《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[41+42]
Advertisement
[Unicode]
041: အိမ်သစ်တက်ပွဲ
ချင်မျန် အိပ်ယာကနေထပြီးနောက် တံခါးအပြင်ဘက်သို့ အေးအေးဆေးဆေးပင် လျှောက်သွားခဲ့သည်။ကောင်းကင်ကြီးက ပထမဆုံး အလင်းမှိန်မှိန်လေးဖြင့် တောက်ပနှင့်နေပြီ။ဆောင်းဦးရာသီတွင် ပုစဉ်းရင်ကွဲသံနှင့် ဖားသီဆိုသံများ မရှိတော့ဘဲ ရွာကို တိတ်ဆိတ်သွားစေခဲ့သည်။
ခြံထဲမှာ ကွန်ဖူးလေ့ကျင့်နေတဲ့ လဲ့ယ်ထျဲရဲ့ခြေသံတွေ ထွက်လာတာကြောင့် သူ ထွက်ကြည့်လိုက်၏။
ဆယ်ကျော်သက်လေးက အပေါ်ပိုင်းတွင်တော့ အသစ်စက်စက် အညိုရောင်ဖျော့ဖျော့သွမ့်တာအင်္ကျီတစ်ထည်နှင့် အညိုဖျော့ဖျော့ခါးပတ် ပတ်ထားကာ အောက်ပိုင်းတွင်တော့ စိမ်းပြာရောင်ဖျော့ဖျော့ဘောင်းဘီနှင့် ခြေထောက်ပေါ်ရှိ သမင်သားရေဖိနပ်ကို ဝတ်ဆင်ထားသည်။ဒီလို ဝတ်စားဆင်ယင်ပုံမှာ မိသားစုတိုင်းရဲ့ကုန်းဇီပုံစံလေးပါပဲ။သူ့ရဲ့ရှည်လျားသည့်ဆံပင်ကိုဖြင့် အခြားသူများကဲ့သို့ ထိပ်ဆံထုံးအဖြစ် ထုံးထားခြင်းမဟုတ်ဘဲ စိမ်းပြာရောင်ခေါင်းစည်းဖြင့် ခပ်မြင့်မြင့်ချည်နှောင်ထားသည်။
သူသည်ကား ငယ်ရွယ်နုပျိုသော အားအင်များဖြင့် ပြည့်နှက်နေပြီး တစ်ချိန်တည်းတွင် ကောင်းကင်ကို မျှော်ကြည့်ကာ အကြောအခြင်တွေ ဆန့်လိုက်ပြီး သူ့မျက်နှာပေါ်တွင် တည်တည်ငြိမ်ငြိမ် အပြုံးတစ်ခုဖြင့် သူသည် ပို၍ပင် လန်းဆန်းတက်ကြွနေပုံပေါ်သည်။
လဲ့ယ်ထျဲကလည်း တူညီတဲ့ဝတ်စုံအသစ်ကို ၀တ်ထားသော်လည်း သွမ့်တာနှင့် ဘောင်းဘီမှာ အညိုရင့်ရောင် ဖြစ်ပြီး လက်ပြတ်အကျီနဲ့ ခါးပတ်မှာ အညိုဖျော့ရောင် ဖြစ်၏။သူလေ့ကျင့်နေစဉ်အတွင်း အင်္ကျီကို ခန္ဓာကိုယ်ပေါ်တွင် မ၀တ်ထားဘဲ ဝါးတိုင်ပေါ်တွင် ချိတ်ဆွဲထားသည်။
တကယ်တော့ ချင်မျန်က အဝတ်အစား ဒီဇိုင်းပုံတွေကို များများဆွဲဖို့ စိတ်မ၀င်စားတဲ့အတွက်ကြောင့် တူညီတဲ့စတိုင်ကို ဖန်တီးခဲ့ပြီး ရှေးရိုးစွဲစတိုင်အစား ခေတ်မီတဲ့ အစိတ်အပိုင်းတွေကို ထည့်သွင်းခဲ့ခြင်းသာ။
လဲ့ယ်ထျဲ၏မျက်နှာမှာ အမာရွတ်ရှိနေသော်လည်း အချိန်အကြာကြီး ကြာပြီးနောက် လုံးဝမရှိသလောက်ပင်။ထို့ကြောင့် ထိုကဲ့သို့ ဝတ်စားဆင်ယင်မှုကြောင့် သူ့ရဲ့ ကျယ်ပြန့်သည့်ပခုံးများနှင့် ခပ်သိမ်သိမ် ကျဉ်းမြောင်းသွားသည့် တင်ပါးစုံများကို ကောင်းစွာဖော်ပြလို့ထားသည်။ထို့အပြင် သူ့တစ်ကိုယ်လုံးသည် အရပ်ရှည်ရှည် တောင့်တောင့်ဖြောင့်ဖြောင့်ဖြစ်ကာ ခံ့ညားပြီး သူရဲကောင်းဆန်သည့် ကိုယ်ဟန်အနေအထားဖြင့် ရှိနေ၏။
"ကောင်းသောမနက်ခင်းပါ.." ချင်မျန် လဲ့ယ်ထျဲကို သဘောကျအားကျသည့် မျက်လုံးများဖြင့် အပေါ်အောက် စုံကြည့်ကာ စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်သည်။
လဲ့ယ်ထျဲသည်လည်း တစ်ဖက်လူကို မြင်သည်နှင့် အကြည့်ကို ပြန်ရုတ်လိုက်ပြီး လေ့ကျင့်မှုကို ဆက်လုပ်နေတော့သည်။ အမူအရာနှင့် လှုပ်ရှားမှုတိုင်းက အားကောင်းပြီး ပြင်းထန်ကာ သန်စွမ်းသွက်လက်လို့နေသည်။
အသက်ရှုကြပ်သွားစေနိုင်တယ်ဟ!
ထိုလူကိုကြည့်ရင်း ချင်မျန်၏မျက်နှာပေါ်ရှိ အပြုံးမှာ အေးခဲသွားသည်။တစ်ချက်ကြည့်လိုက်တော့ မြေပြင်ပေါ်ရှိ ကျောက်စရစ်ခဲသေးသေးလေးကို တွေ့လိုက်ရသည်။လဲ့ယ်ထျဲက သူ့ကိုသတိမထားမိတာကိုမြင်တော့ သူ ကျောက်စရစ်ခဲကို ကောက်ကိုင်လိုက်ပြီး သူ့ရဲ့နောက်ကျောဘက်ကို ပစ်ပေါက်လိုက်၏။
သူ့ရဲ့လေ့ကျင့်နေသည့်ပုံမှာ စံနမူနာပြပုံပေါက်သော်လည်း ၎င်းက ဖော်ရှိုးဆိုတာကို ဘယ်သူက သိနိုင်မှာလဲ?ဒါကြောင့် သူ ထိုလူကို စမ်းသပ်လိုက်ခြင်းသာ။
လဲ့ယ်ထျဲ သတိမပြုမိသေးသည့်ဟန်ဖြင့် လက်ဖဝါးအကွက်တွေကို ဆက်လက်လေ့ကျင့်နေသော်လည်း ကျောက်စရစ်ခဲက သူ့ကိုထိခါနီးတွင် သူ့ညာလက်သည် ရုတ်တရက် လှုပ်ရှားမှုအလျောက် ပြောင်းလဲသွားပြီး နောက်ဘက်သို့ လှည့်လိုက်သည်။လက်ညိုးနှင့် လက်ခလယ်ကြားတွင် ကျောက်စရစ်ခဲကို ဖမ်းလိုက်ခြင်းသာ။ နောက်ပြန်မလှည့်ဘဲ လေ့ကျင့်ခန်းကို ဆက်ပြီးလေ့ကျင့်ခဲ့သည်။
ချင်မျန် မျက်ခုံးပင့်လိုက်၏။
ဒါ ဖော်ရှိုးမဟုတ်ဘူးပေါ့!သူ အမြင်မှားသလား မသေချာပေမယ့် အခုပဲ လဲ့ယ်ထျဲက သူ့ဘက်ကို တစ်ချက်လှမ်းကြည့်နေသလိုပဲ။အလွန်နူးညံ့တဲ့အကြည့်ဆိုပေမယ့်လည်း ထိုလူက သူ့ကို နှိမ့်ချင်နေပုံရသည်။
သူ မျက်လုံးလှန်ပြလိုက်ပြီး ခပ်ဟဟရယ်လိုက်၏။ခြံက မသန့်ရှင်းရသေးတဲ့အတွက် မြေပေါ်မှာ ကျောက်စရစ်ခဲတွေ အများကြီး ပြန့်ကျဲနေသေးသည်။သူ အောက်ကိုငုံ့ကာ ကျောက်စရစ်ခဲအချို့ကို ကောက်ယူပြီး လဲ့ယ်ထျဲဆီသို့ အဆက်မပြတ် ပစ်ပေါက်လိုက်သည်။
လဲ့ယ်ထျဲင 'ပင်လယ်ထဲ၌ လကို ငါးမျှားခြင်း' အကွက်ကို လေ့ကျင့်ရင်း ရုတ်တရက် ထခုန်ကာ လေထဲသို့ လှည့်ဝင်သွားသည်။သူ့ညာဖက်လက်ဖဝါးသည် ထန်းရွက်ကဲ့သို့ ရုတ်တရက် တောင်မြောက်ရွေ့လျားသွားပြီး ကျောက်စရစ်ခဲငါးလုံးကို သူ့လက်ဖဝါးတွင် ဖမ်းမိသွားသည်။တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ တည်ငြိမ်စွာဖြင့် ကျလာပြီး ချင်မျန်ကို စိုက်ကြည့်နေသည်။
အရမ်းမိုက်တယ်!
ချင်မျန်၏မျက်လုံးများက တောက်ပလာပြီး သူ့ဆီ ပြေးလာတော့သည်။ "ကျွန်တော် အခု အရွယ်ရောက်လာပြီ။ခင်ဗျားအဆင့်ထိ သင်ယူလို့ရမလား?"
လဲ့ယ်ထျဲ၏နှုတ်ခမ်းထောင့်က မြင့်တက်လာတော့သည်။သူပြုံးလေ့မရှိသောကြောင့် အနည်းငယ်တင်းကျပ်နေပုံရသော်လည်း သူ့မျက်လုံးများရှိ အပြုံးကတော့ သံသယဖြစ်ဖွယ်မရှိပေ။ချင်မျန် ဒါကို သတိပြုမိပြီး သူ ပိုပြီးတက်ကြွလာတော့သည်။
"မင်း အသက်မပြည့်သေးဘူး" လဲ့ယ်ထျဲ ပြောလိုက်၏။
ချင်မျန် ရယ်ရမလား ငိုရမလားမသိ။
သူ ဒီလိုဆိုလိုတာတော့ ဘယ်ဟုတ်မလဲ!သူသာ အသက်ကြီးရင် လဲယ်ထျဲလည်း အသက်ကြီးနေပြီ မဟုတ်ဘူးလား?တခြားလူတွေက ဒီလိုပြောရင် သူနဲ့ ကွဲပြားအောင်လုပ်ဖို့ ကြိုးစားနေတယ်လို့ သူထင်လိမ့်မယ် ဒါပေမယ့် လဲ့ယ်ထျဲရဲ့ပါးစပ်က ထွက်လာတဲ့အခါ ရယ်စရာကောင်းနေတယ်။
"အဲဒီကို ပြောတာမဟုတ်ဘူး။ဒါပေါ့..ငယ်ငယ်ကတည်းက ကိုယ်ခံပညာကို စတင်လေ့ကျင့်ရင် မြန်မြန်ဆန်ဆန် တိုးတက်နိုင်မယ်လို့ ကျွန်တော် ကြားဖူးတယ်"
"ဘာပဲဖြစ်ဖြစ် တစ်ဆင့်ပြီးတစ်ဆင့်ပေါ့။ကိုယ်ကို ခုခံကာကွယ်တတ်အောင် အရင်သင်" လဲ့ယ်ထျဲ ကျောက်စရစ်ခဲတွေကို လွှင့်ပစ်လိုက်သည်။
ကျောက်စရစ်ခဲ အနည်းငယ်သည် တစ်ခုနှင့်တစ်ခု ထောင့်စွန်းတွင် ကျသွားသည်။ချင်မျန် သူ့ကို ခိုးကြည့်လိုက်သည်။ "ဘယ်လိုတောင် မိုက်လှချည်လား!"
လဲ့ယ်ထျဲ ခေါင်းလေးကို ပုတ်ပေးလိုက်ပြီး သင်ပေးလိုက်သည်။
အမျိုးသမီးများသာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန် လိုအပ်သည်မဟုတ် အမျိုးသားတွေလည်း လိုအပ်၏။အထူးသဖြင့် အရွယ်မရောက်သေးသော အမျိုးသားများပင်။ရှေးခေတ်မှာ လူကုန်ကူးသူတွေ များကြသည်။လူကုန်ကူးသူများမှ ပြန်ပေးဆွဲ ရောင်းစားခံရသော ဆယ်ကျော်သက်လေးတွေက အနည်းစု မဟုတ်။
Advertisement
မိမိကိုယ်ကို ခုခံကာကွယ်နည်းဟု ခေါ်သည့် ပညာရပ်မှာ ယေဘုယျအားဖြင့် တိုတောင်းသည့် အကွာအဝေးနှင့် အနီးကပ် ခန္ဓာကိုယ် တိုက်ခိုက်မှုများပါဝင်၏။ရိုးရှင်းတယ်၊ လက်တွေ့ကျပြီး မြန်ဆန်သည်။တစ်နည်းဆိုရသော် ပြိုင်ဘက်၏အဓိကနေရာများကို ထိုးနှက်ရမည်။မျက်လုံး၊ ပါးရိုး၊ မေးရိုး၊ လည်ချောင်း၊ ဝမ်းဗိုက်၊ ခြေထောက်၊ တဂေါက်ကွေးနှင့် အခြားနေရာများကို အချိန်တိုအတွင်း တိုက်ခိုက်ရမည်။
လဲ့ယ်ထျဲက ချင်မျန်၏နောက်တွင်ရပ်နေပြီး လက်တစ်ဖက်က ခါးကိုဖက်ထားကာ ကျန်တစ်ဖက်က လည်ပင်းကိုပတ်ပြီး "ပြိုင်ဘက်က မင်းကို နောက်ကနေဆွဲထားရင်....."
နားရွက်နားမှ ရှူရှိုက်လိုက်သော နွေးထွေးသည့်အသက်ရှုသံက ချင်မျန်၏လည်ပင်းကို ကျုံ့သွားစေသည်။
တစ်ဖက်လူရဲ့နားရွက်နီရဲလာသည်ကိုမြင်လိုက်ရတော့ လဲ့ယ်ထျဲ ဆက်လက်၍ "ပြိုင်ဘက်ကို တံတောင်နှင့်တွတ်နိုင်တယ် သို့မဟုတ် ဒူးကိုဖနောင့်ဖြင့်ကန်နိုင်တယ်" ဟု ဆက်မပြောမီ ခေတ္တရပ်လိုက်ရသည်။
သူ့ရင်ခွင်ထဲတွင်ရှိနေသည့် တစ်ဖက်လူရဲ့ခေါင်းလေးကိုကြည့်ကာ ခေတ္တရပ်လိုက်ပြီး "မင်း အရပ်ရှည်ပြီး ကမောက်ကမဖြစ်နေရင် ပြိုင်ဘက်ရဲ့ဦးခေါင်းကို မင်းခေါင်းနဲ့ထိအောင်ရိုက်နိုင်တယ်"
ချင်မျန်၏မျက်နှာမှာ မှုန်ကုပ်ကုပ် ဖြစ်သွားသည်။ပြောနေတဲ့အလယ်မှာ ခေတ္တရပ်သွားတာ ဘာအဓိပ္ပါယ်လဲ?သူ အခု အရပ်မရှည်သေးပေမယ့် အဲဒါက အနာဂတ်မှာ အရပ်မရှည်လာတော့ဘူးလို့ မဆိုလိုဘူးလေ!
ခေါင်းကို လှည့်ကာ လဲ့ယ်ထျဲကို ဆိုးဆိုးရွားရွား စိုက်ကြည့်နေသည်။
လဲ့ယ်ထျဲ ဘာမှအမှားမလုပ်ထားသလို အနေအထားပြောင်းကာ " တခြားနည်း သင်ပေးမယ်....."
တစ်စုံတစ်ယောက်၏သင်ကြားမှုနှင့် သင်ယူမှုပုံစံကြောင့် ချင်မျန်သည် မိမိကိုယ်ကို ခုခံကာကွယ်မှုဆိုင်ရာ အခြေခံကျွမ်းကျင်မှုများစွာကို ကျွမ်းကျင်ခဲ့လေပြီ။
"ခဏလောက် ပြေးပြီး မနက်စာပြင်ပြီးမှ ပြန်လာခဲ့မယ်" ချင်မျန် ကိုယ်ခံပညာကို လေ့ကျင့်ရန် အလွန်စိတ်ဝင်စားသောကြောင့် နေ့စဥ်လေ့ကျင့်ခန်းကိုလည်း အလွန်အလေးထားခဲ့သည်။ကိုယ်ခံပညာကို တတ်မြောက်လိုပါက ဦးစွာ သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုလည်း မြှင့်တင်ထားသင့်သည်။သူ လဲ့ယ်ထျဲကို ဝှေ့ယမ်းပြပြီး ပြေးထွက်သွားတော့သည်။
လဲ့ယ်ထျဲ တံခါးကို သော့ခတ်ပြီး လေးကို ကိုင်ဆွဲကာ တောင်ပေါ်သို့ တက်သွားသည်။
ချင်မျန် ပြေးရာမှ ပြန်ရောက်သောအခါ လဲ့ယ်ထျဲသည်လည်း ပြန်ရောက်လာပြီဖြစ်သည်။ခြံထဲမှာ စီချွမ်းငရုတ်ပင် သုံးပင်ရောက်နေပြီ။
"ဒါ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ။" ချင်မျန် တံခါးကနေ ဝင်ကာ ချွေးထွက်နေကြောင်း မြည်တမ်းပြီး သူ့ခါးသူ လက်နှစ်ဖက်ဖြင့် ထောက်ကာ "ကျွန်တော် ချွေးထွက်လွန်းလို့ အားတွေ တအားကုန်နေပြီ။ပြေးရင် ဝတ်ရမယ့်အဝတ်အစားနဲ့ ဖိနပ်တွေ ပြင်ဆင်ရမယ်"
"နောက်တစ်ခါကျရင် မြို့ထဲမှာ သွားဝယ်မယ်" လဲ့ယ်ထျဲ သူ့လက်ထဲမှာ ပေါက်တူးတစ်ချောင်းကို ကိုင်လိုက်ပြီး မေးလိုက်သည်။ "ဘယ်မှာ စိုက်ရမှာလဲ?"
ချင်မျန် ရေတစ်ခွက်ထည့်ပြီး တစ်ကျိုက်တည်း သောက်ချလိုက်သည်။သူ ခြံဝန်းကို တစ်ချက်ကြည့်လိုက်ပြီး တံခါးနဲ့ မနီးမဝေးက နေရာကို သွားကာ "အနံ့က သိပ်မကောင်းဘူး၊ဒီမှာစိုက်"
လဲ့ယ်ထျဲ ခေါင်းညိတ်ကာ တွင်းတူးရန် ကြည့်လိုက်သည်။ချင်မျန် မနက်စာပြင်ဖို့ မသွားခင် ခဏလောက် ရပ်ကြည့်နေလိုက်သည်။
မနက်စာစားချိန်၌ နောက်နှစ်ရက်အကြာတွင် နှစ်ယောက်သား အိမ်သစ်တက်ပွဲ လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
မနက်စာစားပြီးနောက် လဲ့ယ်ထျဲ အမဲလိုက်သွားသည်။ချင်မျန် ငရုတ်ကောင်းပင်သုံးပင်ပေါ်သို့ စိမ့်စမ်းရေကို လောင်းချပြီးနောက် အိမ်သစ်တက်ပွဲအတွက် ဖိတ်ခေါ်ရန် လမ်းတစ်လျှောက်သွားရင်းလာရင်း ရွာသားများကို တစ်အိမ်တက်ဆင်း ဖိတ်လိုက်သည်။
ရှေးဦးစွာ အိမ်ဟောင်းကို အရင်မသွားဘဲ အနောက်အရပ်မှ ရွာအရှေ့သို့ သွား၏။
အိမ်ဟောင်းကို ရောက်သောအခါ ရေတွင်းနံဘေးတွင် ရေခပ်နေသည့် တုရှီက သူ ခြံတံခါးဝန်းကနေ ဝင်လာသည်ကို မြင်လိုက်ရသဖြင့် မျက်ခွံများ လှုပ်ယမ်းသွားသည်။သူမ စိတ်မရှည်စွာ မေးလိုက်၏။ "ဒီကို ဘာလာလုပ်တာလဲ?"
တစ်ဖက်လူက သူ့ကို မကြိုက်တဲ့အတွက် ချင်မျန်က ရည်ရွယ်ချက်ကောင်းကောင်းကို ပြသထားပေမယ့်လည်း ပမာမခန့်ဖြစ်အောင်မပြောဘဲ တန်းသာပြောလိုက်သည်။ "အမေ....ကျွန်တော်တို့ရဲ့ အိမ်သစ်တက်ပွဲကို သဘက်ခါမှာ လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။အဲဒါ အမေတို့ စောစော လာနိုင်မလား?"
ထိုမှပင် တုရှီ၏ မျက်နှာထားသည် ပြေလျော့သွားသည်။ "နင် စဉ်းစားတတ်သားပဲ။ငါတို့ စောစောလာခဲ့မယ်။"
ချင်မျန်က "ကျွန်တော်တို့ ဟင်း ၈ မျိုးချက်မှာပါ။ အသားလေးမျိုးနှင့် ဟင်းသီးဟင်းရွက်လေးမျိုးပေါ့။ အသီးအရွက်တွေ ထပ်ခူးဖို့ ဟင်းရွက်ခင်းကို ထပ်သွားရမှာ စိုးရိမ်မိတယ်"
အသားလေးမျိုးနဲ့ ဟင်းသီးဟင်းရွက်လေးမျိုးက တော်တော်စားလို့ အဆင်ပြေမယ့် ပမာဏပဲ။တစ်မိသားစုလုံး သွားစားပစ်မယ်လို့ တွေးထားတာကြောင့် အသီးအရွက်တွေ သွားမခူးခိုင်းရင် မကောင်းဘူး။
"နားလည်ပြီ။"
ချင်မျန် သူမနှင့် စကားထပ်မပြောချင်တော့ဘဲ "အမေ..အလုပ်ဆက်လုပ်ပါ။ကျွန်တော် နောက်တစ်အိမ်သွားလိုက်ပါဦးမယ်။"
တုရှီ သူမလက်ကို ဝှေ့ယမ်းလိုက်သည်။
ညနေစောင်းအချိန် လဲ့ယ်ထျဲ အိမ်ပြန်ရောက်တော့ သူနဲ့ ချင်မျန် အစားအသောက်တွေကို ဆုံးဖြတ်လိုက်သည်။ဟင်းရှစ်ပန်းကန်; အသားလေးမျိုးနှင့် ဟင်းသီးဟင်းရွက်လေးမျိုးမှာ ကြက်သားနဲ့ ငရုတ်ကောင်း၊ ငါးကြော်၊ နှစ်ပြန်ပြုတ်ဝက်သား၊ ဝက်နံရိုးချိုချဉ်၊ အကြော်အရသာသုံးမျိုး (အာလူး၊ ခရမ်းချဉ်သီးနှင့် ငရုတ်ပွစိမ်း) ၊ တို့ဟူးကြော်၊ ရွှေပြောင်းဖူးကြော် နဲ့ ဆလတ်ရွက်ကြော်ပင်။
လယ်သမားမိသားစုများသည် အဖတ်ကိုကြိုက်ကြပြီး ဟင်းရည်ကို မနှစ်သက်သောကြောင့် စွပ်ပြုတ်မရှိပေ။
ဧည့်သည်များအတွက် သွားရည်စာများနှင့် အချိုတည်းမုန့်များအတွက်ကတော့ ဖရဲသီးစေ့ကြော်၊ မြေပဲကြော်နှင့် osmanthus ကိတ်မုန့်တို့ဖြစ်သည်။သူတို့ သိပ်ကောင်းအောင် ပြင်ဆင်လို့မရဘူး မဟုတ်ရင် သိပ်ကို မျက်စိကျစရာ ဖြစ်လိမ့်မယ်။
Advertisement
ဒေါ်လေးဝမ် အပါအဝင် ချက်ပြုတ်ရေး တာဝန်ခံ သုံးဦးရှိပြီး ကျန်နှစ်ဦးမှာ ဒေါ်လေးဝမ်နှင့် ပွဲအတွက် အတူတူလုပ်ဖူးသည့် အမျိုးသမီးများဖြစ်သည်။သူတို့မှာ တစ်ရွာတည်းမှ အဒေါ်လျိုနှင့် တစ်ဖက်ရွာမှ ဆဌမမြောက်အစ်မမာ တို့ဖြစ်သည်။(ဆဌမမြောက်အစ်မမာ=မာမိသားစု၏ဆဌမမြောက်သားရဲ့ ဇနီး)
အိမ်သစ်တက်ပွဲနေ့ မနက်စောစောမှာ ချင်မျန်နဲ့ လဲ့ယ်ထျဲတို့သည် ဟင်းသီးဟင်းရွက်တွေ၊ ဝိုင်တွေ၊ အဆာပြေမုန့်တွေနဲ့ ကိတ်မုန့်တွေဝယ်ဖို့ လှည်းလေးကို မောင်းပြီး မြို့ထဲကိုသွားကြ၏။အိမ်ပြန်ရောက်သည်နှင့် ချင်မျန် အိမ်ကို သန့်ရှင်းရေးလုပ်ကာ လဲ့ယ်ထျဲက စားပွဲနှင့် ထိုင်ခုံများငှားရန် ရွာသို့သွားခဲ့သည်။
ဒေါ်လေးဝမ်နဲ့ တခြားနှစ်ယောက်က ခပ်စောစောရောက်လာကြပြီး မီးဖိုချောင်မှာ အလုပ်ရှုပ်နေကြသည်။ရွာတွင် မိသားစု ၇၀ ကျော်ရှိပြီး တစ်မိသားစုလျှင် နှစ်ယောက်သာရှိလျှင်တောင် လူဦးရေ ၁၀၀ ကျော်ရှိနေမည်ဖြစ်သည်။ထို့အပြင် ရွာသားအများစုသည် အခြားသူများ၏စရိတ်စကဖြင့် အကျိုးအမြတ် ရမည်ကို နှစ်သက်ကြသောကြောင့် ကလေးရှိသောသူများကလည်း သူတို့ကိုပါ ခေါ်လာကြမည်မှာ သေချာသည်။ဤမျှလောက် လူများစွာကို ကျွေးမွေးရန်အတွက် ပါဝင်ပစ္စည်းများမည်မျှ လိုအပ်သည်ကို တွေးကြည့်နိုင်သည်။
ကံကောင်းစွာဖြင့် ချင်းရှီနှင့် လဲ့ယ်ချွင်းထောင်တို့က ဟင်းချက်စရာများကို ကူညီဆေးကြောရန် စောစောရောက်လာခဲ့သည်။
ချင်မျန်က ချင်းရှီလာ၍ ကူညီပေးတာကြောင့် လဲ့ယ်ချွင်းထောင်ကို တိတ်တဆိတ်မေးကြည့်ရာ လဲ့ယ်ရှန်းရီက သူမကို ကြိမ်းမောင်းပြီး အတင်းလာခိုင်းကြောင်း သိလိုက်ရသည့်အတွက် ချင်မျန်မှာ အလွန်အံ့အားသင့်သွားသည်။
နေ့လယ်ပိုင်းလောက်မှာ ရွာသူရွာသားတွေ တစ်ယောက်ပြီး တစ်ယောက် လက်ဆောင်တွေဖြင့် လာရောက်ကြပြီ။ပြင်ဆင်ထားတဲ့ လက်ဆောင်တွေက သာမာန်ဆိုပေမယ့် လက်တွေ့ဆန်၏။ဥအနည်းငယ်၊ ဟင်းသီးဟင်းရွက် သို့မဟုတ် အဝတ်တစ်ထည်ကို လက်ဆောင်ပေးကြပြီး အခြေအနေကောင်းပါက ဝက်သားတွဲ သို့မဟုတ် ဝိုင်ပုလင်းတစ်လုံး လက်ဆောင်ပေးကြမည်ဖြစ်သည်။ဘယ်ရွာမှာမဆို အတူတူပါပဲ ဘယ်သူမှ ချို့ယွင်းချက်မရှိချေ။
ချင်မျန် လက်ဆောင်များကို ဝမ်းသာအားရ လက်ခံပြီး စားပွဲဆီသို့ ရိုကျိုးစွာဖိတ်ခေါ်လိုက်သည်။
ထမင်းဝိုင်းကို တစ်လှည့်စီဧည်ခံ၏။စောစောလာတဲ့သူတွေက အရင်စားနိုင်သလို နောက်ကျမှရောက်လာတဲ့သူတွေကတော့ အိမ်သစ်ကိုပတ်ကြည့်၊ ပရိဘောဂအသစ်တွေကိုသဘောကျကြပြီး စကားစမြည်ပြောကာရယ်မောကြရင်း အဆာပြေစားနိုင်တာကြောင့် စိတ်ပူစရာမလိုပါဘူး။
ချင်မျန် အမြော်အမြင်ရှိစွာဖြင့် ယနေ့တွင် အလုပ်မတရားရှုပ်မည်ကို သူ ကြိုတွေးမိထားသည်။လဲ့ယ်ထျဲအပါအဝင် လဲ့ယ်ရှန်းရီနဲ့ လဲ့ယ်ရှန်းလီတို့ကို ဧည့်သည်များအား ဧည့်ခံပေးဖို့ ကူညီပေးရန် ကြိုသဘောတူညီခဲ့ကြပြီး ပွဲတလျှောက်လုံး အမှားအယွင်းမရှိခဲ့ပေ။
ဒါတောင် ချင်မိန် အရမ်းပင်ပန်းနေခဲ့သေးသည်။နောက်ဆုံး ဧည့်သည်တစ်သုတ် ပြန်သွားတော့ ဗိုက်က ဆာလောင်မွတ်သိပ်နေပြီး မလှုပ်ချင်တော့ဘဲ ထိုင်နေခဲ့မိသည်။
စားဖိုမှူးသုံးယောက်၊ လဲ့ယ်ရှန်းရီ နှင့် လဲ့ယ်ရှန်းလီတို့သည်လည်း မစားရသေးပေ။ချင်မျန်လည်း အကြာကြီးထိုင်မနေတော့။လဲ့ယ်ထျဲနှင့် အခြားနှစ်ယောက်က ဟင်းပွဲတွေကို ပြင်လိုက်ကြသည်။သူတို့အနည်းစုပင် အစားအသောက်တွေကို လုံးဝစားပစ်လိုက်ကြသည်။တစ်စက်မှ မကျန်အောင် ဝိုင်တစ်ပုလင်းလုံးကိုလည်း သောက်လိုက်ကြ၏။
မရီးကျန်း၊ လဲ့ယ်ရှန်းရီ နှင့် လဲ့ယ်ရှန်းလီတို့ ပြန်သွားတဲ့အခါ ချင်မျန် စားဖိုမှူးသုံးယောက်ကို လစာမြင့်မြင့်ပေးလိုက်ရုံတင်မကဘဲ သူတို့တစ်ယောက်ချင်းစီအတွက် ကိတ်မုန့်ကိုလည်း ထုပ်ပိုးပေလိုက်သည်။
အားလုံးထွက်သွားပြီးနောက် ချင်မျန် သူ့ရဲ့ပြည့်နေတဲ့ဗိုက်ကို တင်းတင်းဆုပ်ကိုင်ထားကာ လဲ့ယ့်ထျဲရဲ့ကျောကို ပျင်းရိစွာ ခြေထောက်ဖြင့် ဆောင့်ကန်လိုက်သည်။ "ပန်းကန်တွေသွားဆေး။"
ဆက်တီခုံပေါ်တွင် ထိုင်နေပြီး ဝိုင်အနည်းငယ်သောက်ထားသည့် လဲ့ယ်ထျဲက လက်တစ်ဖက်ဖြင့် ခေါင်းကိုထောက်ထားကာ ကျန်လက်တစ်ဖက်က ချင်မျန်၏ခြေထောက်ကို ပုတ်ပေးလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ "ဝင်အိပ်တော့"
ခြံထဲတွင် ရေနှင့်ပန်းကန်များ တိုက်မိသံကို ရံဖန်ရံခါ ကြားလိုက်ရပြီး သူ့နှုတ်ခမ်းများက သတိလက်လွတ် ပြုံးမိကာ....ထို့နောက်....သူ...အိပ်ပျော်သွားလေ၏...။
-------------------------------
042: ဆိုင်ခန်းငှားခြင်း
နေဝင်ပြီးနောက် နေ့သစ်အတွက် တစ်ဖန်ပြန်ထွက်လာသည်။
ချင်မျန် ပန်းကန်လုံးထဲက ကြက်ဥစွပ်ပြုတ်ကို ဖြည်းညှင်းစွာ သောက်လိုက်ပြီး စားပွဲအောက်ရှိ သူ့ခြေထောက်က လဲ့ယ်ထျဲခြေထောက်နှင့် ထိမိသွားသည်။
“ဒီနေ့ မြို့ထဲသွားပြီး ဝယ်စရာရှိတာ သွားဝယ်ရအောင်။နောက်ပြီး ဆိုင်ခန်းငှားလို့ရမလားလည်း ကြည့်ချင်တယ်။ဆောင်းဦးနှင့် ဆောင်းရာသီမှာက ငွေရှာဖို့ အကောင်းဆုံးအချိန်တွေပဲ”
လဲ့ယ်ထျဲလက်တွေက ခေတ္တတုံ့သွားပြီး “ဘာရောင်းမလို့လဲ?”
"အစားအသောက်"
ချင်မျန် ပန်းကန်ကို ဟင်းစားဇွန်းနဲ့ ထိလိုက်ပြီး ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်သည်။သူ့ခေါင်းထဲမှာ စားစရာမျိုးစုံ၊ တစ်ထောင်မက တစ်ရာမက ရှိတယ်၊ ဘာပဲဖြစ်ဖြစ် သူ့မှာ ဝိညာဉ်ရေးစမ်းရေလည်းရှိတယ်လေ၊ သူငွေရှာလို့မရမှာကို မကြောက်ဘူး။ဒီခေတ်မှာ ရပ်တည်ချင်တယ်ဆိုရင်တော့ ငွေ၊ အာဏာ၊ သြဇာရှိရမယ်။လက်ရှိအချိန်မှာတော့ ငွေကိုပဲ ရည်မှန်းပြီး လုပ်နိုင်တယ်။ဒါ့အပြင် အစားအသောက်လုပ်ငန်းက ငွေရနိုင်ဖို့ အမြန်ဆုံးနည်းလမ်းပဲ။တခြားအရာတွေအတွက်တော့ နောက်မှစဉ်းစားမယ်။
လဲ့ယ်ထျဲ သူ့ကို လေးလေးနက်နက် စိုက်ကြည့်နေပြီးနောက် သူ ခေါင်းညိတ်လိုက်၏။
မနက်စာစားပြီးနောက် နှစ်ယောက်သား နွားလှည်းလေးဖြင့် မြို့ထဲသို့ မောင်းသွားကြသည်။ဘီးများက ညှိုးနွမ်းခြောက်သွေ့နေသော သစ်ရွက်များအပေါ်ကို လှိမ့်လိုက်ကာ လေနှင့်အတူ အဝေးသို့ လွှင့်စင်သွားကြသည်။
ဝယ်စရာတွေ အများကြီးရှိခဲ့၏။နွားလှည်းတွင် ရထားလုံးမပါရှိသောကြောင့် ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် လက်ယမ်းပေါ်တွင် အတူထိုင်ကြသည်။အဝတ်တွေအထူကြီးဝတ်ထားပြီး အေးစက်တဲ့လေက သူတို့ရဲ့မျက်နှာကို ဖြတ်တိုက်သွားတဲ့အခါ လန်းဆန်းသွားသလို ခံစားရ၏။ချင်မျန် နွားအား ဝိညာဉ်ရေးစမ်းရေအချို့ကို တိတ်တဆိတ်တိုက်ကျွေးခဲ့တာကြောင့် နွားငယ်သည် လူ့အသိညာဏ်အတိုင်း လုံးဝနိုးကြားနေခဲ့သည်။လမ်းဘေးမှာ ကပ်လျှောက်ပြီး မြေကျင်းတွေနဲ့ ကျောက်တုံးတွေကို အလိုအလျောက် ဖြတ်ကျော်သွားတာကြောင့် လူတွေကို တိတ်တဆိတ် အံ့သြသွားစေခဲ့၏။
မြို့ထဲရောက်တော့ သင့်တော်တဲ့ဆိုင်ကိုရှာဖို့ လမ်းဘေးကို ကပ်လိုက်ကြသည်။သို့သော် ချင်မျန်မှာ သူ အကောင်းမြင်လွန်းတယ် ဆိုတာကို အမြန်သိလိုက်ရသည်။ရေပြေးမြို့တော်သည် တက်ကြွစည်ကားသည့်မြို့တစ်မြို့ဖြစ်သော်လည်း ယင်းကြောင့် ဈေးသည်များဖြင့် ပြည့်နှက်နေပြီး ငှားရန် သို့မဟုတ် ရောင်းရန် စတိုးဆိုင်ကို ရှာရန် မလွယ်ကူပေ။
မြို့တစ်ဝိုက်တွင် သင့်လျော်သည့်ဆိုင်ကို ရှာမတွေ့တာကြောင့် ချင်မျန်သည် အလျှော့မပေးဘဲ ပွဲစားတစ်ဦးကို ရှာဖွေခဲ့သည်။ ပွဲစားလက်ထဲတွင် ဆိုင်အများအပြားရှိကာ တစ်ခုမှာ လမ်းဆုံလမ်းခွအနီးတွင်ရှိသည်။ဆိုင်၏အရွယ်အစားနှင့် တည်နေရာက အလွန်သင့်လျော်သော်လည်း ဆိုင်သည် ငှားရန်သာဖြစ်ပြီး ဈေးနှုန်းမှာ ငွေတုံး ၂၀၀ ဖြစ်၏။သူ မတတ်နိုင်ဘူး။
ဝမ်းနည်းစွာဖြင့် လက်ကိုဝှေ့ယမ်းကာ အိမ်တစ်လုံးကို ဆိုင်အဖြစ်သို့ ပြောင်းလဲရန် စဉ်းစားခဲ့သည်။သို့သော် ပွဲစားလက်ထဲတွင် ရောင်းရန်သော်လည်းကောင်း ငှားရန်သော်လည်းကောင်း ရှိသည့် အိမ်များမှာ ဆိုင်ခန်းလုပ်ရန်အတွက် မသင့်တော်ပေ။
“ဒါက ကောင်းတယ်နော်။” လက်မလျှော့ဘဲ ပွဲစားက ငွေတုံး၂၀၀တန်ဆိုင်ကို ချင်မျန်ထံသို့ တစ်ဖန်အကြံပြုခဲ့သည်။ “အလင်းရောင်ကောင်းကောင်းရတဲ့ ဆိုင်ကြီးတစ်ဆိုင်က ငွေ 200 တန်ပဲ ရှိတယ်။ဒီရွာမှာ ဒီဆိုင်ကလွဲပြီး ဒီလိုဆိုင်မျိုးထပ်မရှိဘူးဗျ”
ချင်မျန် ခပ်ဟဟရယ်မိ၏။သူ ပိုက်ဆံရှိရင်တောင် မဝယ်ချင်ဘူး။
"ဒီတစ်ခု ယူမယ်" လဲ့ယ်ထျဲ စားပွဲပေါ်ရှိ စာရွက်တစ်ရွက်ကို လက်ညိုးရှည်ဖြင့် ညွှန်ပြရင်း ယူကြည့်လိုက်သည်။
စိတ်ထဲမှာတော့ ပွဲစားခင်ဗျာ အရမ်းအံ့သြသွား၏။ဒီဆိုင်လေး ငှားဖို့လုပ်ထားတာကြာပြီ။ဒါပေမယ့် ဘယ်သူမှစိတ်မဝင်စားဘူး။ဒီနေ့ တကယ်ပဲ ငှားနိုင်တော့မှာလား?
ချင်မျန် အနည်းငယ် ထိတ်လန့်သွား၏။လဲ့ယ်ထျဲက သူနဲ့ အထူးသဖြင့် စီးပွားရေးကိစ္စတွေမှာ လွယ်လွယ်နဲ့ စကားဝင်မပြောတတ်ဘူး။ဒီလူ ပထမဆုံးအကြိမ် ထင်မြင်ချက်ပေးတာပဲ။သို့သော် သူ မကျေမနပ်မဖြစ်မိဘဲ တစ်ယောက်တည်းမဟုတ်ဟု ခံစားရသောကြောင့် ပျော်ရွှင်နေမိသည်။
လဲ့ယ်ထျဲကို ပြုံးပြလိုက်ကာ ဆိုင်၏အခြေအနေကို အတိုချုံးပြောပြသည့် စာရွက်ကို ယူကြည့်လိုက်သည်။
သူ အနည်းငယ် မျက်မှောင်ကြုတ်ကာ “ဒီနေရာက ကောင်းပေမယ့် သေးလွန်းတယ်။အစားအသောက်ရောင်းတဲ့အခါမှာ စားပွဲငါးလုံး၊ ခြောက်လုံးကို ဘယ်လိုလုပ်ပြီး ထားလို့ရနိုင်မလဲ?”
လဲ့ယ်ထျဲ ပြောလိုက်သည်။ “ဒီနေရာကို သဘောကျတယ်။ဆိုင်က ကြီးကြီးမားမားမဟုတ်ပေမယ့် တံခါးပေါက်မှာ နေရာလွတ်တွေရှိတယ်။”
ချင်မျန်၏နှလုံးမှာ ဆတ်ခနဲခုန်သွား၏။တံခါးပေါက်နားမှာ နေရာလွတ်တွေရှိရင် အပြင်မှာ စားပွဲဝိုင်းတွေ ထပ်ထည့်ထားလို့ရတယ်။ဒါကိုတွေးမိပြီး ပွဲစားကို မေးလိုက်သည်။ “ဒီဆိုင်ရဲ့အခြေအနေ ဘယ်လိုရှိလဲ?”
ပွဲစားက ဝမ်းသာအားရနဲ့ အသေးစိတ်ပြောပြ၏။ "ကျုပ်တို့က ရိုးရိုးသားသားပါပဲ မင်းကို အမှန်အတိုင်းပြောရမှာကို မကြောက်ဘူး။လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ဒီမှာ နှစ်တစ်ရာသက်တမ်းပင်ကြီးကို စိုက်ခဲ့ဖူးတယ်။ဘယ်ဘက်မှာ ကုန်စုံဆိုင်ရှိပြီး ညာဘက်မှာ အထည်ဆိုင်ရှိတာပေါ့။နောက်ပိုင်းမှာ ချမ်းသာတဲ့မိသားစုက သစ်ပင်ကို ဝယ်ယူခဲ့ပြီး တူးဖော်ခဲ့တယ်လေ။ပဒေသရာဇ်အရာရှိက မြေကွက်လပ်ဖြစ်ရတာ လာဘ်မရှိဘူးလို့ ယူဆတဲ့အတွက် လက်ဖက်ရည်ဆိုင်ဖြစ်လာမယ့် အိမ်တစ်လုံးကို ဒီမှာဆောက်ခဲ့ကြတယ်။ဆိုင်လေးက သေးသေးလေးဆိုပေမယ့် နေရာကောင်းကောင်းရှိပြီး အိမ်ငှားခက မမြင့်ဘူး။တစ်လမှာ ငွေ ၂ ချောင်းပဲ။တစ်နှစ်ဆိုမှ ၂၄ တုံးပဲကုန်ကျမယ်”
"ဒါဆိုလည်း ဒီလိုပေါ့။" ချင်မျန် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ "ကျွန်တော်တို့ဆိုင်ကို သွားကြည့်လို့ရမလား?"
"ရတာပေါ့!ကျုပ်မှာ သော့ရှိတယ်" ပွဲစားသည် နားရွက်တပ်ချိတ်မတက် ပြုံးကာ ပိုလို့တောင် ယဥ်ကျေးလာသည်။ “ဒီကလူကြီးနှစ်ယောက် ကျေးဇူးပြုပြီး...”
ပွဲစားနောက်ကနေ ဆိုင်ကိုလိုက်လာပြီး ပွဲစားက တံခါးဖွင့်ပေးလိုက်သည်။မဝင်ခင် ချင်မျန် ဆိုင်၏ဘယ်ညာကို ကြည့်လိုက်သည်။အခန်းထဲတွင် စားပွဲနှင့် ကုလားထိုင်လေးစုံပါရှိပြီး ဟောင်းနွမ်းနေသော်လည်း နဂိုအတိုင်း ရှိနေသည်။ဆိုင်က အရမ်းမကြီးဘဲ ဆိုင်တစ်ခုလုံးနဲ့တင် လူဝင်တာနဲ့ စည်ကားနိုင်တယ်လို့ ကောက်ချက်ချနိုင်၏။ယင်းဆိုင်သည် တြာပီဇီယမ်ပုံကျကာ အတွင်းပိုင်းကျဉ်းပြီး အပြင်ဘက်တွင်ကျယ်၏။အတွင်းပိုင်းတွင် နောက်ဖေးမီးဖိုချောင်ကို မထားနိုင်ဘဲ အများဆုံး စားပွဲလေးလုံးသာ ထားရှိနိုင်သည်။လဲ့ယ်ထျဲပြောသည့်အတိုင်း တံခါးအပြင်ဘက်တွင်တော့ စားပွဲလေးငါးလုံးခန့် ထားရှိနိုင်သော နေရာတစ်ခု ရှိ၏။
ချင်မျန် အရင်က ဒီနေရာကို သေးသေးလေးလို့ ထင်ခဲ့ပေမယ့် အခုတော့ ဝယ်ရင် မှန်ကန်တယ်လို့ သူထင်ခဲ့၏။ဆိုင်က ကြီးလွန်းရင် သူနဲ့လဲ့ယ်ထျဲ ကိုင်တွယ်ဖို့ အရမ်းအလုပ်ရှုပ်နေရလိမ့်မယ်။
ချင်မျန် လဲ့ယ်ထျဲနှင့် တိုင်ပင်ကြည့်သည်။
လဲ့ယ်ထျဲက ခေါင်းညိတ်လိုက်၏။
ချင်မျန် စိတ်လျှော့လိုက်ပြီး ပွဲစားကို ပြောလိုက်ကာ။ "ဒီဆိုင်ကို တစ်နှစ်လောက် ငှားမယ်"
ပွဲစားက ဝမ်းသာအားရနဲ့ "ကောင်းပြီ၊ စာရွက်မှာ အရင်လက်မှတ်ထိုးဖို့ ပြန်သွားရအောင်"
ချင်မျန် သူ့ဆီ ဦးတည်ပြီး လမ်းပြခိုင်းလိုက်သည်။
ပွဲစား၏လုပ်ထုံးလုပ်နည်း တရားဝင်အဆင့်များကိုဖြတ်ကျော်ပြီးနောက် ပွဲစားက ချင်မျန်ကိုသော့ပေးခဲ့သည်။
သော့ကိုကိုင်ထားရင်း ချင်မျန် သိမ်မွေ့သည့်စိတ်ခံစားချက်ကို ခံစားလိုက်ရသည်--အခု ငါတို့ကို အလုပ်ရှိပြီလို့ သတ်မှတ်နိုင်ပြီ!
သူ လဲ့ယ်ထျဲကို အားတက်သရော ရှေ့သို့ဆက်သွားရန် လှမ်းခေါ်လိုက်သည်။ "သွားကြမယ်....ဒီနေ့ ဆိုင်မှာ လိုအပ်တဲ့ပစ္စည်းတွေကို ပြင်ပြီး အမြန်ဆုံး ဖွင့်ရအောင်"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
041: အိမ္သစ္တက္ပြဲ
Advertisement
- In Serial79 Chapters
Return of the Frozen Player
5 years after the world changed, the final boss appeared.[The final boss for area Earth, the Frost Queen, has appeared.] The final boss! If we can just defeat her, our lives will go back to normal!The top five players in the world, including Specter Seo Jun-ho, finally defeated the Frost Queen…But they fell into a deep slumber.25 years passed.«A second floor? It didn’t end when the Frost Queen died?Specter awakes from his slumber.
8 337 - In Serial22 Chapters
The Contestant
Jack was dying of cancer when a strange being appeared before him in a dream, granting him a new life. But nothing comes without price. If he wants to live, he must compete against others to become the champion of a self-proclaimed goddess. Taken to a new world, he must quickly learn the rules and excel, that is, if he wants to live. This is a LITRPG/Portal fantasy. I will update this story as often as possible. My plan is to release 3 chapters per week, with the occasional bonus chapter thrown in when I have time. The release schedule should be Monday, Wednesday, and Friday.
8 136 - In Serial10 Chapters
Lunar Eclipse
"I asked her to work for me and she said no." The perturbed man said. "No one says no to me." He looked at his assistant. "Deal with it. I don't care how.""Yes, sir. It will be done."That was how Jessica was introduced into a world she never suspected existed.A world full of monsters.
8 222 - In Serial27 Chapters
Game Over
A loner wakes up in a different world after getting his ass kicked in an alley.
8 139 - In Serial7 Chapters
My love story is not supposed to happen like this
Hiroshi Tohmaru isin big trouble while confessing his love to his childhood freind Yui. But little does he know that his expectation and imagination are way beyond what he thought
8 161 - In Serial11 Chapters
The Juveniles - Segment 2
Months after the events of Segment 1, the depressed teen turned Juvenile-with-a-different-meaning Alo, managed to recompile his life again and starts a new one with his sister Tatiana, the former clerk also fellow Juvenile, Johan Estrada, and Doctor Richard Goodman, the sole person who changed his life downright up. With Johan and Alo's newfound powers, Richard sends them to Tokyo, Japan and investigate the bloody gang war between the four uniquely powerful groups, and possibly find a recruit along the way. However, as they descend deeper within the ruins of the badly-battered city, things are not what as they seem.
8 202

