《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[24]
Advertisement
[Unicode]
024:သစ်ခုတ်ရန် တောင်ပေါ်သို့တက်ခြင်း
“အောက်အီးအီးအွတ်..........”
မနက်အစောကြီးပင် ရွာထဲရှိ ကြက်ဖတွေသည် တစ်ကောင်ပြီးတစ်ကောင် မြန်တွန်နေကြ၏။ချင်မျန်က သမ်းဝေရင်း မှုန်ဝါးဝါးမျက်လုံးတွေကို ဖွင့်လိုက်သည်။သူ့မျက်လုံးဖွင့်ဖွင့်ချင်းပင် သူ့မျက်ဝန်းထဲမှာ ယောက်ျားတစ်ယောက်ရဲ့ခါးကို ပွေ့ဖက်ထားသည်ကို မြင်လိုက်ရာ တုန်လှုပ်ချောက်ချားသွားပြီး ဝေခွဲမရဖြစ်မှုတွေက မျက်ဝန်းထဲတွင် အရိပ်ထင်ကျန်ခဲ့သည်။ရုတ်တရက် ခေါင်းကို မော့ကြည့်လိုက်တော့ တောက်ပကြည်လင်ပြီးတည်ငြိမ်တဲ့ မျက်ဝန်းတစ်စုံနှင့် ရင်ဆိုင်လိုက်ရသည်။
"ကျွန်တော်ကိုယ်တိုင် ခင်ဗျားဆီတိုးလာခဲ့တာလား?" ချင်မျန်က မေးလိုက်၏။
လဲ့ယ်ထျဲက ခေါင်းညိတ်လိုက်သည်။ပထမအကြိမ် ကြက်ဖတွန်ကတည်းက ထဖို့လုပ်သော်လည်း တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားခံရခြင်းသာ။
"တကယ်လား?"
လဲ့ယ်ထျဲက ခေါင်းညိတ်ပြပြန်သည်။
"ဒါဆို စိတ်မရှိဘူးမလား?" ချင်မျန်က သူ့မျက်လုံးတွေကို မှေးကျဥ်းထားလိုက်သည်။
လဲ့ယ်ထျဲက ခေါင်းကိုအနည်းငယ်ခါယမ်းရင်း ငြိမ်သက်သွား၏။
ချင်မျန်သည် သူ့လက်တွေကို တည်ငြိမ်စွာ ဖယ်ပေးလိုက်ပြီး ထထိုင်လိုက်သည်။ “ဒါဆို တော်သေးတာပေါ့”
သူ့မှာ ငယ်ငယ်လေးကတည်းက မိဘေတွမရှိတာကြောင့် မလုံခြုံသလိုခံစားရပြီး အိပ်ပျော်သွားတဲ့အချိန်တိုင်း ကွေးလျက် တစ်စုံတစ်ရာကို ဖယ်တွယ်ထားရတာကို သဘောကျခဲ့သည်။သူစိမ်းယောက်နဲ့ အိပ်တာက ဒီပြဿနာကနေ လွတ်မြောက်မယ်လို့ သူထင်ခဲ့ပေမယ့်လည်း အကျင့်နဲ့ပင်ကိုယ်ဗီဇက လွှမ်းမိုးထားဆဲပင်။
သေတ္တာကိုဖွင့်ကာ ခြေအိတ်ယူလိုက်ပြီး လဲ့ယ်ထျဲဆီသို့ အကြီးတစ်ရံပစ်ချပေးရင်း သူ ခြေအိတ်အသစ်နှင့် ဖိနပ်အသစ်ကို ဝတ်လိုက်သည်။မျက်နှာကို သစ်ပြီးသွားတော့မှ အပြည့်အဝခေါင်းကြည်သွားရတော့ှ။လဲ့ယ်ထျဲက ခြေအိတ်တွေကို ယူဝတ်လိုက်သည်။
နှစ်ယောက်သား သူ့အလုပ်သူ လုံ့လအားထုတ်ကာ ကျေပွန်စွာဆောင်ရွက်ခဲ့သည်။ချင်မျန်က မီးမွှေးပြီး မနက်စာပြင်ဆင်၏။လဲ့ယ်ထျဲက တံမြက်စည်းတစ်ချောင်းကိုယူကာ ဝင်ပေါက်ရှိ မြေပြင်ကျယ်ကို သန့်ရှင်းလိုက်သည်။သူသည် ဆန်အိတ်များစွာကို ထုတ်၍ မြေကြီးပေါ်တွင် ဖြန့်ခင်းလိုက်သောကြောင့် ရွှေရောင်တောက်ပပြီး ရွှန်းလဲ့နေတော့သည်။စပါးစေ့၏လတ်ဆတ်မှုသည် နောက်ပိုင်းရောက်လာလေလေ ပြည့်လျှံထွက်လာပြီး နံနက်ခင်းလေထု၏အနံ့အသက်တွေက ပိုကောင်းလာစေသည်။
မနက်စာက အသီးအရွက်ပန်ကိတ်အနည်းငယ်နှင့် အလွတ်ဆန်ပြုတ်သာ။
“ရွာထဲမှာ ရိုးသားပြီးလိမ္မာတဲ့ ကလေးတွေ ရှိလား?” ချင်မျန်က အသီးအရွက်ပန်ကိတ်ကို တစ်ကိုက်စားလိုက်ပြီး မြေပြင်ပေါ်ရှိ ဆန်စေ့များကို ကြည့်လိုက်သည်။ရွှေဝါရောင်သည် နေရောင်အောက်တွင် ပြိုးပြိုးပြက်ပြက် လက်နေ၏။
လဲ့ယ်ထျဲက နားလည်သွားလေပြီ။ “စပါးစေ့တွေကို ကြည့်ခိုင်းဖို့လား?"
“ဒီကလေးတွေက အိမ်မှာ အလုပ်ကြီးတွေကို မလုပ်နိုင်ပေမယ့် ဆန်စေ့တွေကို ကြည့်ဖို့လောက်တော့ သူတို့ လုပ်နိုင်ပါတယ်။လိမ္မာတဲ့ ကလေးတစ်ယောက်ကို ရှာပြီးတော့ မြို့ထဲကနေ မုန့်သရေစာတစ်ချို့ကို ဝယ်လာပေးပြီး ကျွေးလိုက်မယ်" ချင်မျန်က ဆန်ပြုတ်ကို တစ်ချက် မြည်းစမ်းကြည့်ပြီး မပူတော့မှ တစ်ကျိုက်ထဲ သောက်ချလိုက်သည်။
လဲ့ယ်ထျဲက ပြောလိုက်၏။ “ပြီးရင် စပါးကျီမြေကို သွားကြည်လိုက်မယ်။”
မနက်စာစားပြီးတာနဲ့ တံခါးကို သော့ခတ်ပြီး ထွက်သွားကြ၏။လဲ့ယ်ထျဲက လွှတစ်ချောင်း၊ကြိုးတစ်စည်းနဲ့ သူ့လေးကို ယူကာ ချင်မျန်က ခြင်းတောင်းကို ကျောပေါ်ထမ်းရွက်ထား၏။တောရိုင်းဟင်းသီးဟင်းရွက်အချို့ကိုသာမက တောင်ပေါ်ရှိ တောရိုင်းအသီးအနှံအချို့ကို ခူးယူဖို့ပင်။
စပါးကျီမြေကား စည်ကားနေဆဲ။လူကြီးများက စပါးကို စပါးခွံချွတ်နေရင်း အလုပ်များနေကြသည်။ကလေးငယ်များသည်လည်း စပါးကျီမြေတွင် ပြေးလွှားဆော့ကစားနေကြပြီး အချို့မှာ ကောက်ရိုးပုံနောက်ကွယ်တွင် ပုန်းအောင်းကစားရင်း ရယ်မောနေကြသည်။ဆိုးသွမ်းသည့်ကလေးများကမူ ဖြန့်ခင်းထားသော စပါးစေ့များပေါ်တွင် ကျွမ်းပစ်ပြိုင်ပွဲများဖြင့် ယှဥ်ပြိုင်ဆော့ကစားနေပြီး မကြာခဏ ရယ်မောရင်း ချွေးထွက်နေကြလျှင်တောင် ပူတာမျိုးတွေမရှိကြပေ။
ချင်မျန်သည် ခုနစ်နှစ်၊ရှစ်နှစ်ခန့်အရွယ်ရှိပြီး လိမ္မာရေခြားရှိမည့် ကလေးငယ်တစ်ဦးအား ထောင့်စွန်းတွင် တွေ့လိုက်ရပြီး တစ်ယောက်တည်းဒူးထောက်ထိုင်ကာ ငြီးငွေ့နေပုံပေါ်သည်။အဲဒါနဲ့ ကောင်လေးကို လှမ်းခေါ်လိုက်၏။
ကောင်လေးက တအံ့တသြနဲ့ ပြေးလာပြီး မျက်တောင်တခတ်ခတ်ဖြင့် သူ့ကို မယုံမရဲနဲ့ကြည့်နေသည်။
ချင်မျန်က သူ့ကို ညင်သာစွာ ပြုံးပြပြီး "မင်း နာမည်ဘယ်လိုခေါ်လဲ?"
"ရှောင်ဟူ" အနီးနားတွင် ရင်းနှီးနေသည့် ရွာသားများ ရှိသောကြောင့် ရှောင်ဟူသည်ကား လုံးဝ ရှက်ရွံ့နေသည်တော့မဟုတ်ပေ။သူက ရိုးရိုးသားသားဖြေလိုက်သည်။
ချင်မျန်က ထပ်မေးလိုက်သည်။"ရှောင်ဟူ.... သရေစာစားချင်လား?"
ကောင်လေးက ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းညိတ်ပြပေမယ့် အရသာရှိတဲ့ သရေစာတွေကို တွေးကြည့်မိတော့ သူ့မျက်လုံးတွေကနေ လိုချင်စိတ်တွေ ပေါ်လာရသည်။
“အစ်ကိုကြီးတို့က ရွာနောက်က အိမ်ဟောင်းလေးမှာ နေတဲ့သူတွေပါ။မင်း အစ်ကိုကြီးတို့အတွက် တစ်ခုခုလုပ်ပေးရင် မုန့်သရေစာ ပေးမယ်လေ" ချင်မျန်က ပြောသည်။
လဲ့ယ်ထျဲသည် ကလေးတစ်ယောက်ကို ဖြားယောင်းသွေးဆောင်နေသည့် ချင်မျန်ကို တိတ်ဆိတ်စွာ ကြည့်နေ၏။
ရှောင်ဟူ၏မျက်လုံးများက တောက်ပသွားသော်လည်း အနည်းငယ် သံသယဖြစ်မိသည်။ "တကယ်လား?"
"တကယ်ပေါ့!" ချင်မျန်က စိတ်ရှည်ရှည်နဲ့ ထပ်ပြောလိုက်သည်။ “အစ်ကိုကြီးတို့က တောင်ပေါ်မှာ သစ်ပင်တွေကို သွားခုတ်ရမှာမလို့လေ။စပါးစေ့ကို အပြင်မှာကြည့်ဖို့ ကူညီပေးမယ့်သူ လိုချင်နေတာ။မင်းကူညီရင် မြို့ထဲကနေ မုန့်သရေစာတစ်ထုပ်ကို ဝယ်ကျွေးမယ်။မင်းအဖေနဲ့အမေရော ဒီမှာရှိလား?သူတို့ဆီကနေ ခွင့်ပြုချက်တောင်းလိုက်။”
“ခဏစောင့်နော်” ရှောင်ဟူသည် အသက်သုံးဆယ်ကျော်ခန့်ရှိ အသားမည်းမည်း အမျိုးသားတစ်ဦးထံသို့ ပြေးသွားရင်း ချင်မျန်နှင့် လဲ့ယ်ထျဲတို့ မရှိတော့မည်ကို စိုးရိမ်နေသကဲ့သို့ နောက်သို့ လှည့်ကြည့် လှည့်ကြည့်လုပ်နေသည်။
ထိုလူက သူတို့ရှိရာကိုကြည့်ကာ ရှောင်ဟူကို ခေါင်းညိတ်ပြလိုက်သည်။
ရှောင်ဟူသည် ချက်ချင်းပင် ပျော်ရွှင်သွားသော အပြုံးဖြင့် အမြောက်ကျည်ဆန်တစ်ခုကဲ့သို့ ပြေးလာခဲ့သည်။
"အဖေက ခွင့်ပြုတယ်!"
ချင်မျန်က အဲဒီလူကို ခေါင်းညိတ်ပြပြီး ရှောင်ဟူကို ခေါ်သွားလိုက်သည်။ရှောင်ဟူကို သူ့အိမ်တံခါးမှာထားခဲ့ပြီး ငှက်တွေနဲ့ ကြက်တွေ မစားစေဖို့ ပြောခဲ့ပြီး သူ့အတွက် ကုလားထိုင်တစ်လုံးကို ယူလာပေးခဲ့သည်။
Advertisement
ရှောင်ဟူသည်ကား ကုလားထိုင်ပေါ်တွင်ထိုင်ကာ ခြေထောက်သေးသေးလေးများကိုယမ်းလျက် လူကြီးလေးတစ်ယောက်လို လက်ကိုဝှေ့ယမ်းပြရင်း "စိတ်မပူပါနဲ့!သား အစ်ကိုကြီးတို့ကို ကတိပေးထားတဲ့အတိုင်း လုပ်မှာပါ!"
ချင်မျန်က ရယ်မောလိုက်မိပြီး လဲ့ယ်ထျဲနှင့်အတူ တောင်နောက်ဘက်သို့ ထွက်ခွာသွားခဲ့သည်။
ဤတောင်ကို မိုးတိမ်ထိတောင်ဟု ခေါ်တွင်ပြီး အနီးနားပတ်ဝန်းကျင်မှာတော့ အမြင့်ဆုံးတောင်ပင်။မြင့်ပြီး မတ်စောက်၏။ကောင်းကင်ကို ထိုးဖောက်ဝင်တော့မယောင်ယောင်။ထို့ကြောင့် မိုးတိမ်ထိတောင်ဟု အမည်တွင်ခြင်းပင်။တောရိုင်းတိရိစ္ဆာန်တွေအပြင် သစ်ပင်တွေနဲ့ စိမ်းလန်းစိုပြေနေတာကြောင့် ရွာသားတွေက ဒီနေရာကို မလာရဲကြဘဲ သတ္တိရှိတဲ့ မုဆိုးတွေသာ တောတွင်းထဲကို နက်နဲစွာ သွားလာရဲကြသည်။
တောထဲသို့ဝင်လိုက်သည်နှင့် ထူထပ်သောသစ်ရွက်များသည် နေရောင်ကိုပိတ်ဆို့ထားကာ အလင်းရောင်မှိန်မှိန်နှင့် ချင်မျန်တစ်ယောက် တုန်ရီသွားသည့်အထိ အပူချိန်မှာ ဒီဂရီအနည်းငယ်အောက် နိမ့်ဆင်းသွားသည်။တောင်ပေါ်ရှိလမ်းသည် သွားလာရမလွယ်ကူသဖြင့် ပေါင်းပင်များ ထူထပ်ကာ အချို့နေရာများတွင် တစ်နှစ်ပတ်လုံး နေရောင်မရှိနေပေ။နံနက်ခင်း နှင်းများနှင့် ဆောင်းဦးရာသီတွင် မြူခိုးများ တက်နေသဖြင့် မြေဆီလွှာ စိုစွတ်လာကာ ချော်ထွက်လွယ်သည်။
လဲ့ယ်ထျဲက အတွေ့အကြုံရှိတာကြောင့် မညီမညာ
သည့် မြေနေရာကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခဲ့ပြီး ဘေးကင်းလုံခြုံစွာ လမ်းလျှောက်နိုင်ခဲ့သည်။သူလမ်းပြရင်း ချင်မျန်က သူ့ခြေရာအတိုင်းလိုက်ကာ ရတနာအချို့ကို ရှာတွေ့ရန် မျှော်လင့်ချက်ဖြင့် ပတ်ကြည့်နေလိုက်သည်။သူ့အတွက်ကတော့ ဒီတောင်က စူးစမ်းရှာဖွေဖို့ စောင့်နေတဲ့ ရတနာတစ်ခုပါပဲ။တောထဲက ငှက်ကလေးတွေကလည်း တီးတိုးသံနဲ့အတူ နိုးထလာကြပြီး မနက်ခင်းသစ်တောထဲက အသံတွေမှာ ကြည်လင်ပြီး ကဗျာဆန်လှ၏။
လဲ့ယ်ထျဲသည် ဖြည်းညှင်းစွာ လျှောက်လှမ်းနေရင်း ရံဖန်ရံခါ လှည့်ကြည့်နေသည်။
"လဲ့ယ်ထျဲ...ခင်ဗျားဘယ်အပင်ကိုခုတ်မှာလဲ?"
ချင်မျန်ကိုယ်တိုင်က ရွှင်ရွှင်မြူးမြူးနေတတ်သူတစ်ယောက်ပင်။သူ ပြောစရာမယ်မယ်ရရ မရှိတော့ စကားစမြည်ပြောရန် အကြောင်းအရာတစ်ခုကို ရှာတွေ့ခဲ့သည်။
လဲ့ယ်ထျဲက ပြောလိုက်၏။ “ဘာလို့ ထျဲကောလို့ မခေါ်တာလဲ?"
ချင်မျန်က သူ့ဘာသာသူ ရေရွတ်ရင်း...'အရင်ဘဝတုန်းကဆို ငါက မင်းထက်တောင် သုံးနှစ်ကြီးတယ်ကွ!'ဒါပေမယ့် သေချာပါတယ်။သူဒီလိုပြောလို့မရဘူးလေ။
"ဘာလို့လဲဆိုတော့..အား!!"
ချင်မျန်သည် မြက်ခင်းပြင်ပေါ်က မနက်ခင်းနှင်းရည်ကြောင့် ခဏတာမျှလွတ်ထွက်သွားသည်။သူ့ခြေထောက်တွေက ချော်ထွက်သွားပြီး လူတစ်ကိုယ်လုံးလည်း နောက်ပြန်လဲကျသွား၏။
လဲ့ယ်ထျဲက သူ့လက်ကို အမြန်ဆွဲကိုင်လိုက်ပြီး သူ့ရင်ခွင်ထဲကို ဆွဲသွင်းလိုက်ကာ နောက်လက်တစ်ဖက်ကို ခါးတွင်ပတ်ထားလိုက်သည်။
ချင်မျန်ရဲ့မျက်နှာက သူ့ရင်ဘတ်နှင့် ဆောင့်မိသွား၏။ မတ်တတ်ပြန်ရပ်ပြီးနောက် ခြေလှမ်းများစွာအကွာရှိ မတ်စောက်သည့်တောင်စောင်းနှင့် သစ်ပင်ကြီးအား ပြန်ကြည့်ရာ အနည်းငယ် ကြောက်ရွံ့မိသွားသည်။သူ့ရဲ့ သေးငယ်တဲ့ခန္ဓာကိုယ်လေးက ပြုတ်ကျသွားရင် ဒဏ်ရာအပြင်းအထန်ရသွားလိမ့်မယ်။
လဲ့ယ်ထျဲက သူ့ကိုလွှတ်လိုက်ပြီး သူ့လက်ကို ဆုပ်ကိုင်ထားလိုက်ကာ ရှေ့ဆက်သွားလိုက်သည်။
ချင်မျန်က သူ့လက်ကို ပြန်မဆွဲနိုင်သဖြင့် လဲ့ယ်ထျဲနောက်သို့ မလိုက်ချင်လိုက်ချင်ဖြင့် လိုက်သွားခဲ့ရသည်။သူ့လက်ပေါ်မှ အပူဒဏ်ကို ခံစားရင်း သူ့စိတ်ထဲတွင်လည်း ထပ်တလဲလဲ ထပ်ခါထပ်ခါ ပြောနေ၏ - ငါက ကလေးပဲရှိသေးတယ်!ငါက ကလေးပဲ ရှိသေးတယ်!!
"စကားမစပ်...ဘယ်လိုသစ်ပင်ကို ခုတ်မှာလဲဆိုတာကို မဖြေသေးဘူးလားလို့?ကျွန်တော်သိသလောက်တော့ သစ်သားအားလုံးက လက်မှုထည်လုပ်ဖို့အတွက် မသင့်တော်ဘူး” ချင်မျန်က
လဲ့ယ်ထျဲ မေးထားသည့်မေးခွန်းကိုတော့ဖြင့် အလိုအလျောက် လျစ်လျူရှုထားလိုက်သည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
024:သစ္ခုတ္ရန္ ေတာင္ေပၚသို႔တက္ျခင္း
“ေအာက္အီးအီးအြတ္..........”
မနက္အေစာႀကီးပင္ ႐ြာထဲ႐ွိ ၾကက္ဖေတြသည္ တစ္ေကာင္ၿပီးတစ္ေကာင္ ျမန္တြန္ေနၾက၏။ခ်င္မ်န္က သမ္းေဝရင္း မႈန္ဝါးဝါးမ်က္လုံးေတြကို ဖြင့္လိုက္သည္။သူ႕မ်က္လုံးဖြင့္ဖြင့္ခ်င္းပင္ သူ႕မ်က္ဝန္းထဲမွာ ေယာက်္ားတစ္ေယာက္ရဲ႕ခါးကို ေပြ႕ဖက္ထားသည္ကို ျမင္လိုက္ရာ တုန္လႈပ္ေခ်ာက္ခ်ားသြားၿပီး ေဝခြဲမရျဖစ္မႈေတြက မ်က္ဝန္းထဲတြင္ အရိပ္ထင္က်န္ခဲ့သည္။႐ုတ္တရက္ ေခါင္းကို ေမာ့ၾကည့္လိုက္ေတာ့ ေတာက္ပၾကည္လင္ၿပီးတည္ၿငိမ္တဲ့ မ်က္ဝန္းတစ္စုံႏွင့္ ရင္ဆိုင္လိုက္ရသည္။
"ကြၽန္ေတာ္ကိုယ္တိုင္ ခင္ဗ်ားဆီတိုးလာခဲ့တာလား?" ခ်င္မ်န္က ေမးလိုက္၏။
လဲ့ယ္ထ်ဲက ေခါင္းညိတ္လိုက္သည္။ပထမအႀကိမ္ ၾကက္ဖတြန္ကတည္းက ထဖို႔လုပ္ေသာ္လည္း တင္းတင္းၾကပ္ၾကပ္ ဖက္တြယ္ထားခံရျခင္းသာ။
"တကယ္လား?"
လဲ့ယ္ထ်ဲက ေခါင္းညိတ္ျပျပန္သည္။
"ဒါဆို စိတ္မ႐ွိဘူးမလား?" ခ်င္မ်န္က သူ႕မ်က္လုံးေတြကို ေမွးက်ဥ္းထားလိုက္သည္။
လဲ့ယ္ထ်ဲက ေခါင္းကိုအနည္းငယ္ခါယမ္းရင္း ၿငိမ္သက္သြား၏။
ခ်င္မ်န္သည္ သူ႕လက္ေတြကို တည္ၿငိမ္စြာ ဖယ္ေပးလိုက္ၿပီး ထထိုင္လိုက္သည္။ “ဒါဆို ေတာ္ေသးတာေပါ့”
သူ႕မွာ ငယ္ငယ္ေလးကတည္းက မိေဘတြမ႐ွိတာေၾကာင့္ မလုံျခဳံသလိုခံစားရၿပီး အိပ္ေပ်ာ္သြားတဲ့အခ်ိန္တိုင္း ေကြးလ်က္ တစ္စုံတစ္ရာကို ဖယ္တြယ္ထားရတာကို သေဘာက်ခဲ့သည္။သူစိမ္းေယာက္နဲ႔ အိပ္တာက ဒီျပႆနာကေန လြတ္ေျမာက္မယ္လို႔ သူထင္ခဲ့ေပမယ့္လည္း အက်င့္နဲ႔ပင္ကိုယ္ဗီဇက လႊမ္းမိုးထားဆဲပင္။
ေသတၱာကိုဖြင့္ကာ ေျခအိတ္ယူလိုက္ၿပီး လဲ့ယ္ထ်ဲဆီသို႔ အႀကီးတစ္ရံပစ္ခ်ေပးရင္း သူ ေျခအိတ္အသစ္ႏွင့္ ဖိနပ္အသစ္ကို ဝတ္လိုက္သည္။မ်က္ႏွာကို သစ္ၿပီးသြားေတာ့မွ အျပည့္အဝေခါင္းၾကည္သြားရေတာ့ွ။လဲ့ယ္ထ်ဲက ေျခအိတ္ေတြကို ယူဝတ္လိုက္သည္။
ႏွစ္ေယာက္သား သူ႕အလုပ္သူ လုံ႔လအားထုတ္ကာ ေက်ပြန္စြာေဆာင္႐ြက္ခဲ့သည္။ခ်င္မ်န္က မီးေမႊးၿပီး မနက္စာျပင္ဆင္၏။လဲ့ယ္ထ်ဲက တံျမက္စည္းတစ္ေခ်ာင္းကိုယူကာ ဝင္ေပါက္႐ွိ ေျမျပင္က်ယ္ကို သန္႔႐ွင္းလိုက္သည္။သူသည္ ဆန္အိတ္မ်ားစြာကို ထုတ္၍ ေျမႀကီးေပၚတြင္ ျဖန္႔ခင္းလိုက္ေသာေၾကာင့္ ေ႐ႊေရာင္ေတာက္ပၿပီး ႐ႊန္းလဲ့ေနေတာ့သည္။စပါးေစ့၏လတ္ဆတ္မႈသည္ ေနာက္ပိုင္းေရာက္လာေလေလ ျပည့္လွ်ံထြက္လာၿပီး နံနက္ခင္းေလထု၏အနံ႔အသက္ေတြက ပိုေကာင္းလာေစသည္။
မနက္စာက အသီးအ႐ြက္ပန္ကိတ္အနည္းငယ္ႏွင့္ အလြတ္ဆန္ျပဳတ္သာ။
“႐ြာထဲမွာ ႐ိုးသားၿပီးလိမၼာတဲ့ ကေလးေတြ ႐ွိလား?” ခ်င္မ်န္က အသီးအ႐ြက္ပန္ကိတ္ကို တစ္ကိုက္စားလိုက္ၿပီး ေျမျပင္ေပၚ႐ွိ ဆန္ေစ့မ်ားကို ၾကည့္လိုက္သည္။ေ႐ႊဝါေရာင္သည္ ေနေရာင္ေအာက္တြင္ ၿပိဳးၿပိဳးျပက္ျပက္ လက္ေန၏။
Advertisement
လဲ့ယ္ထ်ဲက နားလည္သြားေလၿပီ။ “စပါးေစ့ေတြကို ၾကည့္ခိုင္းဖို႔လား?"
“ဒီကေလးေတြက အိမ္မွာ အလုပ္ႀကီးေတြကို မလုပ္ႏိုင္ေပမယ့္ ဆန္ေစ့ေတြကို ၾကည့္ဖို႔ေလာက္ေတာ့ သူတို႔ လုပ္ႏိုင္ပါတယ္။လိမၼာတဲ့ ကေလးတစ္ေယာက္ကို ႐ွာၿပီးေတာ့ ၿမိဳ႕ထဲကေန မုန္႔သေရစာတစ္ခ်ိဳ႕ကို ဝယ္လာေပးၿပီး ေကြၽးလိုက္မယ္" ခ်င္မ်န္က ဆန္ျပဳတ္ကို တစ္ခ်က္ ျမည္းစမ္းၾကည့္ၿပီး မပူေတာ့မွ တစ္က်ိဳက္ထဲ ေသာက္ခ်လိုက္သည္။
လဲ့ယ္ထ်ဲက ေျပာလိုက္၏။ “ၿပီးရင္ စပါးက်ီေျမကို သြားၾကည္လိုက္မယ္။”
မနက္စာစားၿပီးတာနဲ႔ တံခါးကို ေသာ့ခတ္ၿပီး ထြက္သြားၾက၏။လဲ့ယ္ထ်ဲက လႊတစ္ေခ်ာင္း၊ႀကိဳးတစ္စည္းနဲ႔ သူ႕ေလးကို ယူကာ ခ်င္မ်န္က ျခင္းေတာင္းကို ေက်ာေပၚထမ္း႐ြက္ထား၏။ေတာ႐ိုင္းဟင္းသီးဟင္း႐ြက္အခ်ိဳ႕ကိုသာမက ေတာင္ေပၚ႐ွိ ေတာ႐ိုင္းအသီးအႏွံအခ်ိဳ႕ကို ခူးယူဖို႔ပင္။
စပါးက်ီေျမကား စည္ကားေနဆဲ။လူႀကီးမ်ားက စပါးကို စပါးခြံခြၽတ္ေနရင္း အလုပ္မ်ားေနၾကသည္။ကေလးငယ္မ်ားသည္လည္း စပါးက်ီေျမတြင္ ေျပးလႊားေဆာ့ကစားေနၾကၿပီး အခ်ိဳ႕မွာ ေကာက္႐ိုးပုံေနာက္ကြယ္တြင္ ပုန္းေအာင္းကစားရင္း ရယ္ေမာေနၾကသည္။ဆိုးသြမ္းသည့္ကေလးမ်ားကမူ ျဖန္႔ခင္းထားေသာ စပါးေစ့မ်ားေပၚတြင္ ကြၽမ္းပစ္ၿပိဳင္ပြဲမ်ားျဖင့္ ယွဥ္ၿပိဳင္ေဆာ့ကစားေနၿပီး မၾကာခဏ ရယ္ေမာရင္း ေခြၽးထြက္ေနၾကလွ်င္ေတာင္ ပူတာမ်ိဳးေတြမ႐ွိၾကေပ။
ခ်င္မ်န္သည္ ခုနစ္ႏွစ္၊႐ွစ္ႏွစ္ခန္႔အ႐ြယ္႐ွိၿပီး လိမၼာေရျခား႐ွိမည့္ ကေလးငယ္တစ္ဦးအား ေထာင့္စြန္းတြင္ ေတြ႕လိုက္ရၿပီး တစ္ေယာက္တည္းဒူးေထာက္ထိုင္ကာ ၿငီးေငြ႕ေနပုံေပၚသည္။အဲဒါနဲ႔ ေကာင္ေလးကို လွမ္းေခၚလိုက္၏။
ေကာင္ေလးက တအံ့တၾသနဲ႔ ေျပးလာၿပီး မ်က္ေတာင္တခတ္ခတ္ျဖင့္ သူ႕ကို မယုံမရဲနဲ႔ၾကည့္ေနသည္။
ခ်င္မ်န္က သူ႕ကို ညင္သာစြာ ျပဳံးျပၿပီး "မင္း နာမည္ဘယ္လိုေခၚလဲ?"
"ေ႐ွာင္ဟူ" အနီးနားတြင္ ရင္းႏွီးေနသည့္ ႐ြာသားမ်ား ႐ွိေသာေၾကာင့္ ေ႐ွာင္ဟူသည္ကား လုံးဝ ႐ွက္႐ြံ႕ေနသည္ေတာ့မဟုတ္ေပ။သူက ႐ိုး႐ိုးသားသားေျဖလိုက္သည္။
ခ်င္မ်န္က ထပ္ေမးလိုက္သည္။"ေ႐ွာင္ဟူ.... သေရစာစားခ်င္လား?"
ေကာင္ေလးက ႐ွက္ကိုး႐ွက္ကန္းနဲ႔ ေခါင္းညိတ္ျပေပမယ့္ အရသာ႐ွိတဲ့ သေရစာေတြကို ေတြးၾကည့္မိေတာ့ သူ႕မ်က္လုံးေတြကေန လိုခ်င္စိတ္ေတြ ေပၚလာရသည္။
“အစ္ကိုႀကီးတို႔က ႐ြာေနာက္က အိမ္ေဟာင္းေလးမွာ ေနတဲ့သူေတြပါ။မင္း အစ္ကိုႀကီးတို႔အတြက္ တစ္ခုခုလုပ္ေပးရင္ မုန္႔သေရစာ ေပးမယ္ေလ" ခ်င္မ်န္က ေျပာသည္။
လဲ့ယ္ထ်ဲသည္ ကေလးတစ္ေယာက္ကို ျဖားေယာင္းေသြးေဆာင္ေနသည့္ ခ်င္မ်န္ကို တိတ္ဆိတ္စြာ ၾကည့္ေန၏။
ေ႐ွာင္ဟူ၏မ်က္လုံးမ်ားက ေတာက္ပသြားေသာ္လည္း အနည္းငယ္ သံသယျဖစ္မိသည္။ "တကယ္လား?"
"တကယ္ေပါ့!" ခ်င္မ်န္က စိတ္႐ွည္႐ွည္နဲ႔ ထပ္ေျပာလိုက္သည္။ “အစ္ကိုႀကီးတို႔က ေတာင္ေပၚမွာ သစ္ပင္ေတြကို သြားခုတ္ရမွာမလို႔ေလ။စပါးေစ့ကို အျပင္မွာၾကည့္ဖို႔ ကူညီေပးမယ့္သူ လိုခ်င္ေနတာ။မင္းကူညီရင္ ၿမိဳ႕ထဲကေန မုန္႔သေရစာတစ္ထုပ္ကို ဝယ္ေကြၽးမယ္။မင္းအေဖနဲ႔အေမေရာ ဒီမွာ႐ွိလား?သူတို႔ဆီကေန ခြင့္ျပဳခ်က္ေတာင္းလိုက္။”
“ခဏေစာင့္ေနာ္” ေ႐ွာင္ဟူသည္ အသက္သုံးဆယ္ေက်ာ္ခန္႔႐ွိ အသားမည္းမည္း အမ်ိဳးသားတစ္ဦးထံသို႔ ေျပးသြားရင္း ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲတို႔ မ႐ွိေတာ့မည္ကို စိုးရိမ္ေနသကဲ့သို႔ ေနာက္သို႔ လွည့္ၾကည့္ လွည့္ၾကည့္လုပ္ေနသည္။
ထိုလူက သူတို႔႐ွိရာကိုၾကည့္ကာ ေ႐ွာင္ဟူကို ေခါင္းညိတ္ျပလိုက္သည္။
ေ႐ွာင္ဟူသည္ ခ်က္ခ်င္းပင္ ေပ်ာ္႐ႊင္သြားေသာ အျပဳံးျဖင့္ အေျမာက္က်ည္ဆန္တစ္ခုကဲ့သို႔ ေျပးလာခဲ့သည္။
"အေဖက ခြင့္ျပဳတယ္!"
ခ်င္မ်န္က အဲဒီလူကို ေခါင္းညိတ္ျပၿပီး ေ႐ွာင္ဟူကို ေခၚသြားလိုက္သည္။ေ႐ွာင္ဟူကို သူ႕အိမ္တံခါးမွာထားခဲ့ၿပီး ငွက္ေတြနဲ႔ ၾကက္ေတြ မစားေစဖို႔ ေျပာခဲ့ၿပီး သူ႕အတြက္ ကုလားထိုင္တစ္လုံးကို ယူလာေပးခဲ့သည္။
ေ႐ွာင္ဟူသည္ကား ကုလားထိုင္ေပၚတြင္ထိုင္ကာ ေျခေထာက္ေသးေသးေလးမ်ားကိုယမ္းလ်က္ လူႀကီးေလးတစ္ေယာက္လို လက္ကိုေဝွ႔ယမ္းျပရင္း "စိတ္မပူပါနဲ႔!သား အစ္ကိုႀကီးတို႔ကို ကတိေပးထားတဲ့အတိုင္း လုပ္မွာပါ!"
ခ်င္မ်န္က ရယ္ေမာလိုက္မိၿပီး လဲ့ယ္ထ်ဲႏွင့္အတူ ေတာင္ေနာက္ဘက္သို႔ ထြက္ခြာသြားခဲ့သည္။
ဤေတာင္ကို မိုးတိမ္ထိေတာင္ဟု ေခၚတြင္ၿပီး အနီးနားပတ္ဝန္းက်င္မွာေတာ့ အျမင့္ဆုံးေတာင္ပင္။ျမင့္ၿပီး မတ္ေစာက္၏။ေကာင္းကင္ကို ထိုးေဖာက္ဝင္ေတာ့မေယာင္ေယာင္။ထို႔ေၾကာင့္ မိုးတိမ္ထိေတာင္ဟု အမည္တြင္ျခင္းပင္။ေတာ႐ိုင္းတိရိစၧာန္ေတြအျပင္ သစ္ပင္ေတြနဲ႔ စိမ္းလန္းစိုေျပေနတာေၾကာင့္ ႐ြာသားေတြက ဒီေနရာကို မလာရဲၾကဘဲ သတၱိ႐ွိတဲ့ မုဆိုးေတြသာ ေတာတြင္းထဲကို နက္နဲစြာ သြားလာရဲၾကသည္။
ေတာထဲသို႔ဝင္လိုက္သည္ႏွင့္ ထူထပ္ေသာသစ္႐ြက္မ်ားသည္ ေနေရာင္ကိုပိတ္ဆို႔ထားကာ အလင္းေရာင္မွိန္မွိန္ႏွင့္ ခ်င္မ်န္တစ္ေယာက္ တုန္ရီသြားသည့္အထိ အပူခ်ိန္မွာ ဒီဂရီအနည္းငယ္ေအာက္ နိမ့္ဆင္းသြားသည္။ေတာင္ေပၚ႐ွိလမ္းသည္ သြားလာရမလြယ္ကူသျဖင့္ ေပါင္းပင္မ်ား ထူထပ္ကာ အခ်ိဳ႕ေနရာမ်ားတြင္ တစ္ႏွစ္ပတ္လုံး ေနေရာင္မ႐ွိေနေပ။နံနက္ခင္း ႏွင္းမ်ားႏွင့္ ေဆာင္းဦးရာသီတြင္ ျမဴခိုးမ်ား တက္ေနသျဖင့္ ေျမဆီလႊာ စိုစြတ္လာကာ ေခ်ာ္ထြက္လြယ္သည္။
လဲ့ယ္ထ်ဲက အေတြ႕အၾကဳံ႐ွိတာေၾကာင့္ မညီမညာ
သည့္ ေျမေနရာကို ရည္႐ြယ္ခ်က္႐ွိ႐ွိ ေ႐ြးခ်ယ္ခဲ့ၿပီး ေဘးကင္းလုံျခဳံစြာ လမ္းေလွ်ာက္ႏိုင္ခဲ့သည္။သူလမ္းျပရင္း ခ်င္မ်န္က သူ႕ေျခရာအတိုင္းလိုက္ကာ ရတနာအခ်ိဳ႕ကို ႐ွာေတြ႕ရန္ ေမွ်ာ္လင့္ခ်က္ျဖင့္ ပတ္ၾကည့္ေနလိုက္သည္။သူ႕အတြက္ကေတာ့ ဒီေတာင္က စူးစမ္း႐ွာေဖြဖို႔ ေစာင့္ေနတဲ့ ရတနာတစ္ခုပါပဲ။ေတာထဲက ငွက္ကေလးေတြကလည္း တီးတိုးသံနဲ႔အတူ ႏိုးထလာၾကၿပီး မနက္ခင္းသစ္ေတာထဲက အသံေတြမွာ ၾကည္လင္ၿပီး ကဗ်ာဆန္လွ၏။
လဲ့ယ္ထ်ဲသည္ ျဖည္းညႇင္းစြာ ေလွ်ာက္လွမ္းေနရင္း ရံဖန္ရံခါ လွည့္ၾကည့္ေနသည္။
"လဲ့ယ္ထ်ဲ...ခင္ဗ်ားဘယ္အပင္ကိုခုတ္မွာလဲ?"
ခ်င္မ်န္ကိုယ္တိုင္က ႐ႊင္႐ႊင္ျမဴးျမဴးေနတတ္သူတစ္ေယာက္ပင္။သူ ေျပာစရာမယ္မယ္ရရ မ႐ွိေတာ့ စကားစျမည္ေျပာရန္ အေၾကာင္းအရာတစ္ခုကို ႐ွာေတြ႕ခဲ့သည္။
လဲ့ယ္ထ်ဲက ေျပာလိုက္၏။ “ဘာလို႔ ထ်ဲေကာလို႔ မေခၚတာလဲ?"
ခ်င္မ်န္က သူ႕ဘာသာသူ ေရ႐ြတ္ရင္း...'အရင္ဘဝတုန္းကဆို ငါက မင္းထက္ေတာင္ သုံးႏွစ္ႀကီးတယ္ကြ!'ဒါေပမယ့္ ေသခ်ာပါတယ္။သူဒီလိုေျပာလို႔မရဘူးေလ။
"ဘာလို႔လဲဆိုေတာ့..အား!!"
ခ်င္မ်န္သည္ ျမက္ခင္းျပင္ေပၚက မနက္ခင္းႏွင္းရည္ေၾကာင့္ ခဏတာမွ်လြတ္ထြက္သြားသည္။သူ႕ေျခေထာက္ေတြက ေခ်ာ္ထြက္သြားၿပီး လူတစ္ကိုယ္လုံးလည္း ေနာက္ျပန္လဲက်သြား၏။
လဲ့ယ္ထ်ဲက သူ႕လက္ကို အျမန္ဆြဲကိုင္လိုက္ၿပီး သူ႕ရင္ခြင္ထဲကို ဆြဲသြင္းလိုက္ကာ ေနာက္လက္တစ္ဖက္ကို ခါးတြင္ပတ္ထားလိုက္သည္။
ခ်င္မ်န္ရဲ႕မ်က္ႏွာက သူ႕ရင္ဘတ္ႏွင့္ ေဆာင့္မိသြား၏။ မတ္တတ္ျပန္ရပ္ၿပီးေနာက္ ေျခလွမ္းမ်ားစြာအကြာ႐ွိ မတ္ေစာက္သည့္ေတာင္ေစာင္းႏွင့္ သစ္ပင္ႀကီးအား ျပန္ၾကည့္ရာ အနည္းငယ္ ေၾကာက္႐ြံ႕မိသြားသည္။သူ႕ရဲ႕ ေသးငယ္တဲ့ခႏၶာကိုယ္ေလးက ျပဳတ္က်သြားရင္ ဒဏ္ရာအျပင္းအထန္ရသြားလိမ့္မယ္။
လဲ့ယ္ထ်ဲက သူ႕ကိုလႊတ္လိုက္ၿပီး သူ႕လက္ကို ဆုပ္ကိုင္ထားလိုက္ကာ ေ႐ွ႕ဆက္သြားလိုက္သည္။
ခ်င္မ်န္က သူ႕လက္ကို ျပန္မဆြဲႏိုင္သျဖင့္ လဲ့ယ္ထ်ဲေနာက္သို႔ မလိုက္ခ်င္လိုက္ခ်င္ျဖင့္ လိုက္သြားခဲ့ရသည္။သူ႕လက္ေပၚမွ အပူဒဏ္ကို ခံစားရင္း သူ႕စိတ္ထဲတြင္လည္း ထပ္တလဲလဲ ထပ္ခါထပ္ခါ ေျပာေန၏ - ငါက ကေလးပဲ႐ွိေသးတယ္!ငါက ကေလးပဲ ႐ွိေသးတယ္!!
"စကားမစပ္...ဘယ္လိုသစ္ပင္ကို ခုတ္မွာလဲဆိုတာကို မေျဖေသးဘူးလားလို႔?ကြၽန္ေတာ္သိသေလာက္ေတာ့ သစ္သားအားလုံးက လက္မႈထည္လုပ္ဖို႔အတြက္ မသင့္ေတာ္ဘူး” ခ်င္မ်န္က
လဲ့ယ္ထ်ဲ ေမးထားသည့္ေမးခြန္းကိုေတာ့ျဖင့္ အလိုအေလ်ာက္ လ်စ္လ်ဴ႐ႈထားလိုက္သည္။
Advertisement
- In Serial105 Chapters
I am a Big Villain
Yan Chu, the protagonist, transmigrated into myriad of worlds, completing one mission after another.
8 924 - In Serial11 Chapters
Revenge of the Dead
What kind of person do you become when you are faced with your own death? Who do you become when you see the end drawing near with no way to stop it? What kind of person are you when you face your own killer? Some believe that they will keep their morals and not give into the hate and the anger. Some say its better to die at peace instead of dying with so much hate in your heart and in your soul. But I know the truth. In the end, you won't care about morals or what’s right or what's wrong. You just want to live and you will do anything to keep living. Those bastards. They killed me and thought they could get away with it. They thought they could hide from me? Foolish. I will never give up. I will never stop until I get my revenge. Not even death can stop me. ----------------------- This is my first story here. I hope you guys can give me tips as the story progresses. I will warn you, if you dont like OP main characters then dont read it. I like Litrpgs so this world will follow that. I tried to make the decision making as realistic as possible. This story was made for entertaining the reader. I hope you enjoy it.
8 95 - In Serial17 Chapters
Major Naird's Fantasy
Major Naird and the soldiers of the Expeditionary Corps find themselves stripped of their memories in an unfamiliar world. They have one goal -- two, actually -- to set up a base and gather intel on the world they find themselves in. As they come across atrocity after atrocity, they set out to right the wrongs of an uncivilized world. Do you seriously not see the potential gains of exploiting an untouched, unmined, unpolluted world? Throw your 21st Century Ethics out the window and strap in, we've got a whole damn world to recce. Welcome to Warning Town, I'd like to warn any readers that this story will contain profanity, gore, and some sexual content -- not the good kind. The characters portrayed in this story may make decisions that are morally questionable.
8 189 - In Serial19 Chapters
Earth Ravaged: The Alliance Chronicles Book 1
Originally published on Amazon in 2013, now published here as a serial for the free enjoyment of all. Book 3 to come later this year. This one could also stand a complete re-write with the knowledge and skill I've developed in the interim, and I may do so once I have pushed out chapters for the third book in the series. In the not too distant future, a group of seven people will set out on a mission of exploration to a nearby star system. Their destination is the Tau Ceti system, one of ten planned destinations as part of a new privately-funded space programme, involving many countries across the Earth. However, old problems still exist, and while they make their successful launch, they have no idea what begins to take place at home, what they will face on their journey, and who decides to pay Earth a visit while they are gone.
8 168 - In Serial23 Chapters
The man who wasnt human to begin with....
A man is transported to another world, wait dont close this yet, hear me out D:He is the last in line to get his status, but what is shown for his race is not """"human"""" but something else entirely different....Skipped most of the boring backstory and condensed it, starting from the entering of the new world (just because I hate reading like 4 chapters of buildup that mean nothing) Just try it out, the tags wont show as its a first submission so here they are in the desctiptionHAREM, Sci Fi, Adventure, Fantasy, Mature, Action, and probably a few others as well.... but those are the main ones. Yes Sci fi and Fantasy at the same time... How you might ask? Well read and find out..
8 93 - In Serial10 Chapters
Help me please...
Mm yes cross over "Hey Tommy?""Isn't that, that dream guy you told us about?"
8 186

