《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[22]
Advertisement
[Unicode]
022:ဆန်စပါး ၆၀၀ ကျင်း
လဲ့ယ်ထျဲဘေးတွင် ကောက်ရိုးဖြင့် ချည်ထားသော ကောက်ပင် အစည်းလိုက်ကြီးရှိနေသည်။ကြိုးကို ပြန်ဖြေပြီး စပါးတွေကို မြေကြီးပေါ်ဖြန့်ချလိုက်သည်။သူ့ပါးပြင်ပေါ်မှ ချွေးတွေက တလိမ့်လိမ့်ကျဆင်းလာပြီး စပါးခင်းပေါ်သို့ စီးကျကာ ပျောက်ကွယ်သွား၏။
ကြံ့ခိုင်သန်မာသည့်လက်မောင်းကြီးမှာ ပူပြင်းစွာ တောက်လောင်နေသော နေရောင်အောက်တွင် တောက်ပနေ၏။
မနီးမဝေးတွင် ရပ်နေကြသည့် အမျိုးသမီးအချို့သည် ယောက်ျားများထံ နေ့လည်စာပို့ရန်အလို့ဌာ ခြင်းတောင်းများကို ကိုင်ဆောင်လျက် မတ်တပ်ရပ်ရင်း စကားစမြည်ပြောနေကြသည်။
လယ်သမား လေးငါးယောက်လောက်က ဝိုင်းဖွဲ့ စားသောက်နေကြပြီး စကားကိုကျယ်ကျယ်လောင်လောင် ပြောဆိုနေကြသည်။
"လောင်လျို...မင်းမိသားစုက ဒီမနက် ရွာတောင်ဘက်လယ်မှာ ကောက်ရိတ်နေကြတာ ဟုတ်တယ်မလား?အဲဒီအကွက်က 7 ဖန်ထက်တောင်နည်းသေးတယ်။မနက်မိုးလင်းတော့ စပါးကျီမြေဆီကို လှည်းခုနစ်စီး၊ ရှစ်စီးဆွဲလာတာ ငါ တွေ့လိုက်ရရော။ကောင်းလိုက်တဲ့ စပါးအထွက်နှုန်းပဲ..ဟမ့်!ငါတို့က ရွာသူရွာသားတွေပဲဆိုတော့ မင်းမှာ စိုက်ပျိုးရေးအတွက် လျှို့ဝှက်နည်းတွေရှိပြီး ဖုံးထားတာဖြစ်ရမယ်” စကားပြောနေသူ၏မျက်နှာမှာ မနာလိုနေသည့်ပုံပေါ်နေသည်။
တဖက်လူက သူပြောတာကိုကြားလိုက်ရတော့ စိတ်ဆိုးသွား၏။ထိုလူက လှောင်ပြောင်ပြန်လည်ပြောဆိုလိုက်ကာ – “တတိယအစ်ကိုက ဘာမှ လုပ်စရာမရှိတဲ့ အချိန်တိုင်း တစ်ခြားသူတွေရဲ့ လယ်ကွင်းတွေကို ပတ်ကြည့်နေတတ်တဲ့အကြောင်းကို ရွာက ဘယ်သူမဆို သိကြတာပဲ။ကျွန်တော့မှာသာ လျှို့ဝှက်စိုက်ပျိုးနည်းသာရှိရင် အစ်ကိုဆီကနေ ဖုံးထားနိုင်ပါ့မလား?"
အခြားသူတွေက ထိုစကားများကြောင့်ဟက်ဟက်ပက်ပက် ရယ်မောကာ သူတို့ အချင်းချင်းခွပ်နေကြသည်ကို ကြည့်ပြီး ကြည်နူးနေကြသည်။
မနာလိုသမားသည် အားရပါးရ ရယ်မောကာ “မင်းပြောတာကို ကြည့်ပါဦး။ဘာမှလုပ်စရာမရှိသူတွေကိုတောင် သွားဖို့လာဖို့ကို တားမြစ်နေတာလား?”
လူတိုင်းက ပိုလို့တောင် ရယ်မောကြတော့၏။တတိယအစ်ကို တွေးနေတာကို အားလုံးကသိကြသည်လေ။
ချင်မျန်က သူတို့အား စိုက်ကြည့်သော်လည်း သူသိသည့် အသိမိတ်ဆွေတွေကို မတွေ့သဖြင့် လဲ့ယ်ထျဲဘက်သို့သာ တိုက်ရိုက်သွားခဲ့သည်။
"ထျဲကော... အရင်စားကြရအောင်"
“အင်း” လဲ့ယ်ထျဲက စပါးကျီမြေနားက မိုးမခပင်အပုလေးဆီသို့ သူ့နောက်ကနေ လိုက်သွားပြီး သူ့လက်ထဲကနေ တောင်းကိုယူလိုက်သည်။
ချင်မျန်က သန့်ရှင်းသပ်ရပ်တာမျိုးကို သဘောကျ၏။ထိုလူ၏မျက်နှာပေါ်မှ ချွေးများကို သည်းမခံနိုင်ဘဲ ခြင်းတောင်းထဲရှိ ရေအိုးကိုထုတ်ယူလိုက်သည်။
"ရေနဲ့လောင်းပေးမယ်။မျက်နှာသစ်လိုက်"
လဲ့ယ်ထျဲက ခေါင်းညိတ်ပြပြီး လည်ပင်းမှာတင်ထားတဲ့ မျက်နှာသုတ်ပဝါအသစ်ကို ချွတ်လိုက်ပြီး အပေါ်ကနေ ရေအေးနဲ့လောင်းလိုက်၏။မျက်နှာ၊ လည်ပင်းနှင့် လက်များကို သုတ်လိုက်တော့မှ ရုတ်တရက် တစ်ကိုယ်လုံး အေးမြသွားသလို ခံစားလိုက်ရသည်။
လဲ့ယ်ထျဲက ကောက်ရိုးခင်းပေါ်တွင်ထိုင်ကာ အဖုံးကိုဖွင့်လိုက်တော့ ဟင်းအမယ်အချို့ကို တွေ့လိုက်ရသည်။သူ့ရဲ့အနက်ရောင် မျက်ဆံတွေထဲတွင် နွေးထွေးမှုအရိပ်အယောင်များ ထင်ဟပ်သွားပြီး "မင်းရော စားပြီးပြီလား?"
“စားပြီးပြီ။” ချင်မျန်သည် သူ့ဘေးတွင် ထိုင်ကာ သာမန်ကာလျှံကာ လှည့်ကြည့်နေ၏။
စပါးကျီမြေက ရွာရဲ့အစွန်းဘက်တွင် ရှိ၏။ထိုနေရာသည် ကျယ်ပြန့်သည့် မြေနေရာတစ်နေရာဖြစ်ပြီး ပတ်၀န်းကျင်ရှိ သစ်ပင်များသည်လည်း ရှုခင်းအားလုံးကို ရှုမြင်ရလောက်အောင် မထူထပ်ပေ။လယ်ကွင်းထဲမှာ လူတွေက ရိတ်သိမ်းပြီးတဲ့ စပါးတွေကို စပါးကျီမြေဆီ သယ်လာကြသည်။အချို့လူများက လှည်းဆွဲရန် နွားများကို အသုံးပြုကြပြီး အချို့က မြည်းများကို အသုံးပြုကြကာ အများစုကတော့ သူတို့ရဲ့ပုခုံးများဖြင့် ခိုင်ခံသည့် ထမ်းပိုးတိုင်ကို အသုံးပြု၍ တစ်ဖက်တစ်ချက်စီတွင် ကောက်စည်းများကို တွဲလောင်ချသယ်ယူပြီး သယ်ယူရာ လမ်းတစ်လျှောက်တွင် လေးလံသော ကောက်စည်းများက ယမ်းထိုးနေကြသည်။ပင်ပန်းသော်လည်း လယ်သမားများ၏မျက်နှာပေါ်တွင် ကျေနပ်နေကြသည့်အပြုံးတွေကို ပန်ဆင်ထားဆဲပင်။ယခုနှစ် ရိတ်သိမ်းမှုမှာ ယခင်နှစ်များထက် အနည်းငယ် ပိုကောင်းသည်လေ။မြေခွန်များစွာ ပေးဆောင်ခဲ့ရသော်လည်း သူတို့အတွက် ကျန်ရှိနေသေးပြီး မိသားစုများမှာလည်း ထမင်းဖြူ အနည်းငယ်ကိုတောင် စားနိုင်ကြသေးသည်။
ချင်မျန်က လဲ့ယ်ထျဲကို မေးဖို့ရာ ခေါင်းကိုလှည့်လိုက်ပြီး "ကျွန်တော်တို့မှာ တိရစ္ဆာန်အင်အား မရှိဘူး။တခြားသူတွေဆီက ဌားရမှာလား?”
လဲ့ယ်ထျဲက ကြက်သွန်မြိတ်ကြက်ဥကြော်ကို တစ်ကိုက်ယူစားလိုက်ပြီး မွှေးကြိုင်သောမွှေးရနံ့နှင့်အတူ ရွှန်းရွှန်းစားစား ပြောလိုက်သည်။ “လုပ်စရာအလုပ်တွေ များနေကြတယ်။ဌားလို့မရနိုင်ရင် ကျောက်တုံးကို ကိုယ်တိုင်ပဲဆွဲလှည့်လိုက်မယ်"
ချင်မျန်က အံ့သြသွားကာ ပါးစပ်ကိုဖွင့်လိုက်သော်လည်း သူဘာပြောရမှန်းမသိ။လူအင်အားနဲ့ ဆွဲမှာလား?သူ့မျက်လုံးများသည် စပါးကျီမြေဘေးရှိ မလှုပ်မရက်ရှိနေသည့်ကျောက်တုံးတစ်တုံးဆီသို့ လွင့်မျောသွားသည်။
ဒီကျောက်တုံးက အနည်းဆုံး 400 ~ 500 ကျင်း အလေးချိန်ရှိလိမ့်မယ်။ဆွဲလှည့်နိုင်ရင်တောင် အရမ်းပင်ပန်းမှာပဲ မဟုတ်ဘူးလား?
ထိုအချိန်တွင် သူတို့မိသားစုက အိမ်လည်းမရှိ လှည်းလည်းမရှိသဖြင့် ဆင်းရဲလွန်းတယ်ဟု သူခံစားမိသည်။ရှေးခေတ်ဖြစ်ပေမဲ့ လှည်းကိုလည်း ၃-၆-၉ တန်းဆိုပြီး အဆင့်ခွဲခြားထားသည်။
မြည်းလှည်းသည် ခေတ်မီ သုံးဘီးတပ်ယာဉ်နှင့် ညီမျှသလို နွားလှည်းသည် ခေတ်မီကားနှင့်ညီမျှကာ မြင်းလှည်းသည် BMWကား အဆင့်နှင့် ညီမျှသည်ပင်။ချင်မျန်၏ဤဘဝရည်မှန်းချက်မှာ လှည်းဝယ်ရန်ပင်။ BMW တစ်စီးဝယ်ဖို့မပြောနဲ့ သုံးဘီးတွန်းလှည်းတစ်စီးရှိရင်တောင် တော်တော် လုံလောက်နေပြီ။
ပန်းကန်လုံးကြီးတစ်လုံးကို သူ့လက်ထဲတွင် ကိုင်ထားပြီး ပါးစပ်ထဲသို့ တစ်လုပ်အဝကြီးစားနေသည့် ကျန်းတရွှေသည် ခြေလှမ်းကြီးကြီးဖြင့် သူတို့ဆီ လျှောက်လာသည်။ချောမောသော မျက်နှာအသွင်အပြင်နှင့် အရပ်ရှည်ရှည်ပိန်ပိန် ခန္ဓာကိုယ်အချိုးအစားဖြင့် အသက်နှစ်ဆယ်ကျော်ခန့် လူငယ်လေးတစ်ဦးကလည်း အနက်ရောင်ကြွေပန်းကန်လုံးကြီးတစ်လုံးကို သူ့လက်ထဲတွင် ကိုင်ဆောင်ကာ အစားအစာများကို ပါးစပ်ထဲသို့တွန်းထည့်ရင်း ကျယ်လောင်စွာဝါးလိုက်သည့်အသံဖြင့် သူနှင့်အတူ လိုက်ပါလာခဲ့သည်။
"ထျဲဇီ...မင်း ဘာအရသာရှိတဲ့ အစားအသောက်တွေကို စားနေတာလဲ?"
"အစ်ကိုကျန်း" ချင်မျန်က ထနှုတ်ဆက်သည်။
ကျန်းတရွှေက သူ့ဘေးက လူငယ်နှင့် ချင်မျန်ကို မိတ်ဆက်ပေးလိုက်သည်။ "ဒါက ငါ့အိမ်နီးချင်း ဝူတိ"
Advertisement
"မင်္ဂလာပါ...မရီး" ဝူတိသည် သူ့မျက်နှာတွင် ပြုံးနေပြီး လဲယ်ထျဲ၏ပန်းကန်ကို ကြည့်လိုက်သောအခါ သူ့မျက်လုံးများက အလွန်တက်ကြွသွား၏။ "အစ်ကိုအတွက် မရီးက ဘယ်လိုအစားအစာမျိုးတွေ လုပ်ပေးထားတာလဲ?တစ်လမ်းလုံး မွှေးနေတာပဲ "
လယ်ကွင်းထဲက အမျိုးသမီးတော်တော်များများက ဒီမြင်ကွင်းကို မြင်ပြီး တီးတိုးလေးပြောကြတော့သည်။
"ကျန်းတရွှေနဲ့ ဝူတိက ရူးနေကြတာလား?လဲ့ယ်ထျဲ နဲ့ ချင်မျန်က ဘယ်လိုလူမျိုးတွေမို့လို့လဲ?သူတို့က အဲဒီနှစ်ယောက်နဲ့ အတူတူစားဖို့ တကယ်ကြီး သွားခဲ့တယ်!”
စကားပြောနေတဲ့ အမျိုးသမီးက သူ့ယောက်ျားရဲ့ စိုက်ကြည့်တာကို ခံလိုက်ရပြီး “တခြားသူတွေရဲ့မိသားစုအကြောင်းကို ဂရုစိုက်နေဖို့လိုလို့လား?”
လဲ့ယ်ထျဲက ပန်းကန်လုံးကို ကျန်းတရွှေဘက်သို့ ရွှေ့ပြလိုက်သည်။ "ကျွန်တော့်ချင်းဇီ(မိန်းမ)က ငရုတ်ပွစိမ်းနဲ့ဝက်သားချက်၊ ကြက်သွန်မြိတ်ကြက်ဥကြော်နဲ့ ခရမ်းသီးသုပ် ချက်ပေးထားတယ်"
လဲ့ယ်ထျဲက သပ်သပ်ရပ်ရပ်နဲ့ စားထား၏။လောလောဆယ်တော့ ပန်းကန်ထဲမှာ ဟင်းတွေ အများကြီး ကျန်သေးသည်။
ချင်မျန်သည် ကျန်းတရွှေနှင့် ဝူတိတို့၏ပန်းကန်ထဲသို့ တိတ်တဆိတ် ကြည့်လိုက်သည်။
ကျန်းတရွှေ၏ပန်းကန်ထဲတွင် ဆားကြက်ဥ(ဆေးဘဲဥ)နှစ်လုံးပါရှိပြီး ဝူတိ၏ပန်းကန်လုံးထဲတွင် ဟင်းသီးဟင်းရွက်များဖြင့်ပြည့်နေသော်လည်း ဆီများစွာပါနေသည်ကို သူမြင်နေရသည်။
ကျန်းတရွှေသည် လဲ့ယ်ထျဲ၏ပန်းကန်ထဲမှ ငရုတ်သီးစိမ်းနှင့်ဝက်သားချက်ထဲက ဝက်သားတစ်ဖက်ကို အမှတ်တမဲ့ယူလိုက်ကာ လောဘကြီးသွားပုံ ပေါ်သော်လည်း ဝူတိ၏ရှက်ရွံ့သွားသည့်အသွင်အပြင်ကို မြင်သောအခါ သူ ရယ်လိုက်မိသည်။
သူ နံဘေးတွင် ငုတ်တုတ်ထိုင်ချလိုက်၏။သူတို့အားလုံးက ပါးစပ်ပိတ်ပြီး တိတ်တိတ်ဆိတ်ဆိတ် ဝါးစားရတာကို သိပ်ဂရုမစိုက်ကြတဲ့ တောင်သူလယ်သမားမိသားစုတွေပဲလေ။
"ထျဲဇီ...မင်းရဲ့စပါးကို ဘယ်လိုခြွေမလဲ?" သူစကားပြောနေစဉ်တွင် သူက ဝူတိဆီကို အတည်လိုလို မတော်တဆတဆလိုလိုဖြင့် တစ်ချက်ကြည့်လိုက်သည်။
ဝူတိသည် ပြန့်ကျဲနေသည့်စပါးတွေကို ကြည့်လိုက်သည်။သူ့မျက်လုံးတွေ ချက်ချင်းလင်းလာပြီး လဲ့ယ်ထျဲ ပါးစပ်မဟခင် သူ အလျင်အမြန်ပြောလိုက်သည်။ "အစ်ကိုထျဲ ကျွန်တော့်မိသားစုက လယ်ထဲမှာ စပါးတစ်ဝက်လောက်ပဲ ရိတ်ကြမှာ။အဲဒါပြီးရင် ကျွန်တော်တို့က စပါးဆက်မခြွေတော့ဘူး။မွန်းလွဲပိုင်းမှသာ ဆက်ရိတ်ကြမှာ။ကျွန်တော်တို့မြည်းကို သုံးလို့ရတယ်။"
လဲ့ယ်ထျဲတစ်ယောက် ရူးကြောင်ကြောင်တွေ ထလုပ်မယ်ကို စိုးရိမ်မိတာကြောင့် ချင်မျန်က သူ့လက်ထဲကနေ ပန်းကန်လုံးကို ယူလိုက်ပြီး ဝူတိရှေ့တွင် ချပေးလိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ်။မကြိုက်တာမရှိဘူးဆိုရင် စမ်းစားကြည့်ပါဦး။"
“မကြိုက်တာ မရှိပါဘူး၊မကြိုက်တာ မရှိပါဘူး။ဘယ်လောက်မွှေးလိုက်လဲ! ကျေးဇူးတင်ပါတယ် အစ်ကိုထျဲ ကျေးဇူးတင်ပါတယ် မရီး"
ဝူတိက ပြုံးပြီး သူ့လက်ချောင်းတွေကို ဆန့်ထုတ်လိုက်ပေမယ့် အများကြီးတော့ မယူလိုက်ပေ။ငရုတ်ပွစိမ်းနှင့် ဝက်သားကိုပါးပါးလှီးထားသော ဟင်းအနည်းငယ်နှင့် ကြက်သွန်မြိတ်ကြက်ဥကြော် အနည်းငယ်ကိုသာ ယူလိုက်သည်။
လဲ့ယ်ထျဲက ပန်းကန်လုံးအား ဘယ်ဘက်လက်ဖြင့် ကိုင်ထားသည့် အနေအထားအတိုင်း ထိန်းထားသေးသည်။ချင်မျန်ကိုကြည့်လိုက်သည့် သူ့အကြည့်တွေက ကူကယ်ရာမဲ့ဖြစ်ပြီး အနည်းငယ်စွဲလမ်းမှုတွေလည်း ပါ၏။
ကျန်းတရွှေက ဒါကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီး သူ့အကြည့်တွေကို အမြန်ပြန်သိမ်းလိုက်ကာ စားဖို့ ခေါင်းငုံ့လိုက်သည်။
"စားလေ"
ချင်မျန်က ပန်းကန်လုံးကို လဲ့ယ်ထျဲထံပြန်ပေးကာ နှစ်သိမ့်ပေးသည့်သဘောဖြင့် လဲ့ယ်ထျဲ၏ပခုံးပေါ်တင်ကာ ရက်ရက်ရောရော ပြောလိုက်သည်။ "ခင်ဗျား ကြိုက်ရင် ဒီဟင်းသုံးမျိုးကို ကျွန်တော် ထပ်ချက်ပေးနိုင်တယ်"
လဲ့ယ်ထျဲက ခေါင်းညိတ်ပြပြီး ကျန်ဟင်းလျာများကို ထမင်းနှင့်ရောကာ ထပ်စားတော့သည်။
ချင်မျန်က လူငယ်လေးအပေါ် ကြင်နာမှုရှိစွာဖြင့် "ဝူတိ ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။အလုပ်များတဲ့ရာသီပြီးသွားရင်တော့ ထျဲကောနဲ့အတူ မင်းတို့ကို ညစာစားဖို့ ဖိတ်လိုက်ပါ့မယ်။”
ဝူတိက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "ဘာမှ မလုပ်ပေးထိုက်ပါဘူး။ဘာပဲဖြစ်ဖြစ် ကျွန်တော့်မြည်းက ဘာမှ မယ်မယ်ရရလုပ်နိုင်တာ မဟုတ်ပါဘူးဗျာ”
“ဒီလိုပဲ ထားလိုက်ပါ” ချင်မျန်က အမိအရ တိုက်တွန်းလိုက်သည်။
ထို့နောက် ဝူတိက ငြင်းဆိုခြင်းမရှိတော့ဘဲ ဝမ်းသာအားရ ခေါင်းညိတ်ကာ “ဒါဆိုရင်လည်း အားမနာတော့ပါဘူးဗျာ။အစ်ကိုကျန်းက ပြောတယ်။မရီးရဲ့အချက်အပြုတ်စွမ်းရည်က အရမ်းကောင်းတယ်တဲ့။စားကောင်းတာတွေစားရဖို့ ကျွန်တော် ကံကောင်းသွားတာပဲ"
"အဲဒီအချိန်ကျရင်သာ အစ်ကိုကျန်းကို သူ့ကိုပါ အပါခေါ်ဖို့ အနှောက်အယှက် ပေးရတော့မယ်။"
ချင်မျန်က ကျန်းတရွှေကို ပြောလိုက်သည်။ကျန်းတရွှေ ကူညီဖို့ ရည်ရွယ်လိုက်တာကို သူ မြင်လိုက်ရသည်လေ။
ကျန်းတရွှေ နှင့် လဲ့ယ်ထျဲတို့သည် ကောင်းမွန်သောဆက်ဆံရေးရှိကြပြီး ယဉ်ယဥ်ကျေးကျေးစကားတွေပြောဆိုဖို့က ဟန်ဆောင်ပန်ဆောင်ဆန်လွန်းသဖြင့် ရယ်မောကာပင် ပြောလိုက်သည်။ “ဒါလေးက ရပါတယ်ကွာ ”
နေ့လည်စာ စားပြီးနောက် ကျန်းတရွှေနှင့် ဝူတိတို့သည် နေ့ခင်းဘက်တွင် ဆက်လက်အလုပ်ရှုပ်နေရဦးမှာမို့ အလျင်အမြန်ထွက်ခွာသွားကြသည်။
လဲ့ယ်ထျဲသည်လည်း အစာအားလုံးကိုစားပြီးနောက် ရေတစ်ဝက်တိတိကို သောက်ချလိုက်၏။
"ပြန်သွားတော့။နေပူတယ်”
ချင်မျန်သည် ချက်ခြင်းမထသေးဘဲ မေးလိုက်သည်။ "ဒီမှာက အလုပ်ဘယ်တော့ ပြီးမှာလဲ?"
လဲ့ယ်ထျဲက "လေးနာရီကျော်လောက်မှ ပြီးမယ်”
ချင်မျန်က "ခင်ဗျားမိဘတွေဘက်ကရော ဘယ်လိုလဲ?"
လဲ့ယ်ထျဲက "ကိုယ်တို့ ကိုယ့်အတွက်ကိုပဲ အရင်ဂရုစိုက်ကြမယ်"
ချင်မျန်က စိတ်ထဲတွင် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး "ကျွန်တော် အရင်ပြန်သွားပြီးတော့ ပြန်သန့်ရှင်းရေးလုပ်ပြီးရင် လာပြန်ကူညီမယ်"
"မလိုဘူး။" လဲ့ယ်ထျဲက နေကိုကြည့်ပြီး ငြင်းလိုက်သည်။
ချင်မျန်က ထုတ်မပြောတော့ဘဲ စိတ်ထဲမှာသာ ကြံရွယ်ထားတော့သည်။အိမ်ပြန်ရောက်တော့ ပန်းကန်ခွက်တွေဆေး,ပြီးရင် တံခါးကိုသော့ခတ် ကောက်ရိုးထုပ်လေးထုတ်,တောင်းကိုယူပြီး စပါးကျီမြေဆီ သွားလိုက်သည်။နေပူထဲမှာ အလုပ်,မလုပ်ချင်ပေမယ့်လည်း သူနဲ့လဲ့ယ်ထျဲက မိသားစုတွေဖြစ်နေပြီဆိုတော့ ဒီမိသားစုအတွက် သူတာဝန်ယူရမှာပေါ့။မဟုတ်ရင် သူ စိတ်လက်သက်သာစွာ နေနိုင်မှာမဟုတ်ဘူး။
Advertisement
ဝူတိ၏မိသားစုသည် မြည်းဖြင့် စပါးခြွေပြီးသောအခါ လဲ့ယ်ထျဲက မြည်းကိုဦးဆောင်ကာ စပါးကိုစတင်ခြွေလှေ့ရန် ကျောက်တုံးနားသို့ သွားလိုက်သည်။ချင်မျန်က စပါးကျီများကို ကောက်ဆွဖြင့်လှန်ပြီး လုပ်ငန်းစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ခဲ့သည်။
ဤသို့အကြိမ်ကြိမ်ပြုလုပ်ကာ နှစ်နာရီနီးပါးကြာပြီးနောက် လဲ့ယ်ထျဲက ရပ်လိုက်ပြီး ချင်မျန်လက်ထဲမှ ကောက်ဆွကိုယူကာ အညှာကိုကောက်ကိုင်လိုက်တော့ စပါးစေ့များကျွတ်ထွက်သွားသည်ကို တွေ့လိုက်ရသည်။သူက ချင်မျန်ကို ခေါင်းညိတ်ပြပြီး မြည်းကို ပြန်ခေါ်သွားလိုက်သည်။
ခြွေလှေ့ပြီးနောက် မီးရှို့ပစ္စည်း သို့မဟုတ် အစာအဖြစ် အသုံးပြုနိုင်သည့် ကောက်ရိုးများ ဖြစ်လာ၏။ချင်မျန်က ကောက်ရိုးအားလုံးကို ကောက်ရိုးနဲ့ စုချည်ပြီး ဘေးမှာ စုပုံထားသည်။ချင်မျန်က ရိုးတံရှိ အစေ့အဆန်များ ကုန်စင်သွားကြောင်း သေချာစေရန် အကြိမ်အနည်းငယ် ခါယမ်းပေးလိုက်သည်။ထို့နောက် တံမြက်စည်းဖြင့် စုပုံထားလိုက်၏။
လဲ့ယ်ထျဲ ပြန်ရောက်သောအခါ သစ်သားပေါက်တူးကို အသုံးပြု၍ စပါးလှေ့လိုက်သည်။လေတိုက်ခတ်လာလေလေ စပါးစေ့များတွင်ရှိသော အမှုန်အမွှားများနှင့် ဖုန်မှုန့်များသည် လေထဲသို့ လွင့်ထွက်သွားပြီး သန့်ရှင်းသည့် ဆန်စေ့များသာ ကျန်တော့သည်။
နောက်ဆုံးတွင် သူတို့၏လယ်တစ်မူမှ ကျင်း (၆၀၀) အချိန်ရှိသည့် ဆန်စပါးများရရှိလာကာ အိတ်ကြီးငါးလုံးဖြင့် အပြည့်ရိတ်သိမ်းနိုင်ခဲ့သည်။နွေအခါဆိုရင် ကျင်း ၄၀၀ ခန့်ထွက်ကာ ခေတ်သစ်လူ့အဖွဲ့အစည်းအတွက်ဆိုလျှင် အလွန်နည်းသော်လည်း ဤခေတ်အနေနဲ့ဆိုလျှင် မဆိုးလှပေ။
လဲ့ယ်ထျဲသည် အိတ်တစ်လုံးကို ပခုံးပေါ်သို့ လွယ်လွယ်ကူကူပင် ကောက်ထမ်းလိုက်ပြီး ငါးခေါက်နှုန်းဖြင့် အိမ်သို့ သယ်သွားလိုက်သည်။ကောက်ရိုးများအားလုံးကို ချည်နှောင်ထားပြီးနောက် ထိုနည်းအတိုင်းပင် အိမ်သို့ ပြန်သယ်သွားခဲ့သည်။
နောက်ဆုံးအခေါက်တွင် လဲ့ယ်မိသားစု၏ဟင်းရွက်ခင်း၌ ဟင်းသီးဟင်းရွက်အချို့ကိုပါ ဝင်ခူးလာခဲ့သည်။
လဲ့ယ်ထျဲက မြစ်ထဲတွင်ရေချိုးရန် အဝတ်အစားသစ်များကို ပြန်ယူပြီး ချင်မျန်ကတော့ဖြင့် ညစာမပြင်မီ အိမ်တွင် ရေနွေးဖြင့် ရေချိုးခဲ့ပြီးပြီဖြစ်သည်။
ညစာအတွက် ဟင်းက နေ့လယ်ကနှင့် အတူတူပဲ။ဒါပေမယ့် လိုင်းသားတွေကတော့ မကျန်တော့ဘူး၊ငရုတ်ပွစိမ်းနဲ့ ကြော်ထားတဲ့ ဝက်သားကတော့ ငရုတ်ပွစိမ်းနဲ့မွှေထားတဲ့ ဝက်သားတုံး ဖြစ်သွား၏။
လဲ့ယ်ထျဲက နေ့လယ်တွင် လျှော့စားခဲ့ရသည့်အတွက် အခုအခါတွင်တော့ အများကြီးစားလိုက်သည်။ငရုတ်ပွစိမ်းက အလွန်စပ်သော်လည်း ထမင်းဖြင့် ရောစားတော့ အစပ်လျော့သွားသည်။နှစ်ယောက်စလုံး ကျေနပ်နေကြ၏။
ညစာစားပြီးနောက် နေလည်း ဝင်သွားလေပြီ။
"ကျွန်တော် ခင်ဗျားနဲ့ ဆွေးနွေးစရာရှိတယ်"
ချင်မျန်က ပန်းကန်ခွက်များကို ဖယ်ရှင်းရင်း ပြောလိုက်သည်။
"ဘာကိုလဲ?" အိမ်အပြင်ဘက် ဝါးတိုင်ပေါ်တွင် ချိတ်ထားသည့် ခြေအိတ်များကို လဲ့ယ်ထျဲက ကြည့်နေသည်။
T/N:
1 ဖန် = 61.44 m2
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
022:ဆန္စပါး ၆၀၀ က်င္း
လဲ့ယ္ထ်ဲေဘးတြင္ ေကာက္႐ိုးျဖင့္ ခ်ည္ထားေသာ ေကာက္ပင္ အစည္းလိုက္ႀကီး႐ွိေနသည္။ႀကိဳးကို ျပန္ေျဖၿပီး စပါးေတြကို ေျမႀကီးေပၚျဖန္႔ခ်လိုက္သည္။သူ႕ပါးျပင္ေပၚမွ ေခြၽးေတြက တလိမ့္လိမ့္က်ဆင္းလာၿပီး စပါးခင္းေပၚသို႔ စီးက်ကာ ေပ်ာက္ကြယ္သြား၏။
ၾကံ့ခိုင္သန္မာသည့္လက္ေမာင္းႀကီးမွာ ပူျပင္းစြာ ေတာက္ေလာင္ေနေသာ ေနေရာင္ေအာက္တြင္ ေတာက္ပေန၏။
မနီးမေဝးတြင္ ရပ္ေနၾကသည့္ အမ်ိဳးသမီးအခ်ိဳ႕သည္ ေယာက်္ားမ်ားထံ ေန႔လည္စာပို႔ရန္အလို႔ဌာ ျခင္းေတာင္းမ်ားကို ကိုင္ေဆာင္လ်က္ မတ္တပ္ရပ္ရင္း စကားစျမည္ေျပာေနၾကသည္။
လယ္သမား ေလးငါးေယာက္ေလာက္က ဝိုင္းဖြဲ႕ စားေသာက္ေနၾကၿပီး စကားကိုက်ယ္က်ယ္ေလာင္ေလာင္ ေျပာဆိုေနၾကသည္။
"ေလာင္လ်ိဳ...မင္းမိသားစုက ဒီမနက္ ႐ြာေတာင္ဘက္လယ္မွာ ေကာက္ရိတ္ေနၾကတာ ဟုတ္တယ္မလား?အဲဒီအကြက္က 7 ဖန္ထက္ေတာင္နည္းေသးတယ္။မနက္မိုးလင္းေတာ့ စပါးက်ီေျမဆီကို လွည္းခုနစ္စီး၊ ႐ွစ္စီးဆြဲလာတာ ငါ ေတြ႕လိုက္ရေရာ။ေကာင္းလိုက္တဲ့ စပါးအထြက္ႏႈန္းပဲ..ဟမ့္!ငါတို႔က ႐ြာသူ႐ြာသားေတြပဲဆိုေတာ့ မင္းမွာ စိုက္ပ်ိဳးေရးအတြက္ လွ်ိဳ႕ဝွက္နည္းေတြ႐ွိၿပီး ဖုံးထားတာျဖစ္ရမယ္” စကားေျပာေနသူ၏မ်က္ႏွာမွာ မနာလိုေနသည့္ပုံေပၚေနသည္။
တဖက္လူက သူေျပာတာကိုၾကားလိုက္ရေတာ့ စိတ္ဆိုးသြား၏။ထိုလူက ေလွာင္ေျပာင္ျပန္လည္ေျပာဆိုလိုက္ကာ – “တတိယအစ္ကိုက ဘာမွ လုပ္စရာမ႐ွိတဲ့ အခ်ိန္တိုင္း တစ္ျခားသူေတြရဲ႕ လယ္ကြင္းေတြကို ပတ္ၾကည့္ေနတတ္တဲ့အေၾကာင္းကို ႐ြာက ဘယ္သူမဆို သိၾကတာပဲ။ကြၽန္ေတာ့မွာသာ လွ်ိဳ႕ဝွက္စိုက္ပ်ိဳးနည္းသာ႐ွိရင္ အစ္ကိုဆီကေန ဖုံးထားႏိုင္ပါ့မလား?"
အျခားသူေတြက ထိုစကားမ်ားေၾကာင့္ဟက္ဟက္ပက္ပက္ ရယ္ေမာကာ သူတို႔ အခ်င္းခ်င္းခြပ္ေနၾကသည္ကို ၾကည့္ၿပီး ၾကည္ႏူးေနၾကသည္။
မနာလိုသမားသည္ အားရပါးရ ရယ္ေမာကာ “မင္းေျပာတာကို ၾကည့္ပါဦး။ဘာမွလုပ္စရာမ႐ွိသူေတြကိုေတာင္ သြားဖို႔လာဖို႔ကို တားျမစ္ေနတာလား?”
လူတိုင္းက ပိုလို႔ေတာင္ ရယ္ေမာၾကေတာ့၏။တတိယအစ္ကို ေတြးေနတာကို အားလုံးကသိၾကသည္ေလ။
ခ်င္မ်န္က သူတို႔အား စိုက္ၾကည့္ေသာ္လည္း သူသိသည့္ အသိမိတ္ေဆြေတြကို မေတြ႕သျဖင့္ လဲ့ယ္ထ်ဲဘက္သို႔သာ တိုက္႐ိုက္သြားခဲ့သည္။
"ထ်ဲေကာ... အရင္စားၾကရေအာင္"
“အင္း” လဲ့ယ္ထ်ဲက စပါးက်ီေျမနားက မိုးမခပင္အပုေလးဆီသို႔ သူ႕ေနာက္ကေန လိုက္သြားၿပီး သူ႕လက္ထဲကေန ေတာင္းကိုယူလိုက္သည္။
ခ်င္မ်န္က သန္႔႐ွင္းသပ္ရပ္တာမ်ိဳးကို သေဘာက်၏။ထိုလူ၏မ်က္ႏွာေပၚမွ ေခြၽးမ်ားကို သည္းမခံႏိုင္ဘဲ ျခင္းေတာင္းထဲ႐ွိ ေရအိုးကိုထုတ္ယူလိုက္သည္။
"ေရနဲ႔ေလာင္းေပးမယ္။မ်က္ႏွာသစ္လိုက္"
လဲ့ယ္ထ်ဲက ေခါင္းညိတ္ျပၿပီး လည္ပင္းမွာတင္ထားတဲ့ မ်က္ႏွာသုတ္ပဝါအသစ္ကို ခြၽတ္လိုက္ၿပီး အေပၚကေန ေရေအးနဲ႔ေလာင္းလိုက္၏။မ်က္ႏွာ၊ လည္ပင္းႏွင့္ လက္မ်ားကို သုတ္လိုက္ေတာ့မွ ႐ုတ္တရက္ တစ္ကိုယ္လုံး ေအးျမသြားသလို ခံစားလိုက္ရသည္။
လဲ့ယ္ထ်ဲက ေကာက္႐ိုးခင္းေပၚတြင္ထိုင္ကာ အဖုံးကိုဖြင့္လိုက္ေတာ့ ဟင္းအမယ္အခ်ိဳ႕ကို ေတြ႕လိုက္ရသည္။သူ႕ရဲ႕အနက္ေရာင္ မ်က္ဆံေတြထဲတြင္ ေႏြးေထြးမႈအရိပ္အေယာင္မ်ား ထင္ဟပ္သြားၿပီး "မင္းေရာ စားၿပီးၿပီလား?"
“စားၿပီးၿပီ။” ခ်င္မ်န္သည္ သူ႕ေဘးတြင္ ထိုင္ကာ သာမန္ကာလွ်ံကာ လွည့္ၾကည့္ေန၏။
စပါးက်ီေျမက ႐ြာရဲ႕အစြန္းဘက္တြင္ ႐ွိ၏။ထိုေနရာသည္ က်ယ္ျပန္႔သည့္ ေျမေနရာတစ္ေနရာျဖစ္ၿပီး ပတ္၀န္းက်င္႐ွိ သစ္ပင္မ်ားသည္လည္း ႐ႈခင္းအားလုံးကို ႐ႈျမင္ရေလာက္ေအာင္ မထူထပ္ေပ။လယ္ကြင္းထဲမွာ လူေတြက ရိတ္သိမ္းၿပီးတဲ့ စပါးေတြကို စပါးက်ီေျမဆီ သယ္လာၾကသည္။အခ်ိဳ႕လူမ်ားက လွည္းဆြဲရန္ ႏြားမ်ားကို အသုံးျပဳၾကၿပီး အခ်ိဳ႕က ျမည္းမ်ားကို အသုံးျပဳၾကကာ အမ်ားစုကေတာ့ သူတို႔ရဲ႕ပုခုံးမ်ားျဖင့္ ခိုင္ခံသည့္ ထမ္းပိုးတိုင္ကို အသုံးျပဳ၍ တစ္ဖက္တစ္ခ်က္စီတြင္ ေကာက္စည္းမ်ားကို တြဲေလာင္ခ်သယ္ယူၿပီး သယ္ယူရာ လမ္းတစ္ေလွ်ာက္တြင္ ေလးလံေသာ ေကာက္စည္းမ်ားက ယမ္းထိုးေနၾကသည္။ပင္ပန္းေသာ္လည္း လယ္သမားမ်ား၏မ်က္ႏွာေပၚတြင္ ေက်နပ္ေနၾကသည့္အျပဳံးေတြကို ပန္ဆင္ထားဆဲပင္။ယခုႏွစ္ ရိတ္သိမ္းမႈမွာ ယခင္ႏွစ္မ်ားထက္ အနည္းငယ္ ပိုေကာင္းသည္ေလ။ေျမခြန္မ်ားစြာ ေပးေဆာင္ခဲ့ရေသာ္လည္း သူတို႔အတြက္ က်န္႐ွိေနေသးၿပီး မိသားစုမ်ားမွာလည္း ထမင္းျဖဴ အနည္းငယ္ကိုေတာင္ စားႏိုင္ၾကေသးသည္။
ခ်င္မ်န္က လဲ့ယ္ထ်ဲကို ေမးဖို႔ရာ ေခါင္းကိုလွည့္လိုက္ၿပီး "ကြၽန္ေတာ္တို႔မွာ တိရစၧာန္အင္အား မ႐ွိဘူး။တျခားသူေတြဆီက ဌားရမွာလား?”
လဲ့ယ္ထ်ဲက ၾကက္သြန္ၿမိတ္ၾကက္ဥေၾကာ္ကို တစ္ကိုက္ယူစားလိုက္ၿပီး ေမႊးႀကိဳင္ေသာေမႊးရနံ႔ႏွင့္အတူ ႐ႊန္း႐ႊန္းစားစား ေျပာလိုက္သည္။ “လုပ္စရာအလုပ္ေတြ မ်ားေနၾကတယ္။ဌားလို႔မရႏိုင္ရင္ ေက်ာက္တုံးကို ကိုယ္တိုင္ပဲဆြဲလွည့္လိုက္မယ္"
ခ်င္မ်န္က အံ့ၾသသြားကာ ပါးစပ္ကိုဖြင့္လိုက္ေသာ္လည္း သူဘာေျပာရမွန္းမသိ။လူအင္အားနဲ႔ ဆြဲမွာလား?သူ႕မ်က္လုံးမ်ားသည္ စပါးက်ီေျမေဘး႐ွိ မလႈပ္မရက္႐ွိေနသည့္ေက်ာက္တုံးတစ္တုံးဆီသို႔ လြင့္ေမ်ာသြားသည္။
ဒီေက်ာက္တုံးက အနည္းဆုံး 400 ~ 500 က်င္း အေလးခ်ိန္႐ွိလိမ့္မယ္။ဆြဲလွည့္ႏိုင္ရင္ေတာင္ အရမ္းပင္ပန္းမွာပဲ မဟုတ္ဘူးလား?
ထိုအခ်ိန္တြင္ သူတို႔မိသားစုက အိမ္လည္းမ႐ွိ လွည္းလည္းမ႐ွိသျဖင့္ ဆင္းရဲလြန္းတယ္ဟု သူခံစားမိသည္။ေ႐ွးေခတ္ျဖစ္ေပမဲ့ လွည္းကိုလည္း ၃-၆-၉ တန္းဆိုၿပီး အဆင့္ခြဲျခားထားသည္။
ျမည္းလွည္းသည္ ေခတ္မီ သုံးဘီးတပ္ယာဥ္ႏွင့္ ညီမွ်သလို ႏြားလွည္းသည္ ေခတ္မီကားႏွင့္ညီမွ်ကာ ျမင္းလွည္းသည္ BMWကား အဆင့္ႏွင့္ ညီမွ်သည္ပင္။ခ်င္မ်န္၏ဤဘဝရည္မွန္းခ်က္မွာ လွည္းဝယ္ရန္ပင္။ BMW တစ္စီးဝယ္ဖို႔မေျပာနဲ႔ သုံးဘီးတြန္းလွည္းတစ္စီး႐ွိရင္ေတာင္ ေတာ္ေတာ္ လုံေလာက္ေနၿပီ။
ပန္းကန္လုံးႀကီးတစ္လုံးကို သူ႕လက္ထဲတြင္ ကိုင္ထားၿပီး ပါးစပ္ထဲသို႔ တစ္လုပ္အဝႀကီးစားေနသည့္ က်န္းတေ႐ႊသည္ ေျခလွမ္းႀကီးႀကီးျဖင့္ သူတို႔ဆီ ေလွ်ာက္လာသည္။ေခ်ာေမာေသာ မ်က္ႏွာအသြင္အျပင္ႏွင့္ အရပ္႐ွည္႐ွည္ပိန္ပိန္ ခႏၶာကိုယ္အခ်ိဳးအစားျဖင့္ အသက္ႏွစ္ဆယ္ေက်ာ္ခန္႔ လူငယ္ေလးတစ္ဦးကလည္း အနက္ေရာင္ေႂကြပန္းကန္လုံးႀကီးတစ္လုံးကို သူ႕လက္ထဲတြင္ ကိုင္ေဆာင္ကာ အစားအစာမ်ားကို ပါးစပ္ထဲသို႔တြန္းထည့္ရင္း က်ယ္ေလာင္စြာဝါးလိုက္သည့္အသံျဖင့္ သူႏွင့္အတူ လိုက္ပါလာခဲ့သည္။
"ထ်ဲဇီ...မင္း ဘာအရသာ႐ွိတဲ့ အစားအေသာက္ေတြကို စားေနတာလဲ?"
"အစ္ကိုက်န္း" ခ်င္မ်န္က ထႏႈတ္ဆက္သည္။
က်န္းတေ႐ႊက သူ႕ေဘးက လူငယ္ႏွင့္ ခ်င္မ်န္ကို မိတ္ဆက္ေပးလိုက္သည္။ "ဒါက ငါ့အိမ္နီးခ်င္း ဝူတိ"
"မဂၤလာပါ...မရီး" ဝူတိသည္ သူ႕မ်က္ႏွာတြင္ ျပဳံးေနၿပီး လဲယ္ထ်ဲ၏ပန္းကန္ကို ၾကည့္လိုက္ေသာအခါ သူ႕မ်က္လုံးမ်ားက အလြန္တက္ႂကြသြား၏။ "အစ္ကိုအတြက္ မရီးက ဘယ္လိုအစားအစာမ်ိဳးေတြ လုပ္ေပးထားတာလဲ?တစ္လမ္းလုံး ေမႊးေနတာပဲ "
လယ္ကြင္းထဲက အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားက ဒီျမင္ကြင္းကို ျမင္ၿပီး တီးတိုးေလးေျပာၾကေတာ့သည္။
"က်န္းတေ႐ႊနဲ႔ ဝူတိက ႐ူးေနၾကတာလား?လဲ့ယ္ထ်ဲ နဲ႔ ခ်င္မ်န္က ဘယ္လိုလူမ်ိဳးေတြမို႔လို႔လဲ?သူတို႔က အဲဒီႏွစ္ေယာက္နဲ႔ အတူတူစားဖို႔ တကယ္ႀကီး သြားခဲ့တယ္!”
စကားေျပာေနတဲ့ အမ်ိဳးသမီးက သူ႕ေယာက်္ားရဲ႕ စိုက္ၾကည့္တာကို ခံလိုက္ရၿပီး “တျခားသူေတြရဲ႕မိသားစုအေၾကာင္းကို ဂ႐ုစိုက္ေနဖို႔လိုလို႔လား?”
လဲ့ယ္ထ်ဲက ပန္းကန္လုံးကို က်န္းတေ႐ႊဘက္သို႔ ေ႐ႊ႕ျပလိုက္သည္။ "ကြၽန္ေတာ္႕ခ်င္းဇီ(မိန္းမ)က င႐ုတ္ပြစိမ္းနဲ႔ဝက္သားခ်က္၊ ၾကက္သြန္ၿမိတ္ၾကက္ဥေၾကာ္နဲ႔ ခရမ္းသီးသုပ္ ခ်က္ေပးထားတယ္"
လဲ့ယ္ထ်ဲက သပ္သပ္ရပ္ရပ္နဲ႔ စားထား၏။ေလာေလာဆယ္ေတာ့ ပန္းကန္ထဲမွာ ဟင္းေတြ အမ်ားႀကီး က်န္ေသးသည္။
ခ်င္မ်န္သည္ က်န္းတေ႐ႊႏွင့္ ဝူတိတို႔၏ပန္းကန္ထဲသို႔ တိတ္တဆိတ္ ၾကည့္လိုက္သည္။
က်န္းတေ႐ႊ၏ပန္းကန္ထဲတြင္ ဆားၾကက္ဥႏွ(ဆေးဘဲဥ)စ္လုံးပါ႐ွိၿပီး ဝူတိ၏ပန္းကန္လုံးထဲတြင္ ဟင္းသီးဟင္း႐ြက္မ်ားျဖင့္ျပည့္ေနေသာ္လည္း ဆီမ်ားစြာပါေနသည္ကို သူျမင္ေနရသည္။
က်န္းတေ႐ႊသည္ လဲ့ယ္ထ်ဲ၏ပန္းကန္ထဲမွ င႐ုတ္သီးစိမ္းႏွင့္ဝက္သားခ်က္ထဲက ဝက္သားတစ္ဖက္ကို အမွတ္တမဲ့ယူလိုက္ကာ ေလာဘႀကီးသြားပုံ ေပၚေသာ္လည္း ဝူတိ၏႐ွက္႐ြံ႕သြားသည့္အသြင္အျပင္ကို ျမင္ေသာအခါ သူ ရယ္လိုက္မိသည္။
သူ နံေဘးတြင္ ငုတ္တုတ္ထိုင္ခ်လိုက္၏။သူတို႔အားလုံးက ပါးစပ္ပိတ္ၿပီး တိတ္တိတ္ဆိတ္ဆိတ္ ဝါးစားရတာကို သိပ္ဂ႐ုမစိုက္ၾကတဲ့ ေတာင္သူလယ္သမားမိသားစုေတြပဲေလ။
"ထ်ဲဇီ...မင္းရဲ႕စပါးကို ဘယ္လိုေႁခြမလဲ?" သူစကားေျပာေနစဥ္တြင္ သူက ဝူတိဆီကို အတည္လိုလို မေတာ္တဆတဆလိုလိုျဖင့္ တစ္ခ်က္ၾကည့္လိုက္သည္။
ဝူတိသည္ ျပန္႔က်ဲေနသည့္စပါးေတြကို ၾကည့္လိုက္သည္။သူ႕မ်က္လုံးေတြ ခ်က္ခ်င္းလင္းလာၿပီး လဲ့ယ္ထ်ဲ ပါးစပ္မဟခင္ သူ အလ်င္အျမန္ေျပာလိုက္သည္။ "အစ္ကိုထ်ဲ ကြၽန္ေတာ္႕မိသားစုက လယ္ထဲမွာ စပါးတစ္ဝက္ေလာက္ပဲ ရိတ္ၾကမွာ။အဲဒါၿပီးရင္ ကြၽန္ေတာ္တို႔က စပါးဆက္မေႁခြေတာ့ဘူး။မြန္းလြဲပိုင္းမွသာ ဆက္ရိတ္ၾကမွာ။ကြၽန္ေတာ္တို႔ျမည္းကို သုံးလို႔ရတယ္။"
Advertisement
- In Serial15 Chapters
Wild Hunt
Portals to a different world appeared in the world suddenly thirty years ago. Beyond them, a different world exists, one where monsters which drop magical cores exist. Left alone, these Portals eventually collapse, causing the monsters behind them to spill out onto Earth. Those who are Blessed with superhuman abilities to slay these monsters are Hunters. Kim Shiwoon, an everyman in South Korea wishing for a chance to be something more, finds himself thrust into becoming a Hunter. However, he quickly finds that it is not all glitz and glamour in the life of a Hunter... Updates every other day at 5 pm(GMT +8). -Tentative cover is not mine: taken from https://www.clipart.email/download/2425346.html
8 135 - In Serial10 Chapters
Chrono Born
Chrono, a boy who only knew life in a box finally emerges after one fateful encounter. Follow Chrono as he explores the seven skies and much more with friends and family along the way. (Release of chapters are volatile. Read at your own risk.) (Current release rate - Indefinite till further notice. More information can be found in the latest chapter post-author note )
8 146 - In Serial39 Chapters
Tales of Idiots.
Four Idiots. Now you would expect them to just die immediately right? After all they're in a world of magic and fantasy. With dragons that can burn them to crisps, and crazy cultists that will turn you into sacrifices to whatever crazy gods they worship. But no. They lived, and caused a whole lot of mayhem. And did I mention the world is ruled by a bunch of corrupt nobles and king? P.S. - First time writing so would appreciate any advices.
8 339 - In Serial8 Chapters
To be a Demon
An eye calls for an eye. Blood calls for blood. To lose love and retrieve suffering. To gain hate and forsake humanity. That is what it means... To be a demon. ... This is a political and plot focused novel. There are no superpowers and not as much fighting. But there is a lot of plotting.
8 194 - In Serial7 Chapters
What in the World?
A young man from the modern world that is desperate to escape the current society but, then was transported to another world suddenly and thus began his adventure on building his dreamed society.
8 68 - In Serial43 Chapters
Stuck With Him: Kai Parker
[Highest Rank #1 Kai 12/07/19][Highest Rank #245 Fanfiction 23/11/16][Highest Rank #6 Sarcasm 23/02/19]I scoffed, kicking his shin and he kicked me back harder. I hissed in pain, holding my shin. "Can you even die here?" I asked. He shook his head and I huffed. "Great."Kai winked, continuing to lick jam off his fingers. "Guess you're stuck with me, Ri." I fake smiled. "Oh the joys."And that ladies and gentleman was the day I met the one and only Kai Parker.
8 214

