《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[20+21]
Advertisement
[Unicode]
020:ဆောင်းဦး ရိတ်သိမ်းခြင်း
ချင်မျန်တစ်ယောက် ပန်းကန်တွေကို ဆေးကြောပြီးသောအခါ မီးဖိုချောင်မှ ပြန်မထွက်မီ အားလုံးကို နဂိုအနေအထားအတိုင်းသို့ အစီအရီပြန်ထားလိုက်၏။သူ ပြန်ထွက်လာတော့ လဲ့ယ်ထျဲက စားပွဲပေါ်တွင် ထိုင်နေကာ လက်တစ်ဖက်က မေးစေ့ကိုထောက်ရင်း ခေါင်းငိုက်စိုက်လျက် မျက်လုံးမှိတ်ထားသည်ကို တွေ့လိုက်ရပြီး သူခန္ဓာကိုယ်ကနေ ဝိုင်နံ့သင်းသင်းထွက်နေ၏။
ကျောက်ဆားကို အိမ်အပြင်ဘက်သို့ ယူလာပြီး မြေပြင်ပေါ်တွင် ထိုင်ချလိုက်၏။သူ ပလုပ်ကျင်းနေ
စဥ် ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်နေသည်ကို ခံစားလိုက်ရသည်။သူ့စိတ်သည်လည်း တည်ငြိမ်နေ၏။အိမ်ခွဲနေလိုက်တာက တကယ့်ကို ကောင်းမွန်တဲ့ စတင်မှုပဲ။
ထို့နောက် အိပ်ခန်းထဲ၌ အဝတ်သန့်တွေကိုဝင်ယူပြီးနောက် စည်ပိုင်းထဲသို့ ရေနွေးထည့်လိုက်သည်။ရေချိုးခန်းမရှိသောကြောင့် ရေချိုးကန်ကို အပြင်ဘက်သို့ ထုတ်လိုက်ရသည်။သူ့အဝတ်အစားတွေကို ချွတ်ပြီး အထဲဝင်ထိုင်လိုက်တော့မှ သူ သက်တောင့်သက်သာရှိလွန်းလို့ သက်ပြင်းတစ်ချက်ချလိုက်မိ၏။ထို့နောက်တွင် သူသည် ဝိညာဉ်စမ်းရေအချို့ကို ချိုးရေထဲသို့ တိတ်တဆိတ်ထည့်လိုက်သည်။အစောပိုင်းက ပြောရန်ပင် မထိုက်တန်တဲ့ ကြိုးစားအားထုတ်မှုမျိုးကြောင့် ယခုတွင်သာ သူ အလွန်သက်တောင့်သက်သာ ခံစားခဲ့ရသည်။
လဲ့ယ်ထျဲ မျက်လုံးဖွင့်လိုက်သည်နှင့် အပြင်ဘက်မှ ရေသံကြားလိုက်ရသည်။သူ့မျက်လုံးတွေသည် လှိုင်းမရှိသည့် ရေတွင်းနက်တစ်ခုလိုပင်၊သူ့အတွေးများကိုလည်း မသိနိုင်။
ရေချိုးပြီးနောက် ချင်မျန်က လန်းဆန်းလာ၏။နေရာတိုင်းကို ရေတွေသွန်ချလိုက်ပြီး စိတ်လက်ပေါ့ပါးစွာ အကြောအခြင်တွေ ဆန့်ထုတ်လိုက်သေးသည်။ “ကျွန်တော် အရင်သွားအိပ်တော့မယ်။အိုးထဲမှာ ရေနွေးရှိသေးတယ်။ခင်ဗျားအတွက် လုံလောက်ပါတယ်။"
“အင်း... ဒီနေ့ စပါးခင်းနားကိုဖြတ်သွားတော့ စပါးတွေက ရိတ်လို့ရပြီ”
လဲ့ယ်ထျဲက အရမ်းတည်ငြိမ်နေပုံရပြီး ချင်မျန်ကလည်း သူ့ကိုယ်ပိုင်အတွေးအမြင်ကို ပြောပြခဲ့သည်။ "ကျွန်တော်တို့မြေနေရာကို အရင်ဝယ်သင့်တယ်လို့ထင်တယ်။အဲဒါမှ အသီးအရွက်တွေ စိုက်ပျိုးဖို့အတွက် အနီးနားမှာ ဟင်းရွက်ခင်းပါတွဲစိုက်လို့ရမှာ။မဟုတ်ရင် ပိုက်ဆံကုန်လိမ့်မယ်။နောက်နှစ်လလောက်ကြာရင် အသီးအရွက်တွေကဝယ်ရတော့မယ်လေ။”
လဲ့ယ်ထျဲက မီးဖိုချောင်သို့ သွားခါနီးတွင် လှည့်ကြည့်ကာ ပြောလိုက်သည်။ “မနက်ဖြန် မနက်သွားကြမယ်”
ချင်မျန်ကတော့ ဘယ်မှာသွားဝယ်ကြမလဲဟုမေးမနေတော့ဘဲ ခေါင်းညိတ်ပြပြီး အိပ်ခန်းထဲသို့ဝင်သွားသည်။
လဲ့ယ်ထျဲက မီးဖိုချောင်ဘေးတွင် ကပ်တင်ထားသော ခံတွင်းဆေးခွက်နှစ်ခွက်ကို ကြည့်ကာ ပလုတ်ကျင်းရန် ရေမစိုသေးသည့်ခွက်ကို ကောက်ယူပြီး ခဏလောက် ရပ်နေမိသည်။
သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်ပြီးမှ အဝတ်အစားလဲကာ အိပ်ခန်းထဲမဝင်ခင် မီးမှုတ်လိုက်သည်။ချင်မျန်က မျက်လုံးတွေကိုမှိတ်ထားပြီး တစ်ဖက်ကုတင်အစွန်းဘက်တွင် တိုးကပ်ကာ အိပ်နေသည်။လဲ့ယ်ထျဲက စိတ်ထဲထားမနေပဲ စောင်ကိုဟကာ ချင်မျန်ကို မျက်နှာမူလျက် သူ့နံဘေးမှာ လဲလျောင်းလိုက်ရင်း အိပ်ယာဝင်ခဲ့သည်။ ကောင်ငယ်လေးက အိပ်ပျော်သွားတဲ့အခါ သူ့ရင်ခွင်ထဲကို အလိုအလျောက် ဝင်လာသွားမယ်ဆိုတာ သူသိလို့ပါပဲ။
ထိုညတွင် ချင်မျန်သည် အလိုအလျောက်အတိုင်း နိုးလာသည်အထိ အိပ်မက်ပင်မမက်ဘဲ အလွန်သက်တောင့်သက်သာရှိစွာ အိပ်ပျော်သွားခဲ့သည်။ပြတင်းပေါက် အပြင်ဘက်တွင် တောက်ပနေပြီး နေရောင်သည် အသံမထွက် အလှုပ်အခတ်မရှိဘဲ ကန့်လန့်ကာကြားမှ တိုးဝင်လာခဲ့၏။
အိမ်အပြင်ဘက်တွင် ဓားသွေးသံများ ကြားနေရသည်။လဲ့ယ်ထျဲက ချွန်နေသော ကျောက်တုံးကြီးရှေ့တွင် ထိုင်ကာ တံစဉ်ကို စူးစူးစိုက်စိုက် သွေးနေခြင်းပင်။
နေရောင်ခြည်သည် သူ့နဖူးပေါ်သို့ အရိပ်တစ်ခုလို ကျရောက်လာပြီး သူ့မျက်နှာထောင့်စွန်းကို ပူနွေးသွားစေသည်။ချင်မျန်က သူ့စိတ်နဲ့ကိုယ်ပြန်မကပ်မီ စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်နေမိသည်။
"တောင်းပန်ပါတယ် ကျွန်တော် အိပ်ယာထနောက်ကျသွားတယ်။ကျွန်တော် အခု မနက်စာပြင်ပေးမယ်" ချင်မျန်က အနည်းငယ်ရှက်သွားသည်။ခေါင်းပေါ်မှ ရှုပ်ယှက်ခတ်နေသော ဆံပင်တွေကို သပ်လိုက်ပြီး အရှက်ပြေစေရန် ချောင်းတစ်ချက်ဆိုးလိုက်သည်။
လဲ့ယ်ထျဲက သူ့ကိုကြည့်ကာ ဓါးကို ဆက်မချွန်မီ ခေါင်းယမ်းလိုက်သည်။ "ကိုယ် လယ်ကွင်းကို အရင်သွားလိုက်ဦးမယ်။"
ချင်မျန်က အိမ်နေရာအကြောင်း မေးချင်သော်လည်း စပါးရိတ်သိမ်းရန် အရေးကြီးသည်ဟု ထင်သောကြောင့် မေးခွန်းကို ပြန်မျိုချလိုက်သည်။ "ကျွန်တော် ခင်ဗျားအတွက်အစားအသောက်တွေကို မကြာခင် လာပို့ပေးမယ်။စကားမစပ် ဘာလို့ တံစဉ်တစ်ချောင်းပဲရှိတာလဲ?"
"ကိုယ် တစ်ယောက်တည်း လုပ်နိုင်တယ်။" လဲ့ယ်ထျဲက ထရပ်လိုက်သည်။
ချင်မျန်မှာ တခြားလုပ်စရာတွေရှိပေမယ့် သူနဲ့ လဲ့ယ်ထျဲမှာ လဲ့ယ်ထျဲရဲ့ ခွန်အားနဲ့ တစ်နေ့တည်းလုပ်လို့ရတဲ့ လယ်တစ်ကွင်းပဲရှိတာကို တွေးမိတာကြောင့် ကူညီဖို့ တွန်းအားပေးမနေတော့ဘူး။ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကိုးနာရီထိုးခါနီးပြီဟု ခန့်မှန်းရပြီး မီးဖိုချောင်ထဲသို့ အမြန်ဝင်ကာ မီးမွှေးလိုက်ပြီး ဂျုံမှုန့်ကို ရေနှင့်ရောကာ မပျစ်မကျဲအနေအထားအတိုင်း ကြက်သွန်နီ၊ဆား၊ နုတ်နုတ်စင်းထားသော အသားနှင့် ဥများထည့်လိုက်၏။ပြီးရင် နှံနှံစပ်စပ် အညီအမျှမွှေလိုက်သည်။ထို့နောက် အရသာရှိလှသည့် ကြက်သွန်နီအသားပန်ကိတ်အနည်းငယ်ကို အမြန်လုပ်ခဲ့သည်။သုံးခုကို သူ့အတွက် သိမ်းထားပြီး ကျန်ခုနစ်ခုကို လိပ်ပြီး ပန်းကန်တစ်လုံးထဲ ထည့်လိုက်သည်။ပြီးရင် တောင်းသေးသေးလေးထဲ မထည့်ခင် အဖုံးကို သေချာ ဖုံးထားလိုက်သည်။စဉ်းစားပြီးနောက် ရေသန့်အိုးတစ်လုံးကို ရှာပြီး ရေကျက်အေးအား ဖြည့်လိုက်သည်။သူ တံခါးကို သော့ခတ်ပြီး လဲ့ယ်ထျဲဆီ အစားအသောက် ပို့ဖို့သွားလိုက်၏။သူ့လက်ထဲတွင်လည်း ကြက်သွန်နီအသားပန်ကိတ် တစ်ချပ်ကိုလည်း လမ်းလျှောက်ရင်း စားနေလေသည်။
နေမင်းကြီးသည် ကောင်းကင်ယံ၌ တောက်ပနေ၏။ရွှေရောင်စပါးခင်းတွင် စပါးရိတ်သိမ်းရန် လယ်သမားများ လယ်လုပ်နေကြသည်။တံစဉ်ကို လျင်မြန်စွာ ကျွမ်းကျင်စွာ ဝှေ့ယမ်းလိုက်သောအခါ စပါးပင်တစ်ဆုပ်ခန့်ကို လှဲပြီးသားဖြင့်,မကြာမီပင် မြင့်မားစွာ စုပုံလာလေသည်။လူတွေက စပါးရိတ်သိမ်းရာသီမှာ မိုးရွာမှာကို ကြောက်တဲ့အတွက် ဘယ်သူမှ စကားမပြောဖြစ်ကြဘဲ အားလုံးက နာရီနှင့်အပြိုင် လုပ်နေကြသည်။စပါးစိုက်ခင်းအနည်းငယ်သာ ရင့်ဖို့ အနည်းငယ်လိုသေး၏။အဝေးမှ ရွှေဝါရောင်စပါးခင်းကြီးက ရွှေရောင်ကော်ဇောကဲ့သို့ပင်။
တောင်ပေါ်ကြောက လှုပ်ရှားမှုကို ကွင်းပြင်က လူတွေကြားတော့ မျှော်ကြည့်လိုက်ကြသည်။ချင်မျန်က ယဉ်ယဉ်ကျေးကျေး ပြုံးပြပြီး ခေါင်းညိတ်ပြလိုက်သည်။စိတ်ထားကောင်းတဲ့လူတွေက သူ့ကို ပြန်ပြုံးပြပြီး စိတ်ထားဆိုးတဲ့သူတွေကတော့ ခေါင်းကို အမြန်ပြန်ငုံ့ထားကြသည်။
Advertisement
ချင်မျန်ကတော့ လုံးဝ ဂရုမစိုက်ဘူး။မကြာမီပင် သူသည် "သူ့မိသားစု" လယ်ကွင်းဆီသို့ ရောက်ပြီး လယ်တစ်မူမှာ ငါးပုံတစ်ပုံအထိ ဖြတ်ထားပြီးပြီကို တွေ့ရတော့ အံ့အားသင့်သွားသည်။
လဲ့ယ်ထျဲက အလုပ်ကို ကြိုးကြိုးစားစားလုပ်တတ်တာပဲ။လဲ့ယ်ထျဲက တံစဉ်ဖြင့် စပါးပင် အများအပြားကို ဖြတ်နေသည်။သူ့နောက်ကျောဘက်ကို သတိရှိစွာ လှည့်ကြည့်ရင်း ချင်မျန်ကို တွေ့လိုက်သည်နှင့် သူ့မျက်လုံးထဲတွင် လျစ်လျူရှုမှုများက ပျောက်ကွယ်သွားသည်။
ချင်မျန်က လက်ဝှေ့ယမ်းပြပြီး "ထျဲကော...အရင်စားကြရအောင်"
အနီးနားရှိ စပါးခင်းများတွင် အသက်ငါးဆယ်ကျော်အရွယ် အဖိုးအိုတစ်ဦးသည် သန်မာကြံ့ခိုင်သော လူငယ်နှစ်ဦးကို စပါးရိတ်သိမ်းရန် ဦးဆောင်နေ၏။
ချင်မျန်ကိုကြည့်ရင်း အဘိုးအို၏မျက်လုံးများက ကျဉ်းမြောင်းသွားသည်အထိ အကြိမ်အနည်းငယ် ရယ်မောရင်း "လဲ့ယ်ထျဲရဲ့ဇနီးက လဲ့ယ်ထျဲကို ဘာအရသာရှိတဲ့ အစားအစာ လာပို့ပေးတာလဲကွ?"
အဘိုးအိုက လီကျန်းဖြစ်သည်ကို ချင်မျန် သိလိုက်ရသဖြင့် အံ့သြသွားမိသည်။ရှေးကျေးလက်ဒေသများတွင် လီကျန်းက ရွာသူ/သားများ၏အုပ်ထိန်းသူဖြစ်ပြီး လီကျန်းနှင့် ကောင်းမွန်သောဆက်ဆံရေးရှိခြင်းက ပြဿနာများစွာကို လျှော့ချနိုင်သည်ဟု ဆိုနိုင်သည်။လဲ့ယ်တာချန် နဲ့ တုရှီက ရှုပ်ထွေးနေတာလား ဒါမှမဟုတ် ရူးနေတာလား? လီကျန်းနှင့် ကပ်လျက် စပါးခင်းကို ပေးရခြင်းမှာ အံ့သြစရာပင်။
သူ အမြန်လျှောက်သွားလိုက်သည်။ "ဦးလေးလီကျန်း အလုပ်များနေလား?မထင်မှတ်ပဲ ကျွန်တော်တို့မိသားစုရဲ့ လယ်ကွင်းတွေက ကပ်လျက်ဖြစ်နေရော။ဒါ တိုက်ဆိုင်မှုတစ်ခုပဲ၊ နောက်ပိုင်းမှာ ဦးလေးလီကျန်းကို စောင့်ကြည့်ပေးဖို့ အများကြီး အနှောက်အယှက်ပေးရတော့မှာပဲ။ကျွန်တော် ကြက်သွန်နီအသားပန်ကိတ်အချို့ကို လုပ်ခဲ့တယ်။ဦးလေးလီကျန်း နဲ့ အစ်ကိုကြီးနှစ်ယောက်က စိတ်မရှိရင် စမ်းစားကြည့်ပါလား?”
ဦးလေးလီကျန်းက အဆောတလျင် ငြင်းဆိုလိုက်ပြီး "ငါတို့က ဘယ်လိုလုပ်ပြီး စားရမှာလဲ?မလိုဘူး၊ မလိုဘူး။ ”
သူ့သားနှစ်ယောက်က မွှေးရနံ့တွေရနေတာကြောင့် ခြင်းတောင်းထဲကို လှမ်းမကြည့်ဘဲ မနေနိုင်တော့ပေ။
ချင်မျန်သည် လဲ့ယ်ထျဲကို မျက်လုံးဖြင့် အရိပ်အမြွက်ပေးလိုက်သည်။
လဲ့ယ်ထျဲက ခြင်းတောင်းကိုယူကာ ပန်းကန်လုံးထုတ်ပြီး ပန်ကိတ်သုံးချပ်ကိုထုတ်ကာ လီကျန်းအား ပေးလိုက်သည်။ “ဦးလေးလီကျန်း မြည်းစမ်းကြည့်ပါ။ကျွန်တော့်မိသားစုကလုပ်ထားတာ ဘာမှတော့တန်ဖိုးမရှိပါဘူး”
လီကျန်းသည် သူ့လက်ကို သုတ်လိုက်ပြီး ကြက်သွန်နီအသားပန်ကိတ်များကို ယူကာ သားနှစ်ယောက်အား ခွဲဝေပေးလိုက်သည်။သူ တစ်ကိုက် ကိုက်လိုက်၏။အသားရဲ့ ကြွယ်ဝတဲ့အရသာနဲ့ ကြက်ဥရဲ့အရသာက တစ်ခုကိုတစ်ခု ကောင်းကောင်း ဖြည့်စွမ်းပေးထားသည်။သူက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပြီး “အရသာရှိလိုက်တာ။လဲ့ယ်ထျဲဇနီးရဲ့လက်ရာက ကောင်းတာပဲ။”
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
021:ပထမရွှေအိုးအစီအစဉ်-လက်လုပ်ခေါက်ဆွဲညစ်စက်(1)
"ဦးလေးလီကျန်းက ကျွန်တော့်ကို မြှောက်ပြောနေပြီပဲ" ချင်မျန်က လယ်ကွင်းထဲက ကောက်ပင်တွေကို ကြည့်ရင်း “ဦးလေးလီကျန်းက လယ်သမားကောင်းတစ်ယောက်ဖြစ်ထိုက်တယ်။စပါးနှံတွေ ပြည့်နေတော့ ဒီနှစ်မှာ စပါးအထွက်ကောင်းရမယ်” တကယ်တော့ ဒါက တစ်ဖက်ပိတ်ချီးကျူးလိုက်တာပဲ။ဒီစပါးတွေက အရင်က သူမြင်ဖူးတာတွေထက် ပိုဆိုးနေတယ်!
"ဟာဟားဟား..." လီကျန်းသည် ချင်မျန်က စကားလုံးကောင်းကောင်းတွေကို ရွေးပြောဖို့ ကြိုးစားနေမှန်းသိလို့ ရယ်မောသွားပေမယ့် လူတွေကို စိတ်လက်ပေါ့ပါးစေတာမို့ "အင်း....မင်းရဲ့လယ်လည်း ကောင်းတာပဲ"
ချင်မျန်သည် ကျိုးနွံစွာ မှတ်ချက်ပြုခဲ့ပြီး လီကျန်းနှင့် စကားမပြောဖြစ်တော့။စကားကြွယ်ကြွယ် ဖားယားပြောဆိုတာမျိုးက စီးပွားရေး အရောင်းအ၀ယ်ဆန်တာမျိုးမဟုတ်သော်လည်း လူအချင်းချင်း ဆက်သွယ်ရာတွင် ဤစကားများက အသုံးဝင်သည်။ဒါပေမယ့် စကားကောင်းတွေကို အလွန်အကျွံပြောပြန်ရင်လည်း ကြောင်သူတော်လို့ ထင်ခံရလိမ့်မည်။
လဲ့ယ်ထျဲက ကြက်သွန်နီအသားပန်ကိတ်ကို စားပြီးနောက်မှ မေးလိုက်သည်။ “မင်းရော စားပြီးပြီလား?” ချင်မျန်က “မစားရသေးဘူး။ကျွန်တော် အခုပြန်တော့မယ်။နေ့လည်စာ လာပို့ပေးမယ်"
"ဒါဆို စပါးကျီမြေမှာ လာပို့လိုက်" လဲ့ယ်ထျဲက ခြေလှမ်းကြီးများဖြင့် လျှောက်နေသော လဲ့ယ်ရှန်းရန်ကို မြင်လိုက်ရပြီး ခြင်းတောင်းကို ချင်မျန်၏လက်ထဲသို့ ထည့်လိုက်သည်။
"ပြန်တော့။"
ချင်မျန်ကလည်း လဲ့ယ်ရှန်းရန်ကို မြင်သည်။တောင်းကိုယူ၍ ထွက်သွားလိုက်၏။သူသည်လည်း လဲ့ယ်ရှန်းရန်ကို အတော်ကြီးကို သဘောမကျပေ။သူနှင့် ရှောင်ဖိုအခွင့်အရေးရှိခဲ့ပါက ရှောင်လိမ့်မည်။
လဲ့ယ်ထျဲကလည်း လဲ့ယ်ရှန်းရန်၏အကြီးဆုံးအစ်ကိုဖြစ်သောကြောင့် သူနှင့် ပြောဆိုဆက်ဆံရာတွင် မကျေမနပ်ဖြစ်ပေလိမ့်မည်။
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ခေါင်းကိုလှည့်ကာ လဲ့ယ်ထျဲကို စာနာစိတ်ဖြင့် ပြုံးပြလိုက်သည်။
လဲ့ယ်ထျဲက အံ့သြသွားကာ မေးစေ့ကို အနည်းငယ် မြှောက်ပြလိုက်သည်။
လဲ့ယ်ထျဲက သူ့ကို မြန်မြန်သွားခိုင်းနေတာလို့ ချင်
မျန်က ခန့်မှန်းမိသည်။ပြုံးရင်း အရှိန်အဟုန်မြှင့်ကာ အိမ်သို့ အေးအေးဆေးဆေး ပြန်လာခဲ့သည်။
လီကျန်းသည်လည်း ဤနေရာမှ အခြေအနေအရပ်ရပ်ကို တွေ့လိုက်တာကြောင့် တိတ်တဆိတ် ခေါင်းယမ်းလိုက်သည်။ကြက်သွန်နီအသားပန်ကိတ်ကို နှစ်ကိုက် သုံးကိုက်စားပြီး စပါးကို ဆက်လက်ရိတ်သိမ်းနေလိုက်သည်။
“အစ်ကိုကြီး....အဖေက စပါးရိတ်တာ လာကူဖို့ ပြောလိုက်တယ်။”
“ငါရဲ့လယ်တောင် ရိတ်လို့ မပြီးသေးဘူး"
“ဒီလယ်ကို ရိတ်ပြီးရင် အဲဒီကို သွားလိုက်ပါ။”
“မရဘူး စပါးခြွေရဦးမယ်”
ချင်မျန်သည် အဝေးသို့ ရောက်သွားသော်လည်း လဲ့ယ်ရှန်းရန်၏ပြန်မချေပနိုင်သော လေသံနှင့် လဲ့ယ်ထျဲ၏လျစ်လျူရှုသော တုံ့ပြန်သံကို ဖျတ်ခနဲ ကြားလိုက်သေးသည်။သူ တိတ်တဆိတ် ရယ်မောပြီး လဲ့ယ်ထျဲကို စိတ်ထဲကနေ"တော်တယ်!"ဟု ချီးမွမ်းလိုက်၏။
အိမ်ပြန်ရောက်တော့ ဗိုက်ဖြည့်လိုက်ပြီး အဝတ်အစားတွေကို အရင်လျှော်လိုက်သည်။ထို့နောက် အိမ်ရှေ့ သစ်ပင်နှစ်ပင်ကြားက ဝါးတိုင်တစ်တိုင်ကို တွေ့လိုက်ရသည်။ဝါးတိုင်၏အစွန်းနှစ်ဖက်ကို လူတစ်ဦးအရပ်ကဲ့သို့ မြင့်မားသောသစ်ကိုင်းများကြားတွင် အထည်စများဖြင့် တင်းတင်းကြပ်ကြပ် ချည်နှောင်ထားသည်။
ဤသည်မှာ လဲ့ယ်ထျဲလုပ်ပေးထားသည့် “အဝတ်လှမ်းကြိုး” ဖြစ်ရမည်။
ချင်မျန်၏နှုတ်ခမ်းထောင့်မှ အပြုံးတစ်ခု ထွက်ပေါ်လာသည်။ အဝတ်များကို လှန်းပြီးနောက် သူ “ပထမရွှေအိုး” အစီအစဉ်ကို စတင်ရန် အိမ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။
Advertisement
အရင်ဘဝတုန်းက သူ ကောင်းကောင်း တတ်မြောက်ခဲ့တဲ့ ပညာရပ်နှစ်မျိုးရှိ၏။တစ်ခုမှာ လယ်ယာလုပ်ငန်း၊ နောက်တစ်ခုက စားကောင်းသောက်ဖွယ်ပင်။ယနေ့ ခေတ်နောက်ကျသော ခေတ်တွင် လယ်ကွင်းများရှိစိုက်ပျိုးရေးက ခက်ခဲပြီး ငွေရှာရန် မဖြစ်နိုင်ပေ။သူသည် အရသာရှိသော အစားအစာဖြင့်သာ စတင်နိုင်ခဲ့သည်။
မနေ့က မြို့ထဲမှာ အချိန်တွေအတော်ကြာကြာ ပတ်ကြည့်နေခဲ့တာကြောင့် ပထမဆုံး စီးပွားရေးအခွင့်အလမ်းအနေနဲ့ လက်လုပ်ခေါက်ဆွဲညစ်စက်ထုတ်လုပ်ဖို့ကို ရှာဖွေတွေ့ရှိခဲ့သည်။မြို့ထဲတွင် ခေါက်ဆွဲဆိုင်ပေါင်း ၂၀ ကျော်ရှိပြီး ခေါက်ဆွဲအားလုံးကို ဤနည်းဖြင့် ပြုလုပ်သည် - ဦးစွာ ဂျုံမှုန့်ကို ကောင်းစွာရောစပ်ပြီး မုန့်ညက်ကို လိပ်ထားသော အချပ်များဖြစ်အောင် ဒလှိမ့်တုံးဖြင့် လှိမ့်ကာ ခေါက်ဆွဲကို ကျွမ်းကျင်သောဓားရေးဖြင့် အပိုင်းပိုင်းဖြစ်လိုက်ခြင်းသာ။ဒါက ပင်ပန်းရုံသာမက ဒုက္ခလည်း ရောက်၏။သူကိုယ်တိုင် ခေါက်ဆွဲညစ်စက်ကိုလုပ်ရင် ရောင်းကောင်းမယ်လို့ သူယုံကြည်မိသည်။
ချင်မျန်သည် ယမန်နေ့က ပြတင်းပေါက်တွင် ကပ်ထားလို့ကျန်သည့် စာရွက်အကျန်တွေကို ရှာတွေ့ခဲ့ပြီး သူ့နယ်မြေထဲကနေ ခဲတံတစ်ချောင်းကို ထုတ်ယူကာ မုန့်ညစ်စက် ပြုလုပ်ရန် မုန့်နှစ် ထည့်ခွက်၊လက်ကိုင်နှင့် ပုံစံငယ်များအပါအဝင် လက်လုပ်ခေါက်ဆွဲညစ်စက်၏အစိတ်အပိုင်းအားလုံးကို ဆွဲခဲ့သည်။
လက်ဖြင့်ခေါက်ဆွဲညစ်စက်၏နိယာမမှာ ရိုးရှင်းသည်။အဓိကအားဖြင့် လေစုပ်စက်နှင့် ခပ်ဆင်ဆင်တူ၏။မုန့်နှစ်ကို ကိုယ်ထည်တွင်ထည့်ထားကာ လက်ကိုင်ကို ဖိချလိုက်ပါက အောက်ဘက်ရှိ အပေါက်ပေါင်းများစွာမှ မုန့်စိမ်းများက ထွက်လာကာ ခေါက်ဆွဲအမြှောင်းများ ဖြစ်လာမည်ဖြစ်သည်။ခေါက်ဆွဲပါးပါးလေး စားချင်ရင် အပေါက်သေးသေးလေးတွေပါတဲ့ အောက်ခြေအပြားကိုသုံးပြီး ခေါက်ဆွဲပြားအတွက် အပေါက်ကြီးတဲ့ အောက်ခြေအပြားကိုသုံးရမယ်။အရမ်း လွယ်ပါတယ်။
သူပုံဆွဲပြီးနောက် စစ်ဆေးအတည်ပြုလိုက်၏။နောက် ချင်မိန်သည် ပုံကြမ်းကို ဖယ်လိုက်ကာ မနေ့က သူဝယ်ခဲ့သော အထည်စများကို ထုတ်ယူပြီး နယ်မြေထဲမှ လက်အပ်ချုပ်စက်များကို တွေ့ရှိခဲ့တာကြောင့် ခြေအိတ်များစွာ ချုပ်ခဲ့သည်။ထို့နောက် သူသည် အံဝင်ခွင်ကျဖြစ်အောင်ချုပ်ပေမယ့်လည်း အနည်းငယ်ချောင်သည်ဟု ခံစားမိသည်။ခြေအိတ်အဖွင့်တွင် သရေပတ်နှစ်ခုကို ချုပ်ထားလိုက်ပြီး ချော်လဲခြင်းမှ ကာကွယ်ရန်အတွက် ခြေပတ်ကဲ့သို့ ချည်နှောင်ထားပေးလိမ့်မည်။ခြေအိတ်များက ပုံပန်းသဏ္ဌာန်အရ အကျည်းတန်လှသော်လည်း အဝတ်ပေါ်ရှိ ချုပ်ရိုးချုပ်သားကတော့ ပိုကောင်းပါတယ်။လဲ့ယ်ထျဲ မြင်လျှင်ပင် ချင်မျန်က အချုပ်အလုပ်ကောင်းတယ်ဟုသာ တွေးပြီး လှည့်စားထားတယ်ဟု မထင်လောက်ပေ။
ခြေအိတ်ပေါင်းများစွာကို လျှော်ဖွတ်ပြီးနောက် အပြင်ဘက်ဝါးတိုင်ပေါ်တွင် လှမ်းထားလိုက်သည်။
နေကိုကြည့်လိုက်တော့ မွန်းတည့်ချိန်နီးနေပြီ။
ချင်မျန်သည် နယ်မြေမှ ဟင်းသီးဟင်းရွက်အချို့ကို တိုက်ရိုက်ခူးဆွတ်ပြီး နေ့လယ်စာပြင်ဆင်လိုက်သည်။မနေ့က ကျန်တဲ့အသားတွေပါ ထည့်ချက်ထား၏။လဲ့ယ်ထျဲက စားချင်စိတ်အရမ်းပြင်းတာကြောင့် ထမင်းကို ဟင်းချိုပန်းကန်လုံးကြီးထဲမှာ ထည့်လိုက်၏။ဟင်းသုံးမျိုးထဲက တစ်ဝက်ကို ပန်းကန်လုံးထဲထည့်ကာ တခြားပန်းကန်နဲ့ ဖုံးပြီး တောင်းထဲထည့်လိုက်သည်။
မနက်ကအတိုင်းပင် သူသည် ရေအိုးလေးထဲကို ရေကျက်အေးဖြည့်လိုက်သည်။
ထိုနေရာရှိ ဟင်းသီးဟင်းရွက်များက အရမ်းအရသာရှိ၏။ချင်မျန်က ကျန်ပန်းကန်များကို ဆေးလိုက်ပြီး လဲ့ယ်ထျဲသို့ နေ့လည်စာပို့ရန် တောင်းကို မ,မယူမီ နှစ်ကြိမ်တိတိ ကြို့ထိုးလိုက်သေး၏။
သူနှင့်လဲ့ယ်ထျဲတို့ ပြောင်းဖူးဖုတ်တွေ စားခဲ့ကြသည် စပါးကျီမြေသည် အကျယ်အဝန်းအားဖြင့် တစ်မူခွဲခန့်ရှိကာ အရွယ်အစားတူ လေးထောင့်ပုံ ရှစ်ပုံအဖြစ် ပိုင်းခြားထားသည်။ချင်မျန်ရောက်လာသောအခါ
တွင် ကောက်ရိုးဦးထုပ်များ ဆောင်းထားသည့် ရွာသူရွာသားများသည် နေရောင်အောက်တွင် အပြည့်အဝ အလုပ်ရှုပ်နေကြသည်။အချို့က ခူးဆွတ်ပြီးခါစ ကောက်ပဲသီးနှံများကို ခြွေလှည့်ရန် အဆင်သင့်ဖြစ်နေကြသည်။အမြန်ပြီးသွားတဲ့ လယ်သမားတွေက စပါးကြိတ်ချေရန်အတွက် ကျောက်တုံးကို ဆွဲလှည့်ရန် နွားများကို ကြာပွတ်ဖြင့် မြှောက်ရိုက်ကာ ရံဖန်ရံခါ ကျယ်လောင်စွာ အော်နေကြလေပြီ။စပါးကျီမြေနေရာကို အသုံးပြုဖို့ စောင့်နေသည့်သူတွေ ရှိနေတာကြောင့် အချို့သောရွာသားများသည် ကောက်စပါးများကို အိတ်များထဲသို့ထည့်နေပြီဖြစ်သည်။စပါးကျီမြေ၏ကောက်ရိုးပုံအောက်တွင် ချွေးစေးပြန်နေသော လူသုံးယောက်က အရိပ်ထဲတွင် ထိုင်ကာ အစာကို ပလုပ်ပလောင်းစားရင်း ကျယ်လောင်စွာ ပြောဆိုနေကြသည်။
စပါးကျီမြေတွင် လူ ၂၀ ကျော်ရှိနေ၏။တနည်းမဟုတ်တနည်းဖြင့် ချင်မျန်သည် စပါးများကို ဖြန့်ကျက်ရန် လုပ်နေသည့် စပါးကျီမြေ၏ထောင့်တစ်နေရာတွင် တစ်ယောက်တည်းရပ်နေသော လဲ့ယ်ထျဲကို မြင်လိုက်ရသည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
020:ေဆာင္းဦး ရိတ္သိမ္းျခင္း
ခ်င္မ်န္တစ္ေယာက္ ပန္းကန္ေတြကို ေဆးေၾကာၿပီးေသာအခါ မီးဖိုေခ်ာင္မွ ျပန္မထြက္မီ အားလုံးကို နဂိုအေနအထားအတိုင္းသို႔ အစီအရီျပန္ထားလိုက္၏။သူ ျပန္ထြက္လာေတာ့ လဲ့ယ္ထ်ဲက စားပြဲေပၚတြင္ ထိုင္ေနကာ လက္တစ္ဖက္က ေမးေစ့ကိုေထာက္ရင္း ေခါင္းငိုက္စိုက္လ်က္ မ်က္လုံးမွိတ္ထားသည္ကို ေတြ႕လိုက္ရၿပီး သူခႏၶာကိုယ္ကေန ဝိုင္နံ႔သင္းသင္းထြက္ေန၏။
ေက်ာက္ဆားကို အိမ္အျပင္ဘက္သို႔ ယူလာၿပီး ေျမျပင္ေပၚတြင္ ထိုင္ခ်လိုက္၏။သူ ပလုပ္က်င္းေန
စဥ္ ပတ္ဝန္းက်င္တစ္ခုလုံး ၿငိမ္သက္ေနသည္ကို ခံစားလိုက္ရသည္။သူ႕စိတ္သည္လည္း တည္ၿငိမ္ေန၏။အိမ္ခြဲေနလိုက္တာက တကယ့္ကို ေကာင္းမြန္တဲ့ စတင္မႈပဲ။
ထို႔ေနာက္ အိပ္ခန္းထဲ၌ အဝတ္သန္႔ေတြကိုဝင္ယူၿပီးေနာက္ စည္ပိုင္းထဲသို႔ ေရေႏြးထည့္လိုက္သည္။ေရခ်ိဳးခန္းမ႐ွိေသာေၾကာင့္ ေရခ်ိဳးကန္ကို အျပင္ဘက္သို႔ ထုတ္လိုက္ရသည္။သူ႕အဝတ္အစားေတြကို ခြၽတ္ၿပီး အထဲဝင္ထိုင္လိုက္ေတာ့မွ သူ သက္ေတာင့္သက္သာ႐ွိလြန္းလို႔ သက္ျပင္းတစ္ခ်က္ခ်လိုက္မိ၏။ထို႔ေနာက္တြင္ သူသည္ ဝိညာဥ္စမ္းေရအခ်ိဳ႕ကို ခ်ိဳးေရထဲသို႔ တိတ္တဆိတ္ထည့္လိုက္သည္။အေစာပိုင္းက ေျပာရန္ပင္ မထိုက္တန္တဲ့ ႀကိဳးစားအားထုတ္မႈမ်ိဳးေၾကာင့္ ယခုတြင္သာ သူ အလြန္သက္ေတာင့္သက္သာ ခံစားခဲ့ရသည္။
လဲ့ယ္ထ်ဲ မ်က္လုံးဖြင့္လိုက္သည္ႏွင့္ အျပင္ဘက္မွ ေရသံၾကားလိုက္ရသည္။သူ႕မ်က္လုံးေတြသည္ လိႈင္းမ႐ွိသည့္ ေရတြင္းနက္တစ္ခုလိုပင္၊သူ႕အေတြးမ်ားကိုလည္း မသိႏိုင္။
ေရခ်ိဳးၿပီးေနာက္ ခ်င္မ်န္က လန္းဆန္းလာ၏။ေနရာတိုင္းကို ေရေတြသြန္ခ်လိုက္ၿပီး စိတ္လက္ေပါ့ပါးစြာ အေၾကာအျခင္ေတြ ဆန္႔ထုတ္လိုက္ေသးသည္။ “ကြၽန္ေတာ္ အရင္သြားအိပ္ေတာ့မယ္။အိုးထဲမွာ ေရေႏြး႐ွိေသးတယ္။ခင္ဗ်ားအတြက္ လုံေလာက္ပါတယ္။"
“အင္း... ဒီေန႔ စပါးခင္းနားကိုျဖတ္သြားေတာ့ စပါးေတြက ရိတ္လို႔ရၿပီ”
လဲ့ယ္ထ်ဲက အရမ္းတည္ၿငိမ္ေနပုံရၿပီး ခ်င္မ်န္ကလည္း သူ႕ကိုယ္ပိုင္အေတြးအျမင္ကို ေျပာျပခဲ့သည္။ "ကြၽန္ေတာ္တို႔ေျမေနရာကို အရင္ဝယ္သင့္တယ္လို႔ထင္တယ္။အဲဒါမွ အသီးအ႐ြက္ေတြ စိုက္ပ်ိဳးဖို႔အတြက္ အနီးနားမွာ ဟင္း႐ြက္ခင္းပါတြဲစိုက္လို႔ရမွာ။မဟုတ္ရင္ ပိုက္ဆံကုန္လိမ့္မယ္။ေနာက္ႏွစ္လေလာက္ၾကာရင္ အသီးအ႐ြက္ေတြကဝယ္ရေတာ့မယ္ေလ။”
လဲ့ယ္ထ်ဲက မီးဖိုေခ်ာင္သို႔ သြားခါနီးတြင္ လွည့္ၾကည့္ကာ ေျပာလိုက္သည္။ “မနက္ျဖန္ မနက္သြားၾကမယ္”
ခ်င္မ်န္ကေတာ့ ဘယ္မွာသြားဝယ္ၾကမလဲဟုေမးမေနေတာ့ဘဲ ေခါင္းညိတ္ျပၿပီး အိပ္ခန္းထဲသို႔ဝင္သြားသည္။
လဲ့ယ္ထ်ဲက မီးဖိုေခ်ာင္ေဘးတြင္ ကပ္တင္ထားေသာ ခံတြင္းေဆးခြက္ႏွစ္ခြက္ကို ၾကည့္ကာ ပလုတ္က်င္းရန္ ေရမစိုေသးသည့္ခြက္ကို ေကာက္ယူၿပီး ခဏေလာက္ ရပ္ေနမိသည္။
သူ႕ကိုယ္သူ သန္႔႐ွင္းေရးလုပ္ၿပီးမွ အဝတ္အစားလဲကာ အိပ္ခန္းထဲမဝင္ခင္ မီးမႈတ္လိုက္သည္။ခ်င္မ်န္က မ်က္လုံးေတြကိုမွိတ္ထားၿပီး တစ္ဖက္ကုတင္အစြန္းဘက္တြင္ တိုးကပ္ကာ အိပ္ေနသည္။လဲ့ယ္ထ်ဲက စိတ္ထဲထားမေနပဲ ေစာင္ကိုဟကာ ခ်င္မ်န္ကို မ်က္ႏွာမူလ်က္ သူ႕နံေဘးမွာ လဲေလ်ာင္းလိုက္ရင္း အိပ္ယာဝင္ခဲ့သည္။ ေကာင္ငယ္ေလးက အိပ္ေပ်ာ္သြားတဲ့အခါ သူ႕ရင္ခြင္ထဲကို အလိုအေလ်ာက္ ဝင္လာသြားမယ္ဆိုတာ သူသိလို႔ပါပဲ။
ထိုညတြင္ ခ်င္မ်န္သည္ အလိုအေလ်ာက္အတိုင္း ႏိုးလာသည္အထိ အိပ္မက္ပင္မမက္ဘဲ အလြန္သက္ေတာင့္သက္သာ႐ွိစြာ အိပ္ေပ်ာ္သြားခဲ့သည္။ျပတင္းေပါက္ အျပင္ဘက္တြင္ ေတာက္ပေနၿပီး ေနေရာင္သည္ အသံမထြက္ အလႈပ္အခတ္မ႐ွိဘဲ ကန္႔လန္႔ကာၾကားမွ တိုးဝင္လာခဲ့၏။
အိမ္အျပင္ဘက္တြင္ ဓားေသြးသံမ်ား ၾကားေနရသည္။လဲ့ယ္ထ်ဲက ခြၽန္ေနေသာ ေက်ာက္တုံးႀကီးေ႐ွ႕တြင္ ထိုင္ကာ တံစဥ္ကို စူးစူးစိုက္စိုက္ ေသြးေနျခင္းပင္။
ေနေရာင္ျခည္သည္ သူ႕နဖူးေပၚသို႔ အရိပ္တစ္ခုလို က်ေရာက္လာၿပီး သူ႕မ်က္ႏွာေထာင့္စြန္းကို ပူေႏြးသြားေစသည္။ခ်င္မ်န္က သူ႕စိတ္နဲ႔ကိုယ္ျပန္မကပ္မီ စကၠန္႔အနည္းငယ္မွ် စိုက္ၾကည့္ေနမိသည္။
"ေတာင္းပန္ပါတယ္ ကြၽန္ေတာ္ အိပ္ယာထေနာက္က်သြားတယ္။ကြၽန္ေတာ္ အခု မနက္စာျပင္ေပးမယ္" ခ်င္မ်န္က အနည္းငယ္႐ွက္သြားသည္။ေခါင္းေပၚမွ ႐ႈပ္ယွက္ခတ္ေနေသာ ဆံပင္ေတြကို သပ္လိုက္ၿပီး အ႐ွက္ေျပေစရန္ ေခ်ာင္းတစ္ခ်က္ဆိုးလိုက္သည္။
လဲ့ယ္ထ်ဲက သူ႕ကိုၾကည့္ကာ ဓါးကို ဆက္မခြၽန္မီ ေခါင္းယမ္းလိုက္သည္။ "ကိုယ္ လယ္ကြင္းကို အရင္သြားလိုက္ဦးမယ္။"
ခ်င္မ်န္က အိမ္ေနရာအေၾကာင္း ေမးခ်င္ေသာ္လည္း စပါးရိတ္သိမ္းရန္ အေရးႀကီးသည္ဟု ထင္ေသာေၾကာင့္ ေမးခြန္းကို ျပန္မ်ိဳခ်လိုက္သည္။ "ကြၽန္ေတာ္ ခင္ဗ်ားအတြက္အစားအေသာက္ေတြကို မၾကာခင္ လာပို႔ေပးမယ္။စကားမစပ္ ဘာလို႔ တံစဥ္တစ္ေခ်ာင္းပဲ႐ွိတာလဲ?"
"ကိုယ္ တစ္ေယာက္တည္း လုပ္ႏိုင္တယ္။" လဲ့ယ္ထ်ဲက ထရပ္လိုက္သည္။
ခ်င္မ်န္မွာ တျခားလုပ္စရာေတြ႐ွိေပမယ့္ သူနဲ႔ လဲ့ယ္ထ်ဲမွာ လဲ့ယ္ထ်ဲရဲ႕ ခြန္အားနဲ႔ တစ္ေန႔တည္းလုပ္လို႔ရတဲ့ လယ္တစ္ကြင္းပဲ႐ွိတာကို ေတြးမိတာေၾကာင့္ ကူညီဖို႔ တြန္းအားေပးမေနေတာ့ဘူး။ေကာင္းကင္ကို ေမာ့ၾကည့္လိုက္ေတာ့ ကိုးနာရီထိုးခါနီးၿပီဟု ခန္႔မွန္းရၿပီး မီးဖိုေခ်ာင္ထဲသို႔ အျမန္ဝင္ကာ မီးေမႊးလိုက္ၿပီး ဂ်ံဳမႈန္႔ကို ေရႏွင့္ေရာကာ မပ်စ္မက်ဲအေနအထားအတိုင္း ၾကက္သြန္နီ၊ဆား၊ ႏုတ္ႏုတ္စင္းထားေသာ အသားႏွင့္ ဥမ်ားထည့္လိုက္၏။ၿပီးရင္ ႏွံႏွံစပ္စပ္ အညီအမွ်ေမႊလိုက္သည္။ထို႔ေနာက္ အရသာ႐ွိလွသည့္ ၾကက္သြန္နီအသားပန္ကိတ္အနည္းငယ္ကို အျမန္လုပ္ခဲ့သည္။သုံးခုကို သူ႕အတြက္ သိမ္းထားၿပီး က်န္ခုနစ္ခုကို လိပ္ၿပီး ပန္းကန္တစ္လုံးထဲ ထည့္လိုက္သည္။ၿပီးရင္ ေတာင္းေသးေသးေလးထဲ မထည့္ခင္ အဖုံးကို ေသခ်ာ ဖုံးထားလိုက္သည္။စဥ္းစားၿပီးေနာက္ ေရသန္႔အိုးတစ္လုံးကို ႐ွာၿပီး ေရက်က္ေအးအား ျဖည့္လိုက္သည္။သူ တံခါးကို ေသာ့ခတ္ၿပီး လဲ့ယ္ထ်ဲဆီ အစားအေသာက္ ပို႔ဖို႔သြားလိုက္၏။သူ႕လက္ထဲတြင္လည္း ၾကက္သြန္နီအသားပန္ကိတ္ တစ္ခ်ပ္ကိုလည္း လမ္းေလွ်ာက္ရင္း စားေနေလသည္။
ေနမင္းႀကီးသည္ ေကာင္းကင္ယံ၌ ေတာက္ပေန၏။ေ႐ႊေရာင္စပါးခင္းတြင္ စပါးရိတ္သိမ္းရန္ လယ္သမားမ်ား လယ္လုပ္ေနၾကသည္။တံစဥ္ကို လ်င္ျမန္စြာ ကြၽမ္းက်င္စြာ ေဝွ႔ယမ္းလိုက္ေသာအခါ စပါးပင္တစ္ဆုပ္ခန္႔ကို လွဲၿပီးသားျဖင့္,မၾကာမီပင္ ျမင့္မားစြာ စုပုံလာေလသည္။လူေတြက စပါးရိတ္သိမ္းရာသီမွာ မိုး႐ြာမွာကို ေၾကာက္တဲ့အတြက္ ဘယ္သူမွ စကားမေျပာျဖစ္ၾကဘဲ အားလုံးက နာရီႏွင့္အၿပိဳင္ လုပ္ေနၾကသည္။စပါးစိုက္ခင္းအနည္းငယ္သာ ရင့္ဖို႔ အနည္းငယ္လိုေသး၏။အေဝးမွ ေ႐ႊဝါေရာင္စပါးခင္းႀကီးက ေ႐ႊေရာင္ေကာ္ေဇာကဲ့သို႔ပင္။
ေတာင္ေပၚေၾကာက လႈပ္႐ွားမႈကို ကြင္းျပင္က လူေတြၾကားေတာ့ ေမွ်ာ္ၾကည့္လိုက္ၾကသည္။ခ်င္မ်န္က ယဥ္ယဥ္ေက်းေက်း ျပဳံးျပၿပီး ေခါင္းညိတ္ျပလိုက္သည္။စိတ္ထားေကာင္းတဲ့လူေတြက သူ႕ကို ျပန္ျပဳံးျပၿပီး စိတ္ထားဆိုးတဲ့သူေတြကေတာ့ ေခါင္းကို အျမန္ျပန္ငုံ႔ထားၾကသည္။
ခ်င္မ်န္ကေတာ့ လုံးဝ ဂ႐ုမစိုက္ဘူး။မၾကာမီပင္ သူသည္ "သူ႕မိသားစု" လယ္ကြင္းဆီသို႔ ေရာက္ၿပီး လယ္တစ္မူမွာ ငါးပုံတစ္ပုံအထိ ျဖတ္ထားၿပီးၿပီကို ေတြ႕ရေတာ့ အံ့အားသင့္သြားသည္။
Advertisement
- In Serial19 Chapters
Loralle, Becoming a Vessel (Complete)
Through an unfortunate upbringing, Loralle sees what others could not. There is something wrong with this continent of Mondal and Loralle searches to find a solution. Troubles arise continuously since her birth because of who she is and what she can do, and she can’t help but become a symbol of hatred for nearly everybody. With one step closer to helping people, she finds herself taking two steps back to see new problems. As time goes on Loralle finds that this path is one of loneliness, but she is the only one able to take this journey. What is her true enemy? Would it be worth changing the whole world and how people live in it? And why is it that Loralle is the only one that could make that choice? And then...
8 130 - In Serial13 Chapters
Apocalyptic World, Cheat
The peaceful scenery was ruined by a Meteor, People struggling to survive.. Food is important in this Apocalyptic world. One student with the power of Gamer, Trying to Level up, And Babysit at the same time. (If this Summarize is bad, please help me make it better.. :'D)
8 192 - In Serial40 Chapters
The Princess of Victory
The Crown Princess of Forewood Kingdom, Victoria, was said to be perfect in all the things that she did. Which was an exaggerated rumor, of course. She was hardworking, but she was also mischievous, always looking for a chance to escape her guards and sneaked out to work through unconventional means. When the rebels-turned-kingdom Lirsk breached the peace treaty between them, war broke out. But Lirsk Kingdom was by no means fair, and countless underhanded matters was done in the military compound, pointing to a cause: there was a traitor amongst them. With the ever-wary, wrongly-accused young Major Dev, they tried to uncover the unknown: who was the traitor that caused hundreds of deaths? [Book 1 of the Guardians of Forewood series]
8 97 - In Serial12 Chapters
Kantai Collection: Two Front War
Just when the Imperial Navy thought they had their hands full with the Abyssals a new force goes up against them, and they are rightfully pissed off! With yet another world war as a possibility how much more can the Imperial Navy take when both the Abyssals AND the Kriegsmarine want their heads?!
8 184 - In Serial28 Chapters
✓THE WAR DIVIDING US|| TodoBakuDeku Au
{TodoBakuDeku World War II Au} Home. After these past few years Izuku wasn't entirely sure what that word meant . . . what it truly felt to have a home. You can have four walls, and a roof over your head- but what was the real definition of 'Home'? The answer to this seemingly easy question is nothing, there is no real answer- because there are no real homes. At least not for a Japanese-American caught in the backlash of World War II.Being in an Internment Camp wasn't so bad at first. But as the hours dragged on, so did the minutes, which turned into days, weeks, and inevitably years. The Military guards watching them, with fierce and intense eyes- waiting for someone to slip up, make a wrong move. New soldiers come in every month like clockwork- replacing a few of the old ones. This wasn't new.But when Izuku met them . . . those two boys would change his life forever.
8 154 - In Serial31 Chapters
HELPLINE
Henry's grumpy. Isaac's lonely. And then Isaac rings the cereal helpline Henry works at, and things get a lot more complicated.[short story - #48, 1st october 2014][teen fiction - #226, 1st october 2014]PLEASE NOTE: this story is currently being converted from all lower case to sentence case. this might take some time.
8 253

