《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[29]
Advertisement
[Unicode]
029:လဲ့ယ်ထျဲ၏သတိတရရှိမှု
လဲ့ယ်ထျဲသည် ခြင်းတောင်းကို ချလိုက်ပြီး ချင်မျန်လက်ထဲက ဇာတ်ကြိုးကို ယူကာ သစ်ပင်တွင် ချည်နှောင်လိုက်၏။ထို့နောက် ကောက်ရိုးအချို့ကို ယူဆောင်လာခဲ့သည်။
ရေနွားသိုးသည် ကောက်ရိုးများကို ခေါင်းငုံ့ဝါးရင်း အမြီးလေးယမ်းကာ အရမ်းပျော်နေပုံရသည်။
ချင်မျန်က ထွက်မသွားသေးပေ။အောက်ကိုငုံ့ပြီး ကောက်ရိုးလက်တစ်ဆုပ်စာ ထပ်မံကျွေးလိုက်၏။သူ လဲ့ယ်ထျဲဘက်လှည့်ကာ ဆိုလိုက်၏။
“လယ်ထွန်ရင် ခင်ဗျားစကားနားမထောင်မှာစိုးလို့ သူနဲ့ ရင်းနှီးအောင် နေသင့်တယ်”
လဲ့ယ်ထျဲ ထိုစကားကြောင့် အံသြသွားသည်။သူက ကောက်ရိုးတစ်ဆုပ်ကို ကောက်ပြီး နွားကို ကျွေးလိုက်ကာ သူ့လက်ဖဝါးကြီးကြီးကို မြှောက်လိုက်ပြီး နွားခေါင်းကို တင်းကြပ်စွာ ကိုင်လိုက်သည်။
ချင်မျန်က ကြောင်အသွားပြီး သူ မရယ်ဘဲမနေနိုင်တော့ပေ။
“ဟားဟား.........”
သူ လဲ့ယ်ထျဲကို စနေတာဖြစ်ပေမယ့်လည်း...ဒီလူက အလေးအနက်ထားလိုက်လုပ်တယ်ပေါ့။
နွား၏သဘောသဘာဝသည် အများအားဖြင့် ပျော့ပြီး တမင်တကာ ရန်ပြုခြင်းမျိုးမပြုလုပ်ပါက ဒုက္ခဖြစ်စေမည်မဟုတ်ပေ။
လဲ့ယ်ထျဲက ချင်မျန် သူ့ကို စနေတယ်ဆိုတာကို မရေမရာ နားလည်လိုက်ပြီ။သူ ယခင်အတိုင်း တည်ငြိမ်နေဆဲဖြစ်ပြီး ချင်မျန်ကို နူးညံ့သည့်အကြည့်တစ်ချက်သာ ကြည့်လိုက်သည်။ထွက်သွားမည့်အစား ကောက်ရိုးတစ်ဆုပ်ကိုထပ်မံယူကာ နွားသိုးပေါက်ကို ဆက်၍ကျွေးလိုက်သည်။
ချင်မျန် သူ့ကို ပြုံးပြုံးလေးကြည့်ပြီး နွားသိုးပေါက်လေးကို အတူတူအစာကျွေးရတာ ကြောင်တောင်တောင်နိုင်တယ်လို့ ယောင်ဝါးဝါး ခံစားမိပေမယ့် တနည်းနည်းနဲ့ ထွက်သွားဖို့လည်း အကြောင်းပြချက် ရှာမတွေ့တာကြောင့် လဲ့ယ်ထျဲလက်ထဲက ကောက်ရိုးရော သူ့လက်ထဲက ကောက်ရိုးပါ ထည့်ကျွေးနေပြီး နွားသိုးပေါက်စားနေတာကိုသာ ကြည့်နေလိုက်သည်။
လျင်မြန်စွာ ပြေးလွှားနေတဲ့ လဲ့ယ်ချွင်းထောင်သည် အဝေးတစ်နေရာမှ သူတို့၏ပခုံးများ တစ်ခုနှင့်တစ်ခု ဘေးချင်းယှဉ်ကပ်လျက် ရှိနေသည်ကို မြင်လိုက်ရပြီး ထိုမျှသာမက သူတို့၏ကျောပြင်ကို ယှဉ်တွဲကြည့်ရသည်မှာ အလွန်လိုက်ဖက်လွန်းလှသည်။
သူမ ရပ်တန့်လိုက်ပြီး သူမ၏လှပသောမျက်နှာထက်တွင် လေးလေးနက်နက်ဖြင့် တုန်လှုပ်သွားသည့်အကြည့်တစ်ခု လွင့်ပျံလာသည်။
ဤမြင်ကွင်းသည် လူအများအား နှောင့်ယှက်လိုသောစိတ်ကို ကွယ်ပျောက်စေသည့် မြင်ကွင်းတစ်ခုပင်မဟုတ်လား။တကယ်တော့ အစ်ကိုအကြီးဆုံးနဲ့ အကြီးဆုံးမရီးတို့ အတူတူနေထိုင်နေကြတာ ဘာတစ်ခုမှ အမှားအယွင်းမရှိကြသလိုပဲ။
သူမသည် တစ်ခဏမျှ တုံ့ဆိုင်းသွားကာ သို့ပေမယ့်လည်း ဆက်ပြေးလိုက်၏။ "လောင်တာ့...မရီး!!!"
သူမ၏ခရမ်းရောင် ပိုးထည်စကတ်ပေါ်ရှိ ခေါင်းလောင်းငယ်လေးသည် ကျယ်လောင်စွာ မြည်သံထွက်လာကာ အလွန်သာယာလေသည်။
ချင်မျန် ချက်ချင်းပင် ကောက်ရိုးကို လွှင့်ပစ်လိုက်သည်။လဲ့ယ်ထျဲ၏ခန္ဓာကိုယ်သည်လည်း တစ်ခဏမျှ တောင့်တင်းသွားကာ သူ့လက်များကို မသက်မသာဖြင့် ပြန်ချလိုက်ပြီး လဲ့ယ်ချွင်းထောင်ကို တစ်ချက်ကြည့်လိုက်သည်။
"ညီမလေး.....မင်းဘာလို့ဒီကိုရောက်နေတာလဲ?" ချင်မျန်သည် သူ့လက်ပေါ်ရှိ အမှိုက်များကို ပွတ်သပ်ဖယ်ချကာ ယဉ်ကျေးစွာ မေးလိုက်သည်။ယနေ့ခေတ်တွင် အိမ်ထောင်မပြုသေးသော မိန်းကလေးများက ယောက်ျားများနှင့် အလွန်နီးကပ်စွာနေခြင်း၊ အပြင်ထွက်ခြင်းမှ ရှောင်ကြဉ်ကြသည်ကို သူတွေ့ရှိခဲ့ပြီးပြီ။ဤအချိန်က ပဒေသရာဇ်တို့၏ဂုဏ်သြဇာများ အတော်လေး တောင့်တင်းကာ တင်းကျပ်သော ကာလပင် ဖြစ်သည်။လဲ့ယ်ချွင်းထောင်က သူ့ရဲ့အမည်ခံ ယောင်းမဖြစ်သော်လည်း အကျိုးဆက်ကို အာရုံစိုက်သင့်ဆဲပင်။
လဲ့ယ်ချွင်းထောင်က သူမ ထိုလူနှစ်ယောက်ကို နှောင့်ယှက်မိသည်ဟု ထင်မြင်ကာ ရှက်ရွံ့သွားခဲ့သည်။ “ဘာမှမဟုတ်ပါဘူး။ တစ်ယောက်ယောက် လာနိုင်တယ်လို့ ပြောချင်လို့ပါ.....အစ်ကိုတို့ကိုဒုက္ခပေးဖို့......”
သူမ စကားများများပြောလေလေ သူမ မျက်နှာလေးမှာ နီလာလေလေပင်။သူ့အမေ၊ သူ့ဒုတိယအစ်ကို၊ ဒုတိယမရီးနဲ့ တတိယမရီးတို့ ပြောခဲ့တဲ့ ကြမ်းတမ်းတဲ့စကားတွေကို တွေးမိရတာ ရှက်စရာပဲ။ထို့အပြင် သူတို့နှစ်ယောက်က သူ့အမေနဲ့ သူ့ဒုတိယအစ်ကိုဖြစ်သေးတယ်။သူမက ငယ်ရွယ်သူဖြစ်ပြီး နောက်ကွယ်မှာ သူတို့တွေအကြောင်း ဘယ်လိုပြောရမလဲ?
ဒါပေမယ့် လောင်တာ့နဲ့ မရီးကို သတိမပေးရင်လည်း သူမ စိတ်မသက်မသာခံစားရမယ်။သူမပြောပြီးတာနဲ့ ခေါင်းငုံ့ပြီး ပြေးဖို့ကလွဲလို့ သူမမှာ ရွေးချယ်စရာမရှိတော့ဘူး။
ချင်မျန် နှင့် လဲ့ယ်ထျဲတို့က သူမ ပြောခဲ့သည့် “တစ်စုံတစ်ယောက်” ဆိုသည်က ဘာကိုဆိုလိုသလဲ သိကြသည်။
လဲ့ယ်ထျဲ ချင်မျန်ကို မသိစိတ်မှ စိုက်ကြည့်ကာ တစ်ဖက်လူက စိတ်သက်သာရာရှိနေကြောင်း တွေ့လိုက်ရ၏။ချင်မျန်သည် ၎င်းကို ဂရုမစိုက်၍သော်လည်းကောင်း သူ့တွင် တန်ပြန်ယှဉ်ပြိုင်လိုမှုအချို့ရှိနှင့်ပြီးသားမို့ ၎င်းအတွက် အလေးအနက်ထားမည်မဟုတ်ပေ။နွားကို ပြန်ကြည့်တော့ နောင်တအနည်းငယ်ရသလို ခံစားရပြန်၏။
ချင်မျန်က အရေးကြီးတဲ့အချက်ကို သတိရပြီး "ခင်ဗျား ဝယ်ထားတဲ့ အိမ်မြေနေရာက ဘယ်မှာလဲ?"
လဲ့ယ်ထျဲက သက်ပြင်းချလိုက်သည်။ချင်မျန်က ဒီကိစ္စကို လုံးဝ ဂရုမစိုက်ဘူးလို့ သူထင်ခဲ့တာ။
“တံခါးကို သော့ခတ်လိုက်။”
ချင်မျန်က တံခါးကို သော့ခတ်ပြီး နွားကို ကြည့်လိုက်၏။တစ်စုံတစ်ယောက် ခိုးယူသွားမည်ကို သူ စိုးရိမ်မိသော်လည်း ကျေးလက်ရှိလူများ မည်မျှ ရိုးရှင်းပြီး လယ်ကွင်းရှိ လူများစွာနှင့် သိပ်မဝေးကြောင်းကို တွေးတောမိသည်။ထို့ကြောင့် သူ စိုးရိမ်ပူပန်မှုကို လျော့ချလိုက်ပြီး လဲ့ယ်ထျဲနှင့်အတူ ရွာထဲသို့ လိုက်သွားခဲ့သည်။
ရွာအနောက်ဘက်သို့ ရောက်ရန် အချိန်မကြာလိုက်ပေ။တောင်စိမ်းရွာ၏အိမ်ယာမြေကွက်ကို အခြေခံအားဖြင့် အတန်းလိုက် စံအဖြစ် တွက်ချက်နိုင်သည်။လဲ့ယ်ထျဲက ရွာအနောက်ဘက်ရှိ အခန်းသုံးခန်းဆောက်နိုင်မည့် မြေကွက်ကို ဝယ်ယူခဲ့သည်။မြေပြင်ပေါ်တွင် လီကျန်း နောက်ဆုံးအကြိမ် တိုင်းတာခဲ့သော အမှတ်အသားများ ရှိနေသေး၏။အရှေ့ဘက်တွင် အိမ်နီးနားချင်းတွေရှိကာ အနောက်ဘက်မှာတော့ နေရာလွတ်တွေနဲ့ မနီးမဝေးမှာ တောအုပ်တွေလည်း ရှိ၏။
ချင်မျန် လှည့်ပတ်ကြည့်လိုက်တော့ မြေအနေအထားက တကယ်ကောင်းတယ်လို့ တွေးလိုက်မိသည်။လဲ့ယ့်အိမ်ဟောင်းသည် ရွာအရှေ့ဘက်တွင်ရှိကာ သူတို့သာ ရွာအနောက်ဘက်တွင် နေထိုင်ပါက သူတို့ရန်ကနေလည်း ရှောင်လွှဲနိုင်ပြီး စိတ်သဘောထားသေးသူများ နည်းပါးနိုင်သည်။ဒုတိယအနေဖြင့် အနောက်ဘက်တွင် မြေကွက်လပ်နှင့် မြောက်ဘက်တွင် မြေကွက်လပ်တစ်ခုလည်းရှိသည်။အနာဂတ်မှာ တိုးချဲ့ဖို့ လွယ်ကူလိမ့်မယ်။လဲ့ယ်ထျဲက အကြံဥာဏ်ကောင်းရှိသူတစ်ယောက်ဟု သူခံစားမိသည်။
Advertisement
"ဒါ နေရာကောင်းပဲ"
ချင်မျန်က လဲ့ယ်ထျဲအား ကျေနပ်နေသော အကြည့်ဖြင့် ကြည့်ကာပြောသည်။
လဲ့ယ်ထျဲက ခေါင်းညိတ်ပြီး “လယ်ထွန်ပြီးရင် ပစ္စည်းတွေဝယ်ထည့်ကြမယ်”
ချင်မျန် ပြောလိုက်သည်။ "အစ်ကိုကျန်းက ဒီအကြောင်းတွေကို ပိုသိမယ်၊ အုတ်၊ ကြွေပြားစတဲ့ စျေးကွက်ပေါက်ဈေးတွေအကြောင်း သူ့ကို မေးလို့ရနိုင်တယ်။အလှည့်စားမခံနဲ့နော်။"
“အင်း။”
အိမ်ထောင်သည် အမျိုးသမီးတစ်ဦး၏ဦးခေါင်းသည် နံရံတစ်ခုနောက်တွင် ထွက်လာခဲ့သည်။ချင်မျန် သူမကို သတိပြုမိသွားတာကြောင့် သူမသည်လည်း သူမခေါင်းကို အမြန်ပြန်ဆုတ်မီ ပြုံးပြလိုက်သည်။
ချင်မျန်က သူမသည် သူတို့၏အိမ်နီးချင်းဖြစ်မည်ဟု ယူဆခဲ့သည်။လောလောဆယ် အိမ်နီးနားချင်းတွေနဲ့ အဆက်အသွယ်လုပ်စရာ မလိုသေးတော့ အိမ်မဆောက်မချင်း ပိတ်ထားရဦးမယ်။
နှစ်ယောက်သား အိမ်ကို လမ်းလျှောက်ပြန်လာကြသည်။
လဲယ်ထျဲက လွှနှင့် လေးကို တောင်းတစ်လုံးထဲတွင်ထည့်ကာ သူ့နောက်ကျောတွင် ထမ်းလိုက်ပြီး "ချင်းဇီ....ကိုယ် တောင်ပေါ်တက်လိုက်ဦးမယ်"
ကျန်တာ ဘာမှထပ်မပြောတော့ဘဲ ထွက်သွားခဲ့သည်။
ချင်မျန်ကလည်း ဆက်မမေးတော့ဘဲ စပါးစေ့တွေကို တစ်ဖက်ပြန်အခြောက်လှန်းရန်အတွက် သစ်သားထွန်ခြစ်ကို ယူလာရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “သတိထားသွား”
ထို့ကြောင့် ချင်မျန်သည်ကား ထိုစကားနှစ်လုံးကိုကြားလိုက်တော့ လဲ့ယ်ထျဲ၏ခန္ဓာကိုယ် တုန်လှုပ်သွားသည်ကို သတိမထားမိလိုက်ပေ။သူထွက်မသွားခင်
ချင်မျန်ကို ပြန်ကြည့်လိုက်သည်။သူ့မျက်လုံးထဲရှိ အမူအရာက အရင်ကထက် ပိုနက်ရှိုင်းလာ၏။
ချင်မျန်သည် ညနေခင်းတွင် သူစားလိုသော ဟင်းသီးဟင်းရွက်များကို ရွေးရန်ဟင်းရွက်ခင်းထဲသို့ သွားခဲ့သည်။
သူအိမ်ပြန်ရောက်သောအခါ "တစ်စုံတစ်ဦး" သည်အပြစ်တင်ရန်လာထားသည်ကိုမတွေ့ရတာက မထင်မှတ်လောက်အောင် အံသြစရာပင်။
တုရှီ၊ ကျိုးရှီ နှင့် အခြားသူတွေက စိတ်ဆိုးစရာကိစ္စများ မလုပ်လာဘူးဆိုမှတော့ သူ သက်တောင့်သက်သာနေရန် အခွင့်အရေးကို အလွယ်တကူ အသုံးချခဲ့သည်။လှည့်ကြည့်လိုက်တော့ မြေပြင်ပေါ်တွင် ဟော်သွန်းအသီးတွေ နဲ့ ပန်းသီးတွေကို တွေ့လိုက်ရသည်။
သူ ဝါးခုတ်ပြီး ရှည်လျားပိန်လှီသည့် ဝါးချောင်းဒါဇင်ပေါင်းများစွာကို ပြုလုပ်ခဲ့သည်။ထို့နောက် သူသည် ဟော်သွန်းလက်တစ်ဆုပ်စာကို ယူပြီး သန့်စင်ကာ နှစ်ခြမ်းခွဲပြီးနောက် ပြန်မစေ့မီ အူတိုင်ကို ထုတ်လိုက်သည်။ထို့နောက် နယ်မြေထဲမှ ပန်းသီးအနည်းငယ်ကို ယူကာ ရေဆေးချပြီး အတုံးများဖြစ်အောင် လှီးလိုက်သည်။
သူ ထန်းဟူလူ လုပ်မလို့ပင်။ ဟော်သွန်းအသီးတွေနဲ့ တောပန်းသီးတွေ အများကြီးကို အလဟသအဖြစ်မခံနိုင်ဘူး ဟုတ်တယ်မလား?
ဝါးတုတ်များကို ဆေးကြောသန့်စင်ပြီးနောက် ဟော်သွန်းအသီးနှင့် ပန်းသီးတွေကို တုတ်ထိုးလိုက်သည်။သီတံတစ်ခုစီအတွက် ဟော်သွန်းသီး နှစ်လုံးနှင့် ပန်းသီးတစ်စိတ်စီ သီထား၏။သီတံဆယ်ချောင်းကို အစီအရီလုပ်ပြီးနောက် မီးမွှေးပြီး ရေကို အပူပေးလိုက်သည်။
ရေဆူပြီးနောက် သင့်တင့်သောသကြားဖြူပမာဏကိုထည့်ကာ အလယ်အလတ်အပူရှိန်ဖြင့် တဖြည်းဖြည်းချင်းကျိုပြီး ယောက်မဖြင့် အဆက်မပြတ်မွှေလိုက်၏။သကြားအရည်များ ပွက်လာသောအခါ သီထားသည့်ဝါးချောင်းများကို ထည့်ကာ အမြန်လှိမ့်ပေးလိုက်သည်။ထို့နောက် ဆီသုတ်ထားသော ပန်းကန်ပြားပေါ်တွင် တင်လိုက်၏။
ဆယ်မိနစ်ခန့် အအေးခံပြီးနောက် အရောင်တောက်တောက်နှင့် ဆွဲဆောင်မှုရှိသည့် ရနံ့များဖြင့် ထန်းဟူလူက စားရန်အဆင်သင့်ဖြစ်ပြီ။
အပြင်မှ "ဘန်း" ဟူသည့် ပစ်ချသံတစ်သံကို ကြားလိုက်ရသဖြင့် ပန်းကန်ပြားကို ကောက်ကိုင်ကာ အမြန်ထွက်လာခဲ့သည်။ သေချာတာပေါ့!လဲ့ယ်ထျဲက ပြန်ရောက်လာတာပင်။သူ ဖြတ်ထားတဲ့သစ်စတွေနှင့် ဝါးတွေကို ကြည့်နေ၏။သူ့ခြေရင်းမှာတော့ သစ်လုံးနှစ်လုံးကို ချထား၏။
ချင်မျန်သည် ထန်းဟူလူကို ကိုင်လိုက်ပြီး ကိုက်လိုက်သည်။သူက ခေါင်းညိတ်ပြပြီး ပန်းကန်ပြားကို လဲ့ယ်ထျဲထံ ကမ်းပေးလိုက်သည်။
"မြည်းကြည့်"
လဲ့ယ်ထျဲက မျက်မှောင်ကြုတ်လိုက်၏။အရင်က မမြင်ဖူးပေမယ့် အရွယ်ရောက်ပြီးသူတွေ စားတဲ့ အစားအသောက်ပုံစံနဲ့ မတူဘူး။သူ့ဇနီးလေးက ပန်းကန်ပြားကို ကိုင်ထားဆဲဖြစ်ပြီး သူ့လက်ကိုလည်း ပြန်မဆုတ်ပေ။ဒါကြောင့် သူသည်လည်း တစ်ချောင်းကို ကောက်ယူလိုက်ပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ကိုက်ချလိုက်သည်။
“အဆိပ် မဟုတ်ပါဘူးဗျာ” ချင်မျန်က စလိုက်၏။ “စိတ်မပူပါနဲ့၊ ဒါကို အကုန်,ကုန်အောင်မစားခိုင်းပါဘူး။ဒါကို မြို့ထဲမှာ ရောင်းတာ မတွေ့ဖူးဘူး။ခုမှမုန့်ပုံစံအသစ်တစ်ခုလို့ ထင်တယ်။ အရသာလည်းကောင်းတယ်၊ချဥ်ချဉ်ချိုချိုလေးပဲ။ဒါကို ရောင်းကြမလား?"
“အင်း"
လဲ့ယ်ထျဲက တစ်ချိန်လုံး မျက်မှောင်ကြုတ်နေ၏။သူ့ကြည့်ရတာ အဆိပ်သောက်နေရသလိုပင်။ပန်းသီးကို ကိုက်လိုက်တဲ့အချိန်ထိ မျက်မှောင်ကြုတ်နေတုန်းပဲ။
ချင်းမျန် လဲ့ယ်ထျဲတစ်ယောက် ဟော်သွန်းသီးများကို တိုက်ရိုက်မျိုချလိုက်သည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်၏။ဒါပေမယ့် ပန်းသီးကိုကျတော့ အစာအိမ်ထဲသို့မထည့်မီ ဝါးလိုက်သေးသည်။
"ဒီသစ်တုံးတွေက ဘာအတွက်လဲ" တကယ်တော့ ချင်မျန်သည်လည်း အချိုတွေကို မကြိုက်ပေ။ဒီနေ့လည်း အသစ်တစ်ခုကို စမ်းကြည့်နေခြင်းသာ။
"အသုံးဝင်မယ့်ဟာ.." လဲ့ယ်ထျဲက ဇဝေဇဝါဖြင့် ပြန်ပြောလိုက်သည်။ "နောက်ထပ် သွားစရာတစ်နေရာရှိသေးတယ်"
နောက်ကျနေသည်ကို ချင်မျန်မြင်လိုက်တာကြောင့် “နောက်ကျတဲ့အထိ မနေနဲ့။”
“အင်း”
လဲ့ယ်ထျဲက ထန်းဟူလူကို အမြန်အပြီးသတ်စားကာ တောင်းထဲ၌ ငှက်တစ်ကောင်ကို ထုတ်ယူပေးလိုက်ပြီး အမြန်ထွက်သွားသည်။
ချင်မျန်သည် ရစ်ဌက်ကို သန့်စင်ပြီးနောက် ထန်းဟူလူကို ထပ်မံပြုလုပ်ခဲ့သော်လည်း နယ်မြေထဲက ပန်းသီးကိုဖြင့် မသုံးတော့ပေ။အူတိုင်ကို ဖယ်ရှားရန်မှာ အလွန်အလုပ်ရှုပ်တာမို့ ယင်းလုပ်ငန်းစဉ်ကိုဖြင့် ချန်လှပ်ခဲ့သည်။နောက်ဆုံး ရေတွက်ကြည့်တော့ အားလုံးပေါင်း ခြောက်ဆယ်ကျော်သွားပြီ။
လဲ့ယ်ထျဲပြန်ရောက်နေပြီ ဖြစ်၍ သစ်လုံးအား ပျဉ်ပြားအဖြစ်ဖြတ်နေသည်။
ချင်မျန်က ဝါးတိုင်တွင် ထန်းဟူလူများကို တစ်ချောင်းပြီးတစ်ချောင်း ကောက်ရိုးများဖြင့် ခိုင်မြဲစွာ ချည်နှောင်စေသည်။
လဲ့ယ်ထျဲက တစ်စုံတစ်ခုကို တွေးနေသလိုမျိုး အကြိမ်ပေါင်းများစွာ ကြည့်နေ၏။
ထို့နောက် ချင်မျန်က ညစာ ချက်ဖို့ပြင်တော့၏။သစ်အယ်သီးနဲ့ဌက်ကို ရောချက်ထားကာ အနံ့ပြင်းပြင်းဖြင့် ထိုဟင်းက စွဲမက်ဖွယ်ကောင်းနေ၏။စားပြီးသွားသောအခါ ပန်းကန်လုံးကြီးတစ်လုံးကို ခပ်ထည့်လိုက်ပြီး လဲ့ယ်ထျဲထံ ကမ်းလိုက်သည်။
Advertisement
"ဟိုအိမ်ကို သွားပို့လိုက်"
လဲ့ယ်ထျဲက နားမလည်နိုင်။ချင်မျန်က သူ မသေချာမရေရာဖြစ်နေတာကို သိပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်သည်။
"ကျွန်တော်တို့က ရွာမှာ နေဖို့ကျန်သေးတယ်၊ ဒါကြောင့် သူတို့နဲ့ တကယ်ကြီး ရန်သူသွားဖြစ်လို့မရဘူး။ လူတွေက အတင်းအဖျင်းတွေ ပြောလာမှာကို စိုးရိမ်တယ်။ဒါကြောင့် သူတို့ကို အပေါ်ယံမှာတော့ သည်းညည်းခံလိုက်တာ ကောင်းတယ်လေ။”
သို့ဖြင့် သူက လဲ့ယ်ထျဲကို မျက်စိမှိတ်ပြလိုက်ပြီး
“ဒီအချိန်မှာ လယ်ကွင်းထဲက လူတွေက တယောက်ပြီး တယောက် အိမ်ပြန်လာကြတော့မှာ။သွားမယ်ဆိုရင်လည်းလူများတဲ့နေရာကို ရွေးလျှောက်။"
လဲ့ယ်ထျဲ၏မျက်လုံးများတွင် အပြုံးယောင်ယောင်များ တစ္ဆေများလို လက်ခနဲတောက်ပသွားပြီး ချင်မျန် ၏ခေါင်းကို ထိလိုက်သည်။
ချင်မျန် သူ့နှာခေါင်းကို ပွတ်ကာ မီးဖိုခန်းထဲသို့ လှည့်ဝင်သွား၏။ “ဟက်ချိုး ....ကျွန်တော့်မှာ တခြားဟင်းချက်စရာတွေ ရှိသေးတယ်”
ဒီလအတွက် အဲဒီ့အိမ်ဟောင်းကို ပေးရမယ့် ဝမ်၁၀၀ကို အစကတည်းက ပြင်ဆင်ထားပြီးသားပါ။သို့သော် တုရှီကား ပြောင်းလဲလွယ်တဲ့ ငတုံးတစ်ယောက်ပင်။ဒီဟင်းက ဒီအချိန်မှာ ပြသာနာ(နွားသိုး)ကို အဆင်ပြေစေခဲ့ရင်တောင် နောင်အခါမှ နောက်ပြသာနာမျိုးတွေ ရှိလာနိုင်တယ်။သူ့ပါးစပ်ကို ပိတ်ဆို့ဖို့ နောက်တစ်ကြိမ်အတွက် ဝမ် ၁၀၀ ကို သိမ်းဆည်းထားသင့်တယ်။
သေချာတာပေါ့!နောက်တစ်နေ့မနက်အထိ ဟိုအိမ်ဟောင်းက ဘယ်သူမှ လာမရှာဘူး။
ချင်မျန် မနက်မိုးလင်းမှ အိပ်ရာထပေမယ့် လဲ့ယ်ထျဲကတော့ အိပ်ယာထဲမှာ မရှိတော့ဘူး။နွားမရှိသည်ကို မြင်တော့ တုန်လှုပ်သွားကာ အိမ်အပြင်သို့ အမြန်ပြေးထွက်လာခဲသည်။လယ်ထွန်ပစ္စည်းကိရိယာများ မရှိသည်ကို မြင်လိုက်ရမှသာ စိတ်သက်သာရာရသွားတော့သည်။
အခန်းထဲသို့ဝင်ခါနီးတွင် နံရံမှာကပ်၍ ထောင်ထားသည် လက်တွန်းလှည်းပုံစံဖြင့် သံမှိုတပ်ထားသည့် ပျဉ်ပြားများစွာကို တွေ့လိုက်ရသည်။သူ အံ့သြပြီး ကျေနပ်သွား၏။
မနက်စာစားပြီးသည်အထိ လဲ့ယ်ထျဲက ပြန်မလာသေးဘူး။ချင်မျန်က အစားအသောက်တွေကိုယူပြီး သူ့ဆီ ပို့ပေးဖို့ လုပ်တော့သည်။
မျှော်လင့်ထားသည့်အတိုင်း လဲ့ယ်ထျဲက လယ်ထွန်ရန် နွားကိုတိုက်တွန်းနေ၏။နွားက တကယ်ကို ယဥ်ပုံရပြီး ဘာပြသနာမှမပေးဘဲ ထယ်ကို ရှေ့ကိုဆွဲနေ၏။တစ်မူဧရိယာတစ်ဝက်ကို ထွန်ယက်ပြီးပြီပင်။
"ထျဲကော....ထမင်းစားကြရအောင်"
လဲ့ယ်ထျဲက ဇာတ်ကြိုးကို ထင်းတိုင်တွင် ချည်နှောင်ထားလိုက်သည်။
“အခန်းအပြင်ဘက်မှာ ပျဉ်ပြားတချို့ တွေ့တယ်။ လှည်းလုပ်မလို့လား?" ချင်မျန် မေးလိုက်သည်။
“ကိုယ့်မှာ ပိုက်ဆံရှိလာရင် မင်းအတွက် အသစ်ဝယ်ပေးမယ်” လဲ့ယ်ထျဲက ချင်မျန်ကို ခပ်မြန်မြန်အကြည့်တစ်ချက် ပေးလိုက်ပြီး မသဲမကွဲသောအသံဖြင့် ပြောကာ ပန်းကန်လုံးအား လှမ်းယူလိုက်သည်။
ချင်မျန်က မထိန်းနိုင်ဘဲ ရယ်ချမိသည်။ဒီအချိန်မှာ သူ ဘယ်လိုခံစားနေရလဲ မသိတော့ဘူး။သူက စကားခေါင်းစဥ်ကို ပြောင်းလိုက်သည်။"ကျွန်တော် ပြီးရင် ထန်းဟူလူကို မြို့ထဲမှာ သွားရောင်းမလို့...”
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
029:လဲ့ယ္ထ်ဲ၏သတိတရ႐ွိမႈ
လဲ့ယ္ထ်ဲသည္ ျခင္းေတာင္းကို ခ်လိုက္ၿပီး ခ်င္မ်န္လက္ထဲက ဇာတ္ႀကိဳးကို ယူကာ သစ္ပင္တြင္ ခ်ည္ေႏွာင္လိုက္၏။ထို႔ေနာက္ ေကာက္႐ိုးအခ်ိဳ႕ကို ယူေဆာင္လာခဲ့သည္။
ေရႏြားသိုးသည္ ေကာက္႐ိုးမ်ားကို ေခါင္းငုံ႔ဝါးရင္း အၿမီးေလးယမ္းကာ အရမ္းေပ်ာ္ေနပုံရသည္။
ခ်င္မ်န္က ထြက္မသြားေသးေပ။ေအာက္ကိုငုံ႔ၿပီး ေကာက္႐ိုးလက္တစ္ဆုပ္စာ ထပ္မံေကြၽးလိုက္၏။သူ လဲ့ယ္ထ်ဲဘက္လွည့္ကာ ဆိုလိုက္၏။
“လယ္ထြန္ရင္ ခင္ဗ်ားစကားနားမေထာင္မွာစိုးလို႔ သူနဲ႔ ရင္းႏွီးေအာင္ ေနသင့္တယ္”
လဲ့ယ္ထ်ဲ ထိုစကားေၾကာင့္ အံၾသသြားသည္။သူက ေကာက္႐ိုးတစ္ဆုပ္ကို ေကာက္ၿပီး ႏြားကို ေကြၽးလိုက္ကာ သူ႕လက္ဖဝါးႀကီးႀကီးကို ေျမႇာက္လိုက္ၿပီး ႏြားေခါင္းကို တင္းၾကပ္စြာ ကိုင္လိုက္သည္။
ခ်င္မ်န္က ေၾကာင္အသြားၿပီး သူ မရယ္ဘဲမေနႏိုင္ေတာ့ေပ။
“ဟားဟား.........”
သူ လဲ့ယ္ထ်ဲကို စေနတာျဖစ္ေပမယ့္လည္း...ဒီလူက အေလးအနက္ထားလိုက္လုပ္တယ္ေပါ့။
ႏြား၏သေဘာသဘာဝသည္ အမ်ားအားျဖင့္ ေပ်ာ့ၿပီး တမင္တကာ ရန္ျပဳျခင္းမ်ိဳးမျပဳလုပ္ပါက ဒုကၡျဖစ္ေစမည္မဟုတ္ေပ။
လဲ့ယ္ထ်ဲက ခ်င္မ်န္ သူ႕ကို စေနတယ္ဆိုတာကို မေရမရာ နားလည္လိုက္ၿပီ။သူ ယခင္အတိုင္း တည္ၿငိမ္ေနဆဲျဖစ္ၿပီး ခ်င္မ်န္ကို ႏူးညံ့သည့္အၾကည့္တစ္ခ်က္သာ ၾကည့္လိုက္သည္။ထြက္သြားမည့္အစား ေကာက္႐ိုးတစ္ဆုပ္ကိုထပ္မံယူကာ ႏြားသိုးေပါက္ကို ဆက္၍ေကြၽးလိုက္သည္။
ခ်င္မ်န္ သူ႕ကို ျပဳံးျပဳံးေလးၾကည့္ၿပီး ႏြားသိုးေပါက္ေလးကို အတူတူအစာေကြၽးရတာ ေၾကာင္ေတာင္ေတာင္ႏိုင္တယ္လို႔ ေယာင္ဝါးဝါး ခံစားမိေပမယ့္ တနည္းနည္းနဲ႔ ထြက္သြားဖို႔လည္း အေၾကာင္းျပခ်က္ ႐ွာမေတြ႕တာေၾကာင့္ လဲ့ယ္ထ်ဲလက္ထဲက ေကာက္႐ိုးေရာ သူ႕လက္ထဲက ေကာက္႐ိုးပါ ထည့္ေကြၽးေနၿပီး ႏြားသိုးေပါက္စားေနတာကိုသာ ၾကည့္ေနလိုက္သည္။
လ်င္ျမန္စြာ ေျပးလႊားေနတဲ့ လဲ့ယ္ခြၽင္းေထာင္သည္ အေဝးတစ္ေနရာမွ သူတို႔၏ပခုံးမ်ား တစ္ခုႏွင့္တစ္ခု ေဘးခ်င္းယွဥ္ကပ္လ်က္ ႐ွိေနသည္ကို ျမင္လိုက္ရၿပီး ထိုမွ်သာမက သူတို႔၏ေက်ာျပင္ကို ယွဥ္တြဲၾကည့္ရသည္မွာ အလြန္လိုက္ဖက္လြန္းလွသည္။
သူမ ရပ္တန္႔လိုက္ၿပီး သူမ၏လွပေသာမ်က္ႏွာထက္တြင္ ေလးေလးနက္နက္ျဖင့္ တုန္လႈပ္သြားသည့္အၾကည့္တစ္ခု လြင့္ပ်ံလာသည္။
ဤျမင္ကြင္းသည္ လူအမ်ားအား ေႏွာင့္ယွက္လိုေသာစိတ္ကို ကြယ္ေပ်ာက္ေစသည့္ ျမင္ကြင္းတစ္ခုပင္မဟုတ္လား။တကယ္ေတာ့ အစ္ကိုအႀကီးဆုံးနဲ႔ အႀကီးဆုံးမရီးတို႔ အတူတူေနထိုင္ေနၾကတာ ဘာတစ္ခုမွ အမွားအယြင္းမ႐ွိၾကသလိုပဲ။
သူမသည္ တစ္ခဏမွ် တုံ႔ဆိုင္းသြားကာ သို႔ေပမယ့္လည္း ဆက္ေျပးလိုက္၏။ "ေလာင္တာ့...မရီး!!!"
သူမ၏ခရမ္းေရာင္ ပိုးထည္စကတ္ေပၚ႐ွိ ေခါင္းေလာင္းငယ္ေလးသည္ က်ယ္ေလာင္စြာ ျမည္သံထြက္လာကာ အလြန္သာယာေလသည္။
ခ်င္မ်န္ ခ်က္ခ်င္းပင္ ေကာက္႐ိုးကို လႊင့္ပစ္လိုက္သည္။လဲ့ယ္ထ်ဲ၏ခႏၶာကိုယ္သည္လည္း တစ္ခဏမွ် ေတာင့္တင္းသြားကာ သူ႕လက္မ်ားကို မသက္မသာျဖင့္ ျပန္ခ်လိုက္ၿပီး လဲ့ယ္ခြၽင္းေထာင္ကို တစ္ခ်က္ၾကည့္လိုက္သည္။
"ညီမေလး.....မင္းဘာလို႔ဒီကိုေရာက္ေနတာလဲ?" ခ်င္မ်န္သည္ သူ႕လက္ေပၚ႐ွိ အမိႈက္မ်ားကို ပြတ္သပ္ဖယ္ခ်ကာ ယဥ္ေက်းစြာ ေမးလိုက္သည္။ယေန႔ေခတ္တြင္ အိမ္ေထာင္မျပဳေသးေသာ မိန္းကေလးမ်ားက ေယာက်္ားမ်ားႏွင့္ အလြန္နီးကပ္စြာေနျခင္း၊ အျပင္ထြက္ျခင္းမွ ေ႐ွာင္ၾကဥ္ၾကသည္ကို သူေတြ႕႐ွိခဲ့ၿပီးၿပီ။ဤအခ်ိန္က ပေဒသရာဇ္တို႔၏ဂုဏ္ၾသဇာမ်ား အေတာ္ေလး ေတာင့္တင္းကာ တင္းက်ပ္ေသာ ကာလပင္ ျဖစ္သည္။လဲ့ယ္ခြၽင္းေထာင္က သူ႕ရဲ႕အမည္ခံ ေယာင္းမျဖစ္ေသာ္လည္း အက်ိဳးဆက္ကို အာ႐ုံစိုက္သင့္ဆဲပင္။
လဲ့ယ္ခြၽင္းေထာင္က သူမ ထိုလူႏွစ္ေယာက္ကို ေႏွာင့္ယွက္မိသည္ဟု ထင္ျမင္ကာ ႐ွက္႐ြံ႕သြားခဲ့သည္။ “ဘာမွမဟုတ္ပါဘူး။ တစ္ေယာက္ေယာက္ လာႏိုင္တယ္လို႔ ေျပာခ်င္လို႔ပါ.....အစ္ကိုတို႔ကိုဒုကၡေပးဖို႔......”
သူမ စကားမ်ားမ်ားေျပာေလေလ သူမ မ်က္ႏွာေလးမွာ နီလာေလေလပင္။သူ႕အေမ၊ သူ႕ဒုတိယအစ္ကို၊ ဒုတိယမရီးနဲ႔ တတိယမရီးတို႔ ေျပာခဲ့တဲ့ ၾကမ္းတမ္းတဲ့စကားေတြကို ေတြးမိရတာ ႐ွက္စရာပဲ။ထို႔အျပင္ သူတို႔ႏွစ္ေယာက္က သူ႕အေမနဲ႔ သူ႕ဒုတိယအစ္ကိုျဖစ္ေသးတယ္။သူမက ငယ္႐ြယ္သူျဖစ္ၿပီး ေနာက္ကြယ္မွာ သူတို႔ေတြအေၾကာင္း ဘယ္လိုေျပာရမလဲ?
ဒါေပမယ့္ ေလာင္တာ့နဲ႔ မရီးကို သတိမေပးရင္လည္း သူမ စိတ္မသက္မသာခံစားရမယ္။သူမေျပာၿပီးတာနဲ႔ ေခါင္းငုံ႔ၿပီး ေျပးဖို႔ကလြဲလို႔ သူမမွာ ေ႐ြးခ်ယ္စရာမ႐ွိေတာ့ဘူး။
ခ်င္မ်န္ ႏွင့္ လဲ့ယ္ထ်ဲတို႔က သူမ ေျပာခဲ့သည့္ “တစ္စုံတစ္ေယာက္” ဆိုသည္က ဘာကိုဆိုလိုသလဲ သိၾကသည္။
လဲ့ယ္ထ်ဲ ခ်င္မ်န္ကို မသိစိတ္မွ စိုက္ၾကည့္ကာ တစ္ဖက္လူက စိတ္သက္သာရာ႐ွိေနေၾကာင္း ေတြ႕လိုက္ရ၏။ခ်င္မ်န္သည္ ၎ကို ဂ႐ုမစိုက္၍ေသာ္လည္းေကာင္း သူ႕တြင္ တန္ျပန္ယွဥ္ၿပိဳင္လိုမႈအခ်ိဳ႕႐ွိႏွင့္ၿပီးသားမို႔ ၎အတြက္ အေလးအနက္ထားမည္မဟုတ္ေပ။ႏြားကို ျပန္ၾကည့္ေတာ့ ေနာင္တအနည္းငယ္ရသလို ခံစားရျပန္၏။
ခ်င္မ်န္က အေရးႀကီးတဲ့အခ်က္ကို သတိရၿပီး "ခင္ဗ်ား ဝယ္ထားတဲ့ အိမ္ေျမေနရာက ဘယ္မွာလဲ?"
လဲ့ယ္ထ်ဲက သက္ျပင္းခ်လိုက္သည္။ခ်င္မ်န္က ဒီကိစၥကို လုံးဝ ဂ႐ုမစိုက္ဘူးလို႔ သူထင္ခဲ့တာ။
“တံခါးကို ေသာ့ခတ္လိုက္။”
ခ်င္မ်န္က တံခါးကို ေသာ့ခတ္ၿပီး ႏြားကို ၾကည့္လိုက္၏။တစ္စုံတစ္ေယာက္ ခိုးယူသြားမည္ကို သူ စိုးရိမ္မိေသာ္လည္း ေက်းလက္႐ွိလူမ်ား မည္မွ် ႐ိုး႐ွင္းၿပီး လယ္ကြင္း႐ွိ လူမ်ားစြာႏွင့္ သိပ္မေဝးေၾကာင္းကို ေတြးေတာမိသည္။ထို႔ေၾကာင့္ သူ စိုးရိမ္ပူပန္မႈကို ေလ်ာ့ခ်လိုက္ၿပီး လဲ့ယ္ထ်ဲႏွင့္အတူ ႐ြာထဲသို႔ လိုက္သြားခဲ့သည္။
႐ြာအေနာက္ဘက္သို႔ ေရာက္ရန္ အခ်ိန္မၾကာလိုက္ေပ။ေတာင္စိမ္း႐ြာ၏အိမ္ယာေျမကြက္ကို အေျခခံအားျဖင့္ အတန္းလိုက္ စံအျဖစ္ တြက္ခ်က္ႏိုင္သည္။လဲ့ယ္ထ်ဲက ႐ြာအေနာက္ဘက္႐ွိ အခန္းသုံးခန္းေဆာက္ႏိုင္မည့္ ေျမကြက္ကို ဝယ္ယူခဲ့သည္။ေျမျပင္ေပၚတြင္ လီက်န္း ေနာက္ဆုံးအႀကိမ္ တိုင္းတာခဲ့ေသာ အမွတ္အသားမ်ား ႐ွိေနေသး၏။အေ႐ွ႕ဘက္တြင္ အိမ္နီးနားခ်င္းေတြ႐ွိကာ အေနာက္ဘက္မွာေတာ့ ေနရာလြတ္ေတြနဲ႔ မနီးမေဝးမွာ ေတာအုပ္ေတြလည္း ႐ွိ၏။
ခ်င္မ်န္ လွည့္ပတ္ၾကည့္လိုက္ေတာ့ ေျမအေနအထားက တကယ္ေကာင္းတယ္လို႔ ေတြးလိုက္မိသည္။လဲ့ယ့္အိမ္ေဟာင္းသည္ ႐ြာအေ႐ွ႕ဘက္တြင္႐ွိကာ သူတို႔သာ ႐ြာအေနာက္ဘက္တြင္ ေနထိုင္ပါက သူတို႔ရန္ကေနလည္း ေ႐ွာင္လႊဲႏိုင္ၿပီး စိတ္သေဘာထားေသးသူမ်ား နည္းပါးႏိုင္သည္။ဒုတိယအေနျဖင့္ အေနာက္ဘက္တြင္ ေျမကြက္လပ္ႏွင့္ ေျမာက္ဘက္တြင္ ေျမကြက္လပ္တစ္ခုလည္း႐ွိသည္။အနာဂတ္မွာ တိုးခ်ဲ႕ဖို႔ လြယ္ကူလိမ့္မယ္။လဲ့ယ္ထ်ဲက အၾကံဥာဏ္ေကာင္း႐ွိသူတစ္ေယာက္ဟု သူခံစားမိသည္။
"ဒါ ေနရာေကာင္းပဲ"
ခ်င္မ်န္က လဲ့ယ္ထ်ဲအား ေက်နပ္ေနေသာ အၾကည့္ျဖင့္ ၾကည့္ကာေျပာသည္။
လဲ့ယ္ထ်ဲက ေခါင္းညိတ္ၿပီး “လယ္ထြန္ၿပီးရင္ ပစၥည္းေတြဝယ္ထည့္ၾကမယ္”
ခ်င္မ်န္ ေျပာလိုက္သည္။ "အစ္ကိုက်န္းက ဒီအေၾကာင္းေတြကို ပိုသိမယ္၊ အုတ္၊ ေႂကြျပားစတဲ့ ေစ်းကြက္ေပါက္ေဈးေတြအေၾကာင္း သူ႕ကို ေမးလို႔ရႏိုင္တယ္။အလွည့္စားမခံနဲ႔ေနာ္။"
“အင္း။”
အိမ္ေထာင္သည္ အမ်ိဳးသမီးတစ္ဦး၏ဦးေခါင္းသည္ နံရံတစ္ခုေနာက္တြင္ ထြက္လာခဲ့သည္။ခ်င္မ်န္ သူမကို သတိျပဳမိသြားတာေၾကာင့္ သူမသည္လည္း သူမေခါင္းကို အျမန္ျပန္ဆုတ္မီ ျပဳံးျပလိုက္သည္။
ခ်င္မ်န္က သူမသည္ သူတို႔၏အိမ္နီးခ်င္းျဖစ္မည္ဟု ယူဆခဲ့သည္။ေလာေလာဆယ္ အိမ္နီးနားခ်င္းေတြနဲ႔ အဆက္အသြယ္လုပ္စရာ မလိုေသးေတာ့ အိမ္မေဆာက္မခ်င္း ပိတ္ထားရဦးမယ္။
ႏွစ္ေယာက္သား အိမ္ကို လမ္းေလွ်ာက္ျပန္လာၾကသည္။
လဲယ္ထ်ဲက လႊႏွင့္ ေလးကို ေတာင္းတစ္လုံးထဲတြင္ထည့္ကာ သူ႕ေနာက္ေက်ာတြင္ ထမ္းလိုက္ၿပီး "ခ်င္းဇီ....ကိုယ္ ေတာင္ေပၚတက္လိုက္ဦးမယ္"
က်န္တာ ဘာမွထပ္မေျပာေတာ့ဘဲ ထြက္သြားခဲ့သည္။
ခ်င္မ်န္ကလည္း ဆက္မေမးေတာ့ဘဲ စပါးေစ့ေတြကို တစ္ဖက္ျပန္အေျခာက္လွန္းရန္အတြက္ သစ္သားထြန္ျခစ္ကို ယူလာရင္း ေပါ့ေပါ့ပါးပါး ေျပာလိုက္သည္။ “သတိထားသြား”
ထို႔ေၾကာင့္ ခ်င္မ်န္သည္ကား ထိုစကားႏွစ္လုံးကိုၾကားလိုက္ေတာ့ လဲ့ယ္ထ်ဲ၏ခႏၶာကိုယ္ တုန္လႈပ္သြားသည္ကို သတိမထားမိလိုက္ေပ။သူထြက္မသြားခင္
ခ်င္မ်န္ကို ျပန္ၾကည့္လိုက္သည္။သူ႕မ်က္လုံးထဲ႐ွိ အမူအရာက အရင္ကထက္ ပိုနက္႐ိႈင္းလာ၏။
ခ်င္မ်န္သည္ ညေနခင္းတြင္ သူစားလိုေသာ ဟင္းသီးဟင္း႐ြက္မ်ားကို ေ႐ြးရန္ဟင္း႐ြက္ခင္းထဲသို႔ သြားခဲ့သည္။
သူအိမ္ျပန္ေရာက္ေသာအခါ "တစ္စုံတစ္ဦး" သည္အျပစ္တင္ရန္လာထားသည္ကိုမေတြ႕ရတာက မထင္မွတ္ေလာက္ေအာင္ အံၾသစရာပင္။
တု႐ွီ၊ က်ိဳး႐ွီ ႏွင့္ အျခားသူေတြက စိတ္ဆိုးစရာကိစၥမ်ား မလုပ္လာဘူးဆိုမွေတာ့ သူ သက္ေတာင့္သက္သာေနရန္ အခြင့္အေရးကို အလြယ္တကူ အသုံးခ်ခဲ့သည္။လွည့္ၾကည့္လိုက္ေတာ့ ေျမျပင္ေပၚတြင္ ေဟာ္သြန္းအသီးေတြ နဲ႔ ပန္းသီးေတြကို ေတြ႕လိုက္ရသည္။
Advertisement
- In Serial305 Chapters
Descendants of a Dead Earth
In the future, Man has traveled the Cosmos. In the future, Man has discovered many other races. In the future...Man has no home. 200 years after the great war that destroyed Earth, humanity struggles to survive; fractured, divided, wanted by no one. Until Maggie, of the Tinker Clan, makes a discovery, setting in motion a chain of events that could change everything.
8 6647 - In Serial29 Chapters
I Was Reincarnated Into A Harem Game As A Villain, Please Stay Away I'm Gay! V1
I reincarnated into a harem game that my best friend loves, my past memories are of a young gay man that was killed tragically by a drunk driver. I am now Yuki Aikyo a young aristocrat and main villain in the game Romance Fantasy ++ My fiance is the main capture target, she is pretty, spirited and wonderful... It’s too bad I like men! Please let me finish high school without being left destitute by the male lead! Please note, this book contains a gay character or two ( no sex scenes or explicate material, however). If you are homophobic I do not recommend this book. Currently voted in top 100 on web novel: https://www.webnovel.com/book/11490900806393805/I-Was-Reincarnated-Into-A-Harem-Game-As-A-Villain%2C-Please-Stay-Away-I'm-Gay!There have been a few random 0.5 ratings from what I can only assume are from people who don't like a gay mc or dislike the genre. I just ask that you read and judge the book for yourself.
8 128 - In Serial9 Chapters
The Tale of the 13th Battalion
In the world of Xeil of the continent known as Voreson lies the 3 nations that have stood tall in the ,The Harsh and unforgiving lands full of creatures and humanoid beings that poses threat to each nation.This tale belongs to the 13th Battalion of the Sovereignty of Merlon as we unfold their stories on what happen during their days at the backside borders of their beloved land and their hardships that comes along with it. And forces that defies normality.
8 109 - In Serial26 Chapters
I'll become your Knight
Haruto Koboyashi becomes a knight in order to protect those around him and prevent war. He finds out that he holds a power that can help him with his mission. His main goal, to become so powerful that others won't be able to fight back.
8 149 - In Serial75 Chapters
Dawn Avante — The Record of Otherworld’s Cosmic War
The young man remembered. Through flames and ocean, he fought, all to be the symbol of hope. He started with a fist, then a gun, now a psychic blade. Some say the merging of his planet with this beautiful hell was a curse — that the Earth was doomed. As an optimist, he disagreed. They weren’t merged into a world with monsters and tyrants. The monsters were locked in the same world with a hero. What happened next was a tale as old as time. A sound of fighting was heard in the distance. He felt the presence of an old foe and several old burdens. It appeared Chronicler’s victory didn’t drill the lesson into that psychopath’s brain. Fine. He stood. He didn’t mind hard-carrying those idiots on his shoulder again. The hero vanished in the blur, speeding to save the day. … How did we get here? Well, let's go back a few hours before shit hits the fan. To a young porter who didn’t know that fate had a greater plan for him. Plans which involved comic wars, slaying outer-gods, and grenades. So. Many. Grenades.
8 383 - In Serial45 Chapters
Idealism
Why am I even writing this Anyways I woke in a frenzy of enthusiasm and energy much like Karkat whenever he's embarassed or somesuch but whatever I can do whatever I want so I'm gonna write a story fueled by hate and rage and see if you like it becuase I know I sure won't total amateur here but whatever Jane Crocker don't you go and establish either a fascist regime or control the entire political climate but whatever, I can do whatever I want so here you go "Idealism" :the unrealistic belief in or pursuit of perfection The world probably can't be perfect but I shall write an unrealistic story on how it could be driven towards perfection I tagged it as Contemporary but if you look it up it shouldn't be tagged as such because this isn't believable at all
8 222

