《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[36]
Advertisement
[Unicode]
036: အိမ်အသစ်ဆောက်လုပ်ကြခြင်း
လမ်းပေါ်တွင် လူများစွာရှိနေတော့ ချင်မျန်သည် လဲ့ယ်တာချန်၊ လဲ့ယ်ရှန်းရန်၊ လဲ့ယ်ရှန်းရီ နှင့် လဲ့ယ်ရှန်းလီတို့ကိုပါ ဖိတ်ကြားရန် လဲ့ယ်ထျဲအား တောင်းဆိုခဲ့သည်။ဖိတ်ခေါ်ခြင်းသက်သက်သာဖြစ်ပေလင့်ကစား မဟုတ်ရင် 'သားသမီးဝတ္တရားမကျေပွန်' ဟု ခေါင်းစဉ်တပ်ခံရမည် ဖြစ်ပြီး သူနှင့်လဲ့ယ်ထျဲ ရွာမှာ နာမည်ဆိုးရလိမ့်မည်။လဲ့ယ်တာချန်တို့အုပ်စု လာချင်သည်ဖြစ်စေ မလာချင်သည်ဖြစ်စေ ဒါ သူတို့ရဲ့ ပြဿနာပဲလေ။ယခုဆိုလျှင် သူတို့မိသားစုနှစ်စုရဲ့ ဆက်ဆံရေးတွေကို အများရှေ့တွင် ထိန်းသိမ်းထားရုံတင် လုံလောက်ပြီဖြစ်သည်။
ထိုနေ့မရောက်မီတွင် လဲ့ယ်ထျဲ လေးနှင့် ခြင်းတောင်းကို ကျောပေါ်တင်ကာ တောင်ပေါ်သို့ တက်ခဲ့သည်။သားကောင်အချို့ကို လိုက်ဖမ်းနိုင်လျှင် အသားအတွက် ငွေထပ်ကုန်ရန် မလိုတော့ပေ။
လဲ့ယ်ထျဲ မြက်ပင်ကိုရိုက်ပြီး မြွေကိုခြောက်လှန့်ရန် သူ့ရှေ့မှ တုတ်တစ်ချောင်းကို ကောက်ကိုင်လိုက်သည်။သူ့ခြင်းတောင်းထဲတွင် သစ်လွင်ပြီးအနည်းငယ်သေးငယ်သော တောင်းတစ်ခုထပ်ရှိနေ၏။
ချင်မျန်ကတော့ လက်ဗလာဖြင့် နောက်မှ လိုက်လာခဲ့သည်။လဲ့ယ်ထျဲက ကွန်ဖူးပညာရှင်တစ်ဦးဖြစ်သောကြောင့် တောင်ပေါ်၌ မည်သည့်အန္တရာယ်မှ မဖြစ်လာနိုင်။ထို့ကြောင့် သူ တောင်ပေါ်သို့ အလည်အပတ်သဘောဖြင့် လိုက်တက်ရန် စိတ်ကူးရခဲ့သည်။လွန်ခဲ့သည့်နှစ်ရက်က ဆောင်းဦးတွင် မိုးရွာခဲ့၏။စိုစွတ်နေသော မြေကြီးထက်တွင် ထီးငယ်လေးများကဲ့သို့ မှိုအကွက်များ စုပုံပေါက်ရောက်နေသည်။ယင်းတို့က မြေစုအတွင်း၌ သက်ရှိထင်ရှားရှိနေကြပြီး လုံး၀ကိုပင် ထိုးထိုးထောင်ထောင်ရပ်နေလျက် မြင်သူတိုင်း ပျော်ရွှင်စေသည်။
မှိုလေးများသည် လတ်ဆတ်လှပလျက်ရှိနေ၏။ချင်မျန် တူးဖို့အတွက် တောင်းထဲရှိပေါက်တူးကို ထုတ်လိုက်သည်။လဲ့ယ်ထျဲနှင့် ဆက်သွယ်ပြောဆိုလိုက်ခြင်းမရှိသော်လည်း အကြိမ်များစွာ တောင်ပေါ်တက်လေ့ရှိတာကြောင့် နှစ်ယောက်သာယ တိတ်တဆိတ် နားလည်မှုတွေရှိကြသည်။လဲ့ယ်ထျဲ လေးကိုဆွဲကိုင်လိုက်ပြီး သားကောင်ဘက်ဆီသို့ ချိန်လိုက်သည်။အချိန်တိုအတွင်း သူ 3 ကျင်းထက် အလေးချိန်ရှိသော ယုန်တစ်ကောင်ကို ဖမ်းမိလေသည်။
လယ်သမားတွေက လယ်ယာမြေကအလုပ်တွေ လုပ်ပြီးတဲ့အခါ ဘာမှမလုပ်ဘဲ နေကြရ၏။နှစ်ယောက်သား အလျင်စလိုမဖြစ်သောကြောင့် ချင်မျန်သည် ပတ်ဝန်းကျင်ကမှိုများကို တူးဖော်ပြီးနောက် တောင်အတွင်းပိုင်းထဲသို့ နက်နက်နဲနဲဝင်သွားကြသည်။
နှင်းတွေက သိပ်သည်းနေတာပဲ။နှစ်ယောက်သား ဘောင်းဘီရှည်တစ်ထည် ထပ်ဝတ်ထားကြပေမယ့် ဘောင်းဘီခြေထောက်တွေက စိုစွတ်နေသေးပြီး အသားပေါ်မှာ ကပ်နေတဲ့အခါ အနည်းငယ်အေးနေသလို ခံစားရ၏။
လဲ့ယ်ထျဲ၏ဘောင်းဘီရှည်များသည်လည်း ဒူးအောက်တွင် စိုစွတ်နေသော်လည်း သူ ဂရုမထားပေ။
“တောင်ပေါ်မှာ အကောင်ကြီးကြီးတွေရှိလား?အကောင်ကြီးတစ်ကောင်ကိုသာလိုက်ဖမ်းနိုင်ရင် နွေးထွေးပြီး ရေစိုခံဖို့အတွက် ဒူးအကာတွေ အများကြီးကို လုပ်နိုင်ပြီ"
"ရှိတယ်။ဒီထက်ပိုပြီး ဝင်သွားရမယ်။" လဲ့ယ်ထျဲ
ချင်မျန်၏ဘယ်ဘက်ခြမ်းတွင် မြွေညိုတစ်ကောင်ကို တစ်ချက်ထဲ မြင်ကွင်းထဲဖမ်းမိလိုက်ကာ မြက်ခင်းပြင်ကို တိတ်တဆိတ် ငုံ့ကြည့်လိုက်သည်။မျက်တောင်တစ်ချက်မခတ်ဘဲ သူ့လက်ထဲက တုတ်ဖြင့် ထိုး၍လွှတ်ပစ်လိုက်ရာ မြွေက အဝေးကို လွင့်ပျံထွက်သွားသည်။
"ဘာဖြစ်လို့လဲ?" ချင်မျန် သစ်ရွက်ကြွေလွှင့်သံကိုကြားသောအခါ နားမလည်နိုင်စွာ မော့ကြည့်လိုက်သည်။
“ဘာမှမဟုတ်ဘူး။”
သူ့လက်နောက်ခုံမှာ ခပ်စူးစူးနာကျင်မှုကို ခံစားလိုက်ရသည်။ချင်မျန် ငုံ့ကြည့်လိုက်တော့ အကိုင်းအခက်တွေကြောင့် ခြစ်မိသွားတာကို တွေ့ရ၏။အကိုင်းအခက်အပေါ်သို့ အနည်းငယ် ကိုင်းညွတ်နေသော ဆူးပင်များ ပေါက်နေကာ အနီရောင် ဂျုံလုံးအရွယ်အသီးများက ခပ်မြင့်မြင့်ပေါ်ကသစ်ပင်ငယ်တစ်ပင်ပေါ်တွင် ရှိနေသည်။
"ဘာလို့ ဂရုမစိုက်ရတာလဲ?" လဲ့ယ်ထျဲ သူ့လက်နောက်ခုံက ရှည်ပါးပါး ကုတ်ခြစ်ရာကို မြင်လိုက်ရပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ဒါက....”
ချင်မျန် သူ့မျက်လုံးများကိုပင် မယုံနိုင်။လွန်ခဲ့သည့် ရက်အနည်းငယ်က ဤကမ္ဘာပေါ်တွင် စီချွမ်ငရုတ်ကောင်းမရှိဟု မြည်တမ်းနေသေးသည်။ဒီနေ့ တောင်ပေါ်မှာ တွေ့လိုက်ရပြီ။သူ့အရင်ဘဝက သူ့အဖိုး၏ဟင်းသီးဟင်းရွက်ခင်းထဲတွင် စီချွမ်ငရုတ်ပင်သုံးမျိုးရှိသည်။လဲ့ယ်ထျဲ ပြောလိုက်၏။ "အစပ်သီးတွေ..."
နောက်ထပ် နာမည်သစ်တစ်ခု ထပ်ရပြန်ပြီ။ချင်မျန် ရယ်ရမလား ငိုရမလား မသိ။အသီးကို ကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။ရင်းနှီးတဲ့ နံနံပင်နှင့်အစပ် အရသာပဲ။
လဲ့ယ်ထျဲ သူ့လက်ကို ဆတ်ခနဲ ဆုပ်ကိုင်လိုက်၏။ "ဘာလို့ ပါးစပ်ထဲ ထည့်လိုက်တာလဲ!"
ချင်မျန်အား ကြမ်းတမ်းသောလေသံဖြင့် သူပြောသည်မှာ ဒါ ပထမဆုံးအကြိမ်ပင်။ဒီလူလည်း ဒေါသ ထွက်တတ်တယ်ပေါ့။ရင်ထဲမှာ အနည်းငယ် နွေးထွေးသွားသလို ခံစားလိုက်ရသည်။
“ဒါက စီချွမ်းငရုတ်ကောင်းပင်။ဒီအသီးက ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးပဲ။ကျွန်တော့်မှာ ငွေရှာဖို့ အခြားနည်းလမ်းတစ်ခု ရှိတယ်။ဒီနေရာကို အမှတ်အသားလုပ်ပြီး ပြန်လာတဲ့အခါ တူးရမယ်”
လဲ့ယ်ထျဲ စကားတစ်ခွန်းမှ မပြောဘဲ သူ့ခြင်းတောင်းထဲက ပေါက်တူးတစ်ချောင်းကို မထုတ်လိုက်ခင်အထိ သူ့ကို အချိန်အကြာကြီး စိုက်ကြည့်နေသေးသည်။
ထို့နောက် တစ်ချက်ပြန်လှည့်မကြည့်ဘဲ အနီးနားရှိသစ်ပင်တစ်ပင်ကို ခက်နက်နက်ပေါက်ကာ လှည့်ထွက်သွားသည်။မျက်နှာထက် ပိုကြီးသည့်အခေါက်ကြောင့် ပင်စည်တွင် အဝါရောင်သစ်စေးအကွက်လိုက်ကြီးကိုပင် မြင်နေရသည်။
ချင်မျန်မှာ ၎င်း၏အရေပြားမှာ အခွံခွာထားခံရသလို တွေးမိပြီး ကျောကုန်းတစ်လျှောက် အေးစက်သွားကာ ထိုလူ၏နောက်ကျောကို သံသယဖြင့် ကြည့်လိုက်သည်။
ဒီကောင် စိတ်ဆိုးသွားတာတော့ မဟုတ်ဘူးမလား!!
သူ လဲ့ယ်ထျဲကို အမီလိုက်ရန် လျင်မြန်စွာ လျှောက်လိုက်ပြီး သူ့မျက်နှာကို ကြည့်မိတော့ အေးစက်စက်ဖြင့် အမူအရာကင်းမဲ့လျက်ရှိနေသည်။
တကယ်ကြီး စိတ်ဆိုးနေတာလား?ချင်မျန် အလွန်အံ့သြသွားသည်။တစ်စုံတစ်ခုကို ယောင်ဝါးဝါး သိလိုက်သည်နှင့် နောက်တစ်ကြိမ် အမီလိုက်သွားကာ လဲ့ယ်ထျဲပခုံးတစ်ဝိုက်တွင် တွယ်ချိတ်ရန် လက်ကို မြှောက်လိုက်ပြီး သူ့နှင့် မျက်လုံးချင်းစုံကာ ပြုံးပြလိုက်သည်။အရပ်အမောင်း ကွာခြားချက်ကြောင့် အနေအထိုင် အနည်းငယ် အဆင်မပြေသော်လည်း လွှတ်မပေးပေ။
"ကျွန်တော်က အကျိုးအကြောင်းကြည့်တတ်ပါတယ်။ကျွန်တော် မသိတဲ့အရာတွေကို စားဖို့ အလျင်စလိုမလုပ်ပါဘူး။အခု စီချွမ်ငရုတ်ကောင်းကိုလည်း မစားသေးဘဲ လျှာနဲ့ တို့ကြည့်ရုံတင်ပါ။"
ထိုမှပင် လဲ့ယ်ထျဲ၏အမူအရာ ပြေလျော့သွားသည်။
Advertisement
"ခင်ဗျားတို့ဘက်ကလူတွေက အဲဒီအသီးကို အစပ်သီးလို့ ခေါ်ကြတာလား?ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးလို့ရတယ်ဆိုတာ မသိကြဘူးလား?”
“အရသာက စပ်တယ်။ရှေးလူကြီးတွေက အဆိပ်ပြင်းတယ်လို့ ယုံကြည်ကြတာပဲ။”
“ဒါဆိုလည်း ဒီလိုပေါ့။”
ချင်မျန် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် မျက်လုံးလှန်လိုက်သည်။
နှစ်နာရီခန့်တွင် ဗိုက်ဆာလာသဖြင့် တောင်ပေါ်မှဆင်းခဲ့ကြသည်။ နေ့တစ်ဝက်အတွင်း ရလာသည်မှာ အလွန်များ၏။ယုန်တစ်ကောင်၊ ငှက်သုံးကောင်၊ ကျင်း ၄၀ ကျော် အလေးချိန်ရှိ မွေးချင်းများဟု ယူဆရသည့် သမင်နှစ်ကောင်၊ မှိုနှင့်သစ်အယ်သီးတစ်ခြင်းတို့ပင်။သယ်စရာများလာသောကြောင့် ချင်မျန်၏လက်နှစ်ဖက်စလုံးလည်း မအားတော့ပေ။စီချွမ်းငရုတ်ပင်ကို လောလောဆယ် မတူးနိုင်သေးပေမယ့် အိမ်သစ်ဆောက်ပြီးရင်တော့ စိုက်ပျိုးရမည်။ထို့ကြောင့် ချင်မျန် စီချွမ်းသီးတွေကိုပဲ ခူးလာခဲ့သည်။
မျက်နှာမှာ ချွေးတွေနဲ့ရွှဲလျက် အိမ်ပြန်ရောက်လာကြသည်။ယခုအခါ ချင်မျန်လည်း ကျန်းမာရေးကောင်းမွန်နေပြီဖြစ်သောကြောင့် သူအရမ်းကြီးမပင်ပန်းနေသော်လည်း သူ့လက်မောင်းတွေကတော့ အနည်းငယ်နာကျင်နေသည်။ထမင်းချက်ဖို့ မသွားခင် ခဏထိုင်နားနေလိုက်၏။
သူ့ဇနီးလေး အသားမပါရင် မပျော်ဘူးဆိုတာ လဲ့ယ်ထျဲ အစောကတည်းက သိခဲ့ပြီးပြီ။ပြောမနေတော့ဘဲ ငှက်တစ်ကောင်ကို ကိုင်ရန် သယ်သွားခဲ့သည်။
ချင်မျန် ကျေနပ်စွာဖြင့် သူ ရေကန်ဘက်သို့သွားနေတာကို ကြည့်ပြီး နေ့လည်စာအတွက် သစ်အယ်သီးနဲ့ ရစ်ဌက်စတူး မြည်းစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
.................
မျက်စိတစ်မှိတ်အတွင်းမှာပဲ အိမ်သစ်ဆောက်တဲ့နေ့ရောက်လာခဲ့ပြီ။ကောင်းကင်မှာ တောက်ပနေတဲ့ နေမင်းကြီးနှင့်အတူ ရာသီဥတုကလည်းကောင်းနေ၏။
ချင်မျန်က မရီးကျန်းနှင့် ဟင်းချက်ကျွမ်းကျင်တဲ့ ဒေါ်လေးဝမ်ကိုပါဖိတ်ထားခဲ့သည်။ဒေါ်လေးဝမ်သည် အသက်လေးဆယ်ကျော်ရှိနေပြီဖြစ်ပြီး သူမရဲ့ဟင်းချက်ကျွမ်းကျင်မှုကဖြင့် ရွာတွင်အကောင်းဆုံးဟု ဆိုနိုင်သည်။ရွာကလူတွေက သူမကို ပွဲဘဘင်တွေမှာ စီမံခိုင်းလေ့ရှိ၏။မရီးကျန်းနဲ့ ဒေါ်လေးဝမ်က ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရှိပြီး သူမ အလွယ်တကူ လက်ခံရန် သူမက ချင်မျန် ကိုယ်စား ဖိတ်ကြားခဲ့ခြင်းသာ။
မနက်စောစောကတည်းက အိမ်တွင် မနက်စာစားပြီးတာနဲ့ နှစ်ယောက်သား ချင်မျန်ရဲ့အိမ်ကို အတူတူရောက်လာကြပြီး ပန်းကန်တွေတူတွေပါ ယူလာကြသည်။ချင်မျန်တွင် ပန်းကန်ခွက် အလုံအလောက်မရှိသောကြောင့် အခြားသူများထံမှ ဌားယူရလေသည်။
မနေ့ညကတည်းက ချင်မျန်မှာ ပါဝင်ပစ္စည်းများကို ပြင်ဆင်ခဲ့ပြီးပြီဖြစ်ကာ မရီးကျန်းနဲ့ ဒေါ်လေးဝမ်တို့ကို နေ့လယ်စာပြုလုပ်နိုင်ရန် အသေးစိတ်ရှင်းပြပေးခဲ့သည်။
ချင်မျန်က အသားနှစ်မျိုးနှင့် ဟင်းသီးဟင်းရွက်ဟင်းလျာ နှစ်မျိုးကို ကျွေးရန် စီစဉ်နေကြောင်း သူတို့ကြားသိရသည်။မီးဖိုချောင်ထဲမှာ ရစ်ငှက်တွေနဲ့ ယုန်တွေကို တွေ့လိုက်ရတော့ နေ့လည်ကျရင် သူတို့လည်း ဒီဟင်းလျာတွေကို မြည်းစမ်းကြည့်နိုင်ပြီမို့လို့ စိတ်လှုပ်ရှားသွားကြသည်။အဓိကအစားအစာမှာ အသားနဲ့အရွက်ပေါက်စီတွေအပြင် အာလူးနှင့် ယုန်သား နှပ်၊ ရစ်ဌက်နဲ့မှိုနှပ်၊ဒေစီရွက်ကြော် နဲ့ ခရမ်းသီးကြော်တို့ပင်။
မရီးကျန်းနဲ့ ဒေါ်လေးဝမ် နှစ်ယောက်စလုံးသည် မြန်ဆန်ပြီး သပ်သပ်ရပ်ရပ်ရှိတဲ့ အလုပ်သမားတွေပင်။အင်္ကျီလက်များကို ဆွဲချည်ပြီး လက်ဆေးကာ အလုပ်စလုပ်ကြတော့သည်။
လက်ဖက်ရည်ပြင်ပေးဖို့ မမေ့ကြောင်း ပြောပြီးနောက် ချင်မျန်လည်း အိမ်သစ်ဆီကို အမြန်သွားလိုက်သည်။
အလုပ်သမားတွေအားလုံးက ရိုးသားသူတွေပင်။ရည်ရွယ်ချက်ရှိရှိ နောက်ကျမလာခဲ့ဘဲ မနက်စာစားပြီးတာနဲ့ ရောက်လာခဲ့သည်။ချင်မျန် ရောက်သွားတော့ အားလုံးက အလုပ်ရှုပ်နေကြပြီ။လဲ့ယ်ထျဲက စာရွက်တစ်ရွက်ကိုကိုင်ရင်း ကျန်းတရွှေ နှင့် စကားပြောနေသည်။
အုတ်ပုံကြီးနှင့် မနီးမဝေးတွင် စားပွဲနှစ်လုံးနှင့် ကုလားထိုင်အနည်းငယ်ရှိ၏။ချင်မျန် အမြန်လျှောက်လာခဲ့သည်။
သူ့ကိုမြင်တော့ ကျန်းတရွှေက လဲ့ယ်ထျဲကို ပြုံးပြပြီး "ဒီအစီအစဥ်ကို မင်းမိန်းမက ရေးဆွဲခဲ့တာမဟုတ်လား?"
ရွာရှိအိမ်များသည် အခြေခံအားဖြင့် တူညီသောဖွဲ့စည်းပုံရှိသည် — သုံးခန်းတွဲအိမ်တစ်လုံးကို သုံးပိုင်းခွဲထားသည်။နှစ်ဘက်လုံးတွင် အိပ်ခန်းများတွဲရက်ပါသော ဗဟိုခန်းမ ပုံဖြစ်၏။သို့သော်
ချင်မျန်၏စိတ်ကူးက အခန်းသုံးခန်းတွဲပါအိမ်ကို လေးပိုင်းခွဲထားသည်။အခန်းကြီးနှစ်ခန်းနှင့် အခန်းငယ်နှစ်ခန်းပင်။မြောက်ဘက်တွင် အခန်းနှစ်ခန်းရှိကာ ကြားတွင် စင်္ကြံတစ်ခုနှင့် နောက်တံခါးတစ်ခုရှိသည်။ဤပုံစံသည် ရွာတွင်ထူးခြားသောကြောင့် ကျန်းတရွှေလည်း အနည်းငယ်ဆန်းပြားသည်ဟု ထင်ခဲ့သည်။
လဲ့ယ်ထျဲကဖြင့် မငြင်းပေ။
"အစ်ကိုကျန်း..." ချင်မျန် ကျန်းတရွှေကို နှုတ်ဆက်ခဲ့ပေမယ့် သူ ချက်ခြင်း အနားကို ရောက်မလာခဲ့ပေ။ယင်းအစား သူ အလုပ်သမားများနှင့် သွားတွေ့ပြီး သူတို့ကို အားပေးခဲ့သည်။သူ့မျက်နှာက ပြုံးပြုံးရွှင်ရွှင်ရှိနေကာ ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။
“လာကူညီပေးကြတဲ့ အစ်ကိုတို့ဦးလေးတို့ကို ကျေးဇူးတင်ပါတယ်။ဒီနေ့လည်စာက အာလူးနဲ့ယုန်နှပ်၊ ရစ်ဌက်နဲ့မှိုနှပ်၊ ဒေစီရွက်ကြော်နဲ့ ခရမ်းချဉ်သီးကြော်၊ ဆီဝေ့စေရမယ်လို့ အာမခံတယ်။အားလုံး အလုပ်ပိုကြိုးစားပြီး နေ့လည်စာ အချိန်မှန်စားကြရအောင်။”
ပိန်ပိန်ပါးပါးနှင့် အသုံးမဝင်သည့် ဆယ်ကျော်သက်တစ်ဦးဟု မှတ်ယူထားသော်လည်း သူပြောလိုက်သည့် စကားလုံးများက အနည်းငယ်မျှ မတုံ့ဆိုင်းဘဲ တည့်တည့်မတ်မတ်ထိသည့်အပြင် တည်ငြိမ်ပြီး ယဉ်ကျေးသိမ်မွေ့ပုံရတာကြောင့် အနှီယောက်ျားကြီးအုပ်စုက ရုတ်တရက် မထီမဲ့မြင်ပြုမည်ကို ပယ်ရှားလိုက်ကြသည်။
တက်ကြွသော လူငယ်အချို့ကပင် ဦးဆောင်၍ အားပေးကြသည်။
တခဏအတွင်းမှာပင် လေထုသည် တက်ကြွလာကြသည်။အောက်ခြေအုတ်မြစ်ကို စိတ်အားထက်သန်စွာ တူးနေကြပြီး အုတ်များကို ရွေ့စီနေကာ ဆေးကော်ရောစပ်နေကြစဥ် တစ်ချိန်တည်းမှာပင် စကားစမြည်ပြောရန်ပင်မရှိ နှုတ်ဆိတ်နေခဲ့ကြသည်။
ဤနေရာရှိ ဆူညံသံဆိုလို့ ကလေးများ အုတ်ပုံပတ်လည်တွင် ပြေးလွှားဆော့ကစားနေကြသည့် အသံသာရှိ၏။လူကြီးများအလုပ်လုပ်နေရာလမ်းကို မတော်တဆဝင်တိုက်မိလျှင်လည်း ဆူပူကြိမ်းမောင်းခံရမည်ကို ကြောက်ရွံ့မှုမရှိကြ။ရယ်မောပျော်ရွှင်နေကြသည်။အရမ်းတက်ကြွ သွက်လက်နေကြ၏။
ကျန်းတရွှေက လဲ့ယ်ထျဲအား ရွှင်မြူးစွာ တီးတိုးပြောလိုက်၏။ "မင်းမိန်းမက အံ့သြစရာပဲ"
လဲ့ယ်ထျဲ အနားရောက်လာသော ဆယ်ကျော်သက်လေးကို ကြည့်ပြီး ကျန်းတရွှေကို ခေါင်းညိတ်ပြသည်။
“အစ်ကိုကျန်း....” ချင်မျန် လဲ့ယ်ထျဲအနားမှာ ရပ်လိုက်ပြီး နွေးထွေးစွာ ပြောလိုက်သည်။ “ထျဲကော နဲ့ ကျွန်တော်က ဒီအပိုင်းမှာ အတွေ့အကြုံ သိပ်မရှိကြဘူး၊ဒီနေ့တော့ အစ်ကိုကျန်း အလုပ်ရှုပ်အောင် ဒုက္ခပေးမိတော့မှာပဲ။ကျေးဇူးပြုပြီး ဂရုစိုက်ပေးပါဦး။"
Advertisement
ကျန်းတရွှေက ပြတ်သားစွာပြောခဲ့သည် - "ဒါက ဖြစ်သင့်တာပေါ့၊ စိတ်မပူနဲ့။ငါ သွားကြိုပြီး အလုပ်ရှုပ်နေလိုက်တော့မယ်။"
“ဒီမှာ ကူညီစရာမလိုဘူး။လက်ဖက်ရည်ကို နောက်မှ ယူလာ။" လဲ့ယ်ထျဲ ချင်မျန်ကိုပြောလိုက်သည်။
ချင်မျန်က “ကျွန်တော် သိပါတယ်။ခင်ဗျား ဒီမှာသာ စီမံခန့်ခွဲနေလိုက်။ကျန်တာကို ကျွန်တော် စီစဉ်မယ်။"
အိမ်ဟောင်းကလူတွေကို မတွေ့တာကြောင့် မလာဘူးလို့ ထင်ခဲ့သည်။သူထွက်သွားသောအခါ လဲ့ယ်ရှန်းရန်၊ လဲ့ယ်ရှန်းရီ နဲ့ လဲ့ယ်ရှန်းလီတို့ ဒီလမ်းအတိုင်းသွားနေသည်ကို သူမြင်လိုက်ရသည်။လဲ့ယ်တာချန်ကိုဖြင့် မည်သည့်နေရာမှ မတွေ့ရပေ။
သူကလည်း ဂရုမစိုက်ပါဘူး။သူ ဒီမှာလည်း ကူညီနိုင်စရာမရှိ၍ အိမ်ကိုသာ ပြန်သွားခဲ့သည်။
မရီးကျန်း နဲ့ ဒေါ်လေးဝမ်တို့သည် သူတို့ရဲ့ အလုပ်ကို ခွဲဝေထား၏။တစ်ယောက်က ပန်းကန်ဆေးပြီး နောက်တစ်ယောက်က ဂျုံနှစ်ကို ဆုပ်နယ်ပြီး စည်းစနစ်တကျလုပ်နေသည်။ဝင်မစွက်ဖက်နိုင်တော့ မီးဖိုချောင်ထဲကိုလည်း သူ ဝင်မလာတော့ဘူး။
ဒီအစီအစဉ်ကြောင့် မရီးကျန်းနဲ့ဒေါ်လေးဝမ်တို့အပေါ် သူ ယုံကြည်မှုကို ရရှိစေခဲ့ပြီး သူ့စိတ်တွေလည်း ငြိမ်သွားခဲ့သည်။
ချင်မျန်က ကျန်သည့်အိမ်မှုကိစ္စတွေ လုပ်တော့သည်။သူ့အဝတ်အစားများနှင့် လဲ့ယ်ထျဲအဝတ်အစားတွေကို လျှော်ဖွပ်ရန် စုပြီးနောက် နွားကို ရေတိုက် မြက်ကျွေးရန် ခေါ်ဆောင်သွားခဲ့သည်။ထို့နောက် အိပ်ခန်းထဲတွင် ပုန်းအောင်းကာ ခဲတံနှင့် စာရွက်ကို ထုတ်ကာ ရေးခြစ်နေသည်။
အခု အောက်တိုဘာလဆန်းပိုင်းမှာ ရာသီဥတုက ပိုအေးလာပြီ။ဒီကဆောင်းရာသီမှာတော့ အရမ်းအေးမယ်လို့ ထင်မိသည်။အိပ်ခန်းထဲမှာ အပူဒဏ်ခံနိုင်တဲ့ အုတ်ကုတင်တစ်လုံး ဆောက်ဖို့ လိုအပ်တယ်လို့ သူတွေးခဲ့၏။အပူဒဏ်ခံနိုင်သည့် အုတ်ကုတင်ကို မည်သို့မည်ပုံပြုလုပ်ရမည်ကိုလည်း သူ ရှင်းရှင်းလင်းလင်းသိသည်။ယခင်က အရှေ့မြောက်ဘက်က မိသားစုနှင့် နှစ်ရက်ကြာ နေထိုင်ခဲ့ဖူးပြီး အစားအသောက် အစီအစဉ်များ ရိုက်ကူးရန် အရှေ့မြောက်ဘက်သို့ သွားရောက်ခဲ့ကာ သူ စပ်စပ်စုစုလုပ်လာခဲ့သည်ပင်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
036: အိမ္အသစ္ေဆာက္လုပ္ၾကျခင္း
လမ္းေပၚတြင္ လူမ်ားစြာ႐ွိေနေတာ့ ခ်င္မ်န္သည္ လဲ့ယ္တာခ်န္၊ လဲ့ယ္႐ွန္းရန္၊ လဲ့ယ္႐ွန္းရီ ႏွင့္ လဲ့ယ္႐ွန္းလီတို႔ကိုပါ ဖိတ္ၾကားရန္ လဲ့ယ္ထ်ဲအား ေတာင္းဆိုခဲ့သည္။ဖိတ္ေခၚျခင္းသက္သက္သာျဖစ္ေပလင့္ကစား မဟုတ္ရင္ 'သားသမီးဝတၱရားမေက်ပြန္' ဟု ေခါင္းစဥ္တပ္ခံရမည္ ျဖစ္ၿပီး သူႏွင့္လဲ့ယ္ထ်ဲ ႐ြာမွာ နာမည္ဆိုးရလိမ့္မည္။လဲ့ယ္တာခ်န္တို႔အုပ္စု လာခ်င္သည္ျဖစ္ေစ မလာခ်င္သည္ျဖစ္ေစ ဒါ သူတို႔ရဲ႕ ျပႆနာပဲေလ။ယခုဆိုလွ်င္ သူတို႔မိသားစုႏွစ္စုရဲ႕ ဆက္ဆံေရးေတြကို အမ်ားေ႐ွ႕တြင္ ထိန္းသိမ္းထား႐ုံတင္ လုံေလာက္ၿပီျဖစ္သည္။
ထိုေန႔မေရာက္မီတြင္ လဲ့ယ္ထ်ဲ ေလးႏွင့္ ျခင္းေတာင္းကို ေက်ာေပၚတင္ကာ ေတာင္ေပၚသို႔ တက္ခဲ့သည္။သားေကာင္အခ်ိဳ႕ကို လိုက္ဖမ္းႏိုင္လွ်င္ အသားအတြက္ ေငြထပ္ကုန္ရန္ မလိုေတာ့ေပ။
လဲ့ယ္ထ်ဲ ျမက္ပင္ကို႐ိုက္ၿပီး ေႁမြကိုေျခာက္လွန္႔ရန္ သူ႕ေ႐ွ႕မွ တုတ္တစ္ေခ်ာင္းကို ေကာက္ကိုင္လိုက္သည္။သူ႕ျခင္းေတာင္းထဲတြင္ သစ္လြင္ၿပီးအနည္းငယ္ေသးငယ္ေသာ ေတာင္းတစ္ခုထပ္႐ွိေန၏။
ခ်င္မ်န္ကေတာ့ လက္ဗလာျဖင့္ ေနာက္မွ လိုက္လာခဲ့သည္။လဲ့ယ္ထ်ဲက ကြန္ဖူးပညာ႐ွင္တစ္ဦးျဖစ္ေသာေၾကာင့္ ေတာင္ေပၚ၌ မည္သည့္အႏၲရာယ္မွ မျဖစ္လာႏိုင္။ထို႔ေၾကာင့္ သူ ေတာင္ေပၚသို႔ အလည္အပတ္သေဘာျဖင့္ လိုက္တက္ရန္ စိတ္ကူးရခဲ့သည္။လြန္ခဲ့သည့္ႏွစ္ရက္က ေဆာင္းဦးတြင္ မိုး႐ြာခဲ့၏။စိုစြတ္ေနေသာ ေျမႀကီးထက္တြင္ ထီးငယ္ေလးမ်ားကဲ့သို႔ မိႈအကြက္မ်ား စုပုံေပါက္ေရာက္ေနသည္။ယင္းတို႔က ေျမစုအတြင္း၌ သက္႐ွိထင္႐ွား႐ွိေနၾကၿပီး လုံး၀ကိုပင္ ထိုးထိုးေထာင္ေထာင္ရပ္ေနလ်က္ ျမင္သူတိုင္း ေပ်ာ္႐ႊင္ေစသည္။
မိႈေလးမ်ားသည္ လတ္ဆတ္လွပလ်က္႐ွိေန၏။ခ်င္မ်န္ တူးဖို႔အတြက္ ေတာင္းထဲ႐ွိေပါက္တူးကို ထုတ္လိုက္သည္။လဲ့ယ္ထ်ဲႏွင့္ ဆက္သြယ္ေျပာဆိုလိုက္ျခင္းမ႐ွိေသာ္လည္း အႀကိမ္မ်ားစြာ ေတာင္ေပၚတက္ေလ့႐ွိတာေၾကာင့္ ႏွစ္ေယာက္သာယ တိတ္တဆိတ္ နားလည္မႈေတြ႐ွိၾကသည္။လဲ့ယ္ထ်ဲ ေလးကိုဆြဲကိုင္လိုက္ၿပီး သားေကာင္ဘက္ဆီသို႔ ခ်ိန္လိုက္သည္။အခ်ိန္တိုအတြင္း သူ 3 က်င္းထက္ အေလးခ်ိန္႐ွိေသာ ယုန္တစ္ေကာင္ကို ဖမ္းမိေလသည္။
လယ္သမားေတြက လယ္ယာေျမကအလုပ္ေတြ လုပ္ၿပီးတဲ့အခါ ဘာမွမလုပ္ဘဲ ေနၾကရ၏။ႏွစ္ေယာက္သား အလ်င္စလိုမျဖစ္ေသာေၾကာင့္ ခ်င္မ်န္သည္ ပတ္ဝန္းက်င္ကမိႈမ်ားကို တူးေဖာ္ၿပီးေနာက္ ေတာင္အတြင္းပိုင္းထဲသို႔ နက္နက္နဲနဲဝင္သြားၾကသည္။
ႏွင္းေတြက သိပ္သည္းေနတာပဲ။ႏွစ္ေယာက္သား ေဘာင္းဘီ႐ွည္တစ္ထည္ ထပ္ဝတ္ထားၾကေပမယ့္ ေဘာင္းဘီေျခေထာက္ေတြက စိုစြတ္ေနေသးၿပီး အသားေပၚမွာ ကပ္ေနတဲ့အခါ အနည္းငယ္ေအးေနသလို ခံစားရ၏။
လဲ့ယ္ထ်ဲ၏ေဘာင္းဘီ႐ွည္မ်ားသည္လည္း ဒူးေအာက္တြင္ စိုစြတ္ေနေသာ္လည္း သူ ဂ႐ုမထားေပ။
“ေတာင္ေပၚမွာ အေကာင္ႀကီးႀကီးေတြ႐ွိလား?အေကာင္ႀကီးတစ္ေကာင္ကိုသာလိုက္ဖမ္းႏိုင္ရင္ ေႏြးေထြးၿပီး ေရစိုခံဖို႔အတြက္ ဒူးအကာေတြ အမ်ားႀကီးကို လုပ္ႏိုင္ၿပီ"
"႐ွိတယ္။ဒီထက္ပိုၿပီး ဝင္သြားရမယ္။" လဲ့ယ္ထ်ဲ
ခ်င္မ်န္၏ဘယ္ဘက္ျခမ္းတြင္ ေႁမြညိဳတစ္ေကာင္ကို တစ္ခ်က္ထဲ ျမင္ကြင္းထဲဖမ္းမိလိုက္ကာ ျမက္ခင္းျပင္ကို တိတ္တဆိတ္ ငုံ႔ၾကည့္လိုက္သည္။မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ သူ႕လက္ထဲက တုတ္ျဖင့္ ထိုး၍လႊတ္ပစ္လိုက္ရာ ေႁမြက အေဝးကို လြင့္ပ်ံထြက္သြားသည္။
"ဘာျဖစ္လို႔လဲ?" ခ်င္မ်န္ သစ္႐ြက္ေႂကြလႊင့္သံကိုၾကားေသာအခါ နားမလည္ႏိုင္စြာ ေမာ့ၾကည့္လိုက္သည္။
“ဘာမွမဟုတ္ဘူး။”
သူ႕လက္ေနာက္ခုံမွာ ခပ္စူးစူးနာက်င္မႈကို ခံစားလိုက္ရသည္။ခ်င္မ်န္ ငုံ႔ၾကည့္လိုက္ေတာ့ အကိုင္းအခက္ေတြေၾကာင့္ ျခစ္မိသြားတာကို ေတြ႕ရ၏။အကိုင္းအခက္အေပၚသို႔ အနည္းငယ္ ကိုင္းၫြတ္ေနေသာ ဆူးပင္မ်ား ေပါက္ေနကာ အနီေရာင္ ဂ်ံဳလုံးအ႐ြယ္အသီးမ်ားက ခပ္ျမင့္ျမင့္ေပၚကသစ္ပင္ငယ္တစ္ပင္ေပၚတြင္ ႐ွိေနသည္။
"ဘာလို႔ ဂ႐ုမစိုက္ရတာလဲ?" လဲ့ယ္ထ်ဲ သူ႕လက္ေနာက္ခုံက ႐ွည္ပါးပါး ကုတ္ျခစ္ရာကို ျမင္လိုက္ရၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။
“ဒါက....”
ခ်င္မ်န္ သူ႕မ်က္လုံးမ်ားကိုပင္ မယုံႏိုင္။လြန္ခဲ့သည့္ ရက္အနည္းငယ္က ဤကမ႓ာေပၚတြင္ စီခြၽမ္င႐ုတ္ေကာင္းမ႐ွိဟု ျမည္တမ္းေနေသးသည္။ဒီေန႔ ေတာင္ေပၚမွာ ေတြ႕လိုက္ရၿပီ။သူ႕အရင္ဘဝက သူ႕အဖိုး၏ဟင္းသီးဟင္း႐ြက္ခင္းထဲတြင္ စီခြၽမ္င႐ုတ္ပင္သုံးမ်ိဳး႐ွိသည္။လဲ့ယ္ထ်ဲ ေျပာလိုက္၏။ "အစပ္သီးေတြ..."
ေနာက္ထပ္ နာမည္သစ္တစ္ခု ထပ္ရျပန္ၿပီ။ခ်င္မ်န္ ရယ္ရမလား ငိုရမလား မသိ။အသီးကို ေကာက္ယူၿပီး ပါးစပ္ထဲ ထည့္လိုက္သည္။ရင္းႏွီးတဲ့ နံနံပင္ႏွင့္အစပ္ အရသာပဲ။
လဲ့ယ္ထ်ဲ သူ႕လက္ကို ဆတ္ခနဲ ဆုပ္ကိုင္လိုက္၏။ "ဘာလို႔ ပါးစပ္ထဲ ထည့္လိုက္တာလဲ!"
ခ်င္မ်န္အား ၾကမ္းတမ္းေသာေလသံျဖင့္ သူေျပာသည္မွာ ဒါ ပထမဆုံးအႀကိမ္ပင္။ဒီလူလည္း ေဒါသ ထြက္တတ္တယ္ေပါ့။ရင္ထဲမွာ အနည္းငယ္ ေႏြးေထြးသြားသလို ခံစားလိုက္ရသည္။
“ဒါက စီခြၽမ္းင႐ုတ္ေကာင္းပင္။ဒီအသီးက ဟင္းခတ္အေမႊးအႀကိဳင္တစ္မ်ိဳးပဲ။ကြၽန္ေတာ့္မွာ ေငြ႐ွာဖို႔ အျခားနည္းလမ္းတစ္ခု ႐ွိတယ္။ဒီေနရာကို အမွတ္အသားလုပ္ၿပီး ျပန္လာတဲ့အခါ တူးရမယ္”
လဲ့ယ္ထ်ဲ စကားတစ္ခြန္းမွ မေျပာဘဲ သူ႕ျခင္းေတာင္းထဲက ေပါက္တူးတစ္ေခ်ာင္းကို မထုတ္လိုက္ခင္အထိ သူ႕ကို အခ်ိန္အၾကာႀကီး စိုက္ၾကည့္ေနေသးသည္။
ထို႔ေနာက္ တစ္ခ်က္ျပန္လွည့္မၾကည့္ဘဲ အနီးနား႐ွိသစ္ပင္တစ္ပင္ကို ခက္နက္နက္ေပါက္ကာ လွည့္ထြက္သြားသည္။မ်က္ႏွာထက္ ပိုႀကီးသည့္အေခါက္ေၾကာင့္ ပင္စည္တြင္ အဝါေရာင္သစ္ေစးအကြက္လိုက္ႀကီးကိုပင္ ျမင္ေနရသည္။
ခ်င္မ်န္မွာ ၎၏အေရျပားမွာ အခြံခြာထားခံရသလို ေတြးမိၿပီး ေက်ာကုန္းတစ္ေလွ်ာက္ ေအးစက္သြားကာ ထိုလူ၏ေနာက္ေက်ာကို သံသယျဖင့္ ၾကည့္လိုက္သည္။
ဒီေကာင္ စိတ္ဆိုးသြားတာေတာ့ မဟုတ္ဘူးမလား!!
သူ လဲ့ယ္ထ်ဲကို အမီလိုက္ရန္ လ်င္ျမန္စြာ ေလွ်ာက္လိုက္ၿပီး သူ႕မ်က္ႏွာကို ၾကည့္မိေတာ့ ေအးစက္စက္ျဖင့္ အမူအရာကင္းမဲ့လ်က္႐ွိေနသည္။
တကယ္ႀကီး စိတ္ဆိုးေနတာလား?ခ်င္မ်န္ အလြန္အံ့ၾသသြားသည္။တစ္စုံတစ္ခုကို ေယာင္ဝါးဝါး သိလိုက္သည္ႏွင့္ ေနာက္တစ္ႀကိမ္ အမီလိုက္သြားကာ လဲ့ယ္ထ်ဲပခုံးတစ္ဝိုက္တြင္ တြယ္ခ်ိတ္ရန္ လက္ကို ေျမႇာက္လိုက္ၿပီး သူ႕ႏွင့္ မ်က္လုံးခ်င္းစုံကာ ျပဳံးျပလိုက္သည္။အရပ္အေမာင္း ကြာျခားခ်က္ေၾကာင့္ အေနအထိုင္ အနည္းငယ္ အဆင္မေျပေသာ္လည္း လႊတ္မေပးေပ။
"ကြၽန္ေတာ္က အက်ိဳးအေၾကာင္းၾကည့္တတ္ပါတယ္။ကြၽန္ေတာ္ မသိတဲ့အရာေတြကို စားဖို႔ အလ်င္စလိုမလုပ္ပါဘူး။အခု စီခြၽမ္င႐ုတ္ေကာင္းကိုလည္း မစားေသးဘဲ လွ်ာနဲ႔ တို႔ၾကည့္႐ုံတင္ပါ။"
ထိုမွပင္ လဲ့ယ္ထ်ဲ၏အမူအရာ ေျပေလ်ာ့သြားသည္။
"ခင္ဗ်ားတို႔ဘက္ကလူေတြက အဲဒီအသီးကို အစပ္သီးလို႔ ေခၚၾကတာလား?ဟင္းခတ္အေမႊးအႀကိဳင္အျဖစ္ သုံးလို႔ရတယ္ဆိုတာ မသိၾကဘူးလား?”
“အရသာက စပ္တယ္။ေ႐ွးလူႀကီးေတြက အဆိပ္ျပင္းတယ္လို႔ ယုံၾကည္ၾကတာပဲ။”
“ဒါဆိုလည္း ဒီလိုေပါ့။”
ခ်င္မ်န္ သူ႕မ်က္ႏွာေပၚတြင္ အျပဳံးတစ္ခုျဖင့္ မ်က္လုံးလွန္လိုက္သည္။
ႏွစ္နာရီခန္႔တြင္ ဗိုက္ဆာလာသျဖင့္ ေတာင္ေပၚမွဆင္းခဲ့ၾကသည္။ ေန႔တစ္ဝက္အတြင္း ရလာသည္မွာ အလြန္မ်ား၏။ယုန္တစ္ေကာင္၊ ငွက္သုံးေကာင္၊ က်င္း ၄၀ ေက်ာ္ အေလးခ်ိန္႐ွိ ေမြးခ်င္းမ်ားဟု ယူဆရသည့္ သမင္ႏွစ္ေကာင္၊ မိႈႏွင့္သစ္အယ္သီးတစ္ျခင္းတို႔ပင္။သယ္စရာမ်ားလာေသာေၾကာင့္ ခ်င္မ်န္၏လက္ႏွစ္ဖက္စလုံးလည္း မအားေတာ့ေပ။စီခြၽမ္းင႐ုတ္ပင္ကို ေလာေလာဆယ္ မတူးႏိုင္ေသးေပမယ့္ အိမ္သစ္ေဆာက္ၿပီးရင္ေတာ့ စိုက္ပ်ိဳးရမည္။ထို႔ေၾကာင့္ ခ်င္မ်န္ စီခြၽမ္းသီးေတြကိုပဲ ခူးလာခဲ့သည္။
မ်က္ႏွာမွာ ေခြၽးေတြနဲ႔႐ႊဲလ်က္ အိမ္ျပန္ေရာက္လာၾကသည္။ယခုအခါ ခ်င္မ်န္လည္း က်န္းမာေရးေကာင္းမြန္ေနၿပီျဖစ္ေသာေၾကာင့္ သူအရမ္းႀကီးမပင္ပန္းေနေသာ္လည္း သူ႕လက္ေမာင္းေတြကေတာ့ အနည္းငယ္နာက်င္ေနသည္။ထမင္းခ်က္ဖို႔ မသြားခင္ ခဏထိုင္နားေနလိုက္၏။
သူ႕ဇနီးေလး အသားမပါရင္ မေပ်ာ္ဘူးဆိုတာ လဲ့ယ္ထ်ဲ အေစာကတည္းက သိခဲ့ၿပီးၿပီ။ေျပာမေနေတာ့ဘဲ ငွက္တစ္ေကာင္ကို ကိုင္ရန္ သယ္သြားခဲ့သည္။
ခ်င္မ်န္ ေက်နပ္စြာျဖင့္ သူ ေရကန္ဘက္သို႔သြားေနတာကို ၾကည့္ၿပီး ေန႔လည္စာအတြက္ သစ္အယ္သီးနဲ႔ ရစ္ဌက္စတူး ျမည္းစမ္းၾကည့္ဖို႔ ဆုံးျဖတ္လိုက္သည္။
.................
မ်က္စိတစ္မွိတ္အတြင္းမွာပဲ အိမ္သစ္ေဆာက္တဲ့ေန႔ေရာက္လာခဲ့ၿပီ။ေကာင္းကင္မွာ ေတာက္ပေနတဲ့ ေနမင္းႀကီးႏွင့္အတူ ရာသီဥတုကလည္းေကာင္းေန၏။
ခ်င္မ်န္က မရီးက်န္းႏွင့္ ဟင္းခ်က္ကြၽမ္းက်င္တဲ့ ေဒၚေလးဝမ္ကိုပါဖိတ္ထားခဲ့သည္။ေဒၚေလးဝမ္သည္ အသက္ေလးဆယ္ေက်ာ္႐ွိေနၿပီျဖစ္ၿပီး သူမရဲ႕ဟင္းခ်က္ကြၽမ္းက်င္မႈကျဖင့္ ႐ြာတြင္အေကာင္းဆုံးဟု ဆိုႏိုင္သည္။႐ြာကလူေတြက သူမကို ပြဲဘဘင္ေတြမွာ စီမံခိုင္းေလ့႐ွိ၏။မရီးက်န္းနဲ႔ ေဒၚေလးဝမ္က ေကာင္းမြန္တဲ့ ဆက္ဆံေရးတစ္ခု႐ွိၿပီး သူမ အလြယ္တကူ လက္ခံရန္ သူမက ခ်င္မ်န္ ကိုယ္စား ဖိတ္ၾကားခဲ့ျခင္းသာ။
မနက္ေစာေစာကတည္းက အိမ္တြင္ မနက္စာစားၿပီးတာနဲ႔ ႏွစ္ေယာက္သား ခ်င္မ်န္ရဲ႕အိမ္ကို အတူတူေရာက္လာၾကၿပီး ပန္းကန္ေတြတူေတြပါ ယူလာၾကသည္။ခ်င္မ်န္တြင္ ပန္းကန္ခြက္ အလုံအေလာက္မ႐ွိေသာေၾကာင့္ အျခားသူမ်ားထံမွ ဌားယူရေလသည္။
မေန႔ညကတည္းက ခ်င္မ်န္မွာ ပါဝင္ပစၥည္းမ်ားကို ျပင္ဆင္ခဲ့ၿပီးၿပီျဖစ္ကာ မရီးက်န္းနဲ႔ ေဒၚေလးဝမ္တို႔ကို ေန႔လယ္စာျပဳလုပ္ႏိုင္ရန္ အေသးစိတ္႐ွင္းျပေပးခဲ့သည္။
ခ်င္မ်န္က အသားႏွစ္မ်ိဳးႏွင့္ ဟင္းသီးဟင္း႐ြက္ဟင္းလ်ာ ႏွစ္မ်ိဳးကို ေကြၽးရန္ စီစဥ္ေနေၾကာင္း သူတို႔ၾကားသိရသည္။မီးဖိုေခ်ာင္ထဲမွာ ရစ္ငွက္ေတြနဲ႔ ယုန္ေတြကို ေတြ႕လိုက္ရေတာ့ ေန႔လည္က်ရင္ သူတို႔လည္း ဒီဟင္းလ်ာေတြကို ျမည္းစမ္းၾကည့္ႏိုင္ၿပီမို႔လို႔ စိတ္လႈပ္႐ွားသြားၾကသည္။အဓိကအစားအစာမွာ အသားနဲ႔အ႐ြက္ေပါက္စီေတြအျပင္ အာလူးႏွင့္ ယုန္သား ႏွပ္၊ ရစ္ဌက္နဲ႔မိႈႏွပ္၊ေဒစီ႐ြက္ေၾကာ္ နဲ႔ ခရမ္းသီးေၾကာ္တို႔ပင္။
Advertisement
- In Serial166 Chapters
Time.Travel()
John Thomson is a regular college student, the kind of average person you cross on the street every day. Or at least that’s what most people assume, because he’s far from what’s considered “normal”. After all, a normal person isn’t regularly dragged into life-threatening tribulations involving fantastic creatures, otherworldly beings and people with logic-defying superpowers. Not to mention that he seems to have a knack for sticking his nose into the nefarious plans of secret societies and ancient cults. But John’s life wasn’t always such a mess: Everything began when he accidentally invented a way to rewind time… Weekly Schedule: At least a ~3.5k words chapter every Wednesday and Sunday.
8 239 - In Serial36 Chapters
Life of a Grimoire
Being a book is not a great experience. Can I see? No, I don't have eyes. Can I touch anything? No, I don't have limbs. With any luck, someone will pick me up and read me, at least. Hopefully sooner than later...
8 200 - In Serial13 Chapters
We reincarnated as a two-headed dragon!
Kyle Lewis 25 years old, business man and Amelia Evans 18 years old, high school student otaku don’t know each other. They both died at the same time and reincarnated as a two-headed dragon. They now share the same body and must cooperate to survive in an unknown world. LITRPG story with levels, skills... Note: This is my first novel. Sorry for any mistakes. English is not my native language.
8 379 - In Serial11 Chapters
Hero:Generation
UPDATES WEEKLY The world of Hero: Generation diverges from our own in the 1970s on a night known as “The Aurora Event”. Beautiful and luminescent weather phenomena covered the planet, for ten short minutes every corner of the Earth was underneath a cascade of lights in the sky. It was days later before reports began to filter in, more than could be suppressed by Governments and Nations. The Alphas had arrived. A small percent of the global population began to exhibit otherworldly and super natural abilities, changing the course of humanity. The Vietnam Occupation ended over night, as each ruling nation took action to respond. In the coming years Alphas would begin to change the globe. Russia eventually became an Alpha nation ruled by a mysterious figure only known as Father Winter. America, Europe, and Australia become even larger superpowers as their Alpha populations exploded, in time a United Nations force known as The Guardians was established to police and document the Alpha emergence. The worlds foremost expert in Alpha studies, Dr. Pavel Laghari invented a system known as the Laghari Scale, that scored Alphas on a scale of 1 to 10 across a wide array of parameters ranging from relative physical abilities to other parameters. Now, in most civilized countries Alphas are required to be assessed the moment their powers manifest, or be in strict violation of local and international laws. In this Age of Heroes , The Guardians have designed a new Initiative to recruit younger Alphas and set them on a path to greatness. Every year teenage Alpha’s from all over the globe flock to secure locations to take part in the Guardians crucible. Many will enter, but few will earn the right to call themselves a Guardian.
8 218 - In Serial22 Chapters
Behemoth hunters
In this world exists giant monsters called behemoths. Specialized hunters team use tactics and ingenuity to oppose the constant threat and bring those terrible creatures down at great risks for their own lives. This story follows one such group of hunters in day by day lives. Despite the name, it is a semi-realistic world, do no expect epic fights, victory is all about preparation.
8 164 - In Serial14 Chapters
Pokemon: Ultimate Generations!
Gan was playing his new pokemon Sword Version until an earthquake suddenly shook the area he lived in. Once it stopped, he went to check on his parents, who were alright. Afterward, he went to bed and woke up in the middle of the night to get some water when he saw a strange light coming from his basement. Gan was naturally curious, so he went to check it out. Disclaimer: Based on the Anime and Games, with a twist.
8 190

