《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[23]
Advertisement
[Unicode]
023:ပထမရွှေအိုး အစီအစဉ်-လက်လုပ်ခေါက်ဆွဲညစ်စက် (2)
ချင်မျန်က ဆေးကြောရမည့် ပန်းကန်ခွက်များကို မီးဖိုချောင်ထဲသို့ ယူသွားလိုက်သည်။ပြန်ထွက်လာတော့ သူ့လက်တွေကို သုတ်လိုက်ပြီး အသေးစိတ်ပုံကြမ်းစာရွက်ကို ယူကာ လဲ့ယ်ထျဲကို ပေးလိုက်သည်။ “ဒါက ကျွန်တော် လက်လုပ်ခေါက်ဆွဲညစ်စက်ကို အသေးစိတ်ရေးဆွဲထားတဲ့ပုံပါ။”
လက်လုပ်ခေါက်ဆွဲညစ်စက်လား? လဲ့ယ်ထျဲက စာရွက်ကို သံသယစိတ်ဖြင့် ယူကြည့်လိုက်သည်။ပထမဦးစွာ ဆွဲချက်တွေက သေသပ်ပြီး နူးညံ့တာကြောင့် မည်သည့်အရာဖြင့်ဆွဲထားသည်ကို မသိပေ။လောလောဆယ်တော့ သူ့စိတ်ထဲမှာသာ သံသယတွေ
ကို စုပုံထည့်ထားလိုက်ပြီး ပုံထဲကအကြောင်းအရာတွေကို ကြည့်လိုက်သည်။သူ့ဇနီးလေးက ဤကဲ့သို့ပင် သူ့အပေါ်ကို သံသယဝင်စရာအချက်တွေများစွာ ရှိစေသည်။
ပုံက ရှင်းလင်းပြတ်သားပြီး နားလည်ရလွယ်ကူ၏။
ချင်မျန်သည် လဲ့ယ်ထျဲနံဘေးတွင် ဝင်ထိုင်လိုက်သည်။
"ကျွန်တော်တို့ မနေ့က မြို့ကို သွားခဲ့တယ်မလား?မြို့တွင်းက ခေါက်ဆွဲဆိုင်တွေက ခေါက်ဆွဲအများစုကို လတ်လတ်ဆတ်ဆတ်လုပ်ပြီး လတ်လတ်ဆတ်ဆတ် စားသုံးကြတယ်။ဒါပေမယ့်လည်း အချိန်ကုန်လွန်းတာကို သွားတွေ့ခဲ့တယ်။ဒီလက်လုပ်ခေါက်ဆွဲညစ်စက်နဲ့ဆိုရင် ခေါက်ဆွဲလုပ်သူအနေနဲ့ ခေါက်ဆွဲကို လျှင်မြန်စွာလုပ်နိုင်ပြီး ခေါက်ဆွဲတွေကိုလည်း အခြောက်ခံပြီး အချိန်ကြာမြင့်စွာ သိမ်းဆည်းထားနိုင်တယ်။ကျွန်တော်မှာ အကြံနှစ်ခုရှိတယ်။ဒီအသေးစိတ်ပုံစံကို လက်သမားဆရာဆီ ရောင်းရမလား ဒါမှမဟုတ် ခေါက်ဆွဲလုပ်သူတွေ၊ စားသောက်ဆိုင်တွေနဲ့ ခေါက်ဆွဲဆိုင်တွေမှာ ရောင်းချဖို့အတွက် လက်သမားဆရာတစ်ဦးကို အရင် ရှာဖွေရမလား?ဒီလိုဆိုရင်တော့ ဈေးကောင်းကောင်းနဲ့ ရောင်းလို့ရနိုင်တယ်။”
လဲ့ယ်ထျဲက သူ့ကို တခဏလောက် စိုက်ကြည့်ရင်း စကားပြောဖို့ရာ တုံ့ဆိုင်းသွားသည်။သူ့ဇနီးလေးက ငွေရှာဖို့ကို အလျင်လိုနေပုံရတယ်!
သူ့မျက်လုံးတွေက ပုံကြမ်းဆီသို့ ပြန်သွားကာ သူ့မျက်လုံးတွေကနေ လေးလေးနက်နက်တွေးတောစရာ အမှုန်အမွှားများ ဖြာကျလာပြီး “မင်းပြောသလိုဆိုရင် ဘာလို့ ကိုယ်တိုင် ခေါက်ဆွဲဆိုင်မဖွင့်တာလဲ?”
ဒီရှေးခေတ်လူသားက ဤမျှ လျင်မြန်ဖျတ်လတ်စွာချက်ချင်းတွေးနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားမိပေ။ချင်မျန်က သူ့ကို သဘောကျစွာကြည့်ကာ “ကျွန်တော်လည်း တွေးသေးတယ်။ဒါပေမယ့် ကျွန်တော်တို့က ကျောထောက်နောက်ခံမရှိတဲ့ သာမန်လူတွေလေ။ဒီလိုကောင်းတဲ့အရာမျိုးကို သြဇာအာဏာကြီးမားတဲ့သူတွေက မျက်စိတွေ့သွားလိုက်တာနဲ့ ပြဿနာတွေဖြစ်လာမှာကို ကျွန်တော် ကြောက်မိတယ်။”
ခေါက်ဆွဲညစ်စက်ရယ်မှ မဟုတ်ဘူး ငွေရှာနိုင်မယ့် တခြားနည်းလမ်းတွေလည်း သူ့မှာ အများကြီးရှိသည်။လက်ရှိအချိန်တွင် အရေးကြီးဆုံးအချက်မှာ အုတ်ကြွပ်မိုးထားသည့် အိမ်တစ်လုံးကို အမြန်ဆုံးနှုန်းဖြင့် ဆောက်လုပ်နိုင်ရန်အတွက် လုံလောက်တဲ့ငွေကို ရှာရန်ပင်။သက်ကယ်အိမ်မှာတော့ မနေချင်ဘူး!
လဲ့ယ်ထျဲက စိတ်ပြောင်းသွားသလို ထင်မြင်ချက်လည်း ပြောင်းသွား၏။ “စျေးနှုန်းက မနည်းနိုင်ဘူး”
"ဒါပေါ့။" ချင်မျန်က ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်ပြီး “ဒါက နည်းပညာအသစ်ပဲ မဟုတ်ဘူးလား?ကျွန်တော် တွေးထားတာတော့ အသေးစိတ်ပုံကြမ်းကို ရောင်းရင် ငွေတုံးငါးဆယ်နဲ့ ရောင်းမယ်။ကိုယ့်ဘာသာလုပ်ပြီးတော့ ခေါက်ဆွဲလုပ်တဲ့သူတစ်ယောက်ကိုရောင်းရင် ငွေတုံး နှစ်တုံးနဲ့ ရောင်းမယ်။ဘယ်လိုလဲ?"
လဲ့ယ်ထျဲက ပြောလိုက်သည်။ “ငွေငါးတုံး”
ချင်မျန်က မရယ်ဘဲမနေနိုင်။လဲ့ယ်ထျဲသည်လည်း ငွေချစ်ခင်တစ်ယောက် ဖြစ်မည်ဟု သူ မမျှော်လင့်ထားမိပေ။သေသေချာချာ စဉ်းစားကြည့်တော့ ငွေ ၅ တုံးက သူတို့ခေတ်မှာ ယွမ် ၅၀၀၀ နဲ့ ညီမျှ၏။အဲဒီခေါက်ဆွဲဆိုင်တွေအတွက် ဈေးမကြီးလောက်ပါဘူး။
သူ ရှက်ကိုးရှက်ကန်းဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
“ဘယ်သူကိုပဲ ရောင်းပါစေ ကုန်ချောလုပ်တာက ပိုကောင်းမယ်။ဒါပေမယ့် ကျွန်တော်တို့က အဲဒါကို လုပ်ဖို့ လက်သမားဆရာကို ရှာတွေ့ပြန်ရင်လည်း အဲဒီလူက ပုံကြမ်းကို ဖွင့်ထုတ်ပြလိုက်ရင် ဘယ်လိုလုပ်မလဲ?"
လဲ့ယ်ထျဲက အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ “ကိုယ် လုပ်မယ်”
ချင်မျန်က အံ့သြသွားသည်။ "ခင်ဗျား လုပ်မှာလား?"
လဲ့ယ်ထျဲက ခေါင်းညိတ်ပြပြီး "မနက်ဖြန် တောင်ပေါ်ကို သစ်ခုတ်ဖို့သွားလိုက်မယ်"
ချင်မျန်သည် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း လဲ့ယ်ထျဲ ကြုံတွေ့လာခဲ့ရသည့်အတွေ့အကြုံတွေကို သိချင်မိခဲ့သည်။သူ ဘာတွေများ တကယ်ကြုံတွေ့ခဲ့ရမလဲ?တောသူတောင်သားတွေနဲ့မတူ လဲ့ယ်ထျဲက အမဲလိုက်တတ်သလို စာရေးစာဖတ်၊လက်သမားအလုပ်တွေပါ လုပ်နိုင်နေတယ်။
လဲ့ယ်ထျဲက ထရပ်လိုက်သည်။ "အိပ်ရာဝင်တော့မယ်"
“ခဏ” ချင်မျန်က သူ့ကို တားလိုက်ပြီး “ကျွန်တော်က ကျွန်တော့်မိသားစုအတွက် ငွေရှာဖို့ စိတ်ကူးရှိနေတဲ့အတွက် ခင်ဗျား အခုကတည်းက ပန်းကန်ခွက်တွေကို မဆေးပေးသင့်ဘူးလား?ဒီမိသားစုက ကိစ္စမှန်သမျှက ကျွန်တော်တို့နှစ်ယောက်လုံးနဲ့ ဆိုင်တယ်လေ။ကျွန်တော် တစ်ခုလုပ်ရင် ခင်ဗျားလည်းလုပ်သင့်တယ်"
လဲ့ယ်ထျဲက အံ့သြသွားကာ စကားတစ်ခွန်းမှ မပြောဘဲ မီးဖိုချောင်ဘက်သို့ လှည့်သွားလိုက်သည်။
အင်း... လူကောင်းပဲ!ချင်မျန်က သူ့ကျောဘက်ကို လက်မထောင်ပြပြီး သူ့နောက်ကနေ လိုက်သွားခဲ့သည်။
“အိုးထဲမှာ ရေနွေးရှိတယ်။ရေနွေးကို သုံးပြီးဆေး မဟုတ်ရင် ပြောင်မှာမဟုတ်ဘူး။ရေဆေးပြီးရင်လည်း သုံးကြိမ်လောက်စစ်ချပေးနော်”
လဲ့ယ်ထျဲက ပြန်မပြောသော်ငြား ပြောသည့်အတိုင်း လည်း လုပ်နေသည်။
စိတ်ချလက်ချရှိပြီဆိုမှ ချင်မျန်သည် ပလုပ်ကျင်းခွက်နှင့် မျက်နှာသုတ်ပဝါကို ယူကာ ဆေးကြောဖို့လုပ်တော့သည်။အိမ်ထဲသို့ ပြန်မဝင်မီ အဝတ်လှန်းတိုင်ပေါ်မှ အဝတ်အစားများကို အဆင်ပြေစွာ ရုတ်ယူခဲ့လိုက်သည်။နေရောင်အောက်မှာ တစ်နေကုန် လှန်းထားတော့ အဝတ်ပေါ်မှာ နေရောင်ခြည်ရနံ့တွေ သင်းနေ၏။အဝတ်တွေကို ခေါက်ပြီး သီးခြားစီထားလိုက်သည်။ခြေအိတ်ရှစ်ဖက်ကိုလည်း လူတစ်ဦးစီအတွက် လေးစုံစီ သီးခြားစီချထားပေးခဲ့သည်။
ပစ္စည်းတွေကို စည်းစနစ်တကျသိမ်းပြီးမှ အိပ်ယာပေါ်တက်ကာ သမ်းဝေနေတော့၏။
ခဏကြာတော့ လဲ့ယ်ထျဲ ဝင်လာခဲ့သည်။
"ကျွန်တော် ခင်ဗျားအတွက် ခြေအိတ်လေးစုံချုပ်ပေးထားတယ်,သေတ္တာထဲမှာ ရှိတယ်"
“အင်း"
ချင်မျန်က မျက်ခုံးပင့်လိုက်သည်။ကျေးဇူးမတင်ဘူးပေါ့လေ?
သူက နံရံဘက်ကို လှည့်ပြီး အိပ်ဖို့ပြင်တော့သည်။
Advertisement
"မနက်ဖြန် ခင်ဗျားနဲ့အတူ တောင်ပေါ်လိုက်တက်မယ်"
“စပါးကျီမြေမှာ တစ်ယောက်ယောက် စောင့်ကြည့်ဖို့လိုတယ်”
"စိတ်မပူပါနဲ့ ကျွန်တော်မှာ နည်းလမ်းရှိပါတယ်"
ချင်မျန်က တည်ငြိမ်စွာ ပြောလိုက်သည်။
လဲ့ယ်ထျဲက ပြန်မပြောပေ။ချင်မျန်က အိပ်နေသည့် အနေအထားကို ပြန်ချိန်ညှိကာ မျက်လုံးမှိတ်လိုက်သည်။
ညသန်းခေါင်တွင် ချင်မျန်တစ်ယောက် အိမ်သာရှာနေသည့် အိပ်မက်ကိုမက်ပြီး နိုးလာခဲ့သည်။သူ့ဆီးခုံ တင်းနေပြီ။
ကျောင်းတက်တုန်းက စာမေးပွဲမဖြေခင် အိမ်သာသွားရတာတစ်မျိုး၊ ဘတ်စ်ကား/ရထားမစီးခင် သွားရတာတစ်မျိုးနဲ့ အိပ်ရာမဝင်ခင်လည်း အိမ်သာသွားမှရ
သည့် အကျင့်မျိုး သူ့တွင်ရှိ၏။မဟုတ်ရင် သူ့စိတ်တွေ ကမောက်ကမ ဖြစ်နေလိမ့်မယ်။နေ့ခင်းဘက်တုန်းက ရေအများကြီးသောက်ထားပြီး အိပ်ရာမဝင်ခင် အိမ်သာသွားဖို့ မေ့သွားခဲ့သည်။အခုအခါ ဆီးသွားချင်စိတ်ကြောင့် နိုးထလာခဲ့ရသည်။
အခန်းတစ်ခုလုံးက ပိတ်ပိတ်မှောင်နေ၏။သူ ထပြီး အမှောင်ထဲမှာ လျှောက်စမ်းကြည့်ရင်း သူ့လက်တွေက နွေးထွေးပြီးကြံ့ခိုင်သန်မာတဲ့ တစ်စုံတစ်ရာတစ်ခုပေါ်သို့ ဖိကပ်မိသွားသည်။အက်ရှတဲ့အသံတစ်ခုက သူ့နားထဲသို့ အပူလှိုင်းနှင့်အတူ တိုးဝင်လာခဲ့၏။
"အိပ်မက်ဆိုးမက်လို့လား?"
ထို့နောက် ချင်မျန်သည် လဲ့ယ်ထျဲခါးကို ကိုင်ထားပြီး လဲ့ယ်ထျဲ၏ဗိုက်ကို ဖိထားမိသည်ကို သိလိုက်ရသည်။နှလုံးခုန်မြန်လာသလို လျှာကလည်း ထုံထိုင်းသွား၏။ “ဟင့်အင်း...ကျွန်တော် ရေအိမ်သွားချင်လို့"
"မလှုပ်နဲ့ဦး"
သူ့ပခုံးတွေက ဖိချခံလိုက်ရပြီး ရှပ်တိုက်အသံတွေကို ကြားလိုက်ရသည်။ထို့နောက် မီး ခြစ်လိုက်သည့်အသံတစ်ခုကိုကြားလိုက်ရပြီး အမှောင်ထဲတွင် အလင်းတစ်ခု ထွက်ပေါ်လာ၏။အသံမြည်ပြီးနောက် ဆီမီးခွက်ကို လဲ့ယ်ထျဲက ထွန်းညှိလိုက်သည်ပင်။
ချင်မျန်သည် ကုတင်ပေါ်မှ ခုန်ဆင်းကာ ဖိနပ်ကိုစီးလျက် အခန်းထဲမှ အမြန်ပြေးထွက်လာခဲ့၏။
လဲ့ယ်ထျဲသည် အမြန်နှုန်းထားဖြင့် တံခါးသော့တံလျှောကျသွားသည့်အသံကို ကြားလိုက်ရသည်။သူ့နှုတ်ခမ်းထောင့်စွန်းက သိသာထင်ရှားစွာ ကွေးညွှတ်မြင့်တက်သွားသော်လည်း လျင်မြန်စွာ ပြန်လည်ပျောက်ကွယ်သွားပြီး မျက်လုံးအစုံကို မှိတ်ထားလိုက်သည်။
ချင်မျန်က အိမ်နောက်ဘက်ရှိ အိမ်သာဆီသို့ မသွားတော့ဘဲ ဝါးတောအစွန်းသို့ အမြန်ပြေးကာ ဆီးအား အမြန်ညှစ်ထုတ်ခဲ့ပြီးနောက် အိမ်ထဲသို့ သက်တောင့်သက်သာဖြင့် ပြန်သွားခဲ့သည်။ဦးစွာ ကုတင်ပေါ်သို့တက်ကာ ဆီမီးခွက်ကိုမှုတ်ပြီး ကုတင်အစွန်းနားတွင် တမင်တကာ လှဲချလိုက်သည်။
အိပ်ပျော်သွားပြီးနောက် သူ့ဘေးနားရှိ အပူဓာတ်ကို ခံစားလိုက်ရသည်။မသိစိတ်ကနေ တိုးကပ်သွားမိပြီး အလားတူ အိပ်ပျော်နေသည့်အမျိုးသားအား သတိမထားမိဘဲ လက်နှစ်ဖက်ကို ဆန့်တန်းကာ ဖက်တွယ်ထားလိုက်မိသည်။
လက်လုပ်ခေါက်ဆွဲညစ်စက်
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
023:ပထမေ႐ႊအိုး အစီအစဥ္-လက္လုပ္ေခါက္ဆြဲညစ္စက္ (2)
ခ်င္မ်န္က ေဆးေၾကာရမည့္ ပန္းကန္ခြက္မ်ားကို မီးဖိုေခ်ာင္ထဲသို႔ ယူသြားလိုက္သည္။ျပန္ထြက္လာေတာ့ သူ႕လက္ေတြကို သုတ္လိုက္ၿပီး အေသးစိတ္ပုံၾကမ္းစာ႐ြက္ကို ယူကာ လဲ့ယ္ထ်ဲကို ေပးလိုက္သည္။ “ဒါက ကြၽန္ေတာ္ လက္လုပ္ေခါက္ဆြဲညစ္စက္ကို အေသးစိတ္ေရးဆြဲထားတဲ့ပုံပါ။”
လက္လုပ္ေခါက္ဆြဲညစ္စက္လား? လဲ့ယ္ထ်ဲက စာ႐ြက္ကို သံသယစိတ္ျဖင့္ ယူၾကည့္လိုက္သည္။ပထမဦးစြာ ဆြဲခ်က္ေတြက ေသသပ္ၿပီး ႏူးညံ့တာေၾကာင့္ မည္သည့္အရာျဖင့္ဆြဲထားသည္ကို မသိေပ။ေလာေလာဆယ္ေတာ့ သူ႕စိတ္ထဲမွာသာ သံသယေတြ
ကို စုပုံထည့္ထားလိုက္ၿပီး ပုံထဲကအေၾကာင္းအရာေတြကို ၾကည့္လိုက္သည္။သူ႕ဇနီးေလးက ဤကဲ့သို႔ပင္ သူ႕အေပၚကို သံသယဝင္စရာအခ်က္ေတြမ်ားစြာ ႐ွိေစသည္။
ပုံက ႐ွင္းလင္းျပတ္သားၿပီး နားလည္ရလြယ္ကူ၏။
ခ်င္မ်န္သည္ လဲ့ယ္ထ်ဲနံေဘးတြင္ ဝင္ထိုင္လိုက္သည္။
"ကြၽန္ေတာ္တို႔ မေန႔က ၿမိဳ႕ကို သြားခဲ့တယ္မလား?ၿမိဳ႕တြင္းက ေခါက္ဆြဲဆိုင္ေတြက ေခါက္ဆြဲအမ်ားစုကို လတ္လတ္ဆတ္ဆတ္လုပ္ၿပီး လတ္လတ္ဆတ္ဆတ္ စားသုံးၾကတယ္။ဒါေပမယ့္လည္း အခ်ိန္ကုန္လြန္းတာကို သြားေတြ႕ခဲ့တယ္။ဒီလက္လုပ္ေခါက္ဆြဲညစ္စက္နဲ႔ဆိုရင္ ေခါက္ဆြဲလုပ္သူအေနနဲ႔ ေခါက္ဆြဲကို လွ်င္ျမန္စြာလုပ္ႏိုင္ၿပီး ေခါက္ဆြဲေတြကိုလည္း အေျခာက္ခံၿပီး အခ်ိန္ၾကာျမင့္စြာ သိမ္းဆည္းထားႏိုင္တယ္။ကြၽန္ေတာ္မွာ အၾကံႏွစ္ခု႐ွိတယ္။ဒီအေသးစိတ္ပုံစံကို လက္သမားဆရာဆီ ေရာင္းရမလား ဒါမွမဟုတ္ ေခါက္ဆြဲလုပ္သူေတြ၊ စားေသာက္ဆိုင္ေတြနဲ႔ ေခါက္ဆြဲဆိုင္ေတြမွာ ေရာင္းခ်ဖို႔အတြက္ လက္သမားဆရာတစ္ဦးကို အရင္ ႐ွာေဖြရမလား?ဒီလိုဆိုရင္ေတာ့ ေဈးေကာင္းေကာင္းနဲ႔ ေရာင္းလို႔ရႏိုင္တယ္။”
လဲ့ယ္ထ်ဲက သူ႕ကို တခဏေလာက္ စိုက္ၾကည့္ရင္း စကားေျပာဖို႔ရာ တုံ႔ဆိုင္းသြားသည္။သူ႕ဇနီးေလးက ေငြ႐ွာဖို႔ကို အလ်င္လိုေနပုံရတယ္!
သူ႕မ်က္လုံးေတြက ပုံၾကမ္းဆီသို႔ ျပန္သြားကာ သူ႕မ်က္လုံးေတြကေန ေလးေလးနက္နက္ ေတြးေတာစရာ အမႈန္အမႊားမ်ား ျဖာက်လာပြီး “မင္းေျပာသလိုဆိုရင္ ဘာလို႔ ကိုယ္တိုင္ ေခါက္ဆြဲဆိုင္မဖြင့္တာလဲ?”
ဒီေ႐ွးေခတ္လူသားက ဤမွ် လ်င္ျမန္ဖ်တ္လတ္စြာခ်က္ခ်င္းေတြးႏိုင္လိမ့္မည္ဟု သူ မေမွ်ာ္လင့္ထားမိေပ။ခ်င္မ်န္က သူ႕ကို သေဘာက်စြာၾကည့္ကာ “ကြၽန္ေတာ္လည္း ေတြးေသးတယ္။ဒါေပမယ့္ ကြၽန္ေတာ္တို႔က ေက်ာေထာက္ေနာက္ခံမ႐ွိတဲ့ သာမန္လူေတြေလ။ဒီလိုေကာင္းတဲ့အရာမ်ိဳးကို ၾသဇာအာဏာႀကီးမားတဲ့သူေတြက မ်က္စိေတြ႕သြားလိုက္တာနဲ႔ ျပႆနာေတြျဖစ္လာမွာကို ကြၽန္ေတာ္ ေၾကာက္မိတယ္။”
ေခါက္ဆြဲညစ္စက္ရယ္မွ မဟုတ္ဘူး ေငြ႐ွာႏိုင္မယ့္ တျခားနည္းလမ္းေတြလည္း သူ႕မွာ အမ်ားႀကီး႐ွိသည္။လက္႐ွိအခ်ိန္တြင္ အေရးႀကီးဆုံးအခ်က္မွာ အုတ္ႂကြပ္မိုးထားသည့္ အိမ္တစ္လုံးကို အျမန္ဆုံးႏႈန္းျဖင့္ ေဆာက္လုပ္ႏိုင္ရန္အတြက္ လုံေလာက္တဲ့ေငြကို ႐ွာရန္ပင္။သက္ကယ္အိမ္မွာေတာ့ မေနခ်င္ဘူး!
လဲ့ယ္ထ်ဲက စိတ္ေျပာင္းသြားသလို ထင္ျမင္ခ်က္လည္း ေျပာင္းသြား၏။ “ေစ်းႏႈန္းက မနည္းႏိုင္ဘူး”
"ဒါေပါ့။" ခ်င္မ်န္က ျပတ္ျပတ္သားသား ေခါင္းညိတ္လိုက္ၿပီး “ဒါက နည္းပညာအသစ္ပဲ မဟုတ္ဘူးလား?ကြၽန္ေတာ္ ေတြးထားတာေတာ့ အေသးစိတ္ပုံၾကမ္းကို ေရာင္းရင္ ေငြတုံးငါးဆယ္နဲ႔ ေရာင္းမယ္။ကိုယ့္ဘာသာလုပ္ၿပီးေတာ့ ေခါက္ဆြဲလုပ္တဲ့သူတစ္ေယာက္ကိုေရာင္းရင္ ေငြတုံး ႏွစ္တုံးနဲ႔ ေရာင္းမယ္။ဘယ္လိုလဲ?"
လဲ့ယ္ထ်ဲက ေျပာလိုက္သည္။ “ေငြငါးတုံး”
ခ်င္မ်န္က မရယ္ဘဲမေနႏိုင္။လဲ့ယ္ထ်ဲသည္လည္း ေငြခ်စ္ခင္တစ္ေယာက္ ျဖစ္မည္ဟု သူ မေမွ်ာ္လင့္ထားမိေပ။ေသေသခ်ာခ်ာ စဥ္းစားၾကည့္ေတာ့ ေငြ ၅ တုံးက သူတို႔ေခတ္မွာ ယြမ္ ၅၀၀၀ နဲ႔ ညီမွ်၏။အဲဒီေခါက္ဆြဲဆိုင္ေတြအတြက္ ေဈးမႀကီးေလာက္ပါဘူး။
Advertisement
သူ ႐ွက္ကိုး႐ွက္ကန္းျဖင့္ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။
“ဘယ္သူကိုပဲ ေရာင္းပါေစ ကုန္ေခ်ာလုပ္တာက ပိုေကာင္းမယ္။ဒါေပမယ့္ ကြၽန္ေတာ္တို႔က အဲဒါကို လုပ္ဖို႔ လက္သမားဆရာကို ႐ွာေတြ႕ျပန္ရင္လည္း အဲဒီလူက ပုံၾကမ္းကို ဖြင့္ထုတ္ျပလိုက္ရင္ ဘယ္လိုလုပ္မလဲ?"
လဲ့ယ္ထ်ဲက အသံနိမ့္နိမ့္ျဖင့္ ေျပာလိုက္သည္။ “ကိုယ္ လုပ္မယ္”
ခ်င္မ်န္က အံ့ၾသသြားသည္။ "ခင္ဗ်ား လုပ္မွာလား?"
လဲ့ယ္ထ်ဲက ေခါင္းညိတ္ျပၿပီး "မနက္ျဖန္ ေတာင္ေပၚကို သစ္ခုတ္ဖို႔သြားလိုက္မယ္"
ခ်င္မ်န္သည္ လြန္ခဲ့သည့္ဆယ္စုႏွစ္မ်ားအတြင္း လဲ့ယ္ထ်ဲ ၾကဳံေတြ႕လာခဲ့ရသည့္အေတြ႕အၾကဳံေတြကို သိခ်င္မိခဲ့သည္။သူ ဘာေတြမ်ား တကယ္ၾကဳံေတြ႕ခဲ့ရမလဲ?ေတာသူေတာင္သားေတြနဲ႔မတူ လဲ့ယ္ထ်ဲက အမဲလိုက္တတ္သလို စာေရးစာဖတ္၊လက္သမားအလုပ္ေတြပါ လုပ္ႏိုင္ေနတယ္။
လဲ့ယ္ထ်ဲက ထရပ္လိုက္သည္။ "အိပ္ရာဝင္ေတာ့မယ္"
“ခဏ” ခ်င္မ်န္က သူ႕ကို တားလိုက္ၿပီး “ကြၽန္ေတာ္က ကြၽန္ေတာ္႕မိသားစုအတြက္ ေငြ႐ွာဖို႔ စိတ္ကူး႐ွိေနတဲ့အတြက္ ခင္ဗ်ား အခုကတည္းက ပန္းကန္ခြက္ေတြကို မေဆးေပးသင့္ဘူးလား?ဒီမိသားစုက ကိစၥမွန္သမွ်က ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံးနဲ႔ ဆိုင္တယ္ေလ။ကြၽန္ေတာ္ တစ္ခုလုပ္ရင္ ခင္ဗ်ားလည္းလုပ္သင့္တယ္"
လဲ့ယ္ထ်ဲက အံ့ၾသသြားကာ စကားတစ္ခြန္းမွ မေျပာဘဲ မီးဖိုေခ်ာင္ဘက္သို႔ လွည့္သြားလိုက္သည္။
အင္း... လူေကာင္းပဲ!ခ်င္မ်န္က သူ႕ေက်ာဘက္ကို လက္မေထာင္ျပၿပီး သူ႕ေနာက္ကေန လိုက္သြားခဲ့သည္။
“အိုးထဲမွာ ေရေႏြး႐ွိတယ္။ေရေႏြးကို သုံးၿပီးေဆး မဟုတ္ရင္ ေျပာင္မွာမဟုတ္ဘူး။ေရေဆးၿပီးရင္လည္း သုံးႀကိမ္ေလာက္စစ္ခ်ေပးေနာ္”
လဲ့ယ္ထ်ဲက ျပန္မေျပာေသာ္ျငား ေျပာသည့္အတိုင္း လည္း လုပ္ေနသည္။
စိတ္ခ်လက္ခ်႐ွိၿပီဆိုမွ ခ်င္မ်န္သည္ ပလုပ္က်င္းခြက္ႏွင့္ မ်က္ႏွာသုတ္ပဝါကို ယူကာ ေဆးေၾကာဖို႔လုပ္ေတာ့သည္။အိမ္ထဲသို႔ ျပန္မဝင္မီ အဝတ္လွန္းတိုင္ေပၚမွ အဝတ္အစားမ်ားကို အဆင္ေျပစြာ ႐ုတ္ယူခဲ့လိုက္သည္။ေနေရာင္ေအာက္မွာ တစ္ေနကုန္ လွန္းထားေတာ့ အဝတ္ေပၚမွာ ေနေရာင္ျခည္ရနံ႔ေတြ သင္းေန၏။အဝတ္ေတြကို ေခါက္ၿပီး သီးျခားစီထားလိုက္သည္။ေျခအိတ္႐ွစ္ဖက္ကိုလည္း လူတစ္ဦးစီအတြက္ ေလးစုံစီ သီးျခားစီခ်ထားေပးခဲ့သည္။
ပစၥည္းေတြကို စည္းစနစ္တက်သိမ္းၿပီးမွ အိပ္ယာေပၚတက္ကာ သမ္းေဝေနေတာ့၏။
ခဏၾကာေတာ့ လဲ့ယ္ထ်ဲ ဝင္လာခဲ့သည္။
"ကြၽန္ေတာ္ ခင္ဗ်ားအတြက္ ေျခအိတ္ေလးစုံခ်ဳပ္ေပးထားတယ္,ေသတၱာထဲမွာ ႐ွိတယ္"
“အင္း"
ခ်င္မ်န္က မ်က္ခုံးပင့္လိုက္သည္။ေက်းဇူးမတင္ဘူးေပါ့ေလ?
သူက နံရံဘက္ကို လွည့္ၿပီး အိပ္ဖို႔ျပင္ေတာ့သည္။
"မနက္ျဖန္ ခင္ဗ်ားနဲ႔အတူ ေတာင္ေပၚလိုက္တက္မယ္"
“စပါးက်ီေျမမွာ တစ္ေယာက္ေယာက္ ေစာင့္ၾကည့္ဖို႔လိုတယ္”
"စိတ္မပူပါနဲ႔ ကြၽန္ေတာ္မွာ နည္းလမ္း႐ွိပါတယ္"
ခ်င္မ်န္က တည္ၿငိမ္စြာ ေျပာလိုက္သည္။
လဲ့ယ္ထ်ဲက ျပန္မေျပာေပ။ခ်င္မ်န္က အိပ္ေနသည့္ အေနအထားကို ျပန္ခ်ိန္ညႇိကာ မ်က္လုံးမွိတ္လိုက္သည္။
ညသန္းေခါင္တြင္ ခ်င္မ်န္တစ္ေယာက္ အိမ္သာ႐ွာေနသည့္ အိပ္မက္ကိုမက္ၿပီး ႏိုးလာခဲ့သည္။သူ႕ဆီးခုံ တင္းေနၿပီ။
ေက်ာင္းတက္တုန္းက စာေမးပြဲမေျဖခင္ အိမ္သာသြားရတာတစ္မ်ိဳး၊ ဘတ္စ္ကား/ရထားမစီးခင္ သြားရတာတစ္မ်ိဳးနဲ႔ အိပ္ရာမဝင္ခင္လည္း အိမ္သာသြားမွရ
သည့္ အက်င့္မ်ိဳး သူ႕တြင္႐ွိ၏။မဟုတ္ရင္ သူ႕စိတ္ေတြ ကေမာက္ကမ ျဖစ္ေနလိမ့္မယ္။ေန႔ခင္းဘက္တုန္းက ေရအမ်ားႀကီးေသာက္ထားၿပီး အိပ္ရာမဝင္ခင္ အိမ္သာသြားဖို႔ ေမ့သြားခဲ့သည္။အခုအခါ ဆီးသြားခ်င္စိတ္ေၾကာင့္ ႏိုးထလာခဲ့ရသည္။
အခန္းတစ္ခုလုံးက ပိတ္ပိတ္ေမွာင္ေန၏။သူ ထၿပီး အေမွာင္ထဲမွာ ေလွ်ာက္စမ္းၾကည့္ရင္း သူ႕လက္ေတြက ေႏြးေထြးၿပီးၾကံ့ခိုင္သန္မာတဲ့ တစ္စုံတစ္ရာတစ္ခုေပၚသို႔ ဖိကပ္မိသြားသည္။အက္႐ွတဲ့အသံတစ္ခုက သူ႕နားထဲသို႔ အပူလိႈင္းႏွင့္အတူ တိုးဝင္လာခဲ့၏။
"အိပ္မက္ဆိုးမက္လို႔လား?"
ထို႔ေနာက္ ခ်င္မ်န္သည္ လဲ့ယ္ထ်ဲခါးကို ကိုင္ထားၿပီး လဲ့ယ္ထ်ဲ၏ဗိုက္ကို ဖိထားမိသည္ကို သိလိုက္ရသည္။ႏွလုံးခုန္ျမန္လာသလို လွ်ာကလည္း ထုံထိုင္းသြား၏။ “ဟင့္အင္း...ကြၽန္ေတာ္ ေရအိမ္သြားခ်င္လို႔"
"မလႈပ္နဲ႔ဦး"
သူ႕ပခုံးေတြက ဖိခ်ခံလိုက္ရၿပီး ႐ွပ္တိုက္အသံေတြကို ၾကားလိုက္ရသည္။ထို႔ေနာက္ မီး ျခစ္လိုက္သည့္အသံတစ္ခုကိုၾကားလိုက္ရၿပီး အေမွာင္ထဲတြင္ အလင္းတစ္ခု ထြက္ေပၚလာ၏။အသံျမည္ၿပီးေနာက္ ဆီမီးခြက္ကို လဲ့ယ္ထ်ဲက ထြန္းညႇိလိုက္သည္ပင္။
ခ်င္မ်န္သည္ ကုတင္ေပၚမွ ခုန္ဆင္းကာ ဖိနပ္ကိုစီးလ်က္ အခန္းထဲမွ အျမန္ေျပးထြက္လာခဲ့၏။
လဲ့ယ္ထ်ဲသည္ အျမန္ႏႈန္းထားျဖင့္ တံခါးေသာ့တံေလွ်ာက်သြားသည့္အသံကို ၾကားလိုက္ရသည္။သူ႕ႏႈတ္ခမ္းေထာင့္စြန္းက သိသာထင္႐ွားစြာ ေကြးၫႊတ္ျမင့္တက္သြားေသာ္လည္း လ်င္ျမန္စြာ ျပန္လည္ေပ်ာက္ကြယ္သြားၿပီး မ်က္လုံးအစုံကို မွိတ္ထားလိုက္သည္။
ခ်င္မ်န္က အိမ္ေနာက္ဘက္႐ွိ အိမ္သာဆီသို႔ မသြားေတာ့ဘဲ ဝါးေတာအစြန္းသို႔ အျမန္ေျပးကာ ဆီးအား အျမန္ညႇစ္ထုတ္ခဲ့ၿပီးေနာက္ အိမ္ထဲသို႔ သက္ေတာင့္သက္သာျဖင့္ ျပန္သြားခဲ့သည္။ဦးစြာ ကုတင္ေပၚသို႔တက္ကာ ဆီမီးခြက္ကိုမႈတ္ၿပီး ကုတင္အစြန္းနားတြင္ တမင္တကာ လွဲခ်လိုက္သည္။
အိပ္ေပ်ာ္သြားၿပီးေနာက္ သူ႕ေဘးနား႐ွိ အပူဓာတ္ကို ခံစားလိုက္ရသည္။မသိစိတ္ကေန တိုးကပ္သြားမိၿပီး အလားတူ အိပ္ေပ်ာ္ေနသည့္အမ်ိဳးသားအား သတိမထားမိဘဲ လက္ႏွစ္ဖက္ကို ဆန္႔တန္းကာ ဖက္တြယ္ထားလိုက္မိသည္။
လက္လုပ္ေခါက္ဆြဲညစ္စက္
Advertisement
- In Serial14 Chapters
Cores
Magic came to our planet, along with gates to another world. When creatures are found to have an organ known as a core, an extremely dense energy source, Lucas finds his chance to avoid the tedium of a desk job: monster hunting. All he has to do is not die.
8 462 - In Serial14 Chapters
Ehror, The Ascent
It’s the year 1647AR. The World of Ereath has survived dozens of millennia ever since the sudden arrival of the extradimensional energy known as Ehror. The ever present godlike beings known as Royals have be silent for the past fifty years causing panic within people in the know. Of course all of this is unknown to Sevyn and her companions who have recently escaped a facility created by The Red Sun. They have been experimented on turning them into Novas, being granted with a level of Ehror beyond that of an average user. They would explore this world to expose its secrets and to keep their freedom from being snatched away by their former makers. However there is something about Sevyn that draws her companions to her, a side of her that could lead to the destruction of this world. Posting every Monday, Wednesday and Friday. Hello everyone, Unfortunately this is discontinued as I writing a few things irl got in the way, and upon tryign to come back I realized that the story was nto quite going how I wanted to do anyway, so I went back to the drawing board and have started another story instead which I feel firs my original idea a lot better than this one does. It would be called Myriad Worlds Above.
8 210 - In Serial9 Chapters
Eternal Awakening [LitRPG] [EtA Book 1]
A 17-year old boy must use his wits and work with his friends to get first place in a tournament that takes place in an online deep-immersive Role-Playing-Game He must juggle his real-life problems with problems in the real world, and make sure that his sister does not get into harm's way. What will he do when he loses 2 people close to his heart, just before the most important battle in the tournament?
8 338 - In Serial7 Chapters
The Warring States
What if the Warring States period was set in a fantasy world with dungeons and dragons? What if the tide of a battle could be turned by a single warrior? Follow Chrome, an orphan boy in the Galeforce Country and new bearer of two Ultra Rare classes, in his journey through the Warring States. Extra Notes: Title image obtained from LoL - Ruined Kings. Contact me to have the cover taken down! This is my first attempt at writing, so feel free to leave comments and help me improve! I'm currently aiming for 1 chapter per week
8 77 - In Serial29 Chapters
The Summoner's Call
No schedule. The first 20 or so chapters have a little cringe-inducing English. The story is slow and summoning spells are actually scarcely shown at the beginning. Old synopsis: Have you ever heard about him?Of he who was born in the city of mages?He, who once burned a kingdom to the ground?Whose spells did he wave together humbled the gods?Who made men's wildest nightmares pale before those he called from the beyond?The Hypocrite. The Thief. The Mad. The Murderer. The Calamity.History talks about those and more men, and their many deeds.What it doesn't tell is that all of them were only one man.He was known by many names.The Summoner.So, tell me, haven't you heard of him before?It doesn't matter, so listen, as I will tell his story one last time.
8 87 - In Serial15 Chapters
Grahlgar the Ogre
Is it wrong for an ogre to be kind? Is there some unspoken rule that they must be bloodthirsty savages? Will they ever be able to find those who can accept them? In a world of discrimination, a gentle ogre seeks the answers to these questions and finds much more than he bargained for.
8 392

