《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[34]
Advertisement
[Unicode]
034: ချွေးမ PK ယောက္ခမ
“အရမ်း အစွမ်းထက်တာပဲ!” ချင်မျန် လဲ့ယ်ထျဲဆီသို့ လျင်မြန်စွာ လျှောက်သွားပြီး သူ့လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။ “နောင်အခါကျရင် ကျွန်တော်လည်း ကြိုးကြိုးစားစား သင်ယူပါ့မယ်။ခင်ဗျား ကျွန်တော့်ကို သင်ပေးတာမှန်သမျှ စိတ်ထဲ နှလုံးသားထဲကနေ မှတ်ထားမယ်"
လဲ့ယ်ထျဲ စိတ်လှုပ်ရှားနေသည်ကို မပေါ်ရအောင် ထိန်းရင်း သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့် သူ့လက်တွေကို ကြည့်နေ၏။ပိန်ပိန်သေးသေးလေး ဖြစ်နေတုန်းပဲ။ "မင်းရဲ့စွမ်းဆောင်မှုအပေါ် မူတည်တယ်။"
ချင်မျန် ပြောလိုက်သည်။ “ကိစ္စမရှိပါဘူး!ကျွန်တော် သက်သေပြပါ့မယ်...ခင်ဗျား ကျွန်တော့်ကို တကယ်ကြိုက်.....ကျွန်တော်ချက်ပေးတာတွေကို ကြိုက်တယ်မဟုတ်လား?အရင်အိမ်ဟောင်းမှာ စားရတာထက် အခု အများကြီးပိုစားနိုင်တယ်။နောက်မှ ပိုအရသာရှိတဲ့ အစားအစာတွေ ထပ်လုပ်ပေးမယ်။ဟုတ်ပြီလား?"
သူဇနီးလေး အထင်လွဲသွားပုံကြောင့် လဲ့ယ်ထျဲ အံ့သြသင့်သွားသည်။ “မင်းရဲ့ စွမ်းဆောင်မှုအပေါ် မူတည်တယ်” ဟူသော စကားသည် သူ့ဇနီးလေးရဲ့ ကိုယ်ခံပညာကို လေ့ကျင့်ရန် အရည်အချင်းကို ရည်ညွှန်းခြင်းသာ။သို့သော် ပြန်ရှင်းပြရန် မလုပ်တော့ဘဲ နှုတ်ခမ်းထောင့်စွန်းမှ အပြုံးတစ်ခု လွင့်ပျံသွားသည်။
“အင်း...တောင်ပေါ်မှာမြူနှင်းတွေ ထူထပ်လာပြီ ပြန်သွားရအောင်”
သူတို့ရဲ့ဖိနပ်နှင့် ဘောင်းဘီအောက်ခြေများသည် မြက်ပင်များမှ နှင်းမှုန်များကြောင့် စိုစွတ်သွားတော့သည်။
လက်ချင်းချိတ်ပြီး တောင်ပေါ်ကို ဆင်းခဲ့ကြ၏။ချင်မျန်ကတော့ဖြင့် တောထဲရှိ ရှုခင်းများကို အမြဲလိုလို ကြည့်ရှုနေသောကြောင့် ယင်းကို သတိမထားမိပေ။
အိမ်ပြန်ရောက်တော့ ချင်မျန် ချက်ချင်းပဲ အိမ်တဝိုက်ကို ပြေးတော့သည်။
လဲ့ယ်ထျဲ တခဏမျှ တုံ့ဆိုင်းသွားပြီး လယ်မြေဘက်သို့ အလျင်စလို မသွားဖြစ်တော့ပေ။သူ့ရဲ့ပစ္စည်းကိရိယာပုံးကိုထုတ်ကာ တံခါးဝတွင်ထိုင်လျက် သစ်သားတွန်းလှည်း၏နောက်ဆုံးအဆင့်ကို ပြီးမြောက်ရန် အချိန်ယူနေလိုက်သည်။ဇနီးလေး သူ့ရှေ့ကနေ တဟုန်ထိုး ဖြတ်ပြေးသွားတိုင်း သူ မော့ကြည့်လိုက်သည်။
ချင်မျန် ငါးကြိမ်တိုင်တိုင် ပြေးပြီးနောက် ချွေးထွက်ပြီး မောဟိုက်လာသည်။သူ့ရဲ့ အပြေးကန့်သတ်ချက်ထက်ကျော်လွန်နှုန်းမှာ မတရားတိုတောင်းပြီး ဆိုးရွားကြောင်း သူ အပြည့်အဝသိရှိခဲ့ရပြီ။ထို့နောက် မျက်နှာသစ်ပြီး မနက်စာပြင်ဖို့သာ လုပ်တော့သည်။
သစ်သားတွန်းလှည်းက မကြာခင်မှာပင် ပြီးသွား၏။လဲ့ယ်ထျဲက ကုန်ပစ္စည်းများဆွဲရန် သာမာန်လှည်းအပြားတစ်ချပ်သာ ပြုလုပ်ခဲ့သည်။ချင်မျန်၏အကြံပြုချက်ကြောင့် အကန့်များ ထပ်ထည့်လိုက်၏။အကန့်များကား ဖြုတ်တပ်နိုင်သည့် အမျိုးအစားပင်။လှည်းတွင် ထင်းနှင့် အခြားပစ္စည်းများ တင်ဆောင်လိုပါက သယ်ဆောင်ရ လွယ်ကူရန်အတွက် ယင်းအကန့်များကို ဖယ်ရှားနိုင်မည်။လူတွေကို သယ်ဆောင်ဖို့ဆိုလျှင် လေနဲ့မိုးဒဏ်အတွက် အမိုးအကာလုပ်ဖို့ အကွက်တွေကို ပြန်လည်တပ်ဆင်ထားနိုင်မည်။
လဲ့ယ်ထျဲ လယ်မြေနှစ်ဧကကို သူ့ဘာသာသူ စိုက်ပျိုးရန် စုစုပေါင်း နှစ်ရက်ကြာမြင့်ခဲ့သည်။အသီးအရွက်ခင်းက တစ်ဝက်နှင့် ဂျုံတစ်ဝက် စိုက်ပျိုးထား၏။လယ်မြေ နှင့် မြေရိုင်းအကွက်များကို အခြေခံအားဖြင့် အားလုံးက အတူတူအသုံးပြုခဲ့ကြသောကြောင့် လယ်တစ်မူကို အသေအချာ စီခွဲပြီးနောက် ဂျုံ စိုက်ပျိုးခဲ့ရသည်။
လယ်အလုပ်ပြီးသွားသောအခါ လဲ့ယ်ထျဲ ကျန်းတရွှေဆီသို့ အိမ်ဆောက်ပစ္စည်းဝယ်ရန်အတွက် စုံစမ်းမေးမြန်းပြီးနောက် ဝယ်ယူရန် မြို့သို့သွားခဲ့သည်။ဆောက်လုပ်ရေးလုပ်ငန်းစတင်ဖို့ရာ ရွာကလူတွေ အလုပ်များတဲ့ လယ်လုပ်ချိန်ကို ပြီးအောင်စောင့်ဖို့ပဲ ကျန်တော့သည်။
မကြာခင်မှာပဲ လဲ့ယ်ထျဲ အိမ်အသစ်ဆောက်တော့မယ်ဆိုတာ ရွာကလူတိုင်းသိသွားကြတော့သည်။တောင်စိမ်းရွာက အသေးအဖွဲကိစ္စများကိုပင် ကျယ်ပြောလှိုက်လှဲစွာ ပျံ့နှံ့သွားစေနိုင်သည့်အထိ သေးငယ်သည်လည်းမဟုတ် ကျယ်ပြောသည်လည်းမဟုတ်ပေ။ချီးမွမ်းကြသလို၊ မနာလိုသူများလည်း ရှိပြီး ချဉ်စူးစူးစကားလုံးများလည်း ထွက်လာသည်။
အိမ်ဟောင်းကလူတွေလည်း ဒီသတင်းကို ကြားမှာသေချာတာပေါ့!
ချင်မျန်ကလည်း သူတို့ အပြစ်မရှာလာစေရန် အမြဲသတိထားနေခဲ့သည်။အသီးအရွက်တွေခူးယူဖို့အတွက် ဟင်းသီးဟင်းရွက်ခင်းကို သွားရင်တောင် သူက လဲ့ယ်ထျဲကို လွှတ်ရင်လွှတ်၊ မလွှတ်ရင် အချိန်ကို
ကြည့်သွားလေသည်။
ဒါတောင် ရှောင်လို့မရသေးပါဘူး။
ထိုနေ့ ချင်မျန် မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေချိန် အဝေးတစ်နေရာမှ စူးရှသည့်အမျိုးသမီးအသံကို ကြားလိုက်ရပြီး သူ့ပါးစပ်ထောင့်မှာ အလိုအလျောက် မြင့်တက်လာသည်။
“လောင်တာ့က နွားကိုအစာကျွေးနေရတယ်..ဟွန့်!”
တုရှီ၊ ကျိုးရှီ နှင့် ချင်းရှီတို့သည် အဖွဲ့လိုက် ရောက်လာခဲ့ကြသည်။ကျိုးရှီက ဝမ်းသာအားရ ပြုံးပြနှုတ်ဆက်ပြီး ချင်းရှီသည်လည်း ပြုံးပြနှုတ်ဆက်လိုက်သည်။
တုရှီကတော့ ကျောက်တုံးမျက်နှာထားပင်။သူမ၏မျက်ခုံးများက သေးသွယ်ပြီး ပါးရိုးများက ဖောင်းကာ သူမ၏ပါးစပ်သည်လည်း ပါးလွှာလျက် အံကြိတ်လိုက်ချိန်တွင် ပါးစပ်ထောင့်များသည် သိသိသာသာ တုန်ယင်နေပုံပေါ်ကာ ရန်လိုနေပုံ ပေါ်နေ၏။
လဲ့ယ်ထျဲရဲ့ကောက်ရိုးကိုဖွပြီး ကျွေးနေသည့် လုပ်ရပ်ကတော့ အနည်းငယ်မျှ မပြောင်းလဲပေ။သူ နောက်ပြန်ကြည့်ကာ ခပ်တိုးတိုးမေးလိုက်သည်။ "ကိစ္စ တစ်ခုခုရှိလို့လား?"
ချင်းရှီကတော့ အနှီခဲအိုကို အနည်းငယ်ကြောက်သည်။သူမ အေးစက်သောမျက်လုံးများနှင့် ဆုံတွေ့လိုက်ရတော့ မည်သည့်ခံစားချက်ကိုမျှ သိရှိနိုင်ခြင်းမရှိတော့ဘဲ ရှက်ရွံ့သလို ခံစားလိုက်ရကာ တုရှီ နှင့် ကျိုးရှီတို့နောက်သို့ အသာအယာ ပြန်ဆုတ်သွားခဲ့သည်။ဤလုပ်ရပ်က အကောင်းဆုံးအနေအထားပင်။အကယ်၍ တုရှီ နှင့် ကျိုးရှီတို့ရှုံးနိမ့်ခဲ့ပါက သူတို့သာ အများဆုံးထိခိုက်မှု ဖြစ်ပြီး သူမသာ နစ်နာမှုအနည်းဆုံး ရပေလိမ့်မည်။မည်သို့ပင်ဆိုစေကာမူ သူမ၏မျက်လုံးတစ်စုံသည် လှည့်ပတ်ကြည့်ကာ တံစက်မြိတ်အောက်ရှိ အခန်းကို မြင်လိုက်ရသောအခါတွင် သူမ၏မျက်လုံးများက တောက်ပလာခဲ့သည်။
"အစ်ကို ဘာကိုပြောတာလဲ?အစ်ကိုက ကျွန်မတို့ရဲ့ အစ်ကိုအကြီးဆုံးပဲလေ။ဘာကိစ္စမှ မရှိရင် လာလို့မရဘူးလား?အမေနဲ့ ကျွန်မတို့က ဒီနေ့ အစ်ကို့ကို တွေ့ဖို့လာခဲ့တာ။အစ်ကို့စကားက လွန်လွန်းပါတယ်" ကျိုးရှီက သူတို့မိသားစုကြားဆက်ဆံရေးက အရမ်းကောင်းနေသယောင် ရင်းနှီးတဲ့လေသံနဲ့ ပြစ်တင်ပြောဆိုလိုက်သည်။
Advertisement
ဒါပေမယ့် သူမ ပြောလိုက်သူက လဲ့ယ်ထျဲဖြစ်နေတာကိုက သနားစရာပင်။ဒီလိုပုံစံမျိုးတွေက သူ့အတွက် အသုံးမဝင်ပေ။
လဲ့ယ်ထျဲက သူမစကားတွေကို မကြားသလိုမျိုး အသံတစ်စက် မထွက်လာ။
တုရှီသည် လဲ့ယ်ထျဲနှင့် အကြိမ်များစွာ “ရန်ဖြစ်” ခဲ့ဖူးသည်။သူ့ကို ကိုင်တွယ်ရတာ မလွယ်ဘူးဆိုတာ သိလိုက်ရတော့ သူနဲ့ မလိုအပ်ဘဲ ငြင်းခုန်မနေတော့ပေ။အပြင်လူလည်း မရှိတာမို့ လဲ့ယ်ထျဲကို သဘောမကျတဲ့ အကြောင်း ဖုံးကွယ်မထားတော့ဘူး။သူမ အေးစက်စွာပြောခဲ့သည်– “အခု မင်းလည်း အရွယ်ရောက်ကြီးပြင်းလာပြီး အိမ်လည်း ခွဲနေပြီးပြီ။ဒါပေမယ့် ငါနဲ့ မင်းအဖေကို အလေးအနက်မထားဘူး။ငါက ထပ်ပြီး လာတောင်းဖို့ ဘယ်လိုလုပ်ပြီး သတ္တိရှိနိုင်ပါ့မလဲ?မင်းမှာ နွားဝယ်ပြီး အိမ်ဆောက်ဖို့ကိုတတ်နိုင်သေးတယ်မလား?အခု ငါ့ကို ဝမ် 100 ပေးလိုက်။"
မကျေနပ်သည့်ပုံစံကို တိတ်တဆိတ်ပေးရင်း ချင်းရှီ သည် သူမ၏ပြေပြစ်သည့်မျက်ခုံးများ တွန့်ချိုးသွားသည်။
အဘွားကြီးက ဒီနေ့ အမှားလုပ်လိုက်တာပဲ!ဘယ်လိုပဲကြည့်ကြည့် ချင်မျန်က လဲ့ယ်ထျဲထက် ဆက်ဆံရတာ ပိုလွယ်တာကို။အဘွားကြီးက ဘာလို့များ လဲ့ယ်ထျဲကို တိုက်ရိုက်သွားတိုက်ခိုက်ရတာလဲ?
သူမမှာ ထိုကဲ့သို့ တွေးတောရင်း ခေါင်းမထောင်နိုင် ဖြစ်နေရသည်။
ကျိုးရှီ လျှာတောက်သံထွက်လိုက်ပြီး "လောင်တာ့ ဒါ အစ်ကို့အပြစ်ပဲ။အစ်ကို့မှာ ပိုက်ဆံရှိတာနဲ့ စတော့တာကိုး။နွားတွေ ပစ္စည်းတွေဝယ်ပြီး ရွာကလူတွေ အားလုံး သတိထားမိကြတော့တာပေါ့။ကဲ..လောင်တာ့က ပိုက်ဆံဆိုရင် ရက်ရောတယ်ဆိုတာ ဘယ်သူက မသိဘဲနေတော့မလဲ။အစ်ကိုသာ အဲဒီငွေတွေ မပေးသေးဘူးဆိုတာ သူတို့သိရင် နောက်ကွယ်မှာ
အစ်ကို့အကြောင်း မကောင်းပြောလိမ့်မယ်။ဒါပေမယ့်လည်း ဘာကြောင့်ဖြစ်ရတာလဲ?လောင်တာ့ ဒါ သင့်တော်မယ်ထင်လား?"
လဲ့ယ်ထျဲ လှည့်ကာ အိမ်ထဲသို့ ဝင်သွားသည်။
ချင်မျန် မီးဖိုချောင်ရှိ ပြတင်းပေါက်အက်ကွဲကြောင်းကနေ ချောင်းကြည့်နေသည်။ဒါကိုမြင်တော့ သူတို့ ပိုက်ဆံလာတောင်းတာ သေချာသွားပြီ။သူ ပြုံးနေရင်း မျက်လုံးလှန်လိုက်ပြီး အပြင်မထွက်မီ ယောင်းမကို ချခဲ့လိုက်သည်။
လဲ့ယ်ထျဲ သူ့ကိုမြင်လိုက်ရပြီး စကားပြောရန် ပါးစပ်ကိုဖွင့်လိုက်သည်။
ချင်မျန် သူ့ကို အရိပ်အမြွက်ပြပြီး သူ့ရှေ့မှာရပ်လိုက်၏။လဲ့ယ်ထျဲကို စကားမပြောစေချင်မှန်း သူ့ရည်ရွယ်ချက်က ထင်ရှားနေသည်။
"အမေ၊လောင်အာ့ဇနီး၊လောင်စန်းဇနီး၊ အားလုံး ဘာလို့ ဒီကို ရောက်လာရတာလဲ?ခွင့်လွှတ်ပါဗျာ...ဆီကြော်သံက ပဲ့တင်ထပ်နေတော့ မကြားလိုက်ဘူး။ကျေးဇူးပြုပြီး ထိုင်ကြပါ။"
ချင်မျန်မှာ တခြားအစီအစဉ်တွေရှိနေတာကိုမြင်တော့ လဲ့ယ်ထျဲ သူ့ဆန္ဒအတိုင်း တိတ်တိတ်နေပြီး စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေလိုက်သည်။
တုရှီက ချင်မျန်ကို အေးစက်စက်ကြည့်ကာ စားပွဲမှာ ဝင်ထိုင်လိုက်သည်။
ကျိုးရှီနှင့် တုရှီက စိတ်လေသွား၏။ခန်းမထဲသို့ ဝင်လိုက်သောအခါ တစ်ဝက်ပိတ်တံခါးမှ တစ်ဆင့် အိပ်ခန်းထဲသို့ တစ်ချက်ခိုးကြည့်လိုက်သည်။အခန်းတွင်းရှိ ပရိဘောဂများက ယခင်အတိုင်း ရှိနေဆဲဖြစ်ပြီး သူတို့ကို အနည်းငယ် စိတ်ပျက်သွားစေသည်။
တုရှီက ချင်မျန်ကို မကြည့်ပေ။ "လစဉ် ဝမ် ၁၀၀ ပေးရမှာကို ငါတို့ သဘောတူပြီးပြီ၊လောင်တာ့က အဲဒါကို မမေ့သင့်ဘူးမလား။မင်း ကတိပေးထားပြီးသားမို့ ပိုပြီးသတိထားသင့်တယ်။သူများတွေ ပြောစရာဖြစ်အောင် မလုပ်သင့်ဘူး။မသိတဲ့လူတွေက မင်းအမေ ငါက မင်းဆီကနေ မိုက်ကြေးခွဲတောင်းနေတယ် ထင်နေမယ်"
လဲ့ယ်ထျဲ ပြောလိုက်သည်။ “ကျွန်တော့်ဇနီးက ပိုက်ဆံကို စီမံခန့်ခွဲတယ်။”
ရုတ်တရက် အံ့သြထိတ်လန့်မှုအပြည့်နဲ့ မျက်လုံးသုံးစုံက ချင်မျန်ထံကို ကြည့်လိုက်ကြသည်။
ချင်းရှီက တုန်လှုပ်ခြောက်ခြားစွာဖြင့် “အဲဒါ ဘယ်လိုဖြစ်သွားရတာလဲ?လောင်တာ့.....အကြီးဆုံးမရီးက ငယ်သေးတဲ့အပြင် သူ့ကို စောင့်ရှောက်ဖို့ မိဘအိမ်ကလည်းမရှိ၊ ပိုက်ဆံကို စီမံခန့်ခွဲခိုင်းရတာ မသင့်တော်ဘူး မဟုတ်ဘူးမလား?"
ကြားပြီးချင်းပင် ချင်မျန်၏မျက်နှာသည် မည်းမှောင်သွားသည်။တခြားတစ်နေရာကနေ လာတာမို့ သူ ပိုက်ဆံတွေယူပြီး တစ်ခြားကို ထွက်ပြေးသွားလိမ့်မယ် ဆိုတဲ့ သူမ ပြောတဲ့အဓိပ္ပါယ်ကို ဘယ်သူက နားမလည်ရမှာလဲ?
ကျိုးရှီက အမုန်းတရား အပြည့်နဲ့ပြောလိုက်သည်။ “လောင်စန်းဇနီးပြောတာမှန်တယ်။လောင်တာ့....အစ်ကို့ဇနီးကို သတိထားကြည့်ဖို့လိုသေးတယ်။လူရော ပိုက်ဆံရော မဆုံးရှုံးပါစေနဲ့။အိုး..... ငါ့ပါးစပ်ကိုကြည့်ပါဦး။ကျွန်မဆိုလိုတာက တစ်ခုခုမှားသွားရင် အသဲကွဲသွားရမှာ လောင်တာ့ပဲဟုတ်တယ်မလား။အကြီးဆုံးမရီး...မကောင်းပြောတယ်လို့ မထင်ပါနဲ့နော်။ကျွန်မက ရူးကြောင်ကြောင်နဲ့ ပြောလိုက်မိတာပါရှင်”
ချင်မျန် ဒေါသမထွက်ပြဘဲ အနည်းငယ် ပြုံးကာ လက်ဖက်ရည်ခွက်ကို ငုံ့ကာ သောက်လိုက်၏။
“လောင်အာ့ဇနီးနဲ့ လောင်စန်းဇနီး....ကျွန်တော်တို့က မိသားစုနဲ့ ခွဲခွာပြီးပြီလေ။ဒီလိုမျိူး ခဲအိုရဲ့ မိသားစုအကြောင်း ဝင်ပါတာက မသင့်တော်ဘူးမဟုတ်လား။ဒီလိုနဲ့ သတင်းထွက်လာခဲ့ရင် မင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်လိမ့်မယ်”
မင်းရဲ့မိသားစုလို ပြုမှုနေသေးတယ်!!!
လဲ့ယ်ထျဲ ချင်မျန်ကို စကားပြောပိုင်ခွင့် ပေးထားပြီး လျစ်လျူရှုကာ တိတ်ဆိတ်နေခဲ့သည်။
ကျိုးရှီနှင့် ချင်းရှီတို့သည် ပို၍ပင် တုန်လှုပ်သွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။သူတို့ ဒီအကြောင်းဆက်ပြောရင် မကောင်းသလို စကားလုံးတွေ ထွက်လာရင်လည်း ကြားရတာ သာယာစေမှာ မဟုတ်ဘူး။ဒါပေမယ့် ပြောမယ်သူက တုရှီသာဆိုရင် အတားအဆီးမရှိ ဖြစ်သွားလိမ့်မယ်။နှစ်ယောက်စလုံး တုရှီကို ကြည့်လိုက်ကြသည်။
တုရှီက အရူးမဟုတ်ပေ။
အိမ်ခွဲနေရန်မစခင်ကတည်းက လဲ့ယ်ထျဲထံမှ ပိုက်ဆံတစ်ပြားမှ မရခဲ့သဖြင့် ယခုတော့ သူမ သည်းမခံနိုင်တော့ပေ။သူမ ကျိုးရှီနဲ့ချင်းရှီကို စိုက်ကြည့်ပြီးနောက် ချင်မျန်ကိုပြန်ကြည့်ကာ စိတ်မရှည်စွာဖြင့် “ကောင်းပြီ...ပိုက်ဆံမြန်မြန်ပေး။ငါ နင်နဲ့ ဆွေးနွေးဖို့ စိတ်ကူးမရှိဘူး"
"အမေ၊ အလျင်မလိုပါနဲ့။" ချင်မျန် မီးဖိုချောင်သို့သွားကာ မွှေးကြိုင်သော မြေပဲကြော်များကို ချကျွေးလိုက်သည်။သူ စိတ်အားထက်သန်စွာ ပြောလိုက်၏။ “ဒါက အခုလေးတင်မှ ဒယ်အိုးထဲကနေ ထည့်လာတာ။အရမ်းမွှေးတယ်။မြည်းကြည့်ပါဦး။"
Advertisement
လဲ့ယ်ထျဲ ချင်မျန်ကို ကြည့်လိုက်သည်။သူ့ဇနီးလေးက အိမ်ဟောင်းနှင့် ရင်းနှီးသည့် ဆက်ဆံရေးကို ထူထောင်လိုသည်ဟု သူ မထင်ခဲ့မိသော်ငြား သူ ဘာစကားတစ်ခွန်းမှ ဝင်မပြောသေးပေ။
“မြေပဲက ကောင်းကောင်းကြော်ထားတာပဲ။မွှေးတယ်၊ လုံးဝမတူးဘူး။ အကြီးဆုံးမရီးက အရမ်းကျွမ်းကျင်တာပဲ!” ကျိုးရှီ ချင်မျန်ကို ပြုံးပြပြီး မြေပဲလက်တစ်ဆုပ်စာ ယူလိုက်သည်။ချက်ချင်းပဲ မြေပဲတစ်ပန်းကန်က လေးပုံတစ်ပုံ လျော့သွားသည်။
ချင်းရှီသည်လည်း နောက်တွင် ကွယ်နေရန် မလိုလားတော့ဘဲ ချက်ချင်း လက်ထုတ်ကာ နှိုက်ယူလိုက်သည်။ စားစရာတစ်ခုခုရှိတော့ စကားမပြောချင်တော့ဘဲ မြေပဲတွေကို ပါးစပ်ထဲကိုသာ မြန်မြန်ထည့်လိုက်ကြတော့သည်။
ချင်မျန်မှာ သူတို့အတွက် အရှက်တကွဲ နီရဲသွားရသည်။တုရှီ မျက်နှာမကောင်းတာကိုမြင်တော့ သူ ပန်းကန်ပြားကို တုရှီရှေ့တွင် အလျင်အမြန်ပို့ပေးလိုက်ပြီး ပြုံးပြုံးလေး ပြောလိုက်သည်။ “အမေ၊ လောင်အာ့ဇနီးနဲ့ လောင်စန်းဇနီးတို့ ဒီနေ့ မလာရင်တောင် ကျွန်တော် လာလည်မလို့ပါပဲ။"
သူ ပိုက်ဆံပေးတော့မယ်လို့ တွေးမိလိုက်တော့ တုရှီရဲ့မျက်နှာက အနည်းငယ် ပြေလျော့သွားသည်။
ကျိုးရှီနှင့် ချင်းရှီလည်း အလားတူ တွေးခဲ့သည်။
ဒါပေမယ့် ချင်မျန် ပြောလိုက်သည်မှာ...။ “အင်း...အမှန်အတိုင်းပြောရရင် အိမ်စခွဲနေတုန်းက ထျဲကောလက်ထဲမှာ ပိုက်ဆံနည်းနည်းပဲရှိတယ်။ခင်ပွန်းသည်လက်ထဲမှာ ပိုက်ဆံရှိဖို့လည်း မသင့်တော်ပါဘူးလေ။လောင်အာ့ဇနီး နဲ့ လောင်စန်းဇနီးရော အဲ့လို့ထင်တယ်မလား?အထူးသဖြင့် ချစ်ရတဲ့ကလေး,ဒုတိယညီငယ်လိုမျိုးပေါ့။လွန်ခဲ့တဲ့ နှစ်ရက်ကပဲ တာပေါင်းအတွက် အရသာရှိတဲ့ သက်သတ်လွတ်မုန့်ဝယ်လာတာ တွေ့ခဲ့သေးတယ်..”
အရသာရှိတဲ့ သက်သတ်လွတ်မုန့်လား? ဒီအကြောင်းကို သူမ ဘာကြောင့် မသိခဲ့တာလဲ?တုရှီ ကျိုးရှီကို အကြည့်စူးစူးကြည့်ပေးသည်။သူမကား မိန်းမအိုကြီးဖြစ်လျှင်ပင် အရသာရှိတဲ့ သက်သတ်လွတ်မုန့်က အရသာရှိပြီး ဈေးလည်းကြီးသည်ဟု ရွာသူရွာသားများက မကြာခဏ ပြောသံကိုကြားရလေ့ရှိသည်။ဒုတိယကလေးက ပိုက်ဆံဘယ်ကရတာလဲ?သူ သီးသန့်သိမ်းဆည်းထားတာပဲ ဖြစ်ရမယ်။
ကျိုးရှီ ရှင်းပြရန် လုပ်သော်လည်း ချင်မျန်ကဖြင့် သူမကို အခွင့်အရေးလုံးဝမပေးပေ။သူ သတိမထားမိသလိုဖြင့် သွက်လက်ချက်ချာစွာ စကားစလိုက်သည်။
"ဒါပေမယ့် ထျဲကောကတော့ ပိုက်ဆံမထိန်းသိမ်းထားဘူး။ကျွန်တော်တို့ ဒီမှာနေလာတာ မကြာသေးဘူး နွားဝယ်တယ်၊မြေဝယ်တယ်၊အိမ်ဆောက်တယ်၊ ဒီအရာတွေကို အလျင်စလိုလုပ်ဖို့ မလိုပါဘူးလို့ ပြောခဲ့ပေမယ့် သူနားမထောင်ဘူးလေ.....”
လဲ့ယ်ထျဲရဲ့နှုတ်ခမ်းထောင့်စွန်းမှာ အနည်းငယ် မြင့်တက်သွား၏။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
034: ေခြၽးမ PK ေယာကၡမ
“အရမ္း အစြမ္းထက္တာပဲ!” ခ်င္မ်န္ လဲ့ယ္ထ်ဲဆီသို႔ လ်င္ျမန္စြာ ေလွ်ာက္သြားၿပီး သူ႕လက္ကို စိတ္လႈပ္႐ွားစြာ ဆုပ္ကိုင္လိုက္သည္။ “ေနာင္အခါက်ရင္ ကြၽန္ေတာ္လည္း ႀကိဳးႀကိဳးစားစား သင္ယူပါ့မယ္။ခင္ဗ်ား ကြၽန္ေတာ္႕ကို သင္ေပးတာမွန္သမွ် စိတ္ထဲ ႏွလုံးသားထဲကေန မွတ္ထားမယ္"
လဲ့ယ္ထ်ဲ စိတ္လႈပ္႐ွားေနသည္ကို မေပၚရေအာင္ ထိန္းရင္း သူ႕လက္ကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားသည့္ သူ႕လက္ေတြကို ၾကည့္ေန၏။ပိန္ပိန္ေသးေသးေလး ျဖစ္ေနတုန္းပဲ။ "မင္းရဲ႕စြမ္းေဆာင္မႈအေပၚ မူတည္တယ္။"
ခ်င္မ်န္ ေျပာလိုက္သည္။ “ကိစၥမ႐ွိပါဘူး!ကြၽန္ေတာ္ သက္ေသျပပါ့မယ္...ခင္ဗ်ား ကြၽန္ေတာ္႕ကို တကယ္ႀကိဳက္.....ကြၽန္ေတာ္ခ်က္ေပးတာေတြကို ႀကိဳက္တယ္မဟုတ္လား?အရင္အိမ္ေဟာင္းမွာ စားရတာထက္ အခု အမ်ားႀကီးပိုစားႏိုင္တယ္။ေနာက္မွ ပိုအရသာ႐ွိတဲ့ အစားအစာေတြ ထပ္လုပ္ေပးမယ္။ဟုတ္ၿပီလား?"
သူဇနီးေလး အထင္လြဲသြားပုံေၾကာင့္ လဲ့ယ္ထ်ဲ အံ့ၾသသင့္သြားသည္။ “မင္းရဲ႕ စြမ္းေဆာင္မႈအေပၚ မူတည္တယ္” ဟူေသာ စကားသည္ သူ႕ဇနီးေလးရဲ႕ ကိုယ္ခံပညာကို ေလ့က်င့္ရန္ အရည္အခ်င္းကို ရည္ၫႊန္းျခင္းသာ။သို႔ေသာ္ ျပန္႐ွင္းျပရန္ မလုပ္ေတာ့ဘဲ ႏႈတ္ခမ္းေထာင့္စြန္းမွ အျပဳံးတစ္ခု လြင့္ပ်ံသြားသည္။
“အင္း...ေတာင္ေပၚမွာျမဴႏွင္းေတြ ထူထပ္လာၿပီ ျပန္သြားရေအာင္”
သူတို႔ရဲ႕ဖိနပ္ႏွင့္ ေဘာင္းဘီေအာက္ေျခမ်ားသည္ ျမက္ပင္မ်ားမွ ႏွင္းမႈန္မ်ားေၾကာင့္ စိုစြတ္သြားေတာ့သည္။
လက္ခ်င္းခ်ိတ္ၿပီး ေတာင္ေပၚကို ဆင္းခဲ့ၾက၏။ခ်င္မ်န္ကေတာ့ျဖင့္ ေတာထဲ႐ွိ ႐ႈခင္းမ်ားကို အၿမဲလိုလို ၾကည့္႐ႈေနေသာေၾကာင့္ ယင္းကို သတိမထားမိေပ။
အိမ္ျပန္ေရာက္ေတာ့ ခ်င္မ်န္ ခ်က္ခ်င္းပဲ အိမ္တဝိုက္ကို ေျပးေတာ့သည္။
လဲ့ယ္ထ်ဲ တခဏမွ် တုံ႔ဆိုင္းသြားၿပီး လယ္ေျမဘက္သို႔ အလ်င္စလို မသြားျဖစ္ေတာ့ေပ။သူ႕ရဲ႕ပစၥည္းကိရိယာပုံးကိုထုတ္ကာ တံခါးဝတြင္ထိုင္လ်က္ သစ္သားတြန္းလွည္း၏ေနာက္ဆုံးအဆင့္ကို ၿပီးေျမာက္ရန္ အခ်ိန္ယူေနလိုက္သည္။ဇနီးေလး သူ႕ေ႐ွ႕ကေန တဟုန္ထိုး ျဖတ္ေျပးသြားတိုင္း သူ ေမာ့ၾကည့္လိုက္သည္။
ခ်င္မ်န္ ငါးႀကိမ္တိုင္တိုင္ ေျပးၿပီးေနာက္ ေခြၽးထြက္ၿပီး ေမာဟိုက္လာသည္။သူ႕ရဲ႕ အေျပးကန္႔သတ္ခ်က္ထက္ေက်ာ္လြန္ႏႈန္းမွာ မတရားတိုေတာင္းၿပီး ဆိုး႐ြားေၾကာင္း သူ အျပည့္အဝသိ႐ွိခဲ့ရၿပီ။ထို႔ေနာက္ မ်က္ႏွာသစ္ၿပီး မနက္စာျပင္ဖို႔သာ လုပ္ေတာ့သည္။
သစ္သားတြန္းလွည္းက မၾကာခင္မွာပင္ ၿပီးသြား၏။လဲ့ယ္ထ်ဲက ကုန္ပစၥည္းမ်ားဆြဲရန္ သာမာန္လွည္းအျပားတစ္ခ်ပ္သာ ျပဳလုပ္ခဲ့သည္။ခ်င္မ်န္၏အၾကံျပဳခ်က္ေၾကာင့္ အကန္႔မ်ား ထပ္ထည့္လိုက္၏။အကန္႔မ်ားကား ျဖဳတ္တပ္ႏိုင္သည့္ အမ်ိဳးအစားပင္။လွည္းတြင္ ထင္းႏွင့္ အျခားပစၥည္းမ်ား တင္ေဆာင္လိုပါက သယ္ေဆာင္ရ လြယ္ကူရန္အတြက္ ယင္းအကန္႔မ်ားကို ဖယ္႐ွားႏိုင္မည္။လူေတြကို သယ္ေဆာင္ဖို႔ဆိုလွ်င္ ေလနဲ႔မိုးဒဏ္အတြက္ အမိုးအကာလုပ္ဖို႔ အကြက္ေတြကို ျပန္လည္တပ္ဆင္ထားႏိုင္မည္။
လဲ့ယ္ထ်ဲ လယ္ေျမႏွစ္ဧကကို သူ႕ဘာသာသူ စိုက္ပ်ိဳးရန္ စုစုေပါင္း ႏွစ္ရက္ၾကာျမင့္ခဲ့သည္။အသီးအ႐ြက္ခင္းက တစ္ဝက္ႏွင့္ ဂ်ံဳတစ္ဝက္ စိုက္ပ်ိဳးထား၏။လယ္ေျမ ႏွင့္ ေျမ႐ိုင္းအကြက္မ်ားကို အေျခခံအားျဖင့္ အားလုံးက အတူတူအသုံးျပဳခဲ့ၾကေသာေၾကာင့္ လယ္တစ္မူကို အေသအခ်ာ စီခြဲၿပီးေနာက္ ဂ်ံဳ စိုက္ပ်ိဳးခဲ့ရသည္။
လယ္အလုပ္ၿပီးသြားေသာအခါ လဲ့ယ္ထ်ဲ က်န္းတေ႐ႊဆီသို႔ အိမ္ေဆာက္ပစၥည္းဝယ္ရန္အတြက္ စုံစမ္းေမးျမန္းၿပီးေနာက္ ဝယ္ယူရန္ ၿမိဳ႕သို႔သြားခဲ့သည္။ေဆာက္လုပ္ေရးလုပ္ငန္းစတင္ဖို႔ရာ ႐ြာကလူေတြ အလုပ္မ်ားတဲ့ လယ္လုပ္ခ်ိန္ကို ၿပီးေအာင္ေစာင့္ဖို႔ပဲ က်န္ေတာ့သည္။
မၾကာခင္မွာပဲ လဲ့ယ္ထ်ဲ အိမ္အသစ္ေဆာက္ေတာ့မယ္ဆိုတာ ႐ြာကလူတိုင္းသိသြားၾကေတာ့သည္။ေတာင္စိမ္း႐ြာက အေသးအဖြဲကိစၥမ်ားကိုပင္ က်ယ္ေျပာလိႈက္လွဲစြာ ပ်ံ႕ႏွံ႔သြားေစႏိုင္သည့္အထိ ေသးငယ္သည္လည္းမဟုတ္ က်ယ္ေျပာသည္လည္းမဟုတ္ေပ။ခ်ီးမြမ္းၾကသလို၊ မနာလိုသူမ်ားလည္း ႐ွိၿပီး ခ်ဥ္စူးစူးစကားလုံးမ်ားလည္း ထြက္လာသည္။
အိမ္ေဟာင္းကလူေတြလည္း ဒီသတင္းကို ၾကားမွာေသခ်ာတာေပါ့!
ခ်င္မ်န္ကလည္း သူတို႔ အျပစ္မ႐ွာလာေစရန္ အၿမဲသတိထားေနခဲ့သည္။အသီးအ႐ြက္ေတြခူးယူဖို႔အတြက္ ဟင္းသီးဟင္း႐ြက္ခင္းကို သြားရင္ေတာင္ သူက လဲ့ယ္ထ်ဲကို လႊတ္ရင္လႊတ္၊ မလႊတ္ရင္ အခ်ိန္ကို
ၾကည့္သြားေလသည္။
ဒါေတာင္ ေ႐ွာင္လို႔မရေသးပါဘူး။
ထိုေန႔ ခ်င္မ်န္ မီးဖိုေခ်ာင္ထဲတြင္ ခ်က္ျပဳတ္ေနခ်ိန္ အေဝးတစ္ေနရာမွ စူး႐ွသည့္အမ်ိဳးသမီးအသံကို ၾကားလိုက္ရၿပီး သူ႕ပါးစပ္ေထာင့္မွာ အလိုအေလ်ာက္ ျမင့္တက္လာသည္။
“ေလာင္တာ့က ႏြားကိုအစာေကြၽးေနရတယ္..ဟြန္႔!”
တု႐ွီ၊ က်ိဳး႐ွီ ႏွင့္ ခ်င္း႐ွီတို႔သည္ အဖြဲ႕လိုက္ ေရာက္လာခဲ့ၾကသည္။က်ိဳး႐ွီက ဝမ္းသာအားရ ျပဳံးျပႏႈတ္ဆက္ၿပီး ခ်င္း႐ွီသည္လည္း ျပဳံးျပႏႈတ္ဆက္လိုက္သည္။
တု႐ွီကေတာ့ ေက်ာက္တုံးမ်က္ႏွာထားပင္။သူမ၏မ်က္ခုံးမ်ားက ေသးသြယ္ၿပီး ပါး႐ိုးမ်ားက ေဖာင္းကာ သူမ၏ပါးစပ္သည္လည္း ပါးလႊာလ်က္ အံႀကိတ္လိုက္ခ်ိန္တြင္ ပါးစပ္ေထာင့္မ်ားသည္ သိသိသာသာ တုန္ယင္ေနပုံေပၚကာ ရန္လိုေနပုံ ေပၚေန၏။
လဲ့ယ္ထ်ဲရဲ႕ေကာက္႐ိုးကိုဖြၿပီး ေကြၽးေနသည့္ လုပ္ရပ္ကေတာ့ အနည္းငယ္မွ် မေျပာင္းလဲေပ။သူ ေနာက္ျပန္ၾကည့္ကာ ခပ္တိုးတိုးေမးလိုက္သည္။ "ကိစၥ တစ္ခုခု႐ွိလို႔လား?"
ခ်င္း႐ွီကေတာ့ အႏွီခဲအိုကို အနည္းငယ္ေၾကာက္သည္။သူမ ေအးစက္ေသာမ်က္လုံးမ်ားႏွင့္ ဆုံေတြ႕လိုက္ရေတာ့ မည္သည့္ခံစားခ်က္ကိုမွ် သိ႐ွိႏိုင္ျခင္းမ႐ွိေတာ့ဘဲ ႐ွက္႐ြံ႕သလို ခံစားလိုက္ရကာ တု႐ွီ ႏွင့္ က်ိဳး႐ွီတို႔ေနာက္သို႔ အသာအယာ ျပန္ဆုတ္သြားခဲ့သည္။ဤလုပ္ရပ္က အေကာင္းဆုံးအေနအထားပင္။အကယ္၍ တု႐ွီ ႏွင့္ က်ိဳး႐ွီတို႔႐ႈံးနိမ့္ခဲ့ပါက သူတို႔သာ အမ်ားဆုံးထိခိုက္မႈ ျဖစ္ၿပီး သူမသာ နစ္နာမႈအနည္းဆုံး ရေပလိမ့္မည္။မည္သို႔ပင္ဆိုေစကာမူ သူမ၏မ်က္လုံးတစ္စုံသည္ လွည့္ပတ္ၾကည့္ကာ တံစက္ၿမိတ္ေအာက္႐ွိ အခန္းကို ျမင္လိုက္ရေသာအခါတြင္ သူမ၏မ်က္လုံးမ်ားက ေတာက္ပလာခဲ့သည္။
"အစ္ကို ဘာကိုေျပာတာလဲ?အစ္ကိုက ကြၽန္မတို႔ရဲ႕ အစ္ကိုအႀကီးဆုံးပဲေလ။ဘာကိစၥမွ မ႐ွိရင္ လာလို႔မရဘူးလား?အေမနဲ႔ ကြၽန္မတို႔က ဒီေန႔ အစ္ကို႔ကို ေတြ႕ဖို႔လာခဲ့တာ။အစ္ကို႔စကားက လြန္လြန္းပါတယ္" က်ိဳး႐ွီက သူတို႔မိသားစုၾကားဆက္ဆံေရးက အရမ္းေကာင္းေနသေယာင္ ရင္းႏွီးတဲ့ေလသံနဲ႔ ျပစ္တင္ေျပာဆိုလိုက္သည္။
ဒါေပမယ့္ သူမ ေျပာလိုက္သူက လဲ့ယ္ထ်ဲျဖစ္ေနတာကိုက သနားစရာပင္။ဒီလိုပုံစံမ်ိဳးေတြက သူ႕အတြက္ အသုံးမဝင္ေပ။
လဲ့ယ္ထ်ဲက သူမစကားေတြကို မၾကားသလိုမ်ိဳး အသံတစ္စက္ မထြက္လာ။
တု႐ွီသည္ လဲ့ယ္ထ်ဲႏွင့္ အႀကိမ္မ်ားစြာ “ရန္ျဖစ္” ခဲ့ဖူးသည္။သူ႕ကို ကိုင္တြယ္ရတာ မလြယ္ဘူးဆိုတာ သိလိုက္ရေတာ့ သူနဲ႔ မလိုအပ္ဘဲ ျငင္းခုန္မေနေတာ့ေပ။အျပင္လူလည္း မ႐ွိတာမို႔ လဲ့ယ္ထ်ဲကို သေဘာမက်တဲ့ အေၾကာင္း ဖုံးကြယ္မထားေတာ့ဘူး။သူမ ေအးစက္စြာေျပာခဲ့သည္– “အခု မင္းလည္း အ႐ြယ္ေရာက္ႀကီးျပင္းလာၿပီး အိမ္လည္း ခြဲေနၿပီးၿပီ။ဒါေပမယ့္ ငါနဲ႔ မင္းအေဖကို အေလးအနက္မထားဘူး။ငါက ထပ္ၿပီး လာေတာင္းဖို႔ ဘယ္လိုလုပ္ၿပီး သတၱိ႐ွိႏိုင္ပါ့မလဲ?မင္းမွာ ႏြားဝယ္ၿပီး အိမ္ေဆာက္ဖို႔ကိုတတ္ႏိုင္ေသးတယ္မလား?အခု ငါ့ကို ဝမ္ 100 ေပးလိုက္။"
မေက်နပ္သည့္ပုံစံကို တိတ္တဆိတ္ေပးရင္း ခ်င္း႐ွီ သည္ သူမ၏ေျပျပစ္သည့္မ်က္ခုံးမ်ား တြန္႔ခ်ိဳးသြားသည္။
အဘြားႀကီးက ဒီေန႔ အမွားလုပ္လိုက္တာပဲ!ဘယ္လိုပဲၾကည့္ၾကည့္ ခ်င္မ်န္က လဲ့ယ္ထ်ဲထက္ ဆက္ဆံရတာ ပိုလြယ္တာကို။အဘြားႀကီးက ဘာလို႔မ်ား လဲ့ယ္ထ်ဲကို တိုက္႐ိုက္သြားတိုက္ခိုက္ရတာလဲ?
သူမမွာ ထိုကဲ့သို႔ ေတြးေတာရင္း ေခါင္းမေထာင္ႏိုင္ ျဖစ္ေနရသည္။
က်ိဳး႐ွီ လွ်ာေတာက္သံထြက္လိုက္ၿပီး "ေလာင္တာ့ ဒါ အစ္ကို႔အျပစ္ပဲ။အစ္ကို႔မွာ ပိုက္ဆံ႐ွိတာနဲ႔ စေတာ့တာကိုး။ႏြားေတြ ပစၥည္းေတြဝယ္ၿပီး ႐ြာကလူေတြ အားလုံး သတိထားမိၾကေတာ့တာေပါ့။ကဲ..ေလာင္တာ့က ပိုက္ဆံဆိုရင္ ရက္ေရာတယ္ဆိုတာ ဘယ္သူက မသိဘဲေနေတာ့မလဲ။အစ္ကိုသာ အဲဒီေငြေတြ မေပးေသးဘူးဆိုတာ သူတို႔သိရင္ ေနာက္ကြယ္မွာ
အစ္ကို႔အေၾကာင္း မေကာင္းေျပာလိမ့္မယ္။ဒါေပမယ့္လည္း ဘာေၾကာင့္ျဖစ္ရတာလဲ?ေလာင္တာ့ ဒါ သင့္ေတာ္မယ္ထင္လား?"
လဲ့ယ္ထ်ဲ လွည့္ကာ အိမ္ထဲသို႔ ဝင္သြားသည္။
ခ်င္မ်န္ မီးဖိုေခ်ာင္႐ွိ ျပတင္းေပါက္အက္ကြဲေၾကာင္းကေန ေခ်ာင္းၾကည့္ေနသည္။ဒါကိုျမင္ေတာ့ သူတို႔ ပိုက္ဆံလာေတာင္းတာ ေသခ်ာသြားၿပီ။သူ ျပဳံးေနရင္း မ်က္လုံးလွန္လိုက္ၿပီး အျပင္မထြက္မီ ေယာင္းမကို ခ်ခဲ့လိုက္သည္။
လဲ့ယ္ထ်ဲ သူ႕ကိုျမင္လိုက္ရၿပီး စကားေျပာရန္ ပါးစပ္ကိုဖြင့္လိုက္သည္။
ခ်င္မ်န္ သူ႕ကို အရိပ္အႁမြက္ျပၿပီး သူ႕ေ႐ွ႕မွာရပ္လိုက္၏။လဲ့ယ္ထ်ဲကို စကားမေျပာေစခ်င္မွန္း သူ႕ရည္႐ြယ္ခ်က္က ထင္႐ွားေနသည္။
"အေမ၊ေလာင္အာ့ဇနီး၊ေလာင္စန္းဇနီး၊ အားလုံး ဘာလို႔ ဒီကို ေရာက္လာရတာလဲ?ခြင့္လႊတ္ပါဗ်ာ...ဆီေၾကာ္သံက ပဲ့တင္ထပ္ေနေတာ့ မၾကားလိုက္ဘူး။ေက်းဇူးျပဳၿပီး ထိုင္ၾကပါ။"
ခ်င္မ်န္မွာ တျခားအစီအစဥ္ေတြ႐ွိေနတာကိုျမင္ေတာ့ လဲ့ယ္ထ်ဲ သူ႕ဆႏၵအတိုင္း တိတ္တိတ္ေနၿပီး စိတ္လႈပ္႐ွားစြာ ေစာင့္ၾကည့္ေနလိုက္သည္။
တု႐ွီက ခ်င္မ်န္ကို ေအးစက္စက္ၾကည့္ကာ စားပြဲမွာ ဝင္ထိုင္လိုက္သည္။
က်ိဳး႐ွီႏွင့္ တု႐ွီက စိတ္ေလသြား၏။ခန္းမထဲသို႔ ဝင္လိုက္ေသာအခါ တစ္ဝက္ပိတ္တံခါးမွ တစ္ဆင့္ အိပ္ခန္းထဲသို႔ တစ္ခ်က္ခိုးၾကည့္လိုက္သည္။အခန္းတြင္း႐ွိ ပရိေဘာဂမ်ားက ယခင္အတိုင္း ႐ွိေနဆဲျဖစ္ၿပီး သူတို႔ကို အနည္းငယ္ စိတ္ပ်က္သြားေစသည္။
တု႐ွီက ခ်င္မ်န္ကို မၾကည့္ေပ။ "လစဥ္ ဝမ္ ၁၀၀ ေပးရမွာကို ငါတို႔ သေဘာတူၿပီးၿပီ၊ေလာင္တာ့က အဲဒါကို မေမ့သင့္ဘူးမလား။မင္း ကတိေပးထားၿပီးသားမို႔ ပိုၿပီးသတိထားသင့္တယ္။သူမ်ားေတြ ေျပာစရာျဖစ္ေအာင္ မလုပ္သင့္ဘူး။မသိတဲ့လူေတြက မင္းအေမ ငါက မင္းဆီကေန မိုက္ေၾကးခြဲေတာင္းေနတယ္ ထင္ေနမယ္"
လဲ့ယ္ထ်ဲ ေျပာလိုက္သည္။ “ကြၽန္ေတာ္႕ဇနီးက ပိုက္ဆံကို စီမံခန္႔ခြဲတယ္။”
႐ုတ္တရက္ အံ့ၾသထိတ္လန္႔မႈအျပည့္နဲ႔ မ်က္လုံးသုံးစုံက ခ်င္မ်န္ထံကို ၾကည့္လိုက္ၾကသည္။
Advertisement
- In Serial30 Chapters
An Outcast In Another World (Subtitle: Is 'Insanity' A Racial Trait?)
On the first day, he almost died.On the second day, he almost died.On the third, he began to notice a worrying trend. And almost died.Crushing loneliness? Danger around every corner? All of that has become part of his daily routine.That's fine. He'll carve out a place in this world with his bare hands if necessary. He'll survive, and then he'll thrive.Whether anyone wants him to or not. -- Author's Warning: This story addresses some heavy subjects, and can be dark at times. Fair warning. -- Chapters 1-123 have been taken down in preparation for the Kindle Unlimited release, which you can find by clicking here. I am currently trying to add Book 3, consisting of Chapter 74-123, as a paperback on Amazon. I am Brett Finnicum.
8 213 - In Serial11 Chapters
The Silver Exile
(Closed. Thanks for reading.)The Earth suffered a virus unprecedented in history. It mutated all things, the living and non-living, and turned fantasy into a horror-filled reality. Within twenty years, humanity only encompassed 15% of the Earth and lost 90% of its population to the virus.Humans began being born with a small crystal core in their bodies. After years of research, humanity discovered they could access a foreign energy and use it to fight the monsters. Some people devilry, some magic, and some called it divine prominence.Over a thousand years past and humanity was able to make city states, nations almost non-existent. Technology was nearly non-existent as the method to make them was lost. Those who lived in the city were safe and all immune or compatible with the virus to awaken the crystal cores' powers.This is the story of the Silver Exile, a boy wielding a silver sword who used to live out in the wilderness. Exiles were born out the city and were expected to die. This is the story of how he lived.
8 287 - In Serial25 Chapters
1000-Hit KO
Tired of the old OP MC trope? Well here's 1000-Hit KO, where the author's mission is to try to nerf Nem to oblivion. How far can be bury Nem before it's too much? I don't know but we're going to find out ;3
8 203 - In Serial39 Chapters
Raven Knight
It's the year 2309 and the question of are we alone in the universe is finally answered; an answer which ends in full scale war.Desperate to become a hero, Jason Scharn enrols into the United Solar Military to push back these alien invaders. But as the war progresses and his career soars, two things become apparent. Is the sacrifice to those close to him necessary and are the enemy this evil entity that propaganda suggests.As more colleagues and friends die around him and key figures start to disappear, questions start to emerge that only he can answer. Why did they attack us? Did they really start this war? Who is my true enemy?
8 224 - In Serial11 Chapters
Broken Halo
( Bang Chan + Lee Felix )❝I wish to kiss you underneath the Eiffel Tower.❞┈┈ mistopher | 2022 ++None knowingly abides in hypocrisy like the church, Felix had concluded. So he feels plagued with the reality that forbids him a chance at true love, considering his sexual identity. And for the most part, growing in celibacy hadn't been much of a challenge. But that was until Mr. Bang visited for some time, tanned in his Australian glory, making the aim of chastity seem far too unreachable for continuity.
8 217 - In Serial5 Chapters
cookie Run ship stories !!
literally just wholesome cute ship storiesrequest: open!
8 62

