သည့်နေရာဖြစ်ပြီး လဲ့ယ်ထျဲ ဘယ်သွားသည်ကို သူမသိသောကြောင့် သူ့ကိုရှာတွေ့ရန်မှာ သူထင်ထားသလောက် မလွယ်ကူနိုင်ပေ။
“ဂျိန်း---'” ခေါင်းပေါ်မှ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။ရာသီဥတု အုံ့မှိုင်းပြီး နှစ်ရက်အကြာမှာတော့ မိုးရွာလာပြီ။မိုးစက်များ အဆက်မပြတ် ကျဆင်းလာပြီး မကြာမီ မြေပြင်သည် စိုစွတ်လာတော့သည်။
ချင်မျန်၏နှလုံးသားမှာ ချိုင့်ဝှမ်းအောက်ခြေတွင် နစ်မြုပ်သွားခဲ့သည်။မိုးရွာတဲ့နေ့တွေမှာ တောင်ပေါ်အခြေအနေက ပိုခက်ခဲ၏။ချက်ခြင်းပင် ဒေါသပေါက်ကွဲပြီး တောထဲသို့ ပြေးဝင်ကာ အော်လိုက်သည်။ "လဲ့ယ်ထျဲ....ခင်ဗျား သောက်ချီးပဲ!!!"
သူ့အသံက အမှောင်ထဲမှာ တိမ်မြုပ်သွားသလိုပဲ။သဲလွန်စ ချည်မျှင်မှပင် မကျန်။
သူ အေးစက်သောမျက်နှာထားဖြင့် ပြန်လှည့်လာပြီး မလှမ်းမကမ်းတွင် ထင်းခွေနေသည့် လဲ့ယ်တာချန်က သူ့ကို ဆိုးရွားစွာ လှမ်းကြည့်နေသည်ကို မြင်လိုက်ရ၏။
"လောင်တာ့ဇနီး.... မင်း ဘာတွေအော်နေတာလဲ?"
ချင်မျန် မျက်မှောင်ကြုတ်ပြီး သူ့စိတ်တွေကို ဖြေလျှော့လိုက်ကာ “အဖေ....ထျဲကောက အမဲလိုက်သွားပြီး နှစ်ရက်အတွင်း ပြန်လာမယ်လို့ ပြောခဲ့ပေမယ့် အခုအချိန်အထိ သူ့ရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရသေးဘူး။သူ.....တယ်ထင်လား-.."
သူစကားမဆုံးခင်မှာ လဲ့ယ်တာ့ချန်က ဖြတ်ပြောလိုက်သည်။ "သူ တောင်တန်းတွေထဲ အမဲလိုက်သွားတာ ဒါပထမဆုံးအကြိမ်မဟုတ်ဘူး။သူ့အတိုင်းအဆ သူ သိတယ်။ဒါပေမယ့် မင်းက လောင်တာ့ရဲ့ဇနီးဆိုတော့ သူက မင်းအတွက် အရေးကြီးဆုံးဆိုတာလည်း မင်းသိထားရမယ်။အခု ဘာတွေထအော်နေတာလဲ?"
(T/N:ဆဲလိုက်လို့ပါ)
လဲ့ယ်တာချန်သည် အလွန်ပင်ကျေနပ်ပုံမရသေး
သည့်,poplar လေးကဲ့သို့ ခေါင်းမာစွာ မတ်တပ်ရပ်နေသော ဆယ်ကျော်သက်လေးကို စိုက်ကြည့်နေသည်။
".........."
ချင်မျန်၏မျက်နှာထားမှာ ပြောင်းလဲသွား၏။သူ ခနဲ့လိုက်ကာ "ဒါ အဖေ့ရဲ့ကိစ္စမဟုတ်ဘူး!"
လဲ့ယ်တာချန်ကိုပင် မကြည့်ဘဲ လျင်မြန်စွာ ထွက်သွားသည်။
“မင်း....မင်း....” လဲ့ယ်တာချန် မယုံကြည်နိုင်စွာ သူ့နောက်ကျောကို စိုက်ကြည့်ပြီး ဒေါသတကြီးနဲ့ " မင်းရပ်လိုက်စမ်း!”
ချင်မျန် မကြားချင်ယောင်ဆောင်ကာ အမြန်ထွက်သွားသည်။သူ သားသမီးဝတ္တရားကျင့်ဝတ်နဲ့ မညီတာပဲဖြစ်ဖြစ် သူ့ကို ဘယ်သူမှ မမြင်လိုက်တာကြောင့် လဲ့ယ်တာချန်က သူ့ကို ဘာမှလုပ်လို့မရဘူး။
သူ ညစာစားရန် စိတ်မ၀င်စားတော့ဘဲ ပေါင်းထားသည့် မုန့်နှစ်ချပ်ကိုသာ စားလိုက်သည်။ဆယ်နာရီကျော်နေပြီဖြစ်ကာ လဲ့ယ်ထျဲ၏အရိပ်အယောင်ကိုလည်း မတွေ့ရသေးသဖြင့် မီးငြိမ်းသတ်ပြီး အိပ်ရာဝင်လေသည်။
ညဉ့်နက်သန်းခေါင်တွင် ခြံတွင်းမှ စူးရှသည့်အသံတစ်ခုကြောင့် ချင်မျန်နိုးလာသည်။
သူခိုးလား?
ဆီမီးကို မထွန်းဝံ့ဘဲ တံခါးကို ကပ်ကြည့်လိုက်သည်။ထို့နောက် ပင်မတံခါးသော့တံလျှောကျသံကို ကြားလိုက်ရပြီး နှလုံးမှာ လည်ချောင်းဝကနေ ထွက်လာမတတ်ခံစားလိုက်ရပြီး သူ အော်လိုက်၏။
“ဘယ်သူလဲ!”
"ချင်းဇီ....ကိုယ်ပါ"
ချင်မျန်မှာ ပျော်လည်းပျော်ရသလို ဒေါသလည်းထွက်ရကာ သူ့ညဝတ်အကျီများ ချွေးများဖြင့် စိုရွှဲနေသည်ကို တွေ့လိုက်ရသည်။
ကဲ့ရဲ့ရှုတ်ချချင်သောအသံမှာ အလွန်နူးညံ့သိမ်မွေ့နေပြန်၏
"ခင်ဗျား...အခု ဘယ်လိုပြန်လာတာလဲ?"
သူ အမှောင်ထဲတွင် လှည့်ပတ်ကာ တံခါးကိုဖွင့်ပြီး ဘေးစားပွဲပေါ်ရှိ ဆီမီးခွက်ကို ထွန်းလိုက်သည်။ပြီးတော့ သူ နောက်ပြန်လှည့်ကြည့်လိုက်၏။လဲ့ယ်ထျဲက သူ့ရှေ့မှာ ရပ်နေတာမဟုတ်ဘူးလား?
"ကိုယ် ခရိုင်ကို သွားခဲ့တယ်။"
မိုးကလည်း ရွာနေတုန်းပဲ။လဲ့ယ်ထျဲ စားပွဲပေါ်ကို လေးအား အဆင်ပြေသလို တင်ထားလိုက်ကာ သူ့ရင်ခွင်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ယူပြီး နှုတ်သေနှင့် ပြောလိုက်သည်။
“ကိုယ် မင်းကို ပြုစုပျိုးထောင်နိုင်ပြီ”
ချင်မျန် အံ့သြသင့်သွားကာ စာရွက်ကိုသိချင်စိတ်ဖြင့် ကြည့်လိုက်သည်။တရုတ်ရိုးရာအက္ခရာဖြင့် ရေးထားသော်လည်း 'ငါးရာ' ဟူသော စကားလုံးသုံးလုံးကိုဖြင့် မှတ်မိနေပါသေးသည်။
"ဘယ်က ရလာတာလဲ?"
လဲ့ယ်ထျဲ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ဝက်ဝံနက်တစ်ကောင်ကို အမဲလိုက်ပြီး ခြေသည်းလေးဖက်ကို ငွေတုံး ၅၀၀ နဲ့ ရောင်းလိုက်တယ်။စားစရာရှိလား?"
ချင်မျန်သည် ထိုသူ၏ 'ကိုယ် မင်းကို ပြုစုပျိုးထောင်နိုင်ပြီ' ဟူသော စကားကို ချိတ်ဆက်လိုက်ရာ တုန်လှုပ်သွားပြီး ခါးဘေးရှိ အမျိုးသား၏အဝတ်အစားများ စုတ်ပြဲနေလျက် သွေးနံ့သင်းသင်းလေး ထွက်နေသည်ကို သတိပြုမိလိုက်သည်။သူ့နှလုံးသားက တင်းတင်းကျပ်ကျပ် ညှစ်ထားခံလိုက်ရပြီး ငွေစက္ကူကို ထိုလူဆီ ပစ်ပေါက်ကာ သရော်လိုက်၏
Advertisement
"ကျွန်တော်က ဒီအတိုင်း နောက်ပြောင်လိုက်တာကို ခင်ဗျားက ငွေနဲ့ ကျွန်တော်မျက်နှာကို ရိုက်ချလိုက်တာပေါ့။လဲ့ယ်ထျဲ....ခင်ဗျား တကယ်ကို တော်တာပဲ!"
သူ လှည့်ပြီး ထွက်သွားလိုက်၏။သူ အမြန်လောလောနဲ့ထပြီး ညအိပ်ဝတ်စုံကိုသာ ဝတ်ထားကာ သူ့ခန္ဓာကိုယ်က အေးစက်နေပေမယ့် သူ့နှလုံးသားနဲ့ ယှဉ်၍မရပေ။
လဲ့ယ်ထျဲ အံ့အားသင့်သွားသည်။ချင်မျန် သူ့ဘက် တစ်ချက်မလှည့်ဘဲ ဒေါသတကြီးဖြင့် အိပ်ခန်းဆီသို့ ပြေးသွားသည်ကို မြင်လိုက်ရသဖြင့် စိတ်ရှုပ်သွားပြီး တစ်ဖက်လူ၏လက်ကို လှမ်းဆွဲလိုက်သည်။
"မဟုတ်ပါဘူး.."
"လွတ်..." ချင်မျန် အေးစက်စွာပြောလိုက်သည်။
လဲ့ယ်ထျဲ၏မျက်စံများက မည်းမှောင်လာပြီး ပါးစပ်အဟောင်းသား ဖြစ်သွား၏။သူ အနှီလူကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူ့လက်ဖဝါးကြီးများက တစ်ဖက်လူ၏ နောက်ကျောကို တင်းတင်းကြပ်ကြပ် ဖိထားလိုက်သည်။
"ခင်ဗျား...ကျွန်တော့်ကိုလွှတ်လိုက်!" ချင်မျန် မလွတ်မြောက်နိုင်တာကြောင့် ပိုပြီး ဒေါသအမျက်ထွက်လို့နေသည်။သူ့နှာခေါင်းမှာ စွဲနေတဲ့ သွေးနံ့က သူ့ကို ပိုလို့တောင် ဒေါသထွက်စေသည်။
“မဟုတ်ဘူး” ဒဏ်ရာကို ထိမိလိုက်တော့ လဲ့ယ်ထျဲ ညည်းညူလိုက်သော်လည်း သူ့လက်များကိုမူ မလွတ်ဘဲ မသဲမကွဲ ပြောလိုက်သည်။ “မင်းမျက်နှာကို ဖြတ်ရိုက်တာ မဟုတ်ပါဘူး။ချင်းဇီ...ကိုယ် မင်းကို ပြုစုပျိုးထောင်နိုင်တယ်။"
ချင်မျန်၏ရုန်းကန်လှုပ်ရှားမှုများသည် သူ့ရင်ခေါင်းအတွင်း အက်ဆစ်ကဲ့သို့ ပေါက်ထွက်နေသောကြောင့် အေးခဲသွားကာ တစ်ချိန်တည်းမှာပင် သူ့ဦးနှောက်ထဲတွင် အစစ်အမှန် ဉာဏ်အလင်းတစ်မျိုး ထွက်လာတော့သည်။
သူ(လဲ့ယ်ထျဲ)လည်း ယောက်ျားပဲ။ယောက်ျားတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုအားကိုးမှုက ဘယ်လောက် ပြင်းထန်တယ်ဆိုတာကို သူ ဘယ်လိုလုပ်ပြီး မေ့ထားနိုင်ရတာလဲ?အစတုန်းကတော့ ဒါကို ဟာသတစ်ခုလို့ ပြောခဲ့ပေမယ့်လည်း လဲ့ယ်ထျဲထက် ပိုက်ဆံပိုရခဲ့တာ အမှန်ပါပဲ။လဲ့ယ်ထျဲ ဘယ်လို ဂရုမစိုက်ဘဲ နေပါ့မလဲ။လဲ့ယ်ထျဲ သူနောက်ပြောင်နေတာကို မမြင်ဘဲ သူ့လုံခြုံရေးကို အလေးအနက်မထားတာကြောင့် သူပိုဒေါသထွက်မိတယ်။
သူ ခေါင်းကို မော့လိုက်သည်။ထိုလူက ထုတ်ဖော်မပြတတ်သော်လည်း သူ့ရဲ့နက်နဲသည့်မျက်လုံးများတွင် ဖုံးကွယ်ထားသော မမြင်နိုင်သော ထူးဆန်းတဲ့ ထိတ်လန့်မှုတစ်ခုရှိနေပြီး သူ့နောက်ကျောတစ်ဝိုက်တွင် လက်မောင်းဒဏ်ရာများက အလွန်ပူနေပါသည်။
သူ ရှုံးနိမ့်သွားတာကြောင့် အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။
“လွှတ်...ခင်ဗျားရဲ့ဒဏ်ရာကို ကြည့်ပေးမယ်”
လဲ့ယ်ထျဲ သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ ဆီမီးခွက်ယူရန် စားပွဲဆီသို့ ပြန်သွားပြီး တစ်ဖက်လူကို အိပ်ခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။ “ဝတ်ထားလိုက်”
ချင်မျန် သူ့ရဲ့ချည်သားအကျီင်္ကို ၀တ်လိုက်ပြီး သူ့ကို မကျေမနပ် စိုက်ကြည့်ကာ "ထိုင်"
လဲ့ယ်ထျဲက စကားနားထောင်ပြီး အုတ်ကုတင်ဘေးတွင် ထိုင်ကာ အထွန့်တတ်လိုက်၏ "ဒဏ်ရာသေးသေးလေးပါပဲ"
ချင်မျန် သူ့ကို လျစ်လျူရှုကာ ရေစိုနေသည့် အဝတ်များကို မြှောက်လိုက်ပြီး သွေးထွက်သံယို အမာရွတ်ငါးခုကို မြင်လိုက်သည်နှင့် သူ့နှလုံးသားမှာ အထွတ်အထိပ်အထိ တုန်လှုပ်သွားရသည်။သူ ဒေါသတကြီးနဲ့ "ခင်ဗျား ခရိုင်ကို သွားခဲ့တာမဟုတ်ဘူးလား? မပြန်ခင်မှာ ဒဏ်ရာကို သမားတော်ဆီသွားပြပြီး ပတ်တီး မစည်းလာရတာလဲ?”
"ဒါက ပြင်းထန်ပုံပေါ်ပေမယ့် ဒဏ်ရာက မပြင်းထန်ပါဘူး။မင်းစိုးရိမ်နေမှာစိုးလို့ ဝက်ဝံလက်သည်းတွေကို ရောင်းပြီးတာနဲ့ ချက်ခြင်းပြန်လာခဲ့တာ။ဒဏ်ရာက မစိုးရိမ်ရပါဘူး။” လဲ့ယ်ထျဲက ပြောလိုက်သည်။
ချင်မျန် ခပ်ပြင်းပြင်းစူးစိုက်ကြည့်လိုက်ကာ ရေ၊ ပိတ်စနှင့် အနာပျောက်ဆေးကို သွားယူလိုက်၏။ ဒဏ်ရာကို သေချာဆေးကြောသန့်စင်ပြီးနောက် အမှုန့်ကို ဂရုတစိုက်ဖြန်းကာ ပတ်တီးဖြင့် ပတ်ထားပေးလိုက်သည်။
"ဘယ်တုန်းက ခရိုင်ကိုသွားခဲ့တာလဲ?ဒီကို ဘယ်လိုပြန်လာတာလဲ?"
“မွန်းလွဲပိုင်းလောက်မှာ တောင်ပေါ်ကဆင်းပြီး မြို့ကို သွားမယ့်လှည်းနဲ့တွေ့ခဲ့တယ်။မြို့ထဲမှာ ဘယ်သူမှ ဝက်ဝံမဝယ်ဘူးဆိုတော့ ခရိုင်ကိုသွားဖို့ လှည်းငှားရတယ်။ပြန်တဲ့အချိန်က ညရောက်နေပြီ။ လှည်းငှားလို့မရတော့လို့ လမ်းလျှောက်ပြန်လာခဲ့တာ”
ချင်မျန် ဒေါသထွက်နေသေးတာကို သူသိတာကြောင့် စကားအများကြီး မပြောတတ်တဲ့သူက အလွန်အသေးစိတ်ကျကျအဖြေတစ်ခုပေးခဲ့သည်။ဒါကြောင့် ချင်မျန်၏နှလုံးသားကို ပျော့ပျောင်းစေပြီး ဒေါသတွေကို ပြေပျောက်စေခဲ့သည်။သူ မတ်တတ်ထရပ် လိုက်၏။
"စည်ထဲမှာ ရေနွေးပူတွေရှိတယ်။ရေချိုးပြီးရင် အဝတ်အစားအခြောက်တွေကို လဲလိုက်။ဒဏ်ရာကို မထိမိအောင် သတိထားဦး။ခင်ဗျားအတွက် စားစရာတစ်ခုခုလုပ်ပေးမယ်။"
လဲ့ယ်ထျဲက တုံ့ပြန်ပြီး ဆီမီးခွက်ကိုင်လျက် သူ့နောက်ကနေ လိုက်သွားခဲ့သည်။
ထိုငွေစက္ကူသည် မြေပြင်ပေါ်တွင် တိတ်တဆိတ် ကျနေမြဲ။လဲ့ယ်ထျဲ ကောက်လိုက်ပြီး ချင်မျန်ကို ပေးလိုက်၏။
ချင်မျန် သူ့အိတ်ကပ်ထဲကို ထည့်လိုက်ပြီး မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
043: ခ်င္းဇီ.....ကိုယ္ မင္းကို ျပဳစုပ်ိဳးေထာင္ႏိုင္တယ္။
ဆိုင္ဖြင့္တာက ႐ိုး႐ွင္းတဲ့ကိစၥေတာ့ မဟုတ္ေပ။မဖြင့္ခင္မွာ ဆိုင္မ်က္ႏွာစာ အလွဆင္ဖို႔၊ မီးဖိုေခ်ာင္မွာ ပစၥည္းေတြ အစုံထည့္ဖို႔၊ ပစၥည္းေတြဝယ္ထည့္ဖို႔၊ ဝန္ထမ္းေတြကို ငွားၿပီး ေၾကာ္ျငာဖို႔ လိုအပ္ေသးသည္။
အစားအေသာက္လုပ္ငန္းဆိုတာက သန္႔႐ွင္းသပ္ရပ္မႈကို အဓိကထားလုပ္ေဆာင္ရမည္။ထို႔ေၾကာင့္ ခ်င္မ်န္သည္ ဆိုင္အလွဆင္ရာတြင္ အခ်ိန္မ်ားစြာမျဖဳန္းေနေတာ့ဘဲ လူေတြကို အိမ္ေခါင္မိုး၊ နံရံမ်ားႏွင့္ ၾကမ္းျပင္ေတြကိုသာ သန္႔႐ွင္းေရးလုပ္ခိုင္းလိုက္သည္။ နံရံတြင္ မျမင္ႏိုင္သည့္အေပါက္အခ်ိဳ႕႐ွိေသာေၾကာင့္ လဲ့ယ္ထ်ဲအား အ႐ြယ္အစားအမ်ိဳးမ်ိဳး႐ွိသည့္ ဝါးအပိုင္းအစမ်ားႏွင့္ သစ္သားျပားမ်ားျပဳလုပ္ၿပီး နံရံေပၚတြင္ အႏုပညာဆန္ဆန္ စတိုင္က်ေသာ ပုံစံမ်ားျဖစ္ေအာင္ စီစဥ္ခိုင္းလိုက္သည္။စားပြဲမ်ားႏွင့္ ကုလားထိုင္မ်ားက အသစ္ျဖစ္ေသာေၾကာင့္ စားသုံးသူမ်ား စားေသာက္သည့္အခါ သက္ေတာင့္သက္သာျဖစ္ေစရန္ ရည္႐ြယ္ထား၏။
ထို႔အျပင္ ခ်င္မ်န္ ေခါက္ဆြဲလုပ္သည့္အႀကီးစားစက္ကိရိယာတစ္ခုကို ဝယ္ယူခဲ့သည္။ခ်မ္းသာျမင့္ျမတ္ ပရိေဘာဂဆိုင္၏ေခါက္ဆြဲစက္မွာ ခ်င္မ်န္၏ဒီဇိုင္းကိုမွ ၎ဆိုင္၏ကိုယ္ပိုင္ဟန္ပန္မ်ားလည္း ပါ႐ွိသည္။၎၏ပုံပန္းသဏၭာန္ကို ျပည္စုံစြာမြမ္းမံထားၿပီး ပုံစံမ်ားျဖင့္ ထြင္းထုထားေသာေၾကာင့္ ေရာင္းအားေကာင္းခဲ့သည္။အစတြင္ ၿမိဳ႕တြင္း႐ွိ အျခားပရိေဘာဂဆိုင္မ်ားသည္ ယင္းစက္ကိရိယာကို ဤေနရာမွ လာေရာက္ဝယ္ယူရသည္။
ေမွာင္လာၿပီးေနာက္ ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲတို႔ ခ်က္ခ်င္းမအိပ္ၾကေသးဘဲ ဆီမီးထြန္းထားၿပီး အပူခံအုတ္ကုတင္ေပၚတြင္ အေၾကာင္းအရာမ်ားကို ေဆြးေႏြးေနၾကသည္။
“ဘာေရာင္းမယ္ဆိုတာ မင္း အခုထိ မေျပာရေသးဘူးမလား?” လဲ့ယ္ထ်ဲ ေနာက္ေက်ာမွီကာ ေစာင္တစ္ထည္ကိုလည္း ကိုယ္ေပၚတြင္ လႊားထားသည္။
ခ်င္မ်န္ ျပဳံးျပဳံး႐ႊင္႐ႊင္နဲ႔ ေခါင္းကို ေမာ့ကာ ယုံၾကည္မႈအျပည့္နဲ႔ ၾကည့္လိုက္သည္။ “ေအးတဲ့ရာသီ ေရာင္ေနၿပီဆိုေတာ့ လူေတြက သဘာဝက်က်ပဲ ပူပူေႏြးေႏြးကို စားခ်င္ၾကတယ္မလား။ဒါေၾကာင့္ "ပူစပ္ဟင္းရည္" နဲ႔ "ေဟာ့ေပါ့" ေရာင္းခ်င္တယ္"
ဒီကမ႓ာ႐ွိလူမ်ားက ဟင္းခ်က္ရာတြင္ ပါးပါးလွီးထားေသာ ပါဝင္ပစၥည္းမ်ားကို ေရေႏြးပူပူ သို႔မဟုတ္ ဟင္းခ်ိဳတြင္ ေခတၱစိမ္ထားျခင္းျဖင့္ အစားအစာကို ခ်က္ျပဳတ္ႏိုင္သည္ဟု မထင္ထားၾကေသးသည့္အတြက္ အလြန္ဝမ္းသာမိသည္။
ပူစပ္ဟင္းရည္ႏွင့္ ေဟာ့ေပါ့လုပ္နည္းကို လဲ့ယ္ထ်ဲအား အေသးစိတ္႐ွင္းျပလိုက္၏။ “တိုတိုေျပာရရင္ေတာ့ ဟင္း႐ြက္နဲ႔ အသားေတြကို ဟင္းရည္နဲ႔ျပဳတ္တာပါပဲ။ဒီဟင္းခ်ိဳက သာမန္ဟင္းခ်ိဳေတာ့ ဘယ္ဟုတ္မလဲ။ဟင္းခတ္အေမႊးအႀကိဳင္ ၁၈ မ်ိဳးျဖင့္ ျပဳလုပ္ထားတဲ့ အထူးဟင္းရည္တစ္မ်ိဳးပဲ။ကြၽန္ေတာ္ ဝယ္ထားတဲ့ သစ္ၾကံပိုးေခါက္၊ လိေမၼာ္ခြံေျခာက္နဲ႔ ဗီနီလာကို မွတ္မိလား။ဒီဟင္းရည္မွာ အဲ့တာေတြပဲလိုတယ္။"
လဲယ္ထ်ဲ ခဏေလာက္ ၾကည့္လိုက္ၿပီး သူ႕စုတ္တံနဲ႔ စာ႐ြက္ေတြကို ေဘးဘက္ကို ဆြဲယူလိုက္၏။ "ေနာက္က်ေနၿပီ။မနက္ျဖန္မွ စကားဆက္ေျပာၾကရေအာင္"
ခ်င္မ်န္လည္း အိပ္ငိုက္လာသည္။သူ သမ္းေဝလိုက္ၿပီး “အိပ္ရေအာင္။မနက္ျဖန္က်ရင္ ခင္ဗ်ားအတြက္လုပ္ေပးမယ္ေနာ္။အဲ့ခါက် သိလိမ့္မယ္"
လဲ့ယ္ထ်ဲ ဆီမီးခြက္ကိုမႈတ္ၿပီး ထုံးစံအတိုင္း လူကို ေပြ႕ဖက္ကာ အိပ္လိုက္ေတာ့သည္။ “ေကာင္းၿပီ။”
ရက္အနည္းငယ္အတြင္း လုပ္ငန္းစဖြင့္ႏိုင္ေတာ့မည္ဟု ေတြးလိုက္မိေသာအခါ ခ်င္မ်န္ စိတ္လႈပ္႐ွားသြားသည္။သူ အိပ္ငိုက္ေနသည္မွ ႐ုတ္တရက္ ေျပေလ်ာ့သြားကာ စေနာက္လိုက္သည္။ "အခု ခင္ဗ်ားကို ျပဳစုပ်ိဳးေထာင္ေပးေနတာ ကြၽန္ေတာ္ေနာ္"
လဲ့ယ္ထ်ဲ၏လက္မ်ား ေတာင့္တင္းသြားသည္။ "မနက္ျဖန္ ကိုယ္ ေတာင္ေပၚတက္မယ္။"
ခ်င္မ်န္ ရယ္ၿပီး "ေနာက္ေနတာပါ"
"ပူစပ္ဟင္းရည္မွာ အသားဟင္းေတြလိုတယ္ေလ" လဲ့ယ္ထ်ဲမွာ သံသယျဖစ္စရာမ႐ွိ။
ခ်င္မ်န္ အဲဒါကို စဥ္းစားၿပီး “ေကာင္းၿပီေလ။ျပင္ဆင္စရာေတြက အမ်ားႀကီး႐ွိေသးတယ္။မနက္ျဖန္ လိေမၼာ္သီးေျခာက္အခြံနဲ႔ သစ္ၾကံပိုးေခါက္ကို အမႈန္႔ျဖစ္ေအာင္ ႀကိတ္ရမယ္” ဟင္းခတ္အေမႊးအႀကိဳင္အတြက္ ေက်ာက္စက္တစ္လုံးကိုလည္း သူဝယ္ခဲ့ေသးသည္။
“ဒီတစ္ခါေတာ့ ေတာနက္ထဲထိ သြားခ်င္တယ္၊ ႏွစ္ရက္ေနရင္ေတာ့ ျပန္လာမွာပါ” လဲ့ယ္ထ်ဲ ထပ္ေျပာျပန္သည္။
"ဒီေလာက္ၾကာလား?" ခ်င္မ်န္ ထိုလူတစ္ေယာက္ တစ္ခုခုမွားေနၿပီဟု ေယာင္ဝါးဝါးခံစားမိေသာ္လည္း သူ ထိုစကားမ်ားကို ႐ွင္းမျပႏိုင္ခဲ့ေသာေၾကာင့္ "ေကာင္းၿပီ၊ မနက္ျဖန္က်ရင္ အစာေျခာက္အတြက္ ျပင္ေပးမယ္"
ေနာက္တစ္ေန႔တြင္ ခ်င္မ်န္ သူ႕အနား႐ွိ လႈပ္႐ွားမႈကို ေယာင္ဝါးဝါး သတိျပဳမိလိုက္သည္။မေန႔ညက ေတာင္ေပၚတက္မယ္လို႔ လဲ့ယ္ထ်ဲေျပာခဲ့တာကို သတိရလိုက္တာနဲ႔ လန္႔ႏိုးသြားေတာ့၏။
အျပင္ဘက္တြင္ နံနက္ခင္းအလင္းေရာင္က မွိန္ေဖ်ာ့ေဖ်ာ့လင္းေနၿပီး ကန္႔လန္႔ကာမ်ားပိတ္ထားေသာေၾကာင့္ အခန္းသည္ ေမွာင္ေနကာ ကုတင္ေခါင္းရင္းတြင္ မီးထြန္းထားဆဲျဖစ္သည္။
လဲ့ယ္ထ်ဲက ကုတင္အစြန္းတြင္ ဖိနပ္ကိုစီးလ်က္ ထိုင္ေန၏။ လွည့္ၾကည့္လိုက္ကာ တိုးတိုးေလးေျပာလိုက္သည္။
" ျပန္အိပ္ေတာ့”
ခ်င္မ်န္ ေခါင္းယမ္းလိုက္ၿပီး သူ႕အဝတ္အစားေတြကို ၾကည့္လိုက္၏။ "အဲ့ေလာက္နဲ႔ မရဘူး ေတာင္ေပၚေတြမွာ အပူခ်ိန္နိမ့္တယ္ အဝတ္ထူထူထပ္ဝတ္သြား"
သပ္သပ္ရပ္ရပ္ ၀တ္စားၿပီးေနာက္ မီးဖိုေခ်ာင္သို႔သြားကာ မနက္စာခ်က္ရန္ ခပ္ထူထူလွီးထားေသာ အသားပန္ကိတ္မ်ားကို လုပ္ေနသည္။ထို႔ေနာက္ ဆီစကၠဴျဖင့္ထုပ္ၿပီး လဲ့ယ္ထ်ဲအတြက္ ျပင္ေပးထားေသာ လြယ္အိတ္ထဲသို႔ ထည့္ေပးလိုက္သည္။
က်န္ပန္ကိတ္မ်ားကို မိႈဟင္းခ်ိဳျဖင့္ စားၾက၏။
"သတိထားသြားေနာ္ " လဲ့ယ္ထ်ဲ ေတာင္ေပၚတြင္ အမဲလိုက္သြားျခင္းသည္ ပထမဆုံးအႀကိမ္မဟုတ္ေသာ္လည္း ခ်င္မ်န္ အေၾကာင္းျပခ်က္မ႐ွိ စိတ္မသက္မသာခံစားရသျဖင့္ အႀကိမ္ႀကိမ္သတိေပးခဲ့သည္။
“ဘာမွမျဖစ္ဘူး။” လဲ့ယ္ထ်ဲ သူ႕မ်က္ႏွာေလးကို ပြတ္သပ္လိုက္သည္။ "ကိစၥတစ္ခုခု႐ွိရင္ေတာင္ ကိုယ္ ျပန္လာတဲ့အထိေစာင့္"
ခ်င္မ်န္၏ႏွလုံးမွာ ခုန္ေပါက္သြားသည္။ဘာလို႔မ်ား ဒီစကားဝိုင္းက လင္နဲ႔မယားၾကားက စကားဝိုင္းတစ္ခုလိုျဖစ္ေနရတာလဲ?သူ႕ရဲ႕ ပူေႏြးေနတဲ့ နား႐ြက္ကိုဆြဲကာ လက္ကိုေဝွ႔ယမ္းၿပီး ထိုလူကို ေမာင္းထုတ္လိုက္သည္။ "ကြၽန္ေတာ္ သိတယ္။သြားေတာ့ သြားေတာ့။ ေစာေစာသြား၊ ေစာေစာျပန္လာ”
လဲ့ယ္ထ်ဲ ေခါင္းညိတ္ၿပီး ထြက္သြားသည္။
ခ်င္မ်န္ ျခံဝန္းအတြင္း ခဏရပ္ေနကာ အစာေၾကရန္အတြက္ ျခံဝန္းအတြင္း လမ္းေလွ်ာက္ၿပီးေနာက္ သူသင္ယူခဲ့သည့္ လႈပ္႐ွားမႈမ်ားကို ျပန္လည္သုံးသပ္ေနလိုက္သည္။ထို႔ေနာက္ သူ႕အလုပ္ေတြကို ဆက္လုပ္ကာ လိေမၼာ္သီးေျခာက္၊ သစ္ၾကံပိုးေခါက္ႏွင့္ စီခြၽမ္းင႐ုတ္ေကာင္းတို႔ကို ေက်ာက္စက္ျဖင့္ အမႈန္႔ျဖစ္ေအာင္ ႀကိတ္လိုက္သည္။
အိမ္မွာ ဘယ္သူမွမ႐ွိတာေၾကာင့္ ျခံဝန္းက ထူးထူးျခားျခား တိတ္ဆိတ္လို႔ေန၏။ခ်င္မ်န္ ဟာလာဟင္းလင္းျဖစ္ေနသည့္ျခံဝင္းကိုၾကည့္ရင္း မ်က္စိဆံပင္ေမြးစူးသလို ခံစားလိုက္ရသည္။ျခံကိုအလွဆင္ဖို႔ရာ တစ္စုံတစ္ရာကို တူးဖို႔ရာ ေပါက္ျပားနဲ႔ ေတာင္းတစ္လုံးကို ယူကာ ထြက္လာခဲ့သည္။
Advertisement
- In Serial40 Chapters
I Became A God Of A Microscopic World
As the world began to recover, mysterious energy appeared along with it.
8 864 - In Serial40 Chapters
A Vague and Indistinct Existence
Meet Andrew Quirk. Seventeen Years Old. Offbeat. Mildly Misanthropic. After an ambiguous amount of time spent in a nightmare dimension, he's finally made it back home to the human world. Now he has to deal with figuring out the rest of his life. This means dealing with the complications brought about by his inhuman state, and his decidedly ambiguous nature. He has to deal with his toxic home situation, school, and the stresses that come with becoming a functioning member of society after what feels like a lifetime of lunancy, magic, and violence. He may, or may not, also have to worry about having half the supernatural world gunning for him. His take on the whole situation: "Is this one of those situations where the crime 'is' the punishment?!" (Updates Sporadically)
8 321 - In Serial29 Chapters
Dragon Fantasy
A boy who is orphan wanted to become elite in human and demon society and wanted to know the reason why he was abondoned. But story and history is deeper than you think. The boy become man and the man become dragon who will dominate the world. How? let's find out by ourselves. Author: Some character design (Image) I done with software. One of the heroine of the series.(Still didn't appear) Miss Head Mistress(Bellow) Main Lead
8 328 - In Serial7 Chapters
Devoid of Luck
When misfortune is a daily routine, death is just a loading screen and immortality is worse than a curse. Did you ever feel you're the unluckiest person in the universe? Well,then you haven't met this guy yet.Ever sat in a literature class and was thinking that """"There is no damn deeper meaning, the author said it a blue potato, because it was a damn blue potato!"""", well, my story actually has a deeper meaning, but not everything does. Lets see what explanations you guys can come up with.
8 157 - In Serial11 Chapters
Descendants: Lost Auradonian Queen
King Adam and Queen Belle had twins, their names Benjamin and Briar. However, Briar was taken away from her family at a young age by none other than the Queen of evil herself, Maleficent, who she now lives alongside on the Isle Of Lost. Join Briar on the road to finding her true self.
8 165 - In Serial7 Chapters
Naruto of the blue Sharingan
As the Uchiha coup d'etat was about to take place Danzo attempted to pluck Shisui's eyes and use it for his own power grab but ended up failing miserably to do so. As shisui saw his move and immediately used shunshin to get out but ended up being poisoned by an Aburame bug. He then got to the meet up point with Itachi weaken by the poison he pluck both of his own eyes and hand it over to Itachi asking him to use it for the greater good or keep it with sandaime sama for safety. sometime later Itachi ask the sandaime to keep the eyes of his friend and give it to someone who is really in need.A year after the Uchiha clan massacre Naruto was beaten by a mob not only that they took his beautiful cerulean blue eyes which force the hokage to act on behalf of the blonde and gave him the eyes that Itachi entrusted to him.What will happen when the kyubi get's involved and modifies Naruto genes and in doing so accidentally allowed Naruto to have magnet release.Naruto is not mine sad to say.it belongs to Masashi Kishimoto
8 124

