《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[39]
Advertisement
[Unicode]
039: အိမ်သစ်တွင်နေထိုင်ခြင်း (1)
နောက်ပိုင်းတွင် ချင်မျန် တုရှီနှင့် သူ့အပေါင်းအပါတစ်သိုက် နေ့လည်စာစားရန် လာခဲ့တာတို့ ဒါမှမဟုတ် စားပွဲဝိုင်းမှာ လဲ့ယ်တာချန်ကို တွေ့ရတာတို့ ဒါတွေကို သူမြင်ရတာ အနည်းငယ်မျှ မအံ့သြမိပေ။အရေပါးလွန်းပြီး လာချင်စိတ်မရှိတဲ့ လဲ့ယ်ချွင်းထောင်တစ်ယောက်သာရှိ၏။သို့ပေမယ့်လည်း ချင်မျန်က သူမအတွက်အစားအစာတွေကို နေ့တိုင်းပြင်ဆင်ပေးပြီး တုရှီအိမ်ပြန်ရင် ယူသွားခိုင်းလေ့ရှိသည်။
လဝက်နီးပါးကြာပြီးနောက် နောက်ဆုံးမှာတော့ စိမ်းညိုရောင်အုတ်နှင့် အနက်ရောင်အုတ်ကြွပ်များဖြင့် ခန့်ထည်စွာ တည်ရှိနေတဲ့ အိမ်အသစ်လေးက နောက်ဆုံးမှာတော့ ပြီးစီးသွားခဲ့သည်။ချင်မျန် မကြာခဏဆိုသလို သွား“ကြီးကြပ်” လေ့ရှိပြီး အလုပ်သမားတွေကို နွေးထွေးစွာနဲ့ လေးလေးနက်နက် ဆက်ဆံတာကြောင့် ရလဒ်အနေနဲ့ အလုပ်သမားတွေက အရမ်းဂရုတစိုက်နဲ့ လုပ်ဆောင်ပေးခဲ့သည်။အုတ်နှင့်အုတ်ကြွပ်တိုင်းကို အလွန်သေသပ်စွာစီထားခဲ့ပြီး အကောင်းဆုံးလုပ်ဆောင်ပေးခဲ့ကြောင်း တစ်ချက်ကြည့်ရုံဖြင့်သိနိုင်မည်။
အိမ်ဆောက်ပြီးတဲ့နေ့မှာပဲ ချင်မျန် နေ့လည်စာကနေ ညနေစာအဖြစ် ပြောင်းလဲလိုက်ပြီး ဝိုင်ကောင်းကောင်းတွေလည်း ပြင်ဆင်ထားလိုက်၏။အိမ်ကိုပြန်ဖို့ ခေါ်နေတဲ့ ဇနီးသည်တွေရဲ့ ဆူပူကြိမ်းမောင်းတဲ့အချိန်မှာတောင် အလုပ်သမားတွေက ကျေနပ်စွာ စားသောက်နေကြတော့သည်။
ဒီအဖြစ်အပျက်တွေပြီးတော့ သူတို့သည် ချင်မျန်နှင့် လဲ့ယ်ထျဲတို့အကြောင်းကို အနည်းငယ် ပိုနားလည်လာကာ နောက်ပိုင်းတွင် သူတို့နှစ်ဦးကို ပို၍ကြင်နာစွာ ဆက်ဆံလာခဲ့ကြသည်။အတိုင်းအတာတစ်ခုအထိတော့ ဒီသဘောထားက တခြားရွာသားတွေအပေါ်မှာလည်း သက်ရောက်မှုရှိခဲ့သည်။ရွာသားများနှင့် လဲ့ယ်ထျဲတို့ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိလာ၏။အထူးသဖြင့် ချင်မျန်နှင့်ပင်။
ဤသည်မှာ လောလောဆယ်တွင် မပြောလိုသော ဇာတ်လမ်း၏အစိတ်အပိုင်းတစ်ခုဖြစ်၏။ချင်မျန် အခွင့်ကောင်းရရန် အခြေအနေကောင်းကို စောင့်ဆိုင်းနေခြင်းသာ။
အတွေ့အကြုံရှိ ပန်းရံဆရာများကို အစောပိုင်းကတည်းကပင် ရှာခဲ့ပြီး အုတ်ကုတင်ကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်စေရန် အချိန်အတော်ကြာအောင် ရေးဆွဲထားခဲ့ရသည့် အပူခံအုတ်ကုတင်ပုံအား ပြသခဲ့သည်။
လဲ့ယ်ထျဲ ပုံကိုမြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်မှလွဲ၍ ထင်မြင်ချက်ကို ထုတ်မပြောဘဲ ချင်မျန်အား သူအလိုရှိသည့်အတိုင်း လုပ်ဆောင်ရန် လွတ်လွတ်လပ်လပ် လက်လွတ်ပေးလိုက်သည်။
အပူခံအုတ်ကုတင် ပြီးစီးပြီးနောက် ချင်မျန်သည် ရေချိုးခန်းဆီသို့ အာရုံစိုက်ခဲ့သည်။သူနှင့် လဲ့ယ်ထျဲတို့ တောင်ပေါ်မှ စကျင်ကျောက်တုံးအချို့ကို ရှာတွေ့ရန် နှစ်ရက်လောက်အချိန်ယူခဲ့ရပြီး ကျောက်မျက်ရတနာများနှင့် အဆင်တန်ဆာများ ပြုလုပ်သည့် အဖိုးတန်ကျောက်စက်ရုံသို့ ပို့ဆောင်ကာ ရေချိုးခန်းကြမ်းပြင်နဲ့ မီးဖိုချောင်အတွက် ခင်ကျင်းရန် ကျောက်တုံးများကို အပြားများဖြစ်အောင် ဖြတ်ဖို့ရာ အထူးဖြတ်တောက်ကိရိယာများဖြင့်အသုံးပြုဖို့ပါ တောင်းဆိုခဲ့ကြသည်။
ကျောက်တုံးတွေကို ဖြတ်ပြီးအချောသပ်ဖို့တင် ငွေ ငါးတုံးကုန်ကျခဲ့တာကြောင့် အဲ့ဒီနေ့မှာ သူ အသားဟင်းများ မဝယ်နိုင်ခဲ့သည့်အတွက် ချင်မျန် အလွန်စိတ်ဓါတ်ကျသွားခဲ့ရသည်။
ထိုဆိုင်ရှိ ဖြတ်ညှပ်ဆရာမှာ သူ့ထက် ပို၍ စိတ်ဓါတ်ကျနေပြီ။သူ့ရဲ့ဖြတ်တောက်ဓားက အဖိုးတန်ကျောက်မျက်ရတနာများ၊ ကျောက်စိမ်းနှင့် ပုလဲများကို ဖြတ်တောက်ရန်ဖြစ်ပြီး ကျောက်တုံးများကိုမဟုတ်ပေ။သို့သော်ငြားလည်း သူ ပိုက်ဆံကြောင့် ဖြတ်ပေးခဲ့ရပြီ။
ထို့နောက် ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် ပရိဘောဂပုံများ ရေးဆွဲကာ ချမ်းသာမြင့်မြတ်ပရိဘောဂဆိုင်သို့ ရောက်သွားကြသည်။
လျောင်ကျစ်ဖူသည် ချင်မျန်၏မျက်နှာတွင် ပြုံးပြုံးရွှင်ရွှင်ဖြင့် တံခါးပေါက်ကနေ အထဲဝင်လာသည်ကို မြင်လိုက်ရပြီး လဲ့ယ်ထျဲသည်လည်း သူ့နောက်ကျောပေါ်တွင် ခြင်းတောင်းတစ်ခုနှင့် တိတ်တဆိတ် လိုက်လာခဲ့သည်။ဤအကျွမ်းတဝင်ရှိလှသော မြင်ကွင်းသည် လွန်ခဲ့သောတစ်လကအချိန်ကို ပြန်ပြောင်းသတိရသွားစေသည်။
"မန်နေဂျာလျောင်...နေကောင်းရဲ့လား?"
ချင်မျန်၏မျက်နှာပေါ်ရှိ တောက်ပသောအပြုံးကြောင့် လျောင်ကျစ်ဖူသည် ရုတ်တရက် ဗိုက်နာသွားသလို ခံစားလိုက်ရသည်။
"ဟားဟား.... ညီလေးကြောင့် အားလုံးအဆင်ပြေပါတယ်"
နောက်ဆုံးတစ်ခေါက်ရောင်းခဲ့သည့် အသေးစိတ်ပုံစံကြောင့် သူတို့အတွက် အမြတ်ငွေ ငွေ 5,000 တုံးထက် ပိုရစေ၏။ဒါက လုပ်ငန်းရှင်တွေအတွက် သိပ်မများပေမယ့် တစ်လကို အသားတင်အမြတ်အနေနဲ့ ငွေ 5000 တုံးရဖို့ဆိုတာ ရှားသည်။ထို့ကြောင့် သူ ချင်မျန်ကို မရိုင်းပျချင်ပေ။
"ဒီ [ချီးကျူးမှု] နဲ့ ကျွန်တော် တကယ်ပဲမထိုက်တန်ပါဘူးဗျာ" ချင်မျန်က ပိုအားထက်သန်တဲ့ အပြုံးနဲ့ "ကျွန်တော် ခင်ဗျားကို ပိုက်ဆံထပ်ရဖို့ ဖန်ပေးဖို့ ရှိသေးတယ်"
"အိုး?" လျောင်ကျစ်ဖူက စိတ်ဝင်စားသွားသည်။လဲ့ယ်ထျဲ၏မျက်လုံးများသည် ချင်မျန်ကိုသာ အမြဲတမ်း ကြည့်နေခဲ့သည်။ဇနီးလေးက ငွေရှာနိုင်တာထက် သူ မဖြုန်းတီးလောက်ဘူးမလား?
"ခင်ဗျား ဘာတွေတွေးနေတာလဲ?" ချင်မျန် လဲ့ယ်ထျဲကို သူ့လက်မောင်းနှင့် တွတ်လိုက်သည်။အကြိမ်ကြိမ် တောင်းနေသော်လည်း လဲ့ယ်ထျဲဘက်က တုံ့ပြန်မှုမရှိပေ။
လဲ့ယ်ထျဲ သူ့အာရုံများဆီသို့ ပြန်ရောက်ရှိလာပြီး သူတစ်ယောက်တည်းမဟုတ်သည့်တိုင် စိတ်လွတ်သွားနိုင်သည်ကို စိတ်ထဲကနေ အံ့သြသွားမိသည်။သူ တည်ငြိမ်စွာ ထိန်းထားရင်း လျောင်ကျစ်ဖူက သူ့ကို မသေချာမရေရာ ကြည့်နေသည်ကို တွေ့လိုက်ရသောအခါ သိမြင်ဥာဏ်တစ်ခုက သူ့ခေါင်းထဲသို့ ရောက်လာလေသည်။ခြင်းတောင်းထဲက စာရွက်တချို့ကို ထုတ်ပြီး ချင်မျန်ကို ပေးလိုက်သည်။
ချင်မျန် အပေါ်ကို တစ်ချက်ကြည့်လိုက်ပြီး လျောင်ကျစ်ဖူအား ပေးလိုက်သည်။ "မန်နေဂျာလျောင် ကျွန်တော်တို့မဆွေးနွေးခင် အရင်ကြည့်ကြည့်ပါ"
လျောင်ကျစ်ဖူ စေ့စေ့ကြည့်ကာ အံ့သြသွားပြီး "ဒါ ဗီရိုလား?"
“ဟုတ်တယ်။” ချင်မျန် ခေါင်းညိတ်ပြသည်။
လျောင်ကျစ်ဖူသည် ချင်မျန်လက်ထဲတွင် စာရွက်အပိုင်းအစများစွာ ကျန်နေသေးသည်ကို ကြည့်ရင်း ချက်ခြင်းပင် သူ့ထင်မြင်ချက်ကို ထုတ်မပြနိုင်ခဲ့ပေ။သူ စပ်စပ်စုစုဖြင့် တစ်ချက်လောက် လာကြည့်ရန် လာနေသည့်ဆိုင်အကူကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ "မင်းမှာ အမြော်အမြင်မရှိဘူးလား?ဒီညီအကိုနှစ်ယောက်အတွက် ဘာလို့လက်ဖက်ရည်မချသေးတာလဲ?”
“ဟုတ်ကဲ့။” လက်ထောက်က အမြန်ပြန်ဆုတ်သွား၏။
ချင်မျန် ပြုံးပြုံးရွှင်ရွှင်နဲ့ လဲ့ယ်ထျဲကို ထိုင်ခိုင်းလိုက်သည်။
Advertisement
လျောင်ကျစ်ဖူသည် သူတို့နှင့် ဆန့်ကျင်ဘက်တွင် ထိုင်ချလိုက်ပြီး ပုံကို ကြည့်ကာ " လျှောတံခါးတွေပါတဲ့ ဗီရိုကို ငါမြင်ဖူးပေမယ့် ခေါက်တံခါးနဲ့ ဒီလိုမျိုးပုံစံ မြင်ဖူးတာ ဒါပထမဆုံးပဲ။"
ချင်မျန်၏ပုံဆွဲစကေးမှာ အလွန် စေ့စပ်သေချာပြီး နားလည်ရန် လုံးဝ မခက်ခဲပေ။
ချင်မျန် အဓိကအကြောင်းအရာကိုသာ တန်းပြောလိုက်သည်။ “ဒီနေ့ ကျွန်တော်တို့ဒီကိုရောက်နေတာက ခင်ဗျားဆိုင်မှာ ပရိဘောဂတချို့ကို မှာချင်လို့ပါ။ ဒုတိယအနေနဲ့က ကျွန်တော်တို့ရဲ့ မိသားစုစရိတ်တွေကို ဖြည့်ဆည်းဖို့ ငွေနည်းနည်းလောက်ရှာချင်ပါတယ်။ဒီပုံလေးကို မန်နေဂျာလျောင် ဘယ်လိုထင်လဲ?"
လျောင်ကျစ်ဖူသည်ကား ထူးထူးခြားခြားအမြင်ရှိသည့် စီးပွားရေးသမားပင်။ဤဗီရိုကို မှန်တင်ခုံတစ်ခုနှင့် ပေါင်းစပ်ထားပြီး အကန့်အရွယ်အစားအမျိုးမျိုးဖြင့် ပိုင်းခြားထားသည်။အလယ်ရှိ မှန်ဘေးတွင် အကန့်သေးသေးလေးများပါရှိပြီး ရောင်ခြယ်မှုန့်၊ ပါးနီ၊ ဘီး၊ လက်ဝတ်ရတနာသေတ္တာနှင့် အခြားပစ္စည်းများကို မှန်တင်ခုံရှေ့မှာ ထိုင်လိုက်ရုံဖြင့် လက်လှမ်းနိုင်သည်။ဒီလို ဗီရိုမျိုးက အမျိုးသမီးတွေကြား ရေပန်းစားလာမှာ သေချာ၏။
ထူးထူးဆန်းဆန်း ပြောရမယ်ဆိုရင် အရင်က ဒီလိုလုပ်ဖို့ ဘယ်သူမှ မစဉ်းစားမိကြတာလဲ?လျောင်ကျစ်ဖူ အနည်းငယ်စိတ်မကောင်းဖြစ်မိသော်လည်း "ဒီပုံအတွက် ငွေ ၁၀ တုံး။ညီငယ်လေး ဘယ်လိုထင်လဲ?"
ချင်မျန် ထိုသို့သော ဗီရိုနှင့်ပတ်သက်ပြီး ထူးထူးခြားခြား တစ်စုံတစ်ရာမပါရှိသဖြင့် ငွေပိုတောင်းသည့်အတွက် စိတ်မကောင်းဖြစ်မိသည်။
လျောင်ကျစ်ဖူသည် တစ်ဖက်လူက ဆက်လက်စျေးဆစ်ခြင်းမရှိကြောင်းကို မြင်တော့ သူနှင့် ခင်မင်ရင်းနှီးရန် ရည်မှန်းထားကြောင်းသိရှိကာ သူ့မျက်နှာပေါ်ရှိအပြုံးကလည်း ပို၍ရိုးသားလာသည်။သူ မေးလိုက်၏။
“တခြားပုံတွေလား?” သူ ချင်မျန်လက်ထဲကို ကြည့်လိုက်သည်။
ချင်မျန် သူ့အား ဆက်တီဒီဇိုင်းပုံ ကမ်းပေးကာ အသေးစိတ်ရှင်းပြသည်။လျောင်ကျစ်ဖူက သူ့ကို ချီးကျူးကာ ငွေ အတုံး၅၀အထိ စျေးသတ်မှတ်ပေးခဲ့သည်။
နောက်ဆုံးအနေနဲ့ ချင်မျန် ပန်းကန်ပြား တစ်ချပ်နှင့် အာလူးတစ်လုံးကို ခြင်းတောင်းထဲမှ ထုတ်ယူလိုက်သည်။လျောင်ကျစ်ဖူ နှင့် စပ်စုစိန် လက်ထောက်လေးက သူ့ကိုကြည့်ရင်း အတော်လေး အံ့သြသွားခဲ့သည်။
ချင်မျန် တခစ်ခစ်ရယ်ပြီး သူတို့ဘက်လှည့်ပြကာ အာလူးသည်ကား အချိန်တိုလေးအတွင်းမှာ အခွံခွာပြီးသား ဖြစ်သွားလေသည်။
"အခွံခွာတဲ့ အရှိန်က မြန်လှချည်လား?"
လျောင်ကျစ်ဖူ တအံ့တသြနဲ့ မေးလိုက်သည်။
“ဘယ်လို.... မင်း ဘယ်လိုလုပ်ခဲ့တာလဲ?"
ချင်မျန် ပြုံးနေသော်လည်း ပြန်မပြောပေ။သူ သူတို့အား နောက်ကျောပေးရန် တဖန်ပြန်လှည့်လိုက်ပြီး အလားတူ နောက်တခဏအတွင်းမှာပင် ပြန်လှည့်လာခဲ့သည်။
လျောင်ကျစ်ဖူ ပါးပါးလှီးထားသော အာလူးတစ်ပန်းကန်ကို မြင်လိုက်ရ၏။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
039: အိမ္သစ္တြင္ေနထိုင္ျခင္း (1)
ေနာက္ပိုင္းတြင္ ခ်င္မ်န္ တု႐ွီႏွင့္ သူ႕အေပါင္းအပါတစ္သိုက္ ေန႔လည္စာစားရန္ လာခဲ့တာတို႔ ဒါမွမဟုတ္ စားပြဲဝိုင္းမွာ လဲ့ယ္တာခ်န္ကို ေတြ႕ရတာတို႔ ဒါေတြကို သူျမင္ရတာ အနည္းငယ္မွ် မအံ့ၾသမိေပ။အေရပါးလြန္းၿပီး လာခ်င္စိတ္မ႐ွိတဲ့ လဲ့ယ္ခြၽင္းေထာင္တစ္ေယာက္သာ႐ွိ၏။သို႔ေပမယ့္လည္း ခ်င္မ်န္က သူမအတြက္အစားအစာေတြကို ေန႔တိုင္းျပင္ဆင္ေပးၿပီး တု႐ွီအိမ္ျပန္ရင္ ယူသြားခိုင္းေလ့႐ွိသည္။
လဝက္နီးပါးၾကာၿပီးေနာက္ ေနာက္ဆုံးမွာေတာ့ စိမ္းညိဳေရာင္အုတ္ႏွင့္ အနက္ေရာင္အုတ္ႂကြပ္မ်ားျဖင့္ ခန္႔ထည္စြာ တည္႐ွိေနတဲ့ အိမ္အသစ္ေလးက ေနာက္ဆုံးမွာေတာ့ ၿပီးစီးသြားခဲ့သည္။ခ်င္မ်န္ မၾကာခဏဆိုသလို သြား“ႀကီးၾကပ္” ေလ့႐ွိၿပီး အလုပ္သမားေတြကို ေႏြးေထြးစြာနဲ႔ ေလးေလးနက္နက္ ဆက္ဆံတာေၾကာင့္ ရလဒ္အေနနဲ႔ အလုပ္သမားေတြက အရမ္းဂ႐ုတစိုက္နဲ႔ လုပ္ေဆာင္ေပးခဲ့သည္။အုတ္ႏွင့္အုတ္ႂကြပ္တိုင္းကို အလြန္ေသသပ္စြာစီထားခဲ့ၿပီး အေကာင္းဆုံးလုပ္ေဆာင္ေပးခဲ့ေၾကာင္း တစ္ခ်က္ၾကည့္႐ုံျဖင့္သိႏိုင္မည္။
အိမ္ေဆာက္ၿပီးတဲ့ေန႔မွာပဲ ခ်င္မ်န္ ေန႔လည္စာကေန ညေနစာအျဖစ္ ေျပာင္းလဲလိုက္ၿပီး ဝိုင္ေကာင္းေကာင္းေတြလည္း ျပင္ဆင္ထားလိုက္၏။အိမ္ကိုျပန္ဖို႔ ေခၚေနတဲ့ ဇနီးသည္ေတြရဲ႕ ဆူပူႀကိမ္းေမာင္းတဲ့အခ်ိန္မွာေတာင္ အလုပ္သမားေတြက ေက်နပ္စြာ စားေသာက္ေနၾကေတာ့သည္။
ဒီအျဖစ္အပ်က္ေတြၿပီးေတာ့ သူတို႔သည္ ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲတို႔အေၾကာင္းကို အနည္းငယ္ ပိုနားလည္လာကာ ေနာက္ပိုင္းတြင္ သူတို႔ႏွစ္ဦးကို ပို၍ၾကင္နာစြာ ဆက္ဆံလာခဲ့ၾကသည္။အတိုင္းအတာတစ္ခုအထိေတာ့ ဒီသေဘာထားက တျခား႐ြာသားေတြအေပၚမွာလည္း သက္ေရာက္မႈ႐ွိခဲ့သည္။႐ြာသားမ်ားႏွင့္ လဲ့ယ္ထ်ဲတို႔ၾကားမွာ ေကာင္းမြန္တဲ့ဆက္ဆံေရး႐ွိလာ၏။အထူးသျဖင့္ ခ်င္မ်န္ႏွင့္ပင္။
ဤသည္မွာ ေလာေလာဆယ္တြင္ မေျပာလိုေသာ ဇာတ္လမ္း၏အစိတ္အပိုင္းတစ္ခုျဖစ္၏။ခ်င္မ်န္ အခြင့္ေကာင္းရရန္ အေျခအေနေကာင္းကို ေစာင့္ဆိုင္းေနျခင္းသာ။
အေတြ႕အၾကဳံ႐ွိ ပန္းရံဆရာမ်ားကို အေစာပိုင္းကတည္းကပင္ ႐ွာခဲ့ၿပီး အုတ္ကုတင္ကို ေအာင္ေအာင္ျမင္ျမင္ တည္ေဆာက္ႏိုင္ေစရန္ အခ်ိန္အေတာ္ၾကာေအာင္ ေရးဆြဲထားခဲ့ရသည့္ အပူခံအုတ္ကုတင္ပုံအား ျပသခဲ့သည္။
လဲ့ယ္ထ်ဲ ပုံကိုျမင္လိုက္ရေသာအခါ အံ့အားသင့္သြားသည္မွလြဲ၍ ထင္ျမင္ခ်က္ကို ထုတ္မေျပာဘဲ ခ်င္မ်န္အား သူအလို႐ွိသည့္အတိုင္း လုပ္ေဆာင္ရန္ လြတ္လြတ္လပ္လပ္ လက္လြတ္ေပးလိုက္သည္။
အပူခံအုတ္ကုတင္ ၿပီးစီးၿပီးေနာက္ ခ်င္မ်န္သည္ ေရခ်ိဳးခန္းဆီသို႔ အာ႐ုံစိုက္ခဲ့သည္။သူႏွင့္ လဲ့ယ္ထ်ဲတို႔ ေတာင္ေပၚမွ စက်င္ေက်ာက္တုံးအခ်ိဳ႕ကို ႐ွာေတြ႕ရန္ ႏွစ္ရက္ေလာက္အခ်ိန္ယူခဲ့ရၿပီး ေက်ာက္မ်က္ရတနာမ်ားႏွင့္ အဆင္တန္ဆာမ်ား ျပဳလုပ္သည့္ အဖိုးတန္ေက်ာက္စက္႐ုံသို႔ ပို႔ေဆာင္ကာ ေရခ်ိဳးခန္းၾကမ္းျပင္နဲ႔ မီးဖိုေခ်ာင္အတြက္ ခင္က်င္းရန္ ေက်ာက္တုံးမ်ားကို အျပားမ်ားျဖစ္ေအာင္ ျဖတ္ဖို႔ရာ အထူးျဖတ္ေတာက္ကိရိယာမ်ားျဖင့္အသုံးျပဳဖို႔ပါ ေတာင္းဆိုခဲ့ၾကသည္။
ေက်ာက္တုံးေတြကို ျဖတ္ၿပီးအေခ်ာသပ္ဖို႔တင္ ေငြ ငါးတုံးကုန္က်ခဲ့တာေၾကာင့္ အဲ့ဒီေန႔မွာ သူ အသားဟင္းမ်ား မဝယ္ႏိုင္ခဲ့သည့္အတြက္ ခ်င္မ်န္ အလြန္စိတ္ဓါတ္က်သြားခဲ့ရသည္။
ထိုဆိုင္႐ွိ ျဖတ္ညႇပ္ဆရာမွာ သူ႕ထက္ ပို၍ စိတ္ဓါတ္က်ေနၿပီ။သူ႕ရဲ႕ျဖတ္ေတာက္ဓားက အဖိုးတန္ေက်ာက္မ်က္ရတနာမ်ား၊ ေက်ာက္စိမ္းႏွင့္ ပုလဲမ်ားကို ျဖတ္ေတာက္ရန္ျဖစ္ၿပီး ေက်ာက္တုံးမ်ားကိုမဟုတ္ေပ။သို႔ေသာ္ျငားလည္း သူ ပိုက္ဆံေၾကာင့္ ျဖတ္ေပးခဲ့ရၿပီ။
ထို႔ေနာက္ ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲတို႔သည္ ပရိေဘာဂပုံမ်ား ေရးဆြဲကာ ခ်မ္းသာျမင့္ျမတ္ပရိေဘာဂဆိုင္သို႔ ေရာက္သြားၾကသည္။
Advertisement
ေလ်ာင္က်စ္ဖူသည္ ခ်င္မ်န္၏မ်က္ႏွာတြင္ ျပဳံးျပဳံး႐ႊင္႐ႊင္ျဖင့္ တံခါးေပါက္ကေန အထဲဝင္လာသည္ကို ျမင္လိုက္ရၿပီး လဲ့ယ္ထ်ဲသည္လည္း သူ႕ေနာက္ေက်ာေပၚတြင္ ျခင္းေတာင္းတစ္ခုႏွင့္ တိတ္တဆိတ္ လိုက္လာခဲ့သည္။ဤအကြၽမ္းတဝင္႐ွိလွေသာ ျမင္ကြင္းသည္ လြန္ခဲ့ေသာတစ္လကအခ်ိန္ကို ျပန္ေျပာင္းသတိရသြားေစသည္။
"မန္ေနဂ်ာေလ်ာင္...ေနေကာင္းရဲ႕လား?"
ခ်င္မ်န္၏မ်က္ႏွာေပၚ႐ွိ ေတာက္ပေသာအျပဳံးေၾကာင့္ ေလ်ာင္က်စ္ဖူသည္ ႐ုတ္တရက္ ဗိုက္နာသြားသလို ခံစားလိုက္ရသည္။
"ဟားဟား.... ညီေလးေၾကာင့္ အားလုံးအဆင္ေျပပါတယ္"
ေနာက္ဆုံးတစ္ေခါက္ေရာင္းခဲ့သည့္ အေသးစိတ္ပုံစံေၾကာင့္ သူတို႔အတြက္ အျမတ္ေငြ ေငြ 5,000 တုံးထက္ ပိုရေစ၏။ဒါက လုပ္ငန္း႐ွင္ေတြအတြက္ သိပ္မမ်ားေပမယ့္ တစ္လကို အသားတင္အျမတ္အေနနဲ႔ ေငြ 5000 တုံးရဖို႔ဆိုတာ ႐ွားသည္။ထို႔ေၾကာင့္ သူ ခ်င္မ်န္ကို မ႐ိုင္းပ်ခ်င္ေပ။
"ဒီ [ခ်ီးက်ဴးမႈ] နဲ႔ ကြၽန္ေတာ္ တကယ္ပဲမထိုက္တန္ပါဘူးဗ်ာ" ခ်င္မ်န္က ပိုအားထက္သန္တဲ့ အျပဳံးနဲ႔ "ကြၽန္ေတာ္ ခင္ဗ်ားကို ပိုက္ဆံထပ္ရဖို႔ ဖန္ေပးဖို႔ ႐ွိေသးတယ္"
"အိုး?" ေလ်ာင္က်စ္ဖူက စိတ္ဝင္စားသြားသည္။လဲ့ယ္ထ်ဲ၏မ်က္လုံးမ်ားသည္ ခ်င္မ်န္ကိုသာ အၿမဲတမ္း ၾကည့္ေနခဲ့သည္။ဇနီးေလးက ေငြ႐ွာႏိုင္တာထက္ သူ မျဖဳန္းတီးေလာက္ဘူးမလား?
"ခင္ဗ်ား ဘာေတြေတြးေနတာလဲ?" ခ်င္မ်န္ လဲ့ယ္ထ်ဲကို သူ႕လက္ေမာင္းႏွင့္ တြတ္လိုက္သည္။အႀကိမ္ႀကိမ္ ေတာင္းေနေသာ္လည္း လဲ့ယ္ထ်ဲဘက္က တုံ႔ျပန္မႈမ႐ွိေပ။
လဲ့ယ္ထ်ဲ သူ႕အာ႐ုံမ်ားဆီသို႔ ျပန္ေရာက္႐ွိလာၿပီး သူတစ္ေယာက္တည္းမဟုတ္သည့္တိုင္ စိတ္လြတ္သြားႏိုင္သည္ကို စိတ္ထဲကေန အံ့ၾသသြားမိသည္။သူ တည္ၿငိမ္စြာ ထိန္းထားရင္း ေလ်ာင္က်စ္ဖူက သူ႕ကို မေသခ်ာမေရရာ ၾကည့္ေနသည္ကို ေတြ႕လိုက္ရေသာအခါ သိျမင္ဥာဏ္တစ္ခုက သူ႕ေခါင္းထဲသို႔ ေရာက္လာေလသည္။ျခင္းေတာင္းထဲက စာ႐ြက္တခ်ိဳ႕ကို ထုတ္ၿပီး ခ်င္မ်န္ကို ေပးလိုက္သည္။
ခ်င္မ်န္ အေပၚကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေလ်ာင္က်စ္ဖူအား ေပးလိုက္သည္။ "မန္ေနဂ်ာေလ်ာင္ ကြၽန္ေတာ္တို႔မေဆြးေႏြးခင္ အရင္ၾကည့္ၾကည့္ပါ"
ေလ်ာင္က်စ္ဖူ ေစ့ေစ့ၾကည့္ကာ အံ့ၾသသြားၿပီး "ဒါ ဗီ႐ိုလား?"
“ဟုတ္တယ္။” ခ်င္မ်န္ ေခါင္းညိတ္ျပသည္။
ေလ်ာင္က်စ္ဖူသည္ ခ်င္မ်န္လက္ထဲတြင္ စာ႐ြက္အပိုင္းအစမ်ားစြာ က်န္ေနေသးသည္ကို ၾကည့္ရင္း ခ်က္ျခင္းပင္ သူ႕ထင္ျမင္ခ်က္ကို ထုတ္မျပႏိုင္ခဲ့ေပ။သူ စပ္စပ္စုစုျဖင့္ တစ္ခ်က္ေလာက္ လာၾကည့္ရန္ လာေနသည့္ဆိုင္အကူကို စူးစူးဝါးဝါး စိုက္ၾကည့္လိုက္သည္။ "မင္းမွာ အေျမာ္အျမင္မ႐ွိဘူးလား?ဒီညီအကိုႏွစ္ေယာက္အတြက္ ဘာလို႔လက္ဖက္ရည္မခ်ေသးတာလဲ?”
“ဟုတ္ကဲ့။” လက္ေထာက္က အျမန္ျပန္ဆုတ္သြား၏။
ခ်င္မ်န္ ျပဳံးျပဳံး႐ႊင္႐ႊင္နဲ႔ လဲ့ယ္ထ်ဲကို ထိုင္ခိုင္းလိုက္သည္။
ေလ်ာင္က်စ္ဖူသည္ သူတို႔ႏွင့္ ဆန္႔က်င္ဘက္တြင္ ထိုင္ခ်လိုက္ၿပီး ပုံကို ၾကည့္ကာ " ေလွ်ာတံခါးေတြပါတဲ့ ဗီ႐ိုကို ငါျမင္ဖူးေပမယ့္ ေခါက္တံခါးနဲ႔ ဒီလိုမ်ိဳးပုံစံ ျမင္ဖူးတာ ဒါပထမဆုံးပဲ။"
ခ်င္မ်န္၏ပုံဆြဲစေကးမွာ အလြန္ ေစ့စပ္ေသခ်ာၿပီး နားလည္ရန္ လုံးဝ မခက္ခဲေပ။
ခ်င္မ်န္ အဓိကအေၾကာင္းအရာကိုသာ တန္းေျပာလိုက္သည္။ “ဒီေန႔ ကြၽန္ေတာ္တို႔ဒီကိုေရာက္ေနတာက ခင္ဗ်ားဆိုင္မွာ ပရိေဘာဂတခ်ိဳ႕ကို မွာခ်င္လို႔ပါ။ ဒုတိယအေနနဲ႔က ကြၽန္ေတာ္တို႔ရဲ႕ မိသားစုစရိတ္ေတြကို ျဖည့္ဆည္းဖို႔ ေငြနည္းနည္းေလာက္႐ွာခ်င္ပါတယ္။ဒီပုံေလးကို မန္ေနဂ်ာေလ်ာင္ ဘယ္လိုထင္လဲ?"
ေလ်ာင္က်စ္ဖူသည္ကား ထူးထူးျခားျခားအျမင္႐ွိသည့္ စီးပြားေရးသမားပင္။ဤဗီ႐ိုကို မွန္တင္ခုံတစ္ခုႏွင့္ ေပါင္းစပ္ထားၿပီး အကန္႔အ႐ြယ္အစားအမ်ိဳးမ်ိဳးျဖင့္ ပိုင္းျခားထားသည္။အလယ္႐ွိ မွန္ေဘးတြင္ အကန္႔ေသးေသးေလးမ်ားပါ႐ွိၿပီး ေရာင္ျခယ္မႈန္႔၊ ပါးနီ၊ ဘီး၊ လက္ဝတ္ရတနာေသတၱာႏွင့္ အျခားပစၥည္းမ်ားကို မွန္တင္ခုံေ႐ွ႕မွာ ထိုင္လိုက္႐ုံျဖင့္ လက္လွမ္းႏိုင္သည္။ဒီလို ဗီ႐ိုမ်ိဳးက အမ်ိဳးသမီးေတြၾကား ေရပန္းစားလာမွာ ေသခ်ာ၏။
ထူးထူးဆန္းဆန္း ေျပာရမယ္ဆိုရင္ အရင္က ဒီလိုလုပ္ဖို႔ ဘယ္သူမွ မစဥ္းစားမိၾကတာလဲ?ေလ်ာင္က်စ္ဖူ အနည္းငယ္စိတ္မေကာင္းျဖစ္မိေသာ္လည္း "ဒီပုံအတြက္ ေငြ ၁၀ တုံး။ညီငယ္ေလး ဘယ္လိုထင္လဲ?"
ခ်င္မ်န္ ထိုသို႔ေသာ ဗီ႐ိုႏွင့္ပတ္သက္ၿပီး ထူးထူးျခားျခား တစ္စုံတစ္ရာမပါ႐ွိသျဖင့္ ေငြပိုေတာင္းသည့္အတြက္ စိတ္မေကာင္းျဖစ္မိသည္။
ေလ်ာင္က်စ္ဖူသည္ တစ္ဖက္လူက ဆက္လက္ေစ်းဆစ္ျခင္းမ႐ွိေၾကာင္းကို ျမင္ေတာ့ သူႏွင့္ ခင္မင္ရင္းႏွီးရန္ ရည္မွန္းထားေၾကာင္းသိ႐ွိကာ သူ႕မ်က္ႏွာေပၚ႐ွိအျပဳံးကလည္း ပို၍႐ိုးသားလာသည္။သူ ေမးလိုက္၏။
“တျခားပုံေတြလား?” သူ ခ်င္မ်န္လက္ထဲကို ၾကည့္လိုက္သည္။
ခ်င္မ်န္ သူ႕အား ဆက္တီဒီဇိုင္းပုံ ကမ္းေပးကာ အေသးစိတ္႐ွင္းျပသည္။ေလ်ာင္က်စ္ဖူက သူ႕ကို ခ်ီးက်ဴးကာ ေငြ အတုံး၅၀အထိ ေစ်းသတ္မွတ္ေပးခဲ့သည္။
ေနာက္ဆုံးအေနနဲ႔ ခ်င္မ်န္ ပန္းကန္ျပား တစ္ခ်ပ္ႏွင့္ အာလူးတစ္လုံးကို ျခင္းေတာင္းထဲမွ ထုတ္ယူလိုက္သည္။ေလ်ာင္က်စ္ဖူ ႏွင့္ စပ္စုစိန္ လက္ေထာက္ေလးက သူ႕ကိုၾကည့္ရင္း အေတာ္ေလး အံ့ၾသသြားခဲ့သည္။
ခ်င္မ်န္ တခစ္ခစ္ရယ္ၿပီး သူတို႔ဘက္လွည့္ျပကာ အာလူးသည္ကား အခ်ိန္တိုေလးအတြင္းမွာ အခြံခြာၿပီးသား ျဖစ္သြားေလသည္။
"အခြံခြာတဲ့ အ႐ွိန္က ျမန္လွခ်ည္လား?"
ေလ်ာင္က်စ္ဖူ တအံ့တၾသနဲ႔ ေမးလိုက္သည္။
“ဘယ္လို.... မင္း ဘယ္လိုလုပ္ခဲ့တာလဲ?"
ခ်င္မ်န္ ျပဳံးေနေသာ္လည္း ျပန္မေျပာေပ။သူ သူတို႔အား ေနာက္ေက်ာေပးရန္ တဖန္ျပန္လွည့္လိုက္ၿပီး အလားတူ ေနာက္တခဏအတြင္းမွာပင္ ျပန္လွည့္လာခဲ့သည္။
ေလ်ာင္က်စ္ဖူ ပါးပါးလွီးထားေသာ အာလူးတစ္ပန္းကန္ကို ျမင္လိုက္ရ၏။
Advertisement
- In Serial6 Chapters
Chimera
The arena! A place where mutants are created to fight for status, money and most importantly sponsorship!
8 120 - In Serial23 Chapters
Birth of the World Tree
An amnesiac reborn as a tree. An adventurer cursed by bad luck. An incoming calamity, one with the potential to end the world.Our MC wakes up one day as a tree seed, with no idea how they got there, but all their knowledge intact. Visited by a god, they are warned of a coming disaster that has apocalyptic implications. But their new body (as well as a gift from a mischievous god) makes them one of the few beings able to prevent the world’s end. Of course, in order to do that, they’ll have to grow into a tree of great power, one that could consume the world before whatever’s coming has a chance to.Meanwhile, a routine mission goes off the rails when Maria stumbles onto a massive conspiracy, putting both her and her companions in danger should those responsible find out.All while the countdown to destruction ticks down.——————————————————Updates Thursdays and Sundays at 5PM UTC-5 Discord link can be found at the end of a chapter Art by EeveeAroAce on Tumblr Cross-posted on ScribbleHub (currently ahead)
8 276 - In Serial8 Chapters
WELSH MAGIC
A barely literate pyromancer struggles to avoid expulsion from the prestigious Crymych School of Druidic Sorcery; but when a murderer begins hunting her more talented classmates, exams become the least of her worries. (Especially when her friends are the next to go missing.) A Mythological Whodunnit. (completed)
8 170 - In Serial23 Chapters
Beastmaster, Old Draft.
Marlow was once lived a normal life up till the apocalypse came knocking. Now being forced into a new video game world he searches for stability in this evershifting world while trying to find his family. This is a fanfiction within takes place in Completionist Chronicles by Dakota Krout. This Story takes place begins around Books 3-4. I'm not affiliated with Mountaindale Press in any way nor I will gain no monetary profit from this work. Any and all rights and credits are reserved for and deserved by its original creators. Please go support or check out the wonderful people there.
8 268 - In Serial6 Chapters
The Withering of Gold Vol. 3
After killing the only father figure he had, along with losing his enitre family of the orphanage, Effryn must carry the burden for not only himself, but for his only survivng brother--Gale.
8 155 - In Serial29 Chapters
The other Swan
You've all heard of Isabella or more commonly known as Bella Swan. We'll meet Allison Swan. The youngest daughter of Charlie Swan and her mother is Artemis. Find out how she deals with strange powers and being the first child of Artemis.
8 113

